ရန်မူသော
Vol. 13 Ch. 193
ကိုယ်တိုင်စက်ရုံ တည်ထောင်ရမှာလား။
ဟိုဟိုက်ထောင်က လီရှစ်ရုံကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်လုံးသည် ထိုကလေးငယ်၏ လှည့်စားခြင်းကို ခံရဟန်တူသည်။ အကြောင်းမှာ ဖုန်းယွီသည် ကွမ်ကျိုးတွင် စက်ရုံတစ်ရုံ ဆောက်လုပ်ချင်ခဲ့သည့်အတွက် ဖြစ်သည်။
“မန်နေဂျာဖုန်း ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား။ ဘာကြောင့် ကျွန်တော်တို့တွေက စက်ရုံအသစ်ကို တောင်ပိုင်းမှာရှိတဲ့ ကွမ်ကျိုးမှာ ဆောက်ရမှာလဲ။ ခင်ဗျားအနေနဲ့ အဲ့ဒီမှာရှိတဲ့ အစိုးရနဲ့ရော ရင်းနှီးရဲ့လား။ တကယ်လို့ ဘင်းမြို့တော်မှာဆိုရင် လူကြီးလီနဲ့ ကျွန်တော်နဲ့က နာမည်ကျော်ကြားတယ်။ ပြီးတော့ မြို့တော်အစိုးရကလည်း ကျွန်တော်တို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ တကယ်လို့ တောင်ပိုင်းကွမ်ကျိုးမှာ စက်ရုံတည်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ အဆက်အသွယ်မရှိ။ ကျွန်တော်တို့တွေ အလိမ်ခံရရင် ဘယ်လိုလုပ်မလဲ။ ”
ဟိုဟိုက်ထောင်က မေးလိုက်သည်။
“အဲ့ဒါက မဖြစ်နိုင်တာ။ ခင်ဗျားတို့အနေနဲ့ အဲ့ဒီမှာ စက်ရုံခွဲတစ်ခုအနေနဲ့ တည်ဆောက်လို့ ရတာပဲ။ ခင်ဗျားတို့ရဲ့စက်ရုံက နိုင်ငံပိုင်လုပ်ငန်း ဖြစ်ပေမဲ့ ကော်မတီနဲ့ စစ်ဖက်ဆိုင်ရာတွေနဲ့ အဆက်အသွယ် ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေက ကျွန်တော်ရဲ့ သူငယ်ချင်းလောက်တောင် အင်အားမရှိဘူး။ ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“မင်းရဲ့သူငယ်ချင်းလား ဘယ်သူလဲ။ ”
လီရှစ်ရုံက ဖုန်းယွီကို ကြည့်လိုက်သည်။ ထိုကလေးတွင် နောက်ခံအင်အားတောင့်သည့် သူငယ်ချင်းမျိုး ရှိနေသည်လော။ ထိုလူသည် ခေါင်းဆောင်အချို့၏ ကလေးဖြစ်သည်လော။
“ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော်ရဲ့ သူငယ်ချင်းကို ကြားဖူးကြမှာပါ။ ဖူကွမ်းကျန်း သူ့ရဲ့မိသားစုက ကျွန်တော်တို့ရဲ့ နိုင်ငံရပ်ခြား ရောင်းဝယ်မှုမှာ တာဝန်ယူထားတယ်။ ”
ဖုန်းယွီသည် ဖူကွမ်းကျန်း၏ နာမည်ကို အသုံးပြုလိုက်သည်။
ရေနွေးငွေ့စက်၏ နိုင်ငံခြားဈေးကွက်ကို ဖူမိသားစုထံသို့ လွှဲထားခဲ့သည်။ သို့သော်ငြား ဖူကွမ်းကျန်းသည် လက်ထောက်အထွေထွေ မန်နေဂျာသာဖြစ်ကာ ရှယ်ယာလည်း အနည်းငယ်သာ ပိုင်ဆိုင်သည်။ သူ၏အဖေနှင့်ဦးလေးသည် အဓိက ရှယ်ယာရှင်များ ဖြစ်ကြသည်။
“သူလား သူကငါတို့လောက် ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။ ”
ဟိုဟိုက်ထောင်က အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လေယာဉ်များကို ထုတ်လုပ်ရသော စက်ရုံဖြစ်သည်။ ထိုစက်ရုံသည် ဘင်းမြို့တော်နှင့် လောင်ကျန်းပြည်နယ်တွင် မြင့်မားသည့် အဆင့်တစ်ခုတွင် ရှိသည်။ တရုတ်တစ်နိုင်ငံ ယှဉ်လျှင်တောင် ယင်းသည် ဘာမှမဟုတ်ပေ။ သို့သော်ငြား ဟိုဟိုက်ထောင်သည် သူ့ထက်ငယ်ရွယ်သည့် တစ်စုံတစ်ယောက်က ပိုကောင်းသည်ဟု ခံစားနေရဆဲဖြစ်သည်။
ဖူမိသားစုသည် ဘာမှမဟုတ်ပေ။ သူတို့သည် စီးပွားရေးသမားများသာ ဖြစ်သည်။ စီးပွားရေးသမားများက သူတို့အစိုးရ အရာရှိများနှင့် ယှဉ်နိုင်မည်လော။
ဖုန်းယွီက ပြုံးကာပြောလိုက်သည်။
“အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်လေ။ ”
ဖုန်းယွီက ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်ဟူသော စကားလုံးကို ဖြေးဖြေးချင်း ပြောလိုက်ကာ ဟိုဟိုက်ထောင်သည် သူပြောချင်သည့်အရာကို မြိုသိပ်ထားလိုက်ရကာ စီးကရက်ကို စိတ်တိုတိုဖြင့် မီးညှိလိုက်လေသည်။
သူသည် ဖုန်းယွီကိုပြန်ပြောရန် ဘာမှမရှိပေ။ ထိုခေတ်အခါက ယင်းကဲ့သို့ပင် ဖြစ်သည်။ နိုင်ငံခြားသားများသည် နိုင်ငံသားများထက် တန်ဖိုးထားမှုကို ရကြသည်။ ဟောင်ကောင်သည် နိုင်ငံခြားဟု စဉ်းစား၍ မရနိုင်သော်ငြား တရုတ်နိုင်ငံသို့လည်း ပြန်မရောက်သေးပေ။ ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းပြီးနောက် ဖြစ်လာမည့် ပြဿနာများကို ကာကွယ်ရန် ဟောင်ကောင်စီးပွားရေး သမားများ၏ အဆင့်အတန်းသည် အခြားသော စီးပွားရေးသမားများထက် ပိုမြင့်ပေသည်။ တရုတ်သည် ထိုစီးပွားရေးသမားများ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီးနောက် တရုတ်မကောင်းကြောင်း ပြောမည်ကို သူတို့ကြောက်ရွံ့ကြပေသည်။
ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့်အခါ အစိုးရထံမှ အခွန်နှုန်းကို သက်သက်သာသာဖြင့် ရကြကာ သူတို့အတွက်လည်း တင်ပို့မှုအတွက် အထူးနှုန်း ရှိပေသည်။ သူတို့တရုတ်နိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်လျှင်တောင် သူတို့သည် ဟောင်ကောင်သို့ ပြန်လည်ပို့ဆောင်ကာ ဟောင်ကောင် တရားရုံးတွင်သာ စီရင်ချက် ချစေသည်။
“မန်နေဂျာဖုန်း ဖူကွမ်းကျန်းအတွက်နဲ့ ကျွန်တော်တို့နှစ်ယောက်ကို ဆွဲချဖို့ ကြိုးစားနေတာလား။ ”
လီရှစ်ရုံ၏ မျက်နှာက အရောင်ပြောင်းသွားတော့သည်။ အကယ်၍ ဖုန်းယွီက သူတို့ကို ဆွဲချပါက သူ၏စက်ရုံသည်လည်း ငွေကြေးပမာဏ တော်တော်များများ ဆုံးရှုံးမည်ဖြစ်သည်။ သူတို့အတွက် ပန်ကာများကို ထုတ်လုပ်ရန်အတွက် အခြားစက်ရုံအချို့ကို သူကငှားချင်သည်။ ယင်းနည်းလမ်းဖြင့် သူတို့သည်လည်း အကျိုးအမြတ် အနည်းငယ်သာ နည်းမည်ဖြစ်ကာ ဘာမှမရှိတာထက်တော့ ကောင်းပေသေးသည်။
လီရှစ်ရုံသည် ဖုန်းယွီ၏ ထိုက်ဟွကုန်သွယ်ရေး ကုမ္မဏီကို မနာလိုဖြစ်မိသည်။ ထိုကုမ္မဏီသည် အလုပ်သမား ဒါဇင်ကျော်ခန့်သာ ရှိသော်ငြား ထိုဝန်ထမ်း၏ မိသားစုများ အားလုံးက သူ၏စက်ပစ္စည်းစက်ရုံမှ အလုပ်သမားများ ဖြစ်ကြသည်။ ဘဏ္ဏာရေး ဝန်ထမ်းနှစ်ဦးတောင် စက်ပစ္စည်းစက်ရုံမှ ခေါ်သွားခံခဲ့ရသည်။
ထိုလူငယ်များသည် အတိတ်က ဘာလုပ်ကြသနည်း။ သူတို့ထဲမှ လူတိုင်းသည် ပတ်ဝန်းကျင်တွင် ပျင်းပျင်းရိရိဖြင့် လျှောက်သွားနေကာ အိမ်တွင်သူတို့၏ မိဘများ အနားယူချိန်ကို စောင့်ဆိုင်းနေရပြီး စက်ရုံမှသူတို့၏ နေရာကို ပြန်လည်လက်လွှဲယူရသည်။ စက်ပစ္စည်းစက်ရုံရှိ အလုပ်သမား မိသားစု အများအပြားသည် ယင်းကဲ့သို့ဖြစ်သည်။ သူတို့သည် စက်ရုံသို့ အလုပ်စတင်ဝင်သည်နှင့် သူတို့၏လစာသည်လည်း အလွန်နည်းပေသည်။ သို့သော် တစ်နှစ်၊နှစ်နှစ်ခန့် အလုပ်လုပ်ပြီးနောက် သူတို့၏လစာသည်လည်း မြင့်လာသည်ပင်။
သို့သော် ယခုလက်ရှိတွင် စက်ရုံမှ အခြားသောလူငယ်လေးများသည် ဖုန်းယွီ၏ ဝန်ထမ်းများနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ပေ။ သူတို့တစ်သုတ်မှ တက္ကသိုလ်ဘွဲ့ရများတောင် အလုပ်လုပ်ပါက နည်းပညာနှင့် စီမံခန့်ခွဲမှု ဝန်ထမ်းများ အဆင့်နိမ့်ပိုင်းတွင်သာ လုပ်ကိုင်ကြရသည်။ လူတိုင်းလူတိုင်းသည် အနိမ့်ဆုံးမှ စတင်ရတာဖြစ်သည်။
စက်ရုံတွင် သူတို့မိဘများ ပင်စင်ယူသည့်အခိုက်က အလွန်ဆိုးရွားပေသည်။ သူတို့၏မိသားစုမှ မည်သူမဆို ပင်စင်ယူသည့်အခါ သူတို့သည် ပင်စင်ကြေးအဖြစ် တစ်လလျှင် ယွမ်သုံးဆယ်သာ ရကြသည်။ လက်လွှဲယူပြီး လူငယ်များသည်လည်း အလုပ်သင်အဖြစ်မှ စရကာ သူတို့၏လစဉ်ဝင်ငွေသည် ယွမ်တစ်ရာထက်တောင် နည်းပေသည်။ သူတို့မိဘ၏ ပင်စင်လစာနှင့် ပေါင်းလျှင်တောင် သူတို့၏ဝင်ငွေလစာသည် ပင်စင်မယူခင်ကထက်တောင် ပိုနည်းသွားပေသည်။
ထိုအခါ အနားယူပြီးသား ဝန်ထမ်းများသည် မည်သို့ဖြစ်သွားသနည်း။ သူတို့ဘဝတစ်လျှောက်လုံး ထုတ်လုပ်ရေး အလုပ်သမားများသာ ဖြစ်ခဲ့ကာ အခြားကျွမ်းကျင်မှုများလည်း မရှိပေ။ မနက်စာ မုန့်ဆိုင်သေးသေးလေး ထောင်နိုင်ခြင်းက သူတို့အတွက် ကြီးမားသည့် အောင်မြင်မှုဟု စဉ်းစား၍ ရနိုင်ပေသည်။ သူတို့ထဲမှ အများစုက ဖိနပ်ချုပ် သို့မဟုတ် စက်ဘီးပြင်သည့် လူများအဖြစ် ဘဝကို နိဂုံးချုပ်သွားရသည်။
လီရှစ်ချင်သည် စက်ရုံ၏အဆောင်သို့ လူများကို စတင်စုကာစက မလျှောက်လိုက်ရသည့် လူများသည် နောင်တကြီးစွာ ရကြသည်။ ယမန်နှစ်က ဖုန်းယွီက သူ၏ဝန်ထမ်းများကို ပေဂျာတစ်ခုစီ ပေးခဲ့သည်။ ပြီးနောက် ယခုနှစ်တွင် သူက မော်တော်ဆိုင်ကယ် တစ်စီးစီပေးပြန်သည်။ စက်ရုံရှိ လူတိုင်းက အခဲမကြေဖြစ်ကာ မနာလိုဝန်တိုကြသည်။
လီရှစ်ရုံ၏ အလုပ်သမားများသည် အချိန်ပိုအတွက် လစာနှစ်ဆ လိုချင်ကြကာ တစ်ပတ်လျှင် ငါးရက်သာ အလုပ်လုပ်ချင်သည်။ ယင်းကဖုန်းယွီကြောင့် ဖြစ်တာဖြစ်သည်။ သို့သော်ငြား ဖုန်းယွီနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ထိန်းသိမ်းချင်သည့်အတွက် လီရှစ်ရုံသည် ထိုအရာများအားလုံးကို သည်းခံခဲ့သည်။ ယခုလက်ရှိတွင် ဖုန်းယွီက သူ၏စက်ပစ္စည်းစက်ရုံကို ဆွဲချချင်နေသည်လော။
မင်းရဲ့ထိုက်ဟွကုမ္မဏီကြောင့် ငါအများကြီး ဆုံးရှုံးခဲ့ပြီးပြီ။ အဲ့ဒါကိုမှမင်းက ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ချင်သေးတာလား။ ငါစာချုပ်ကို ကြည့်ပြီးတော့ မင်းကိုတရားစွဲနိုင်မဲ့ နည်းလမ်းကိုရှာမယ်။
လီရှစ်ရုံဘာမှမပြောချင် ဟိုဟိုက်ထောင်က အလေးအနက်ဖြင့် ပြောလိုက်သည်။
“မန်နေဂျာဖုန်း တကယ်လို့ ခင်ဗျားက ကျွန်တော်တို့ကို ဆွဲချမယ်ဆိုရင် ကျွန်တော်အနေနဲ့ ဒလက်မဲ့ပန်ကာအတွက် နည်းပညာကို ခင်ဗျားကို ပေးမှာမဟုတ်ဘူး။ ”
“ခင်ဗျားကကျုပ်ကို တရားစွဲချင်နေတာလား။ တရားရုံးကိုသွားပြီးတော့ စုံစမ်းကြည့်လို့ရတယ်။ ငါကနိုင်ငံခြားသား တစ်ယောက်ကိုတောင် တရားစွဲရဲတယ်။ အဲ့ဒီကိစ္စမှာတောင်မှ ငါနိုင်တယ်။ ခင်ဗျားကိုကျွန်တော်က ကြောက်မယ်များ ထင်နေလား။ နိုင်ငံပိုင်စက်ရုံရဲ့ ဒါရိုက်တာတစ်ယောက်ကိုလေ။ ကျွန်တော်မှာ စာချုပ်ရှိတယ်။ တကယ်လို့ ခင်ဗျားက ကျွန်တော်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ရဲ့ ပိုက်ဆံတွေကို သုံးစွဲခဲ့တယ်ဆိုရင် ရလာတဲ့ သုတေသန ရလဒ်က ကျွန်တော်နဲ့ပဲဆိုင်တယ်။ ”
ဖုန်းယွီက သလျော်ကာ ပြောလိုက်သည်။
“မင်းကငါတို့ကို ရန်မူချင်နေတာလား။ ကောင်းပြီ ”
“ငါတို့မှာ စာချုပ်တွေရှိတာပဲ။ မင်းငါတို့ကို ဖြုတ်ချဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက်ဆောင်ရွက် မင်းအနေနဲ့ ငါတို့အတွက် ရှယ်ယာတွေကို ပေးရအုံးမယ်လေ။ ဟုတ်တယ်မလား ဒါရိုက်တာလီ။ ”
ဟိုဟိုက်ထောင်သည် ချက်ချင်းဆိုသလိုပင် လီရှစ်ရုံကိုပါ တစ်ပါတည်း ဆွဲချလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ဖုန်းယွီကို ဆန့်ကျင်ရန်အတွက် အတူတကွ လုပ်ရတော့မည်ပင်။
“ကျုပ်ကခင်ဗျားတို့ကို ရှယ်ယာပေးရမှာလား။ ခင်ဗျားတို့နှစ်ယောက်စလုံး စာချုပ်ကို သေချာမဖတ်ထားဘူးနဲ့ တူတယ်။ မဖတ်ထားဘူးလား။ ငါက ဒီရေနွေးငွေ့စက်တွေရဲ့ မူပိုင်ခွင့် ရရှိထားတဲ့လူ။ ပြီးတော့ ငါ့အနေနဲ့ တရုတ်မဟုတ်တဲ့ ကုမ္မဏီတွေကို ထုတ်လုပ်ဖို့ ဒါမှမဟုတ်ဘူးဆိုရင် ရောင်းချဖို့အတွက် စီမံပိုင်ခွင့်ရှိတယ်။ ဒီအချက်ကို ဥပဒေက ကာကွယ်ထားတယ်။ ”
ဖုန်းယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
စာချုပ်အကြောင်း ပြောနေသည်လော။ စာချုပ်အကြောင်း ပြောနေရင်တော့ မင်းတို့နှစ်ယောက် ပိုဝေးသွားမှာပေါ့။ စာချုပ်ထဲမှာ စာကြောင်းတိုင်း ဒါမှမဟုတ်ဘူးဆိုရင် စာလုံးတစ်လုံးချင်းစီတောင်မှ ကွဲပြားတဲ့ အဓိပ္ပာယ်တွေရှိတယ်။
ဟိုဟိုက်ထောင်နှင့် လီရှစ်ရုံတို့သည် မှင်သက်သွားသည်။ ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်းမျိုး စာချုပ်ထဲတွင် ပါဝင်ခဲ့သည်လော။ သူတို့လက်မှတ်ထိုးသည့်အခါက သူတို့သည် ပြည်တွင်းဈေးကွက် အတွက်ကိုသာ စဉ်းစားခဲ့ကြကာ ပြည်ပသို့ တင်ပို့ရန်အတွက် မစဉ်းစားခဲ့ကြပေ။ ဒီအဓိပ္ပာယ်သည် ဖုန်းယွီက ရေနွေးငွေ့စက်များကို ထုတ်လုပ်ရန်နှင့် ရောင်းချရန်အတွက် အခွင့်အရေးရှိသူ တစ်ယောက်ပင်ဖြစ်သည်။ သူတို့၏ အကျိုးအမြတ်သည်လည်း သေချာပေါက် သက်ရောက်မှု ရှိမည်ပင်။ ပြည်ပမှ တင်ပို့မှုမှ ရရှိသော အကျိုးအမြတ်များသည် ပြည်တွင်းဈေးကွက်များထက် အဆပေါင်းများစွာ ပိုရရှိပေသည်။
“မန်နေဂျာဖုန်း စက်ယန္တရားကုမ္မဏီရဲ့ ရှယ်ယာတွေကိုရော ခင်ဗျားလိုချင်သေးတာလား။ ”
ဟိုဟိုက်ထောင်က ရန်စကားဖြင့် ပြောလိုက်သည်။ သူသည် ဖုန်းယွီသည် စက်ယန္တရားကုမ္မဏီ၏ ရှယ်ယာများကို လိုချင်မှန်းသိသည်။ သူသည် ရှယ်ယာများကို ကိုင်ထားနိုင်ပြီး ဖုန်းယွီကို မရောင်းလည်းရပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ရှယ်ယာများသည်လည်း ပ်ိုက်ဆံရှာနိုင်ပေ၏။
ဖုန်းယွီက သူ၏ခေါင်းကို မော့လိုက်ပြီး မျက်နှာကျက်ကိုကြည့်လိုက်ကာ သူကဖြေးဖြေးချင်း ပြော၏။
“အာထရာအဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် စက်မှုက ပြီးတော့မယ်။ ကြည့်ရတာကတော့ နောက်ထပ်ဝယ်သူ တစ်ယောက်ကိုပဲ ရှာရတော့မဲ့ပုံပဲ။ ”
ဟိုဟိုက်ထောင်သည် ဆေးလိပ်ကို တစ်ချက်ပြင်းပြင်း ရှုသွင်းလိုက်ကာ စီးကရက်ကို ကြမ်းပြင်ပေါ်သို့ချပြီး တက်နင်းလိုက်ကာ သူကနောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
လီရှစ်ရုံတွင်လည်း သူနှင့်တစ်ခုခု ငြင်းခုံရန် ပြင်နေသည်ကို ဖုန်းယွီမြင်သည့်အခိုက် ဖုန်းယွီသည် သူ၏ခြေနှစ်ဖက်ကို တင်ပြင်ချိတ်ကာ ပုံမှန်အတိုင်း ပြောလိုက်သည်။
“ဆိုဗီယက် ပြည်ထောင်စုက တာပိုင်နည်းပညာနဲ့ ရေနွေးငွေ့စက် ဂျနရေတာ နည်းပညာတွေကိုလည်း ရောင်းချသူ အသစ်တစ်ယောက်ကို ရှာဖို့အတွက် ငါစတွေးရတော့မှာပဲ။ ”
လီရှစ်ရုံသည် ဆိုဖာပေါ်သို့ စိတ်ဓာတ်ကျစွာဖြင့် ထိုင်လိုက်တော့သည်။ သူသည် ရုတ်တရက်တွင် သူတို့နှစ်ယောက်စလုံးသည် ထိုမကောင်းဆိုးဝါး စီးပွားရေး လုပ်ငန်းရှင်၏ ထောင်ချောက်ထဲ ကျသွားသည်ဆိုတာကို နားလည်လိုက်တော့သည်။ သူတို့သည် ရွေးချယ်စရာ မရှိပေ။ ဖုန်းယွီကိုသာ သဘောတူရန် ရှိတော့သည်။
“မန်နေဂျာဖုန်း အဲ့ဒါဆိုရင် ကျွန်တော်တို့ကိုပြောပေး။ အဲ့ဒီစက်ရုံအတွင်းမှာ ကျွန်တော်တို့ကို ပါခွင့်ပေးမှာလား။ ”
ဟိုဟိုက်ထောင်က စီးကရက်အငွေ့ကို တစ်ချက်မှုတ်လိုက်ပြီးနောက် သူ၏ခေါင်းကိုငုံ့ကာ မေးလိုက်တော့သည်။
ဖုန်းယွီ၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး
“ငါဆုံးဖြတ်ပြီးသွားပြီ။ အဲ့ဒီစက်ရုံခွဲက တောင်ပိုင်းကွမ်ကျုံးမှာရှိတဲ့.... ”