← Chapters

နှစ်ပတ်လည်အစည်းအဝေး

Vol. 13 Ch. 185

နှစ်ပတ်လည်အစည်းအဝေး

Vol. 13 Ch. 185

၁၉၉၀နှစ်သည် ကုန်ဆုံးလုနီးပါး ရောက်လာပြီဖြစ်သည်။ ထိုက်ဟွကုန်သွယ်ရေးသည် ထိုနှစ်အတွက် သူတို့၏နောက်ဆုံးအစည်းအဝေး ကျင်းပသွားမည်ပင်။

အနာဂတ်ရှိ နှစ်ပတ်လည် အစည်းအဝေးများအတိုင်း ထိုအစည်းအဝေး၏ သဘောပုံစံက ဆန်းကျယ်နေပေသည်။ အစည်းအဝေး အစီအစဉ်သည် တစ်နှစ်တာလုံး၏ စွမ်းဆောင်ရည်များကို အကျဉ်းချုပ်ခြင်း၊ အကောင်းဆုံး စွမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို ဆုချီးမြင့်ခြင်းနှင့် နှစ်ကုန်အပိုဆုကြေး ပေးအပ်ခြင်းနှင့် ဆုချီးမြင့်ခြင်းပင် ဖြစ်ပေသည်။

ဝူကျီကန်းနှင့် ကျန်သည့်သူများသည် အစည်းအဝေးခန်းကို ရောင်စုံအလံများနှင့် ဘောလုံးများဖြင့် အလှဆင်ကြသည်။ ပြတင်းပေါက်တွင် အနီရောင် စက္ကုညှပ် လက်မှုလက်ရာများကိုတောင် ကပ်ထားပေ၏။ လူတိုင်းလူတိုင်းက စိတ်လှုပ်ရှားနေကာ ဖုန်းယွီ၏ ကတိပေးထားချက်အတိုင်း နှစ်ကုန်ဆုလက်ဆောင်ကို ကြေညာမည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

ဘဏ္ဍာရေးဝန်ထမ်းနှစ်ဦးသာ စိုးရိမ်နေကြသည်။ သူတို့သည် ကုမ္မဏီကို နှစ်လည်ပိုင်းမှ ဝင်ရောက်ခဲ့ကာ မန်နေဂျာဖုန်းအနေနဲ့ သူတို့အား တူညီသည့် ဆုချီးမြင့်မှုမျိုး ပေးမည်လော။ အကယ်၍ ယွမ်ငါးထောင်မှ ခြောက်ထောင်တန်ဖိုးရှိ ကျားလင် မော်တော်ဆိုင်ကယ် ဆိုလျှင်တောင် သူတို့အနေဖြင့် တစ်စီးစီ ရနိုင်ပေသည်။ သို့သော်ငြား စုန့်ကျန်း မော်တော်ဆိုင်ကယ်၏ လက်လီဈေးနှုန်းသည် ယွမ်နှစ်သောင်းနီးပါး ရှိပေ၏။

သို့သော် ဝူကျီကန်းက သူတို့နှစ်ယောက်ကို ပြောထားသည်မှာ သူတို့သည် ဆုလက်ဆောင် တစ်မျိုးထဲကို အတူတူ ရမည်မဟုတ်ဘဲ ဆုလက်ဆောင်သည်လည်း သေးသည်မဟုတ်။ ထိုက်ဟွကုန်သွယ်ရေး၏ ယခုနှစ် ဝင်ငွေနှင့် ဖုန်းယွီ၏ သဒ္ဒါတရားရှိမှုနှင့်ဆိုပါက ထိုဘဏ္ဍာရေး ဝန်ထမ်းနှစ်ယောက်သည် ယွမ်ငါးထောင်အောက် နည်းပြီး ရမည်မဟုတ်ပေ။

ယွမ်ငါးထောင်သည် မည်မျှတန်ဖိုး ရှိမည်နည်း။ ယမန်နှစ်က ဘင်းမြို့တော်၏ ပျမ်းမျှလစာသည် တိုးတက်လာသော်ငြား ယွမ်တစ်ထောင့်ငါးရာထိတောင် မရောက်သေးပေ။ ယင်းက လစဉ်မဟုတ် ထိုယွမ်တစ်ထောင့်ငါးရာသည် တစ်နှစ်စာ ဝင်ငွေပင်ဖြစ်သည်။

ယွမ်ငါးထောင်ဟူသည်က သူတို့၏ အရင်လုပ်နေရကျအလုပ်၏ သုံးနှစ်စာ လစာထက်တောင် ပိုများပေ၏။

သူတို့နှစ်ယောက်စလုံးသည် ဝူကျီကန်းပြောတာကို ကြားပြီးနောက် စိတ်ဖြေလျော့သွားကာ နှစ်ကုန်အစည်းအဝေးကိုသာ မျှော်နေတော့၏။

အစည်းအဝေးသည် စတင်ပြီဖြစ်သည်။ ဖုန်းယွီက အခန်းထဲကို လက်ဗလာဖြင့် ဝင်လာခဲ့၏။

လူတိုင်းလူတိုင်းက မှင်သက်နေသည်။ လက်ဗလာလား။ ဘာလို့သူက လက်ဗလာ ဖြစ်နေရတာလဲ။ ငါတို့ကိုပေးမဲ့ နှစ်ကုန်ဆုကရော ဘယ်မှာလဲ။ မော်တော်ဆိုင်ကယ် သော့တွေက ဘယ်မှာလဲ။ မန်နေဂျာဖုန်းက သူ့ရဲ့စိတ်ကူးကို ပြောင်းလိုက်တာလား။

“အား ဘာလို့လူတိုင်းလူတိုင်းက စိတ်လှုပ်ရှားနေတဲ့ပုံ မပေါ်ရတာလဲ။ ဒါက နှစ်ကုန်အစည်းအဝေးလေ ပြီးတော့ မနက်ဖြန်ကနေစပြီးတော့ လူတိုင်းလူတိုင်းအနေနဲ့ အားလပ်ရက် ရမယ်။ မင်းတို့တွေ အကုန်လုံး မပျော်ဘူးလား။ ”

ဖုန်းယွီက တမင်တကာ မေးလိုက်သည်။

ဆရာ၊ဆရာမများမှလွဲပြီး ထိုက်ဟွကုန်သွယ်ရေးထက် မည်သည့်ဌာနက ကာလရှည်ကြာ နှစ်ကုန်အားလပ်ရက် ရသနည်း။ တရုတ်နှစ်သစ်ကူး ပွဲတော်မှ တရုတ်နှစ်သစ်ကူး လဆန်း၁၅ရက်နေ့ထိ ဖြစ်သည်။ ထို့ပြင် ထိုက်ဟွကုန်သွယ်ရေးသည် အခြားနေရာများတွင်လည်း ကွဲပြားခြားနားချက်များ ရှိပေသည်။ သူတို့သည် တစ်ပတ်လျှင် ငါးရက်သာ အလုပ်လုပ်ရသည်။ အခြားသော အလုပ်သမားများသည် တစ်ပတ်လျှင် တစ်ရက်သာ အလုပ်နားကြရသည်။ ထိုက်ဟွကုန်သွယ်ရေးရှိ ဝန်ထမ်းများသည် ရက်သတ္တပတ်လျှင် အားလပ်ရက် နှစ်ရက်ရပေသည်။

အကယ်၍သူတို့သည် အချိန်ပိုအလုပ် ဆင်းပါက သူတို့၏လစာ နှစ်ဆရပေသည်။ မည်သည့်ကုမ္မဏီက ထိုမျှအကျိုးကျေးဇူး ရသနည်း။ စက်ရုံတွင် ခေါင်းဆောင်က အလုပ်သမားများကို အချိန်ပို ဆင်းခိုင်းသည့်အခါ ယင်းအဓိပ္ပာယ်က သူတို့အနေဖြင့် ထိုအလုပ်သမားသည် စွမ်းဆောင်ရည် ရှိသည်။ သူ့အနေဖြင့် အချိန်ပို ပေးခြင်းအတွက်လည်း ပိုက်ဆံပေးရန် မလိုအပ်ပေ။ မည်သည့် တောင်းဆိုချက်မှလည်း တောင်းပိုင်ခွင့်မရှိ။

ဝူကျီကန်းနှင့် ကျန်သည့်သူများက စက်ပစ္စည်း စက်ရုံ၏ အဆောင်များတွင် အခြားသူများကို ပြောသည့်အခါ လူတိုင်းလူတိုင်းက သူတို့ကို အားကျကြကာ စက်ပစ္စည်းစက်ရုံ၏ အလုပ်သမား သမဂ္ဂသည် အချိန်ပိုဆင်းရာတွင် လုပ်ခလစာ နှစ်ဆပေးရန် တောင်းဆိုလိုက်သည်။ စက်ရုံအနေဖြင့် အလုပ်သမားများ၏ တောင်းဆိုချက်ကို မလိုက်လျောနိုင်ပေ။ ယင်းက လီရှစ်ရုံအတွက် လုံးဝခေါင်းကိုက်စရာ ကိစ္စကြီးတစ်ရပ်ပင် ဖြစ်ပေသည်။

စက်ပစ္စည်း စက်ရုံသည် သူတို့၏ အလုပ်သမားများ၏ အချိန်ပိုဆင်းသည့် အခကြေးငွေကို ပေးသည်။ သို့သော် နာရီအလိုက် ပေးခြင်းသာဖြစ်သည်။ သူတို့စက်ရုံသည် တစ်မြို့လုံး၊ တစ်ပြည်နယ်လုံးနှင့် တစ်နိုင်ငံလုံးတွင်တောင် ယင်းသို့ပေးသည့် ပထမဦးဆုံး စက်ရုံဖြစ်ပေသည်။ အချိန်ပိုအတွက် လုပ်ခလစာ နှစ်ဆ။ လီရှစ်ရုံသည် ထိုသို့သော အကြောင်းအရာမျိုးကို တစ်ခါမှ မကြားဖူးပေ။

စိတ်တိုနေသော လီရှစ်ရုံသည် ဖုန်းယွီထံကို လာရှာသည်။ သူ၏အတွေးတွင် ယင်းကိစ္စက ဖုန်းယွီက သူ့အတွက် ပြဿနာများ ဖန်တီးပေးသည်ဟု သူတွေးခဲ့မိသည်။ ဖုန်းယွီက သူ၏ဝန်ထမ်းများကို အကျိုးအမြတ်များနှင့် လူမှုဖူလုံရေး စရိတ်များကို ပေးခြင်းက လီရှစ်ရုံကို ထိုပြဿနာများဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။

အဆုံးတွင် ဖုန်းယွီက လီရှစ်ရုံအတွက် အကြံတစ်ခု တွေးမိသွားသည်။ စက်ပစ္စည်းစက်ရုံ၏ လုပ်ခလစာတွင် မြို့တော်တစ်ခုလုံး တစ်ပြည်နယ်လုံးတွင် အမြင့်ဆုံး ဖြစ်ပြီးသားဖြစ်သည်။ အကျိုးအမြတ်သည်လည်း မဆိုးလှပေ။ သို့သော် စက်ပစ္စည်းစက်ရုံ၏ အကျိုးအမြတ်နှင့် နှိုုင်းယှဉ်ပါက ယင်းသည် ဘာမှမဟုတ်တော့ပေ။ အဘယ့်ကြောင့် မြို့တော်အစိုးရကို နှစ်ကုန် အပိုဆုကြေးအဖြစ် အလုပ်သမားများကို နောက်ထပ်တစ်လစာ အခကြေးငွေ ပေးရန် မတောင်းဆိုရသနည်း။

လီရှစ်ရုံက ထိုကိစ္စကို မြို့တော်အစိုးရကို တင်ပြပြီးနောက် နောက်ဆုံးတွင် မြို့တော်အစိုးရသည်လည်း လီရှစ်ရုံ၏ တင်ပြချက်ကို သဘောတူလိုက်သည်။ စက်ပစ္စည်းစက်ရုံရှိ အလုပ်သမားများသည်လည်း ပျော်ရွှင်နေကြပေသည်။ အလုပ်သမားများက လီရှစ်ရုံကို ကျေးဇူးတင်နေကြကာ သူ၏ဂုဏ်သတင်းသည်လည်း မြင့်တက်လာပေသည်။ ယင်းက သူမမျှော်မှန်းထားသည့် အရာတစ်ခုပင် ဖြစ်ပေသည်။

သို့သော် ယနေ့တွင် လီရှစ်ရုံသည် နောက်ထပ်ခေါင်းကိုက်စရာ တစ်ခုရှိပြန်သည်။ ဖုန်းယွီက ယနေ့အစည်းအဝေးပွဲပြီးနောက် ပုန်းအောင်းရန် ဆုံးဖြတ်လိုက်ကာ သူသည် လီရှစ်ရုံ၏ ဖုန်းခေါ်ဆိုမှုကိုလည်း ဖြေကြားမည် မဟုတ်ပေ။

ဖုန်းယွီက မေးမြန်းမှုများ ပြီးဆုံးသည့်တိုင် လူများက ငြိမ်သက်နေဆဲ ဖြစ်သည်။ ဝူကျီကန်း၏ အသံယဲ့ယဲ့သာ ထွက်လာခဲ့သည်။

“မန်နေဂျာဖုန်း ကျွန်တော်တို့တွေ လာမဲ့အားလပ်ရက်အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့တွေ ဒီရက်ပိုင်း အလုပ်ကြိုးကြိုးစားစားနဲ့ လုပ်ခဲ့ပါတယ်။ ”

သူတို့၏ ပင်ပန်းမှုကို ညည်းညူသည်မှာလည်း မှားသည့်ကိစ္စ မဟုတ်ပေ။ သူတို့သည် မော်တော်ဆိုင်ကယ် အရောင်း ရေနွေးငွေ့စက် အရောင်းနှင့် ဆိုဗီယက် ပြည်ထောင်စု ကုန်သွယ်မှုများနှင့် အလုပ်ရှုပ်နေကြသည်။ ယခုတွင် ဖုန်းယွီသည် အရှေ့ဥရောပရှိ ရေနွေးငွေ့စက် ဖြန့်ဖြူးရေး မူပိုင်ခွင့်ကို ပြန်ယူမည်ဖြစ်ကာ သူတို့အလုပ် ပိုလုပ်ရတော့မည်ပင်။

သူတို့သည် သာမာန်ရက်များတွင်တောင် နိုင်နိုင်နင်းနင်းသာ ဆောင်ရွက်နိုင်ပေသည်။ သူတို့အနေဖြင့် ယခုလက်ရှိ အားလပ်ရက်ကာလ ဖြတ်ကျော်ရမည့်အချိန် ရောက်လာသည့်အခါ သူတို့သည် သူတို့ပြီးမြောက်ရမည့် အလုပ်များကို အချိန်မီ ပြီးမြောက်ရန် လိုအပ်လာသည်။ နှစ်သစ်ကူးမတိုင်ခင် သူတို့သည် ဆိုဗီယက်ပြည်ထောင်စုကို ပစ္စည်းများကို များနိုင်သမျှများများ ပို့ရမည်ဖြစ်ကာ ရောင်းချသူများနှင့် ဆက်သွယ်ရခြင်း ပစ္စည်းများကို စစ်ဆေးရခြင်း ငွေများကောက်ခံရခြင်း အစရှိသဖြင့် ဖြစ်ပေသည်။

ယခုရက်အနည်းငယ်တွင် ကုမ္မဏီရှိ လူများအားလုံး အလုပ်ရှုပ်နေကြကာ သူတို့အနားယူရန်အတွက် အချိန်လေးတောင် မရှိပေ။ သို့သော်ငြား ဝန်ထမ်းများထံမှ မည်သည့်ညည်းညူမှုမှ မတွေ့ရပေ။ အကြောင်းမှာ ထိုက်ဟွကုန်သွယ်ရေး၏ လစာငွေမှာ မြင့်မားကာ ဖုန်းယွီသည် နှစ်ကုန်ဆုကို ပေးမည်ဟု ကတိပေးထားသည့် အတွက်ပင်။

“ဒီရက်ပိုင်းမှာ မင်းတို့တွေက တကယ်ကို ပင်ပန်းနေတာပဲ။ ဒါပေမဲ့ ငါမင်းတို့ကို ဘယ်တော့မှ နှိပ်စက်မှာတော့ မဟုတ်ဘူး။ ငါ့ရဲ့ဝန်ထမ်းတွေကို အရင်က ငါပြောခဲ့ သလိုမျိုးပဲ နှစ်တိုင်းနှစ်တိုင်း လစာတိုးပေးသွားမှာပါ။ ပြီးတော့ မင်းတို့ရဲ့လစာက တစ်နိုင်ငံလုံးရဲ့ ပျမ်းပျလစာတွေထက်တောင် များနေသေးတယ်။ ဒီနေ့လည်း အတူတူပဲ။ နောက်လကစပြီးတော့ မင်းတို့တွေအကုန်လုံး လစာဆယ်ရာခိုင်နှုန်း တိုးမယ်။ ပြီးတော့ အဲ့ဒီထဲကမှ လူသုံးယောက်က ဆယ်ငါးရာခိုင်နှုန်း ရမယ်။ ထိုသုံးယောက်က ဆိုဗီယက်ပြည်ထောင်စုရဲ့ စက်ပစ္စည်းနဲ့ နည်းပညာ ကုန်သွယ်မှုမှာ အမြင့်ဆုံး ရောင်းပေးနိုင်တဲ့သူသုံးယောက်ပဲ။ ”

ဖုန်းယွီပြောပြီးသည့်နောက် လူတိုင်းက လက်ခုပ်တီးကြသည်။ လုပ်ခလစာ တိုးမြင့်ပေးခြင်းက အောင်ပွဲခံရာ ရောက်ပေသည်။

လက်ခုပ်သံများ ရပ်တန့်သွားပြီးနောက် ဖုန်းယွီက ဆက်ပြောလိုက်သည်။

“ယမန်နှစ်က ငါတို့ရဲ့ကုမ္မဏီက ကောင်းကောင်း လည်ပတ်နိုင်ခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စု တင်ပို့တာကနေ ရတဲ့အကျိုးအမြတ်က ရူဘယ်၃.၆၇သန်းထိ ရခဲ့တယ်။ ပြီးတော့ တင်ပို့တဲ့ အကျိုးအမြတ်တွေကလည်း ရလာသေးတယ်။ အဲ့ဒါက ရူဘယ်၁၄သန်းထိ ရောက်သွားပြီ။ အဓိကကတော့ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေ။ အဲ့ဒီအကျိုးအမြတ်တွေရဲ့ အများစုကို စက်ယန္တရား ကုမ္မဏီမှာ ရင်းနှီးမြုပ်နှံဖို့အတွက် အသုံးပြုခဲ့တယ်။ လေနှင့်မိုး လျှပ်စစ်ပန်ကာက ရောင်းအားကတော့ လုံးဝကို ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီရောင်းအားက ငါတို့ရဲ့ ရေခဲသေတ္တာထက်တော့ အနည်းငယ် များသေးတယ်။ အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ အဲ့ဒီမတိုင်ခင် နှစ်တုန်းက ငါတို့ရဲ့ကုမ္မဏီက လျှပ်စစ်ပန်ကာတွေကို မိတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ ထပ်ပြီးတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ လျှပ်စစ်ပန်ကာရဲ့ မော်ဒယ်အသစ်ကလည်း ဖွံ့ဖြိုးဆဲ အခြေအနေမှာ ရှိနေပြီ။ ပြီးတော့ တိုးတက်မှု အချို့လည်းရှိတယ်။ ခန့်မှန်းတွက်ချက်မှုအရဆိုရင် အဲ့ဒီပန်ကာက နောက်ထပ် သုံးလအတွင်းမှာ ပြီးစီးလိမ့်မယ်။ အဲ့ဒီပန်ကာက ငါတို့ရဲ့ အကျိုးအမြတ်တွေကို ထပ်ပြီးတော့ များစေလိမ့်မယ်။ ရေနွေးငွေ့စက်ရဲ့ အကျိုးအမြတ်က ပြည်တွင်းမှာရော ပြည်ပမှာရော ရောင်းအားက ဒေါ်လာဆယ်သန်း ကပ်နေပြီ။ ဒါကငါတို့ကုမ္မဏီရဲ့ နောက်ထပ် အဓိကဝင်ငွေလမ်းကြောင်းပေါ့။ မင်းတို့တွေ အကုန်လုံးက ဒုတိယတန်းစားမျိုးနဲ့ တတိယတန်းစားမျိုးတွေမှာ ဈေးကွက်ကို ပိုတိုးတက်လာအောင် လုပ်ရတော့မယ်။ .... ”

ဖုန်းယွီက ကုမ္မဏီ၏ စွမ်းဆောင်ရည်နှင့် ပတ်သတ်ပြီး အကျဉ်းချုပ် ပြောပြလိုက်ကာ လက်ခုပ်သံများက ဆူညံလာတော့သည်။ သူတို့သည် ရုတ်တရက် ယမန်နှစ်ကို သတိပြုမိသွားပေသည်။ ကုမ္မဏီသည် အကျိုးအမြတ်များစွာ ရခဲ့သည်။ သေချာသည်မှာ ထိုအရာများ အားလုံးက ဖုန်းယွီကြောင့်သာ ဖြစ်ပေသည်။ အကယ်၍ ဖုန်းယွီ၏ တီထွင်နိုင်စွမ်း ရှိမှုနှင့် ရှေ့ပြေးသည့် စိတ်ထားမရှိပါက သူသည် ဆိုဗီယက် ပြည်ထောင်စု ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်နှင့် ဆက်သွယ်မည်မဟုတ်ပေ။ ထိုအခါ ကုမ္မဏီသည်လည်း ယခုလိုမျိုး အောင်မြင်မှုမျိုး ရရှိမည် မဟုတ်ပေ။

“ဒါတွေက ဒီနှစ်အတွက် စွမ်းဆောင်ရည်တွေနဲ့ နောက်နှစ်မှာလုပ်မဲ့ အရာတွေအတွက် လမ်းညွှန်ချက်တွေပဲ။ မင်းတို့ထဲက တစ်ခုခုများ မေးချင်တာ ရှိသေးလား။ ”

ဖုန်းယွီက အပြုံးဖြင့် မေးလိုက်သည်။

ဝူကျီကန်းနှင့် အခြားသူများက တွေဝေနေသည်။ ဘာလား ဒါကအဆုံးသတ်ကြီးလား။ နှစ်ကုန်ဆုနဲ့ အပိုဆုကြေးတွေကို ကြေညာရမဲ့အချိန် မဟုတ်ဘူးလား အခုက။ မော်တော်ဆိုင်ကယ်ရဲ့ လက်လီရောင်းဈေးက အရမ်းမြင့်လို့ ရုပ်သိမ်းလိုက်တာလား။

“ဟား ဟား ဟား ဟား ဟား ကောင်းပြီ ငါမင်းတို့အားလုံးကို နောက်နေတာ။ မင်းတို့တွေက အရင်နှစ်တုန်းက အလုပ်ကိုအရမ်း ကြိုးစားခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ကတိပေးချက်အတိုင်းပဲ ကုမ္မဏီကို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ လည်ပတ်နိုင်အောင် လုပ်နိုင်ခဲ့တယ်။ ဒီနှစ် နှစ်ကုန်ဆုက မင်းတို့ တစ်ယောက်ချင်းစီကို မော်တော်ဆိုင်ကယ် တစ်စီးစီပဲ။ ငါယုံကြည်တယ် မင်းတို့တွေ အရမ်းစိုးရိမ်နေကြတာ ဟုတ်တယ်မလား။ မော်တော်ဆိုင်ကယ်က ကုမ္မဏီရဲ့ သိုလှောင်ရုံမှာရှိတယ်။ တစ်ယောက်တစ်စီးစီနော်။ ”

“မန်နေဂျာဖုန်း ကျွန်တော်တို့နှစ်ယောက်လည်း တစ်စီးဆီရမှာလား။ ”

“သေချာတာပေါ့ မင်းတို့နှစ်ယောက်က နှစ်လည်မှ အလုပ်ဝင်လာတယ် ဆိုပေမဲ့ မင်းတို့တွေကလည်း ကုမ္မဏီရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ မင်းတို့တွေလည်း မော်တော်ဆိုင်ကယ်ကို ရရမှာပေါ့။ ပဲပိစပ်ဆီ၊ ဆန်၊ ဂျုံနဲ့ တစ်ခြားအသုံးဝင်တဲ့ အရာတွေ သိုလှောင်ရုံထဲမှာ ရှိတယ်။ မင်းတို့အကုန်လုံး သယ်သွားကြ။ ပြီးတော့ မင်းတို့ရဲ့ ဆုတွေကိုလည်း ယူသွားကြနော်။ ”

ဖုန်းယွီက လက်ကိုမြောက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“သက်တော်ရာကျော် ရှည်ပါစေ မန်နေဂျာဖုန်း ”

လူတိုင်းက ပျော်ရွှင်နေကြကာ အစည်းအဝေးခန်းမမှ တန်းစီထွက်သွားကြသည်။ သို့သော်ငြား အစည်းအဝေးခန်းမ၏ အပြင်ဘက်သို့ ရောက်သည်နှင့် သူတို့က စတင်ပြေးကြတော့သည်။ သူတို့သည် အပြင်ဘက်တွင် အနုတ်၂၀ဒီဂရီ ရှိနေသည့်တိုင် ဂရုမစိုက်ပေ။ သူတို့သည် သူတို့၏ မော်တော်ဆိုင်ကယ် မောင်းရန်ကို မစောင့်နိုင်ကြတော့ပေ။

သူတို့မော်တော်ဆိုင်ကယ် ရွေးချယ်ပြီး ဘယ်နေရာသို့ သွားမည်နည်း။ မေးစရာ မလိုအပ်ပေ။ သေချာသည်မှာ သူတို့သည် စက်ပစ္စည်းစက်ရုံ၏ အဆောင်သို့သွားကာ သူတို့၏ဆိုင်ကယ်များကို အခြားသော လူငယ်လေးများကို ကြွားမည်ပင်။

“ဘာသာပြန်မှတ်စု.. ဘာသာပြန်နေစဉ် ကျွန်တော် မူကြမ်းကို ဂရုစိုက် ဖတ်မိလိုက်သည်။ သို့သော်ငြား ဖုန်းယွီအနေဖြင့် ဒီလောက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သေချာသည်မှာ ကျွန်တော်သည်လည်း သူနှင့် အလုပ်လုပ်ချင်ပေ၏။ နောက်ဆုံးတွင် ၁၉၉ဝပြည့်နှစ်ကုန်သို့ ရောက်သွားသည်။ ဖုန်းယွီပြန်လည် မွေးဖွားလာပြီးနောက် နှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ နောင်လာမည့် အပိုင်းများတွင် ကျွန်တော်၏ ထင်မြင်ချက်အရ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အပိုင်းပင် ဖြစ်ပေသည်။ ”

အကယ်၍ ဤဝတ္ထုကို နှစ်သက်ပါက သူငယ်ချင်းများကို ဖတ်ရန်ညွှန်းပေးပြီး Group များတွင် Reviewများ ရေးပေးနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

All Chapters