← Chapters

ပါတီ၏ အဆင့်မြင့် ခေါင်းဆောင်

Vol. 14 Ch. 197

ပါတီ၏ အဆင့်မြင့် ခေါင်းဆောင်

Vol. 14 Ch. 197

ဖုန်းယွီသည် ကီရီလန်ကိုကို နားချရသည်မှာ အလွန်အမင်းပင် ခေါင်းခြောက်လှသည်။ သို့သော်ငြား နောက်ဆုံးတွင်သူသည် ကီရီလန်ကိုကို ယခုအခွင့်အရေးကို အသုံးပြုပြီး ပိုက်ဆံများများ ရှာစေချင်သည်။ ကီရီလန်ကို၏အဖေသည် ရာထူးမတိုးလျှင်တောင် သူ့တွင် ရူဘယ်သန်းရာချီ ရှိပြီဖြစ်သည်။ သူ့ကို အခွင့်ထူးခံ လူတန်းစားတစ်ယောက်ဟု သတ်မှတ်၍ ရနိုင်ပေသည်။

ထိုခေတ်အခါက ဆိုဗီယက် ပြည်ထောင်စုသည် ကွန်မြူနစ်နိုင်ငံဖြစ်ကာ စုစုပေါင်းလူဦးရေ၏ ၁.၅ရာခိုင်နှုန်းခန့်သာ အခွင့်ထူးခံ လူတန်းစားများ ဖြစ်ကြသည်။ ပြီးနောက် ထိုရာခိုင်နှုန်းသည် ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

ကီရီလန်ကိုသည် အခွင့်ထူးခံ လူတန်းစား၏ နမူနာကောင်း တစ်ယောက်ဖြစ်သည်။ သူသည် စစ်တပ်၏နာမည်ကို အသုံးချကာ ဖုန်းယွီနှင့် စက်ယန္တရား ကုန်သွယ်မှုကို ပြုလုပ်ခဲ့သည်။ စက်ယန္တရားများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ခဲ့ကာ စစ်ဖက်ဆိုင်ရာသုံး ရထားတွဲကို ဘင်းမြို့တော်ဆီသို့ ပို့ဆောင်စရိတ်မကုန်ဘဲ ပို့နိုင်ခဲ့သည်။

ကီရီလန်ကို ပေးရမည့် ကုန်ကျစရိတ် အားလုံးက စစ်ဖက်ဆိုင်ရာ နံပါတ်များဖြစ်နေ၍ ပြန်ပေးစရာ မလိုပေ။ ကုန်ပစ္စည်းများကို ဝယ်ရန်အတွက် သုံးသော ငွေကြေးများတောင် စစ်တပ်၏ ရံပုံငွေမှဖြစ်သည်။ အရာရှိများ အားလုံးနီးပါးနှင့် သူ၏မိသားစုများသည် ထိုကဲ့သို့ လုပ်ကြသည်။ ပြီးနောက် တစ်ချို့သော လူများသည် ကီရီလန်ကိုထက်တောင် ဆိုးကြပေသည်။ သို့သော်ငြား တစ်ယောက်မှ မဖမ်းမိပေ။

ကီရီလန်ကို၏ ကိရက်မ သူငယ်ချင်းသည် စစ်ဖက်ဆိုင်ရာသုံး ကုန်သယ်ကား၏ ၉၀ရာခိုင်နှုန်းနီးပါးကို ယာဉ်ဟောင်းအဖြစ် သတ်မှတ်ကာ ဖုန်းယွီကို ရောင်းခဲ့သည်။ ပြီးနောက် ထိုသူသည် ကီရီလန်ကိုထက် လုပ်ရဲကိုင်ရဲရှိသည်။ အကြောင်းမှာ သူ၏အဖေ၏ ရာထူးက ကီရီလန်ကို၏ ဖခင်ထက် ပိုမြင့်သည့်အတွက်ပင်။

ကီရီလန်ကိုက တစ်ခဏကြာ စဉ်းစားလိုက်သည်။ သူ၏အဖေသည် ထောက်ပို့အရာရှိတစ်ဦးဖြစ်ကာ သူ့အနေဖြင့် ထိုသို့သောအရာမျိုး ပြုလုပ်ရန်အတွက် လွယ်ကူပေသည်။ သူ့လက်ထဲတွင် ပိုက်ဆံရှိခြင်းက အရာအားလုံးထက် အရေးကြီးဆုံးအရာ ဖြစ်သည်။ အကယ်၍ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခဲ့လျှင် သူ့တွင် ပိုက်ဆံရှိနေသမျှ အခြားသူများ၏ အထက်တွင် နေနိုင်မည်ဖြစ်သည်။

အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုများလာကတည်းက ထိုရေနွေးငွေ့စက်၏ ဈေးနှုန်းသည်လည်း အနည်းငယ် လျော့ချနိုင်ခဲ့သည်။ အဆုံးတွင် ကီရီလန်ကိုက ဖုန်းယွီကို ရူဘယ်(၁၃)သန်း ပေးခဲ့သည်။ ယင်းသည် အတိတ်က ၃၀ရာခိုင်နှုန်း အမြတ်နှင့် အတူတူပင်ဖြစ်သည်။ ဖုန်းယွီက ထိုအပေးအယူကို အလျှင်အမြန်ဖြင့် လက်ခံလိုက်ကာ ကီရီလန်ကိုကို သူ့အနေဖြင့် ကီရီလန်ကို ရှာသမျှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများ အားလုံးကို သူရောင်းချမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ပြီးနောက် သူ့အနေဖြင့် မည်သည့် ငွေပေးချေမှုကိုမှ လက်ထဲကိုင်ထားမည် မဟုတ်ပေ။

ဖုန်းချပြီးနောက် ဖုန်းယွီက အပျော်လွန်နေသည်။

အရာအားလုံးက စီစဉ်ထားသည့်အတိုင်း ချောမွေ့နေသည်။ ဖုန်းယွီက လစ်သူယေးနီးယား၏ လွတ်လပ်ရေးသည် သူ့အတွက် ကောင်းမွန်သည့် အရာတစ်ခုဟု မည်သည့်အခါမှ မမျှော်လင့်ခဲ့ပေ။ သူ့အနေဖြင့် သူ၏လက်ဖြင့် ထိုသံရည်ကျိုစက်ကို ရနိုင်ကာ စက်ယန္တရားကုမ္မဏီ၏ ရှယ်ယာများကိုလည်း စောစောရနိုင်ပြီဖြစ်သည်။

ဖုန်းယွီလက်ရှိ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲက သူ့တွင်ငွေအလုံအလောက် မရှိခြင်းပင်ဖြစ်သည်။ ကွမ်ချမ်းရှိ စက်ရုံအသစ်က သူ၏ငွေများ အကုန်လုံးနီးပါးကို သုံးခဲ့သည်။ ဖုန်းယွီတွင် ရူဘယ်(၁၃)သန်း မဆိုထားနှင့် ယွမ်(၁၃)သန်းတောင် မရှိပေ။

သူ့အနေဖြင့် ဟိုဟိုက်ထောင်နှင့် စကားပြောရမည့်ပုံ ပေါက်သည်။ သူ့အနေဖြင့် ဟိုဟိုက်ထောင်ကို အရင်ဆုံး ငွေပေးချေမှု ပြုစေရန် လိုအပ်ပေသည်။ အကယ်၍ သူ့အနေဖြင့် လက်ရှိတွင် တစ်ခါထဲ အပြီးအစီး ငွေပေးချေနိုင်ပါက အကောင်းဆုံးပင် ဖြစ်ပေမည်။

....

“အား မန်နေဂျာဖုန်း ခင်ဗျားဘာကြောင့် ဒီကိုရောက်လာတာလဲ။ ”

ဟိုဟိုက်ထောင်က ဖုန်းယွီကိုမြင်ရတာ မပျော်မရွှင် ဖြစ်နေသည်။ ဖုန်းယွီသည် သူ့ပါးစပ်ထဲမှ အသားကို ဆွဲယူကာ အရိုးသာပေးခဲ့သည်။ သို့သော် ယခုတွင် အရိုးကိုက်ရန်လည်း လက္ခဏာ မတွေ့ပေ။

“ဒါရိုက်တာဟို ကျွန်တော်ကိုတွေ့ရတာ ခင်ဗျားပျော်ရွှင်နေတဲ့ပုံ မပေါ်ဘူး။ တကယ်တော့ ကျွန်တော်က ခင်ဗျားအတွက်ကို သတင်းကောင်းတွေ ယူလာပေးမလို့။ ဒါပေမဲ့ ကျွန်တော်က အချိန်မှားကို လာခဲ့ပြီထင်တယ်။ ”

ဖုန်းယွီကလှည့်ကာ လမ်းလျှောက် ထွက်သွားတော့သည်။

သတင်းကောင်းလား။

ဟိုဟိုက်ထောင်က ဖုန်းယွီ၏လက်ကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်ကာ

“အိုက်ယား မန်နေဂျာဖုန်း ဘာပြောလိုက်တာတုန်း ကျွန်တော်ကဒီနေ့ အလုပ်အရမ်းရှုပ်နေလို့ ပင်ပန်းနေတာ။ ဒါပေမဲ့ ကျွန်တော်ခင်ဗျားကိုတော့ ဧည့်ဝတ်ကျေပွန်မှုကို ပြမှာပါ။ ရှောင်လျို ငါ့ရဲ့သတ္ထုဘူးထဲက လက်ဖက်ခြောက်တွေနဲ့ ဖုန်းယွီအတွက် လက်ဖက်ရည်အိုး တစ်အိုး သွားပြင်ချေ”

ရှောင်လျိုသည် ထိုလက်ဖက်ရည်ကို မပြင်ချင်ပေ။ ထိုသေတ္တာထဲရှိ လက်ဖက်ခြောက်များကို ပေကျင်း၏ ပါတီကော်မတီမှ ခေါင်းဆောင်တစ်ဦးက ဟိုဟိုက်ထောင်ကို ပေးထားခြင်းဖြစ်သည်။ မြို့တော်ခေါင်းဆောင်များ စက်ရုံကိုလာလျှင်တောင် သူသည် ထိုလက်ဖက်ခြောက်များကို မည်သည့်အခါမှ မသုံးပေ။ ဟိုဟိုက်ထောင်သည် ပြည်နယ်ခေါင်းဆောင် လာသည့်အခါတွင်သာ ထိုလက်ဖက်ခြောက်ကို နှစ်ခါသုံးဖူးသည်။ ဒါရိုက်တာဟို ဒီနေ့ဘာများ မှားနေသနည်း။ အဘယ့်ကြောင့် ထိုလက်ဖက်ခြောက်များကို ဖုန်းယွီအတွက် ပြင်ပေးစေချင်သနည်း။

ဖုန်းယွီက ဆိုဖာပေါ်တွင် တင်ပြင်ခွေချိတ်ကာ ထိုင်လိုက်သည်။ အကယ်၍သူက စီးကရက်ကို မီးညှိလိုက်ပါက လူတိုင်းကသူ့ကို ပါးရိုက်ချင်ကြမည် ဖြစ်သည်။ သူပြန်လည် မွေးဖွားလာကတည်းက ဖုန်းယွီအတွက် သိသာထင်ရှားသည့် အကြီးမားဆုံး အောင်မြင်မှုက သူဆေးလိပ်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။

တကယ်တန်းကျ သူ့အနေဖြင့် ဆေးလိပ်မသောက်ချင်တာ မဟုတ်ပေ။ သူယခုလက်ရှိတွင် ဆေးလိပ်မသောက်သည့် အကြောင်းအရင်းက အကယ်၍ သူဆေးလိပ်သောက်ပါက သူ့၏မိဘများသာမက သူ၏ကိုယ်ဝန်ဆောင် အမကပါ သူ့ကိုရိုက်မည်ပင်။

လက်ဖက်ရည်က ရောက်လာပြီး ဖုန်းယွီက တစ်ကျိုက်သောက်လိုက်သည်။ သူကဟိုဟိုက်ထောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူအိုက သူ၏အကောင်းဆုံးသော အရာတွေကို တကယ်ပင် သိုဝှက်ထားသည်ပင်။ သူ့အနေဖြင့် သူထွက်သွားသည့်အခါ ထိုလက်ဖက်ခြောက်များကို အရယူရန် နည်းလမ်းတစ်ခု သေချာပေါက် စဉ်းစားရမည်ပင်။

ဖုန်းယွီက ဘာမှမပြောပေ။ ဟိုဟိုက်ထောင်က သည်းမခံနိုင် ဖြစ်လာသည်။

“မန်နေဂျာဖုန်း ကျွန်တော်အတွက် သတင်းကောင်းရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ”

ဖုန်းယွီက မှင်သက်သည့် အမူအရာ သူ့မျက်နှာတွင်ပေါ်လာပြီး ပြောလိုက်သည်။

“အိုး ငါ့ကိုကြည့်လိုက်ပါအုံး။ ငါအဲ့ဒီအကြောင်းကို မေ့နေတာ။ ငါအိုလာပြီထင်တယ်။ ”

ဟိုဟိုက်ထောင်က တစ်ချက်မေးလိုက်ကာ မင်းကအသက်နှစ်ဆယ်တောင် မပြည့်သေးဘူး။ ငါကအသက်ငါးဆယ် ရောက်နေပြီ။ အဲ့ဒါကိုဘာကြောင့် မင်းကအသက်ကြီးနေပြီလို့ ပြောနေရတာလဲ။ မင်းကဘယ်သူ့ကို ရည်ညွှန်းပြောချင်နေတာလဲ။

“ဒါရိုက်တာဟို ခင်ဗျားရဲ့ စက်ရုံအပိုမှာ အလုပ်ရုံအလွတ်ရှိလား။ အက်ထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက် ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ၁၉၈၅ခုနှစ်မှာ ထုတ်လုပ်တယ်။ ကောင်းမွန်တဲ့ အခြေအနေပဲ။ အရင်ကတစ်ခါမှ မပြုပြင်ရသေးဘူး။ အခုအဲ့ဒါကို ဖြုတ်ပြီးတော့ ရထားပေါ်ကို အခုပဲ တင်ပေးလိုက်ပြီ။ ”

ဟိုဟိုက်ထောင်က သူ၏ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်ကာ

“မင်းကတကယ်ကြီး ပြောနေတာလား။ ”

“ခင်ဗျားကို ကျွန်တော်လိမ်တော့ရော ဘာရမှာလဲ။ ”

ဖုန်းယွီက မေးမြန်းလိုက်သည်။

ဟိုဟိုက်ထောင်၏မျက်လုံး လည်သွားခဲ့သည်။ သူသည် ကြိမ်ဖန်များစွာ ဖုန်းယွီ၏လှည့်စားခြင်းကို ခံခဲ့ရသည်။ ထိုအသက်ငယ်ငယ်ရွယ်ရွယ်နှင့်လူက မျောက်လောက် စမတ်ကျပေသည်။ သို့သော် ဖုန်းယွီက မဟုတ်ပေ။ သူ့အနေဖြင့် ထိုကဲ့သို့သော အရေးကြီးကိစ္စမျိုးကို သူ့အားအရူးမလုပ်ရဲပေ။

“အဲ့ဒါဆိုရင် ဘင်းမြို့တော်ကို သံရည်ကျိုစက်က ဘယ်တော့ရောက်မှာလဲ။ ”

ဟိုဟိုက်ထောင်က မေးလိုက်သည်။

“သူတို့တွေက ငွေရတာနဲ့ စပြီးပို့မှာ။ အဲ့ဒါက ဘင်းမြို့တော်ကို ခုနှစ်ရက်အတွင်း ရောက်လိမ့်မယ်။ ဒါရိုက်တာဟို ခင်ဗျားအချိန်အကြာကြီး စောင့်ခဲ့ပြီးပြီ။ နောက်ထပ် ရက်နည်းနည်းစောင့်ဖို့ ခင်ဗျားအတွက် ဘာအရေးကြီးလို့လဲ။ ဒီသံရည်ကျိုစက်က တရုတ်နိုင်ငံမှာ အဆင့်အမြင့်ဆုံး သံရည်ကျိုစက်လို့ စဉ်းစားလို့ ရနိုင်တယ်။ အဲ့ဒီသံရည်ကျိုစက်က တောင်ပိုင်းစက်ရုံနှစ်ခုက ဝယ်ခဲ့တဲ့ ၁၉၇၀ခုနှစ်ထုတ် သံရည်ကျိုစက်ထက် ပိုပြီးတော့ကောင်းတယ်။ ”

ဖုန်းယွီက ဟိုဟိုက်ထောင်ကို ငွေပေးချေမှုအတွက် ငွေပြင်ဆင်ထားရန် အရိတ်အမြွတ် ပြောလိုက်သည်။ ပြီးနောက် ထိုသံရည်ကျိုစက်သည် ဈေးမပေါပေ။

“မန်နေဂျာဖုန်း ခင်ဗျားကျွန်တော်တို့ကို ဒီသံရည်ကျိုစက်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ”

ဖုန်းယွီက မျက်လုံးလည်သွားကာ အနီးသို့ကပ်လျှက်

“ဒါရိုက်တာဟို ခင်ဗျားနည်းနည်းပဲ သုံးချင်လား များများသုံးချင်လား။ ”

ဟိုဟိုက်ထောင်က ထလိုက်သော်ငြား သူ၏ကြောင်မြှီးက ဖွက်ထားဆဲဖြစ်သည်။ သူကအော်လိုက်သည်။

“မန်နေဂျာဖုန်း ကျွန်တော်က အဲ့လိုလူစားမျိုး မဟုတ်ဘူး။ ကျွန်တော်က ပါတီရဲ့ကော်မတီမန်ဘာ။ ”

ဖုန်းယွီက မျက်တောင်ခတ်သွားကာ

“ဘယ်လိုလူစားမျိုးလဲ။ ”

“မန်နေဂျာဖုန်း ခင်ဗျားက စီးပွားရေး အများကြီးလုပ်ဖူးတယ်။ မှားတဲ့လမ်းကို မလျှောက်သင့်ဘူး။ ငါ့အနေနဲ့ လာဘ်ထိုးမှာ မဟုတ်ဘူး။ ”

“ဘာ လာဘ်ထိုးတာလား။ ဒါရိုက်တာဟို ခင်ဗျားတွေးနေတာက ကျွန်တော်က ခင်ဗျားဆီကနေ လာဘ်ယူချင်နေတာ ဒါမှမဟုတ်ဘူးဆိုရင် ခင်ဗျားကို လာဘ်ထိုးချင်နေတာလား။ ”

ဖုန်းယွီက မေးလိုက်သည်။

“ကျွန်တော်ကခင်ဗျားကို ကြိုးစားပြီး ပြောပြနေတာက တကယ်လို့ ခင်ဗျားအနေနဲ့ အဲ့ဒီသံရည်ကျိုစက် ဝယ်ပြီးတာကို ကုန်ကျစရိတ် လျော့ချချင်တယ်ဆိုရင် အခုချက်ချင်းပဲ ငွေအပြည့် ပေးမှရမယ်။ အဲ့ဒါဆိုရင် တင်သွင်းဖို့အတွက် စာရွက်စာတမ်းတွေ လုပ်နိုင်တယ်။ ခင်ဗျားပြောခဲ့တာက ဒီစက်ပစ္စည်းက စစ်ဖက်ဆိုင်ရာရဲ့ နာမည်အောက်မှာဆို။ ခင်ဗျားအနေနဲ့ အခွန်ကင်းလွတ်ခွင့်တောင် ရနိုင်တယ်။ ဒီလိုမျိုး အရမ်းကြီးမားတဲ့ စက်ယန္တရားတွေအတွက် အခွန်က အရမ်းမြင့်တယ်။ ”

ဘာ အခွန်ကင်းလွတ်ခွင့်လား။

ဟိုဟိုက်ထောင်က ရယ်လိုက်သည်။ ထိုကလေးကသူ့အား ထိုအကြောင်း ပြောသည်ပင်။ သူသည် သူ့၏အတွေးတွင် ဖုန်းယွီကသူ့ကို ငွေများများ ရရန်အတွက် အထက်အရာရှိများကို လာဘ်ထိုးစေချင်ခဲ့သည်ဟု တွေးခဲ့သည်။

ဟိုဟိုက်ထောင်သည် ထိုသို့သော အရာမျိုးကို ပထမဆုံးနေရာတွင် မထားပေ။ သို့သော် သူသည် ဖုန်းယွီ၏ရှင်းပြချက်ကို ကြားပြီးနောက် သူကနောင်တရသလို ခံစားရသည်။ သူနောင်တရခြင်းမှာ သူ့အနေဖြင့် ပါတီ၏ အဆင့်မြင့် ခေါင်းဆောင်အနေဖြင့် မပြသနိုင်သည့်အတွက်ပင်။

ဖုန်းယွီက ထပ်ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်က အစိုးရအရာရှိတွေနဲ့ အေဂျင်စီတွေကို လက်ဆောင်တိတ်တဆိတ် ပေးမှာတဲ့လား။ ကျွန်တော်က အဲ့ဒီလက်ဆောင်တွေကို ပွင့်လင်းမြင်သာစွာ ပေးမှာပေါ့။ ခင်ဗျားအရင်တုန်းက ပြောခဲ့တာက ဆိုဗီယက် ပြည်ထောင်စု စစ်ဖက်ဆိုင်ရာက ထုတ်လုပ်တဲ့ခွက်ကို သဘောကျတယ်ဆို။ ကျွန်တော်က ကျွန်တော်ရဲ့ အဆက်အသွယ်ကို အသုံးချပြီး ဆိုဗီယက် ပြည်ထောင်စုကို အဲ့ဒီခွက်ကို ရှာဖို့ပြောထားတယ်။ အဲ့ဒီခွက်က ဗိုလ်မှူးကြီးရဲ့ အထက်တွေကိုပဲ ထုတ်ပေးထားတာ။ ”

ဟိုဟိုက်ထောင်၏ မျက်လုံးများက ပြုးကျယ်သွားသည်။ သူကဘေးကြပ်နံကြပ်ထဲတွင် ရောက်နေသည်။ သူ့အနေဖြင့် ထိုလက်ဆောင်ကို လက်ခံရမည်လော လက်မခံရမည်လော။

အဆုံးတွင် သူ့၏မကောင်းစိတ်က အနိုင်ရရှိသွားသည်။ သူ့အနေဖြင့် ပါတီ၏ အဆင့်မြင့် အရာရှိတစ်ဦးဆိုတဲ့ဂုဏ်ကို နောင်တစ်ချိန်တွင် ပြသနိုင်ပေမည်။

All Chapters