အစ်ကိုကီကို ဦးနှောက်ဆေးခြင်း
Vol. 14 Ch. 196
ကီရီလန်ကိုသည် အရင်က ဖုန်းယွီပြောထားသည်များကို အိမ်သို့ပြန်ရောက်ချိန်၌ သူ့အစ်ကိုနှင့်အဖေကို ပြောပြခဲ့သည်။ သူ၏အစ်ကိုသည် သူ့အတိုင်းပင် ပြုမူကာ ဖုန်းယွီကို လက်သီးနှင့် ထိုးချင်ခဲ့သည်။ သို့သော် သူ၏ဖခင်က တည်ငြိမ်ကာ ယင်းကိုအလေးအနက်ဖြင့် စဉ်းစားနေသည်။
ကီရီလန်ကို၏အဖေ စန်ချမ်းကိုသည် ဗိုလ်ကြီးတစ်ယောက် ဖြစ်ပြီး သူသည်ထောက်ပို့တွင်သာ တာဝန်ယူရစေကာမူ ဆိုဗီယက် ပြည်ထောင်စု၏ နိုင်ငံရေးကို ကီရီလန်ကိုနှင့် သူ၏အစ်ကိုထက် ပိုသိပေသည်။
စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကျရှုံးပြီးနောက် ဆိုဗီယက် ပြည်ထောင်စု၏ နိုင်ငံရေး အခြေအနေသည် တည်ငြိမ်မှု မရှိပေ။ ယင်းကို များစွာသော ပြောင်းလဲမှုများနှင့် စစ်ဖက်ဆိုင်ရာ ပြောင်းလဲမှုများနှင့် နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်များ အပြောင်းအလဲများ လုပ်ခဲ့သည်။
ပထမက စန်ချမ်းကိုသည် အရာအားလုံးက မကြာခင်တွင် ပြီးတော့မည်ဟု တွေးခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုသည် အလွန်အင်အားကောင်းကာ ထိုပြဿနာများသည်လည်း ယာယီမျှသာ ဖြစ်သည်။
သို့သော်သူက သူ့သားထံမှ ဖုန်းယွီ၏ သတင်းစကားကို ကြားပြီးနောက် သူသည် ဖုန်းယွီပြောတာ ဖြစ်နိုင်သည်ဟု ခံစားမိသည်။ အထူးသဖြင့် ယက်ဆင်နှင့် ပတ်သတ်၍ဖြစ်သည်။ ယင်းက သက်သေပြရန် အရှင်းဆုံးဖြစ်သည်။
ယက်ဆင်သည် လွန်ခဲ့သည့် အချိန်များစွာက အောက်သို့အတင်း တွန်းချခံခဲ့ရသည်။ သို့သော်သူသည် အလွန်တက်ကြွကာ နိုင်ငံရေးအမြင်လည်း ရှိပေသည်။ သူသည် မော်စကိုရှိ ခေါင်းဆောင်များစွာနှင့် ဆက်သွယ်ခဲ့ကာ ပထမဦးဆုံး ရွေးကောက်ပွဲမှာပင် နိုင်ငံရေး ရာထူးတစ်နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။
စန်ချမ်းကိုသည် ဗိုလ်မှူးကြီးတစ်ယောက်အနေဖြင့် ယက်ဆင်ကို ချဉ်းကပ်ရပေသည်။ သူသည် ယက်ဆင်နားကို မကပ်ချင်ပေ။ အကြောင်းမှာ ယက်ဆင်က သမ္မတ မီခေးလ်ဂေါ်ဘာချော့ မုန်းသည့်သူတစ်ယောက် ဖြစ်သည်။ အဘယ့်ကြောင့် သူ့အနေဖြင့် ယက်ဆင်နှင့် ပေါင်းသင့်သနည်း။ အကယ်၍ ယက်ဆင်ကျရှုံးခဲ့လျှင်ရော။ သူ၏ဗိုလ်မှူးကြီးရာထူးသည် မြောင်းထဲ ရောက်သွားမည်ပင် ဖြစ်သည်။
ကံကောင်းသည်မှာ သူသည် ယက်ဆင်ကို တစ်ခါထဲ မငြင်းခဲ့ပေ။ သူက ခြံစည်းရိုးတွင် ခွထိုင်က ကြားနေရန် ဆုံးဖြတ်ချက် ချခဲ့သည်။ ယက်ဆင်အနေဖြင့် နိုင်ငံရေးနောက်ခံ ရရှိပြီးနောက် သူ့အနေဖြင့် ယက်ဆင်နားသို့ ကပ်မည်ပင်ဖြစ်သည်။
သို့သော် ယနေ့သတင်းတွင် လစ်သူယေးနီးယားသည် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ကာ လွတ်လပ်ရေး ကြေညာခြင်းက မမျှော်မှန်းထားသည့် အရာပင်ဖြစ်သည်။ အတိတ်က ကောလဟာလများ ရှိခဲ့သည်။ သို့သော် ထိုကောလဟာလများကို ချေဖျက်လိုက်ကြသည်။ အကြောင်းမှာ လူတိုင်းက ယင်းသည် မဖြစ်နိုင်သည်ဟု ခံစားရသည့်အတွက်ပင်။
ကောလဟာလများသည် အမှန်တကယ်တွင် ဖြစ်လာသည့်အခါ သူကရုတ်တရက် ဖုန်းယွီ၏ ခန့်မှန်းချက်များသည် တိကျသည်ဟု နားလည်သွားသည်။
စန်ချမ်းကိုက ချက်ချင်းပင် ကီရီလန်ကိုကို ဖုန်းယွီနှင့် ဆက်သွယ်ခိုင်းသည် ထိုဖုန်းယွီသည် အကြားအမြင် ရသည်ပင်ဖြစ်မည်။ သူတို့အနေဖြင့် ဖုန်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရမည်ပင်။ ကီရီလန်ကိုကို ညွှန်ကြားပြီးနောက် သူကယက်ဆင်ကို ချဉ်းကပ်တော့သည်။ သူသည် ယက်ဆင်နှင့် စကားပြောချင်ကာ သူဆီသို့ ချဉ်းကပ်၍ ရနိုင်သည့် အခွင့်အရေးကို ဖမ်းဆုပ်မည်ပင်ဖြစ်သည်။
ယက်ဆင်အာဏာရလာခြင်း သို့မဟုတ် အဆင့်မြင့်ပိုင်းသို့ ရောက်လာသည့်အခါ စန်ချမ်းကိုသည် ရာထူးတိုး ခံရမည်ဖြစ်သည်။ ....
“ဖုန်းငါမင်းကို ယုံကြည်တယ်။ ငါ့အနေနဲ့မင်းက ဆိုဗီယက် ပြည်ထောင်စုရဲ့ နိုင်ငံရေးတွေကို ဒီလောက်သိလိမ့်မယ်လို့ ငါလုံးဝ မမျှော်မှန်းထားခဲ့ဘူး။ ယက်ဆင်က အဆင့်အမြင့်ဆုံးနေရာကို ရယူမယ်လို့ မင်းတကယ်ပဲ ထင်လား။ အဲ့ဒါက ငါ့အဖေရဲ့ အကြီးကျယ်ဆုံးသော အခွင့်အရေးတစ်ခုလား။ ”
ဖုန်းယွီက သူ့နှလုံးသားထဲတွင် တွေးတောနေသည်။ အကယ်၍ မင်းအဖေက ယက်ဆင်ကိုသတ်ပြီးတော့ စစ်အာဏာသိမ်းမှုကို ကူညီပေးရင် သူကရာထူး ဒီ့ထက်တောင် ပိုကြီးဖို့ အခွင့်အရေးတွေရမှာ။
သို့သော်ထိုသို့ ဖြစ်ခဲ့လျှင် ဆိုဗီယက် ပြည်ထောင်စု၏ အနာဂတ်နှင့် တစ်ကမ္ဘာလုံး၏ အနာဂတ်သည်လည်း ပြောင်းလဲသွားမည်ပင်။ ဖုန်းယွီသည် သေချာပေါက် ဘာဖြစ်မည်ကို မြင်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ ပြောင်းလဲမှုများစွာ ရှိခဲ့ပါက သူ၏အနာဂတ်မှ ဗဟုသုတများသည်လည်း အသုံးမဝင်ဖြစ်မည်ပင်။
“အစ်ကိုကီ ကျွန်တော်ကို ယုံထားလိုက် ကျွန်တော်တို့က မိတ်ဆွေတွေ။ ကျွန်တော်တို့က အချစ်ဆုံး သူငယ်ချင်းတွေ အစ်ကို ဒါမှမဟုတ်ဘူးဆိုရင် အစ်ကိုရဲ့မိသားစုကို ပိုပြီးတော့ အောင်မြင်လာတာက ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုက ပိုပြီးတော့ တည်ငြိမ်လေပဲ။ ပြီးတော့ ကျွန်တော်လည်း ပိုက်ဆံပိုရလေပဲ။ ”
ကီရီလန်ကိုက အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ၏အဖေသည် ရာထူးတိုး ခံရတော့မည်လော။ ယင်းအဓိပ္ပာယ်က သူသည် ဒုတိယမျိုးဆက် အသိုင်းအဝန်းထဲတွင် သူ၏အဆင့်အတန်းသည်လည်း တိုးတက်လာမည်ပင် ဖြစ်သည်။
ဖုန်းယွီကို ပြန်မေးစရာတစ်ခုတော့ ရှိသေးသည်။ ကီရီလန်ကိုသည် ဖုန်းယွီအတွက် သတင်းကောင်းတစ်ခုကို သိမ်းထားသည်မှာ နှစ်ပတ်ခန့် ရှိပြီဖြစ်သည်။
“ဖုန်း ငါမင်းကို တစ်ခုခုပြောအုံးမလို့။ ငါအာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်ကို ဝယ်ပြီးပြီ။ ”
ဖုန်းယွီက အပျော်လွန်သွားသည်။ သူသည် ထိုစကားပြောရန် ကာလရှည်ကြာ စောင့်ဆိုင်းခဲ့သည်။ သူက ထိုအပေးအယူက အလုပ်မဖြစ်သွားမှာကို စိုးရိမ်နေခဲ့သည်။ “အစ်ကိုကီ ဒါအရမ်းကောင်းတဲ့ ကိစ္စပဲ။ မမြင်ရတဲ့ ပြောင်းလဲမှုတွေရော ရှိလာအုံးမှာလား။ ”
ဖုန်းယွီက မေးလိုက်သည်။
“မရှိဘူး။ သေချာပေါက်မရှိဘူး။ ငါကငါ့ရဲ့လူတွေကို အဲ့ဒီသံရည်ကျိုစက်ကို စနစ်တကျနဲ့ ထားပြီးပြီ။ ရထားတွဲပေါ်မှာ တင်ပေးပြီးတာနဲ့ နောက်တစ်ပတ်အတွင်း ဘင်းမြို့တော်ကို ရောက်လိမ့်မယ်။ ”
ကီရီလန်ကိုက ပြောလိုက်သည်။
“ဟား ဟား ဟား ဟား ဒါအရမ်းကောင်းတာပေါ့။ အဲ့ဒီသံရည်ကျိုစက်က ဘယ်လောက်လဲ။ အဲ့ဒါနဲ့အတူတူ အဲ့ဒီသံရည်ကျိုစက်နဲ့ ဆက်စပ်တဲ့ နည်းပညာတွေရော ပါမှာလား။ ”
“သေချာတာပေါ့။ နည်းပညာများစွာတော့ မရှိဘူး။ ဒါပေမဲ့ အဲ့ဒါက ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး နည်းပညာပဲ။ ငါအာမခံရဲတယ်။ မင်းကဘယ်လောက် ပေးချင်တာလဲ။ ”
ကီရီလန်ကိုက မေးလိုက်သည်။
ထိုအက်ထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်နဲ့ ဆက်စပ်တဲ့ နည်းပညာများသည် သူ့ကိုရူပယ် ဆယ်သန်း ကုန်ကျစေခဲ့သည်။ သို့သော် တစ်ပတ်ရစ် ဈေးကွက်၏ သံရည်ကျိုစက်သည် ရူပယ်သန်းနှစ်ဆယ်ထက် ပိုခဲ့သည်။
အကယ်၍ သူ့အနေဖြင့် ရူပယ်သန်းနှစ်ဆယ် တောင်းဆိုသည့်အခါ ဖုန်းယွီက လက်ခံမည် မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် လျော့ရောင်းလျှင်လည်း သူလည်းငွေကြေး ဆုံးရှုံးမည်ဖြစ်သည်။ ယင်းသည် ယခုလက်ရှိထိ ဖုန်းယွီနှင့် စီးပွားရေး အပေးအယူကိစ္စတွင် ဈေးနှုန်းအကြီးဆုံး အရာပင်ဖြစ်သည်။
“အစ်ကိုကီ အစ်ကိုလည်း တရုတ်တွေရဲ့ ပစ္စည်းဝယ်နိုင်တဲ့အင်အားကို သိမှာပါ။ ကျွန်တော်တို့အနေနဲ့ အရမ်းဈေးကြီးတဲ့ စက်ပစ္စည်းတွေကိုတော့ မတက်နိုင်ဘူး။ အဲ့ဒါပြီးတော့ မနှစ်တုန်းက ဥရောပကနေပြီးတော့ အာထရာအဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် နှစ်လုံးကိုလည်း ဝယ်ထားတယ်။ ပြီးတော့.... ”
ကီရီလန်ကိုသည် တစ်ခဏကြာ တွန့်ဆုတ်နေသည်။ ထိုကဲ့သို့သော ပစ္စည်းမျိုးက လွယ်လွယ်ကူကူဖြင့် ရနိုင်သည့်အရာမျိုး မဟုတ်မှန်းလည်း သူသိပေသည်။ ယင်းသည် ယခင်ကလုပ်ခဲ့သည်။ အပေးအယူအတိုင်းဆိုလျှင် သူက သူ၏ကုန်ကျငွေမှာ သုံးဆယ်ရာခိုင်နှုန်း တိုးမည်ပင်။ သူ့အနေဖြင့်လည်း ရလာနိုင်သည်ဟု ခံစားမိသည်။ ယခုတစ်ခေါက်တွင် သူသည် ငါးဆယ်ရာခိုင်နှုန်းတင်ရန် ဆုံးဖြတ်လိုက်သည်။
“ရူပယ်(၁၅)သန်းဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒီက အရင်ကလိုပဲ နည်းပညာတွေ ပါပြီးသား။ ငါကမင်းတို့ရဲ့ဘက်ကို ကျွမ်းကျင်ပညာရှင် ငါးယောက်ကိုလွှတ်ပြီး အလုပ်လုပ်ခိုင်းမယ်။ ”
ရူပယ်(၁၅)သန်းလား။ အရမ်းဈေးချိုတာပဲ။
ဖုန်းယွီက အလွန်စိတ်လှုပ်ရှားနေသည်။ ပြီးနောက်သူသည် ပျော်ရွှင်မှုကြောင့် ထခုန်တော့မည်ပင်။ သူ့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို အနည်းဆုံး ရူပယ်သန်း(၂၀)ဖြင့် ရောင်းချနိုင်ပေသည်။ ပြီးနောက် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ငွေကြေးများ အလုံအလောက် ရှိပါက သူ့အနေဖြင့် ပိုလို့တောင် လုပ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့သော ဆိုင်မျိုးသည် ဝယ်လိုအားများသည်။ ပြီးနောက် ဝယ်မည့်သူ မရှိမှာလည်း စိုးရိမ်စရာ မလိုပေ။ အကယ်၍ လေယာဉ်ထုတ်လုပ်သည့် စက်ရုံက မလိုချင်ပါက ဖုန်းယွီအနေဖြင့် အခြားသော စက်ရုံကို လွယ်လွယ်ကူကူဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။
ဖုန်းယွီက တစ်ခဏကြာ တိတ်နေပြီးနောက် ဖြေးဖြေးချင်း ပြောလိုက်သည်။
“အစ်ကိုကီ ဒီဈေးက ကျွန်တော်မျှော်မှန်း ထားတာထက်ကိုပိုတယ်။ ကျွန်တော့်အတွက် အကျိုးအမြတ် အများကြီးကျန်မှာ မဟုတ်ဘူး။ တကယ်လို့ အနာဂတ်ကျ ဒီလိုဈေးမျိုးပဲ ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ စက်ပစ္စည်း အကြီးစားတွေရဲ့ အပေးအယူကိစ္စကို စဉ်းစားတော့မှာ မဟုတ်ဘူး။ ”
“ဖုန်း ငါ့အတွက်လည်း အဲ့ဒီလိုပစ္စည်းမျိုးက ကိုယ်တိုင်ကိုယ်ကျယူဖို့က လွယ်တာမဟုတ်ဘူး။ မင်းလည်းသိမှာပါ ဒီစက်ပစ္စည်းတွေက ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက်သုံးတာ။ ငါ့အနေနဲ့လည်း အရင်းအကြီးကြီးယူရတယ်။ တကယ်လို့ မင်းကဒီလိုစက်မျိုးတွေ ထပ်လိုချင်တောင်မှ ငါ့အနေနဲ့ ထပ်ရဖို့က သေချာတာ မဟုတ်ဘူး။ ”
ကီရီလန်ကိုသည် ချဲ့ကားပြောလိုက်သည်။
“အစ်ကိုကီ အစ်ကိုကီကအရမ်း နှမြောတတ်တာပဲ။ အစ်ကိုသတိမပြုမိဘူးလား။ အခုလက်ရှိမှာ အစ်ကိုရဲ့အဖေက အခွင့်အရေး ကောင်းကောင်းတစ်ခုကို ရထားတယ်။ အစ်ကိုမှာလည်း အခွင့်အရေး ကောင်းကောင်းရှိမှာပဲ။ ”
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ ရဲရင့်သည့်သူများက တင်းကြပ်ပြီး နှမြောသည့်သူများက ငတ်ပြတ်သွားကြပေမည်။
“မင်းကဘာကို ဆိုလိုတာလဲ။ ”
ကီရီလန်ကိုသည် ယခုထိ နားမလည်သေးပေ။ ယင်းက ဆိုဗီယက် ပြည်ထောင်စု၏ အာဏာလွန်ဆွဲပွဲ ဖြစ်သည်။ သူ၏အဖေ ရာထူးတိုးမည်ပင်။ သို့သော် ထိုကိစ္စကသူနှင့် ဘယ်နေရာက သက်ဆိုင်နေသနည်း။ သူသည် နိုင်ငံရေးထဲသို့ ဝင်မည်မဟုတ်ပေ။
“အစ်ကိုကီ ဒီအကြောင်းကို ခဏစဉ်းစားကြည့်လိုက်။ တကယ်လို့ ဆိုဗီယက် ပြည်ထောင်စုက ပြိုကွဲမယ်ဆိုရင် ဆိုဗီယက် ပြည်ထောင်စုမှာရှိတဲ့ စက်ရုံတွေက နိုင်ငံတွေအလိုက်ခွဲမှာ။ ဒီစက်ရုံတွေက သူတို့ရဲ့ တည်နေရာကို လိုက်ပြီးတော့ ကွဲသွားလိမ့်မယ်။ နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာရှိနေတဲ့ စက်ပစ္စည်းတွေက နိုင်ငံပိုင်မှာ ဟုတ်တယ်မလား။ ဒါပေမဲ့ အဲ့ဒီနိုင်ငံမှာရှိတဲ့ စက်ရုံဒါရိုက်တာတွေက အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသားမဟုတ်ဘူးဆိုရင် .... ”
ကီရီလန်ကိုကရပ်ကာ ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“မင်းပြောချင်တာက လူအများစုက သူတို့ရဲ့ အဲ့ဒီပိုင်ဆိုင်မှုတွေကို ငွေအတွက် ရောင်းချကြမှာလား။ ”
“ဒါအမှန်ပဲ။ ကျွန်တော်ရဲ့ ခန့်မှန်းမှုအရဆိုရင် အဲ့ဒီလူတွေက စစ်ဖက်ဆိုင်ရာသုံး စက်ပစ္စည်းကိုသာ မကဘူး လက်နက်တွေကိုလည်း ဈေးနည်းနည်းနဲ့ ရောင်းချလိမ့်မယ်။ ”
“လက်နက်တွေကို ရောင်းချတာက တရားမဝင်ဘူးလား။ ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ကီရီလန်ကိုက ဖုန်းယွီပြောစကားကြောင့် မှင်သက်နေသည်။
ဖုန်းယွီက စဉ်းစားနေသည်။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ အနာဂတ်ကျ AK4သေနတ်က တွေ့ရအများဆုံး သေနတ်ပဲ။ အဲ့ဒီသေနတ်တွေကို အလေးချိန်နဲ့ရောင်းတာ။ အပိုင်းလိုက် ရောင်းတာမဟုတ်ဘူး။ (အဲ့လိုမျိုး ဝယ်ချင်မိ)
သေနတ်အသစ်များကို အလေးချိန်နှင့်သာရောင်းကာ ထိုထဲတွင် ကျည်ဆံများလည်း ပါဝင်ပြီးဖြစ်သည်။ ယင်းက ဘယ်လောက်ထိ ရူးမိုက်သည့် လူများရှိလဲဆိုတာ ပြနေခြင်းဖြစ်သည်။ ထိုလူများနှင့် နှိုင်းယှဉ်ပါက ကီရီလန်ကိုသည် အရမ်းသူရဲဘော ကြောင်လွန်းသည်။
ဖုန်းယွီက ကီရီလန်ကိုထံမှ လေယာဉ်အချို့နှင့် မစ်ဆိုင်း(ဒုံးကျည်)အချို့ကိုတောင် ဝယ်ချင်သေးသည်။ သို့သော် ကီရီလန်ကိုသည် အရမ်းကို ကြောက်တတ်သည်။
သူ့အနေဖြင့် ကီရီလန်ကိုကို ဦးနှောက်ဆေးရတော့မည်ပုံ ပေါက်၏။