← Chapters

ခြောက်လန့်သူ အပိုင်း ၃

Vol. 13 Ch. 188

ခြောက်လန့်သူ အပိုင်း ၃

Vol. 13 Ch. 188

အကယ်၍ ဖုန်းယွီသည် ကီရီလန်ကိုရှေ့တွင်သာ ရပ်နေပါက ကီရီလန်ကိုသည် သူ၏အရင်းနီးဆုံး မိတ်ဆွေကို လက်သီးတစ်ချက် ထိုးလိုက်မည်ပင်။

ယင်းကအမှန်ပင် ဖြစ်ပေသည်။ ကီရီလန်ကိုသည် သူ့ရှေ့တွင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည်ဟု ပြောရဲသည့်သူ မည်သူမဆို ထိုးမည်ပင်။

ဆိုဗီယက် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အခိုင်မာဆုံး စစ်တပ်အင်အားရှိသည့် နိုင်ငံဖြစ်သည်။ (သူတို့သည် နယူးကလီးယား လက်နက်များကြောင့် သူတို့ကိုယ်သူတို့ သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် တကမ္ဘာလုံး၏ ကျန်သည့်သူများက အမေရိကန် ပြည်ထောင်စုသည် ခိုင်မာအတောင့်တင်းဆုံး နိုင်ငံဟု တွေးကြသည်။) ကမ္ဘာဦးဆောင် စီးပွားရေး စက်မှုလုပ်ငန်း အတိုးတက်ဆုံးဖြင့် ထုတ်လုပ်နိုင်စွမ်းရှိမှု မြေဧရိယာ အကျယ်ဆုံးဖြစ်သည်။ သဘာဝသယံဇာတ များစွာလည်း သူတို့ပိုင်ဆိုင်ထားသည်။

ကီရီလန်ကိုက ယခုလက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများသည် ယာယီသာဖြစ်ကာ ဆိုဗီယက် ပြည်ထောင်စုသည် မကြာမီ ပြန်ကုသနိုင်မည်ဟု ယုံကြည်သည်။ ဆိုဗီယက် ပြည်ထောင်စုသည် ကမ္ဘာ့ထိပ်သီးနိုင်ငံများတွင် ရပ်တည်နေဆဲဖြစ်ကာ ကျန်သည့်နိုင်ငံများကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်နိုင်သည်။ သူသည် ဆိုဗီယက် နိုင်ငံသားတစ်ယောက်ဖြစ်တာ ဂုဏ်ယူပေသည်။ သူသည် ဆိုဗီယက် ပြည်ထောင်စုအတွက် ဂုဏ်ယူနေ၏။

သို့သော် ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲလိမ့်မည်ဟု သူ့အားပြောသည့်အခါတွင်ရော ဘယ်လိုဟာသမျိုးနည်း။

ဓနသဟာရ နိုင်ငံများသည် ပြိုကွဲချင်ပြိုကွဲမည်။ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်များသည် လွတ်လပ်ရေး ကြေညာနိုင်သည်။ ဆိုဗီယက် ပြည်ထောင်စုသည် မည်သည့်အခါတွင်မှ ပြိုကွဲမည်မဟုတ်ပေ။

“ဖုန်း မင်းအခု ဘာပြောလိုက်လဲဆိုတာ မင်းသိရဲ့လား။ ငါတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက မင်းပြောလိုက်တဲ့ စကားကြောင့် ချောက်ကမ်းပါးစွန်းကို ရောက်နေပြီ။ ”

ကီရီလန်ကိုက အော်လိုက်သည်။

ဖုန်းယွီသည် ယခုလက်ရှိ ကီရီလန်ကို၏ စိတ်ခံစားချက်ကို နားလည်ပေသည်။ အကယ်၍ သူ့နေရာတွင် ဖုန်းယွီဆိုပါက သူသည်လည်း လက်ခံနိုင်မည် မဟုတ်ပေ။

သို့သော်ယင်းက အမှန်တရားပင် ဖြစ်သည်။ လက်ရှိဆိုဗီယက် ပြည်ထောင်စုနှင့် သူ၏အရင်ဘဝရှိ ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေများသည် တစ်ထပ်ထဲပင်ဖြစ်သည်။ သူသည် ကီရီလန်ကိုနှင့် ကုန်သွယ်မှုများ ပြုလုပ်သည့်တိုင် တစ်လတွင် ရူပယ်သန်းအနည်းငယ် စီးပွားရေးကို သက်ရောက်မှု မရှိစေပေ။

ကီရီလန်ကိုသည် ဖုန်းယွီဆီသို့ ရောင်းချသည့် စက်ပစ္စည်းများနှင့် နည်းပညာ အရေအတွက်သည် ယခုလက်ရှိ ဆိုဗီယက် ပြည်ထောင်စု၏ လားရာကို ပြသနေပေသည်။

စက်ရုံတစ်ရုံအနေဖြင့် သူတို့၏ စက်ယန္တရားများနှင့် နည်းပညာများကို ရောင်းချခြင်းဖြင့် အသက်ရှင်ရသည့်အခါ ထိုစက်ရုံတွင် မည်သည့်တိုးတက်မှုမျှ ရှိအုံးမည်နည်း။ သို့သော်ငြား သူတို့တွင် ရွေးချယ်စရာ မရှိပေ။ မည်သူမှသူတို့၏ ထုတ်ကုန်ကို မဝယ်ကြပေ။ အစိုးရအနေဖြင့်လည်း သူတို့ကို ပြည်ပသို့ တင်ပို့ရန်လည်း အကူအညီ မပေးနိုင်ပေ။ အကယ်၍ သူတို့သည် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်လျှင်တောင် သူတို့အနေဖြင့် ဝယ်ယူမည့်သူ ရနိုင်မည်မဟုတ်ပေ။ သူတို့ပိုထုတ်လေလေ သူတို့အရှုံး ပိုရလေလေဖြစ်သည်။

အကယ်၍ သူတို့မထုတ်လုပ်လျှင်လည်း အလုပ်သမားများကို လုပ်ခလစာ ပေးရန်အတွက် ဘယ်နေရာမှ ရမည်နည်း။ အလုပ်သမားများတွင်လည်း ကျွေးမွေးရန်အတွက် မိသားစုက ရှိပေသေးသည်။ တစ်စုံတစ်ယောက်အနေဖြင့် သူတို့၏ စက်ယန္တရားများကို ဝယ်ရန် ချဉ်းကပ်လာသည့် အချိန်တွင် စက်ရုံဒါရိုက်တာများသည် သူတို့ကို ရောင်းချရန်အတွက် နှစ်ခါတောင် စဉ်းစားစရာ မလိုပေ။ ထိုဒါရိုက်တာများသည် သူတို့ကိုယ်သူတို့နှင့် အလုပ်သမားများကို ဂရုစိုက်ရပေသည်။

စက်ရုံသည် နည်းပညာအသစ်များ ဆန်းသစ်တီထွင်ခြင်း ရပ်တန့်လိုက်ခြင်းနှင့် ထုတ်လုပ်မှု ရပ်တန့်လိုက်သည့်အခါ ထိုနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန်ဖြင့် ဆိုးဝါးလာမည်ပင်။ ဖုန်းယွီက ထိုတစ်ပတ်ရစ် စက်ပစ္စည်းများနှင့် နည်းပညာများကို ဆိုဗီယက် ပြည်ထောင်စုမှ ဝယ်ယူခြင်းဖြင့် သူသည်စီးပွားရေး ကျဆင်းမှုကို ထောက်ပံ့ပါဝင်ခဲ့ပေသည်။ သေချာသည်မှာ ဖုန်းယွီအနေဖြင့် မည်သည့်အခါမှ ဝန်ခံမည်မဟုတ်ပေ။ သူသည် ကီရီလန်ကိုကို သူ့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စု၏ အလုပ်သမားများကို သူတို့၏ ခေတ်မမှီတော့သည့် စက်များကို ဝယ်ယူခြင်းဖြင့် ကူညီပေးသည်ဟုသာ ပြောသည်။

သို့သော် ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စုမှ သူအလိုချင်ဆုံး စက်ပစ္စည်းများကို မရရှိသေးပေ။ ကီရီလန်ကိုနှင့် သူ၏ဖခင် ရာထူးတိုးအောင် ကူညီခြင်းက ရင်းနှီးမြုပ်နှံမှုပင် ဖြစ်ပေသည်။

“အစ်ကိုကီ စိတ်အေးအေးထားပါ။ အစ်ကိုအနေနဲ့ ကျွန်တော်ကို ခြိမ်းခြောက်နေတဲ့သူ ဒါမှမဟုတ်ဘူးဆိုရင် ဘာမှသုံးစားမရတဲ့ အမှိုက်တွေကို ပြောနေတယ်လို့တော့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ပြီးအောင် ပြောပါရစေ။ ကျွန်တော်ပြောတာတွေက အမှန်တွေဆိုတာ ကျွန်တော် သက်သေပြမှာပါ။ ”

“မင်းကဘယ်လို သက်သေပြမှာလဲ။ မင်းမှာဘာသက်သေတွေ ရှိနေလို့လဲ။ ”

ကီရီလန်ကိုက အော်နေဆဲဖြစ်သည်။

သူသည် ဒေါသထွက်နေပြီး ဖုန်းယွီကို နှလုံးတုန်အောင်သာ ပြုလုပ်ချင်သော်ငြား သူသည် ဖုန်းကိုချရန် စိတ်တောင်မကူးလိုက်ပေ။ ကီရီလန်ကိုက ဖုန်းယွီပြောသည့် အရာများကို သူဖြေးဖြေးချင်း လက်ခံနေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ဖုန်းယွီ၏ သီအိုရီဖြစ်သည့် ဂျာမနီပြန်လည် ပေါင်းစည်းခြင်းမှ စတင်လက်ခံနေခြင်း ဖြစ်သည်။

“အစ်ကိုကီ ကျွန်တော်ပြောတဲ့ အချက်အလက်တွေကို မှန်ကန်ဖို့အတွက် ကျွန်တော်နောက်ထပ် အချက်အလက်တွေကို သက်သေပြဖို့အတွက် ပြောမယ်။ အစ်ကိုတို့ရဲ့သမ္မတ မီခေးလ်ဂေါ်ဘာချော့က ပြုပြင်ပြောင်းလဲမှု အသစ်တွေ ထပ်ထွက်ဖို့ ရှိတယ်မလား။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပညာရေး ပြုပြင်ပြောင်းလဲမှု၊ စစ်ဖက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ သူ့ရဲ့ပါတီ ပြုပြင်ပြောင်းလဲမှု လွန်ခဲ့တဲ့ နှစ်တွေတုန်းက သမ္မတ မီခေးလ်ဂေါ်ဘာချော့က ပါတီတစ်ခုထက် ပိုတဲ့စနစ်ကို တွန်းအားပေးဖို့ ခွင့်ပြုမယ်လို့ ပြောခဲ့တယ်။ ဒါကစမှတ်ပဲ။ ”

ကီရီလန်ကိုက မှင်သက်သွားသည်။ ထိုသို့သော ကောလဟာလမျိုးသည် အဆင့်မြင့် အရာရှိများ အတွင်းတွင်သာ ဆွေးနွေးကြတာဖြစ်သည်။ အကယ်၍ သူ၏ဖခင်သာ အိမ်တွင်ထိုအကြောင်းကို မပြောပါက ကီရီလန်ကိုလည်း ယင်းကိုသိမည် မဟုတ်ပေ။ အဘယ့်ကြောင့် ဖုန်းယွီက ထိုအကြောင်းကို သိနေရသနည်း။

ထို့ပြင် ဖုန်းယွီကယင်းကို စမှတ်လို့ ပြောခဲ့သည်။ ဘာစမှတ်နည်း။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခြင်း၏ စမှတ်လော။ ယင်းက အဓိပ္ပာယ်မရှိသည့် အရာဖြစ်သည်။ အကယ်၍ သမ္မတ မီခေးလ်ဂေါ်ဘာချော့ အောင်မြင်ခဲ့ပါက ဘာဖြစ်နိုင်မည်နည်း။ ဆိုဗီယက် ပြည်ထောင်စုတွင်လည်း ပါတီနှစ်ခု ရှိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံများစွာက ပါတီဇုန်စနစ်ကို ကျင့်သုံးနေကြပြီး ဘာမှဖြစ်မလာပေ။

ထပ်ပြောရပါက စစ်တပ်သည်လည်း ကွန်မြူနစ်ပါတီ၏ လက်ထဲတွင် ရှိနေဆဲဖြစ်ကာ သူတို့တွင် KGBလည်း ရှိသည်။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ကီရီလန်ကိုသည် ဖုန်းယွီက ယင်းသည် သက်သေတစ်ခုဟု ပြောသည့်တိုင်အောင် လက်မခံနိုင်ပေ။

(KGB ရုရှားထောက်လှမ်းရေး)

“ဖုန်း အဲ့ဒီသက်သေက ဘယ်လိုအမျိုးအစားလဲ။ ”

ကီရီလန်ကိုက ပြောခဲ့သည်။ ယခုတွင် သူသည် ဖုန်းယွီထပ်ပြောမည့် သီအိုရီများကို စိတ်ဝင်စားစ ပြုလာတော့သည်။

“ကောင်းပြီ။ အစ်ကိုကီ ကျွန်တော်ဆက်ပြောမဲ့ ကိစ္စတွေမှာ အစ်ကိုအနေနဲ့ စိတ်ကိုအအေးဆုံး ထားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ အစ်ကိုအနေနဲ့ ပြုပြင်ပြောင်းလဲမှုကို နောက်ပြန်ဆွဲစေတဲ့ အရာတွေက ဘာလဲဆိုတာ သိလား။ တကယ်လို့ ပြုပြင်ပြောင်းလဲမှုက သတ်မှတ်ထားတာထက် နှေးနေမယ်ဆိုရင် ကျွန်တော်က ဒီဟာရဲ့အဆုံးသတ်ကို ပြောနိုင်မှာ မဟုတ်ဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုက ကျရှုံးလိမ့်မယ်။ ပြီးတော့ အစ်ကိုတို့ရဲ့ သမ္မတကလည်း နိုင်ငံရေးအရ အောင်မြင်မှုလိုချင်တာ။ အစ်ကိုအနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် သူအောင်မြင်မယ်လို့ တွေးမိရဲ့လား။ အဆုံးမှာ ပြိုက်ဘက်ပါတီက ပိုပြီးအားကောင်းလာပြီးတော့ ပိုပြီးထောက်ခံမှု ရလာလိမ့်မယ်။ စစ်ဖက်ရဲ့ ထောက်ခံမှု ပိုမိုရရှိဖို့အတွက် အစ်ကိုတို့ရဲ့ သမ္မတက စီးပွားရေးအစား စစ်ဖက်ဆိုင်ရာ တိုးတက်မှုမှာပဲ အာရုံစိုက်လိမ့်မယ်။ သူကစစ်တပ်ပဲ လိုချင်တာလေ။ အဲ့ဒါမှ သူကပိုပြီး အာဏာရှိဖို့အတွက် ထိန်းချုပ်နိုင်မှာ။ ”

ကီရီလန်ကိုက မှင်သက်နေသည်။ ဆိုဗီယက် ပြည်ထောင်စု၏ ယခုလက်ရှိ အခြေအနေသည် ဖုန်းယွီပြောသည့်အတိုင်း အမှန်ပင် ဖြစ်နေသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် ထိုနိုင်ငံ၏ ပြည်သူပြည်သားများ၏ လူမှုအဆင့်အတန်း မြင့်မားစေရန်အတွက် ရည်ရွယ်ကာ သို့သော်ငြား အစိုးရသည် စစ်ဖက်တွင်သာ ဘက်ဂျက်များကို ပိုသုံးနေသည်။ ယင်းက စီးပွားရေး အခြေအနေကို ပိုပြီးတော့တောင် ဆိုးရွားစေသည်။

သမ္မတ မီခေးလ်ဂေါ်ဘာချော့ရဲ့ မအောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုများက စမှတ်လော။

ဖုန်းယွီက ကီရီလန်ကို၏ နှောက်ယှက်မှုကို စောင့်မနေကာ ဆက်ပြောလိုက်သည်။

“အစ်ကိုကီ တကယ်လို့ အစ်ကိုမှာ ယခုလက်ရှိ အာဏာနဲ့အင်အား ပိုရဖို့ အခွင့်အရေး ရှိမယ်ဆိုရင် အစ်ကိုအနေနဲ့ အရှုံးပေးလိုက်မှာလား။ ဘယ်သူမှ အခွင့်အရေးကို လက်မလွှတ်ဘူး ဟုတ်တယ်မလား။ အဲ့ဒါဆိုရင် လူတိုင်းလူတိုင်းက အချင်းချင်း တိုက်ခိုက်နေကြရင် အစ်ကိုအနေနဲ့ ဘယ်သူကရလဒ် ထွက်မယ်လို့ထင်လဲ။ ”

ပြည်တွင်းစစ် ထိုစကားလုံး သုံးလုံးသည် ကီရီလန်ကို၏စိတ်ထဲ ပေါ်လာခဲ့သည်။

ဖုန်းကိုင်ထားသော သူ၏လက်က တုန်လာတော့သည်။ မဖြစ်နိုင်တာ ဆိုဗီယက် ပြည်ထောင်စုမှာ ဘယ်လိုလုပ် ပြည်တွင်းစစ် ဖြစ်လာရမှာလဲ။ ဒါကမဖြစ်နိုင်ဘူး။

“အစ်ကိုကီ တကယ်လို့အစ်ကို ကျွန်တော်ပြောတာကို မယုံသေးဘူးဆိုရင် ကျွန်တော်အစ်ကို ရင်းနှီးတဲ့ နာမည်တစ်ခုကို ပြောပြပေးမယ်။ အဲ့ဒီပုဂ္ဂိုလ်က အစ်ကိုရဲ့အဖေ ဒါမှမဟုတ်ဘူးဆိုရင် အစ်ကိုတို့ တစ်မိသားစုလုံး ချဉ်းကပ်ဖို့ရာ သင့်တော်တဲ့လူ။ တကယ်လို့ အစ်ကိုရဲ့အဖေသာ သူ့နောက်ကို လိုက်နေသမျှ အစ်ကိုရဲ့အဖေကလည်း ရာထူးတိုးပြီး အစ်ကိုရဲ့ မိသားစု အခြေအနေကလည်း တိုးတက်လာလိမ့်မယ်။ ”

“ဘယ်သူလဲ။ ”

ကီရီလန်ကိုက စဉ်းစားမနေဘဲ မေးချလိုက်သည်။ သူကချက်ချင်းပင် မေးလိုက်ပြီးနောက် နောင်တအကြီးအကျယ် ရနေသည်။ ယင်းက သူသည် ဖုန်းယွီပြောတာကို ယုံသည်ဟု သက်သေပြလိုက်ခြင်းပင် ဖြစ်နေသည်။ ဆိုဗီယက် ပြည်ထောင်စုသည် ပြိုကွဲတော့မည်ပင်။

“မစ္စတာယက်ဆင် သူကလက်ရှိမှာ ဆိုဗီယက် ရုရှားနိုင်ငံရဲ့ လွတ်တော်ရဲ့ လက်ရှိဥက္ကဌ သူ့ကိုသမ္မတ မီခေးလ်ဂေါ်ဘာချော့က အရင်က ဖြုတ်ခဲ့တယ်။ ဒါပေမဲ့ သူက ရွေးကောက်ပွဲတွေကတစ်ဆင့် အာဏာပြန်ရလာတယ်။ ဒါကသမ္မတ မီခေးလ်ဂေါ်ဘာချော့ရဲ့ ကျရှုံးခန်းပဲ။ ပြီးတော့ မစ္စတာယက်ဆင်က ရုရှားဆိုဗီယက် ဖက်ထရေးရှင်း ဆိုရှယ်လစ် သမ္မတနိုင်ငံရဲ့ သမ္မတ ဖြစ်လာမယ်။ ဒါကမကြာခင်မှာ ဖြစ်လာတော့မှာ။ ”

ယက်ဆင်လား။ ကီရီလန်ကိုသည် သူ့ကိုသိပေသည်။ သူ့ကိုသမ္မတက လွန်ခဲ့သည့် နှစ်များစွာက သမ္မတနှင့် ခေါင်းဆောင်များသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ကျရှုံးခဲ့သည့်အတွက် ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ သို့သော် ယမန်နှစ်က သူ့ကိုပြည်သူများက ပြန်လည်ရွေးချယ်ခဲ့ကာ သူသည် လွှတ်တော်တွင် ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။ သို့သော်ငြား လူတိုင်းက သမ္မတအနေဖြင့် သူ့ကို ဖယ်ထုတ်နိုင်မည့်နည်းလမ်းကို ရှာဖွေနေပြီး တွေ့သည့်အခါ ကန်ထုတ်လိမ့်မည်ဟု ခံစားနေရသည်။

ယခုလက်ရှိတွင် ဖုန်းယွီက တရုတ်နိုင်ငံတွင်ဖြစ်ကာ ထိုအကြောင်းများအားလုံးကို သူမည်သို့ သိသနည်း။ ဖုန်းယွီက ယက်ဆင်ကို ဆိုဗီယက်ရုရှား ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ သမ္မတတောင် ဖြစ်လိမ့်မည်ဟုတောင် ပြောခဲ့သည်။ သမ္မတ မီခေးလ်ဂေါ်ဘာချော့က ယင်းကိုသဘောတူမည်လော။

“အစ်ကိုကီ ကျွန်တော်ပြောတဲ့ အရာတွေက မကြာခင်မှာ သက်သေပြတော့မယ်။ အစ်ကိုအနေနဲ့ အစ်ကိုရဲ့အဖေကို ပြောနိုင်တယ်။ ဒါပေမဲ့ တစ်ခြားလူတွေကို ပြောလို့မဖြစ်ဘူး။ ဒါကအစ်ကိုရဲ့ အဖေ အစ်ကိုတစ်မိသားစုလုံးရဲ့ ဂုဏ်တက်စေနိုင်မဲ့ နည်းလမ်းတစ်ခုပဲ။ ”

....

ဖုန်းယွီက ဖုန်းကိုချလိုက်ပြီးနောက် ရယ်မောလိုက်သည်။ သမိုင်းကြောင်း ဖြစ်ရပ်များသည် ဖြစ်ပွားနေပြီး ဖြစ်ပွားသည့်အချိန်တွင် ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စုမှ ရနိုင်သမျှ အရာအားလုံးကို သိမ်းကြုံးယူမည် ဖြစ်သည်။

All Chapters