← Chapters

လဲဟဟကို ဝယ်ယူခြင်း အပိုင်း ၂

Vol. 14 Ch. 203

လဲဟဟကို ဝယ်ယူခြင်း အပိုင်း ၂

Vol. 14 Ch. 203

ထိုက်ဟွ ကုမ္ပဏီတွင်လည်း ငွေများများစားစား မကျန်ပေ။ မနှစ်က ငွေများစွာ ရရှိခဲ့သော်ငြား ထိုငွေများ အားလုံးကို ရှယ်ယာများ ဝယ်ရာတွင် အသုံးပြုခဲ့သည်။ ဖုန်းယွီသည် ယခုနှစ်တွင် ရှယ်ယာများကို ရောင်းချပြီး ငွေဖော်မည် မဟုတ်ပေ။

ရှယ်ယာများကိုလည်း မရောင်းနိုင် ပြီးနောက် ဖုန်းယွီ ဘဏ်ကိုလည်း ပေးရန် ရှိသေးသည်။ တရုတ်နှစ်သစ်ကူးပြီးနောက် ဘဏ္ဍာရေးနှစ် အသစ် စတင်ပြီ ဖြစ်သည်။ ဖုန်းယွီသည် များပြားလှစွာသော အတိုးများကိုလည်း ပေးရဦးမည်ပင်။ ယင်းက ကုမ္ပဏီ၏ ဘဏ်အကောင့်ကို လျော့ကျသွားစေသည်။ ကြော်ငြာစရိတ်များပြားလာမှုကလည်း ဖုန်းယွီ၏ ကုန်ကျငွေထဲကပင် ဖြစ်သည်။

သို့သော် ဖုန်းယွီသည် စိတ်ပူပန်ခြင်းမရှိပေ။ သူဘင်းမြို့တော်သို့ ပြန်ရောက်သည့်အခါ သူအနေဖြင့် ကြော်ငြာခများကို ထုတ်ကုန်အလိုက် ကုန်ငွေကို ပြန်ခွဲမည် ဖြစ်ပေသည်။ မည်သည့်ကုမ္ပဏီ သို့မဟုတ် စက်ရုံ၏ ထုတ်ကုန်များကို ကြော်ငြာစေကာမူ သူတို့အနေဖြင့် ကြော်ငြာစရိတ်၏ ကုန်ငွေ အချိုးအလိုက် ခံရမည် ဖြစ်ပေသည်။

ယင်းက အထူးသဖြင့် စက်ယန္တရားကုမ္ပဏီအတွက် ဖြစ်ပေသည်။

စက်ပစ္စည်းစက်ရုံလိုချင်သည့် ဆိုဗီယက် ပြည်ထောင်စုမှ နည်းပညာများသည်လည်း မကြာခင်တွင် ဘင်းမြို့တော်သို့ ရောက်လာတော့မည် ဖြစ်ပေသည်။ ထိုနည်းပညာများက ဖုန်းယွီအတွက် သန်းပေါင်းများစွာသော အကျိုးအမြတ်ကို ယူဆောင်ပေးလာနိုင်မည် ဖြစ်ကာ ကီရီလန်ကိုနှင့် လီရှစ်ရုံတို့သည် အခွန်ငွေများကို ကျခံရန် စီစဉ်ပြီး ဖြစ်ပေသည်။

မော်တော်ဆိုင်ကယ် ရောင်းချမှုမှလည်း ဝင်ငွေ လမ်းကြောင်း တစ်ခု ဖြစ်ပေသည်။ လီမင်တနှင့် ချုပ်ဆိုသည့် စာချုပ်အရ ထိုက်ဟွ ကုန်သွယ်ရေးကို လကုန်တွင် ငွေချေရမည် ဖြစ်ပေသည်။ ဖုန်းယွီသည် ယွမ် သန်း တစ်ဆယ်ကို လွယ်လွယ်နှင့် ရှာနိုင်ပေသည်။ ဉပမာ အနေဖြင့် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံမှ ဖြစ်ပေသည်။

ကျုံးချင်းရှန်သည် ဖုန်းယွီကို တိကျသည့် အဖြေ ပြန်မပေးခဲ့ပေ သို့သော် သူ့အနေဖြင့် ဖုန်းယွီကို ဟန်ကျိူးပြန်ပြီး သုံးရက်အတွင်း အကြောင်းပြန်မည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဖုန်းယွီသည် ကျုံးချင်းရှန်အနေဖြင့် သူ့ကမ်းလှမ်းမှုအတွက် စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဖုန်းယွီသည် အများကြီး မပြောတော့ဘဲ သူ့အခန်းကို အနားယူရန် ပြန်ခဲ့တော့၏။

နောက်တစ်နေ့မနက်တွင် ဖုန်းယွီသည် စီစီတီဗွီကို ပြန်လာခဲ့သည်။ လူတိုင်းအံ့အားသင့်သွားစေရန် ဖုန်းယွီသည် နောက်ထပ် ကြော်ငြာကဏ္ဍ သုံးခုကို ဝယ်လိုက်ပြန်၏။

ထိုကဲ့သို့ ပိုက်ဆံကိုသုံးလိုက်သည့်အတွက် လူတိုင်းက အံ့ဩနေကြသည်။ ထိုက်ဟွ ကုန်သွယ်ရေးသည် ကုမ္ပဏီများ အားလုံးကြား အတောက်ပဆုံး ဖြစ်နေကာ ကြော်ငြာကဏ္ဍ အများဆုံး ဝယ်ယူသူနှင့် ကြော်ငြာကဏ္ဍအတွက် အများဆုံး ငွေကြေးသုံးစွဲသူ ဖြစ်လာသည်။

အခြားသော ကြော်ငြာသည့်သူများ သိသွားသည်ကား ထိုက်ဟွ ကုန်သွယ်ရေးသည် လေနှင့်မိုး ရေနွေးငွေ့စက်များနှင့် စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို ရောင်းချသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရှိသွားသည်။ ထိုထုတ်ကုန်များက ငွေနွားများပင်။ သူတို့ ပိုပြီး အံ့ဩမှင်သက်သွားရသည်ကား ထိုလူငယ်လေးက ထိုက်ဟွကုန်သွယ်ရေး၏ အထွေထွေ မန်နေဂျာ ဖြစ်ကာ သူဌေး၏ သားမဟုတ်ပေ။

ရလဒ်အနေဖြင့် ဖုန်းယွီသည် စီစီတီဗွီတွင် သူ့နာမည်ကဒ် အိတ်လိုက်ချန်ခဲ့ရတော့သည်။ အချို့မှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီ၊ အချို့က နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်ကြသည်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီများတောင် ရှိသေးသည်။ ဖုန်းယွီသည် နာမည်ကဒ် အခုရေ တစ်ရာကို ယူခဲ့သော်ငြား လောက်ငှခြင်းမရှိပေ။

ဖုန်းယွီသည် ဘေကျင်းသို့ ရောက်သည့်အခါ လုပ်စရာ တစ်ခု ရှိနေပေသေးသည်။ သူသည် ချန်ကွမ်းတိုင်ဆီ သွားရောက်လည်ပတ်ကာ လေနှင့်မိုး ဒလက်မဲ့ ပန်ကာ ကြော်ငြာအတွက် ဆွေးနွေးရန် ဖြစ်သည်။

ပထမက ချန်ကွမ်းတိုင်အနေဖြင့် ထိုအလုပ်ကို လက်ခံရန် ဆန္ဒမရှိပေ။ သို့သော် သူ့ဇာတ်ကားအဆုံးသတ်ရန် နောက်ဆုံး မိနစ်ပိုင်းသာ ကျန်ရှိသည့်အချိန်တွင် ရင်းနှီးမြှပ်နှံသည့်သူက ငွေပြတ်တောက်၍ ရပ်နားထားခဲ့ရသည်။

ဖုန်းယွီက သူ့အား ဇာတ်ညွှန်းအပါအဝင် ထိုကြော်ငြာအတွက် ယွမ် ငါးသောင်းပေးသည်။ ထို့နောက် သူသည် ထိုထုတ်ကုန် ထောက်ခံမှု သုံးနှစ်အတွက် နောက်ထပ် ယွမ် သုံးသိန်းပေးခဲ့သည်။ ချန်ကွမ်းတိုင်က ယင်းကို ကျေနပ်စွာဖြင့် လက်ခံလေသည်။ လျှပ်စစ်ပန်ကာ တစ်ခုအတွက် ကြော်ငြာကြေးသည် မော်တော်ဆိုင်ကယ်နှငက့် ဘာမှ နှိုင်းယှဉ်လောက်စရာ မရှိပေ။

ရက်အနည်းငယ် ကြာပြီးနောက် ချန်ကွမ်းတိုင်သည် ကြော်ငြာရိုက်ကူးရန်အတွက် ဘင်းမြို့တော်သို့ ထွက်လာခဲ့သည်။ မော်တော်ဆိုင်ကယ် ကြော်ငြာအတိုင်း ဖြစ်၏။ သူသည် ရိုက်ကူးမှု ပြီးနောက် ဘေကျင်းသို့ အလောတကြီး ပြန်ခဲ့သည်။ သူသည် သူ့အပိုအချိန်ကို အသုံးပြုကာ ကြော်ငြာနှင့် တည်းဖြတ်ခြင်းကို လုပ်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီသည် တီဗွီရှိ ကြော်ငြာကို ကြည့်နေသည်။ သူသည် ယင်းကြော်ငြာသည် ဟာသကြော်ငြာတစ်ခုဟု ရိုက်ကူးသည့်နေရာကို သွားကတည်းက သိရှိပြီးတိုင် သူ တည်းဖြတ်ထားသည့် ကြော်ငြာကို ကြည့်သည့်အခိုက် ရယ်နေဆဲ ဖြစ်သည်။

ချန်ကွမ်းတိုင်းသည် သူ၏ ပြောင်နေသော ခေါင်းကို ဒလက်မဲ့ ပန်ကာ၏ ထိပ်ကို စွပ်ခဲ့သည်။ သူ၏ ချဲ့ကားသည့် မျက်နှာသွင်ပြင်နှင့် ဟာသ ဇာတ်ကြောင်းများနှင့်ဆိုပါက ထိုကြော်ငြာသည် သက်ရောက်မှုအားကောင်းစေမည် ဖြစ်သည်။

ဒုတိယ ကြော်ငြာ၏ ဖန်တီးနိုင်စွမ်းသည်လည်း မြင့်ပေသည်။ ချန်ကွမ်းတိုင်းက ဆံပင်တုကို ဝတ်ဆင်ထားပြီး ဒလက်မဲ့ပန်ကာ၏ လေအားကြောင့် ဆံပင်တု လွင့်သွားခြင်း ဖြစ်သည်။ သို့သော် ထိုကြော်ငြာက နောက်နှစ်မှ လွင့်မည် ဖြစ်ပေသည်။

ထိုကြော်ငြာနှင့်ဆိုလျှင် ဒလက်မဲ့ပန်ကာ၏ ရောင်းအားသည် တိုးတက်လာမည်ပင် ဖြစ်သည်။ ချန်ကွမ်းတိုင်ကို ရွေးချယ်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။ တရုတ်လူမျိုးများက အသစ်သစ်သော အရာများကို စူးစမ်းကြပေသည်။ ချမ်းသာသည့် လူအများစုသည် သူတို့၏ စူးစမ်းချင်စိတ်ကို နှစ်သိမ်စေရန်အတွက် ပန်ကာများကို ဝယ်ကြမည်ပင်။

ကြော်ငြာ၏ ဆောင်ပုဒ်ကား

“အဆင့်မြင့် ခေတ်မှီထုတ်ကုန် နန်းဆန်သော ပျော်ရွှင်မှု”

ထိုချမ်းသာသည့် သူများ၏ ပကာသန ပစ္စည်းအဖြစ် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပေသည်။ ယခုနှစ်တွင်း ဖုန်းယွီ တရုတ်နိုင်ငံတွင် အခုရေ တစ်သောင်းရောင်းရလျှင်တောင် ဖုန်းယွီ အမြတ် ယွမ် သန်းတစ်ဆယ်ကျော်ရမည် ဖြစ်သည်။

......

ဘင်းမြို့တော်သို့ ပြန်ရောက်ပြီးနောက် လီမင်တကို သွားရှာတော့သည်။ စီစီတီဗွီ ကြော်ငြာစာချုပ်သည် မေလတွင် ကုန်ဆုံးမည် ဖြစ်သည်။ သူတို့အနေဖြင့် ကြော်ငြာ ဆက်လွှတ်နိုင်ရန်အတွက် စာချုပ်ကို ပြန်လည် ချုပ်ဆိုရမည် ဖြစ်ပေသည်။ လီမင်တသည် ထိုအတွက်ပေးဆောင်ရန် လိုအပ်လာပေသည်။

တရုတ်နှစ်သစ်ကူးပြီးနောက် မော်တာဆိုင်ကယ်များ၏ ရောင်းအားသည် တစ်ဖန် မြင့်တက်လာပြန်သည်။ ဇန်နဝါရီလတွင် သူတို့ အစီးရေ ၇၀၀၀ရောင်းခဲ့ရသည်။ ဖေဖော်ဝါရီလတွင် အစီးရေ ၈၁၀၀ရောင်းခဲ့ရသည်။ မတ်လတွင် အစီးရေ ၁၀,၀၅၀ ရောင်းခဲ့ရ၏။

ဖုန်းယွီက ထိုကဲ့သို့ ရောင်းအားမျိုးရခြင်းက ကြော်ငြာ၏ သက်ရောက်မှုအားကြောင့်ဟု ပြောခဲ့ပေသည်။ သူတို့သည် စီစီတီဗွီတွင် ဆက်လက်ကြော်ငြာပါက ရောင်းအားသည်လည်း မေလ မတိုင်ခင်အထိ ရောင်းအားကောင်းမည် ဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ချက် အစီးရေ တစ်သိန်းသုံးသောင်းပြည့်မှီရန်ကား ပြဿနာ တစ်ရပ်မဟုတ်တော့ပေ။ သူတို့အနေဖြင့် အစီးရေ တစ်သိန်းလေးသောင်းတောင် ရောင်းရနိုင်ပေသည်။

ဖုန်းယွီသည် ကြော်ငြာကဏ္ဍအတွက် စာချုပ် ပြန်ချုပ်ဆိုလိုက်သည်။ ကြော်ငြာစရိတ်သည် အများကြီး တိုးလာသော်ငြား သူက နောက်ထပ် အပို ကြော်ငြာကဏ္ဍသုံးခုရခဲ့သည်။ စာချုပ်၏ ကာလမှာ ၇လမှ ၈လသာ ကျန်တော့သည်။ စုစုပေါင်း ကြော်ငြာကြေးသည် ယွမ် ၇သန်းပိုပေသည်။ ထိုပမာဏက လီမင်တပြန်ပေးရမည် ဖြစ်သည်။

ဟမ်း... စီစီတီဗွီ ကြော်ငြာကဏ္ဍတွေကို ပြန်ရောင်းရတာ အရမ်းကောင်းတာပဲ။

ထိုနေ့ညနေခင်းတွင် ကျုံးချင်းရှန်ဆီမှ ဖုန်းခေါ်ဆိုမှုကို ဖုန်းယွီ ဝမ်တုန့်ကျွင်းနှင့် ဗီဒီယိုဂိမ်းကစားစဉ်တွင် လက်ခံရရှိခဲ့သည်။

ကျုံးချင်းရှန်သည် ဟန်ကျိုးကို ပြန်သွားပြီးနောက် သူ့မိတ်ဖက်များနှင့် ဆွေးနွေးခဲ့သည်။ သူတို့စက်ရုံအနေဖြင့် ချဲ့ထွင်ရန် လိုအပ်ပေသည်။ ပြီးနောက် ထုတ်လုပ်နိုင်စွမ်းကိုလည်း မြင့်တင်ရမည် ဖြစ်သည်။ ပြီးနောက် သူတို့သည် နောက်ထပ် စက်သစ်များကိုလည်း လိုအပ်သေးသည်။ ထိုအရာများအားလုံးက ပိုက်ဆံလိုအပ်သည်ပင်။

သူတို့သည် ချေးငွေယူထားသည့် ဘဏ်များမှ ငွေများကို ပြန်မဆပ်ရသေးပေ။ ပြီးနောက် သူတို့အနေဖြင့်လည်း အပေါင်ပစ္စည်းအဖြစ် ထားရန် နောက်ထပ် ပိုင်ဆိုင်မှုများလည်း မရှိတော့ပေ။ ထို့အတွက် ချေးငွေ ထပ်ယူဖို့က မဖြစ်နိုင်ပေ။ လက်ရှိတွင် တစ်စုံတစ်ယောက်က လေးဆယ်ရာခိုင်နှုန်းရှယ်ရာအတွက် ယွမ် သန်း တစ်ဆယ်ဖြင့် ကမ်းလှမ်းခဲ့သည်။ ယင်းက အကြွေးနွံနစ်နေသော လဲဟဟအတွက် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။

ကျုံးချင်းရှန်က သူ့မိဖက်များကို ရှယ်ယာများကို ဖုန်းယွီထံ ရောင်းချခြင်းအတွက် ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းကို ရှင်းပြပေးသည်။ သူက သူတို့ကို သူတို့အနေဖြင့် ကုမ္ပဏီသည် သူတို့ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်မည်ကိုလည်း ပြောခဲ့သည်။ ဖုန်းယွီအနေဖြင့် ကုမ္ပဏီ၏ လည်ပတ်မှုနှင့် ပတ်သက်သည့်အရာများတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သူ့သည် ငွေကြေးစာရင်းမျာကို ကြည့်ရှုကြပ်မတ်ရန်သာ ငွေကြေးကိုယ်စားလှယ် တစ်ဦးကို လွှတ်မည် ဖြစ်သည်။

အခြားသော မိတ်ဖက်များက သူတို့ ထိုအကြောင်းကို ကြားပြီးနောက် အပျော်လွန်သွားကြသည်။ သူတို့ ဆုံးရှုံးခဲ့တာ ကြာပြီ ဖြစ်သည်။ အစပိုင်းက ကုမ္ပဏီသည် ကောင်းကောင်းလည်ပတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် ထုတ်လုပ်ရေးကို အမှီမလိုက်နိုင်ခဲ့သဖြင့် အရှုံးပေါ်ခဲ့သည်။

ကုမ္ပဏီသည် ငွေများရှာနိုင်သည် သို့သော် သူတို့အနေဖြင့် တစ်ပြားတစ်ချက်မှ မရပေ အကြောင်းမှာ သူတို့သည် ငွေများအားလုံးကို စက်သစ်များအတွက် သုံးလိုက်သည့်အတွက် ဖြစ်သည်။ ကုမ္ပဏီတွင် တောက်ပသော အနာဂတ်ရှိသော်ငြား တစ်ချိန်ထဲတွင် အန္တရာယ်ကလည်း ပိုမို ပေါ်လွန်လာသည်။ အကယ်၍ သူတို့၏ ရောင်းအားသည် ကြန့်ကြာခြင်း ဖြစ်ပေါ်ခဲ့ပါက သူတို့၏ ခန့်မှန်းတွက်ချက်မှုကို ရောက်နိုင်တော့မည် မဟုတ်ပေ။ ထိုအခါ သူတို့သည် ဘဏ်ကိုပေးရန် ပြဿနာ ကြုံတွေ့လာမည် ဖြစ်ပေသည်။

ယခုတွင် ထိုအခက်အခဲကို မျှဝေရန် လူတစ်ယောက် ထပ်တိုးလာမည် ဖြစ်သည်။ ကုမ္ပဏီကိုလည်းငွေများ ထည့်ဝင်မည် ဖြစ်သည်။ သူတို့အနေဖြင့် စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို မြင့်တင်နိုင်ပြီး ဈေးကွက်ဝေစုကိုလည်း တိုးမြင့်ရယူနိုင်မည် ဖြစ်သည်။ ယင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကိစ္စပင် ဖြစ်ပေသည်။

ထိုမိတ်ဖက်နှစ်ယောက်က ကျုံးချင်းရှန်ရှန်ကို ရင်းနှီးမြှပ်နှံသူ တစ်ယောက်ထပ်ရှာရန် အမြဲတမ်း ဖြစ်စေချင်ခဲ့သည်။ ကုမ္ပဏီသည် ကျားကုပ်ကျားခဲအခြေအနေတွင် ရုန်းကန်နေရကာ ကုန်ကြမ်းပေးသူများကတောင် သူတို့ကို ကုန်ကြမ်းပစ္စည်းပေးရန်ကို ရပ်ရန် အလိုရှိနေကြသည်။

မိတ်ဖက်အားလုံးက ဖုန်းယွီကို လဲဟဟ၏ ရှယ်ဟာကို ဝယ်ရန် ခွင့်ပြုသည် ဆိုကတည်းက ကျုံးချန်းရှန်သည် ဖုန်းယွီကို သူတို့ရှေ့တွင် ဖုန်းခေါ်ဆိုလိုက်တော့သည်။

ဖုန်းယွီက ကျုံးချင်းရှန်ကို ဘင်းမြို့တော်တို့ စာချုပ်ချုပ်ဆိုဖို့ လာရန် တောင်းဆိုလိုက်သည်။ ပိုက်ဆံသည် အဆင့်သင့် ဖြစ်နေပြီပင် သို့သော် ဖုန်းယွီသည် ဘင်းမြို့တော်မှ လာရန်ကား မဖြစ်နိုင်ပေ။

ကျုံးချင်းရှန်သည် ဖုန်းယွီ၏ ကုမ္ပဏီ၌ အခက်အခဲများရှိလျှင်တောင် မကူညီနိုင်ပေ သို့သော် မေးလိုက်၏။ ဖုန်းယွီက ထိုက်ဟွ ကုန်သွယ်ရေးတွင် ပြဿနာ မရှိကြောင်းနှင့် သူ့အနေဖြင့် ကျောင်းတက်ရန် လိုအပ်သည့် အတွက်ကြောင့်ဟုသာ ပြောလိုက်သည်။ သူ့အနေဖြင့် ကျောင်းမှ နောက်ထပ် ခွင့်မရနိုင်သည့်အတွက်ပင်။

ကျုံးချင်းရှန်က

“….”

သူက ရုတ်တရက် သဘောပေါက်လိုက်သည်ကား ဖုန်းယွီသည် အထက်တန်းကျောင်းသား ဖြစ်နေဆဲပင်။

အထက်တန်းကျောင်းသားက ကုမ္ပဏီကို အကြီးကြီကို လည်ပတ်နိုင်အောင် လုပ်နိုင်တာလဲ။ ဘယ်လို မွန်းစတားလဲ။

All Chapters