အခန်း (၁၉၈)
Vol. 14 Ch. 198
ဖုန်းယွီ၏လက်ဆောင်ကို ရရှိပြီးနောက် ဟိုဟိုက်ထောင်၏ စိတ်သဘောထားသည် ပိုမိုကောင်းမွန်လာသည်မှာ ထင်ရှားလာသည်။
“ငါစာရွက်စာတမ်း တင်ပို့ဖို့အတွက်ကို ပြင်ဆင်ထားရတော့မှာလား။ သေချာတာပေါ့။ အဲ့ဒါက အဆင်ပြေပါတယ်။ အဲ့ဒါဆိုရင် ငါတို့တွေဈေးကို လျော့နိုင်အုံးမလား။ ”
“ဈေးလျော့ရအုံးမှာလား။ ဒါရိုက်တာဟို ကျွန်တော်လုပ်နိုင်တဲ့ အရာအကုန်လုံးက ဈေးနှုန်းကနေပြီးတော့ အခွန်တွေကို လျော့ချဖို့ပဲ။ ကျန်တဲ့အရာတွေကတော့ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်က စီးပွားရေးသမား ပြီးတော့ စီးပွားရေးလုပ်နေတာ။ အရေးကြီးဆုံးအရာက ပိုက်ဆံရှာဖို့ပဲ”
“မန်နေဂျာဖုန်း ကျွန်တော်တို့က စစ်ဘက်ဆိုင်ရာ စက်ရုံလေ။ ဒီသံရည်ကျိုစက်က ကျွန်တော်တို့နိုင်ငံရဲ့ စစ်တပ်အဆင့်ကို တိုးတက်နိုင်တယ်။ တရုတ်နိုင်ငံသား တစ်ယောက်အနေနဲ့ မိမိရဲ့တိုင်းပြည်အပေါ်မှာ ပံ့ပိုးချင်စိတ်တွေ လုပ်ရမှာမဟုတ်လား။ ”
ဟိုဟိုက်ထောင်သည် ဈေးဆစ်ရန်အတွက် မျိုးချစ်စိတ်ကို စတင်အသုံးပြုလာသည်။ သူသည် ထိုနည်းလမ်းဖြင့် အရင်က ဆွေးနွေးမှု ပြုလုပ်ရာတွင် စီးပွားရေး လုပ်ငန်းရှင်အချို့တွင် သုံးခဲ့ဖူးသည်။
တကယ်လို့ မင်းဈေးမလျော့ဘူးဆိုရင်တော့ မင်းကတိုင်းပြည် မချစ်တဲ့ကောင်ပဲ။
ကံဆိုးချင်တော့ ထိုနည်းလမ်းက တစ်ခြားလူများတွင် အလုပ်ဖြစ်သော်ငြား ဖုန်းယွီတွင်တော့ အလုပ်မဖြစ်ပေ။ မျိုးချစ်စိတ်လော။ မျိုးချစ်စိတ်ရှိရန်အတွက် ဈေးလျော့ချရမည်လော။
“ဒါရိုက်တာဟို ကျွန်တော်ကိုဒီလို ပြောဖို့မလိုပါဘူး။ ကျွန်တော်က စီးပွားရေးသမား ပြီးတော့ ပိုက်ဆံမရှာနိုင်ဘူးဆိုရင် အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်အနေနဲ့ ဒီသံရည်ကျိုစက်ရဲ့ သယ်ယူပို့ဆောင်စရိတ်ကို ချွေတာပြီးသွားပြီ။ ခင်ဗျားအနေနဲ့ စက်ယန္တရား ကုမ္မဏီရဲ့ ရှယ်ယာတွေကို ကျွန်တော်ဆီလွှဲပြီးတော့ ကျွန်တော်ကို ရူဘယ်၁၅သန်း ပေးရုံပဲ။ ”
“ဘာ စက်ယန္တရား ကုမ္မဏီရဲ့ ရှယ်ယာတွေက အနည်းဆုံး ရူဘယ်၈သန်းတန်တယ်။ ပြီးတော့ငါက နောက်ထပ်ရူဘယ်၁၅သန်း ပေးရအုံးမှာလား။ ဒီတစ်ပတ်ရစ် သံရည်ကျိုစက်က ရူဘယ်သန်း၂၀ ကျော်တာလား။ ပြီးတော့ အဲ့ဒါက အခွန်လုပ်ပြီးသားနော် ဟုတ်တယ်မလား။ ”
ဟိုဟိုက်ထောင်က ထရပ်လိုက်ကာ အော်လိုက်သည်။
ဖုန်းယွီကသူ့အား လျစ်လျူရှု့လိုက်ကာ သူ၏လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး
“ရှောင်လျို ရေနွေးလေး ထပ်ဖြည့်ပေးပါအုံး။ ”
ဟိုဟိုက်ထောင်က အသက်ပြင်းပြင်း ရှုနေသည်။ ဒါကငါ့ရဲ့ရုံးခန်း ပြီးတော့ ရှောင်လျိုကလည်း ငါ့ရဲ့အတွင်းရေးမှူး။
မန်နေဂျာဖုန်း ခင်ဗျားရဲ့ စက်ပစ္စည်းတွေက တစ်ပတ်ရစ်တွေ ပြီးတော့ တစ်ပတ်ရစ်ပစ္စည်းတွေက တန်ဖိုးမရှိမှန်း လူတိုင်းသိကြတယ်။ ဘာလို့အဲ့ဒါက စက်ပစ္စည်း အသစ်စက်စက်ရဲ့ ဈေးထက်ကို များနေရတာလဲ။
“ခင်ဗျားပြောနေတာက ၁၉၇၀မော်ဒယ်ရဲ့ စက်ပစ္စည်း အသစ်အကြောင်းကို ပြောနေတာလား။ ခင်ဗျားအဲ့ဒါကို လိုချင်တာလား။ ဟုတ်တယ် အဲ့ဒါက ဈေးပေါတယ်။ ခင်ဗျားရဲ့ စက်ယန္တရား ကုမ္မဏီက ရှယ်ယာတွေကို ကျွန်တော်ဆီကို လွှဲလိုက်။ ကျွန်တော်ဒီမော်ဒယ်ကို ယူပေးမယ်။ တကယ်လို့ ဒီသံရည်ကျိုစက်ကို မယူချင်တော့ဘူးဆိုရင်တော့ ကျွန်တော်နောက်ထပ် ဝယ်သူတစ်ယောက်ကိုပဲ ရှာလိုက်တော့မယ်။ ”
ဖုန်းယွီက ဟိုဟိုက်ထောင်ကို စိုက်ကြည့်လိုက်သည်။ စွမ်းဆောင်ရည် လုပ်နိုင်စွမ်းနှင့် မော်ဒယ်နှစ်ခု၏ သက်ရောက်မှုသည် သိသိသာသာ ထင်ရှားပေသည်။ အဘယ့်ကြောင့် ဈေးကအတူတူ ဖြစ်နိုင်ရမည်နည်း။ ALTOအသစ်တောင် မာစီးဒီးBELZ၏ တစ်ပတ်ရစ် သို့မဟုတ် နှစ်လက်ပြောင်းတောင် မယှဉ်နိုင်ပေ။
“မဟုတ်ဘူး မဟုတ်ဘူး။ အရမ်းကြီး မစောလွန်းပါနဲ့။ ဒီဈေးကို ထပ်ပြီးလျော့ချနိုင်သေးလား။ ရူဘယ်၁၅သန်းဆိုတာ ကျွန်တော်ရဲ့ ကုမ္မဏီအတွက် အရမ်းများနေပြီ။ ကျွန်တော်စက်ရုံအနေနဲ့ ဒီလောက်များပြားတဲ့ ပိုက်ဆံကို ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ။ ”
ဖုန်းယွီက မဆိုင်းမတွဘဲ ပြန်ပြောလိုက်သည်။
“ကောင်းပြီ အဲ့ဒါဆိုရင်တော့ ဒီပထမဦးဆုံးအကြိမ် ကျွန်တော်အလုပ်အတူတူ မလုပ်ဖြစ်တာဘဲ။ ကျွန်တော်က ခင်ဗျားဆီကနေ အများကြီးမယူပါဘူး။ အခုလက်ရှိ ရူဘယ်နဲ့ယွမ် နိုင်ငံခြားငွေဈေးက တစ်ရူဘယ်ကို ယွမ်၆.၃ယွမ်ပဲ ရှိတယ်။ ကျွန်တော်အနေနဲ့ ၆ယွမ်ပဲတောင်းတာ။ အဲ့ဒီအတွက် ခင်ဗျားကကျွန်တော်ကို ယွမ်သန်း၉၀ဆိုလည်း အလုပ်ဖြစ်ပါတယ်။ ”
ထိုခေတ်အခါက ရူဘယ်သည် တန်ဖိုးရှိကာ ယွမ်က သိပ်တန်ဖိုးမရှိပေ။ ယမန်နှစ်က ငွေလွှဲနှုန်းသည် ၁ရူဘယ်လျှင် ယွမ်၆ယွမ်ဖြစ်ခဲ့သည်။ ယခုတွင် လဲလှယ်သည့်နှုန်းက ၁ရူဘယ်လျှင် ယွမ်၆.၃ယွမ်ဖြစ်သည်။ နှစ်ကုန်ပိုင်းပြီးနောက် ငွေလွှဲနှုန်းသည် နောက်တစ်ပြန် ပြောင်းမည်ဖြစ်ကာ ထိုအချိန်တွင် ရူဘယ်သည်လည်း စတင်ဈေးကျမည် ဖြစ်ပေသည်။
“သန်း၉၀လား။ အဲ့ဒါဈေးအရမ်းကြီးတာပဲ။ အဲ့ဒါအဲ့လောက် တန်ဖိုးမရှိဘူး။ ဒီဈေးက အမေရိကန်ဒေါ်လာ ၁၅သန်းပဲဖြစ်သင့်တယ်။ ”
ဟိုဟိုက်ထောင်က ခေါင်းခါရင်းပြောလိုက်သည်။
ကောင်းပြီ။ အဲ့ဒီလူကြီးက ဈေးဆစ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တာပဲ။ ယခုလက်ရှိ ငွေလွှဲနှုန်းနဲ့ အခြေခံပြီးတော့ ဖုန်းယွီဆီကနေပြီးတော့ လျော့ဈေး၄၀ရာခိုင်နှုန်း တောင်းဆိုသည်ပင်။
တကယ်တန်းကျ ၄၀ရာခိုင်နှုန်း လျော့ဈေးနှင့်ဆိုလျှင်တောင် ဖုန်းယွီက အမြတ်ရှိသေးသည်။ သို့သော် သူ့၏ရင်းနှီးမြုပ်နှံမှု၏ အစိတ်အပိုင်းများ အားလုံးတွင် သူကအမြတ်အနည်းငယ်သာ ရရှိပေမည်။ ထပ်ပြောပါက အမေရိကန်ဒေါ်လာ ၁၅သန်းသည် ရူဘယ်၉သန်းနှင့်သာ ညီမျှပေသည်။ ဖုန်းယွီက နောက်ထပ်ရူဘယ် ၄သန်းကို ထပ်ရှာရအုံးမည်ပင်။
ထိုက်ဟွကုန်သွယ်ရေးတွင် ပိုက်ဆံများများစားစား မရှိပေ။ ပြီးနောက် ဖုန်းယွီသည် ကီရီလန်ကိုဆီမှာလည်း မချေးချင်ပေ။ အကြောင်းမှာ သူ့အနေဖြင့် အနာဂတ်တွင် သူနှင့်ကုန်သွယ်မှု ပြုလုပ်ရမည် ဖြစ်သည့်အတွက်ပင်။ ဖုန်းယွီ၏ဈေးက ရူဘယ်၁၃သန်း ဖြစ်သည်။ ကီရီလန်ကိုသည် ပို့ဆောင်ရေးစရိတ်ကိုပေးပြီး ရူဘယ်၁၃သန်းသည် ထိုအပေးအယူအတွက် အသင့်တော်ဆုံး ဈေးနှုန်းဖြစ်သည်။ ဖုန်းယွီက စက်ယန္တရားကုမ္မဏီ၏ ရှယ်ယာများကို အကျိုးအမြတ်ဖြင့်သာ လိုချင်တော့သည်။
တကယ်လို့ သူများများရရင်ရော ဘာဖြစ်မှာလဲ။ သူ့၏စွမ်းဆောင်ရည်သည်လည်း ငွေများကုန်ကျသည်ပင်။
“ဒါရိုက်တာဟို ခင်ဗျားဒီလိုပဲ ဆက်ပြောနေမယ်ဆိုရင်တော့ အပေးအယူက ပျက်သွားလိမ့်မယ်။ ကျွန်တော်က ဒီစက်ပစ္စည်း ရောင်းရမှာ စိတ်ပူနေတာ မဟုတ်ဘူး။ ”
ဟိုဟိုက်ထောင်က
“.... ”
သူကဈေးဆစ်သည်ဟု စပြောလိုက်တိုင်း ဖုန်းယွီက ထိုသံရည်ကျိုစက်ကို အခြားသောစက်ရုံ ရောင်းမည်ဟုသာပြောသည်။ ဘယ်လိုဖြစ်နေရသနည်း။ ဈေးဆစ်သည်က ထိုနည်းလမ်းနှင့်လော။ သို့သော် ထိုနည်းဗျူဟာသည် ဟိုဟိုက်ထောင်တွင်လည်း အလုပ်ကောင်းကောင်း မဖြစ်ပေ။
လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စက်ရုံတစ်ရုံဖြစ်ကာ လေယာဉ်များ၏ ဒီဇိုင်းနှင့် လေယာဉ်ပျံများကို ထုတ်လုပ်သည်။ ထိုသံရည်ကျိုစက်နှင့်ဆိုလျှင် သူတို့သည် ကုန်ကြမ်းများနှင့် သူတို့ကိုယ်တိုင် ရှုပ်ထွေးနက်နဲသည့် အပိုင်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်းနည်းလမ်းက သူတို့၏ ကုန်ကျစရိတ်ကို လျော့ချနိုင်ကာ ဥရောပနှင့် အမေရိကန် တရုတ်နိုင်ငံကို ကုန်သွယ်ရေး ကျော်သွားမည်ကို ကြောက်သည်မဟုတ်ပေ။
ယခုလက်ရှိတွင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လေယာဉ်ဒီဇိုင်းအသစ်ကို ဆွဲနေပြီး လိုအပ်သည့် ကုန်ကြမ်းများနှင့် စမ်းသပ်ခန်းတွင်သာ ဖွံ့ဖြိုးမှု လုပ်နိုင်သည်သာ။ စက်ရုံတွင် ထုတ်လုပ်ဖို့က ကုန်ကျစရိတ် အလွန်များသည့်အတွက်ပင်။ ထိုအာထရာ အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်နှင့်ဆိုလျှင် သူတို့၏ ကုန်ကြမ်းကုန်ကျငွေကို လျော့ချနိုင်မှာပဲဖြစ်သည်။ သူတို့၏ ပစ္စည်းထုတ်လုပ်မှုကို လျော့ချနိုင်မှာပဲ ဖြစ်သည်။
ဟိုဟိုက်ထောင်က အဆင့်မြင့်အရာရှိများကို သူ့အနေဖြင့် ဂျက်အင်ဂျင်အသစ်၏ ကုန်ကျစရိတ်ကို လျော့ချမည်ဟု ကတိပေးထားသည်။ အကယ်၍သူသည် ထိုသံရည်ကျိုစက်ကို မရရှိပါက သူ၏ကတိများသည်လည်း ကျိုးပျက်သွားမည်ပင်။
မျက်နှာပျက်ခြင်းက ကိစ္စတစ်ရပ်သာဖြစ်သည်။ အကယ်၍ သူတို့၏ကတိကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါက သူကဒုက္ခကြီးကြီး တွေ့မည်ပင်။
“မန်နေဂျာဖုန်း လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံရဲ့ အရင်နှစ်က ရတဲ့ငွေက အရမ်းမများဘူး။ ကျွန်တော်တို့က အဆင့်မြင့်အရာရှိတွေကို ကျွန်တော်တို့ရတဲ့ ငွေတွေကနေလည်း ပေးရသေးတယ်။ ခင်ဗျားကမ်းလှမ်းတဲ့ဈေးက တကယ်ကို အရမ်းမြင့်တယ်။ စက်ယန္တရား ကုမ္မဏီရဲ့ ရှယ်ယာများကို ခင်ဗျားယူချင်တုန်းက ကျွန်တော်အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို သိုဝှက်ထားခဲ့တယ်။ ကျွန်တော်ကို လျော့ဈေးအနည်းငယ်လောက် မပေးချင်ဘူးလား။ ”
ဟိုဟိုက်ထောင်က ပြောလိုက်သည်။
ဖုန်းယွီက ရယ်လိုက်ကာ
“လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံက ငွေမရှာနိုင်ဘူးလို့ ခင်ဗျားက ပြောနေတာလား။ ဒီရှယ်ယာတွေကို ခင်ဗျားဝယ်တဲ့အချိန်တုန်းက ကျွန်တော်ခင်ဗျားကို လျော့ဈေးအကြီးကြီး ပေးထားခဲ့တယ်။ တကယ်လို့ ကျွန်တော်သာ ဒီအကြံဉာဏ်ကို ခင်ဗျားကို မပေးခဲ့ဘူးဆိုရင် အဆင့်မြင့် အရာရှိတွေက ခင်ဗျားရဲ့အမြတ် အားလုံးနီးပါကို ယူသွားလိမ့်မယ်။ ဒီသံရည်ကျိုစက်အတွက်ငွေက ခင်ဗျားဘယ်ကနေ ရမှာလဲ။ ”
“အဲ့ဒါဆိုရင် ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာတွေရော ထိုက်ဟွလျှပ်စစ် ထုတ်ကုန်စက်ရုံကို တည်ထောင်တုန်းက ကျွန်တော်တို့ကုမ္မဏီက အကျိုးအမြတ် အချို့ကို အများကြီး ဆုံးရှုံးခဲ့တယ်။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ပြောလို့လား။ ကျွန်တော်ခင်ဗျားကို ကူညီဖို့အတွက် လီရှစ်ရုံကိုတောင် နားချခဲ့တယ်။ သူကကျွန်တော်ကြောင့်မို့ ငြိမ်နေတာလို့ ခင်ဗျားမစဉ်းစားမိဘူးလား”
ဖုန်းယွီက လက်ခံသည့် အမူအရာပြကာ ပြောလိုက်သည်။
“ကောင်းပြီ ဒါရိုက်တာဟို ကျွန်တော်က နောက်ထပ်ရူဘယ် ၅သိန်းပဲ လျော့ချနိုင်မယ်။ ကျွန်တော် ဒီသဘောတူညီချက်ကနေပြီးတော့ တစ်ပြားတစ်ချပ်မှ ရတာမဟုတ်ဘူး။ ”
ဟိုဟိုက်ထောင်၏ ပျော်ရွှင်မှုက အနည်းငယ်သာဖြစ်သည်။ သူသည် ဝယ်ဈေး၏ ရူဘယ်၅သိန်း လျော့ချပေးသည်ဟု ကြားသည့်တိုင် ထိုဈေးနှုန်းသည် သူမျှော်မှန်းထားသည့်ဈေးထက် ဝေးကွာလွန်းသည်။
ဟိုဟိုက်ထောင်က သူဖုန်းယွီ ကူညီခဲ့သည့် အချိန်များကို တစ်ခုပြီးတစ်ခုထုတ်ကာ စပြောခဲ့သည်။ သူက ဖုန်းယွီကို တံဆိပ်ပြား ပေးခဲ့သည်ကိုတောင် ပြန်ပြောလိုက်သေးသည်။
ဖုန်းယွီသည်လည်း ဈေးနှုန်းကို ဖြေးဖြေးချင်း လျော့ချသွားသည်။ နောက်ဆုံးတွင် ညှိနှိုင်းဈေးက ရူဘယ်၁၄သန်းအထိ ရောက်သွားသည်။ ပြီးနောက်ဖုန်းယွီက ဈေးညှိရန် ငြင်းဆိုတော့သည်။ မည်သည့်လျော့ဈေးက ဖုန်းယွီကို မဆုံးရှုံးစေပေ။ သူကဈေးနှုန်းကို ရူဘယ်၁သန်း လျော့ချသည် ဖြစ်သည့်အတွက်ပင်။ ယင်းက ၆သန်းယွမ် ဖြစ်ပေသည်။
ဟိုဟိုက်ထောင် မည်သို့ပင် ပြောစေကာမူ ဖုန်းယွီက ညှိနှိုင်းတော့မည် မဟုတ်ပေ။ သူသည် ထိုသံရည်ကျိုစက်ကို အခြားစက်ရုံသို့ ရောင်းမည်ဟုတောင် ခြိန်းခြောက်နိုင်ခဲ့သည်။
“ဒါရိုက်တာဟို ကျွန်တော်က ဒီသံရည်ကျိုစက်ထဲမှာ နည်းပညာနဲ့ဆက်စပ်တဲ့ အရာတွေလည်း ပါပြီးပြီ။ အဲ့ဒါကိုခင်ဗျားက ဈေးထပ်ညှိချင်သေးတာလား။ တကယ်လို့ အဲ့ဒါကို ပြပွဲအနေနဲ့ ပြသမယ်ဆိုရင်တောင် ကျွန်တော်က ဒီသံရည်ကျိုစက်ကို ပွင့်လင်းမြင်သာစွာနဲ့ ရောင်းချနိုင်တယ်။ ခင်ဗျားက ကျွန်တော်အနေနဲ့ ရူဘယ်သန်း၂၀ မရဘူးလို့ တွေးနေတာလား။ ဟုတ်တာပဲ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ဒါပေမဲ့ စီးပွားရေးကတော့ စီးပွားရေးပဲ။ ခင်ဗျားအနေနဲ့ အခြေအနေတစ်ခုကို သဘောမတူဘူးဆိုရင်တော့ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ”
“အခြေအနေတစ်ခုဆိုတာကို မပြောပါနဲ့။ ကျွန်တော်က ဈေးထပ်လျော့ပေးမယ်ဆိုရင် အခြေအနေ ဆယ်ခုကိုတောင် သဘောတူမှာပါ။ ”
“ကောင်းပြီ ခင်ဗျားပြောခဲ့တာနော် မမေ့လိုက်နဲ့။ ကျွန်တော်က ခင်ဗျားကို ...............................”
“ဒီ…………… အဲ့ဒါက အလုပ်ဖြစ်ပါ့မလား။ ”
“ဘာလို့အလုပ်မဖြစ်ရမှာတုန်း ကျွန်တော်တို့နှစ်ယောက်က ဒီကနေပြီး အကျိုးအမြတ် ရနိုင်တယ်။ ကျွန်တော်မှာနောက်ထပ် အခြေအနေတွေ ရှိသေးတယ်။ ဒီတော့ခင်ဗျားကို နောက်ထပ် ရူဘယ်၅သိန်း ထပ်ဈေးလျော့ပေးမယ်။ ”
ဟိုဟိုက်ထောင်က တစ်ခဏကြာ တွန့်ဆုတ်နေပြီးနောက် သူ၏ခေါင်းကို မြှောက်လိုက်ကာ
“နောက်ထပ်ရူဘယ် ၁သန်းလျော့ပေး။ စက်ယန္တရား ကုမ္မဏီရဲ့ ရှယ်ယာနဲ့ သံရည်ကျိုစက်နဲ့ ဆက်စပ်တဲ့ နည်းပညာတွေအတွက် ရူဘယ်၁၃သန်း။ ”
ဖုန်းယွီက အံ့ကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ ရူဘယ်၁၃သန်း။ ”
သူ၏နှလုံးသားထဲတွင် ဖုန်းယွီက အပျော်လွန်နေသည်။ သူသည် စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာများကို ရယူရန်အတွက် တစ်ပြားတစ်ချပ်မှ အသုံးမပြုခဲ့ရပေ။ ကီရီလန်ကိုနှင့် ဒါရိုက်တာဟိုတို့က သူ့ကိုကျေးဇူးတောင် တင်ကြမည်ပင်။ ထိုအပေးအယူက မျှတပေ၏။