← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

စက်ရုံအသစ်၏ နာမည်ကို တရားဝင်အမည်အဖြစ် ထိုက်ဟွလျှပ်စစ်ထုတ်ကုန် ကုမ္မဏီဟု သတ်မှတ်သည်။ ယင်းက နာမည်ကျော်ကြားသည့် ကွမ်ကျိုးတွင်ဖြစ်သည်။ ထိုနေရာကို ဖုန်းယွီက ရွေးချယ်ခြင်းမဟုတ်။ ဖူကွမ်းကျန်း ရွေးချယ်ခြင်းပင်ဖြစ်သည်။

ဈေးကွက်ကိုလည်း ပြန်လည်ဆုံးဖြတ်ရမည်ပင်။ ကွမ်ကျိုးတောင်ဘက်ရှိ ပြည်နယ်များသည် ရေနွေးငွေ့စက် အပါအဝင် တင်ပို့ကုန်များကို စက်ရုံတွင် ပစ္စည်းများကို လာယူရမည် ဖြစ်ပေသည်။ ဒလက်မဲ့ပန်ကာ၏ ဈေးကွက်သည်လည်း ပိုမိုထင်ရှား များပြားလာမည် ဖြစ်သည်။ မြစ်ဝါမြစ်၏တောင်ပိုင်းမှ တင်ပို့သည့် ဈေးကွက်အကုန်လုံး ဖြစ်သည်။

ဖြန့်ချီရောင်းချသူများသည် ထိုသတင်းကို ကြားပြီးနောက် သူတို့အပျော်လွန် သွားကြသည်။ ထိုနည်းက သူတို့အနေဖြင့် သယ်ယူပို့ဆောင်စရိတ်နှင့် အချိန်ကို လျော့ချနိုင်မည်ဖြစ်ကာ သူတို့ထုတ်ကုန်ပစ္စည်းများ ရရန်အတွက်လည်း လွယ်ကူမည် ဖြစ်ပေသည်။ ဖူမိသားစုလည်း ဝမ်းသာနေသည်။ ပို့ဆောင်ရေးစရိတ်ကို လျော့ချနိုင်မည်ဖြစ်ကာ သူတို့၏ အကျိုးအမြတ်သည်လည်း တိုးလာမည်ပင်။ ဖုန်းယွီက ဖူမိသားစုဝင်၏ ကျန်သည့်သူများ ထိုစက်ရုံအသစ်တွင် ရင်းနှီးမြုပ်နှံဖို့ကို ငြင်းဆိုသော်ငြား ဖူကွမ်းကျန်းသည် ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်း ပါဝင်သည်။

ဖူကွမ်းကျန်းသည်လည်း သူ့အနေဖြင့် ဖုန်းယွီဘက်ခြမ်းတွင် နေမည်ဖြစ်ကာ စက်ယန္တရား ကုမ္မဏီ၏ ကိစ္စအဝဝတွင်လည်း ဖုန်းယွီကို အပြည့်အဝ ပံ့ပိုးမည်ပင်။

ဖုန်းယွီနှင့် ဟိုဟိုက်ထောင်တို့၏ လျို့ဝှက်အကြံအစည်က စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာများကို အနာဂတ်တွင် ပြန်ဝယ်မည်ဖြစ်ကာ ယင်းသည် လီမင်တအတွက်တော့ လျို့ဝှက်ချက် တစ်ခုပင်ဖြစ်သည်။ သို့သော် ဖူမိသားစုသည် ယင်းအစီအစဉ်ကို ရှေးရှေးကတည်းက သတိပြုမိပြီ ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ ဖူကွမ်းကျန်းအနေဖြင့် စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာများကို မည်သည့်အခါမှ ရောင်းချမည်မဟုတ်ပေ။ ထိုရှယ်ယာများသည် ငွေသစ်ပင်ကဲ့သို့ပင်။ ပြီးနောက် ထိုရှယ်ယာမှ ရရှိသည့် အကျိုးအမြတ်များသည် သူ၏အဓိက ဝင်ငွေပင်ဖြစ်သည်။ သူ့အတွက် ဖြစ်နိုင်သည့် နည်းလမ်းတစ်ခုက အကယ်၍ ဖုန်းယွီအနေဖြင့် စက်ရုံအသစ်မှ ရှယ်ယာများနှင့် စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာများ လဲလှယ်ခြင်းပင် ဖြစ်သည်။

ဖုန်းယွီသည် ထိုစက်ရုံအသစ်၏ ထုတ်လုပ်နိုင်စွမ်းနှင့် ပတ်သတ်၍လည်း စိုးရိမ်ခြင်း မရှိပေ။ သူက နာမည်အရသာ စက်ရုံဒါရိုက်တာ ဖြစ်သော်ငြား ဖူကွမ်းကျန်းသည် လက်ထောက်စက်ရုံ ဒါရိက်တာဖြစ်သည်။ စက်ရုံ၏ ကိစ္စဝိစ္စ အားလုံးနီးပါးကို ဖူကွမ်းကျန်း ကိုင်တွယ်ရမည် ဖြစ်သည်။ ပထမက ဖုန်းယွီသည် ထိုက်ဟွကုန်သွယ်ရေးမှ တစ်စုံတစ်ယောက်ကို စေလွှတ်ချင်ခဲ့သည်။ သို့သော်သူသည် စကားလေသံမတူနှင့် စီမံခန့်ခွဲမှုပိုင်းတွင် ထိုက်ဟွကုန်သွယ်ရေးသည် ထိုနေရာသို့ သွားရောက်ရန် အရည်အချင်း ပြည့်မှီသည့်သူ မရှိပေ။ အဆုံးတွင်သူက ဖူကွမ်းကျန်းကို အရာအားလုံး စီမံခန့်ခွဲရန် လက်လွှဲလိုက်သည်။

ဖူကွမ်းကျန်းသည်လည်း စက်ရုံတစ်ရုံကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိပေ။ သို့သော်ငြား ဖူမိသားစုတွင် စွမ်းဆောင်ရည်ရှိသော ဝန်ထမ်းများစွာ ရှိပေသည်။ မည်သို့ပင် ဖြစ်စေကာမူ စက်ရုံသည် ကွမ်ချမ်းတွင်သာဖြစ်ကာ ဟောင်ကောင်မှ စီမံခန့်ခွဲရေး ဝန်ထမ်းများကို သူတို့ဆီ ပို့လွှတ်သည်က ပိုမိုလွယ်ကူမည်ပင် ဖြစ်သည်။

ထိုအရာများအားလုံး နေရာချထားပြီးနောက် ဖုန်းယွီသည် ရက်အနည်းငယ်ကြာ အနားယူနိုင်ပြီ ဖြစ်သည်။ တစ်ချိန်ထဲတွင် သူသည် သူ့အစ်မနှင့်သာ အိမ်တွင်နေနေ၏။ သူမသည် ကိုယ်ဝန်ခုနှစ်လ ရှိပြီဖြစ်ကာ လီမိသားစုက သူမကို အလုပ်မသွားခိုင်းပေ။ သူတို့တွင် ပိုက်ဆံပြတ်တောက်ခြင်း မရှိပေ။ ပြီးနောက် သူတို့၏ မမွေးဖွားရသေးသော ကလေးငယ်၏ လုံခြုံမှုသည် ပိုလို့တောင် အရေးကြီးပေသည်။

လီရှစ်ချင်၏ မိဘများသည် အလုပ်လုပ်ရန် လိုအပ်သည်။ ပြီးနောက် လီရှစ်ချင်သည်လည်း သူ၏လော်ဂျစ်စတစ် ကုမ္မဏီနှင့် အလုပ်ရှုပ်နေသည်။ ဖုန်းယွီက သူ၏အစ်မကို နေ့ခင်းဘက်တွင် ကြည့်ရှု့စောင့်ရှောက်ရန် တစ်ဦးတည်းသော အားသည့်သူဖြစ်သည်။

ဖုန်းယွီက ဆိုဖာပေါ်တွင် တီဗီကြည့်နေစဉ် သူကသူ၏ အစ်မ၏ယောက္ခမ ဝယ်လာသည့် ပန်းသီးကြီးကြီး တစ်လုံးကို ကောက်စားနေသည်။ လက်ဖက်ရည် စားပွဲပေါ်တွင် လိမ္မော်သီးနှင့် မြေပဲယိုများလည်း အထပ်လိုက် ရှိနေသည်။

“အစ်မ အစ်မရဲ့ ယောက္ခမက ပြန်လာတော့မယ်။ အစ်မဆိုဖာပေါ်လာပြီးတော့ တီဗီကြည့်ချေ။ ”

ဖုန်းယွီသည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသည့် သူ့အစ်မကို အော်လိုက်သည်။

သူ၏အစ်မသည် ထိုင်နေတတ်သည့် လူစားမျိုး မဟုတ်ပေ။ ပြီးနောက်သူက တီဗီကြည့်ရသည်ကိုလည်း စိတ်ဝင်စားခြင်း မရှိပေ။ ဖုန်းယွီသည်သာ တစ်နေ့လုံး တီဗီရှေ့တွင် ထိုင်သည့်သူဖြစ်ကာ တစ်နေ့လုံး သူ့အစ်မနွာပေးသော သစ်သီးများကို ကူညီစားပေးနေရသည်။ ဖုန်းယွီသည် သစ်သီးများဖြင့် ပြည့်နေပြီဖြစ်ကာ သူသည် ညစာအတွက် ပေါက်စီတစ်လုံး စားရန်သာ နေရာကျန်တော့ပေသည်။ ထိုရက်များအတွင်း လီရှစ်ချင်၏အမေက သူသည် ဖျားနေသည်ဟု တွေးထင်မိသည်။

သူတို့နှစ်ယောက်လုံး လုပ်နေသည့် အလုပ်အကိုင် ပြောင်းလိုက်ကြသည်။ ဖုန်းယွီက ကြက်သွန်လှီးပြီးနောက် မီးဖိုချောင်ထဲတွင် ကျန်နေသည့် တိုလီမုတ်စများကို သူ့နေရာသူ ပြန်ထားနေသည်။ ထိုအခိုက် လီရှစ်ချင်၏အမေက ပြန်လာခဲ့သည်။

သူမသည် ဖုန်းယွီညစာ ချက်ရန်အတွက် အလုပ်ရှုပ်နေသည်ကို မြင်သည့်အခါ သူကခပ်မြန်မြန်ဖြင့် ပြောလိုက်သည်။

“ရှောင်ယွီ သွားအနားယူချေ။ အန်တီပဲ ဟင်းချက်လိုက်မယ်။ ”

ဖုန်းမိသားစု၏ ကလေးသည် အလွန်ပင် အမိန့်နာခံတတ်သည်။ သူမ၏ ချွေးမသည်လည်း သန့်ရှင်းပြီး စိတ်ထားကောင်းသည်။ နှစ်လိုဖွယ်ရှိသည်။ အလုပ်ကြိုးစားပြီး လူတွေကို ဘယ်လိုဂရုစိုက်ရမည် ဆိုသည်ကိုသိသည်။ ဖုန်းယွီသည်လည်း စဉ်းစားဉာဏ်ရှိသည့် လူတစ်ယောက်ဖြစ်ကာ သူသည် ပိုက်ဆံရှာဖွေရာတွင် ဉာဏ်ကြီးရှင်တစ်ယောက်ကဲ့သို့ တူပေသည်။ သူက သူ၏အစ်မကို ဘယ်လို ဂရုစိုက်ရမည် ဆိုသည်ကိုလည်း သိသည်။ သူအိမ်သို့လာတိုင်း ဖုန်းယွီသည် သူ့အစ်မလုပ်ရမည့် အိမ်အလုပ်များကိုတောင် လုပ်ပေးသည်။

အစ်မနှင့်မောင်သည် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။ ဖုန်းတန့်ယင်းသည် ထလိုက်ကာ သူ၏ယောက္ခမကို မီးဖိုချောင်တွင် သွားကူတော့သည်။ ပုံမှန်အတိုင်းပင် သူမသည် မီးဖိုချောင်မှ နှင်ထုတ်ခြင်းခံရသည်။ သူမ၏ ယောက္ခမသည် သူမကို ကူညီခွင့် မပေးသည်ကိုလည်း သိသည်။ သို့သော်ငြား ဖုန်းယွီက သူမကို ထိုကဲ့သို့ သရုပ်ဆောင်ခိုင်းသည်။ ထိုနည်းလမ်းဖြင့် စမတ်ကျပြီး အလုပ်ကြိုးစားသည့် ချွေးမအနေဖြင့် မည်သည့်အရာမှ လုပ်ရန်မလိုအပ်ပေ။ ပြီးနောက် ယောက္ခမသည်လည်း သူမသည် အလုပ်ကြိုးစားသည်ဟု ခံစားရမည်ပင်။ စိတ်ထားသည် အရေးကြီးဆုံး အရာပင်ဖြစ်သည်။

ထိုညနေခင်းတွင် ဖုန်းယွီနှင့် သူ့အစ်မသည် များများမစားနိုင်ကြပေ။ ညစာစားပြီးနောက် ဖုန်းယွီသည် နောက်တစ်ခန်းတွင်ရှိသည့် သူ၏တိုက်ခန်းသို့ ပြန်သွားကာ သူ၏မှတ်ဉာဏ်ကို အသုံးချပြီး တကယ့်ဖြစ်လာမည့် ကိစ္စများ၏ အခြေအနေနှင့် သူ၏ရင်းနှီးမြုပ်နှံမှု အစီအစဉ်ကို ချိန်နေတော့သည်။

ထိုအချိန်တွင် စားပွဲပေါ်တွင် တင်ထားသည့် တယ်လီဖုန်းက မြည်လာတော့၏။ ဖုန်းယွီက ဖြေလိုက်သည်။ ထိုခေတ်အခါက ဟန်းစက်များ မရှိသေးပေ။ ပြီးနောက် ဖုန်းတွင်လည်း မည်သူခေါ်ဆိုသည်ကို မပြပေ။ ဖုန်းယွီက မည်သူခေါ်ဆိုသည်ကို မသိရှိပေ။ ကံကောင်းသည်မှာ အရောင်းဖုန်းခေါ်ဆိုမှုများနှင့် နှောက်ယှက်သည့်ဖုန်းများ အနည်းငယ်သာ ရှိသည်။

“ရှောင်ယွီ အရေးကြီးတဲ့ တစ်ခုခုကြီး ဖြစ်သွားပြီ။ ”

ဖုန်းယွီက မတ်တပ်ထရပ်လိုက်သည်။ သူ့အဖေက သူ့အား ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။ သူ၏အိမ်တွင် တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် တစ်ခုခု ဖြစ်ပွားခဲ့သည်လော သို့မဟုတ် အစားအစာ ထုတ်လုပ်သည့်စက်ရုံတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်လော။

“အဖေ စိတ်လျော့ ဘာဖြစ်တာလဲ။ ”

“သတင်းကိုကြည့်လိုက် မြန်မြန် အခုပဲ သတင်းလာသွားတယ်။ ”

အရေးပေါ်သတင်းလား။ နိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စလား။

ဖုန်းယွီက တီဗီကို ပြောင်းလိုက်သည်။ သတင်းထုတ်လုပ်နေသည့် ရုပ်သံကိုဖြစ်သည်။

“လစ်သူယေးနီးယားသည် ဆိုဗီယက်မှ ထွက်ခွာကြောင်း ကြေညာလိုက်သည်။ ဆိုဗီယက် ပြည်ထောင်စု၏ သမ္မတ မစ္စတာ မီခေးလ်ဂေါ်ဘာချော့က ယင်းကိစ္စကို အသိအမှတ် မပြုပေ။ ပြီးနောက် နှစ်နိုင်ငံစလုံးက ယခုလက်ရှိတွင် ဆွေးနွေးပွဲများ လုပ်နေကြပါတယ်....။ ”

လစ်သူယေးနီးယားက ဆိုဗီယက် ပြည်ထောင်စုကနေ စောစောခွဲထွက်သွားတာလား။

ဖုန်းယွီက မှင်သက်သွားသည်။ ယင်းသည် သူနှင့်ဘာမှ မသက်ဆိုင်ပေ။ သူ၏ဆိုဗီယက် ပြည်ထောင်စုနှင့် ကုန်သွယ်မှုသည် ထိုအရေးကြီးကိစ္စများကြောင့် သက်ရောက်မှု ရှိမည်မဟုတ်ပေ။

ဖုန်းယွီအစိုးရိမ်ရဆုံး ကိစ္စသည် အက်ထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်သည် အဆုံးမသတ်ရသေးတာပင် ဖြစ်သည်။ အကယ်၍ လစ်သူယေးနီးယား စက်ရုံဒါရိုက်တာသည် ထိုစက်ရုံမှ သူ၏နေရာ အဖယ်ရှားခံရပါက ထိုအပေးအယူသည် ပျက်သွားမည်ပင် ဖြစ်သည်။

အကယ်၍ ဖုန်းယွီအနေဖြင့် ထိုသံရည်ကျိုစက်ကို သူ့လက်ထဲရောက်အောင် မယူနိုင်ပါက ဟိုဟိုက်ထောင်သည်လည်း ဒေါသထွက်၍ ခုန်နေတော့မည်ပင်။ သူ၏စက်ပစ္စည်းစက်ရုံနှင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အန္တရာယ်နှင့် ကြုံရဖွယ် ရှိသည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည်လည်း သူ့ကို စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာများကို ရောင်းချမည် မဟုတ်ပေ။

ထိုသံရည်ကျိုစက်မရှိဘဲ လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ဖုန်းယွီသည် ဟိုဟိုက်ထောင် ဘာလုပ်မည်ဆိုတာကို မသိနိုင်ပေ။ စက်ရုံအသစ်သည် စက်ပစ္စည်းစက်ရုံနှင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို ငွေရရှိမှု နည်းသွားသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ အကယ်၍ ဟိုဟိုက်ထောင် ရူးသွားပါက ဖုန်းယွီကို ရှာမည်ဖြစ်ကာ ဖုန်းယွီသည် ဒုက္ခကြီးဖြင့် တွေ့မည်ပင်။

လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ပြည်နယ်အစိုးရ၏ အမှာစာများကိုတောင် လျစ်လျူရှု့နိုင်ပေသည်။ ထို့နောက် ဖုန်းယွီ၏ အခိုင်မာ အတောင့်တင်းဆုံး နောက်ခံက မြို့တော်အစိုးရသာ ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူ့အနေဖြင့် ဒုက္ခကြီးကြီးကို တွေ့မည်ပင်။

“ရှောင်ယွီ ရှောင်ယွီ မင်းနားထောင်နေရဲ့လား။ ”

စိုးရိမ်တကြီးဖြင့် ပြောနေသည့် သူ့အဖေ၏အသံကို ဖုန်းမှတစ်ဆင့် ကြားလိုက်ရသည်။

“အာ ကျွန်တော်သတင်း ကြည့်နေတာပါ။ ”

“ရှောင်ယွီ ဆိုဗီယက် ပြည်ထောင်စုက တကယ်ပဲ ပြိုကွဲမှာလား။ ဘာကြောင့် ဒီနိုင်ငံက လွတ်လပ်ရေးကို ကြေညာရတာလဲ။ ”

“အဖေ အဲ့ဒီကိစ္စကို စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုက ကျွန်တော်ရဲ့မိတ်ဆွေကို ဖုန်းခေါ်လိုက်အုံးမယ်။ ကျွန်တော်တို့တွေ ဒီကိစ္စကိုတော့ ကျွန်တော်အိမ်ပြန်လာမှ ဆွေးနွေးကြတာပေါ့။ ”

တကယ်တန်းကျတော့ ဖုန်းရှင်းထိုက်သည် ဘာမှမစိုးရိမ်ပေ။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမှုသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိသော်ငြား အပြင်းအထန် သက်ရောက်မှုတော့ ရှိမည်မဟုတ်ပေ။ ထိုက်ဟွအစားအစာ ထုတ်လုပ်သည့်စက်ရုံနှင့် ထျန်ဖုန်းဝက်ခြံသည်လည်း သက်ရောက်မှု ရှိမည်မဟုတ်ပေ။ သူ့အဖေနှင့် ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ကီရီလန်ကိုကို ဘယ်လိုပြောရမည်ဆိုသည်ကို တွေးနေတော့သည်။ သူထိုသို့တွေးနေစဉ် ဖုန်းကတဖန် မြည်လာတော့သည်။

“ဖုန်း မင်းလား။ ”

ယခုဖုန်းခေါ်ဆိုမှုသည် ကီရီလန်ကိုထံမှ ဖြစ်သည်။ သူကစိုးရိမ်တကြီးဖြင့် ပြောနေသည်။ သူက လစ်သူယေးနီးယားနိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သူတွေ့ရှိသွားသည်။ ယင်းက ဖုန်းယွီသူ့ကို ပြောသည့်အတိုင်းပင်။

အခြားတစ်ယောက်က သူ့ဆီဖုန်းခေါ်ဆိုတာ ဖြစ်သည်။ ယင်းက ဖုန်းယွီကသူ့ကို ဖုန်းခေါ်ဆိုမှုနှင့် ပတ်သတ်၍ အကြီးအကျယ် ကွဲပြားခြားနားမှုပင် ဖြစ်သည်။

ဖုန်းယွီက ယခုလက်ရှိတွင် စိုးရိမ်နေဆဲဖြစ်ကာ တည်ငြိမ်စွာဖြင့် ဖြေးဖြေးချင်း ပြောလိုက်သည်။

“အစ်ကိုကီ ကျွန်တော်ကိုအခု ဖုန်းခေါ်ဆိုတာက အစ်ကိုသံရည်ကျိုစက်ကို ဝယ်ပြီးပြီလား။ ”

“ဖုန်း ငါတို့တွေ သံရည်ကျိုစက်ကိစ္စကို နောက်မှပြောလို့ရတယ်။ လစ်သူယေးနီးယား နိုင်ငံက အခုလေးတင်ပဲ ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ထွက်ခွာတယ်လို့ ကြေညာလိုက်တယ်ဆိုတာ မင်းသိပြီးပြီလား။ ”

ဖုန်းယွီက ပုံမှန်အတိုင်း ပြောလိုက်သည်။ “တကယ်ကြီးလား။ ကျွန်တော်အရင်က အစ်ကို့ကို ပြောခဲ့ဖူးပါတယ်။ အစ်ကိုအခု ကျွန်တော်ကို ယုံပြီလား။ ”

All Chapters