အစီအစဉ်များ ဖြစ်မြောက်ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခု
Vol. 13 Ch. 184
ဖုန်းယွီသည် ဖြန့်ချိရောင်းချသူများအားလုံးနှင့် စာချုပ်တွင် လက်မှတ်ရေးထိုးပြီးပြီ နှစ်တိုင်းနှစ်တိုင်း ထိုဖြန့်ချိရောင်းချသူများထံမှ အနည်းဆုံး အစီးရေရှစ်သောင်းရောင်းရပေသည်။ ထိုရောင်းရမှုက လီမင်တ သတ်မှတ်ထားသည့် ရောင်းအားနှင့်ဆိုပါက လိုနေသေးသည်။
သို့သော် ဖုန်းယွီ အနေဖြင့် စိတ်ပူပန်ခြင်းမရှိပေ။ ယင်းက ဆိုင်ကယ်များ ရောင်းရရန်အတွက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည်။ ဘေကျင်း ၊ရှန်ဟိုင်းနှင့် စီချွမ်းကဲ့သို့ နေရာများတွင် မော်တော်ဆိုင်ကယ်များ ရောင်းအားကောင်းနိုင်မည်။ ထိုဒေသများသည် သတ်မှတ်ထားသည့် အနည်းဆုံးထက် များစွာပိုရောင်းရပေမည်။ တောင်ပိုင်းဒေသများဖြစ်သည့် ကွမ်ကျုံး အရှေ့တောင်ဒေသများဖြစ်သည့် လူဒုန် ၊ကျန်းဆုနှင့် ချီကျန်းဒေသများလည်း ရှိပေသည်။ ထိုနေရာများတွင်လည်း ကောင်းကောင်း ရောင်းရမည်ဖြစ်ပေသည်။
ထိုက်ဟွကုန်သွယ်ရေး တိုက်ရိုက်ကုန်သွယ်ရေး တိုက်ရိုက်စီမံသည့် အရှေ့မြောက်ပိုင်းရှိပြည်နယ်များနှင့် ပေါင်းလိုက်သည့်အခါ စုစုပေါင်းရောင်းရသည့်ပမာဏသည် အနည်းဆုံးသတ်မှတ်ထားသည်ထက် ငါးဆယ်ရာခိုင်နှုန်း ပိုမည်ဖြစ်ပေသည်။ အကယ်၍ အဆုံးတွင် အနည်းငယ်လိုလျှင်တောင် ဖုန်းယွီက နောက်ထပ်ထွက်ပေါက်ရှိသေးသည်။ သူ့အနေဖြင့် လီမင်တကို သူ့ကိုအောက်ကျို့ကြည့်တဲ့အတွက် အခွင့်အရေးပေးမည် မဟုတ်ပေ။ ကြော်ငြာအတွက် နှုန်းထားအတွက်မူ စက်ယန္တရားကုမ္ပဏီကို ပြန်လည်ပေးအပ်ရန်မလိုပေ။ ငွေများသည်သူ့အိတ်ကပ်ထဲ ဝင်သွားသည်ဖြစ်သည့် အတွက် သူ့အနေဖြင့် ဘယ်တော့မှထုတ်မည်မဟုတ်ပေ။
လီမင်တသည် ထိုက်ဟွကုန်သွယ်ရေးဖြန့်ချိရောင်းချသည့် ကိုယ်စားလှယ်များနဲ့ ဆက်သွယ်ကာ ဖြန့်ချိရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်ကို သိပေသည်။ သို့သော်ငြား သူ့အနေဖြင့် ထိုစာချုပ်ပါအချက်အလက် အသေးစိတ်ကို သိရန်က မဖြစ်နိုင်သေး။ ဖုန်းယွီအနေဖြင့် ယင်းကို လီမင်တအားလည်း မည်သည့်အခါမှ သိခွင့်ပေးမည် မဟုတ်ချေ။ အကယ်၍ လီမင်တသည် ထိုက်ဝကုန်သွယ်ရေးအနေဖြင့် အကျိုးအမြတ်များစွာရရှိမည်ဟု သိရှိသည့်အခါ သူသည် အစွမ်းကုန်သုံးကာ အနည်းငယ် ဆုံးရှုံးခံပြီး ဖြန့်ချိရေး မူပိုင်ခွင့်ကို ပြန်လည်ရယူမည်ဖြစ်ပေသည်။
ဖုန်းယွီအနေဖြင့် လီမင်တဖြစ်ချင်သည့် အရာများကို ဖြစ်ခွင့်ပေးမည်မဟုတ်ပေ။ စာချုပ်နှစ်ခုကို ဖျက်သိမ်းနိုင်ပြီလားဟုမေးခြင်းဖြင့် လီမင်တ၏ ဘက်တော်သားများကိုပင် တမင်နှင်ချခဲ့သည်။ ဖုန်းယွီသည် ထိုနှစ်တွင် အလုံးရေတစ်သောင်းရောင်းချနိုင်ပါက ကံကောင်းမည်ဟုလည်း ဆိုခဲ့သည်။
လီမင်တသည် ဖုန်းယွီ၏တောင်းဆိုမှုကို လက်မခံပေ။ လီမင်တက သူ့အတွက် ဖုန်းယွီကို နိုင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကာ ထိုထဲတွင် ကြော်ငြာကြေးသန်းပေါင်းများစွာလည်း ပါဝင်နေပေ၏။
အကယ်၍ သူအနိုင်ရခဲ့ပါက သူ့အနေဖြင့် ဖုန်းယွီကို မည်သို့ လုပ်ရမည်ဆိုသည်ကို ပညာပြရန်အခွင့်အရေး ရမည်သာမက စက်ယန္တရားကုမ္ပဏီရှိ ရှေ့လာမည့် အနာဂတ်တွင်လည်း သူ့၏အာဏာနှင့် လုပ်ပိုင်ခွင့်ကို ကောင်းစွာထူထောင်နိုင်မည်ဖြစ်ပေသည်။ သူသည် နောက်ဆုံးတွင် မော်တော်ဆိုင်ကယ်တွင် နောက်ဆုံးဆုံးဖြတ်ချက် ချနိုင်မည့်သူဖြစ်လာမည်ဖြစ်ကာ ကြော်ငြာစရိတ်ယွမ်သန်းချီလည်း ပြန်ရမည်ဖြစ်ပေသည်။ ယင်းက မြို့တော်အစိုးရ၏ ခေါင်းဆောင်များရှေ့တွင် သူ့ကိုတောက်ပနိုင်သည့် အရာများဖြစ်ပေသည်။
ဖုန်းယွီက အကယ်၍ သူတို့လောင်းကြေးကို သူ့အနေဖြင့် ပယ်ဖျက်ပါက အနာဂတ်တွင် နောင်ကျ သူ့ကိုဆန့်ကျင်မှာမဟုတ်ဟုပြောခဲ့ပြီး သို့သော် လီမင်တသည် ဖုန်းယွီကို လျစ်လျူရှုခဲ့သည်။ သူအနိုင်ရပါက နောင်တွင် ဖုန်းယွီက ဘယ်လိုတိုက်ခိုက်နိုင်မည်နည်း ဆိုသည့် အချက်ကို သိပေသည်။
လီမင်တသည် ကျေနပ်အားရနေ၏။ ကုမ္ပဏီ၏အစည်းအဝေးတွင် သူက မော်တော်ဆိုင်ကယ်စက်ရုံနှင့် မော်တော်ဆိုင်ကယ်စက်ရုံ၏ တာဝန်ခံဖုန်းယွီကို တမင်အပြစ်ရှာဝေဖန်နေသည်။ သူက ဖုန်းယွီကို စက်ရုံတွင် ရှိနေသည့်အတွက် အပြစ်တင်နေသည်။ မော်တော်ဆိုင်ကယ်ရောင်းအားနှင့် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ကုန်ကျစရိတ် အစရှိသည်ဖြင့်ဖြစ်၏။
လီမင်တ ဖုန်းယွီကို ဆူသည့််အခါ သူ၏အသံက ဖုန်းယွီသည် မော်တော်ဆိုင်ကယ်အလုပ်တွင် သူ့အလုပ်ကို သူမလုပ်ဟု အသံပေါက်နေသည်။ ဖုန်းယွီကို မည်သည့်နေရာတွင်ဖြတ်ထုတ်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေ၏။
အကယ်၍ ဟိုဟိုက်ထောင်၏ စွန့်စားလိုကြောင်း မဖော်ပြခဲ့လျှင် ဟောင်ကောင်စီးပွါးရေးလုပ်ငန်းရှင်က ဖုန်းယွီကို ထောက်ခံမှုမပေးလျှင် ဖုန်းယွီသည် မော်တော်ဆိုင်ကယ်စက်ရံ၏ ဒါရိုက်တာဖြစ်ရန်အတွက် အခွင့်အရေး တစ်ခါမှ မဟုတ်ပေ။ ဖုန်းယွီတွင် ထောက်ခံသည့်သူများရှိရင်တောင် လီမင်တက ဖုန်းယွီကို စက်ရုံ၏ ဒါရိုက်တာဖြစ်ခွင့်မပေးပေ။ သူက ဖုန်းယွီကို ယာယီဒါရိုက်တာ အဖြစ်သာ ခွင့်ပြုခဲ့သည်။ အကယ်၍ ဖုန်ယွီသည် ယခုနှစ်တွင် သတ်မှတ်ထားသည့် ရလဒါကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါက လူစားထိုးခံရမည်ဖြစ်ပေသည်။
အကယ်၍ ဖုန်းယွီသည် ရလဒ်ကောင်းများကို အရယူနိုင်ခဲ့ကာ စက်ရုံဒါရိုက်တာဖြစ်လာလျှင်တောင် လီမင်တက ကြောက်မည်မဟုတ်ပေ။ မော်တော်ဆိုင်ကယ်စက်ရုံသည် စက်ယန္တရားစက်ရုံ ၏ အခွဲတစ်ခုဖြစ်ကာ သူ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေသေးဆဲ ဖြစ်သည်။ သူသည်စက်ယန္တရားကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်နေဆဲဖြစ်ကာ အကယ်၍ ဖုန်းယွီကဧကရာဇ်တစ်ပါးဖြစ်ပါက သူသည် ဧကရာဇ်၏ ဖခင် ဖြစ်ပေသည်။
ဖုန်းယွီသူ့အား စိတ်မချမ်းသာ ဖြစ်စေရသည့် အကြောင်းအရင်းသည် ဖုန်းယွီသည် ဗီတိုမဲကို အသုံးပြုခြင်းပင်ဖြစ်ပေသည်။ လီမင်တခန့်အပ်ထားသည့် မော်တော်ဆိုင်ကယ်စက်ရုံမှ အဆင့်မြင့် စီမံခန့်ခွဲမှုအရာရှိများသည် ဆုံးဖြတ်ချက်များ ချမှတ်သည့် အခါ ဖုန်းယွီ၏ ဗီတိုမဲသည် လီမင်တ၏ အကြံအဉာဏ် ၊ အစီအစဉ်များကို အနှောင့်အယှက်ဖျက်လိုဖျက်ဆီး ကြိမ်ဖန်များစွာ ဖြစ်စေခဲ့သည်။
လီမင်တက ဖုန်းယွီကို သူ့၏ခုံတွင် ကာလရှည်ကြာစွာ နေရမည်မဟုတ်ဟု ယုံကြည်နေသည်။ နှစ်ဝက်ခန့်တွင် ရောင်းအားသည် မကောင်းပါက သူ့အနေဖြင့် ဟိုဟိုက်ထောင်ကို ရှာကာ ဖုန်းယွီနေရာပြောင်းရန်အတွက် ဆွေးနွေးမည်ဖြစ်သည်။ ဟိုဟိုက်ထောင်က ထိုနေရာကို ယူရင်တောင် သဘောတူမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီသည် စက်ယန္တရားကုမ္ပဏီထက် ပိုကြီးပေသည်။ ပြီးတော့ ဟိုဟိုက်ထောင်၏အဆင့်သည် သူ့ထက်လည်းပိုကြီးပေ၏။ သူသည် စစ်ဖက်ဆိုင်ရာနှင့် အတွေ့အကြုံများ ရှိနေဆဲဖြစ်ကာ အတွေ့အကြုံခဲ များပေသည်။ စက်ရုံ၏ ဒါရိုက်တာကိုရွေးချယ်ရန်အတွက် မဲကို စွန့်လွှတ်ခဲ့သည့်အတွက် လီမင်တက သူ့ကိုဒေါ သသွားထွက်ရင်လည်း နည်းလမ်းမရှိချေ။
အကယ်၍ မြို့တော်အစိုးရကြောင့်သာ မဟုတ်လျှင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာဆယ့်လေးရာခိုင်နှုန်း ရရှိမည် မဟုတ်ပေ။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံ ပိုင်ဆိုင်သည့် နည်းပညာများက မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်မှုမရှိပေ။ ဆီစားနှုန်းသက်သာသည့် အင်ဂျင် ၊အကြမ်းခံနိုင်သည့် တာယာနှင့် စွမ်းဆောင်ရည်မြင့် ဘက်ထရီနည်းပညာများ မလိုအပ်ပေ။
ထပ်ပေါင်းပြောရပါက လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏နည်းပညာများသည် ကားများတွင်သာ သင့်တော်ပေရာ မော်တော်ဆိုင်ကယ်တွင် မည်သို့ အလုပ်လုပ်နိုင်ပေနည်း။ အကယ်၍ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီတွင် ပိုက်ဆံများများမရှိနေပါက မြို့တော်အစိုးရ ခေါင်းဆောင်များသည် ကုမ္ပဏီတွင် ရှယ်ယာတစ်ခုကို ဝယ်ရန်တောင်သူတို့အား ခွင်ပြုရန်သဘောတူညီမှုပေးမည် မဟုတ်ပေ။
လီမင်တက ဟိုဟိုက်ထောင်သည်အကျိုးအမြတ်အတွက် ရှယ်ယာကို ထည့်ခဲ့ခြင်း ဖြစ်သည်ဟုတွေးခဲ့မိသည် ။ သူ မသိသည့် အရာက လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စက်ယန္တရားကုမ္ပဏီတွင် အစုရှယ်ယာတစိတ်တစ်ပိုင်းအဖြစ် ပါဝင်ရခြင်းမှာ ဖုန်းယွီ၏ လှုံ့ဆော်မှုကြောင့်သာဖြစ်ပေသည်။
အကယ်၍ စက်ယန္တရား ကုမ္မဏီ၏ အကျိုးအမြတ်သည် သူတို့မျှော်မှန်းထားသည်ထက် မရရှိပါက သို့မဟုတ် လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ငွေကြေးများ လိုအပ်လာပါက ဖုန်းယွီသည် လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ စက်ယန္တရား ကုမ္မဏီ ရှယ်ယာများကို ဝယ်မည်ဟု ဟိုဟိုက်ထောင်ကို သတိပေးထားသည်။
ဟိုဟိုက်ထောင် ယင်းအချက်ကို သဘောတူရသည့် နောက်ထပ်အကြောင်းပြချက်လည်း ရှိပေသည်။ ဖုန်းယွီကသူ့ကို သတင်းကောင်းအချို့ သယ်ဆောင်လာခဲ့သည်။ အာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်သည် လေယာဉ်ထုတ်လုပ်သည့်စက်ရုံ လိုချင်နေခဲ့တာဖြစ်ကာ ယင်းကို တွေ့ရှိသွားပေသည်။ အခြားသောသူက ရောင်းရန်အတွက် ဆုံးဖြတ်ချက်ချထားသည်။ အကယ်၍ သူတို့သည် ဈေးညှိနှိုင်းမှု အဆင်ပြေနိုင်လျှင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် သံရည်ကျိုစက်ကို မတ်လအစောဆုံး နောက်ဆုံးဂျွန်လထားကာ ရရှိမည်ဖြစ်ပေသည်။
လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ငွေလိုအပ်သည့်အချိန်တွင်ရော သေချာသည်မှာ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် အာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်ကို ငွေပေးချေသည့် အခါတွင် ဖြစ်ပေလိမ့်မည်။ ထိုလျှပ်စစ်သံရည်ကျိုစက်သည် ဈေးနှုန်းချိုသာသည့် သံရည်ကျိုစက်မျိုး မဟုတ်ပေ။ ၁၉၇၀နှစ်ထုတ် မော်ဒယ်၏ ဈေးကွက်တန်ဖိုးသည်တောင် ရူပယ်ဆယ်သန်းထက်တွင် ရှ်ိပေသည်။ ထပ်ပြောရပါက ဖုန်းယွီသည် လေယာဉ်ထုတ်လုပ်သည့် စက်ရုံအတွက် ၁၉၈၅ခုနှစ်ထုတ် မော်ဒယ်ကို ရှာထားပေးသည်။ ယင်းကပိုပြီး အဆင့်မြင့်ပေရာ ဈေးကွက်တန်ဖိုးသည်လည်း ရူပယ်သန်းလေးဆယ်အထက်တွင် ရှိပေသည်။ တစ်ပတ်ရစ် သံရည်ကျိုစက်သည်တောင် ရူပယ်သန်းနှစ်ဆယ် ကျော်ပေ၏။
ယခုအခါတွင် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုသည် သူတို့၏ နည်းပညာများကို တရုတ်သာ ကန့်သတ်ထားပေသည်။ အကယ်၍ ပိုက်ဆံရှိလျှင်တောင် လိုချင်သည့်အရာကို ဝယ်လို့ရမည် မဟုတ်ပေ။ ထိုအကြောင်းပြချက်ကြောင့် တရုတ်အစိုးရအနေဖြင့် ထိုသံရည်ကျိုစက်ကို လေယာဉ်ထုတ်လုပ်သည့် စက်ရုံထံသို့ မရရှိနိုင်ခြင်း ဖြစ်ပေသည်။
ဘင်းမြို့တော်သို့ သံရည်ကျိုစက် ရောက်သည့်အခါ ဟိုဟိုက်ထောင်သည် စက်ယန္တရား စက်ရုံ၏ ရှယ်ယာများကို ထိုသံရည်ကျိုစက်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ပေးကာ ကျန်ရှိသည့်ငွေများသည် သူ၏လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှဖြစ်ပေသည်။ ထိုအခါ ငွေကြေးပေးရန်အတွက် လုံလောက်မည် ဖြစ်ပေ၏။
ဖုန်းယွီက ဟိုဟိုက်ထောင်ကို ရေနွေးငွေ့စက်မှ သူ၏ရှယ်ယာများကို ငွေပေးချေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးရန်အတွက် ကြိုးစားနားချခဲ့သော်ငြား ဟိုဟိုက်ထောင်က ထိုအကြံပေးချက်ကို ငြင်းပယ်လိုက်သည်။ ထိုရေနွေးငွေ့စက်သည် စက်ယန္တရား ကုမ္မဏီထက် သူ့ကိုအကျိုးအမြတ်များစွာ ပေးပေသည်။ ဖုန်းယွီ၏ တွက်ချက်မှုအရ ရေနွေးငွေ့စက်၏ ရှယ်ယာများသည် အလွန်နည်းပေ၏။
ထိုအရာများက ငွေကြေးသာ ဖြစ်ပေသည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် သေချာပေါက် ရှာနိုင်မည် ဖြစ်ပေသည်။ အကယ်၍ သူတို့သည် လုံလောက်သည့်ငွေကြေး မရရှိနိုင်ပါက သူတို့အနေဖြင့် အထက်အရာရှိများထံတွင် လျှောက်ထားနိုင်ပေသည်။ ထိုဝယ်ယူမည့်အရာက အာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် ဖြစ်ပေသည်။ ထိပ်ပိုင်းရှိ ခေါင်းဆောင်များသည် ထိုသံရည်ကျိုစက်၏ အရေးပါမှုကို သိပေရာ သူတို့သည် ထိုအတွက် ငွေကြေးသေချာပေါက် ထောက်ပံ့မည် ဖြစ်ပေသည်။
သို့သော် ဟိုဟိုက်ထောင် ထိုသို့တွေးသည့်တိုင် သူ့အနေဖြင့် သူ၏အဆင့်မြင့် အရာရှိများသည် အာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်ကို အခြားသော စက်ရုံများသို့ လွှဲပြောင်းပေးမည်ကိုလည်း သူစိုးရိမ်ပေသည်။ ထို့အတွက်ကြောင့် သူသည် သူ့နည်းလမ်းဖြင့်သူ ထိုသံရည်ကျိုစက်အတွက် ငွေပေးချေရန် ကြိုးစားမည် ဖြစ်ပေသည်။
စက်ယန္တရား ကုမ္မဏီ၏ သူပိုင်ဆိုင်သည့် ရှယ်ယာများ၏ တန်ဖိုးသည် ဆိုဗီယက် ပြည်ထောင်စုမှ သံရည်ကျိုစက် သင်္ဘောဖြင့် ဆိုက်ကပ်လာသည့် အချိန်တွင် မြင့်တက်နေပြီဖြစ်သည်။ ယင်းသည် ပိုက်ဆံကို သူ၏စက်ရုံတွင်ထားခြင်း သို့မဟုတ် ဘဏ်တွင်ထားခြင်းထက် ပိုကောင်းပေသည်။ သူ့အနေဖြင့် ခေါင်းဆောင်များသည် စက်ရုံ၏ ရံပုံငွေများကို အခြားသို့ လွှဲပြောင်းရန်အတွက်လည်း စိတ်ပူပန်စရာ မလိုအပ်ပေ။
ဟိုဟိုက်ထောင်သည် ယခုလက်ရှိတွင် သူရရှိနိုင်သမျှ ငွေများအားလုံးကို ကြိုးစားရှာဖွေ ကာကွယ်နေသည်။ သူ့လက်ဖြင့် သူကိုယ်တိုင် ထိုသံရည်ကျိုစက်ကို အရယူမည်ဖြစ်သည်။ ဖုန်းယွီက ထိုနည်းလမ်းကို သူ့အား အကြံပေးလိုက်သည့် အချိန်တွင် သူကချက်ချင်းပင် သဘောတူလိုက်သည်။ သူကဘင်းမြို့တော်ရှိ သူ၏အဆက်အသွယ်များ အားလုံးကို အသုံးပြုကာ စက်ယန္တရား ကုမ္မဏီတွင် အစုရှယ်ယာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုအရာများအားလုံးက ဖုန်းယွီ၏ လျို့ဝှက်ကြံစည်ထားသည့် အစိတ်အပိုင်းထဲမှ တစ်ပိုင်းဖြစ်ပေသည်။ မြို့တော်အစိုးရသည် ပိုက်ဆံများ ရရှိသည်။ လီမင်တသည် ကျေနပ်နေသည်။ အကြောင်းမှာ ဆိုင်ကယ်စက်ရုံသည် စက်ယန္တရား ကုမ္မဏီနှင့် ပိုင်ဆိုင်ပြီး ဖုန်းယွီသည် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို မပို့ဆောင်နိုင်ခဲ့ပေ။ ဟိုဟိုက်ထောင်၏ အဘက်ခြမ်းတွင်လည်း သူ၏စက်ရုံငွေများသည် လုံခြုံစွာဖြင့် ထားနိုင်ကာ သူ၏အထက် အရာရှိများထံသို့ ငွေနည်းနည်းသာ ရသည်ဟု ကြေညာနိုင်ပေသည်။ သံရည်ကျိုစက် ရောက်လာသည့်အခါ သူသည် ထိုရှယ်ယာများကို ငွေပေးချေမှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် သုံးမည်ဖြစ်ပေသည်။
အကျေနပ်ဆုံးသူက ဖုန်းယွီပင် ဖြစ်သည်။ ဘင်းမြို့တော်သို့ သံရည်ကျိုစက် ရောက်လာသည့်အချိန်တွင် သူသည် စက်ယန္တရား ကုမ္မဏီ၏ အဓိက ရှယ်ယာရှင်တစ်ယောက် ဖြစ်လာတော့မည် ဖြစ်ပေသည်။