စီစီတီဗီ ကြော်ငြာကဏ္ဍအတွက် တင်ဒါခေါ်ယူခြင်း အပိုင်း(၂)
Vol. 14 Ch. 200
ထိုသို့ဟင်းပွဲများကို မှာပြီဆိုကတည်းက ကျုံးချင်းရှန်သည် ညစာကို မြိန်ရည်ယှက်ရည်ဖြင့် စားသောက်ရမည်ပင်။ သူတို့တွင် နောက်တစ်နေ့၌ လက်မှတ်ရေးထိုးသည့် အခမ်းအနား ရှိသည့်အတွက် ဘီယာအချို့ကိုသာ မှာလိုက်သည်။ ကျုံးချင်းရှန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူကအရှေ့မြောက်ပိုင်း ဒေသရှိလူတိုင်းက ပိုင်ကျူ့ကိုသာ သောက်ကြသည်ဟု တွေးခဲ့သည်။ သူကဖုန်းယွီမမူးခင် သူမူးမှာကိုလည်း ကြောက်နေဆဲဖြစ်သည်။
ကျုံးချင်းရှန်က ဖုန်းယွီကအလွန်ကို ထူးဆန်းနေသည်ဟု ခံစားရသည်။ ညစာစားသည့်အခိုက် ဖုန်းယွီက လဲ့ဟဟ၏ ကိစ္စများကိုသာ မေးနေသည်။ အကယ်၍ ထိုက်ဟွကုန်သွယ်ရေးသည် အဖျော်ယမကာ ထုတ်လုပ်သည့် လုပ်ငန်းမှမဟုတ်ဘဲ မနေပါက သူသည်ဖုန်းယွီကို သူ့ကုမ္မဏီ၏ အချက်အလက်များကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် စုဆောင်းနေသည်ဟု သံသယရှိမည်ပင်။
“မစ္စတာကျုံး ကျွန်တော် လဲ့ဟဟကုမ္မဏီရဲ့ အလားအလာတွေကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုခင်ဗျားကို ကုမ္မဏီရဲ့ ပမာဏက အရမ်းမသေးနေလွန်းဘူးလား။ စီစီတီဗီမှာ ကြော်ငြာထည့်တဲ့ အကျိုးရလဒ်က တကယ်ကိုကောင်းတယ်။ ပြီးတော့ ခင်ဗျားရဲ့ရောင်းအားနဲ့ ပတ်သတ်ပြီးတော့လည်း စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ထုတ်လုပ်ရေးက ဝယ်ယူသူတွေကို အမှီမလိုက်နိုင်ဘူး။ အရှေ့မြောက်ပိုင်း ဒေသမှာဆိုရင် လဲ့ဟဟကျန်းမာရေး ဖျော်ရည်တွေကို ဈေးကွက်ထဲမှာရှာဖို့က အရမ်းကို ခက်ခဲတယ်။ ”
ဖုန်းယွီက သူလိုချင်သည့် စားပွဲဝိုင်းဆီသို့ ဆွဲခေါ်သွားလိုက်သည်။
“ကျွန်တော်တို့တွေလည်း ချေးငွေတွေကို ချေးနိုင်မဲ့နည်းလမ်းကို စဉ်းစားနေပြီး ကျွန်တော်တို့ရဲ့ နည်းလမ်းကို မြင့်တင်ဖို့လုပ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ကြော်ငြာကဏ္ဍမှာလည်း သုံးရအုံးမှာလေ။ ကျွန်တော်တို့ရဲ့ စက်ရုံတွေကိုလည်း တိုးချဲ့ရမယ်။ ကျွန်တော်တို့ရဲ့ စက်ရုံတွေကိုလည်း ရယူရအုံးမယ်။ ကျွန်တော်တို့မှာက အလုံအလောက် မရှိဘူး။ ”
ကျုံးချင်းရှန်သည်လည်း သူသည်သူ၏ ထုတ်လုပ်ရမည့်နှုန်းကို သိပေသည်။ စီစီတီဗီတွင် ကြော်ငြာခြင်း၏ အကျိုးရလဒ်က သူ၏ထုတ်ကုန်များကို နာမည်ကြီးစေကာ ဈေးကွက်ဝယ်လိုအားကိုလည်း များပြားစေသည်။ သို့သော်ငြား သူ့တွင် ပိုက်ဆံမရှိပေ။
ဖုန်းယွီက နောက်ဆုံးတွင် သူ၏ဝှက်ထားသော အမေးကို လှစ်ဟာပြလိုက်သည်။ သူကကျုံးချင်းရှန်နားသို့တိုးကာ သူ့ကိုယ်သူ လက်ညိုးထိုးရင်း
“ကျွန်တော်မှာ ပိုက်ဆံရှိတယ်။ ”
ကျုံးချင်းရှန်က တူအစုံကို စားပွဲပေါ်တွင် ထားလိုက်ကာ သူနောက်ဆုံးတွင် သူ့အနေဖြင့် ဖုန်းယွီဘာကြောင့် သူ့ကုမ္မဏီနှင့် ပတ်သတ်သည့် မေးခွန်းများစွာ မေးသည်ကို နားလည်သဘောပေါက်သည်။ ဖုန်းယွီသည် လဲ့ဟဟကုမ္မဏီကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“မန်နေဂျာဖုန်း ခင်ဗျားဘာကို ဆိုလိုတာလဲ။ ”
“မစ္စတာကျုံးက ရင်းနှီးမြုပ်နှံမှုတွေကို လက်ခံဖို့ ဆန္ဒရှိလား။ ကျွန်တော်က ကျွန်တော်ပိုက်ဆံ အများကြီးရှိတယ်လို့ မပြောနိုင်ဘူး။ ဒါပေမဲ့ လဲ့ဟဟကုမ္မဏီမှာ ရင်းနှီးမြုပ်နှံဖို့ ယွမ်၈သန်း ဒါမှမဟုတ်ဘူးဆိုရင် ယွမ်၁၀သန်းက ကျွန်တော်အတွက် ပြဿနာမဟုတ်ဘူး။ ဒီနည်းလမ်းက ခင်ဗျားရဲ့ ထုတ်ကုန်တွေကို ချဲ့ထွင်နိုင်ပြီးတော့ ကျန်းမာရေး ဖြည့်စွက်အချိုရည် ဈေးကွက်မှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာစေနိုင်တယ်။ ခင်ဗျားကြော်ငြာထားတာတွေလည်း အလကား မဖြစ်တော့ဘူးပေါ့။ ပြီးတော့ ကုမ္မဏီရဲ့ ငွေရေးကြေးရေးနဲ့ ပတ်သတ်တဲ့ ဖိအားတွေကိုလည်း ဖြေရှင်းနိုင်မယ်။ ဒီနည်းလမ်းက ခင်ဗျားရဲ့ ဝန်ထမ်းတွေကနေပြီးတော့ ခင်ဗျားအထိ သူဌေးအထိ အရမ်းကို ဖိအားများတော့မှာ မဟုတ်ဘူး။ ”
ကျုံးချင်းရှန်က သူ၏လည်စီးကို အထဲတွင်းရှိ ဟောင်းနွမ်းနေသည့် ဆွယ်တာကို ဖုံးရန်အတွက် စိလိုက်သည်။ သူ၏ကုမ္မဏီ ချဲ့ထွင်ရန်က သူ့တွင်ငွေမရှိသည့် အတွက်ပင်။ သူ့၏ဝန်ထမ်းများကို ပြောစရာမလိုပေ။ သူနှင့် သူ၏ဝန်ထမ်းများသည် သူတို့အတွက် လှပသော ပန်းချီကားတစ်ချပ်ကို သူ့ကိုအခြေတည်ကာ ဆွဲနေတော့သည်။
လှပသောပန်းချီကား ရေးဆွဲခြင်းက ယာယီအဖြေမျှသာဖြစ်သည်။ ယင်းက ကာလမကြာရှည်ပေ။ အကယ်၍ ကုမ္မဏီသည် နောက်လာမည့်နှစ်တွင် အရောင်းပိုင်းနှင့်ပတ်သတ်ပြီး အခက်အခဲများနှင့် ကြုံတွေ့ပါက သူ၏ကုမ္မဏီသည် ငွေကြေးပြတ်တောက်မှု အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကာ ဒေဝါလီတောင် ခံရနိုင်ပေသည်။
သမိုင်းတွင် ထိုကဲ့သို့မျိုး မဖြစ်ဖူးပေ။ လဲ့ဟဟ၏ရောင်းအားသည် ထိုနှစ်တွင် ယွမ်သန်းတစ်ရာကျော်အထိ စံချိန်တင်နိုင်ခဲ့ကာ ကလေးငယ်များ၏ ကျန်းမာရေး ဖြည့်စွက်အချိုရည်ဈေးကွက်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ ယင်းက ကျုံးချင်းရှန်ကို ပိုမိုပြီး ယုံကြည်မှုပြည့်စေသည်။ ပြီးနောက် ဘဏ်များသည်လည်း သူ၏ကုမ္မဏီကို ငွေများများချေးပေးရန် ဆန္ဒရှိပေသည်။
သို့သော်ငြား ယခုတွင် ကျုံးချင်းရှန်သည် ရွေးချယ်စရာ မရှိသော်ငြား ဖုန်းယွီ၏ အကြံပြုချက်ကို စဉ်းစားရပေမည်။ ယင်းကသူ့ကုမ္မဏီ တည်ငြိမ်ရန်အတွက်ဖြစ်ကာ အန္တရာယ်များကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထပ်ပြောရပါက ဖုန်းယွီသည် သူ၏ကုမ္မဏီတွင် ရှယ်ယာတစ်ခု ဝယ်လျှင်တောင် သူ့အနေဖြင့် အဓိက ရှယ်ယာရှင်ဖြစ်အောင် လုပ်မည်ပင်။ ရင်းနှီးမြုပ်နှံငွေကို ပေါင်းထည့်ခြင်းအားဖြင့် လဲ့ဟဟကုမ္မဏီသည် သူ၏ထုတ်လုပ်နိုင်သည့် ပမာဏကို ချဲ့ထွင်နိုင်ကာ ဈေးကွက်ရာခိုင်နှုန်းကိုလည်း ပိုများများ ရယူနိုင်မည်ဖြစ်သည်။ သူရရှိသည့် ပမာဏသည်လည်း အရင်ကထက် ပိုများလာမည်ဖြစ်ကာ သူသည် အန္တရာယ်များကို အနည်းငယ်သာ ရင်ဆိုင်ရတော့မည်ပင်။
ကျုံးချင်းရှန်က သူ၏စီးကရက်ဘူးကို ထုတ်လိုက်သည်။ ဖုန်းယွီက ထိုစီးကရက်ဘူးကို ကြည့်လိုက်သည်။ ယင်းက ၂ယွမ်သာ တန်ဖိုးရှိသည့် စီးကရက်ဖြစ်သည်။ ဖုန်းယွီက အနာဂတ်တွင် အချမ်းသာဆုံး သူဌေးတစ်ယောက် ဖြစ်လာမည့်သူက ယခုထိ အခြေအနေ ဆိုးမည်မှန်း လုံးဝမမျှော်လင့်ခဲ့ပေ။
“ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မသောက်ပါဘူး။ ”
ကျုံးချင်းရှန်က ဖုန်းယွီငြင်းပယ်လိုက်သည့် စီးကရက်ဘူးကို ပြန်သိမ်းကာ သူ့၏စီးကရက်ကို မီးညှိလိုက်သည်။ သူကတစ်ချက် ရှုရှိုက်လိုက်၏။ ဖုန်းယွီက ငြိမ်ငြိမ်သာနေပြီး သူ၏ဘီယာတစ်ကျိုက် သောက်လိုက်သည်။ သူကကျုံးချင်းရှန် စဉ်းစားတာကို စောင့်ဆိုင်းနေသည်။ အနာဂတ်တွင် အဖျော်ယမကာ ဈေးကွက်သည် အမြတ်အလွန် များသည့်စီးပွားရေးလုပ်ငန်း ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်တွင်ဖြစ်သည်။ ထိုစီးပွားရေး လုပ်ငန်းတွင်မူ အောင်မြင်သည့်သူ များစွာရှိပေသည်။
နို့၊ ဒိန်ချဉ်၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်၊ လက်ဖက်ရည်၊ ကာဗွန်နိတ်အချိုရည်၊ ကျန်းမာရေး အချိုရည်၊ အစရှိသဖြင့် မည်သည့်အဖျော်ယမကာက ပိုက်ဆံမရှာနိုင်သနည်း။
သို့သော်ငြား ထိုကုမ္မဏီများအကြားတွင် ကျုံးချင်းရှန်၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသည့် လဲ့ဟဟကုမ္မဏီသည် တရုတ်နိုင်ငံ၏ ထိုအဖျော်ယမကာ ဈေးကွက်တွင် ခေါင်းဆောင်သူတစ်ဦးအနေဖြင့် နှစ်ပေါင်းကြာရှည်စွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သူ့နောက်မှပေါ်လာသည့် အလွန်နာမည် ကျော်ကြားသည့် ကျန်းမာရေး လက်ဖက်ရည်တောင် လဲ့ဟဟနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
အကယ်၍ ဖုန်းယွီသာ လဲ့ဟဟ၏ ရှယ်ယာရှင်တစ်ယောက် ဖြစ်ပါက အနာဂတ်တွင် လဲ့ဟဟသည် တရုတ်နိုင်ငံ၏ ဈေးကွက်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် စဉ်းစား၍ရနိုင်ကာ ကမ္ဘာ့အဖျော်ယမကာ လုပ်ငန်း၏ ထိပ်တန်းတွင်တောင် ပါဝင်နိုင်သည့် အခွင့်အရေးတစ်ခု ရကောင်းရနိုင်ပေသည်။
ယခုလက်ရှိတွင် ထိုအရာများအားလုံးက ကျုံးချင်းရှန်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေသည်။ အကယ်၍ သူကမှန်ကန်သည့် ဆုံးဖြတ်ချက်ချပါက လူတိုင်းကို အနိုင်ရမည်ဖြစ်သည်။ အကယ်၍ သူမှားယွင်းသည့် ဆုံးဖြတ်ချက် ချခဲ့လျှင် သူ့တွင်ပြိုင်ဘက်များ ရှိလာမည်ဖြစ်သည်။ အနာဂတ်၏ ဖုန်းယွီ၏အသိဉာဏ်နှင့် ငွေကြေးဓနအင်အားနှင့်ဆိုလျှင် လဲ့ဟဟကုမ္မဏီသည် သူ၏အရင်ဘဝကလောက် မအောင်မြင်ဘူးဆိုတာ မဖြစ်နိုင်ပေ။
“မန်နေဂျာဖုန်း ကျွန်တော်ဒီအကြောင်းကို စဉ်းစားလို့ရမလား။ လဲ့ဟဟကုမ္မဏီက ကျွန်တော်တစ်ယောက်ထဲ ပိုင်တာမဟုတ်ဘူး။ ကျွန်တော်အနေနဲ့ တစ်ခြားလူတွေနဲ့ ဆွေးနွေးဖို့ လိုသေးတယ်။ ကျွန်တော်ခင်ဗျားကို အဖြေမြန်နိုင်သမျှမြန်မြန် ပြန်ပေးပါ့မယ်။ ”
စီးကရက်ကုန်ပြီးနောက် ကျုံးချင်းရှန်က ဖုန်းယွီကို အဖြေပြန်ပေးလိုက်သည်။ ဖုန်းယွီက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်ငြား ကျုံးချင်းရှန်သည် ဖုန်းယွီကို ထိုနေရာတွင် တစ်ခါထဲ မငြင်းဆိုပေ။ ယင်းအဓိပ္ပာယ်က အလားအလာ ရှိနေသေးဆဲ ဖြစ်ပေသည်။
“သေချာတာပေါ့။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ခင်ဗျာအဖြေကို မြန်နိုင်သမျှ မြန်မြန်ပေးဖို့ မျှော်လင့်ပါတယ်။ ဘင်းမြို့တော်မှာရှိတဲ့ ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံက ယခုလက်ရှိမျာ ကလေးတွေရဲ့ အဟာရ အားဖြည့်အချိုရည်တွေကို ဖွံ့ဖြိုးမှုလုပ်နေတယ်။ ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံရဲ့ထုတ်ကုန်တွေက အများပြည်သူရဲ့ အကောင်းမြင်ကို ရကြတယ်။ တကယ်လို့ ခင်ဗျားကျွန်တော်ကို အဖြေပြန်မပေးဘူးဆိုရင်တော့ ကျွန်တော်က ဘင်းမြို့တော်မှာရှိတဲ့ ဆေးဝါးထုတ်လုပ်ရေး စက်ရုံမှာပဲ ရင်းနှီးမြုပ်နှံမယ်။ ”
ဖုန်းယွီကယင်းကို ရှင်းရှင်းလင်းလင်း လုပ်လိုက်သည်။ အကယ်၍ သူလက်ခံပါက သူတို့အနေဖြင့် အတူတူပူးပေါင်းနိုင်ကာ ငွေလဲအတူတူ ရမည်ပင်။ မဟုတ်ပါက ဖုန်းယွီအနေဖြင့် လဲ့ဟဟကို ဆန့်ကျင်သည့်သူနှင့် ပူးပေါင်းမည်ဖြစ်သည်။ ဘင်းမြို့တော် ဆေးဝါးထုတ်လုပ်ရေး စက်ရုံက မည်သည့်ကျန်းမာရေး အားဖြည့်အချိုရည် အမျိုးအစား ထုတ်လုပ်နေသည်နည်း။ ကျုံးချင်းရှန် စဉ်းစား၍ မရပေ။
ဖုန်းယွီသည်လည်း ယင်းအကြောင်းကို မသိပေ။ ထိုအရာများအားလုံးက သူစီစဉ်တာဖြစ်သည်။ သူ၏အရင်ဘဝက သမိုင်းထဲတွင် ဘင်းမြို့တော် ဆေးဝါးထုတ်လုပ်ရေး ကုမ္မဏီသည် ကလက်စီယမ် ရိုကိုနိုက် ဇင့်ခရိုကိုနိုက် စီဒီဖျောရည်များကို ထုတ်လုပ်ခဲ့သည်။ ထိုဖျော်ရည်များ၏ ဈေးကွက်တုန့်ပြန်မှုက အလွန်ကောင်းမွန်ပေရာ ထိုစက်ရုံကို အကျိုးအမြတ်ပမာဏ များများရစေသည်။ သို့သော်ငြား ယင်းက နောက်ထပ် နှစ်ပေါင်းများစွာ ကြာမှဖြစ်သည်။ ဖုန်းယွီက ထိုကိစ္စများကို ကျုံးချင်းရှန်သို့ ယခုပြောလိုက်သည်မှာ သူ့အားဖိအားအချို့ ပေးရန်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက များများစားစား မပြောကြဘဲ ညစာစားခြင်းက အလျှင်အမြန်ဖြင့် ပြီးသွားခဲ့သည်။ သူ၏ဟိုတယ်အခန်းသို့ ပြန်သွားခဲ့သည်။ ဖုန်းယွီက သူ့အိတ်ထဲမှာ ယာယီဈေးနှုန်း ဇယားများကို ထုတ်ကြည့်လိုက်သည်။ ထိုအရာများသည် နောက်တစ်နှစ်အတွက် စီစီတီဗီ ကြော်ငြာကဏ္ဍအတွက် ပြင်ဆင်ထားသော ဇယားကွက်များပင် ဖြစ်သည်။ ယင်းက ကြော်ငြာကဏ္ဍ အချိန်များအားလုံး မပါသော်ငြား ထိုအကွက်များတွင် ဖုန်းယွီလိုချင်နေသည့် အချိန်များရှိပေသည်။
ဖုန်းယွီ၏ အစီအစဉ်အရ သူသည် ယမန်နှစ်က ဝယ်ထားခဲ့သော ကြော်ငြာကဏ္ဍများအားလုံးကို ဝယ်ယူမည်ဖြစ်ကာ သူ့တွင်ဘက်ဂျက် ငွေပိုသေးပါက တစ်ခြားသော ကဏ္ဍများကိုလည်း ဝယ်ယူမည် ဖြစ်ပေသည်။
ကျုံးချင်းရှန်က သူ၏ကုမ္မဏီကို ဖုန်းခေါ်ဆိုကာ ယခုလက်ရှိ ကုမ္မဏီကြုံတွေ့နေရသည့် ငွေရေးကြေးရေး ကိစ္စများနှင့် အရောင်းစာရင်းများကို မေးလိုက်သည်။ သူကဖုန်းယွီကို သူ၏ကုမ္မဏီထဲ ရင်းနှီးမြုပ်နှံမှု ခွင့်ပြုလျှင် ဆိုသည့်အကြောင်းကို စဉ်းစားနေခြင်း ဖြစ်သည်။ အကယ်၍ ရင်းနှီးမြုပ်နှံခွင့် ပေးပါက သူသည်ဖုန်းယွီကို ရှယ်ယာဘယ်လောက်များများ ပေးမည်နည်း။
လဲ့ဟဟကုမ္မဏီသည် လူသုံးဦး တည်ထောင်ထားသော်ငြား ကျုံးချင်းရှန်သည် အဓိကရှယ်ယာရှင် တစ်ဦးဖြစ်သည်။ သူ့၏ရှယ်ယာများသည် ကုမ္မဏီ၏ ၆၀ရာခိုင်နှုန်း ဖြစ်သည်။ သူသည် ကုမ္မဏီတွင် နောက်ဆုံး ဆုံးဖြတ်ရသည့်သူဖြစ်ကာ သူသည် ဖုန်းယွီကို သူ့အနေဖြင့် အခြားသူများဖြင့် ပြောရမည်ဟု ပြောသည့်အခါ သူကသူ့ကို ထိုကိစ္စကို ကောင်းကောင်းစဉ်းစားရန်အတွက် သတိပေးလိုက်ခြင်း ဖြစ်သည်။ နောက်တစ်နေ့မနက်တွင် ဖုန်းယွီသန့်ရှင်းပြီးနောက် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်လိုက်သည်။ သူ့၏မျက်နှာရှေ့တွင် ကျနေသည့် ဆံပင်များသည် ထူနေပြီဖြစ်ကာ သူ၏ဆံပင်သည်လည်း ရှည်နေပြီဖြစ်သည်။ သူထိုဆံပင်များကို မညှပ်ဖြစ်ပါက သူသည် ပိုမိုရင့်ကျက်သည့်ပုံပေါက်ကာ ဖုန်းယွီသည် ယခုလက်ရှိသွင်ပြင်ကို စိတ်ကျေနပ်နေသည်။ သူသည် ယခင်ကထက် ပိုပြီးယောကျာ်း ဆန်လာပေသည်။
ဖုန်းယွီက သူ၏အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ မျက်စောင့်ထိုးအခန်းတွင်နေသည့် ကျုံးချင်းရှန်သည်လည်း ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး မနက်စာအတူတကွ စားပြီးနောက် စီစီတီဗီ၏ ဆွေးနွေးခန်းမကို သွားရင်းစကားစမြည် ပြောဆိုကြသည်။
ဆွေးနွေးပွဲခန်းမသည် လူများဖြင့် ပြည့်နေပြီဖြစ်သည်။ လူတိုင်းက ထိုင်လျှက် အချင်းချင်း ပြောဆိုနေကြပြီး ယမန်နှစ်ကသူတို့ ဘယ်ကဏ္ဍများ ဝယ်ယူနေသည် ဆိုသည့်အချက်ကို ရှာဖွေနေကြသည်။ သူတို့အနေဖြင့် ဘယ်လောက် ပေးခဲ့သနည်း။ ယခုနှစ် သူတို့၏ ကြော်ငြာဘက်ဂျက်က ဘယ်လောက်သုံးစွဲမည်နည်း။ ဖုန်းယွီနှင့် ကျုံးချင်းရှန်သည် ဤနေရာတွင် မိတ်ဆွေသူငယ်ချင်း မရှိပေ။ ပြီးနောက်သူတို့သည် အတူတူထိုင်လိုက်ကြကာ ဆွေးနွေးပွဲ စတင်မည်ကို စောင့်ဆိုင်းနေကြသည်။
“အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ။ ကျွန်တော်အနေနဲ့ ၁၉၉၀ခုနှစ် ကြော်ငြာကဏ္ဍ စီစီတီဗီ၏ ကြော်ငြာကဏ္ဍ တင်ဒါခေါ်ယူခြင်း အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါသည်။ ”
ဘာသာပြန်မှတ်စု အောင်မြင်ကျော်ကြားသည့် သူများက အောင်မြင်ကြသည်။ အကြောင်းမှာ သူတို့သည် ကျရှုံးမှုနှင့် နာကျင်မှုတွေကို ရင်ဆိုင်ခဲ့ရသည့် အတွက်ပင်။ စာရေးသူသည် ဝါးဟဟ အုပ်စုကို လဲ့ဟဟသို့ ပြောင်းလဲခဲ့သည်။ ဝါးဟဟဂရုအကြောင်းကို အင်တာနက် စာမျက်နှာအပေါ်တွင် ဖတ်ရှု့နိုင်သည်။ ထိုကုမ္မဏီသည် ကလေးများ၏ အားဖြည့် ဖြည့်စွက်စာများကို စတင်ထုတ်လုပ်ခဲ့ကာ အဖျော်ယမကာ ဈေးကွက်သို့ ဝင်ရောက်ခဲ့ပေသည်။
ဖုန်းယွီအနေဖြင့် တရုတ်နိုင်ငံတွင်ရှိသည့် အောင်မြင်ကျော်ကြားသည့် ကုမ္မဏီများတွင် ရှယ်ယာရှင်တစ်ယောက် ဖြစ်ချင်သည်လော။ ယခုလက်ရှိတွင် သူစီးပွားရေး ဘယ်လောက်များများနှင့် ထုတ်ကုန်ဘယ်နှစ်ခု ကိုင်ထားသနည်း။ ကျွန်တော်တော့ မှတ်ရင်းနဲ့ မေ့သွားပြီပင်။