စက်ရုံသစ်အတွက် ပြောဆိုခြင်း
Vol. 13 Ch. 192
ဖုန်းယွီသည် နမူနာပုံစံကို မြင်သည့်အခါ စိတ်ကောင်းဝင်နေသည်။ သူကလျိုမီရှဲကို ထိုဒလက်မဲ့ ပန်ကာအတွက် ဒီဇိုင်းဆွဲရန် တောင်းဆိုပြီးဖြစ်သည်။ ပန်ကာ၏ ထိပ်ပိုင်းသည် လိုချင်သည့် အနေအထားတွင် ရှိနေပြီး အရွယ်အစားသည်လည်း များများစားစား မပြောင်းရပေ။ အဓိကဒီဇိုင်း အာရုံစိုက်ရမည့် နေရာသည် ပန်ကာ၏အောက်ခြေနှင့် အရောင်ပိုင်းပင် ဖြစ်ပေသည်။
လက်ရှိတွင် ဖုန်းယွီသည် အင်ဂျင်နီယာများကိုသာ လေအဝင်အထွက် နေရာနှင့် အပြင်ပိုင်းဒီဇိုင်းကိုသာ အပြီးသတ်ရန် ကျန်တော့သည်။ အတွင်းပိုင်း ဒီဇိုင်းအတွက်မူ သူ့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံရှိ အင်ဂျင်နီယာများထံတွင် ထားရက်နိုင်သည်။ ပန်ကာအတွင်းရှိ အစိတ်အပိုင်းများသည် သူ့အတွက် ဒီဇိုင်းဆွဲရန်က အလွန်ရှုပ်ထွေးလွန်းပေသည်။
ဖုန်းယွီပြောသည်ကို ကြားပြီးနောက် ဟိုဟိုက်ထောင်နှင့် လီရှစ်ရုံတိုသည့် ပျော်ရွှင်ကြပေသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် အောင်မြင်ပြီး လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းကို ရရှိမည် ဖြစ်ပေသည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ပန်ကာတစ်ခုရောင်းရတိုင်း (၁၃)ယွမ် ရမည်ဖြစ်သည်။ ယင်းက မများသော်ငြား အကယ်၍ အခုရေတစ်သောင်း တစ်နှစ်အတွင်း ရောင်းရပါက သူတို့၏ အကျိုးအမြတ်သည် ယွမ်တစ်သိန်းသုံးသောင်း ဖြစ်မည်ပင်။ စက်ပစ္စည်းစက်ရုံသည် ပန်ကာတစ်ခုအတွက် ယွမ်သုံးဆယ်အဖြစ် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသည်။ အကယ်၍ စက်ပစ္စည်းစက်ရုံသည် ထိုပန်ကာများကို ထုတ်လုပ်ရန်အတွက် အလုပ်ရုံသေးသေးလေး အသုံးပြုလျှင်တောင် တစ်လလျှင် အခုရေ တစ်သောင်းထက်ပိုပြီး ထုတ်လုပ်ဖို့က ပြဿနာရှိမည် မဟုတ်ပေ။
“မန်နေဂျာဖုန်း သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ထပ် ရံပုံငွေကရော ဘယ်လိုလဲ။ ”
ဟိုဟိုက်ထောင်က ဖုန်းယွီကို ကြည့်လိုက်သည်။
ဖုန်းယွီက လက်ယမ်းပြကာ ပြောလိုက်၏။
“တကယ်လို့ နောက်ထပ်ယွမ်တစ်သိန်း ပေးမယ်ဆိုရင်ရော လျှပ်စစ်သုံးစွဲမှု ပမာဏက (၄၀)ဝက်အောက် လျော့ရမယ်။ ပြီးတော့ လေအားကလည်း အတူတူပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ဒီပန်ကာကို စနစ်နှစ်ခု သုံးလို့ရအောင် လုပ်လို့ရနိုင်တယ်။ ဒီသုတေသန ပြီးဖို့အတွက် မင်းအနေနဲ့ အချိန်ဘယ်လောက်ကြာကြာ လိုအုံးမှာလဲ။ ”
ဟိုဟိုက်ထောင်က ယွမ်တစ်သိန်းဆိုသည်ကို ကြားသည့်အခါ သူကချက်ချင်းပင် ပြောလိုက်သည်။
“တစ်ပတ် ”
ဖုန်းယွီက ဟိုဟိုက်ထောင်ကို စိုက်ကြည့်နေသည်။ ယင်းသည် တစ်ပတ်အတွင်း ပြီးနိုင်သည်လော။ ချီးပဲ။ ငါအလှည့်စား ခံလိုက်ရပြီ။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ထိုသုတေသန ပြုလုပ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ သူတို့အနေဖြင့် လျှပ်စစ်အား သုံးစွဲမှုကိုလည်း (၄၀)ဝက်အောက် လျော့ချရန် လိုအပ်သည်။ သို့သော်ငြား သူသည် တမင်ကို ဖယ်ထုတ်ထားခြင်းပင် ဖြစ်သည်။ သူ့အနေဖြင့် ငွေပိုလိုချင်သည့်အတွက်ပင်။
ယင်းက ကိစ္စမရှိပေ။ ယွမ်တစ်သိန်းက သူ့အတွက် ထည့်တွက်စရာ ကိစ္စမဟုတ်ပေ။ အက်ထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် ရောက်ရှိသည့်အခါ ပိုက်ဆံပြန်ရမည် ဖြစ်ပေသည်။
“ဒါရိုက်တာလီ ဒီနည်းပညာပိုင်း စာရွက်စာတမ်းတွေက်ို တစ်ချက်ကြည့်လိုက်ပါ။ ခင်ဗျားရဲ့ စက်ရုံအနေနဲ့ ဘယ်လောက်ထုတ်လုပ် နိုင်မလဲ။ ပြီးတော့ ထုတ်လုပ်ရေးကို ဘယ်အချိန် စတင်နိုင်မလဲ။ ”
ဖုန်းယွီက မေးလိုက်သည်။
“ဒီစက်ပစ္စည်းတွေက ပြန်ပြီးတော့ တပ်ဆင်ရုံပဲ။ ပြီးတော့ ဒီမော်တာတွေကလည်း ရှုပ်ထွေးတာ မဟုတ်ဘူး။ ထုတ်လုပ်ရေးလမ်းကြောင်းကို နှစ်ပတ်အတွင်း ပြီးဖို့လိုအပ်ပါတယ်။ တကယ်လို့ ပလက်စတစ်စက်ရုံက ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းကို အမှီလိုက်နိုင်တယ် ဆိုရင်တော့ ကျွန်တော်အနေနဲ့ လတိုင်းလတိုင်း အခုရေတစ်ထောင် ထုတ်လုပ်နိုင်မယ်လို့ အာမခံရဲပါတယ်။ ”
လီရှစ်ရုံက လက်ချောင်းထောင်ပြလိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဖုန်းယွီက မျက်မှောင်ကြုတ်သွားသည်။ တစ်လအတွင်း အခုရေ တစ်ထောင်ပဲလော။ ထိုပမာဏ ဖုန်းယွီ၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိမနေကာ အလွန်နည်းလွန်းပေသည်။ ယင်းထုတ်လုပ်နိုင်သည့် ပမာဏသည် ပြည်ပပို့ရန် မဆိုထားနှင့် တရုတ်နိုင်ငံ၏ ဈေးကွက်တွင်တောင် လုံလောက်မှု ရှိမည်မဟုတ်ပေ။
“ဒါရိုက်တာလီ ခင်ဗျားရဲ့စက်ရုံက အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလား။ ဘာကြောင့် ထုတ်လုပ်နိုင်စွမ်းက အရမ်းကို နည်းရတာလဲ။ ”
လီရှစ်ရုံကပြုံးကာ
“ကျွန်တော်တို့စက်ရုံက အခုကပဲ လျှိုမြောင်သုံးသွယ်ဆည်ကနေပြီးတော့ အော်ဒါကြီးတစ်ခု ရထားတယ်။ ပြီးတော့ ရေအားလျှပ်စစ်ထုတ် စက်ရုံလေးတွေကရောပဲ။ ဒီအော်ဒါတွေက ဗဟိုကော်မတီနဲ့ ဒေသတွင်း အစိုးရတွေဆီက အဲ့ဒါတွေက နောက်ကျလို့ မရဘူး။ ”
ဖုန်းယွီက ထိုစကားကို ကြားသောအခါ သွေးနထင်တက်သွားသည်။ မင်းပြောတဲ့အဓိပ္ပာယ်က ငါ့ရဲ့ ဒလက်မဲ့ ပန်ကာတွေက နောက်ကျလို့ ရတယ်တဲ့လား။ မင်းရဲ့လက်ရှိ အချိန်နဲ့ဆိုရင် ပန်ကာတွေက နွေမှရောင်းချနိုင်မှာ။ အဲ့ဒီအခါကျရင်လည်း အခုရေ နှစ်ထောင်ကနေ သုံးထောင်ပဲရှိမှာ။ စီစီတီဗီမှာ ကြော်ငြာဖို့တောင်မှ မတန်ဘူး။
ဒလက်မဲ့ပန်ကာ၏ ဈေးကွက်သည် ရေနွေးငွေ့စက်၏ ဈေးကွက်ထက် ပိုကြီးပေသည်။ ဖုန်းယွီက ဖူကွမ်းကျန်းကိုလည်း ပြည်ပဈေးကွက်တွင် ရောင်းချချင်သည်။ ဖူမိသားစု၏ အရှေ့တောင်အာရှ ဥရောပ အမေရိကန်ပြည်ထောင်စု၏ ဈေးကွက်နှင့်ဆိုလျှင် အနည်းဆုံး ယခုနှစ်တွင် သိန်းချီရောင်းရမည် ဖြစ်သည်။ စက်ပစ္စည်းစက်ရုံ၏ ထုတ်လုပ်နှုန်းက ထိုဈေးကွက် ရယူမှုနှင့် လုံးဝကိုကိုက်ညီမှု မရှိတာဖြစ်သည်။
“ဒါရိုက်တာလီ ဒါကတော့ မဟုတ်ဘူးလေ။ ကျွန်တော်တို့တွေက လက်မှတ်ထိုးပြီးပြီ။ ”
ဖုန်းယွီက မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“မန်နေဂျာဖုန်း ကျွန်တော်မှာလည်း ရွေးချယ်စရာ မရှိဘူး။ ဒီလျှပ်စစ်ထုတ်လုပ်ရေးရုံတွေက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ပရောဂျက်တွေပဲ။ အဲ့ဒါတွေက နောက်ကျလို့ မရဘူး။ ကျွန်တော်က ရေနွေးငွေ့စက် ထုတ်လုပ်တဲ့ အလုပ်ရုံတစ်ရုံကိုတောင်မှ ပိတ်လိုက်ရတယ်။ ”
လီရှစ်ရုံက အကူအညီ မဲ့သည့်ပုံ ပေါက်နေသည်။
ဖုန်းယွီက ဟိုဟိုက်ထောင်ကို ကြည့်လိုက်ကာ
“ဒါရိုက်တာလီ ခင်ဗျားရဲ့ လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကရော ဒီဒလက်မဲ့ပန်ကာတွေကို ထုတ်နိုင်လား။ ကျွန်တော်ခင်ဗျားအတွက် တစ်ခုအတွက် (၃၅)ယွမ်ပေးမယ်။ ”
စက်ပစ္စည်းစက်ရုံသည် ပန်ကာတစ်ခုအတွက် ယွမ်သုံးဆယ်သာရကာ ဖုန်းယွီက လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို (၃၅)ယွမ်ဖြင့် ကမ်းလှမ်းလိုက်သည်။ လီရှစ်ရုံနှင့် ဟိုဟိုက်ထောင် နှစ်ယောက်စလုံးသည် ဖုန်းယွီဒေါသထွက်နေမှန်း သိပေသည်။ ဟိုဟိုက်ထောင်က တစ်ခဏကြာ စဉ်းစားပြီးနောက် သူ့စက်ရုံအနေဖြင့်လည်း ထိုပန်ကာများကို ထုတ်လုပ်ရန်အတွက် အလုပ်ရုံတစ်ခုကို လုပ်နိုင်သည်။ သို့သော်ငြား ထုတ်လုပ်နိုင်သည့် နှုန်းသည်က စက်ပစ္စည်းစက်ရုံနှင့် အတူတူပင်ဖြစ်သည်။ ဖုန်းယွီက စက်ပစ္စည်းစက်ရုံ၏ ထုတ်လုပ်နိုင်မှုနှုန်းကြောင့် မပျော်ရွှင်မှုနည်းကာ သူ့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကိုလည်း သူစိတ်ကျေနပ်နိုင်မည် မဟုတ်ပေ။
ဟိုဟိုက်ထောင်သည် သဘောမတူရသည့် အကြောင်းအရင်းမှာ အကျိုးအမြတ်က နည်းလွန်းသည်ကြောင့် မဟုတ် လီရှစ်ရုံနှင့် သူ၏ဆက်ဆံရေးကိုလည်း မပျက်စေချင်သည့် အတွက်ပင်။
“မန်နေဂျာဖုန်း ကျွန်တော်တို့ရဲ့ အလုပ်ရုံတွေက လူစွမ်းအား အရင်းအမြစ်တွေ လျော့တွက်နေတယ်။ ကျွန်တော်တို့တွေက လေယာဉ်တွေ ကားတွေ Vanတွေ ထုတ်ရတယ်။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားအတွက် လုပ်နိုင်ဆုံး အရာကတော့ ခင်ဗျားရဲ့ပန်ကာအတွက် အပိုအလုပ်ရုံတစ်ခု ထားဖို့ပဲ။ ဒါပေမဲ့လည်း အလုပ်သမားတွေက လောက်မှာမဟုတ်ဘူး။ ထုတ်လုပ်မှုနှုန်းကလည်း စက်ပစ္စည်း စက်ရုံလောက်တောင်မှ ရှိမှာမဟုတ်ဘူး။ ”
သူသည် ဖုန်းယွီကို စက်ပစ္စည်းစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းနှင့်ယှဉ်ကာ ပြောလိုက်သည်။
ဖုန်းယွီက လီရှစ်ရုံနဲ့ ဟိုဟိုက်ထောင်ကို ကြည့်လိုက်ကာ သူကရုတ်တရက် ထရယ်တော့သည်။ သူ၏ရယ်သံက လီရှစ်ရုံနှင့် ဟိုဟိုက်ထောင်ကို ထိတ်လန့်သွားစေသည်။ ဖုန်းယွီသည် ဘာများမှားသနည်း။ ယခုလက်ရှိတွင် ထုတ်လုပ်မှုအား နည်းကာ အဘယ့်ကြောင့်သူ ပျော်ရွှင်နေရသနည်း။
“ခင်ဗျားတို့ နှစ်ယောက်စလုံးအနေနဲ့ သုံးဦးဆိုင် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို သေသေချာချာ ကြည့်မကြည့်တော့ ကျွန်တော်လည်း မသေချာဘူး။ ဒါပေမဲ့ အဲ့ဒီစာချုပ်ထဲမှာ စည်းမျဉ်းစည်းကမ်း တစ်ခုရှိတယ်။ အဲ့ဒါက တကယ်လို့ ခင်ဗျားတို့ရဲ့ စက်ရုံနှစ်ရုံလုံးက ကျွန်တော်လိုချင်တဲ့ အရေအတွက်ကို မထုတ်လုပ်နိုင်ဘူးဆိုရင် ကျွန်တော်က ဒီစာချုပ်ကို ဖျက်သိမ်းပိုင်ခွင့်ရှိပြီးတော့ ခင်ဗျားတို့ နှစ်ယောက်စလုံးဆီကနေပြီးတော့ စာချုပ်လျော်ကြေးနှစ်ဆ ပြန်တောင်းယူလို့ရတယ်။ ”
ဘာ စာချုပ်ကို အဆုံးသတ်မှာလား။ လျော်ကြေးလား။
ဟိုဟိုက်ထောင်က မတ်တပ်ထရပ်လိုက်ကာ အော်လိုက်သည်။
“မန်နေဂျာဖုန်း စာချုပ်နဲ့ပတ်သတ်ပြီးတော့ တစ်ခုခုမှားတာ ဖြစ်လိမ့်မယ်။ ကျွန်တော်က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်နဲ့ နည်းပညာပိုင်း ပံ့ပိုးဆောင်ရွက်မှုအပိုင်းပဲ တာဝန်ရှိတာ။ လီရှစ်ရုံ တစ်ယောက်ထဲကပဲ ထုတ်လုပ်ရေးအတွက် တာဝန်ရှိတဲ့လူ။ သူတို့တွေက စာချုပ်ပါ အချက်အလက်တွေကို ပြည့်မှီအောင် မဆောင်ရွက်ပေးနိုင်ဘူး။ ပြီးတော့ ဒီကိစ္စက လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံနဲ့ ဘာဆိုင်လို့လဲ။ ”
လက်ရှိတွင် ဟိုဟိုက်ထောင်သည် လီရှစ်ရုံကို ဂရုမစိုက်တော့ပေ။ ရေနွေးငွေ့စက်၏ အကျိုးအမြတ်သည် လွန်စွာများပေသည်။ လတိုင်းလတိုင်း လေယာဉ်ထုတ်လုပ်သည့် စက်ရုံက သူပိုင်ဆိုင်သည့် ရှယ်ယာအလိုက် ငွေကြေးပမာဏ တော်တော်များများ ရပေသည်။ သူ့အနေဖြင့် စာချုပ်ကို ဘယ်လိုလုပ် အဆုံးသတ်နိုင်မည်နည်း။ ဖုန်းယွီက သူထံမှ လျော်ကြေးလိုချင်နေသည်လော။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ထုတ်လုပ်ရေးပိုင်းတွင် တာဝန်မယူထားပေ။ ပြီးနောက် သူတို့အနေဖြင့် လျော်ကြေးငွေအဖြစ် ဘာကြောင့်ပေးရမည်နည်း။
“မန်နေဂျာဖုန်း ခင်ဗျားက ဘာပြောလိုက်တာတုန်း။ ကျွန်တော်တို့တွေက ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းရှိတယ်။ ပြီးတော့ ဒီလိုမျိုး ဖြစ်ရတာကလည်း အထက်ကအော်ဒါတွေကြောင့် ကျွန်တော်မှာလည်း ရွေးချယ်စရာမှမရှိတာ။ ”
လီရှစ်ရုံက ပြောလိုက်သည်။
ဖုန်းယွီသည် မထင်ရတတ်သည့် စိတ်အပြောင်းအလဲ ရှိသည်ဟု သူတို့ကောလဟာလများ ကြားဖူးပေသည်။ ယနေ့သည် သူတို့သည် ယင်းကိုပထမဦးဆုံး အကြိမ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူက အစောပိုင်းကပုံအတိုင်း ပျော်ရွှင်စွာ ပြုံးနေသေးဆဲဖြစ်ကာ ယခုတွင်သူသည် စက်ရုံနှစ်ရုံလုံးမှ လျော်ကြေးလိုချင်လေသည်။
ယင်းအချက်က တကယ်ပဲ စာချုပ်ထဲတွင် ပါသည်လော။ သူတို့သည် စာချုပ်ကို လက်မှတ်ထိုးသည့်အခါက သူတို့သည် လောဘကြီးလွန်းသည့်အတွက် ယင်းအချက်ကို မျက်ကွယ်ပြုခဲ့ကြတာဖြစ်ကာ သူတို့အနေဖြင့် အသေးစိတ် အချက်အလက်များကို သတိမပြုမိခဲ့ပေ။ သူတို့သည် စာချုပ်ကိုဖတ်ပြီး ဟာကွက်များကို ရှာခြင်းနှင့်ပတ်သတ်ပြီး သူတို့သည် ဖုန်းယွီ၏ လှည့်ကွက်တွင် အလွယ်တကူဖြင့် ကျဆင်းသွားခဲ့သည်။
“အထက်ကအော်ဒါလား။ အဲ့ဒါဆို မင်းပြောချင်တာက အထက်က အော်ဒါတွေက ငါတို့စာချုပ်ထက် ပိုပြီးအရေးကြီးတယ်ပေါ့။ အဲ့ဒါဆိုရင် မင်းပြောချင်တဲ့ အဓိပ္ပာယ်က မင်းရဲ့အော်ဒါတွေက ဥပဒေရဲ့ အထက်ကလား။ ”
ဖုန်းယွီက အမှားစတင် ရှာတော့သည်။
ပွဲတော်ကာလအတွင်း သတင်းက တိမ်ရှောက်ဖိန်၏ မိန့်ခွန်းကို ထုတ်လွင့်ခဲ့သည်။ သူကမကြာသေးမီက ဂိုဏ်းကဏ္ဍ နှိမ်နင်းမှုအကြောင်းကို ပြောခဲ့ခြင်းဖြစ်ကာ မည်သူမှ ဥပဒေအထက်တွင် မရှိစေရဟုလည်း ပြောခဲ့သည်။
လီရှစ်ရုံသည်လည်း ယင်းအကြောင်းကို သိသည်။ ထိပ်ပိုင်းမှ အော်ဒါများကို ပြီးအောင်လုပ်ရန် ပိုအရေးကြီးသည်ဟု သူခံစားရသော်ငြား သူ့အနေဖြင့် ဝန်မခံပေ။
“မန်နေဂျာဖုန်း စိတ်လျော့ပါအုံး။ ဆွေးနွေးပြီးတော့ အဖြေတစ်ခုကို အေးအေးဆေးဆေး ရှာကြရအောင်။ ကျွန်တော် လင်းပြည်နယ်က စက်ရုံတွေကိုသွားပြီးတော့ ကျွန်တော်တို့အတွက် ကန်ထရိုက်တာအဖြစ် လုပ်ပေးမယ် ဆိုရင်ရော။ ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးကို သက်ရောက်မှုရှိမှာ မဟုတ်ဘူးမလား။ ”
“ဟုတ်တယ် ဟုတ်တယ် တခြားစက်ရုံတွေကို ကျွန်တော်တို့သွားကြည့်ပြီးတော့ ဒီပန်ကာတွေကို ထုတ်လုပ်ပေးနိုင်မလား မေးကြည့်ရမယ်။ ”
ဟိုဟိုက်ထောင်ကလည်း အဖော်ညှိလိုက်သည်။ ဖုန်းယွီက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည်။ “တစ်ခြားစက်ရုံတွေဆီက ထုတ်လုပ်ရေး စာချုပ်လား။ ဒီနည်းလမ်းက အလုပ်ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ ငါတို့အနေနဲ့ စက်ရုံကိုကိုယ်တိုင် တည်ဆောက်ရင်ရော။ လင်းပြည်နယ်က ငါတို့နဲ့အရမ်း နီးလွန်းတယ်။ ပြီးတော့ ဟောင်ကောင်ကုမ္မဏီနဲ့လည်း အရမ်းဝေးလွန်းတော့ ငါတို့ပို့ဆောင်ရေးတွေ ပိုကုန်တယ်။ ဘာကြောင့် ငါတို့က တောင်ပိုင်းမှာရှိတဲ့ ကွမ်ကျိုးမှာ စက်ရုံအသစ်တစ်ခု မဆောက်ရမှာလဲ။ ”
နောက်ဆုံးတွင် ဖုန်းယွီသည် သူ၏ရည်ရွယ်ချက် အစစ်အမှန်ကို လစ်ဟလိုက်တော့သည်။