CCTV ကြော်ငြာကဏ္ဍများအတွက် တင်ဒါယူခြင်း အပိုင်း (၁)
Vol. 14 Ch. 199
ဖုန်းယွီက ဟိုဟိုက်ထောင်၏ရုံးခန်းမှ ထွက်သွားပြီးနောက် တန်ဖိုးသေးလေးတစ်ခုကို ကိုင်လာခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုထုတ် ပုလင်းကြီးတစ်ခုကို ငါ မင်းကို ပေးခဲ့ပြီးပြီ။ မင်းက ငါ့ကို တစ်ခုခုပြန်မပေးဘူးလား။ လူတော်တော်များများက ငါ အဲ့ဒီပုလင်းကြီးကို ယူလာတာ မြင်ပြီးပြီ။ မင်းရဲ့နောက်ကျောမှာ လူတွေ တစ်ခုခုပြောမှာ မကြောက်ဘူးလား။
လက်ဖက်ရည်က ဖုန်းယွီသည် ကျန်းရွေ့ချင်၏ရုံးခန်းတွင် သောက်သည့်အရာထက် ပိုကောင်းပေသည်။ ကောင်းမွန်သည့်အရာများကို မျှဝေရမည်ပင်။
ဖုန်းယွီသည် ကီရီလန်ကိုထံ ပေးရမည့်ငွေကြေးအတွက် အရင်ဆုံး ကြေးနန်းပို့ရန် လိုအပ်ပေသည်။ သူ့အနေဖြင့် ကီရီလန်ကိုကို သူ့၏စိတ်ရင်းအမှန်ကို ပြရမည်ဖြစ်သည်။ အကြောင်းမှာ ကီရီလန်ကိုက သူ့ကို ထိုလေးလံသည့်စက်များ ရှာပေးသည့်အတွက်ပင် ဖြစ်သည်။ အနာဂတ်တွင် ကီရီလန်ကိုသည် လက်နက်တစ်သုတ်ရောင်းချရန် သူ့ကို ဆက်သွယ်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကျောင်းက စောစောကတည်းက ဖွင့်ခဲ့ပြီးပြီ ဖြစ်သည်။ ထိုက်ဟွကုန်သွယ်ရေးသည် CCTV ၏ ချန်းပေါင်ကျွင်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။ ယခုနှစ်တွင် CCTV က ယမန်နှစ်က ကြော်ငြာထည့်ခဲ့သည့်သူများအားလုံးကို အတူတကွ စုဝေးကာ ယခုနှစ်ကြော်ငြာစာချုပ်အတွက် ပြိုင်ခိုင်းမည် ဖြစ်ပေသည်။
ဖုန်းယွီက ထိုအကြောင်းကို ကြားသည့်အခါ သူသည် မာန်တက်သွားသည်။ ကြော်ငြာလေလံဆွဲခြင်းက ရှေ့ကို ရောက်လာသည် ဖြစ်သည်။ ယင်းသည် အိတ်ပိတ်လေလံစနစ်လော။
ဖုန်းယွီက အသေးစိတ်အချက်အလက်များကို မေးချင်သော်လည်း သက်ပြင်းတစ်ချက်သာ ချလိုက်ရသည်။ ကြော်ငြာကဏ္ဍများအားလုံးသည် ယမန်နှစ်က ကြော်ငြာသည့်သူများအတိုင်းသာ ဖြစ်သည်။ သို့သော်ငြား ကြော်ငြာစရိတ်က များလာသည်။ အကယ်၍ ကြော်ငြာသည့်သူများသည် သူတို့၏ကြော်ငြာကဏ္ဍကို လက်လွှတ်ပါက ကျန်သည့်သူများသည် ထိုနေရာအတွက် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ပေသည်။
အကယ်၍ ယင်းသာ ထိုအတိုင်းဆိုပါက ဖုန်းယွီအတွက် သတင်းကောင်းပင် ဖြစ်သည်။ ဖုန်းယွီသည် ကြော်ငြာကဏ္ဍအတွက် လူကြည့်အများဆုံးအချိန် လေးချိန်ရရှိထားသည်။ သူသည် အစီအစဉ်စပွန်ဆာနှင့် အခြားသော CCTV ချန်နယ်များတွင် ကြော်ငြာကဏ္ဍများရှိသေးဆဲ ဖြစ်သည်။ သူက သေချာပေါက် ထိုကဏ္ဍများအားလုံးကို ဝယ်မည်ပင်။ ပြီးနောက် သူ မဝယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်တစ်လတွင် ဒလက်မဲ့ပန်ကာ၏မူပိုင်ခွင့်သည်လည်း ခွင့်ပြုပြီး ရရှိပြီးဖြစ်ကာ ကြော်ငြာရန် လိုအပ်လာမည် ဖြစ်ပေသည်။
ဖုန်းယွီက အခြားသောသူများ သူတို့၏ကြော်ငြာကဏ္ဍကို လက်လွှတ်ရန်သာ မျှော်လင့်နေသည်။ သူ့အနေဖြင့် မြင့်မားသည့်နှုန်းကို လက်ခံမည်ဖြစ်သည်။ အနာဂတ်တွင် ယင်းက အကောင်းဆုံးဖြစ်မည်ပင်။ CCTV သည် ယခုရောင်းချသည့်နည်းလမ်းကို အသုံးချကာ ကြော်ငြာကဏ္ဍများကို ရောင်းချမည်ပင်။ ထိုနည်းလမ်းဖြင့် ဖုန်းယွီက လူကြည့်အများဆုံးကြော်ငြာကဏ္ဍလေးခုကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်မည်ပင်။
ကျောင်းမှ ခွင့်တင်ပြီးနောက် ဖုန်းယွီက ဘေကျင်းကို တစ်ယောက်ထဲ သွားခဲ့သည်။ ထိုက်ဟွကုန်သွယ်ရေးတွင် လုပ်စရာများစွာ ရှိနေသေးသည်။ ထို့ကြောင့် ဝူကျီကန်းသည် ကုမ္ပဏီကို ကြည့်ရန် လိုအပ်ပေသည်။
ဖုန်းယွီက ဘေကျင်းကို ရောက်သည့်အခါ ညနေလေးနာရီ ရှိပြီပင်။ သူက CCTV သို့ သွားရန် Taxi ငှားလိုက်သည်။ သို့သော် ယာဉ်မောင်းသည် ဖုန်းယွီက အလွန်ငယ်ရွယ်ပြီး ထိုကဲ့သို့ နေရာမျိုးကို သွားချင်သည်ဟု ပြောသည့်အခါ သူက ဖုန်းယွီကို လိုက်ပို့ရန် ငြင်းဆိုလိုက်သည်။ အဆုံးတွင် ဖုန်းယွီက ယွမ်တစ်ရာတန်ငွေစက္ကူကို ယာဉ်မောင်းထံ ပစ်ပေးလိုက်ပြီးနောက် ယာဉ်မောင်းသည် ဖုန်းယွီ သွားချင်သည့်နေရာကို ပို့ပေးလိုက်သည်။
ယခုလက်ရှိ နှစ်များတွင် မြို့တော်အပြင်ဘက်မှ လူများက အလွန်ချမ်းသာကြသည်လော။
ဖုန်းယွီက CCTV ဘေးရှိ ဟိုတယ်တစ်ခုတွင် အခန်းလွတ်ရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ရင်းနှီးသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုပုဂ္ဂိုလ်သည် ဘင်းမြို့တော်မှ မဟုတ်ပေ။ ထိုသူသည် ဟန်ကျိုးမှ ဖြစ်သည်။ ဖုန်းယွီက ထိုပုဂ္ဂိုလ်ကို မှတ်မိသည်။ အကြောင်းမှာ နောင်ဆယ်နှစ်တွင် ယင်းသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသူဌေးများထဲမှ တစ်ယောက်ဖြစ်လာမည်ဖြစ်ကာ တရုတ်နိုင်ငံ၏နံပါတ်တစ် အဖျော်ယမကာလုပ်ငန်းကိုလည်း ပိုင်ဆိုင်သည့်သူဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ကုမ္ပဏီက ယမန်နှစ်ကုန်ပိုင်းက CCTV တွင် ကြော်ငြာခဲ့သည်။ သို့သော်ငြား ကြော်ငြာသည့်အချိန်က လူကြည့်များသည့်အချိန် မဟုတ်ပေ။ ပြီးနောက် ဖုန်းယွီသည်လည်း ယင်းကို သတိမပြုမိပေ။
“မစ္စတာကျုံး၊ ခင်ဗျားက မစ္စတာကျုံးလား ”
ဖုန်းယွီက သူ့ကို ဝမ်းသာအားရဖြင့် နှုတ်ဆက်လိုက်သည်။
ကျုံးချင်းရှန်သည် ဖုန်းယွီဘက်လှည့်လိုက်သည်။ ကျုံးဟူသော မျိုးရိုးနာမည်နှင့်လူ အများအပြား မရှိပေ။ သို့သော် သူက လှည့်ကြည့်လိုက်သည့်အခါတွင် သူသည် အသက် နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက တစ်ချက်တွေးကြည့်လိုက်သည်။ ထိုလူငယ်လေးပေါ်တွင် သူသည် မည်သည့်ထင်မြင်ချက်မှ မရှိပေ။
သို့သော် ထိုလူငယ်လေးက သူ့ဆီလှမ်းလာပြီးနောက် သူ၏လက်နှစ်ဖက်ဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပြီးနောက် ကျုံးချင်းရှန်သည်လည်း ထိုလူငယ်၏လက်ကို လက်ဆွဲနှုတ်ဆက်ရုံသာ ရှိသည်။ ဟိုတယ်ရှိ ဧည့်သည့်အများစုသည် CCTV ၏ ကြော်ငြာသူအများစု ဖြစ်သည်။ သူတို့သည် မနက်ဖြန်တွင် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို တက်ရမည်ဖြစ်သည်။ ထိုလူငယ်လေးတစ်ယောက်သည် ကုမ္ပဏီတစ်ခုမှ သူဌေးတစ်ယောက် ဖြစ်ဟန်တူသည်။ သို့သော် ထိုလူငယ်သည် အလွန်ပင် ငယ်ရွယ်ပေသည်။
“ဟိုင်း မင်္ဂလာပါ၊ ကျွန်တော့်ကို ခေါ်လိုက်တာလား၊ ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ”
ဖုန်းယွီက သူ့၏နာမည်ကတ်ပြားကို ကျုံးချင်းရှန်ဆီသို့ ပေးလိုက်ကာ ကျုံးချင်းရှန်သည်လည်း ဖုန်းယွီကို သူ့နာမည်ကတ် ပြန်လည်ပေးလိုက်သည်။
ဖုန်းယွီက ကျုံးချင်းရှန်၏နာမည်ကတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်ချင်လုနီးပါး ဖြစ်သွားသည်။ ထိုလူက တကယ်ပင် အနာဂတ်တွင် အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်မည်ပင်။ သူ၏ကုမ္ပဏီသည် COKE နှင့် PEPSI ကုမ္ပဏီများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
လဲ့ဟဟကိုသောက် ညစာက ပိုပြီး အရသာရှိလာမယ်။
ထိုကြော်ငြာဆောင်ပုဒ်ကြောင့် မိဘများစွာက လဲ့ဟဟ ကျန်းမာရေးဖြည့်စွက်အချိုရည်ကို သူတို့ကလေးငယ်များအတွက် ဝယ်ကြသည်။ သူတို့သည် သူတို့၏ကလေးငယ်များ အစာမစားမှာကို ကြောက်ရွံ့ပေသည်။ ယင်းက သူတို့၏ ကြီးထွားမှုကို သက်ရောက်စေသည့်အတွက်ပင်။
ထိုလဲ့ဟဟကုမ္ပဏီသည် သူတို့၏နာမည်ကို စတည်ကာစရှိသေးကာ ကုမ္ပဏီသည်လည်း ရန်ပုံငွေ ပြတ်လပ်နေပေသည်။ ဖုန်းယွီသည် သူ့အနေဖြင့် ထိုကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမည်မှာ မသေချာပေ။ နောက်သုံးနှစ်တွင် တရုတ်နိုင်ငံ၏ ဖြည့်စွက်စာစျေးကွက်သည် ဝုန်းခနဲ အောင်မြင်ကျော်ကြားမည်ပင်။
ကျန်းမာရေးဖြည့်စွက်အချိုရည်များသည် အကျော်ကြားဆုံးဖြစ်သည်။ အကြောင်းမှာ တရုတ်နိုင်ငံသား အများစုသည် ထိုအချိုရည်များက ပိုပြီးအထက်တန်းကျစေသည်ဟု တွေးသည့်အတွက်ပင်။ ထိုအချိုရည်များတွင် အကျိုးအမြတ်များစွာရှိကာ ပိုက်ဆံသုံးရသည်ထက် အကျိုးအမြတ်ပြန်ရသည်ပင်။
ကျုံးချင်းရှန်က သူ့လက်ထဲရှိ နာမည်ကတ်ကို ကြည့်လိုက်သည်။
ထိုက်ဟွအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကုမ္ပဏီ
အထွေထွေမန်နေဂျာဖုန်းယွီ
သူသည် အရင်က ထိုကုမ္ပဏီကို ကြားခဲ့ဖူးသည်။ ထိုကုမ္ပဏီ၏လိပ်စာသည် ဘင်းမြို့တော်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလူငယ်ကို မသိရခြင်း ဖြစ်သည်။ ကျုံးချင်းရှန်က နာမည်ကတ်၏နောက်ကို ကြည့်လိုက်သည့်အခါ သူက မင်သက်သွားသည်။
ကုမ္ပဏီ၏ထုတ်ကုန် - လေနှင့်မိုးလျှပ်စစ်ပန်ကာ၊ လေနှင့်မိုးရေနွေးငွေ့စက်၊ စုန့်ကျန်းမော်တော်ဆိုင်ကယ်၊ ဆိုဗီယက်ပြည်ထောင်စု၏ တင်သွင်းသည့် စက်ယန္တရားပစ္စည်း
လွန်ခဲ့သည့်နှစ်နှစ်က ထိုလျှပ်စစ်ပန်ကာသည် အလွန်နာမည်ကျော်ခဲ့သည်။ သူသည် သူ့၏ရုံးခန်းနှင့် အိမ်အတွက်တောင် ထိုပန်ကာကို ဝယ်ခဲ့သည်။ ထိုကုမ္ပဏီတွင် ထင်မြင်ချက်ကောင်းများစွာရှိသည်မှာ အံဩဖွယ်ရာမရှိပေ။ ရေနွေးငွေ့စက်များအတွက်မူ သူသည် CCTV တွင် အရင်က မြင်ခဲ့ဖူးသည်။ သူက ထိုရေနွေးငွေ့စက်များသည် အရှေ့မြောက်ဒေသများတွင် အလွန်နာမည်ကျော်သည်ဟု ကြားခဲ့သည်။
စုန့်ကျန်းမော်တော်ဆိုင်ကယ်သည်လည်း တူတူပင် ဖြစ်သည်။ အောင်မြင်ကျော်ကြားသည့် တီဗီရုပ်သံသရုပ်ဆောင်များသည် ကြော်ငြာသရုပ်ဆောင်အဖြစ် ပါဝင်ကြသည်။ သူသည်လည်း ယခုနှစ်တွင် ထိုမော်တော်ဆိုင်ကယ်တစ်စီးဝယ်ထားသည်။
ဆိုဗီယက်ပြည်ထောင်စု၏ စက်ယန္တရားတင်ပို့မှုလော။ ယင်းက တောင့်တင်းသည့်နောက်ခံလိုအပ်သည်ပင်။ အကယ်၍ ငွေရှိလျှင်တောင် အဆက်သွယ်မရှိဘဲ ထိုကဲ့သို့သော စက်ပစ္စည်းမျိုးရရှိနိုင်မည် မဟုတ်ပေ။
ထိုဖုန်းယွီက ရိုးရှင်းသည့်သူ မဟုတ်ပေ။
သို့သော် သူက စိတ်ဝင်စားလာသည်။ ထိုက်ဟွကုန်သွယ်ရေး၏ထုတ်ကုန်များသည် သူ့၏ကျန်းမာရေးအချိုရည်များနှင့် ဘာမှမလုပ်နိုင်ပေ။ အဘယ့်ကြောင့် ဖုန်းယွီက သူ့ကို ခေါ်သနည်း။ ထို့အပြင် ဖုန်းယွီက သူ့ကို ဘယ်လိုလုပ်သိသနည်း။
“အဲ့တာဆိုရင် မင်းက ထိုက်ဟွကုန်သွယ်ရေးရဲ့ မန်နေဂျာဖုန်းလား၊ ငါ မင်းရဲ့နာမည်ကို ကြားဖူးတယ်၊ မင်း ငါ့ဆီကနေ တစ်ခုခုများ လိုအပ်လို့လား ”
ငါ့ကို ကြားဖူးတာလား။ ဖုန်းယွီက တွေးတောနေသည်။ ငါ မင်းနာမည်ကို ကြားဖူးတာပဲ ဖြစ်နိုင်ပါတယ်။ မင်းရဲ့အဖျော်ယမကာတွေ အကုန်လုံးက တရုတ်နိုင်ငံမှာ နာမည်ကြီးတယ်။ COKE နဲ့ PEPSI တောင်မှ အဖျော်ယမကာစျေးကွက်မှာ မင်းကို မယှဉ်နိုင်ဘူး။ အရင်ဘဝတုန်းက ဖုန်းယွီသည် သူ့၏ပုံကို တီဗီ၊ သတင်းစာနှင့် အင်တာနက်စာမျက်နှာများတွင် တွေ့ဖူးသည်။ ယခုတစ်ခေါက်တွင် နောက်ဆုံး၌ သူသည် ကျုံးချင်းရှန်ကို အပြင်တွင် တွေ့ဖူးခြင်းဖြစ်သည်။ ယင်းက ငယ်ရွယ်သည့် ကျုံးချင်းရှန်ပင် ဖြစ်သည်။
“မစ္စတာကျုံး၊ ခင်ဗျားလည်း CCTV ရဲ့ လေလံပွဲကို သွားမလို့လား၊ ကျွန်တော်တို့က အတူတူပဲ၊ ဒီနေ့ ဘာမှလုပ်စရာမရှိတော့ ကျွန်တော်တို့တွေ ညစာစားပြီးတော့ တစ်ခွက်လောက်သောက်ရင်ရော ဘယ်လိုလဲ ”
ကျုံးချင်းရှန်သည် ဤနေရာတွင် မည်သူမှ မသိပေ။ မဟုတ်လျှင် သူ့အနေဖြင့် ညစာအတွက် တစ်ယောက်ထဲစားရမည်ပင်။ သို့သော် သူ့၏ကုမ္ပဏီသည် ရန်ပုံငွေပြတ်တောက်နေကာ သူ့တွင်လည်း ပိုက်ဆံအလုံအလောက်မပါလာခဲ့ပေ။ သူက လမ်းဘေးတွင် ရောင်းသည့်ဆိုင်ခန်းတွင်သာ ခေါက်ဆွဲတစ်ပွဲစားရန် စီစဉ်ခဲ့သည်။ ထိုဖုန်းယွီက သူ့အား ညစာအတွက် ဖိတ်ကြားကာ ဖုန်းယွီသည် ယနေ့တွင် သူ့ကို ကျွေးမည်ပင် ဖြစ်သည်။ မနက်ဖြန်တွင် သူ့အနေဖြင့် ဖုန်းယွီကို ပြန်လည်ကျွေးရမည်ပင် ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူ့အနေဖြင့် အပိုငွေကြေးကုန်ကျမည်ပုံပေါ်၏။
ဖုန်းယွီက ကျုံးချင်းရှန်ကို ညစာစားရန် ငြင်းဆိုခွင့်မပေးပေ။ သူ့တွင် လက်ဆွဲအိတ်မပါ။ ပိုက်ဆံအိတ်သာပါသည်ကတည်းက သူသည် ကျုံးချင်းရှန်ကို ဟိုတယ်အပြင်သို့ ဆွဲထုတ်လာခဲ့သည်။ ကျုံးချင်းရှန်က အကူညီမဲ့စွာ ခံစားနေရသည်။ သူ၏နှလုံးသားထဲတွင် ဖုန်းယွီသည် စျေးကြီးသည့်စားသောက်ဆိုင်များကို မသွားရန်သာ ဆုတောင်းနေတော့သည်။ ရိုးရှင်းသည့် စားသောက်ဆိုင်သည်လည်း အဆင်ပြေသည်။ ဟိုတယ်တွင် ရှိသည့်စားသောက်ဆိုင်တွင်လည်း အဆင်ပြေသည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုစားသောက်ဆိုင်များသည် စျေးမကြီးပေ။
သို့သော် သူ ဆုတောင်းထားသမျှနှင့် အကုန်လုံးလွဲသည်ပင်။ ဖုန်းယွီက သူ့ကို ဆွဲခေါ်သွားပြီး ဆိတ်လေးဟော့ပေါ့စားသောက်ဆိုင်သို့ ခေါ်သွားတော့သည်။ ဆိတ်လေးဟော့ပေါ့သည် လွန်ခဲ့သည့်နှစ်နှစ်မှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အသစ်ပုံစံမျိုး ဖြစ်သည်။ ယင်းက နှစ်တစ်ရာသက်တမ်းရှိ စားသောက်ဆိုင်များ၏အရသာလောက် မကောင်းသော်ငြား အစားအသောက်များသည် ကောင်းသည်ဟု စဉ်းစား၍ ရနိုင်ကာ စျေးလည်း ကြီးပေသည်။
ထိုသူနှစ်ယောက်က ဆိုးလွန်းသည်ဟု ခံစားရဆဲဖြစ်သည်။ ခဏကြာပြီးနောက် လူရှုပ်လာတော့မည် ဖြစ်သည်။ သူတို့အနေဖြင့် ခုံရတော့မည်မဟုတ်ပေ။
ဖုန်းယွီက မီနူးကို ကျုံးချင်းရှန်ဆီပေးလိုက်ကာ သူ့အား အစားအသောက်မှာရန်အတွက် ဖြစ်သည်။ ကျုံးချင်းရှန်သည် မီနူးရှိစျေးကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ခေါင်းထဲတွင်တော့ ကုန်ကျမှုကို တွက်ချက်နေသည်။ အဆုံးတွင် သူက ဆိတ်သားချက်တစ်ပန်းကန်နှင့် အသီးအရွက်ဟင်း နှစ်မျိုးကိုသာ မှာလိုက်သည်။
ဖုန်းယွီက ကြည့်လိုက်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။ ထိုဟင်းပွဲများသည် သူ့တစ်ယောက်ထဲအတွက်တောင် လုံလောက်သည်မဟုတ်ပေ။ သူက မီနူးကို ပြန်ယူလိုက်ပြီးနောက် ယင်းစာမျက်နှာသည် အသားဟင်းများအားလုံးပင် ဖြစ်သည်။
သူက စားပွဲထိုးကို မီနူးအားပြကာ လက်ညိုးထိုးလိုက်ပြီး
“ဒါ ဒါ ဒါ ဒါ ”
စားပွဲထိုးသည်လည်း ဖုန်းယွီမှာသည့်အရာများအားလုံးကို ချရေးထားသည်။ ဖုန်းယွီက ပြောလိုက်သည်။
“အဲ့ဒီဟင်းပွဲတွေက ငါမမှာချင်တဲ့ဟာတွေ၊ ကျန်တဲ့ဟင်းပွဲတွေ အကုန်လုံးချပေးပါ ”
စားပွဲထိုးသည် အလွန်တုန်ယင်သွားသည်။ သို့သော် သူက ချက်ချင်းပင် အဆင်ပြေပါသည်ဟု ပြောလိုက်သည်။ ထိုငယ်ရွယ်သည့် မိန်းမပျိုလေးသည် ဘာမှမတတ်နိုင်ပေ။ ဖုန်းယွီကို တစ်ချက် ခိုးကြည့်ရန်သာ တတ်နိုင်သည်။ ထိုပုဂ္ဂိုလ်သည် မည်သည့်နေရာမှ လာသနည်း။ သူမသည် စားပွဲထိုးအဖြစ် ကာလရှည်ကြာစွာ အလုပ်လုပ်ပြီးဖြစ်သည်။ ယခုကဲ့သို့ မှာယူသည့်သူမျိုးကို ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သည်။ အရမ်းချမ်းသာလွန်းပေသည်။
ကျုံးချင်းရှန်၏အတွေးတွင် ဖုန်းယွီက နောက်ထပ် အသားဟင်းသုံးမျိုးကိုသာ မှာမည်ဟု တွေးခဲ့သည်။ သူ့အနေဖြင့် လက်ခံနိုင်သေးသည်။ သို့သော် ဖုန်းယွီက စကားတစ်ခွန်းတည်းပြောလိုက်သည်နှင့် သူက မင်သက်သွားပေသည်။
အရှေ့မြောက်ပိုင်းမှာရှိတဲ့ လူတွေအားလုံးက ဒီလိုပဲ မှာကြတာလား။
ကျုံးချင်းရှန်သည် သူ၏ပါးစပ်တွင် ခါးသက်သက်အရသာကို ခံစားလိုက်ရသည်။ သူ၏နှလုံးသားသည်လည်း နာကျင်နေသည်။ ထိုဟင်း၏ကုန်ကျငွေသည် သူ၏တစ်လစာ အစားစရိတ်ထက်ပိုသည်ပင်။ မနက်ဖြန်တွင် သူ့အနေဖြင့် ဖုန်းယွီကို ပြန်ကျွေးရန် လိုအပ်ပေသည်။