ဖြန့်ချီရောင်းချသူများ အပိုင်း(၁)
Vol. 13 Ch. 182
“၁၀၆စီး ”
“ဘယ်လောက် ”
လီမင်တသည် သူ့နားမှ ကြားသည့်အရာကို မယုံကြည်နိုင် ဖြစ်နေသည်။
“၁၀၆စီး ”
ဌာနဒါရိုက်တာက ပြန်ပြောလိုက်သည်။
“အဲ့ဒါက ဘင်းမြို့တော်မှာရှိတဲ့ ရောင်းချတဲ့နေရာတွေရဲ့ အကုန်လုံးရောင်းအားလား။ ဒီနေ့တစ်နေ့ထဲဟာလား။ ”
ရုံးဒါရိုက်တာက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တုန့်လီ အရောင်းနေရာရဲ့ ဒီနေ့အတွက်ပါ။ ဘာကြောင့် အိမ်နီးချင်းမြို့တွေနဲ့ အိမ်နီးချင်း ခရိုင်တွေက ဒီကိုလာပြီး ဝယ်ကြလည်းဆိုတာ ကျွန်တော် နားမလည်နိုင် ဖြစ်နေတယ်။ ဒီနေ့ပရိုမိုးရှင်း ဈေးနှုန်းနဲ့ ရောင်းချပေမဲ့ အဲ့ဒီဆိုင်ကယ်တစ်စီးက ယွမ်သောင်းရှစ်ထောင်လေ။ ဘယ်လိုလုပ် လူတွေဒီလောက် အများကြီးက ဝယ်နေရတာလဲ။ ”
ရုံးဒါရိုက်တာက ခေါင်းရှုပ်နေသည်။ သူတို့၏ မော်တော်ဆိုင်ကယ်သည် အလွန်ဈေးကြီးသည့်တိုင် ဝယ်ယူသည့်သူ များစွာ ရှိပေသည်။
သူတို့ပြင်ဆင်ထားသည့် ဆိုင်ကယ်အစီးရေ တစ်ရာအကုန်လုံး ရောင်းချပြီးကာ ပြသထားသည့် ဆိုင်ကယ်ခြောက်စီးသည်လည်း ရောင်းလိုက်ရသည်။ အဆုံးတွင် ဆိုင်ကယ်များအကုန်လုံး ရောင်းချနိုင်ခဲ့သည်။ ဘင်းမြို့တော်တွင် ထိုမျှချမ်းသာသည့် လူများစွာ ရှိနေသည်လော။ ထိုဆိုင်ကယ်များကို ယွမ်နှစ်သောင်းနီးပါးဖြင့် ရောင်းချတာဖြစ်ကာ လူများသည် ဝယ်နေကြသည်ပင်။
လက်ရှိတွင် ဖုန်းယွီက သူ့ရုံးခန်း၌ အချိန်ပိုဆင်းနေသည်။ ပထမနေ့၏ ရောင်းအားသည် သူမှန်းထားသည်ထက်ပင် ပိုကောင်းနေသည်။ ဆောင်းရာသီဖြစ်သော်ငြား ရောင်းချမှုနှင့် ပတ်သတ်၍ ထိခိုက်မှု မရှိပေ။
နှင်းမကျသမျှ သူတို့သည် လေထန်နေသည့်တိုင် ဆိုင်ကယ်ကို စီးနေနိုင်သည်။ လက်အိတ်နှင့် လည်စည်းပုဝါ အထူနှင့်ဆိုလျှင် ဘာမှကြောက်စရာ မရှိပေ။
ဆိုင်ကယ်များ၏ ဈေးနှုန်းကို လူအများ ပြောကြခြင်းက ဆိုင်ကယ်၏ရောင်းအား တက်စေကာ ပိုမိုသက်ရောက်မှု ရှိပုံပေါ်ပေမည်။ ဈေးကွက်တွင် ပြည်တွင်းထုတ် ၁၂၅စီစီ ဆိုင်ကယ်များ မရှိသေးပေ။ ပြီးနောက် စုန့်ကျန်းမော်တော်ဆိုင်ကယ်သည် ပြည်တွင်းမှ မော်ဒယ်တစ်ခုသာ ဖြစ်ပေသည်။ ပြည်ပမှ တင်သွင်းသည့် မော်တော်ဆိုင်ကယ်များသည် ၁၂၅စီစီရှိသည်။ သို့သော်ငြား ထိုဆိုင်ကယ်များ၏ ပျမ်းပျတန်ဖိုးသည် ယွမ်နှစ်သောင်းခွဲ အထက်တွင်ရှိပေသည်။
၁၂၅စီစီ မော်တော်ဆိုင်ကယ်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် မည်မျှနည်း။ ယင်းသည် ယွမ်ခြောက်ထောင်ထက် နည်းပေသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းသည် အလုပ်သမားများသည် ရင်းနှီးမှု မရှိသေးသည့်အတွက် များများထုတ်လုပ်နိုင်စွမ်း မရှိတာဖြစ်ကာ ကုန်ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းသည်လည်း အလွန်ဈေးကြီးပေသည်။
တစ်ခဏကြာပြီးနောက် အလုပ်သမားများသည် ပိုမိုစွမ်းဆောင်ရည် ရှိလာကာ ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မည် ဖြစ်သည်။ ဖုန်းယွီက ဆိုင်ကယ်တစ်စီး၏ ကုန်ကျစရိတ်ကို ယွမ်သုံးထောင်ဝန်းကျင်သာ ရှိစေသည်။ ယခုလက်ရှိအချိန်တွင် ၁၂၅စီစီ၏ ထုတ်လုပ်မှု တန်ဖိုးသည် ယွမ်ငါးထောင်ခန့်ရှိကာ ဆိုဗီယက်ပြည်ထောင်စု၏ ထုတ်လုပ်သည့် လမ်းကြောင်းများသည် အဆင့်မြင့်သော်ငြား စွမ်းဆောင်ရည်က နည်းပေရာ စွန့်ပစ်ပစ္စည်းများလည်း များစွာ ထွက်ပေသည်။
သို့သော်ငြား ယခုလက်ရှိတွင် အဆင်ပြေသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ ထိုက်ဟွကုန်သွယ်ရေးသို့ ရောင်းချသည့် မော်တော်ဆိုင်ကယ်သည် ဖြန့်ချီရေး ဈေးနှုန်းတွင် အမြတ်ငါးထောင် ရပေသေးသည်။ ထို့အတွက်ကြောင့် လီမင်တအနေဖြင့် အတိတ်က ဖြစ်ပျက်ခဲ့သည့် အရာများကို မစဉ်းစားရဲပေ။ ရရှိမှုက ၁၀၀ရာခိုင်နှုန်း နီးပါးပင်ဖြစ်သည်။
ပထမဦးဆုံးအကြိမ် လီမင်တက ထုတ်လုပ်ရေးစရိတ်ကို တွေးသည့်အခါ သူကမယုံနိုင် ဖြစ်နေသည်။ အဘယ့်ကြောင့် ထုတ်လုပ်မှုစရိတ်က အလွန်နည်းနေရသနည်း။ ထုတ်လုပ်မှုစရိတ်နှင့် သုံးစွဲမှုစရိတ်များကို နုတ်ပြီးသည့်တိုင် ထိုမော်တော်ဆိုင်ကယ်သည် ထွန်ယက်များထက်တောင် ပိုအကျိုးအမြတ် များပေသည်။
ဖုန်းယွီက မော်တော်ဆိုင်ကယ် တစ်စီးအတွက် ယွမ်တစ်သောင်း လူများသုံးရန် ဆန္ဒရှိပါက သူတို့သည် ဒီဇိုင်းလှကာ စီးနင်သည့်အခါ သက်တောင့်သက်သာ ရှိနေခြင်းက သူတို့အနေဖြင့် ယွမ်နှစ်သောင်းလည်း ပေးရန်ဆန္ဒ ရှိမည်ဖြစ်သည်။ ပထမက လီမင်တ၏ အတွေးတွင် ဖုန်းယွီ၏ ပစ်မှတ်ထားသည့် နယ်ပယ်သည် အလွန်သေးသည်ဟု တွေးခဲ့ကာ သူ့အနေဖြင့် အမြတ်များများရရန် လိုအပ်ပေသည်။
သို့သော် ယခုလက်ရှိတွင် သူတို့ဆိုင်ကယ်များ၏ ဈေးနှုန်းကို ပြည်ပမှတင်သွင်းသည့် ဆိုင်ကယ်များ၏ ဈေးနှုန်းနှင့် တူညီလုနီးပါးဖြစ်သည်ဟု မည်သူက ခန့်မှန်းမိသနည်း။ သူတို့၏ဆိုင်ကယ်များသည် ပိုတောင် ရောင်းကောင်းပေ၏။
“ကျီကန်း စက်ယန္တရားကုမ္မဏီက တစ်ယောက်ယောက်ကများ ငါတို့ရောင်းချတဲ့ နေရာကိုလာပြီး ငါတို့လူတွေကို အမိန့်ပေးသေးလား။ ”
“မရှိပါဘူး။ ဒါပေမဲ့ သူတို့ထဲက အချို့က လက်ယားလက်ယား လုပ်နေတာတော့ ကျွန်တော်မြင်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့ ဆိုင်ကယ်တွေအကုန်လုံး ရောင်းပြီးတာနဲ့ ပြန်သွားတော့တာပဲ။ သူတို့တွေက လီမင်တကို အစီရင်ခံလိမ့်မယ်။ စိတ်ချလိုက်ပါ မန်နေဂျာဖုန်း ကျွန်တော်တို့ မော်တော်ဆိုင်ကယ် ရောင်းချတာနဲ့ ပတ်သတ်ပြီးတော့ မည်သူမှ မနှောက်ယှက်ရဲပါဘူး။ ကျွန်တော်တို့တွေက မန်နေဂျာဖုန်းရဲ့ ညွှန်ကြားချက်အတိုင်းပဲ လိုက်လုပ်နေတာပါ။ ”
ဝူကျီကန်းသည်လည်း ယုံကြည်ချက် အပြည့်ရှိနေသည်။ သူသည် ထိုမော်တော်ဆိုင်ကယ်များသည် ထိုမျှ လူကြိုက်များလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။ သူမျှော်မှန်းထားသည်ထက် ဘင်းမြို့တော်တွင် ကြွယ်ဝချမ်းသာသည့်သူ အများအပြား ရှိပေသည်။ သို့သော်သူသည် ဆိုင်ကယ်များအကြောင်း စဉ်းစားလိုက်သည့်အခါ သူတို့သည် သူတို့ရှိသမျှ ပိုက်ဆံတွေအကုန်လုံးကို ရှယ်ယာများဝယ်ရန်အတွက် အသုံးပြုခဲ့ကာ သူတို့အားလုံးသည် ယခုလက်ရှိတွင် ထိုမော်တော်ဆိုင်ကယ်များကို ဝယ်ယူချင်ကြသည်။
သူတို့သည် တစ်နှစ်ခန့်ကြာအောင်သာ အလုပ်လုပ်ရသေးကာ သူတို့သည်လည်း မော်တော်ဆိုင်ကယ် တစ်စီးအတွက် ယွမ်နှစ်သောင်းသုံးရန် ဆန္ဒရှိပေသည်။ သူတို့သည် သူတို့၏ ရွယ်တူများထက် အလုပ်စီးပွားရေးကို စောစောလုပ်ကိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုမော်တော်ဆိုင်ကယ်များ၏ အပြင်ပိုင်းဒီဇိုင်းသည် ဆွဲဆောင်မှုရှိကာ ပြည်တွင်းထုတ် သို့မဟုတ် ပြည်ပမှတင်သွင်းသည့် ဆိုင်ကယ်များထက် ပိုကြည့်ကောင်းပေသည်။ ထပ်ပြောရပါက နာမည်ကြီး အနုပညာရှင်များ၏ ထောက်ခံမှုနှင့် စီစီတီဗီမှ ထုတ်လွှင့်သည့် ကြော်ငြာများလည်း ရှိပေသေးသည်။ ယခုလက်ရှိတွင် စုန့်ကျန်းမော်တော် ဆိုင်ကယ်များအကြောင်းကို မကြားဖူးသည့်လူမှာ လက်တစ်ဖဝါးစာသာ ရှိတော့ပေသည်။
“ကောင်းပြီ။ မနက်ဖြန်ရောင်းဖို့အတွက် အစီးရေ ငါးဆယ်ပဲပြင်ထား။ ငါတို့တွေက အစီးရေငါးဆယ် ပြည့်တာနဲ့ ရောင်းတာတွေအကုန်လုံး ရပ်လိုက်မယ်။ ”
“အစီးရေငါးဆယ်လား မန်နေဂျာဖုန်း အစီးရေငါးဆယ်က လောက်မှာမဟုတ်ဘူးနော် မန်နေဂျာဖုန်းအနေနဲ့ ရေနွေးငွေ့စက် တုန်းကလိုမျိုး လူတွေရဲ့ စိတ်ခံစားမှုကို အသုံးချတဲ့ မက်ကတင်း နည်းဗျူဟာကို သုံးမလို့လား။ ”
ဝူကျီကန်းသည် ရုတ်တရက် အမှတ်ရသွားသည်။ သူတို့ရေနွေးငွေ့စက်များကို Shopping Mallများတွင် စတင်ရောင်းချသည့် အချိန်က ဖုန်းယွီက ထိုနည်းလမ်းကို အသုံးချကာ ဝယ်ယူသူများကို သူတို့နောက်ကျသွားသည့် ခံစားချက်မျိုးရအောင် သွင်းခဲ့ပေသည်။ ယင်းက သူတို့တွင် ပိုက်ဆံရှိလျှင်တောင် ရေနွေးငွေ့စက်များကို မရနိုင်ခြင်း ဖြစ်ပေသည်။ ယင်းသည် ဝယ်ယူသူများ၏စိတ်ကို ပိုပြီးထပ်မစဉ်းစားဘဲ ဝယ်ယူချင်အောင် လှုံ့ဆော်ပေးသည်။ ထိုနည်းဗျူဟာမှ ရလာသည့်ရောင်းအားသည် ပုံမှန်ထက်တောင် ပိုကောင်းပေ၏။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“မနက်ဖြန်ကျရင် ဖြန့်ဖြူးရောင်းချတဲ့လူတွေ ရောက်လာမှာ မဟုတ်ဘူးလား။ သူတို့တွေကို ငါတို့ရောင်းချတဲ့ နေရာမှာရှိတဲ့ လူအုပ်ကြီးကို ခေါ်သွားပြလိုက်။ ”
နောက်တစ်နေ့တွင် ဖြန့်ချီရောင်းချသည့် သူများသည် ဘင်းမြို့တော်သို့ ရောက်လာခဲ့သည်။ စာချုပ်ချုပ်ဆိုခြင်းသည် နောက်တစ်နေ့မှ ဖြစ်သည့်တိုင် သူတို့က စောစောလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ထိုက်ဟွကုန်သွယ်ရေး၏ လူများ၏ ဒေါသကို သိပြီးသားဖြစ်သည်။ အကယ်၍ သူတို့နောက်ကျပါက သူတို့အဝေးကို မောင်းထုတ်ခံရမည်ပင်။
ပထမက သူတို့ထဲမှ အများစုသည် တွန့်ဆုတ်နေကြသည်။ သို့သော်ငြား စီစီတီဗီတွင် ကြော်ငြာသည့် ကြော်ငြာအား ကြည့်ရှု့ပြီးနောက် သူတို့သည် ယင်းဆိုင်ကယ်သည် ကောင်းမွန်သည့် အခွင့်အရေးတစ်ခုဟု ခံစားစေရသည်။
သူတို့သည် ရေနွေးငွေ့စက်များ အစပိုင်းတွင် ရောင်းအားမကောင်းဟု ခံစားခဲ့ရသည်။ သို့သော်ငြား ရေနွေးငွေ့စက်များကို စီစီတီဗီတွင် ကြော်ငြာကတည်းက သူတို့၏ရောင်းအား မြင့်တက်လာခဲ့သည်။ သူတို့ထဲမှ လူတိုင်းက အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ယခုတစ်ခေါက်တွင် ထိုက်ဟွကုန်သွယ်ရေးသည် စီစီတီဗီတွင် ကြော်ငြာရုံသာမက ထုတ်ကုန် ထောက်ခံချက်အတွက် ထိပ်တန်းအနုပညာရှင် သုံးယောက်ကိုတောင် ငှားလိုက်သေးသည်။ နောင်လာမည့်နှစ်တွင် ချန်ကွမ်တိုင်နှင့် ကျူးရှီမောက်တို့ သရုပ်ဆောင်ထားသည့် ကြော်ငြာအသစ်တစ်ခု ထွက်မည်ဟု ကြားထားပေသည်။ ပရိုမိုရှင်း၏ သက်ရောက်မှုသည်လည်း ကောင်းကောင်း အလုပ်ဖြစ်ပေသည်။ အကယ်၍ မော်တော်ဆိုင်ကယ်များ၏ အရည်အသွေးသည် မဆိုးပါက ရောင်းအားနှင့် ပတ်သတ်ပြီး ဘာမှစိုးရိမ်စရာ မလိုပေ။ သူတို့သည် စရံငွေများကိုသာ ပေးထားရုံသာရှိသည်။ သူတို့အနေဖြင့် ထိုပမာဏကို တစ်လအတွင်း မြန်မြန်ဆန်ဆန်ဖြင့် ရရှိမည်ဖြစ်ပေသည်။
ယနေ့တွင် စောစောရောက်ရှိသည့် ဖြန့်ချီရောင်းချသူ အနည်းငယ်သည် ရောင်းချသည့် နေရာများကို တစ်ချက်သွားကြည့်လိုက်သည်။ သူတို့ရောက်ရှိသည့်အခါ ကြီးမားသည့် လူအုပ်ကြီး ရှိနေပြီဖြစ်ကာ သူတို့ထဲမှ အများစုသည် ပုံမှန်ဘေးမှ ကြည့်ရှု့သူများသာ ဖြစ်သည်။ သို့သော်ငြား ဝယ်ယူသူများလည်း ပါဝင်နေပေသည်။
ဘာ အကုန်လုံး ရောင်းထွက်သွားပြီ။ မော်တော်ဆိုင်ကယ် ဘယ်နှစ်စီး ရောင်းထွက်သွားတာလဲ။ အခုမှ နေ့လည်ခင်း နှစ်နာရီပဲ ရှိသေးတာ။
အစီးငါးဆယ် မနက်ကိုးနာရီကနေပြီးတော့ အခုလက်ရှိ ငါးနာရီအတွင်းမှာ အစီးငါးဆယ် ရောင်းရတာလား။ ဘာ မနေ့က သူတို့တွေက အစီးတစ်ရာကျော် ရောင်းရတယ်။ သူတို့တွေက ငါးနာရီမှာ အရောင်းပိတ်ခဲ့တာ မဟုတ်ဘူးလား။
အကယ်၍ ထိုဝေးလံခေါင်သီသည့် ဘင်းမြို့တော်တွင်တောင် မော်တော်ဆိုင်ကယ် ရောင်းအား ကောင်းမည်ဆိုပါက ကမ်းရိုးတန်း ဒေသများနှင့် ချမ်းသာကြွယ်ဝသည့် ပြည်နယ်များသည် ပိုရောင်းအား ကောင်းမည်ပင်ဖြစ်ပေသည်။
....
“ကျွန်တော်တို့တွေက အလုပ်ကို အတူတူ တစ်ကြိမ်ထက်ပို လုပ်ခဲ့ကြပြီးပြီ။ မရင်းနှီးတဲ့ မျက်နှာအနည်းငယ်တော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာကတော့ ထိုက်ဟွကုန်သွယ်ရေးရဲ့ စည်းမျဉ်းတွေကိုတော့ အကုန်လုံး သိပြီးကြမှာပါ။ ကျွန်တော်တို့တွေက ဈေးကွက်ကို ပြည်နယ်အလိုက် ခွဲသွားမယ်။ လတိုင်းလတိုင်းမှာ ရောင်းအားက အစီးရေ လေးရာအောက် မနည်းရဘူး။ ဖြန့်ချီရောင်းချသူတွေကို ပေးမဲ့ဈေးနှုန်းက မော်တော်ဆိုင်ကယ် တစ်စီးကို ယွမ်တစ်သောင်းခွဲ ကျွန်တော်တို့တွေက ကော်မရှင်ခအနေနဲ့ နောက်ထပ် ငါးရာခိုင်နှုန်းကိုလည်း ပေးအုံးမှာ။ လတိုင်းလတိုင်းရဲ့ အရောင်းရဆုံး ဖြန့်ချီရောင်းချသူ သုံးယောက်က မတူညီတဲ့ ဆုတွေကိုလည်း ရအုံးမယ်။.... ”
“မန်နေဂျာဝူ ကျွန်တော်က အနောက်မြောက်ဘက် ဒေသကို လိုချင်တယ်။ အဲ့ဒီဒေသအတွက် သတ်မှတ်ထားတဲ့ အစီးလေးရာက နည်းနည်းမြင့်မနေဘူးလား။ ”
“မန်၊ ချင်၊ တိဘက်.... အဲ့ဒီဧရိယာကတော့ အနည်းငယ် ကွဲပြားမှု ရှိလိမ့်မယ်။ ကျွန်တော်တို့တွေက နောက်ပိုင်းမှာ သေချာပြောပြီးတော့ သင့်လျော်တဲ့ အစီးရေးကို သတ်မှတ်ပေးမယ်။ တစ်ခြားပြည်နယ်တွေမှာ မေးစရာမေးခွန်းများ ရှိသေးလား။ ”
ဝူကျီကန်းက အော်လိုက်သည်။
“မန်နေဂျာဝူ တကယ်လို့ ခင်ဗျားပြောတဲ့ အတိုင်းဆိုရင် ကျွန်တော်တို့တွေ များများရောင်းရတယ်ဆိုရင် ကော်မရှင်က များများပိုရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ”
“ဒါအမှန်ပဲ။ ထိပ်တန်းသုံးယောက် ဖြန့်ချီရောင်းချသူတွေကို ဆုပေးရုံသာမကဘူး တစ်နှစ်ပတ်လုံးရဲ့ အရောင်းရဆုံး ဖြန့်ချီရောင်းချသူ သုံးယောက်ကိုလည်း ဆုပေးမယ်။ သေချာပေါက် မှတ်ထားရမှာက ပိုရောင်းရလေ ခင်ဗျားတို့တွေ ပိုပြီးအကျိုးအမြတ် ရလေပဲ။ ပြီးတော့ ခင်ဗျားတို့တွေအားလုံးက တစ်ကြိမ်ထဲ စရံငွေပေးခဲ့ရမယ်။ အဲ့ဒါက ခင်ဗျားတို့ဘက်မှာ ငွေကြေးအခက်အခဲ ပြဿနာကို ကာကွယ်ရန်အတွက်ပါ။ ”
“မန်နေဂျာဝူ ကျွန်တော်တို့တွေ စရံငွေကို နည်းနည်းလျော့ပေးလို့ မရဘူးလား။ မန်နေဂျာဝူအနေနဲ့ ယွမ်ငါးသိန်းဆိုတာက အရမ်းများတယ်လို့ မထင်ဘူးလား။ ”
“ငါတို့တွေက မင်းတို့တွေကို ဆိုင်ကယ်အစီးရေ ဘယ်နှစ်စီး ပို့မယ်။ ပြီးတော့ အဲ့ဒီဆိုင်ကယ်တွေက ဘယ်လောက်တန်တယ်ဆိုတာ မင်းမကြည့်ခဲ့ဘူးလား။ အစီးရေ လေးရာက စုစုပေါင်း ယွမ်ခြောက်သန်းတန်တယ်။ အဲ့ဒါကိုမှ ယွမ်ငါးသိန်း စရံငွေက များတုန်းပဲလား။ တကယ်လို့ စရံငွေ မပေးနိုင်ဘူးဆိုရင်တော့ မင်းထွက်သွားလို့ရပြီ။ ငါတို့ရဲ့ကုမ္မဏီက မင်းတို့ကိုင်တဲ့ပြည်နယ်မှာ အရောင်းဌာနခွဲကို လွယ်လွယ်ကူကူနဲ့ ဖွင့်လှစ်နိုင်တယ်။ ”
ဝူကျီကန်းက အော်လိုက်သည်။
ထိုသူများသည် အချင်းချင်း ဆွေးနွေးနေကြဆဲဖြစ်ကာ ဖုန်းယွီက ခေါင်းခါလိုက်သည်။ သေချာသည်က ထိုကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ရတော့မည်ပင်။