အခန်း (၁၉၀)
Vol. 13 Ch. 190
ဖုန်းယွီ၏အမေသည် ဖုန်းယွီကို နှစ်ဆန်းတစ်ရက်၏ မနက်ခင်းခြောက်နာရီတွင် နှိုးလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီသည် ထိုနေ့မနက်ခင်းနာရီများတွင် အိပ်သည်ကို ဂရုမစိုက်ပေ။ ယင်းသည် ထိုဒေသ၏ဓလေ့ထုံးစံပင်ဖြစ်သည်။ စောစောအလည်သွားလေ၊ ကံကောင်းမှုများက ပိုရရှိလေဖြစ်ပေသည်။ ယခုလက်ရှိတွင် ဖုန်းရှင်းထိုက်သည် ဒေသတွင်း အချမ်းသာဆုံးသူဖြစ်သည်။ ထိုက်ဟွအစားအစာထုတ်လုပ်သည့်စက်ရုံနှင့် ထျန်ဖုန်းဝက်ခြံမှလူများသည် သူ့ဆီကို စောစောလာလည်ကြသည်။ ဧည့်သည်များလာလည်သည့်အချိန်တွင် ဖုန်းယွီ အိပ်ယာထဲတွင် ရှိနေဆဲဖြစ်ပါက ကြည့်မကောင်းပေ။
ဖုန်းယွီက ဖက်ထုပ်အချို့ကို ပါးစပ်ထဲသွပ်ထည့်ပြီးနောက် ရေမိုးချိုးရန် သွားတော့သည်။ သူအဝတ်စားဝတ်ပြီးသည်နှင့် တံခါးခေါက်လာတော့၏။
“ဒါရိုက်တာဖုန်း ပျော်ရွှင်စရာနှစ်သစ်ပါ၊ ခယ်မ၊ ရှောင်ဖုန်း မင်္ဂလာနှစ်သစ်နော် ”
လာလည်သည့်သူများက ထိုက်ဟွစက်ရုံမှ ဖြစ်သည်။ သူသည် အိမ်ထဲသို့ ဝင်လာသည့်အခါ ဆုတောင်းစကားများ ခြွေလိုက်သည်။
ဖုန်းယွီက သူ့လက်ကို ဆွဲလိုက်ပြီးနောက် နှုတ်ဆက်စကားပြန်လည်ဆိုလိုက်သည်။ ဖုန်းယွီသည် သူ့အိမ်မှ ထွက်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“လာဦး၊ ရှောင်ဖုန်း ဒီအန်ပေါင်းက ဦးလေးဆီက ”
ထိုသူသည် တစ်ဆယ်ယွမ်တန်ပိုက်ဆံကို ထုတ်ကာ ဖုန်းယွီ၏လက်ထဲကို ထည့်လိုက်သည်။
ဖုန်းယွီက
“…. ”
လွန်ခဲ့သည့်တစ်နှစ်က သူတစ်နေ့ရသည့်ငွေပမာဏသည် ပျမ်းမျှလူများ၏ တစ်နှစ်စာ လစာထက်ပင် ပိုများပေသည်။ သူက အပိုဆုကြေးများနှင့် ယွမ်တစ်သိန်းနှင့် ဆုများကိုတောင် ချီးမြှင့်လိုက်သေးသည်။ ယခုအခေါက်တွင် သူက ကလေးတစ်ယောက်ပမာ ဆက်ဆံခံနေရသည်။ ထိုပုဂ္ဂိုလ်သည် သူ၏အသက်ကြီးကြောင်းကို ပြသနေကာ သူ့ကို ယွမ်တစ်ဆယ်လက်ခံခိုင်းသည်ပင်။
ဖုန်းယွီက အတင်းပြုံးပြီးနောက် အနီရောင်စာအိတ်ထဲကို သိမ်းထားလိုက်သည်။ သူက ကျေးဇူးတင်ပါသည်ဟု ရေရွတ်လိုက်သည်။ သူက အဆင်မပြေဖြစ်နေသည်။ သူက ယွမ်တစ်ဆယ်ယူရန်အတွက် ကျေးဇူးတင်ပါသည်ဟု ပြောရန် လိုအပ်သည်လော။
သူသည် အိမ်မှ လွတ်မြောက်လုဆဲဆဲတွင် တစ်စုံတစ်ယောက်က ဝင်လာပြန်သည်။ ထိုသူသည်လည်း ဖုန်းယွီကို မြင်သည့်အခါ ယွမ်တစ်ဆယ်ကို ထုတ်ကာ သူ့ရဲ့လက်ထဲ အတင်းတွန်းထည့်ပေးလိုက်သည်။
လာရောက်လာပတ်သူများက တစ်ယောက်ပြီးတစ်ယောက် လာရောက်လည်ပတ်ကြသည်။ တစ်နာရီအတွင်း ဖုန်းယွီသည် အန်ပေါင်းအဖြစ် ယွမ်ပေါင်းရာချီရပေသည်။ လာရောက်လာပတ်သည့် သူများအားလုံးသည် အန်ပေါင်းအဖြစ် ယွမ်တစ်ဆယ်တန် ပိုက်ဆံကို ပေးထားခဲ့ကြသည်။ နောက်ဆုံးတွင် ငြိမ်းအေးသွားပေသည်။ ဖုန်းယွီသည် သူ၏မျက်နှာကို နှိပ်နှယ်ပြီးနောက် ဆိုဖာပေါ်တွင် ပင်ပန်းစွာဖြင့် ထိုင်ချလိုက်တော့သည်။ လူများကို ဧည့်ခံရသည်က လွယ်ကူသည့်အရာမဟုတ်ပေ။ ဖုန်းယွီသည် ရူပဗေဒ တစ်နာရီစာအချိန်တစ်ချိန်ကို တက်ရခြင်းထက် ယင်းက ပိုပင်ပန်းသည်ဟုတောင် ခံစားနေရသည်။
“အဖေ ကျွန်တော် ဘာလို့ ဒီလူတွေကို မသိရတာလဲ ”
“အဲ့ဒီလူတွေက အဖေတို့စက်ရုံအတွက် အလုပ်လုပ်ပေးတဲ့လူတွေ၊ ငါ့အနေနဲ့ တစ်ချို့လူတွေ လာမယ်လို့တောင် လုံးဝမမျှော်လင့်ခဲ့ဘူး၊ အထူးသဖြင့် စုန့်တာလျန်းနဲ့ ကျန်းကွမ်းမင်၊ သားလည်း သူတို့အကြောင်းကို ကောင်းကောင်းသိတာပဲ၊ သူတို့တွေက အစောကြီး ရွာကနေ အဖေတို့ဆီလာလည်တယ်၊ အဖေ့အထင်တော့ သူတို့တွေက အဖေတို့နှစ်သစ်ကူးရွာကို သွားလည်တဲ့အချိန်ကျရင် တစ်စုံတစ်ခု သူတို့ကို ပြန်ပေးမယ်လို့ မျှော်လင့်နေတဲ့ပုံပဲ ”
ဖုန်းရှင်းထိုက်က သူ့ခေါင်းကို ခါရင်းပြောလိုက်သည်။ ထိုအရှက်မရှိသည့် တေလေဂျပိုးနှစ်ယောက်သည် အရှက်မဲ့စွာဖြင့် စက်ရုံမှ ပဲပိစပ်ဆီများကို အကြိမ်များစွာ ချေးယူကာ တစ်ခါမှလည်း ပြန်မပေးပေ။
ဖုန်းယွီသည်လည်း ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရသည်။ ထိုအရှက်မရှိသည့်လူများကို ဘာမှလုပ်နိုင်စရာမရှိပေ။ အကယ်၍ သူတို့ကို ဆူလိုက်ရင်တောင် သူတို့က လျစ်လျူရှုမည်ဖြစ်သည်။ အကယ်၍ သူတို့ကို ရိုက်လျှင် သူတို့သည် နေ့တိုင်းပြန်လာကာ လျော်ကြေးတောင်းမည် ဖြစ်ပေသည်။
ကျန်းမူဟွက စိတ်မချမ်းမသာဖြင့် မေးလိုက်သည်။
“ရှင်က ဘာလို့ ရှောင်ယွီကို သူမလိုချင်တဲ့ အန်ပေါင်းတွေကို အတင်းလက်ခံခိုင်းရတာလဲ၊ မနှစ်တုန်းက သူတို့တွေရဲ့ကလေးတွေကို ယွမ်ငါးဆယ် အန်ပေါင်းပေးခဲ့တာကို ရှင် မေ့သွားပြီလား၊ သူတို့တွေက အဲ့တာကိုတောင် နည်းနည်းလေး အကြောင်းပြနေတုန်းပဲ မဟုတ်ဘူးလား၊ ဒီနှစ်ကျ ရှင်က သူတို့ကို အနည်းဆုံးတော့ ယွမ်တစ်ရာစီပေးရတော့မယ် ”
ဖုန်းယွီက ထိုကဲ့သို့ အရင်က မတွေးမိခဲ့ပေ။ သို့သော် ကိစ္စမရှိပေ။ ယင်းက ယွမ်ထောင်ချီသာဖြစ်သည်။ ထိုပမာဏက သူ့၏မိသားစုအတွက် ဘာမှမဟုတ်ပေ။ ယခုနှစ်တွင် ဖုန်းယွီက သူ၏ဖခင်ကို ဒေသတွင်းရှိ ရဲစခန်းကို ထိုထက်ပိုပြီး များများလှူရန် တောင်းဆိုမည်ဖြစ်ပေသည်။
ဒေါက် ဒေါက် ဒေါက်… ။
တံခါးခေါက်သံ တဖန်ကြားလိုက်ရသည်။ ပြီးနောက် ဖုန်းယွီက ချက်ချင်းပင် ဆိုဖာပေါ်မှထကာ
“အဖေနဲ့အမေ ကျွန်တော် နှစ်သစ်ကူးအလည်အပတ် သွားလိုက်ဦးမယ်၊ ကျွန်တော့်အတွက် နေ့လည်စာတော့ နည်းနည်း ချန်ထားပေးဦး ”
ဖုန်းယွီက တံခါးကို ဖွင့်လိုက်ကာ ပျော်ရွှင်စရာနှစ်သစ်ပါလို့ ပြောရင်း ပြေးထွက်သွားသည်။ သူသည် လာရောက်လာပတ်သည့်သူ့ကို သူ့အားတားရန် ခွင့်မပြုပေ။
ထိုပုဂ္ဂိုလ်သည် အိမ်ထဲသို့ ဝင်လာပြီးနောက် ဖုန်းယွီကို မမြင်ပေ။ ပြီးနောက် စောစောက ပြေးထွက်သွားသည် ကလေးသည် ဖုန်းယွီဆိုတာကို သဘောပေါက်သွားသည်။ သူ၏မျက်နှာက နောင်တအနည်းငယ်ရနေသည်။ ဖုန်းရှင်းထိုက်၏သားက ဤနေရာတွင် ရှိမနေပေ။ သူ့အနေဖြင့် သူ့အား အန်ပေါင်းကို မပေးလိုက်ရပေ။ သူ့အနေဖြင့် ဖုန်းရှင်းထိုက်သည် သူ့ကလေးကို အန်ပေါင်းပြန်ပေးမည် မပေးမည်ဆိုတာလည်း မသေချာပေ။
အိမ်မှထွက်သွားပြီးနောက် ဖုန်းယွီက ဝမ်တုန်းကျွင်းအိမ်သို့ သွားကာ တံခါးခေါက်လိုက်သည်။
“မင်္ဂလာနှစ်သစ်ပါ ရှောင်ယွီ၊ မင်းရောက်လာပြီပဲ ဝင်ခဲ့ ”
ဝမ်တုန့်ကျွင်း၏အမေက ဖုန်းယွီကို မြင်သည့်အခါ အိမ်ထဲသို့ ဖိတ်လိုက်သည်။ သူသည် စွမ်းဆောင်ရည်ရှိသည့် သားတစ်ယောက်ရှိသော ဖုန်းရှင်းထိုက်ကို အလွန်အားကျနေပေသည်။
ဖုန်းယွီအိမ်ထဲသို့ ဝင်လိုက်သည့်အခါ ဆိုဖာပေါ်တွင် ထိုင်နေသည့်လူအချို့ကို သတိပြုမိသွားသည်။ သူတို့သည် စိုက်ပျိုးရေးဌာနနှင့် ဝမ်သဲကွမ်း၏တွဲဖက်များ ဖြစ်ပုံပေါ်သည်။ ဝမ်တုန့်ကျွင်းသည် ထောင့်တစ်ထောင့်တွင် ငြိမ်ငြိမ်ထိုင်နေ၏။ သူ ဖုန်းယွီကို တွေ့သည့်အခါ သူက ချက်ချင်းပင် ထရပ်လိုက်ကာ သူသည် နောက်ဆုံးတွင် လွတ်မြောက်သွားပြီ ဖြစ်ပေသည်။
ဧည့်သည်များသည် ဖုန်းယွီဝင်လာသည်ကို မြင်သောအခါ ပြန်ထွက်သွားကြသည်။ ဝမ်တုန့်ကျွင်း၏အမေသည်လည်း စက္ကူခွက်များကို အမှိုက်ထဲသို့ ပစ်လိုက်သည်။ အမှိုက်တောင်းထဲတွင် စက္ကူခွက်များစွာ ရှိနေပြီ ဖြစ်သည်။
သူမ၏ခင်ပွန်းသည် ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ကာ ငွေပိုရပြီး အာဏာပိုရှိလာသည်။ သူတို့သည် မချမ်းသာသေးပေ။ သို့သော် သူ့ခင်ပွန်းလုပ်ကိုင်ရသည့် တာဝန်များသည် ပိုပြီးများပြားလာသည်။ သူမ၏ခင်ပွန်းသည် လက်ဆောင်တစ်ခုမှ မရခဲ့ပေ။ ဧည့်သည့်များကို ဧည့်ခံနေရဆဲပဲဖြစ်သည်။ စက္ကူခွက်များသည် ငွေများစွာ ကုန်ကျစေသည်။
ဖုန်းယွီက ဝမ်သဲကွမ်းကို နှုတ်ဆက်ပြီးနောက် ဝမ်တုန့်ကျွင်းကို အပြင်ကို ဆွဲခေါ်လာတော့သည်။ ဝမ်တုန့်ကျွင်းသည်လည်း ဖုန်းယွီနှင့်အတူတူပင် ဖြစ်သည်။ သူသည် မနက်စောစောပိုင်းကတည်းက အိမ်တွင် ပိတ်လှောင်ခံနေရတာ ဖြစ်သည်။ သို့သော် ကွဲပြားခြားနားသည့်အရာတစ်ခုက ဖုန်းယွီ၏အမေသည် သူ့ကို အပြင်ထွက်ရန် ခွင့်ပြုပြီး ဝမ်တုန့်ကျွင်း၏အမေသည် သူ့ကို အပြင်သို့ မသွားစေချင်ပေ။ ဝမ်သဲကွမ်းအိမ်သို့ လာရောက်ပတ်သည့်သူများသည် လက်ဗလာဖြင့် ဖြစ်ကြကာ သူတို့သည် အနည်းဆုံးတော့ သူ့သားကို အန်ပေါင်းတစ်ထုပ် ပေးသည်ပင်။
ဝမ်တုန့်ကျွင်းသည် အထက်တန်းကျောင်းတက်နေဆဲဖြစ်ကာ အန်ပေါင်းရသည့်အတွက် ပျော်ရွှင်နေတော့သည်။ သို့သော်ငြား သူသည် သူ့အမေပြောတာကို နားထောင်နေရဆဲ ဖြစ်သည်။ အကယ်၍ ဖုန်းယွီကြောင့်သာ မဟုတ်ပါက သူသည် အိမ်တွင်သာ ရှိနေဆဲဖြစ်ကာ အန်ပေါင်းများကို စုဆောင်းရမည်ပင် ဖြစ်ပေသည်။
“ဒီနှစ်နှစ်သစ်ကူးကလည်း အဓိပ္ပာယ်လုံးဝမရှိဘူး၊ ငါတို့တွေ ရေခဲငါးဖမ်းထွက်ဖို့လည်း ခွင့်မပြုဘူး၊ ပြီးတော့လည်း အမဲလိုက်လည်း မထွက်ရဘူး၊ သေနတ်တွေ အကုန်လုံးကလည်း ဒီနှစ်အစောပိုင်းကတည်းက အသိမ်းခံလိုက်ရတယ်၊ ငါတို့တွေရဲ့ အတန်းဖော်ဟောင်းတွေဆီ သွားလည်ရင်ရော ဘယ်လိုလဲ ”
ဝမ်တုန့်ကျွင်းသည် ပျင်းရိနေသည်။ သူသည် ကျောင်းကိုသာ ပြန်သွားချင်တော့သည်။
ထိုညီအစ်ကိုနှစ်ယောက်သည် လျိုခွင်ကို သွားရှာကြသည်။ လီနသည် သူမ၏ မွေးရပ်မြေသို့ သူမ၏မိဘများနှင့်အတူလည်ရန်အတွက် သွားခဲ့သည်။ လျိုခွင်၏အိမ်သည်လည်း သူတို့သုံးယောက် ပျင်းသည်ဟု ခံစားရဆဲဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် တခြားအတန်းဖော်တစ်ယောက်၏အိမ်ကို သွားရန် အကြံပေးလိုက်သည်။ ပြီးနောက် သူတို့လေးယောက်ဖြစ်ပါက ထိုနည်းလမ်းဖြင့် သူတို့ ပိုကာကစားနိုင်မည် ဖြစ်သည်။
အတန်းဖော်အောက်တွင် တံခါးကို ဖွင့်လိုက်သည့်သူက မိန်းကလေးတစ်ဦးဖြစ်သည်။ ထိုမိန်းကလေးသည် အလယ်တန်းကျောင်းက သူတို့၏အတန်းဖော်ပင် ဖြစ်သည်။ သူမသည် သူတို့သုံးယောက်ကို ခေါ်သောအခါ သူမထိတ်လန့်သွားပေသည်။ ထိုသူသုံးယောက်လည်း အလွန် ထိတ်လန့်နေ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် ကလေးတစ်ယောက်ကို ချီထားကာ သူမ၏ အိမ်တွင်တောင် ဝတ်စားထားသည့်အတွက်ပင်။
“အချစ်လေး၊ ဘယ်သူလာတာလဲ ”
အိမ်ထဲမှ တစ်စုံတစ်ယောက်က မေးလိုက်သည်။
“အဲ့တာက လျိုခွင်နဲ့ ကျန်တဲ့သူတွေ၊ အထဲဝင်ပါဦး ”
မိန်းကလေးအတန်းဖော်က သူတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
အချစ်ကလေးလား။
ဖုန်းယွီနှင့် အခြားနှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့သည် ကျောင်းတွင် မရင်းနှီးပေ။ ယခုတွင် သူတို့က လက်ထပ်ပြီး ကလေးတစ်ယောက်တောင် ရနေပြီလော။ မဖြစ်နိုင်တာ။ သူတို့နှစ်ယောက်လုံးက အလွန်ငယ်ရွယ်လွန်းပေသည်။
အိမ်ထဲတွင် သူတို့သုံးယောက်သည် တခဏကြာထိုင်ပြီးနောက် ပြန်ထွက်သွားသည်။ မထွက်သွားခင် ဖုန်းယွီက အတန်းဖော်မိန်းကလေးသူငယ်ချင်းကို ယွမ်သုံးဆယ်ပေးလိုက်ကာ ယင်းသည် သူတို့ကလေးအတွက် အန်ပေါင်းဖြစ်ကြောင်းကို ပြောလိုက်သည်။ ဂျူနီယာအထက်တန်းကျောင်းမှ ကျောင်းဆင်းပြီးနောက် ထိုအတွဲသည် ဘာမှလုပ်စရာမရှိဘဲ အချင်းချင်း စတင်ကစားကြပေသည်။ မကြာခင်တွင် သူတို့ ချိန်းတွေ့ကြသည်။ ပြီးနောက် မိန်းကလေးသည် ကိုယ်ဝန်ရလာသည်။ ထိုခေတ်အခါက ကိုယ်ဝန်ဖျက်ချခြင်းသည် ကြီးလေးသည့်ကိစ္စတစ်ရပ်ဖြစ်သည်။ အကယ်၍ ဒုတိယကလေးဖြစ်ပါက ဆေးရုံသည် ကိုယ်ဝန်ဖျက်ချခြင်းကို ကောင်းကောင်းပြုလုပ်ပေးမည် ဖြစ်သည်။ သို့သော် ဆေးရုံအများစုသည် ပထမကလေးဖြစ်ပါက လုပ်မပေးကြပေ။
မိသားစုနှစ်ဖက်စလုံးက ဆွေးနွေးပြီးနောက် ထိုအတွဲကို လက်ထပ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် လက်ထပ်မှတ်ပုံတင်ရန်အတွက် အရွယ်မရောက်သေးပေ။ သူတို့သည် ရိုးရိုးရှင်းရှင်း အခမ်းအနားတစ်ခု ကျင်းပကာ အတူတူ စနေတော့သည်။ သူတို့ သတ်မှတ်ထားသည့်အသက်ရောက်လာကာမှ သူတို့၏လက်ထပ်မှုကို တင်ကြမည်ဖြစ်ပေသည်။ ယခုလက်ရှိတွင် ထိုအတွဲသည် လယ်ကွင်းများထက်တွင် အလုပ်လုပ်လျက် ဘဝကို ရုန်းကန်နေရသည်။
ဖုန်းယွီနှင့် ကျန်သည့်နှစ်ယောက်သည် အတန်းဖော်အချို့၏အိမ်သို့ သွားလည်ကြကာ သူတို့၏ဘဝများသည် ဂျူနီယာအထက်တန်းကျောင်းမှ ကျောင်းရပ်လိုက်သည့် သူတို့အတန်းဖော်များ၏ဘဝနှင့် လွန်စွာကွဲပြားခြားနားခြင်း ရှိနေကြောင်း သတိပြုမိသွားသည်။ သူတို့တွင် ဘာမှဆွေးနွေးပြောဆိုစရာ အကြောင်းမရှိပေ။
အဆုံးတွင် သူတို့သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အတန်းဖော်တစ်ယောက်နှင့် တွေ့သွားကာ သူတို့လေးယောက် အချိန်တခဏကြာ ပိုကာ ကစားနေတော့သည်။
သူတို့နေ့လည်ခင်းတွင် ပြန်သွားသည့်အခါ ဝမ်တုန့်ကျွင်းက သက်ပြင်းချလိုက်သည်။
“ငါ နှစ်သစ်ကူးကို မကြိုက်တော့ဘူး”