ခြောက်လှန့်သူ အပိုင်း ၁
Vol. 13 Ch. 186
ဖုန်းယွီသည် လီမင်တဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ မိတ်ဆွေအဖြစ် အထူးဈေးနှုန်းကို တောင်းဆိုလိုက်သည်။ မော်တော်ဆိုင်ကယ် တစ်စီးစီအတွက် ယွမ်တစ်သောင်း ဖြစ်ပေသည်။ သူသည် အစီးနှစ်ဆယ်ဝယ်ထားကာ ထိုက်ဟွကုန်သွယ်ရေးအတွက် ဆယ့်နှစ်စီး သိမ်းထားသည်။
လေနှင့်မိုး လော်ဂျစ်စတစ်သည် သုံးစီးယူသွားသည်။ လီရှစ်ချင်သည် သူ၏မန်နေဂျာ သူ၏ယာဉ်အုပ်စု၏ ကပ္ပတိန်နှင့် အကောင်းဆုံး စွမ်းဆောင်ခဲ့သည့် လုပ်ပိုင်ခွင့်ရဆိုင်ကို ဆိုင်ကယ်တစ်စီးဆီ ပေးအပ်ခဲ့သည်။ ထိုသို့ပေးရခြင်းက သူ၏ဝန်ထမ်းများကြား ကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေရန်အတွက်ဖြစ်ကာ အထူးသဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့်ရသည့် ဆိုင်များအတွက် ဖြစ်သည်။ သူတို့က လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္မဏီအတွက် အမှာစာများရအောင် အကောင်းဆုံး ကြိုးစားမည်ဟုတောင် ကြိမ်းဝါးလိုက်သည်။ သူတို့သည်လည်း နောက်နှစ်တွင် ဆုချီးမြင့်ခံလို၍ ဖြစ်သည်။
ဖုန်းယွီသည်လည်း ရေနွေးငွေ့စက် ရောင်းချသည့် ရောင်းအားအကောင်းဆုံး ဖြန့်ချီသူကို ဆိုင်ကယ်တစ်စီး ဆုအဖြစ် ပေးလိုက်သည်။ ထိုဆုကို လက်ခံရရှိသည့်သူက တောင်ပိုင်းကွမ်ကျိုး ပြည်နယ်မှ လူဝတစ်ယောက် ဖြစ်ပေသည်။ ထိုလူဝသည် ကားတစ်စီး ဝယ်ပြီးသားဖြစ်သည့်တိုင် မော်တော်ဆိုင်ကယ်ကိုလည်း သူလိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။ သို့သော် အခြားသော ဖြန့်ချီသူများက သူ့အားမနာလို ဝန်တိုကြသည်။ ဆိုင်ကယ်၏ လက်လီဈေးနှုန်းသည် ယွမ်နှစ်သောင်း ဝန်းကျင်ခန့်ရှိသည်။ အကယ်၍ သူတို့အနေဖြင့် မစီးလျှင်တောင် သူတို့က ထိုဆိုင်ကယ်ကို ရောင်းချနိုင်၏။
မော်တော်ဆိုင်ကယ် သုံးစီးကို ဖုန်းယွီ၏ဒေသကို ပြန်ပို့လိုက်သည်။ ထိုက်ဟွအစားအစာ ထုတ်လုပ်သည့်စက်ရုံမှ လက်ထောက်စက်ရုံ ဒါရိုက်တာသည် ဆိုင်ကယ်တစ်စီးကို ဆုအဖြစ် လက်ခံရရှိခဲ့သည်။ ထျန်ဖုန်းဝက်ခြံ၏ တာဝန်ရှိသူလည်း ဆိုင်ကယ်တစ်စီး ရသည်။ ပြီးနောက် ဖုန်းရှင်းထိုက်သည် သူကိုယ်တိုင်အတွက် ဆိုင်ကယ်တစ်စီး သိမ်းထားပေသည်။ သူပြောသည်က နွေရာသီတွင် ဆိုင်ကယ်မောင်းနှင်ခြင်းက ကားမောင်းနှင်ရခြင်းထက်ကို ပိုကောင်းပေသည်။ ငါးဖမ်းထွက်သည့် အခါတွင်လည်း ဆိုင်ကယ်စီးနှင်ရခြင်းက ပိုပြီးသက်တောင့်သက်သာ ဖြစ်စေကာ ဆီကိုလည်း ချွေတာရာ ရောက်ပေသည်။
ဖုန်းယွီသည် နောက်ဆုံးကျန်ရှိသည့် ဆိုင်ကယ်ကို ဆိုဗီယက် ပြည်ထောင်စုသို့ တင်ပို့မည့် ကုန်စည်များနှင့်အတူ တင်ပေးလိုက်သည်။ သူက ကီရီလန်ကိုကို ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။ ရုရှားနိုင်ငံသားများသည် လက်ဆောင်ပေးခြင်းနှင့် လက်ခံရခြင်းကို နှစ်သက်ကြသည်။ ဖုန်းယွီသည် ကီရီလန်ကိုသည် ဆိုင်ကယ်စီးရတာကို နှစ်သက်သူဖြစ်ကာ သူ့အတွက် အလွန်ကောင်းမွန်သည့် လက်ဆောင်ဖြစ်မှန်း သူသိပေ၏။
အကယ်၍ဖုန်းယွီသည် ကီရီလန်ကိုကို မော်တော်ဆိုင်ကယ်များအား ဆိုဗီယက် ပြည်ထောင်စုကို တင်ပို့ရန်အကြံဉာဏ် ပေးပါက ကီရီလန်ကိုသည် စိတ်မဝင်စားကာ ပယ်ချမည်ဖြစ်ပေသည်။ ကီရီလန်ကို၏ မာနကြီးမှုနှင့် ဂုဏ်ယူတတ်သည့် လူစားမျိုးက ဆိုဗီယက် ပြည်ထောင်စုသည် တရုတ်နိုင်ငံထက် ထုတ်လုပ်သည့် လုပ်ငန်းစွမ်းရည်နှင့် ပတ်သတ်ပြီး ပိုကောင်းသည်ဟု ခံစားရသည့် အတွက်ပင်ဖြစ်သည်။
သို့သော်ငြား အကယ်၍ ထိုဆိုင်ကယ်သည် လက်ဆောင်တစ်ခုဖြစ်ပါက ကီရီလန်ကိုသည် ဆိုင်ကယ်ကို စမ်းစီးမည်ပင် ဖြစ်၏။ အကယ်၍ မော်တော်ဆိုင်ကယ်သည် ဒုတိယ မျိုးဆက်ကြားထဲတွင် ရေပန်းစားပါက ကီရီလန်ကိုသည် ဖုန်းယွီထံမှ အမှာစာတစ်သုတ် ပို့မည်ဖြစ်သည်။ ဖုန်းယွီသည် သေချာပေါက် ဈေးနှုန်းပြင်ဆင်ပြီးသား ဖြစ်သည်။
သုံးရက်ကြာပြီးနောက် ဖုန်းယွီက ကီရီလန်ကိုထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ သူတွေးထားသည်ထက် ဒီဇိုင်းက လုံးဝကွဲထွက်နေသည်။ သူ့အနေဖြင့် ဒီဇိုင်းက အလွန်ကောင်းမွန်ပြီး ထူးဆန်းသည်ဟု ခံစားနေရသည်။
ဘီးများသည်လည်း အရမ်းနီးကပ်လွန်းပေသည်။ ဆိုင်ကယ်စီးကြည့်လိုက်သည့်အခါ ဆိုင်ကယ်က ရှည်လွန်းသည်ဟု ခံစားရမိသည်။ ဆိုင်ကယ်တွင် တစ်ယောက်ထဲစီးပါက နောက်ထပ် နှစ်နေရာစာ ကျန်နေသေးပေသည်။ တပ်ဆင်ရေးလမ်းညွှန်တွင် ဖော်ပြထားသည်က ထိုဆိုင်ကယ်သည် ကုန်ပစ္စည်း အပေါ့များကိုပင် သယ်ယူနိုင်ပေ၏။
အင်ဂျင်စက်သည်လည်း ကျယ်လောင်ခြင်း မရှိပေ။ ထိုအင်ဂျင်စက်သည် ဆိုဗီယက် ပြည်ထောင်စုထုတ် ဆိုင်ကယ်များထက်တောင် ငြိမ်နေသည်။ ပြီးနောက် ဆိုင်းထိန်းစနစ်သည်လည်း အတူတူပင် ဖြစ်ပေသည်။ သူ၏အရပ်နှင့်ဆိုလျှင် သူ့အနေဖြင့် ထိုဘီးဖြင့် လမ်းကွေ့များတွင်တောင် သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားရမိသည်။
ပိုပြီးစိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းက ထိုဆိုင်ကယ်သည် နောက်ဘီးတွင် ရွံ့ကာရှိသည်။ ယင်းက ဆိုဗီယက် ဆိုင်ကယ်များတွင် လုံးဝမမြင်ရသည့် အရာပင်ဖြစ်ပေသည်။
ထို့အတွက် စီးနင်သူအနေဖြင့် ရွံ့ထူသည့်လမ်းတွင် မောင်းလျှင်တောင် ညစ်ပတ်မည် မဟုတ်ပေ။ ယင်းထည့်ထားသည်က တော်တော်ပင် အလုပ်ဖြစ်ပေသည်။
“ဖုန်း ငါမင်းရဲ့လက်ဆောင်ကို အရမ်းကြိုက်တယ်။ စိတ်ချလိုက်။ အာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် ဆွေးနွေးမှုက အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြစ်လိမ့်မယ်။ ဘင်းမြို့တော်ကို နောက်ထပ်နှစ်လအတွင်း ရောက်လိမ့်မယ်။ အခုလက်ရှိကတော့ ဈေးကိစ္စပဲ။ စိတ်မပူပါနဲ့။ ငါမင်းကို များများပေးရအောင်တော့ မလုပ်ပါဘူး။ ”
“ကျွန်တော်အစ်ကိုကို ယုံပါတယ်။ ကျွန်တော်တို့တွေက မိတ်ဆွေကောင်းတွေပဲလေ။ အစ်ကိုကီ အခြား စက်ပစ္စည်းတွေနဲ့ ဆက်စပ်တဲ့ နည်းပညာတွေ အတွက်ကိုလည်း ကျွန်တော်ကို တစ်ချက်လောက် ကြည့်ပေးထားအုံး။ ကျွန်တော်က အဲ့ဒီဟာတွေအကုန်လုံးကို စိတ်ဝင်စားတယ်။ ဒါကကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အဆင်ပြေစေမဲ့ ကိစ္စပဲလေ။ ”
ဖုန်းယွီ၏နှုတ်ခမ်းများသည် အပေါ်သို့ ပင့်တက်သွားကာ စီစဉ်ထားသည့် အရာများက ချောချောမွေ့မွေ့ဖြင့် ရှေ့ဆက်သွားမည်ပင်။
“ဟား ဟား ဟား ဟား ဟုတ်တာပေါ့ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲ။ ဒါပေမဲ့ဖုန်း မစ္စတာဗာရီယုစ်က သံရည်ကျိုစက်ကို ရောင်းဖို့သဘောတူတယ်ဆိုတာ မင်းဘယ်လိုကြောင့် သိတာလဲ။ မင်းကသူ့အဲ့လို ရောင်းချတာက သူကလစ်သူယေးနီးယား နိုင်ငံသားဖြစ်တာကြောင့်လို့ မင်းပြောခဲ့တာမလား။ အဲ့ဒီရဲ့ အဓိပ္ပာယ်က ဘာလဲ။ ”
ကီရီလန်ကိုသည် နားမလည်နိုင် ဖြစ်နေသည်။ အဘယ့်ကြောင့် ဖုန်းယွီကသူ့အား မစ္စတာဗာရီယုစ်ထံသို့ ချဉ်းကပ်ရန် တောင်းဆိုခိုင်းသနည်း။ သူ၏အမြင်အရဆိုလျှင် မစ္စတာ ဗာရီယုစ်၏ စက်ရုံသည် ဆွေးနွေးရန်အတွက် အခက်ခဲဆုံးဖြစ်ကာ သို့သော် အဆုံးတွင် အပေးအယူက ချောချောမွေ့မွေ့ဖြင့် ပြီးသွားခဲ့သည်။
“အစ်ကိုကီ ကျွန်တော်တို့ရဲ့ စကားပြောနေတာကို အသံဖမ်းထားတာတွေ ရှိလား။ ”
ဖုန်းယွီက အလေးအနက်ထားကာ မေးလိုက်သည်။
ကီရီလန်ကိုက တစ်ခဏကြာ ရပ်ပြီးနောက် ပြောလိုက်၏။
“စိတ်ပူစရာ မလိုပါဘူး ဖုန်း။ ငါ့ရဲ့ဘေးမှာလည်း တစ်ယောက်မှ မရှိသေးဘူး။ ပြီးတော့ငါက ကြားဖြတ် နားထောင်လို့မရတဲ့ စစ်ဖက်ဆိုင်ရာဖုန်းကို အသုံးပြုနေတာ ဘယ်သူမှငါတို့ရဲ့ စကားပြောဆိုနေတာနဲ့ ပတ်သတ်ပြီးတော့ ကြားဝင်နားထောင်နေမှာ မဟုတ်ဘူး။ မင်းမှာငါ့ကိုပြောပြချင်တဲ့ လျို့ဝှက်ချက် အချို့တွေ ရှိလို့လား။ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ဒါက အဓိကစီးပွားရေး ပြဿနာတွေလား။ ”
ဖုန်းယွီက သူ့ခေါင်းကို ခါလိုက်သည်။ သူ၏နှလုံးသားထဲတွင်တော့ တွေးတောနေလိုက်သည်။ အစ်ကိုကီ ခင်ဗျားရဲ့အဖေက ဗိုလ်မှူးကြီးတစ်ယောက် ပြီးတော့ ခင်ဗျားအနေနဲ့လည်း ပိုက်ဆံပဲ ရှာဖို့အတွက် အာရုံစိုက်မနေသင့်ဘူး။ သို့သော်ငြား ကီရီလန်ကိုသည် ထိုသို့သော လူမျိုးမဟုတ်ပါက သူတို့နှစ်ယောက်လုံးသည် အဘယ့်ကြောင့် ရင်းနှီးသည့်သူငယ်ချင်း ဖြစ်လာနိုင်စရာ အကြောင်းရှိမည်နည်း။
“အစ်ကိုကီ ကျွန်တော်နောက်ပိုင်းမှာ ပြောပြမဲ့အရာတွေက အစ်ကိုအနေနဲ့ အစ်ကိုရဲ့ အဖေကိုပြောလို့ရတယ်။ ဒါပေမဲ့ အစ်ကိုရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကိုတောင်မှ ပြောပြလို့မရဘူး။ တစ်ယောက်ယောက်ကိုမှ လုံးဝပြောလို့ မရဘူးနော်။ ”
ကီရီလန်ကိုသည် တစ်ခုခု မှားယွင်းနေသလို ခံစားနေရသည်။ ဖုန်းယွီ၏ လေသံအရ သူသည် အလွန်အန္တရာယ်ရှိကာ သေစေနိုင်သည့် ကိစ္စဖြစ်သည်ဟု သူသိပေသည်။ ဖုန်းယွီကသူ့အား ဘာပြောမည်နည်း။
“ဖုန်းမင်းကငါ့ကို ဘာအကြောင်း ပြောချင်နေလို့တုန်း။ ”
“အစ်ကိုကီ အခုကျွန်တော်ပြောမဲ့ အရာတွေက ကျွန်တော်တို့ရဲ့ မိတ်ဆွေချစ်ကြည်ရေးကို ထိခိုက်မှု မရှိစေရဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ”
“သေချာတာပေါ့။ ငါတို့ရဲ့ ရင်းနှီးမှုက အာတိတ်က ရေခဲကျောက်စိုင်ကြီးတွေလိုပဲ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ”
ကီရီလန်ကိုသည် ချဲ့ကားစွာဖြင့် ပြောလိုက်သည်။
ဖုန်းယွီက သူ၏နှလုံးသားထဲတွင် တွေးလိုက်သည်။ ဘယ်လောက်တောင်မှ ရူးစရာကောင်းလောက်တဲ့ နှိုင်းဆချက်ကြီးလဲ။ ဆယ်နှစ်ကြာပြီးတဲ့နောက် လူတွေက ကမ္ဘာရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ ရေခဲကျောက်စိုင်တွေက ပြိုကျမယ်လို့ တွေ့ရှိခဲ့တယ်။ ဘယ်လိုလုပ်အဲ့ဒါက အမြဲတမ်းအတူတူ ဖြစ်နေရမှာလဲ။
“ကောင်းပြီအစ်ကိုကီ ကျွန်တော်အစ်ကို့ကို အရမ်းအရေးကြီးတဲ့ အချက်အလက်တွေ ပြောပြမယ်။ ပြီးတော့ ကျွန်တော်ပြောသမျှ အရာတွေကို အစ်ကိုအနေနဲ့ လက်ခံနိုင်မှလည်း လက်ခံနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်ကို ပြီးအောင်ပြောခွင့်ပေး။ ကြားဖြတ်မပြောပါနဲ့။ ”
ဖုန်းယွီက အလေးအနက်ဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ”
“အစ်ကိုကီ ကျွန်တော်ပြောမဲ့ သတင်းအချက်အလက်က လစ်သူယေးနီးယားက ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ခွဲထွက်တော့မယ်.... ။ ”
“မင်းဘာပြောလိုက်တာ လစ်သူယေးနီးယားက ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်မှာတဲ့လား။ ဟာသတွေပြောနေတာ ရပ်လိုက်ပါကွာ။ ”
ဖုန်းယွီက
“.... ”
မင်းငါ့ကို ဖြတ်မပြောဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ငါအခုမှ စာကြောင်းတစ်ကြောင်းပဲ ပြောရသေးတယ်။ ဖြတ်ပြောခံလိုက်ရပြီ။
“အစ်ကိုကီ ကျွန်တော်ပြီးအောင် ပြောပါရစေအုံး။ အစ်ကိုအနေနဲ့ ဆိုဗီယက် ပြည်ထောင်စုနဲ့ ပတ်သတ်ပြီးတော့ စုံစမ်းစစ်ဆေးလို့ ရပါတယ်။ လစ်သူယေးနီးယား စက်ရုံဒါရိုက်တာတွေက သူတို့စက်ရုံရဲ့ စက်ပစ္စည်းတွေ ဒါမှမဟုတ်ရင် ပိုင်ဆိုင်မှုတွေကို ရောင်းချမနေဘူးလား။ လစ်သူယေးနီးယားက စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေက ထောက်ပို့ပိုက်ဆံ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို လစ်သူယေးနီးယားကို လျို့ဝှက်နဲ့ပို့နေတာ မဟုတ်ဘူးလား။ ပြီးတော့ .... ”
“မင်းဘာလို့ ဒီအကြောင်းတွေအကုန်လုံး သိနေရတာလဲ။ ”
ကီရီလန်ကိုက တစ်ခဏကြာ ရပ်နေပြီးနောက် မေးလိုက်သည်။ သူသည် ဖုန်းယွီပြောသည်ကို သဘောမတူပေ။ လစ်သူယေးနီးယားသည် နိုင်ငံသေးလေးတစ်ခုသာဖြစ်ကာ အကယ်၍ ထိုနိုင်ငံက လွတ်လပ်ရေးကို ကြေညာရဲလျှင် စစ်တပ်သည် လစ်သူယေးနီးယား၏ အစိုးရအသစ်ကို နာရီပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်သည်။ သူတကယ်သိချင်သည်မှာ ဖုန်းယွီအနေဖြင့် ထိုကဲ့သို့သော မဖြစ်နိုင်သည့် အရာမျိုးကို ပြောထွက်နိုင်ခြင်းပင် ဖြစ်ပေသည်။
“အစ်ကိုကီ ကျွန်တော်ဒီကိစ္စကို ဘယ်လိုသိလဲဆိုတာ အရေးကြီးတဲ့ အရာမဟုတ်ဘူး။ အရေးကြီးတဲ့အရာက အစ်ကိုနဲ့ အရမ်းသက်ဆိုင်နေတယ်။ အစ်ကို့ရဲ့အဖေ အစ်ကို့ရဲ့အစ်ကိုနဲ့ အစ်ကို့ရဲ့မိသားစု။ ”
“ငါ့ရဲ့အဖေက ဘယ်နေရာမှာ အရေးပါနေတာလဲ။ မင်းပြောပုံအရဆိုရင်။ ”
“ဘာကြောင့်လည်းဆိုတော့ ဒီအခွင့်အရေးက အစ်ကို့ရဲ့အဖေကို ရာထူးတိုးနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်လို့ပဲ။ ”