စီစီတီဗီကြော်ငြာကဏ္ဍအတွက် တင်ဒါခေါ်ယူခြင်းအခန်း (၃)
Vol. 14 Ch. 201
ထိုတင်ဒါဆွေးနွေးပွဲ အခမ်းအနားအတွက် အခမ်းအနားမှူးသည် ကြော်ငြာဌာနမှ ချန်းပေါင်ကျွင်း ဖြစ်ပေသည်။ ပြီးနောက် လက်ထောက်ရုပ်သံ ဌာနမန်နေဂျာသည်လည်း ရှိနေသည်။ ဖုန်းယွီက ထိုလက်ထောက်မန်နေဂျာသည် ဤနေရာသို့ မိန့်ခွန်းခြွေရန် ရောက်လာသည်ဟု ခံစားမိသည်။ သူသည် ယနေ့အခမ်းအနားနှင့် လားလားမှ မသက်ဆိုင်သည့် မိန့်ခွန်းအရှည်ကြီးကို ပြောသွားခဲ့သည်။
ချန်းပေါင်ကျွင်းက ယခုနှစ် ကြော်ငြာစာချုပ်တွင် ပြောင်းလဲမှုအချို့ ရှိကြောင်းပြောသည်။ ပထမအနေဖြင့် ယခုအပေးအယူသည် နောက်နှစ်၏ ဇန်နဝါရီလကုန်အထိဖြစ်သည်။ ယခုနှစ်တွင် မည်သည့်အချိန်၌ ကုန်ဆုံးမည်ဖြစ်စေ ယခုအပေးအယူ၏ နောက်ဆုံးသည် နောက်နှစ် ဇန်နဝါရီလ အဆုံးတွင်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ကြော်ငြာ၏ ဈေးနှုန်းများသည်လည်း မြင့်တက်လာပေသည်။ ပုံမှန်ကြော်ငြာများအတွက် ၃၀ရာခိုင်နှုန်းဖြစ်ကာ ဖုန်းယွီ၏ ကြော်ငြာကဏ္ဍ လေးခုအချိန်သည် ၅၀ရာခိုင်နှုန်း တိုးလာခဲ့သည်။
တတိယအနေဖြင့် ယမန်နှစ်က ချုပ်ဆိုထားခဲ့သည့် ကြော်ငြာကဏ္ဍများကိုလည်း ယခုနှစ်အတွက် ဆက်လက်ဝယ်ယူနိုင်သည်။ ယင်းက စိတ်ဝင်စားသည့် အခြေအနေဖြစ်သည်။ ယင်းက ယမန်နှစ်ကအတိုင်း အတူတူပင်ဖြစ်မည်လော သို့မဟုတ် ကြော်ငြာစရိတ်တွင် တိကျသည့် စာရင်းငွေတိုးမှုမျိုး ရှိနေသည်လော ယင်းက စိတ်ဝင်စားသည့် အချက်ပင်ဖြစ်သည်။ ဖုန်းယွီက နောက်နှစ်စာချုပ်တွင် အပြောင်းအလဲများစွာ ဖြစ်မည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ သူသည် ကြော်ငြာများ၏ လေလံဆွဲမှုက အစောကြီးရောက်လာသည်မှာ အံ့သြမှင်သက်နေသည်။
ချန်းပေါင်ကျွင်း ပြောပြီးသည်နှင့် လူတိုင်းက အချင်းချင်း တီးတိုးပြောနေကြသည်။ ဖုန်းယွီက ကျုံးချင်းရှန်ဘက်ကိုလှည့်ကာ မေးလိုက်သည်။
“မစ္စတာကျုံး ခင်ဗျားကုမ္မဏီရဲ့ ကြော်ငြာစရိတ်က ဘယ်လောက်တောင် များတာလဲ။ ”
ကျုံးချင်းရှန်က မျက်မှောင်ကြုတ်ပြီး သက်ပြင်းချကာ
“၃၀ရာခိုင်နှုန်း ဘာလို့ဈေးနှုန်းက ဒီလောက်ထိ မြင့်သွားရတာလဲ။ ”
ကုမ္မဏီ၏ ငွေရေးကြေးရေးသည် ခက်ခဲနေပြီးဖြစ်ကာ သူသည် စက်ရုံကို တိုးချဲ့ရန်လည်း လိုအပ်ပေသည်။ ပြီးနောက် ထုတ်ကုန်လမ်းကြောင်း အသစ်များနှင့် ကုန်ကြမ်းပစ္စည်းများ အစရှိသည့် အရာများကိုလည်း ဝယ်ရန်လိုအပ်ပေသည်။ ထိုအရာများအားလုံးအတွက် ငွေလိုအပ်ပေသည်။ သူကကြော်ငြာဈေးနှုန်း များလိမ့်မည်ဟု မျှော်လင့်ပြီးဖြစ်သည်။ သို့သော်ငြား ၃၀ရာခိုင်နှုန်းက သူ၏သတ်မှတ်ချက်ကို ကျော်လွန်နေပေသည်။
“၃၀ရာခိုင်နှုန်းက များတယ်လို့ စဉ်းစားလို့မရပါဘူး။ ”
ကျုံးချင်းရှန်က ဖုန်းယွီပြောတာ ကြားသည့်အခါ သူကဖုန်းယွီအား မေးလ်ိုက်သည်။
“၃၀ရာခိုင်နှုန်းက မများဘူးလို့ စဉ်းစားနေတာလား။ မင်းရဲ့ကုမ္မဏီရဲ့ ကြော်ငြာနှုန်းက ဘယ်လောက်ထိ မြင့်သွားတာလဲ။ ”
ကျုံးချင်းရှန် မှတ်မိသည်က သူကုမ္မဏီ၏ ကြော်ငြာနှုန်းကိုသာ မှတ်ထားခြင်းဖြစ်ကာ အခြားကုမ္မဏီများ၏ ကြော်ငြာစရိတ် တက်လာသည်ကို မှတ်သားထားခြင်း မရှိပေ။
ဖုန်းယွီက လက်ငါးချောင်း ထောင်ပြလျှက်
“အရမ်းမများပါဘူး။ ၅၀ရာခိုင်နှုန်းထဲပါ။ ”
ချီး
မင်းပြောတဲ့ ၅၀ရာခိုင်နှုန်းက မများဘူးတဲ့လား။ ဒါကဒီနှစ်အတွက် ကြော်ငြာကြေးအများဆုံးပဲ။ ဒီမန်နေဂျာဖုန်းက ဒီကြော်ငြာကဏ္ဍတွေကို ဆက်ပြီးဝယ်မှာလား ဒါမှမဟုတ်ဘူးဆိုရင် သူကဒီတိုးလာတာကိုတောင် လျစ်လျူရှုနိုင်သည်အထိကို ကြွယ်ဝချမ်းသာနေတာလား။
“မန်နေဂျာဖုန်း ကျွန်တော်မှတ်မိတာက မင်းရဲ့ကုမ္မဏီက ကြော်ငြာကဏ္ဍ တစ်ခုထက်ပိုတယ်လို့ ပြောခဲ့တယ်။ ”
ဖုန်းယွီက သူ၏လက်ချောင်းများနှင့် ရေတွက်ပြရင်း ပြောလိုက်သည်။
“ဟုတ်တယ် စီစီတီဗီ(1)မှာ ကြော်ငြာကဏ္ဍ လေးခုရှိတယ်။ အဲ့ကဏ္ဍတွေ အကုန်လုံးက ၅၀ရာခိုင်နှုန်း တိုးလာတယ်။ စီစီတီဗီ(2)မှာလည်း ကြော်ငြာကဏ္ဍ နှစ်ခုရှိတယ်။ အဲ့ဒါကလည်း ၃၀ရာခိုင်နှုန်း တိုးလာတယ်။ စီစီတီဗီ(3)မှာ ကြော်ငြာကဏ္ဍ တစ်ခုရှိတယ်။ အဲ့ဒါကလည်း ၁၀ရာခိုင်နှုန်း တိုးလာတယ်။ ဒီနှစ်ကြော်ငြာကဏ္ဍက ယွမ်၅သန်းထက် ကျော်သွားပြန်ပြီ။ ”
ကျုံးချင်းရှန်က အံ့သြမှင်သက်မှုကြောင့် မျက်လုံးများ ပြုးကျယ်လာသည်။ ကြော်ငြာကြေးအတွက် ယွမ်၅သန်းလော။ တစ်ဖန်လော။ ယင်းအဓိပ္ပာယ်က ယမန်နှစ်ကလည်း ကြော်ငြာကြေး ၅သန်းကျော် သုံးခဲ့ခြင်းဟု ဆိုလိုခြင်းပင် မဟုတ်ပေလော။
“မန်နေဂျာဖုန်း ဒီနှစ်မှာ ကြော်ငြာကြေး ဘယ်လောက်သုံးခဲ့တာလဲ။ ”
“မများပါဘူး စီစီတီဗီ၊ ပြည်နယ်ရုပ်မြင်သံကြားဌာန၊ သတင်းစာ၊ ပြီးတော့ နာမည်ကျော်ကြားသူရဲ့ ထောက်ခံမှု အစရှိတာတွေ ပေါင်းလိုက်တယ်ဆိုရင်တော့ ယမန်နှစ်က ယွမ်၁၀သန်းလောက် ကုန်ခဲ့တယ်။ ”
ကျုံးချင်းရှန်၏ မေးရိုးများက ကျသွားတော့သည်။ ယွမ်၁၀သန်းပဲလော။ သူကယွမ်၁၀သန်းကို ယွမ်တစ်ထောင်ကဲ့သို့ ပြောဆိုနေခြင်း ဖြစ်ပေသည်။
ကျုံချင်းရှန်က ချက်ချင်းပင် ဖုန်းယွီက အပြောကြီးသည်မဟုတ်မှန်း နားလည်သွားကာ သူသည် မနေ့က သူ့ကုမ္မဏီတွင် ၁၀သန်းရင်းနှီးမြုပ်နှံမည်ဟု ပြောခဲ့သေးသည်။ သူကတကယ်ပင် အရည်အချင်း ရှိသူဖြစ်သည်။
ထိုကဲ့သို့ အင်အားကြီးသည့် ကုမ္မဏီနှင့် ပူးပေါင်းခြင်းသည် ကောင်းမွန်သည့် အရွှေ့ဖြစ်သလို တစ်ချိန်ထဲတွင် ဆိုးဝါးသည့် အရွှေ့လည်းဖြစ်သည်။ အင်အားကောင်းသည့် ကုမ္မဏီသည် ပိုက်ဆံရှိရုံသာမက ခိုင်မာသည့် အဆက်အသွယ်လည်း ရှိပေသည်။ လဲ့ဟဟကုမ္မဏီသည် ဖွံ့ဖြိုးတိုးတက်မှုကို မြန်မြန်ရအောင် အထောက်အပံ့များ ရနိုင်ပေသည်။ သို့သော်ငြား အင်အားကြီးမားသည့် ကုမ္မဏီ၏ သူဌေးများသည် အရာအားလုံးကို သူတို့ကိုယ်တိုင် ထိန်းချုပ်ချင်ကြသည်။ ယင်းက လဲဟဟကို အနာဂတ်တွင် ချုပ်ကိုင်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
သူကလဲ့ဟဟကို တိုးတက်စေချင်သည်။ သို့သော် သူ၏ကုမ္မဏီကို ထိုကဲ့သို့ မပေးလိုက်ချင်ပေ။ သူသည် ကုမ္မဏီတွင် နောက်ဆုံးပြောဆိုချင်သည့်သူ ဖြစ်ချင်ပေ၏။
“မစ္စတာကျုံး တဆိတ်လောက်ပါ။ ကျွန်တော်ကုမ္မဏီရဲ့ ပထမဦးဆုံး ကြော်ငြာကဏ္ဍရဲ့ အလှည့်ရောက်လာပြီ။ ”
ဖုန်းယွီက သူ၏လက်ကိုမြှောက်ရင်း အော်လိုက်သည်။
“ထိုက်ဟွကုန်သွယ်ရေး စာချုပ်ဆက်ချုပ်ပါမယ်။ ”
လူတိုင်းက ငယ်ရွယ်သည့် လူတစ်ယောက်၏ အသံကိုကြားသည့်အခါ လှည့်ကာရှာလိုက်တော့သည်။ ထိုကြော်ငြာကဏ္ဍသည် ယနေ့အတွက် ဈေးအကြီးဆုံး ဖြစ်ပေသည်။ ကြော်ငြာသည့်သူ အများစု သတိထားမိသည်က ထိုအော်လိုက်သည့်သူက ငယ်ရွယ်သည့် သူတစ်ယောက်ဖြစ်ကာ အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးသည်။ ဘယ်သူကထိုက်ဟွကုန်သွယ်ရေး၏ သူဌေးလော။ ဘာကြောင့် သူ့အနေဖြင့် ထိုကဲ့သို့သော အရေးကြီးသည့် အခမ်းအနားကို သူကိုယ်တိုင် မတက်ရောက်သည်လော။ ထိုသူသည် သူဌေး၏သား ဖြစ်သည်လော။
တစ်ခဏကြာပြီးနောက် နောက်ထပ်၅၀ရာခိုင်နှုန်း တိုးထားသည့် ကြော်ငြာကဏ္ဍ၏ အလှည့်ရောက်လာပြန်သည်။ ဖုန်းယွီက သူ၏လက်ကို ထောင်လိုက်ပြီးနောက် ထိုက်ဟွကုန်သွယ်ရေးသည် ဆက်လက်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း အော်လိုက်သည်။
ထိုထိုက်ဟွကုန်သွယ်ရေးသည် အလွန်ချမ်းသာသည်ပင်။ ဈေးနှုန်းက ၅၀ရာခိုင်နှုန်း တိုးတက်လာကာ သူသည် ကြော်ငြာကဏ္ဍ တစ်ခုထက်ပိုပြီး စာချုပ်ချုပ်ဆိုသည်လော။
တတိယနှင့် စတုတ္ထ ကြော်ငြာကဏ္ဍများသည်လည်း ၅၀ရာခိုင်နှုန်း တိုးလာကာ ထိုကဏ္ဍများကိုလည်း ဆက်လက်စာချုပ် ချုပ်မည်ဟု ပြောသည့်အခါ လူတိုင်းက မှင်သက်သွားကြပေသည်။ ထိုကဏ္ဍများသည် ထိုက်ဟွကုန်သွယ်ရေး ပိုင်ဆိုင်သည့် ကြော်ငြာကဏ္ဍများဖြစ်ကာ ထိုကြော်ငြာကဏ္ဍများအားလုံး ပြန်လည်ချုပ်ဆိုခဲ့သည်။
ယခုအချိန်တွင် လူတိုင်းက ထိုကြော်ငြာကဏ္ဍ၏ အချိန်ကို မှတ်မိလိုက်သည်က စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ ကြော်ငြာအချိန် ဖြစ်နေသည်။ ထိုက်ဟွကုန်သွယ်ရေးသည် စုန့်ကျန်း မော်တော်ဆိုင်ကယ်၏ အခွဲတစ်ခု ဖြစ်သည်လော။
၅၀ရာခိုင်နှုန်းတိုးသည့် ကြော်ငြာကဏ္ဍ (၆)ခုရှိပေသည်။ ထိုအထဲမှ ထိုက်ဟွကုန်သွယ်ရေးက (၄)ခုပိုင်ဆိုင်ပေသည်။ အခြားသော ကြော်ငြာကဏ္ဍ နှစ်ခုတွင်လည်း စာချုပ်ပြန်ချုပ်ဆိုကြပေသည်။
စီစီတီဗီကြော်ငြာ၏ သက်ရောက်မှုသည် ယမန်နှစ်က ပြသခဲ့ပြီးဖြစ်သည်။ စီစီတီဗီတွင် ကြော်ငြာခဲ့သည့် ကြော်ငြာသည့်သူများ အားလုံးသည် မြင့်မားသည့် အကျိုးအမြတ် ပြန်ရရှိခဲ့သည်။ သို့သော်ငြား အချို့သော ကြော်ငြာသည့်သူများက ကံမကောင်းပေ။ သူတို့၏ ထုတ်ကုန်အရည်အသွေးနှင့် ပတ်သတ်ပြီး ပြဿနာအချို့ရှိကာ ယင်းကသူတို့ကို ချွတ်ချုံကျလောက်အောင် ဆုံးရှုံးစေသည်။ ယခုတွင် ကြော်ငြာဈေးသည်လည်း မြင့်တက်လာပေရာ ထိုကြော်ငြာသည့်သူများသည် လက်လွှတ်လိုက်ရကာ ပြည်နယ်ရုပ်သံ ဌာနများတွင်သာ ကြော်ငြာရန်ရှိပေသည်။
တင်ဒါ၏ ပထမအသုတ်သည် ပြီးသွားပြီဖြစ်ကာ နေ့လည်ပိုင်းတွင် သူတို့သည် ငွေပေးချေပြီး စာချုပ်ချုပ်ဆိုရမည်ပင်။ မနက်ဖြန်တွင် လွတ်လပ်သွားသော ကြော်ငြာကဏ္ဍများကို စိတ်ဝင်စားသည့် ကုမ္မဏီများက ယှဉ်ပြိုင်နိုင်မည် ဖြစ်ပေသည်။
စာချုပ်ချုပ်ဆိုသည့် အခမ်းအနားသည် ကြော်ငြာအချိန်အတိုင်း မဟုတ်ပေ။ ယင်းက ကြော်ငြာ၏ နှုန်းထားပိုင်း ဖြစ်ပေသည်။ ဖုန်းယွီသည် ပထမဦးဆုံး ကြော်ငြာဌာနသို့ ချန်းပေါင်းကျွင်းနှင့် စာချုပ်ချုပ်ဆိုရန် အရင်ဆုံး ဝင်ရသည့်သူဖြစ်သည်။ စာချုပ်သည် နောက်နှစ် ဇန်နဝါရီလကုန်ထိ ဖြစ်သည်။ ဒီဇင်ဘာလတွင် နောက်ထပ်တစ်နှစ်အတွက် တင်ဒါထပ်ပြိုင်ရမည် ဖြစ်ပေသည်။ ယင်းက နဂိုမူလသမိုင်းတွင် ဖြစ်ပျက်ခဲ့သည့်အရာနှင့် ကွဲပြားခြားနားနေပေသည်။
“အရာရှိချုပ်ချန်း ဘာကြောင့် စီစီတီဗီက ကျွန်တော်ရဲ့ကုမ္မဏီကို ဆန့်ကျင်နေတယ်လို့ ခံစားနေရတာလဲ။ ဘာကြောင့် ကျွန်တော်တို့ကုမ္မဏီရဲ့ ကြော်ငြာကဏ္ဍတွေက ဈေးကြီးတာအများဆုံး ဖြစ်လာရတာလဲ။ ”
ဖုန်းယွီက သူစာချုပ်ကို လက်မှတ်ထိုးစဉ် မေးလိုက်သည်။
“မန်နေဂျာဖုန်း ဒါကခင်ဗျား တွေးသလိုမျိုး မဟုတ်ဘူး။ ကြော်ငြာနှုန်းတွေ တိုးတက်လာတာက ကြော်ငြာရဲ့ အဆင့်အတန်းပေါ်မှာပဲ အခြေခံလိုက်တာ။ ခင်ဗျားကုမ္မဏီရဲ့ ကြော်ငြာအချိန်တွေ အကုန်လုံးက လူကြည့်အများဆုံး အချိန်တွေပဲ။ ဒါကြောင့်မို့လို့ ကြော်ငြာကြေးက အများဆုံးဖြစ်နေတာ။ စီစီတီဗီ(2) စီစီတီဗီ(3)ရဲ့ ကြော်ငြာနှုန်းတွေကို တစ်ချက်ကြည့်လိုက်ပါအုံး။ ဒီကြော်ငြာတွေက ဈေးကတိုးလာပေမဲ့ အများကြီးတော့ မဟုတ်ဘူးလေ။ ”
ချီး ခင်ဗျားဘယ်လိုလုပ် စီစီတီဗီ(2)နဲ့ စီစီတီဗီ(3)ကို စီစီတီဗီ(1) ရုပ်သံလှိုင်းနဲ့ နှိုုင်းယှဉ်နိုင်ရတာလဲ။ စီစီတီဗီ(3) ရုပ်သံလှိုင်းက ဂြိုလ်တုကနေတောင်မှ မထုတ်လွင့်နိုင်သေးဘူး။
“အရာရှိချန်း ဒီကြော်ငြာကြေး တိုးတက်လာတာက ကျွန်တော်ကုမ္မဏီရဲ့ ငွေရေးကြေးရေးကို နည်းနည်းတင်းလိုက်သလိုပဲ။ ”
ချန်းပေါင်ကျွင်းသည် အချို့တောင်းဆိုမှုများ ပြုလုပ်တော့မည်မှန်း ပြောလိုက်ပေသည်။ အကယ်၍ ဖုန်းယွီသည် စာချုပ်ကို လက်မှတ်မထိုးဘဲ သူ၏အချိန်များကို အခြားကုမ္မဏီများကို ပြန်ရောင်းချလိုက်ပါက သူ၏အထက် အရာရှိများသည် သူသည် သူ့အလုပ်ကို ကောင်းကောင်းမလုပ်ဆိုသည့် ခံစားမှုမျိုးကို ရသွားစေမည်ဖြစ်သည်။
“မန်နေဂျာဖုန်း ကျေးဇူးပြုပြီးတော့ ခင်ဗျားစိတ်ထဲမှာပဲ ထားထားပေးအုံး။ ကျွန်တော်တို့တွေ ဒီအကြောင်းကို ဆွေးနွေးနိုင်ပါတယ်။ ”
“အား ဒီကြော်ငြာကဏ္ဍ အချို့က ပြန်ပြီးစာချုပ် မချုပ်တာဘဲ။ ကျွန်တော်အရမ်း လောဘမကြီးပါဘူး။ ဒီကြော်ငြာကဏ္ဍ သုံးခုကို ကျွန်တော်ကုမ္မဏီကိုပဲ ရောင်းလိုက်ပါတော့”
ဖုန်းယွီက သူမနက်က ပြင်ဆင်ခဲ့သည့် စာရင်းကိုထုတ်ကာ ချန်းပေါင်းကျွင်းကို ပြလိုက်သည်။
ဖုန်းယွီက သူလိုချင်သည့် ကြော်ငြာအချိန်များကို စက်ဝိုင်း ဝိုင်းပြလိုက်သည်။
ချန်းပေါင်ကျွင်းက ထိုဖောင်ကို မျက်လုံးအပြုးသားဖြင့် ကြည့်နေသည်။ မင်းကဒီကြော်ငြာကြေး တိုးလာတာက မင်းကုမ္မဏီရဲ့ ငွေရေးကြေးရေးကို တင်းကြပ်သွားစေတယ်လို့ မပြောခဲ့ဘူးလား။ မင်းကနောက်ထပ် ကြော်ငြာကဏ္ဍ သုံးခုကိုတောင်မှ ဝယ်ချင်သေးတာလား။