ချမ်းသာတော့မည့် လူကြီးဖုန်း
Vol. 13 Ch. 189
တရုတ်နှစ်သစ်ကူးပွဲတော်တွင် ဖုန်းယွီသည် သူ၏ဒေသသို့ ပြန်သွားခဲ့သည်။ သူသည် နှစ်သစ်ကူးလက်ဆောင်အဖြစ် ကုန်တင်ကားတစ်စီးခန့် သယ်လာတော့သည်။
ကုန်တင်ကားပေါ်မှ ပစ္စည်းများကို ချပြီးနောက် ဖုန်းယွီက ယာဉ်မောင်းကို ယွမ်ငါးဆယ်ပါ အန်ပေါင်းကို ပေးလိုက်သည်။ ပြီးနောက် ယာဉ်မောင်းသည် ပျော်ရွှင်စွာဖြင့် ဂုဏ်ပြုရန်အလို့ငှာ အိမ်သို့ ပြန်သွားသည်။ ဖုန်းရှင်းထိုက်သည် ဖုန်းယွီကို သိပ်ကြည့်မရပေ။ အဘယ့်ကြောင့် အသုံးမကျသည့်သားသည် နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုမျှသုံးဖြုန်းခဲ့သနည်း။
သို့သော် အချို့သော လက်ဆောင်များသည် သူ၏သားမက်မှ ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိသွားပြီးနောက် သူ၏စိတ်သဘောထားသည် ပြောင်းလဲသွားတော့သည်။ ဖုန်းရှင်းထိုက်သည် သူ့သမီးက ကိုယ်ဝန်ဆောင်သည်ကို သိရှိသွားပြီးနောက် သူသည် သူ့သားမက်၏အိမ်ကို နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့တွင် သွားလည်ရန် ဆုံးဖြတ်ချက်ချထားကာ သူ့သမီးဆီ သွားမည်ပင်။
ယခုနှစ် နှစ်သစ်ကူးတွင် လူပိုလို့တောင် နည်းလာသည်။ သို့သော် ဖုန်းမိသားစု၏ရိုးရာကတော့ မပြောင်းလဲပေ။ အသားဟင်းရှစ်မျိုး၊ ဟင်းရွက်နှစ်မျိုးနှင့် ဖြစ်သည်။ ထိုဟင်းပွဲများအားလုံးကို တစ်နာရီအတွင်း ချက်ပြုတ်ပေးသည်။ ကွဲပြားခြားနားသည်က ဖက်ထုပ်ပင်ဖြစ်ပေသည်။ ယခုနှစ်ဖက်ထုပ်သည် ကြက်သွန်မြိတ်နှင့် ကြက်ဥကိုသာ ဖြည့်ထားသည်။ သူတို့သည် တစ်နှစ်ပတ်လုံးအသားစားခဲ့ရသည့်အတွက် အသားစားရမှာကိုပင် လန့်နေကြတော့သည်။
ဖုန်းယွီသည် ယခုဘဝသို့ ပြန်လည်မွေးဖွားပြီးနောက် သူ့မိသားစု၏ငွေရေးကြေးရေးအခြေအနေသည် သိပ်မဆိုးရွားခဲ့ပေ။ သို့သော် သူတို့အတွက် အသားစားရန်က ခက်ခဲနေခဲ့သည်။ အကြိမ်များစွာပင် သူတို့တွင် ပိုက်ဆံရှိသည့်တိုင် အသားကို မဝယ်နိုင်ပေ။ လယ်တောမှ လူများသည် အစားအစာလက်မှတ်များကို ဂရုမစိုက်ဘဲ သူတို့သည် အသားဝယ်ရန်အတွက် ငွေအဖြစ် အသုံးပြုကြသည်။ သို့သော်ငြား ဝက်မွေးသောလူ အနည်းငယ်ရှိကာ နွေရာသီတွင် သားသတ်ကြပေ၏။
ယခုလက်ရှိအခြေအနေက ပိုကောင်းလာပြီ ဖြစ်သည်။ ထျန်ဖုန်းဝက်ခြံသည် တစ်လလျှင် တစ်သုတ်ရောင်းချပေးရာ ဒေသတွင်းတွင်မက ပတ်ဝန်းကျင်ရှိမြို့များကိုပါ တင်ပို့ရောင်းချပေသည်။ မြို့များရှိလူများက ထျန်ဖုန်းဝက်ခြံကို သိကြပေသည်။ ထျန်ဖုန်းဝက်ခြံသည် ယခုလက်ရှိတွင် ဘင်းမြို့တော်၏ အကြီးဆုံးဝက်သားထောက်ပံ့သူ ဖြစ်ပေသည်။
လူတိုင်းပြောကြသည်က ထျန်ဖုန်းဝက်ခြံမှ ဝက်သားသည် အကောင်းဆုံးဖြစ်ပေသည်။ အသားသည် နူးညံ့ပြီး လတ်ဆတ်ပေသည်။ ထို့အပြင် ထျန်ဖုန်းဝက်ခြံက သူတို့သည် ဖျားနာသော ဝက်များ သို့မဟုတ် သေဆုံးပြီးသား ဝက်များကို အသုံးမပြုဟု အာမခံထားသည်။ ယင်းက ဘယ်က လာမှန်းတောင် သေချာမသိပေ။ သို့သော်ငြား ဘင်းမြို့တော်မှ လူများသည် စျေးထဲသို့ ရောက်သည့်အခါတွင် ဝက်သားသည်များကို သူတို့မေးလေ့ရှိသည့် မေးခွန်းတစ်ခုက ဒီနေ့ ထျန်ဖုန်းဝက်တွေ ရောက်လား။ တစ်နှစ်ကြာပြီးနောက် ထျန်ဖုန်းဝက်ခြံ၏နာမည်သည် ဘင်းမြို့တော်တွင် စိတ်ဝင်စားမှုရလာခဲ့သည်။ မြောက်ပိုင်းဒေသရှိ မြို့များမှ ဝက်သားရောင်းချသူများတောင် ထျန်ဖုန်းဝက်ခြံကိုလာကာ ဝက်များဝယ်ကြသည်။ သူတို့ပြောသည်က ထိုဝက်သားများသည် သူတို့မြို့၏ခေါင်းဆောင်များအတွက် ဖြစ်ပေသည်။
ဖုန်းရှင်းထိုက်သည် ထိုဝက်သားများက သူ့၏ခေါင်းဆောင်များ သုံးဆောင်ရန်အတွက်ဟု ကြားသည့်အခါ သူသည် အလွန်ဂုဏ်ယူနေသည်။ သူသည် ဖုန်းယွီကို ဝက်ခြံဝယ်ရာတွင် တားမြစ်ရန် ကြိုးစားခြင်း၊ ဝက်ခြံကို ချဲ့ထွင်ခြင်း၊ ဝက်ခြံကို ခေတ်မီဝက်ခြံဖြစ်အောင် ပြောင်းလဲခြင်းတို့တွင် တားဆီးခဲ့သည်ကို မေ့သွားဟန်တူပေသည်။
နှစ်သစ်ကူးတွင် ပြည်နယ်ရုပ်သံဌာနက ပါမောက္ခစုဦးဆောင်သည့် ထျန်ဖုန်းဝက်ခြံအကြောင်းကို အင်တာဗျူးလေသည်။ ထိုအစီအစဉ်သည် မိနစ်ကိုးဆယ်စာ အစီအစဉ် ဖြစ်သည်။ ထျန်ဖုန်းဝက်ခြံကို မိနစ်ခြောက်ဆယ်ခန့်ပြသသွားပေသည်။ ကြည့်ရှုသူများသည် ဝက်ခြံတွင် အသုံးပြုသည့် ရှုပ်ထွေးသည့် စက်များအကြောင်းကိုတော့ မမှတ်မိပေ။ သူတို့မှတ်မိသည်က ဝင်ပေါက်တွင် ချိတ်ဆွဲထားသည့် ကဗျာတစ်ခုပင် ဖြစ်ပေသည်။
ဝက်များက ဝရန်သာ စဉ်းစားကြသည်။ လူများက အောင်မြင်ကျော်ကြားရန်သာ တွေးတောကြသည်။ ထိုကဗျာသည် မြို့တွင် ပြောစရာတစ်ခုအနေဖြင့် ဖြစ်လာတော့သည်။
စိုက်ပျိုးရေးပါမောက္ခစုသည် အဆက်သွယ်များရှိပေ၏။ ယခင်က သူသည် မည်သည့်စပွန်ဆာကိုမှ မရခဲ့ပေ။ ပြီးနောက် တက္ကသိုလ်ထဲရှိအခြားသော ပါမောက္ခများက သူ၏အဆင့်မြင့်ဝက်ခြံသည် သီအိုရီအဆင့်တွင်သာရှိပြီး လက်တွေ့တွင် မဖြစ်နိုင်ဟု ခံစားနေကြသည်။
ပါမောက္ခစုသည် အခြားသောပါမောက္ခများထံမှ ထောက်ခံမှုမရခြင်း၏ အကြောင်းအရင်းသည် ကန့်သတ်ထားသည့် ထောက်ပံ့မှုကြောင့် ဖြစ်ပေသည်။ ခေတ်မီဝက်ခြံသည် တက္ကသိုလ်၏ရန်ပုံငွေမှ များစွာကို အသုံးပြုရမည်ဖြစ်ကာ အခြားသော ကဏ္ဍများအတွက် သုတေသနပြုလုပ်ရန် အနည်းငယ်သာကျန်တော့မည် ဖြစ်ပေသည်။ နှစ်တိုင်းနှစ်တိုင်း တက္ကသိုလ်သည် အစိုးရထံမှ ထောက်ပံ့ငွေအနည်းငယ်သာ ရရှိသည်။ အကြောင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သည့်အတွက်ပင်။ စိုက်ပျိုးရေးတက္ကသိုလ်သည် စက်မှုတက္ကသိုလ်နှင့် ယှဉ်ပါက ထောက်ပံ့မှုလွန်စွာ နည်းပေသည်။
ပါမောက္ခစု၏ အဆင့်မြင့်ဝက်ခြံ၏ကုန်ကျငွေမှာ အနည်းဆုံး ယွမ်တစ်သန်းဖြစ်ပေသည်။ ပါမောက္ခတစ်ယောက်ချင်းစီ၏ သုတေသနပြုလုပ်ရန် ပုံမှန် ထောက်ပံ့ငွေသည် ယွမ်တစ်သောင်းအောက်သာ ရှိပေသည်။
ပါမောက္ခစု၏ အဆင့်မြင့်ဝက်ခြံသည် အခြားသောသူများ၏ သုတေသနပြုချက်ထက် အဆပေါင်းတစ်ရာခန့် ပိုအသုံးပြုရမည် ဖြစ်ပေသည်။ ယင်းက ကြီးမားသည့်ပမာဏဖြစ်ကာ အကယ်၍ တက္ကသိုလ်တွင် ထိုပမာဏရှိလျှင်တောင် သူတို့အနေဖြင့် ပါမောက္ခစုကို ပေးမည်မဟုတ်ပေ။
ကံကောင်းချင်တော့ ဖုန်းယွီက သူ့အနားချဉ်းကပ်လာကာ တိရစ္ဆာန်အစာအကြောင်း မေးသည်။ ပြီးနောက် သူသည် ထောက်ပံ့မှု ပြတ်လပ်မှုကြောင့် အဆင့်မြင့်ဝက်ခြံ၏ သုတေသနပြုချက်များ ရပ်တန့်ထားရသည်ကို ဖုန်းယွီ တွေ့ရှိသွားသည်။
သူတို့နှစ်ယောက်စလုံး လက်ချင်းထိ တွေ့မိကြတာဖြစ်ပေသည်။ ဖုန်းယွီသည် ထိုကဲ့သို့သော ဝက်ခြံမျိုးကို ဆောက်ချင်သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုက များသော်ငြား အမှတ်တံဆိပ်ကောင်းကောင်း အခြေချမိသည်နှင့် ထိုဝက်ခြံမှ ရမည့်ဝက်များ၏ ရောင်းအားသည် သာမန်ထက် ပိုများမည် ဖြစ်ပေသည်။
ပထမက ဖုန်းရှင်းထိုက်သည် ဝက်သားများ မရောင်းချရမည်ကို စိုးရိမ်ပူပန်ခဲ့ကာ ဝက်အူချောင်းထုတ်လုပ်သည့်လမ်းကြောင်းကို တင်ပို့ချင်ခဲ့သည်။ မရောင်းရသည့်ဝက်များကို ဝက်အူချောင်း ပြုလုပ်နိုင်ပေသည်။
သို့သော် မထင်မှတ်ထားသည်က များစွာသော စားသုံးသူများသည် ဝက်များကို ဝယ်ကြသည်။ ထျန်ဖုန်းဝက်ခြံသည် တစ်နှစ်လျှင် ဝက်တစ်သောင်းခန့်ထုတ်လုပ်နေသည်။ ပြီးနောက် ထိုဝက်များအားလုံးကို ဘင်းမြို့တော်၏ ပတ်ဝန်းကျင်ဒေသများနှင့် လင်းပြည်နယ်တွင် ရောင်းချရသည်။
ဖုန်းယွီသည် မည်သည့်ကြော်ငြာမှုမှ မလုပ်ရသေးခင် တိရစ္ဆာန်အစာ၏စျေးကွက်သည် သူ့၏ဝက်များနှင့်အတွက် ပွင့်လာခဲ့သည်။ ယခုလက်ရှိတွင် တိရစ္ဆာန်အစာများမှ ရသည့်အကျိုးအမြတ်သည် ပဲပိစပ်ဆီရောင်းချခြင်းထက်တောင် ပိုများပေသည်။ ဖုန်းရှင်းထိုက်က ထိုရလာဒ်ကို အလွန်ကျေနပ်အားရဖြစ်နေသည်။
အစပိုင်းတွင် သိုလှောင်ရုံထဲ၌ မရောင်းရသည့် တိရစ္ဆာန်အစာများစွာ ရှိပေသည်။ ပြီးနောက် ဖုန်းရှင်းထိုက်က အလွန်စိုးရိမ်ပူပန်နေသည်။ သို့သော် လအနည်းငယ်ကြာပြီးနောက် ထိုတိရစ္ဆာန်အစာများသည် ထိုက်ဟွအစားအစာထုတ်လုပ်သည့် စက်ရုံ၏ ရောင်းအားအကောင်းဆုံးထုတ်ကုန်များ ဖြစ်လာကြသည်။ ယင်းအတွက် တီဗီကြော်ငြာတောင် မရှိသေးပေ။ ပြီးနောက် ထိုအရာက ပဲပိစပ်ဆီထက်တောင် ရောင်းအားပိုကောင်းနေပေသေးသည်။
ဖုန်းယွီက ယင်းကို သာမန်သာ ဖြစ်သည်ဟု ခံစားရသည်။ တိရစ္ဆာန်အစာအစေ့၊ အပွင့်များသည် ပိုမိုသက်သာသည့် ပြောင်းနှင့်ဂျုံထက် ပိုကောင်းပေသည်။ ဝက်များသည် အစာလုံးများကို စားခြင်းက အခြားသောဝက်များထက် ကြီးထွားမှု မြန်ဆန်စေမည်ဖြစ်သည်။
ထပ်ပြောရပါက ထိုက်ဟွအစားအစာထုတ်လုပ်သည့်စက်ရုံသည် သူတို့၏ဝယ်ယူသူများကို ချေးငွေလည်း ထုတ်ပေးပေသည်။ ထိုက်ဟွအစားအစာထုတ်လုပ်သည့်စက်ရုံသည် ပထမဦးဆုံးအနေဖြင့် တိရစ္ဆာန်အစာများကို ထောက်ပံ့မည်ဖြစ်ကာ IOU လက်မှတ်ထိုးရမည်ပင်။ ဝက်များကို ရောင်းချပြီးနောက် ဝယ်ယူသူများအနေဖြင့် ကျသင့်ငွေကို ပြန်ပေးရမည် ဖြစ်ပေသည်။ လယ်သမားများက မတတ်နိုင်ကြသည်လော။ သို့မဟုတ် ထိုတိရစ္ဆာန်အစာများကို ဝယ်ယူနိုင်သည့်အခွင့်အရေးကို မသိကြသည်လော။ တိရစ္ဆာန်အစာများကို ချေးငွေအဖြစ် ဝယ်ယူနိုင်မည်ဆိုသည့်အခိုက် သူတို့သည် အပြေးသွားကြတော့သည်။ ယင်းက အတိုးနှုန်းမဲ့သည့် ချေးငွေနီးပါးဖြစ်ပေသည်။
ထိုရောင်းချသည့်နည်းလမ်းကို အသုံးပြုကာ တိရစ္ဆာန်အစာများသည် စျေးကွက်ထဲကို ထိုးဖောက်ပြီး စျေးကွက်ရှယ်ယာကို အလျင်အမြန်ဖြင့် ချဲ့ထွင်နိုင်ခဲ့သည်။ ထိုက်ဟွအစားအစာထုတ်လုပ်သည့် စက်ရုံ၏ သုတေသနပြုချက်များအရ လုံကျန်းပြည်နယ်၏ အစေ့အဆံတိရစ္ဆာန်အစာစျေးကွက်တွင် တိရစ္ဆာန်အစာစျေးကွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော် သူတို့၏အမှတ်တံဆိပ်က နေရာယူထားကာ လင်ပြည်နယ်တွင် ခြောက်ဆယ်ရာခိုင်နှုန်းနှင့် လျောင်ပြည်နယ်တွင် နှစ်ဆယ်ရာခိုင်နှုန်းဖြစ်သည်။
လျောင်ပြည်နယ်တွင် အစေ့အဆံ တိရစ္ဆာန်အစာများကို ထုတ်လုပ်သည့်စက်ရုံတစ်ရုံ ရှိသည်။ ပြီးနောက် ယင်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်သည်။ ထိုစက်ရုံက ထိုက်ဟွစက်ရုံထက် စောစောဆောက်လုပ်ခဲ့သော်ငြား သူတို့သည် ချေးငွေကဲ့သို့သော အစီအစဉ်မျိုး ခွင့်မပြုပေ။ ဝူကျီကန်းနှင့် ကျန်သည့်သူများသည် သူတို့အနေဖြင့် ယခုကဲ့သို့ ပေးချေမှု နည်းလမ်းမျိုးကို အသုံးပြုပါက သူတို့သည် လျောင်ပြည်နယ်၏စျေးကွက်ဝေစုကို တစ်နှစ်ခွဲအတွင်း အရယူနိုင်မည်ဟု ကတိပေးထားကာ လုံကျန်းပြည်နယ်နှင့် လင်းပြည်နယ်၏စျေးကွက်တွင်လည်း ဆက်လက်ဦးဆောင်မည် ဖြစ်ပေသည်။
ဖုန်းယွီက ထိုချေးငွေပြန်ပေးသည့်ကိစ္စကို အသုံးပြုခဲ့သည်။ အကယ်၍ သူ့အနေဖြင့် အရှေ့မြောက်ပိုင်းဒေသရှိ ပြည်နယ်သုံးခု၏စျေးကွက်ကို အရမယူနိုင်ပါက သူ့အနေဖြင့် ဝူကျီကန်းနှင့် အခြားသောဝန်ထမ်းများကို လုံးဝစိတ်ပျက်မည်ပင်။ သူ့အနေဖြင့် သူတို့ကို အရောင်းပိုင်းတွင် ပါရမီရှင်တစ်ယောက်ဟု မမျှော်မှန်းထားသလို သူတို့ကိုလည်း အ သည်ဟုလည်း မတွေးထားပေ။
တိရစ္ဆာန်အစားအစာများ မြင့်တက်လာရခြင်း၏ အဓိပ္ပာယ်က ဝက်များ များများပိုမွေးလာသည်ဟု အဓိပ္ပာယ်ဖြစ်ပေသည်။ ဝက်အတွက် စျေးကွက်ကြီးတစ်ခုရှိပါက ထျန်ဖုန်းဝက်ခြံ၏ ရောင်းအားသည်လည်း သေချာပေါက်ထိခိုက်မည်ပင်။
ဖုန်းယွီက ဘင်းမြို့တော်၏စျေးကွက်ကို ဆက်လက်ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော် အခြားသောနေရာများတွင် ဝက်ရောင်းချမှုသည် သူတို့ဒေသဝက်ခြံများနှင့် ယှဉ်လျှင် သက်ရောက်မှု အနည်းနှင့်အများ ရှိပေလိမ့်မည်။ ထျန်ဖုန်းဝက်ခြံ လုံကျန်းသတင်းစာတွင် ပေါ်ပေါက်လာပြီးနောက် ဖုန်းယွီသည် အခြားသောပြည်နယ်များမှ ခေါင်းဆောင်များအနေဖြင့် ဝက်ခြံပရောဂျက်များကို တွန်းအားပေးမည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ထိုခေတ်အခါက ခေါင်းဆောင်အများစုသည် မည်သို့ပုံတူကူးရမည်ဆိုတာကိုပဲ သိသည်။ သူတို့သည် သူတို့အကျိုးအမြတ်ရသမျှ ပုံတူကူးမည်ဖြစ်ကာ စျေးကွက်၏လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။
သို့သော်ငြား ယင်းက အဆင်ပြေနေသေးသည်။ ထျန်ဖုန်းဝက်ခြံသည် ပိုပြီးအခြေကျလာသည်နှင့် ဝက်များ၏ရောင်းအားကိုလည်း ထိခိုက်မည်မဟုတ်ပေ။ နောက်ထပ်အစာသွပ်ဝက်အူချောင်းကဲ့သို့သော ထုတ်ကုန်များလည်း ထွက်လာမည် ဖြစ်ပေသည်။ ယခုလက်ရှိ ဝက်အူချောင်းများ၏ လိုအပ်ချက်သည် ထောက်ပံ့ပေးတာထက်ပင် လွန်ကျွံနေပေသည်။
ဖုန်းယွီက ပတ်သတ်ဆက်နွယ်သည့် အမှတ်တံဆိပ်ကို ထူထောင်လိုက်ပေသည်။ သူက ယင်းကို ထျန်ဖုန်း လတ်လတ်ဆတ်ဆတ်ဝက်သားဟု အမည်ပေးမည်ဖြစ်ကာ အကယ်၍ သူသည် အရှေ့မြောက်ပိုင်းဒေသရှိ ပြည်နယ်သုံးခု၏ စျေးကွက်အများစုကို ရရှိလျှင် သူ၏အကျိုးအမြတ်မှာလည်း မှန်းဆ၍ မရတော့ပေ။ ပြီးနောက် ကုမ္ပဏီသည်လည်း အမည်စာရင်းတောင် တင်သွင်းခံရနိုင်ပေသည်။
ယခုတစ်နှစ်ပြီးနောက် လူကြီးဖုန်းသည် သေချာပေါက် ချမ်းသာလာတော့မည်ပင်။