← Chapters

ဒလက်မဲ့ပန်ကာ

Vol. 13 Ch. 191

ဒလက်မဲ့ပန်ကာ

Vol. 13 Ch. 191

ဖုန်းယွီသည် နှစ်သစ်ကူးပြီး ဆယ်ရက်မြောက်နေ့တွင် ဘင်းမြို့တော်သို့ ပြန်သွားခဲ့သည်။ သူသည် အိမ်တွင်းပျင်းသည်ကြောင့်မဟုတ် လီရှစ်ရုံနှင့် ဟိုဟိုက်ထောင်တို့သည် သူ့ကိုပြန်ခေါ်ခဲ့သည့် အတွက်ပင်။ ဟိုဟိုက်ထောင်က သူ့အား ဒလက်မဲ့ပန်ကာ၏ ပထမဦးဆုံး နမူနာပုံစံက အဆင့်သင့် ဖြစ်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

ဖုန်းယွီထိုသတင်းကို ကြားသည့်အခါ ပျော်ရွှင်မှုကြောင့် ထခုန်မိသည်။ ထိုဒလက်မဲ့ပန်ကာသည် ထိုက်ဟွကုန်သွယ်ရေး၏ ရွှေငန်းပင် ဖြစ်ပေသည်။ အကယ်၍ ထိုဒလက်မဲ့ပန်ကာသည် ရေနွေးငွေ့စက် ရောင်းအားကို မမှီလျှင်တောင် အမြတ်ရရှိသည့် ပမာဏသည် မြင့်ကာ ပလက်စတစ် ပန်ကာများထက် ပိုရမည်ဖြစ်ပေသည်။ ယင်းဒလက်မဲ့ပန်ကာကို နိုင်ငံခြားသို့ တင်ပို့ကာ နိုင်ငံခြားဝင်ငွေများလည်း ရနိုင်ပေသည်။ သူသည် မူပိုင်ခွင့်တင်ပြီးနောက် တုပထုတ်ကုန်များကိုလည်း သူစိုးရိမ်ရန် မလိုအပ်ပေ။

ထိုအချိန်တွင် အဲယားကွန်းများသည်လည်း အရမ်းနာမည် မကျော်ကြားသေးပေ။ ပြီးနောက် ဈေးနှုန်းများသည်လည်း အလွန်မြင့်ပေသည်။ ထို့ပြင် ကွန်ပရက်ဇာ၏ ဆူညံသံများက အလွန်ဆိုးလွန်းကာ ရေလည်းကျသေးသည်။ ထိုအရာသည် အလွန်ကြီးမားပေသည်။

အဲယားကွန်းတစ်ခုသည် ယွမ်ထောင်ပေါင်းများစွာ ပေးရကာ တပ်ဆင်ခအတွက်လည်း နောက်ထပ် ယွမ်ထောင်ချီသုံးရန် လိုအပ်ပေသည်။ အစိုးရအေဂျင်စီများသာ အဲယားကွန်းများကို တပ်ဆင်နိုင်ပေသည်။ ပုဂ္ဂလိကပိုင် ကုမ္မဏီများသည် ထိုအဲယားကွန်းများကို တပ်နိုင်စွမ်း မရှိကြပေ။ သို့ရာတွင် လျှပ်စစ်ရရှိမှုနှင့် ပတ်သတ်၍လည်း ကန့်သတ်ချက်လည်း ရှိပေသေးသည်။ နေရာများစွာတွင် အဲယားကွန်းကို ဖွင့်လိုက်သည်နှင့် ဖြူးပျက်သွားသည်ပင်။

လျှပ်စစ်ပန်ကာကတော့ ကွဲပြားခြားနားသည်။ ပန်ကာများသည် အခန်းတွင် အပူချိန်ကို လျော့ချရန်အတွက် အကောင်းဆုံး အိမ်သုံးလျှပ်စစ် ပစ္စည်းအဖြစ် ရှိနေသေးဆဲဖြစ်ကာ ယင်းသည် နောက်နှစ်များစွာတိုင် ဆက်ရှိနေမှာပဲ ဖြစ်သည်။ ဖုန်းယွီ၏ ဒလက်မဲ့ပန်ကာသည် ငွေကြေးကြွယ်ဝသော ဈေးကွက်ကို အဓိကထားသည်။ ယင်းက ရေနွေးငွေ့စက်နှင့် အတူတူပင် ဖြစ်သည်။ သို့သော် ဒလက်မဲ့ပန်ကာသည် ရေနွေးငွေ့ထက်တောင် အဆင့်က ပိုများမည် ဖြစ်ပေသည်။ ပြည်ပဈေးကွက်တွင်လည်း အတူတူပင် ဖြစ်ပေသည်။ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုရှိ ကြွယ်ဝချမ်းသာသူ အများအပြားသည် ဆန်းသစ်တီထွင်ပြီး နည်းပညာမြင့်သည့် ထုတ်ကုန်များကို နှစ်ခြိုက်ကြသည်။ သူတို့နှစ်ခြိုက်သမျှ သူတို့များများပေးရလည်း စိတ်ထဲထားမည် မဟုတ်ပေ။

ဖုန်းယွီက သူ၏မိဘများကို ဘင်းမြို့တော်သို့ သွားမည့်အကြောင်းကို ပြောခဲ့သည်။ သူသည် ဘင်းမြို့တော်၏ အိမ်ကိုတောင် မသွားဘဲ ချက်ချင်းပင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသို့ အပြေးလာခဲ့သည်။

လီရှစ်ရုံသည်လည်း ထိုစက်ရုံတွင် ရောက်နေပြီးဖြစ်ကာ ဟိုဟိုက်ထောင်၏ ရုံးခန်းတွင် လက်ဖက်ရည် သောက်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ စက်ပစ္စည်းစက်ရုံသည် ဒလက်မဲ့ပန်ကာ ထုတ်လုပ်ရာတွင် ကန်ထရိုက်တာအဖြစ် စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။ ပန်ကာဘယ်လောက်ထုတ်ထုတ် သူကငွေရမည်ပင် ဖြစ်သည်။

ထပ်ပြောရပါက ထိုနှစ်တွင် သတင်းကောင်းများလည်း ရှိသေးသည်။ စက်ပစ္စည်းစက်ရုံသည် လျှိုမြောင်သုံးသွယ်ဆည် ပရောဂျက်မှ အမှာစာငါးခုအနက် သုံးခုကို ရခဲ့သည်။ ထိုအော်ဒါသုံးခုနှင့်တောင် စက်ပစ္စည်း စက်ရုံအနေဖြင့် နောက်နှစ်များစွာအထိ အကျိုးအမြတ် ရမည်ပင် ဖြစ်သည်။

လျှိုမြောင်သုံးသွယ်ဆည် ပရောဂျက်၏ အရွယ်အစားနှင့် အတိုင်းအတာကြောင့် စက်ပစ္စည်းစက်ရုံ၏ နာမည်သည်လည်း အများကြီး တိုးလာမည်ဖြစ်ကာ သူတို့အနေဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ဂျနရေတာ ထုတ်လုပ်သူ ဖြစ်လာမည်ပင်။ နောက်ထပ်နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူတို့သည် အာရှ၏ အကြီးဆုံး ဂျနရေတာ ထုတ်လုပ်သူများ ဖြစ်လာမည်ပင်။

လွန်ခဲ့သည့်(၂)နှစ် စက်ပစ္စည်းစက်ရုံ အရှုံးပေါ်နေရာမှ ယခုကဲ့သို့ တိုးတက်ကြီးပွားသည့် စက်ရုံအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ လီရှစ်ရုံ၏ ဉာဏ်ရှိမှုကြောင့်ပင် ဖြစ်ပေသည်။ သူသည် ထို(၂)နှစ်အတွင်း ရာထူးတိုးမည်ပင် ဖြစ်သည်။

ဖုန်းယွီဝင်လာသည့်အခါ လီရှစ်ရုံကပြုံးကာ ဖုန်းယွီကို မင်္ဂလာနှစ်သစ်ပါလို့ ဆုတောင်းမေတ္တာ ချွေလိုက်သည်။ ဖုန်းယွီသည်လည်း အပြန်အလှန် နှုတ်ဆက်ပြီးနောက် နမူနာပုံစံကို မြန်မြန်သာ မေးလိုက်တော့သည်။

“ဟား ဟား ဟား ဟား အရမ်းကြီးလောဖို့ မလိုအပ်ပါဘူး။ ငါအဲ့ဒါကို သွားယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီးပြီ။ ထိုင်ပြီးတော့ လက်ဖက်ရည်လေး သောက်ပါအုံး။ ငါအဲ့ဒီပန်ကာကို စမ်းသပ်ပြီးပြီ။ လေကလည်း အရမ်းသန်ပါတယ်။ သာမာန်ပန်ကာတွေထက် ပိုပြီးသက်တောင့်သက်သာ ရှိတယ်။ မင်းရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလည်းဆိုတာ ငါသိချင်မိပါရဲ့။ ငါတို့စက်ရုံထဲမှာ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ သူတို့ထဲမှ တစ်ယောက်မှ ဒီလိုမျိုးအရာကို မစဉ်းစားနိုင်ကြဘူး။ ”

ဟိုဟိုက်ထောင်က ပြောလိုက်သည်။

ဖုန်းယွီက ဆိုဖာပေါ်တွင်ထိုင်ကာ ပြောလိုက်၏။

“အဲ့ဒါကကံလေ ကံ ကံ ” သူ၏မျက်နှာထက်တွင် ငါကပါရမီရှင်လေဟူသည့် စကားလုံး ပေါ်နေသည့်အလားပင်။

လီရှစ်ရုံက ရယ်လိုက်ကာ

“ဒါရိုက်တာဟို သူ့ကိုအမွှန်းတင်မနေနဲ့။ သူ့ကိုချီးမွန်းလို့ ခင်ဗျားကို တစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူး။ တစ်ခါတစ်ရံမှာ ဒီကောင်စုတ်လေးက အရမ်းရက်ရောတယ်။ တစ်ခါတစ်လေကျတော့လည်း သူကအရမ်းကို ကပ်စေးကုပ်တယ်။ ”

သူတို့သုံးယောက်လုံးက ပြောဆိုနေကြသည်။ ပြီးနောက် ဟိုဟိုက်ထောင်၏ အတွင်းရေးမှူးသည် စက်ပစ္စည်းအကြီးကြီး သယ်ဆောင်လာသည့် လူနှစ်ယောက်နှင့်အတူ ရုံးခန်းထဲသို့ ဝင်လာသည်။

ဘုန်း

သူတို့သည် ထိုစက်ကို ကြမ်းပြင်ပေါ်တွင် ချလိုက်သည့်အခါ ကြားလိုက်ရသည့် ကျယ်လောင်သည့်အသံပင် ဖြစ်ပေသည်။

ဖုန်းယွီက ထိုအရာကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ ဒီကြီးမားသည့်အရာက ဒလက်မဲ့ပန်ကာ၏ အောင်မြင်တဲ့ နမူနာပုံစံလော။ ထိုရူးလောက်စရာ ထုတ်ကုန်က သူတွေးထားသည်ထက်ပင် အဆပေါင်းများစွာ ကြီးနေကာ အဘယ့်ကြောင့် သံထည်တွေနဲ့ပဲ ဖြစ်နေရသနည်း။ ထိုအရာသည် အနည်းဆုံး ငါးဆယ်ကီလို လေးမည်ဖြစ်သည်။ မည်သည့်အိမ်တွင်းသုံး ပန်ကာသည် ထိုမျှအလေးချိန် ရှိမည်နည်း။ ငါကသူတို့ကို ပလက်စတစ်နဲ့ အသုံးပြုဖို့ ညွှန်ကြားခဲ့တာ မဟုတ်ဘူးလား။

ဖုန်းယွီသည် ရူးချင်သွားတော့သည်။ ထိုအရာအတွက် သူ့အားခေါ်လိုက်သည်လော။ ဘယ်အရူးက ထိုကဲ့သို့သော ရူးနှမ်းသည့်အရာမျိုးကို ဝယ်မည်နည်း။ အကယ်၍ သူသည် ထိုထုတ်ကုန်ကို ဈေးကွက်သို့ တင်ပို့သည့်အခါ လေနှင့်မိုးနှင့် ထိုက်ဟွကုန်သွယ်ရေးသည် တစ်နိုင်ငံလုံး၏ ဟားတိုက်ခြင်းကို ခံရမည်ပင်။

“ဒါရိုက်တာဟို ဒါကခင်ဗျားပြောတဲ့ အောင်မြင်တဲ့ နမူနာ ပုံစံကြီးလား။ ”

ဖုန်းယွီက ဟိုဟိုက်ထောင်ဆီ လွှတ်လိုက်သည်။ သူသည် အောင်မြင်သည့်ဆိုသော စကားလုံးကို ကျယ်ကျယ်ပြောလိုက်သည်။ သူကထိုကဲ့သို့သော ရူးနှမ်းသည့် ပစ္စည်းမျိုးကို အောင်မြင်သည့် နမူနာပစ္စည်းဟု ပြောရဲသည်လော။ ဖွံ့ဖြိုးရေး အသုံးစရိတ်က ဒီပစ္စည်းကို ထုတ်လုပ်ဖို့အတွက် ဘယ်လောက်ကုန်ကျခဲ့သနည်း။

သူ့အနေဖြင့် ဟိုဟိုက်ထောင်နှင့် စကားပြောရတော့မည့်ပုံ ပေါက်သည်။ ဖုန်းယွီသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် ကောင်းကောင်း အသုံးချခဲ့သည်။ သို့သော်ငြား သူကလူအတစ်ယောက် ဖြစ်မည်ဟု လုံးဝမရည်ရွယ်ခဲ့ပေ။

ဟိုဟိုက်ထောင်က ခဏကြာ ရပ်နေလိုက်ကာ နောက်မှ ဟားကနဲတိုက်ကာ ရယ်လိုက်တော့သည်။

“မင်းကဒီအရာအကြောင်းကို ပြောနေတာလား။ တကယ်လို့ဒါက နမူနာပစ္စည်းဆိုရင် ဘာကြောင့် ငါမင်းကိုဒီကို ခေါ်မှာလဲ။ ဒါကငါတို့တည်ဆောက်ထားတဲ့ ပထမဦးဆုံး နမူနာပုံစံ မင်းပြောတဲ့အရာတွေနဲ့ တထေရာထဲပဲ။ အဲ့ဒီမှာ ရှောင်လျိုကိုင်ထားတာကမှ တကယ့် နမူနာပုံစံ။ ”

ဖုန်းယွီက လှည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

အတွင်းရေးမှူးလျိုသည် ရှစ်ဆယ်စင်တီမီတာ အမြင့်ရှိသော အရာဝတ္ထုတစ်ခုကို ကိုင်ထားသည်။ အပြင်ပိုင်းသည် ဖုန်းယွီသူအရင်ဘဝက မြင်ခဲ့ဖူးသည့် ဒလက်မဲ့ပန်ကာနှင့် တူပေသည်။ ကွဲပြားခြားနားသည့် အရာတစ်ခုက အောက်ခုံသည် အလွန်ရုပ်ဆိုးပေသည်။ ထိုအရာကို ပြန်လည်ဒီဇိုင်း ဆွဲပြီးနောက် ထိပ်ပိုင်းသည်လည်း သူမြင်ခဲ့ဖူးသည့် ဒလက်မဲ့ပန်ကာနှင့် တထေရာထဲ တူမည်ဖြစ်ပေသည်။

“အဲ့ဒီပထမဦးဆုံး နမူနာပုံစံက မင်းကိုနှိုုင်းယှဉ်ဖို့အတွက်ပဲ။ တကယ်လို့ မင်းငါတို့ကို သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေအတွက် တစ်ခြားနေရာမှာ သုံးတယ်လို့ စွပ်စွဲမှာစိုးလို့။ ”

ဖုန်းယွီက ရယ်လိုက်ကာ

“ဒါရိုက်တာဟို ဒါကကျွန်တော်တို့ အလုပ်လုပ်တာ ပထမဦးဆုံးအကြိမ်မှ မဟုတ်တာ။ ဘာကြောင့် ကျွန်တော်က ခင်ဗျားကို မယုံဘဲ နေရမှာလဲ။ ကျွန်တော် အစောပိုင်းတုန်းက ခင်ဗျားကိုဟာသလုပ်ခဲ့တာလို့ ခင်ဗျားမပြောနိုင်ဘူး မဟုတ်ဘူးလား။ ”

ဖုန်းယွီသည် သူ့နှလုံးသားထဲတွင် တွေးတောနေသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ရဲ့ ကုန်ကျငွေကို မင်းမှားယွင်းစွာ မတင်ပြဝံ့ဘူးမလား။ ဒါပေမဲ့ မေ့လိုက်ပါတော့။ တကယ်လို့ အမှားအယွင်းတွေ တင်ပြရင်တောင်မှ ဒီသုတေသန အပြင်အဆင်က နိုင်ငံခြားကထက်တော့ ဈေးချိုနေတုန်းပဲ။ ထပ်ပြောရလျှင် ဖုန်းယွီသည် ဟိုဟိုက်ထောင်နှင့် ကောင်းမွန်သည့် အဆက်အသွယ် ရှိစေချင်သည်။ သူသည် တမင်တကာ မမြင်ကွယ်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

“ဒီလောက်ဆို ရှင်းပြတာ လုံလောက်ပါပြီ။ ထွက်လာတဲ့ ရလဒ်ကို ကြည့်ရအောင်။ ”

ဟိုဟိုက်ထောင်သည် သူ၏လက်ကို ယမ်းပြလိုက်သည်။ ပြီးနောက် အတွင်းရေးမှူးလျိုသည် ပန်ကာကိုဖွင့်လိုက်သည်။ နူးညံ့သိမ်မွေ့သော လေညှင်းကို ခံစားရ၏။

ဖုန်းယွီသည် ပန်ကာ၏အရှေ့တွင် ရပ်လိုက်ကာ သူကနောက်သို့ ဖြေးဖြေးချင်း ဆုတ်လိုက်သည်။ သူသည် ပန်ကာနှင့် သုံးမီတာအကွာထိ ရောက်သည့်တိုင် သူသည် လေကို၏ခံစားနေရဆဲ ဖြစ်သည်။ ပန်ကာရှိလေသည် လေအားက တည်ငြိမ်ပြီးတော့ သက်တောင့်သက်သာ ဖြစ်စေတယ်။ အဲ့ဒါက သဘာဝလေအတိုင်းလို ခံစားရသည်။

“လုံခြုံမှုအပိုင်းကရော ဘယ်လိုလဲ။ ”

ဖုန်းယွီက အတွင်းရေးမှူးလျိုကို မေးလိုက်သည်။

အတွင်းရေးမှူးလျိုသည် ဘာမှမပြောပေ။ သူသည် သူ၏ခေါင်းကို အဝိုင်းသဏ္ဍာန်ရှိ စလင်ဒါပန်ကာ၏ ထိပ်တွင် သူ့ခေါင်းကို စွပ်လိုက်ကာ စလင်ဒါ၏ အတွင်းပိုင်း မျက်နှာပြင်များကိုလည်း ထိလိုက်သည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်၏။ အလက်ထရစ် လျှပ်စစ်စိမ့်သွားခြင်းမရှိ မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းကိုမှ ဒဏ်ရာမရစေပေ။ ယင်းသည် ပုံမှန်လျှပ်စစ် ပန်ကာများထက် ပိုပြီးအန္တရာယ်ကင်းသည်။

“လျှပ်စစ်သုံးစွဲမှုကရော ”

“(၆၀)ဝက် ”

အတွင်းရေးမှူးသည် ဂုဏ်ယူစွာဖြင့် ပြန်ပြောသည်။

ဈေးကွက်ထဲရှိ ပလက်စတစ် ပန်ကာများသည် (၃၀)ဝက်မှ (၄၀)ဝက်သာ အများဆုံးဖြစ်သည်။ ပြီးနောက် ထိုဒလက်မဲ့ပန်ကာသည် (၆၀)ဝက်သာ သုံးစွဲခြင်းဖြစ်သည်။ ဝက်(၁၀၀)အားစွဲသည့် သာမာန်သတ္တု ပန်ကာများနှင့် နှိုင်းယှဉ်ပါက ယင်းသည် ကြီးမားသည့် အောင်မြင်မှုအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။

ဖုန်းယွီက မပျော်ရွှင်ပေ။ သူက ဟိုဟိုက်ထောင်ဘက်ကို လှည့်ကာမေးလိုက်သည်။

“မော်တာရဲ့ ပါဝါစားနှုန်းကို လျော့ချလို့ မရဘူးလား။ တကယ်လို့ လျော့ချလိုက်ရင် လေနှုန်းကို သက်ရောက်မှု ရှိသလား။ ”

“ဟုတ် ငါတို့လျော့ချလို့ ရပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် သုတေသန ပြုလုပ်ဖို့ ရံပုံငွေတွေ ပိုလိုအပ်လိမ့်မယ်။ ”

ဟိုဟိုက်ထောင်သည် ဖုန်းယွီကို ပြောလိုက်သည်။ ယင်းက သူလိုချင်သည့် အရာဖြစ်သည် ဆိုသည်မှာ ပေါ်လွင်နေသည်။ ငါ့ကိုပိုက်ဆံပေး။ ငါဒီပန်ကာကို ဖွံ့ဖြိုးတိုးတက်မှု ဆက်လုပ်ပေးမယ်။

ဖုန်းယွီအမှတ်ရသည်က သူ၏အရင်ဘဝရှိ ဒလက်မဲ့ ပန်ကာများသည် (၄၀)ဝက်သာ စားသည်။ ယင်းက လျှပ်စစ်သုံးစွဲမှုကို အတော်ပင် လျော့ချပေးသည်။ တကယ်တွင် (၆၀)ဝက်သည်လည်း အဆင်ပြေသည်။ သို့သော်ငြား တိုးတက်မှုရှိရန် လိုအပ်ပေသည်။ သူ့အနေဖြင့် ကြိုးစားရမည်ပင်။ လျှပ်စစ်စားမှုသည် ပန်ကာ၏ ရောင်းအား အချက်တစ်ချက်ပင် ဖြစ်နိုင်ပေသည်။ ဖုန်းယွီသည် ဟိုဟိုက်ထောင် သုတေသန ပြုလုပ်ရန် ရံပုံငွေ ဘယ်လောက်ထပ်လိုချင်မှန်း သူမသိပေ။ ထိုပမာဏသည် လက်ခံနိုင်သည့်ပမာဏ ဖြစ်ပါက ကိစ္စမရှိပေ။ သူသည် ထိုလျှပ်စစ်သုံးစွဲမှုအား နည်းသည့် မော်ဒယ်ကိုသာ လိုချင်ပေသည်။

“ငါတို့တွေ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ငွေကြေးအခြေအနေကို နောက်ကျ ဆွေးနွေးလို့ ရပါတယ်။ ဒီပန်ကာရဲ့ သက်တမ်းကိုရော မင်းတို့စမ်းကြည့်ပြီးပြီလား။ ငါ့အနေနဲ့ ဝယ်ယူသူက ဒီပန်ကာကို ဒီနေ့ဝယ်ပြီး နောက်နေ့ပြန်ပို့မှာကိုတော့ မလိုချင်ဘူး။ ”

“ငါတို့အခု အဲ့ဒါကိုပဲ စမ်းသပ်နေတယ်။ တကယ်လို့ ရလာတဲ့အဖြေကို မင်းကိုအရင်ဆုံး ပြမှာပါ။ ဒီပန်ကာရဲ့ အပြင်ပိုင်းဒီဇိုင်းကို ပြောင်းအုံးမယ်လို့ မင်းမပြောခဲ့ဘူးလား။ ”

ဟိုဟိုက်ထောင်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ဈေးကွက်ထဲကို အပြစ်အနာအဆာရှိသည့် ထုတ်ကုန်ကို တင်ပို့လျှင် ဖြစ်လာမည့်အရာကို သူသိပေသည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ယင်းထုတ်ကုန်အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို တာဝန်ယူရကာ သူ့တွင်လည်း တာဝန်ရှိပေသည်။ လျော်ကြေးငွေသည် ပမာဏ နည်းနည်းလေး မဟုတ်ပေ။

ကောင်းပြီ ငါအပြင်ပိုင်းဒီဇိုင်းကို ဆွဲဖို့အတွက် တစ်ယောက်ယောက်ကို ခေါ်ခဲ့မယ်။ မင်းက စမ်းသပ်မှုတွေကို ဆက်ပြီးလုပ်ရုံပဲ။ အပြင်ပိုင်းဒီဇိုင်းက အဆင်သင့်ဖြစ်ပြီ ပြီးသွားပြီဆိုရင် ငါတို့တွေအနေနဲ့ မူပိုင်ခွင့် တက်တင်မယ်။ တကယ်လို့ မင်းရဲ့စမ်းသပ်မှုတွေက ပြီးသွားပြီဆိုရင် ငါတို့တွေက ထုတ်လုပ်မှုကို ချက်ချင်းစတင်နိုင်မယ်။ ငါတို့အနေနဲ့ ဒီတစ်ခေါက် ဒီပန်ကာက ဒီနှစ်ရဲ့ နွေရာသီအမှီကို ဈေးကွက်ထဲ ရောက်မှဖြစ်မယ်။

All Chapters