ဖြန့်ချီရောင်းချသူများ အပိုင်း(၂)
Vol. 13 Ch. 183
ဖုန်းယွီက မတ်တပ်ရပ်လိုက်သည့်အခါ လူတိုင်းငြိမ်ဆိတ် သွားကြတော့သည်။ အသစ်ကလေးများသည် တစ်ခုခု ပြောချင်သော်ငြား သူတို့၏မိတ်ဆွေများက သူတို့ကို ပါးစပ် ပိတ်ထားရန် လက်ဟန်ပြလိုက်သည်။
ဖုန်းယွီသည် သူတို့၏ အကျင့်ကိုကြည့်ပြီး ကျေနပ်နေသည်။ ထိုအသစ်ကလေးများသည် ဤနေရာတွင် တာဝန်ရှိသည့်သူအား မသိသေးပေ။
“မင်းတို့တွေက အချို့သောသူတွေက ဘင်းမြို့တော်ကို စောစောရောက်ခဲ့တယ်။ ပြီးတော့ ဘင်းမြို့တော်ရဲ့ ရောင်းချတဲ့နေရာမှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုလည်း မြင်ခဲ့တယ်။ မင်းတို့အားလုံး ပြောနိုင်တာက မော်တော်ဆိုင်ကယ်တွေက ပန်ကိတ်လိုမျိုး ရောင်းအားကောင်းနေတာပဲ။ စုန့်ကျန်း မော်တော်ဆိုင်ကယ်က ၁၂၅စီစီ ယခုလက်ရှိ တရုတ်နိုင်ငံရဲ့ အမြန်ဆုံး ခွင့်ပြုပေးထားတဲ့ မော်တော်ဆိုင်ကယ်နှုန်းပဲ။ ငါတို့အနေနဲ့ မော်တော်ဆိုင်ကယ် ခပ်ကြီးကြီးတွေကို ထုတ်ဖို့အတွက် စွမ်းဆောင်ရည်တွေ ရှိသေးတယ်။ အစိုးရအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတဲ့အခါမှာ ငါတို့တွေက ချက်ချင်းဆိုသလိုပဲ မော်တော်ဆိုင်ကယ် အကြီးစားတွေကို မိတ်ဆက်မယ်။ ငါတို့တွေ အားလုံးမှာ အဲ့ဒီမော်တော်ဆိုင်ကယ် အကြီးကြီးတွေကို ထုတ်ဖို့အတွက် နည်းပညာနဲ့ စက်ပစ္စည်းတွေက ရှိပြီးသား။ နည်းပညာကနေပြီးတော့ အပြင်ပိုင်း ဒီဇိုင်းအထိ မက်ကတင်း နည်းဗျူဟာတွေကနေ ဈေးနှုန်းတွေအထိ အကုန်လုံးက ငါတို့ရဲ့ စွမ်းဆောင်ရည်တွေကြီးပဲ။ အဲ့ဒါတောင်မှ မင်းတို့တွေက ဘာတွေစိုးရိမ်နေကြသေးတာလဲ။ ”
“မန်နေဂျာဖုန်း မော်တော်ဆိုင်ကယ် အသစ်တွေ မိတ်ဆက်တဲ့ အခါကျရင် ကျွန်တော်တို့တွေအနေနဲ့ ပြည်နယ်တစ်ခုချင်းစီ သတ်မှတ်ထားတဲ့ အစီးရေ လေးရာကို မပြည့်မှီဘူးဆိုရင်ရော ပြဿနာ ရှိလာမှာလား။ အချိန်တွေ ဖြတ်သန်းလာတာနဲ့အမျှ ဈေးကွက်ကလည်း ပြည့်လာလိမ့်မယ်။ မော်တော်ဆိုင်ကယ်တွေက လျှပ်စစ်ပန်ကာလိုမျိုးပဲ။ အစပိုင်းမှာတော့ ရောင်းအားကောင်းတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရောင်းအားကလည်း နှေးလာတယ်။ ကျွန်တော်တို့တွေက အကောင်းဆုံး ကြိုးစားမှာပါ။ ဒါပေမဲ့ ဈေးကွက်က အရမ်းကြီးမနေဘူး။ ထပ်ပြောရရင် မော်တော်ဆိုင်ကယ်က လျှပ်စစ်ပန်ကာနဲ့ မတူဘူး။ မိသားစုတိုင်းကလည်း တက်နိုင်တာမဟုတ်ဘူး။ ”
တစ်စုံတစ်ယောက်က အော်လိုက်သည်။
“ကောင်းပြီ။ အဲ့ဒါဆိုရင် ငါကမင်းကို နောက်ထပ် စာချုပ်တစ်ခုနဲ့ ကမ်းလှမ်းမယ်။ တစ်လအတွက် ရောင်းအားက အစီးရေသုံးရာဖြစ်မယ်။ ဒါပေမဲ့ ကော်မရှင်ခကတော့ အချိုးအလိုက်တော့ နည်းသွားလိမ့်မယ်။ မင်းရရှိမဲ့ ကော်မရှင်ခက အစီးရေတစ်ရာအတွက်ကို တစ်ရာခိုင်နှုန်း လျော့မယ်။ မင်းလက်ခံမှာလား။ ”
ဖုန်းယွီက ပြုံးလျှက်မေးလိုက်သည်။
အော်လိုက်တဲ့လူက တိတ်တိတ်သာ နေနေတော့သည်။ ကော်မရှင်ခ တစ်ရာခိုင်နှုန်းသည် အကျိုးအမြတ်ကို နည်းသွားစေလိမ့်မည်။ လက်ရှိတွင် ကော်မရှင်ခသည်လည်း အများကြီး ရှိမနေပေ။ ပြီးနောက် သူတို့ရရှိသည့် မူရင်းငွေကလည်း အနည်းငယ် များမနေပေ။ သူတို့အနေဖြင့် နောက်ထပ်အေးဂျင့်များကိုလည်း ဆွဲဆောင်ခွင့် မရှိပေ။
(ဆိုင်ကယ် တစ်စီးကို ၁၈၀၀၀ နဲ့ရောင်းရင်တောင် ၁ရာခိုင်နှုန်းက ၁၈၀ရှိပါတယ်။ ယွမ် ၁၈၀က ထိုခေတ်အခါရဲ့ ပျမ်းမျှလစာနဲ့ညီမျှပါတယ်။ ယွမ် ၁၈၀၀၀က အကြမ်းဖျင်း တွက်ထားခြင်းသာ ဖြစ်ပါတယ်။ ယွမ် ၂သောင်းအောက်ဈေးနဲ့ ရောင်းဖို့ သတ်မှတ်ထားပါတယ်။)
“မန်နေဂျာဖုန်း ကျွန်တော်တို့တွေက အလုပ်တူတူ လုပ်ခဲ့ အကြိမ်ရေ အများကြီး ရှိကြပြီ။ လျှပ်စစ်ပန်ကာကနေ စပြီး နာမည်မကြီးလိုက်တဲ့ ရေခဲသေတ္တာအထိ ကျွန်တော်တို့တွေက ခင်ဗျားနဲ့တူတူ အလုပ်လုပ်ခဲ့တယ်။ စရံငွေကို လျော့ပေးလို့ မရဘူးလား။ ယွမ်တစ်သိန်းပဲ ထားပေးတာက ကျွန်တော်တို့ကို ညှာတာပေးရာ ရောက်ပါတယ်။ ”
ကာလကြာရှည် လက်တွဲခဲ့တဲ့ ဖြန့်ချီရေးကိုယ်စားလှယ် တစ်ယောက်က မေးလိုက်သည်။
“မင်းအနေနဲ့ ငါတို့ဆီကနေပြီးတော့ ဆိုင်ကယ်တွေကို ဝယ်လို့ရတယ်။ တကယ်လို့ မင်းကငါတို့ဆီက ဝယ်ချင်တယ်ဆိုရင်တော့ ငါကမင်းကို လျော့ပေးမယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးစီအတွက် ယွမ်သောင်းလေးထောင် ထားပေးမယ်။ ဒါပေမဲ့ အဲ့ဒါက အစီးရေ တစ်ရာအတွင်းပဲ ဖြစ်လိမ့်မယ်။ ”
ထိုလူလည်း ငြိမ်ငြိမ်သာ နေနေသည်။ အကယ်၍ ဖုန်းယွီသည် အကျိုးအမြတ်များ ပိုရရှိပါက အစီးရေ တစ်ရာသည် ယွမ်၁.၅သန်း ကုန်ကျမည် ဖြစ်ပေသည်။ အကယ်၍ သူတို့သည် ထိုမျှများပြားသော ငွေကိုထုတ်နိုင်ခဲ့ပါက သူတို့အနေဖြင့် ယွမ်ငါးသိန်း စရံငွေအဖြစ် မပေးချေနိုင်ဘဲ နေမည်နည်း။
“မင်းတို့တွေအကုန်လုံးက ဒီရှေ့မှာပဲ ဆိုင်ကယ်တွေကို မဝယ်ချင်ဘူးဆိုတော့ မင်းတို့တွေ ငါတို့ကုမ္မဏီက ဘယ်လောက်ထိတောင်မှ ငွေကြေးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ တွေးမိရဲ့လား။ မင်းတို့အကုန်လုံးကိုပဲ တွက်ကြည့်လိုက်။ ပြည်နယ်တစ်ခုကို ဖြန့်ချီရောင်းချသူ တစ်ယောက်ပဲထား။ ဒီအခန်းထဲမှာ လူပေါင်းက ဒါဇင်ကျော်ရှိတယ်။ လတိုင်းလတိုင်းမှာ အစီးရေ XXXရောင်းရတယ် ဆိုရင်တောင်မှ ငါကစက်ယန္တရား ကုမ္မဏီကို ဘယ်လောက်ပေးရမှာလဲ။ မင်းတို့တွေ ကောင်းကောင်း တွေးတက်ပါတယ်။ ငါကမင်းတို့ဆီကနေပြီးတော့ စရံငွေအဖြစ် ယွမ်ငါးသိန်းပဲ တောင်းထားတာ။ အဲ့ဒါကတကယ်ပဲ များရဲ့လား။ ”
ဖုန်းယွီက ပေါက်တက်ကရများကို ပြောပြန်သည်။ သူ့အနေဖြင့် စက်ယန္တရားစက်ရုံကို ဆိုင်ကယ်များ ယူခြင်းမှ ပေးရမည့်ပိုက်ဆံကို ပြောရန်မလိုအပ်ပေ။ သူသည် စက်ယန္တရား စက်ရုံကို လကုန်တွင်သာ ပေးရန်လိုအပ်ပေသည်။ ဆိုင်ကယ်များအတွက် စရံငွေလော။ ပြည်နယ်တိုင်းအတွက် စရံငွေသည် ယွမ်ငါးသိန်းဖြစ်ကာ စက်ယန္တရားစက်ရုံကို ပေးပြီးနောက် မည်မျှကျန်အုံးမည်နည်း။
ထိုက်ဟွကုန်သွယ်ရေးသည် စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ အဓိက ဖြန့်ချီသူဖြစ်ကာ ဖုန်းယွီသည် လီမင်တနှင့်လည်း စာချုပ်ချုပ်ဆိုထားသည်။ သူကဆိုင်ကယ် တစ်စီးဆီအတွက် ယွမ်သောင်းတစ်ထောင်သာ ပေးရန်လိုအပ်ကာ ကျန်ရှိသည့် အမြတ်မှန်သမျှသည် ထိုက်ဟွကုန်သွယ်ရေး၏ အမြတ်ပင် ဖြစ်ပေသည်။
သေချာသည်မှာ ထိုက်ဟွကုန်သွယ်ရေး အနေဖြင့် ရောင်းချ မျှော်မှန်းထားသည့် အစီးရေကို မရောင်းချနိုင်ပါက ထိုက်ဟွကုန်သွယ်ရေးသည် စက်ယန္တရားစက်ရုံကို မရောင်းချရသည့် မော်တော်ဆိုင်ကယ်များအတွက် ယွမ်ငါးရာပေးသွင်းရန် လိုအပ်ပေကာ စီစီတီဗီတွင် ကြော်ငြာသည့် ကြော်ငြာကဏ္ဍများနှင့် ကြော်ငြာအတွက် ပေးစရာများအားလုံး ပြန်ပေးရမည် ဖြစ်ပေသည်။
လီမင်တအတွက်မူ ဖုန်းယွီသည် သူ့သေတွင်း သူတူးနေခြင်းသာဖြစ်ကာ သူသည် ဖုန်းယွီကို သင်ခန်းစာတစ်ခု ပေးချင်သည်။ ယင်းက ဖုန်းယွီအနေဖြင့် စက်ယန္တရား ကုမ္မဏီနှင့် ပတ်သတ်သည့် စီမံခန့်ခွဲမှုများကို နှောက်ယှက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပေသည်။ မော်တော်ဆိုင်ကယ်အတွက် ဖြန့်ဖြူးရေး မူပိုင်ခွင့်ကို လိုချင်တာလား။ အိမ်မက်မက်နေလိုက်။
ပထမက လီမင်တသည် ဖုန်းယွီကျရှုံးရန် စောင့်နေခဲ့ကာ ဖုန်းအဖေနှင့်သားသည် သူ့အား ကုမ္မဏီတွင် ဆန့်ကျင်ရဲလားဆိုတာ ကြည့်ချင်သေးသည်။ သို့သော်သူသည် ဘင်းမြို့တော်၏ အရောင်းကို ကြည့်ပြီးနောက် ဖုန်းယွီက တကယ်ကို အောင်မြင်မည်ဖြစ်ကြောင်း သိရှိသွားသည်။ ယခုလက်ရှိတွင် လီမင်တက ဖုန်းယွီကို ရပ်တန့်နိုင်မည့်နည်းလမ်း ရှာဖွေနေတော့သည်။ ဆိုင်ကယ်ရောင်းချရသည့် အစီးရေသည် တစ်သိန်းနှစ်သောင်းကိုးထောင်စီးတွင် ရပ်တန့်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေမည်။
“ဘယ်သူမေးစရာမေးခွန်း ရှိသေးလဲ။ ”
ဖုန်းယွီက အခန်းထဲရှိ လူတိုင်းကို ကြည့်လိုက်သည်။ သူတို့အားလုံးက ခေါင်းငုံ့နေကြ၏။
“မေးခွန်းမရှိတော့ဘူးလား။ အဲ့ဒါဆိုရင် ငါပေါင်းထည့်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောမယ်။ မင်းတို့တွေ မူပိုင်ခွင့် ရထားတာကို အေးဂျင့်တွေဆီပဲလွှဲလွှဲ ဒါမှမဟုတ်ဘူးဆိုရင် ကော်မရှင်ပုံစံကို အသုံးပြုပြီး ကိုယ်ပိုင်အစီအစဉ်ဆွဲဆွဲ ငါဂရုမစိုက်ဘူး။ တစ်လအတွင်းမှာ မင်းတို့ရဲ့ပြည်နယ်ရဲ့ မြို့တော်မှာ အရောင်းပြခန်းတစ်ခု အနည်းဆုံး တည်ဆောက်ပေးရမယ်။ ပြီးတော့ နှစ်ကုန်မှာ မြို့တိုင်းမြို့တိုင်းမှာ အရောင်းပြခန်းရှိရမယ်။ တကယ်လို့ မင်းတို့တွေက အရောင်းပြခန်း မတည်ဆောက်နိုင်ဘူးဆိုရင်တော့ မင်းတို့တွေ ဒဏ်တပ်ခံရလိမ့်မယ်။ ”
(ကြော်ငြာစရိုက်တာက ဒီဇင်ဘာလပါ။ တရုတ်နှစ်ကို ပြောချင်ရင်တောင် သူ့တို့အတွက် အရောင်းပြခန်းဆောက်ဖို့ တစ်လပဲ အချိန်ပေးပါတယ်”
ဒဏ်လား။ ဒဏ်ကြေးလား။ လူတိုင်း၏ သွင်ပြင်က ပြောင်းလဲသွားကြသည်။ သူတို့သည် ဆိုင်ကယ်များများကို ရောင်းချင်သည်။ အကယ်၍ ရောင်းအားမကောင်းပါက ဒဏ်ကြေးတော့ မပေးချင်ကြပေ။
“ဒုတိယအနေနဲ့ လက်လီဈေးက ယွမ်သောင်းကိုးထောင်ရှစ်ရာထက် မကျော်ရဘူး။ အဲ့ဒီဈေးနှုန်းက ပြည်ပကတင်သွင်းတဲ့ ၁၂၅စီစီတွေထက် နည်းရမယ်။ ဖြန့်ချီရောင်းချသူတွေအနေနဲ့ အကျိုးအမြတ်တွေ ရှိပြီးသား။ အဲ့ဒါက ငါတို့မော်တော်ဆိုင်ကယ်ရဲ့ အရောင်းပိုင်းကို ထိခိုက်မှု မရှိစေရဘူး။ ငါတို့တွေက စီစီတီဗီမှာ နောက်ထပ်ကြော်ငြာတွေ လွှင့်အုံးမှာ။ ပြီးတော့ ငါတို့တွေက ပရိုမိုးရှင်း အစီအစဉ်တွေလည်း တောက်လျှောက်ရှိမယ်။ ငါတို့တွေရဲ့ အမှတ်တံဆိပ် လူသိများလာမယ်လို့ ငါအာမခံတယ်။ တကယ်လို့ မင်းတို့တွေက ရောင်းချတဲ့ဈေးကို မြင့်ရဲမယ်ဆိုရင်တော့ ငါ့ကိုအပြစ်မတင်နဲ့ မင်းတို့တွေကို ပြည်နယ် ဖြန့်ချီရောင်းချသူတွေကနေပြီးတော့ ဖယ်ရှားပြီးတော့ ဒဏ်လည်းတပ်မယ်။ ”
ဖြန့်ချီရောင်းချသူများ၏ ခေါင်းကို ဓားဖြင့်ပိုင်းဖြတ်လိုက်သလိုပင်။ ဒဏ်ကြေး နောက်တစ်ခါလား။
မန်နေဂျာဝူသာ ပြောသင့်ပေသည်။ သူပြောသမျှ အရာအားလုံးသည် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ ဆုပေးစနစ်၊ အကျိုးအမြတ်ကျေးဇူး စသဖြင့်ဖြစ်ပေသည်။ အဘယ့်တွက် မန်နေဂျာဖုန်းကျပြောမှ ဒဏ်ကြေးဆိုတာကြီးပဲ ပါနေရသနည်း။
ဝူကျီကန်းသည် ဖြန့်ချီရောင်းချသူများ၏ မျက်နှာပြောင်းသွားသည်ကို မြင်လိုက်ကာ သူသည် စိတ်ပူပန်သွားသည်။ သူသည် အသံမထွက်ရဲသော်ငြား သူ၏နှလုံးသားထဲတွင် သူကဖုန်းယွီကို ဒဏ်ကြေးအကြောင်း ပြောတာရပ်တန့်ရန် တောင်းဆိုနေတော့သည်။ အကယ်၍ သူဆက်ပြောလျှင် မည်သည့်ရောင်းချသူမှ ကျန်တော့မည် မဟုတ်ပေ။ ဖုန်းယွီအနေဖြင့် သူတို့ကို တကယ်ပဲ ပြည်နယ်တိုင်းတွင် ရောင်းချသည့် နေရာများကို တည်ဆောက်ချင်သည်လော။ သူတို့ ထိုသို့လုပ်ရန်အတွက် အင်အားက မည်သည့်နေရာမှ ရမည်နည်း။
“တတိယအချက် ပြည်နယ်တိုင်းအနေနဲ့ စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့ တန်ဖိုးကို ခန့်မှန်းရမယ်။ ပြီးတော့ လူဦးရေ ပြီးတော့ တစ်နှစ်အတွင်း ရောင်းအားအနည်းဆုံး ပြည်နယ်ကလည်း ဒဏ်တပ်ခံရမယ်။ ”
ဖြန့်ချီရောင်းချသူများ၏ မျက်နှာများအားလုံးက ပျက်ကုန်ကြသည်။ ဒဏ်ကြေးမှလွဲပြီး တစ်ခြားအရာများ ပြောစရာ မရှိသည်လော။
“ဘာလဲ မင်းတို့တွေအကုန်လုံးက ဒဏ်ကြေးကို လက်မခံနိုင်ကြတာလား။ ”
ဖုန်းယွီက ပြုံးကာမေးလိုက်သည်။
ဖြန့်ချီရောင်းချသူများ အားလုံးက ခေါင်းညိတ်လိုက်သည်။ မည်သူက ထိုမျှများပြားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ဒဏ်ကြေးများကို လက်ခံနိုင်မည်နည်း။
“ကောင်းပြီ တကယ်လို့ ငါပြောထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်မခံနိုင်ဘူးဆိုရင် ထွက်သွားလိုက်။ ငါတို့အနေနဲ့ ကျန်ရှိတဲ့ လူတွေနဲ့ပဲ ဆက်ပြီးတော့ ဆွေးနွေးမယ်။ ”
ယခုထပ်ပြီးတော့ ဖြစ်ပြန်ပေသည်။ ဖြန့်ချီသူများအားလုံးက ပြောစရာစကား မဲ့သွားသည်။ သို့သော် ထိုနည်းလမ်းက အလွန်ပင် အသုံးဝင်ကြသည်။ သူတို့၏ သက်ဆိုင်ရာပြည်နယ်နှင့် ပတ်သတ်လျှင် များစွာသောလူများသည် စုန့်ကျန်း မော်တော်ဆိုင်ကယ် အကြောင်းကို မေးကြကာ ဖြန့်ချီသူများသည် သူတို့၏ အေးဂျင့်များနှင့် လုပ်ဆောင်သင့်သည် များနှင့်လည်း ဆက်သွယ်ပြီးဖြစ်သည်။ သူတို့သည် ဆိုင်ကယ်များကို လက်ခံရရှိသည့်အခါ သူတို့သည် မတူသည့် မြို့များရှိ အေးဂျင့်များဆီသို့ ဖြန့်ဖြူးပေးမည် ဖြစ်ပေသည်။
အကယ်၍ သူတို့ယခု ထွက်သွားပါက သူတို့ပြင်ဆင်ထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေမည်။ ထပ်ပြောရပါက စုန့်ကျန်း မော်တော်ဆိုင်ကယ်၏ ဖြန့်ချီသူတစ်ယောက် ဖြစ်ခြင်းသည် အကျိုးအမြတ် ရှိမည်ဖြစ်ကြောင်း သူတို့အားလုံး သိပေသည်။
အကယ်၍ သူတို့သည် တစ်လလျှင် အစီးရေလေးရာနှင့် ကော်မရှင်ခ ငါးရာခိုင်နှုန်း ပေါင်းထည့်ပါက သူတို့သည် ဆိုင်ကယ်တစ်စီး ရောင်းရတိုင်း အနည်းဆုံး ယွမ်ခုနှစ်ရာငါးဆယ် ရမည်ပင်။ ပြီးနောက် သူတို့ပိုရောင်းပါက ပိုအကျိုးအမြတ် ရမည်ပင်။
လူတိုင်းက တွက်ချက်ပြီးဖြစ်ရာ ယင်းသည် အကျိုးအမြတ်ရသည့် စီးပွားရေးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပေသည်။ ပြည်နယ်တစ်ခု မော်တော်ဆိုင်ကယ် အစီးလေးထောင့်ရှစ်ရာသည် အောင်မြင်မှုပင်ဖြစ်သည်။
“ဘယ်သူမှ ထွက်မသွားချင်ဘူးလား။ အဲ့ဒါဆိုရင် တောင်ပိုင်းမှာရှိတဲ့ ကွမ်ကျိုး၊ ဘေကျင်း၊ ရှန်ဟိုင်း.... အဲ့ဒီပြည်နယ်တွေက မန်နေဂျာဝူဆီ သွားပြီးတော့ စာချုပ်ချုပ်လို့ရပြီ။ ကျန်တဲ့ပြည်နယ်တွေက ငါနဲ့တူတူ ဆွေးနွေးပြီးတော့ အချက်အလက်တွေကို အသေးစိတ် ပြန်ဆွေးနွေးကြမယ်။ ”