← Chapters

အခန်း (၂၀၄)

Vol. 14 Ch. 204

အခန်း (၂၀၄)

Vol. 14 Ch. 204

လီရှစ်ချင်သည် ဖုန်းယွီ၏ ရုံးခန်းထဲကို ဝင်မည့်အခိုက် လူတစ်ယောက်လာတာကို တွေ့လိုက်ရသည်။ သူက ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

“ရှောင်ယွီ သူကဘယ်သူတုန်း။ ငါတစ်ခါမှ သူ့ကိုမမြင်ဖူးပါလား။ ”

“သူကဟန်ကျိုးက သူဌေးတစ်ယောက်။ သူ့ရဲ့နာမည်က ကျုံးချင်းရှန်လို့ခေါ်တယ်။ ကျွန်တော်က သူတို့ရဲ့ကုမ္မဏီမှာ ငွေတစ်ချို့ ရင်းနှီးမြုပ်နှံတာ။ အစ်ကိုဘာလို့ ကုမ္မဏီမှာ ရှိနေပြန်ရတာလဲ။ အစ်ကိုကျွန်တော်အစ်မကို အဖော်ပြုပြီး ဆေးရုံမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ”

ဖုန်းတန့်ယင်းသည် မကြာခင် မီးဖွားတော့မည် ဖြစ်သည်။ တစ်လအလိုကတည်းက လီရှစ်ချင်သည် ဖုန်းတန့်ယင်းကို မိခင်နှင့် ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သူက ဆေးရုံရှိ ခေါင်းဆောင်များထံသို့ စီးကရက်ဘူးများနှင့် အန်ပေါင်းများကို ပေးခဲ့ကာ ဆေးရုံသည် နောက်ထပ်(၂၈)ရက်ကြာမှ မွေးဖွားမည့် မွေးလူနာကို လက်ခံခဲ့သည်။

လီရှစ်ချင်သည် ယခုတွင် အလွန်အလုပ်ရှုပ်နေသည်။ သူသည် ဆေးရုံနှင့် ကုမ္မဏီ အပြန်ပြန်အလှန်လှန် သွားနေရသည်။ အဆုံးတွင် ဖုန်းယွီက သူ၏ပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည်။ ဖုန်းယွီက ဆေးရုံမှ ခေါင်းဆောင်ကို နောက်ထပ်အန်ပေါင်းတစ်ခု ပေးကာ ထိုအထူး မွေးလူနာအတွက် ကျွမ်းကျင်မွေးဖွား သူနာပြုဆရာမကို ခန့်အပ်စေခဲ့သည်။

ဖုန်းယွီအတွက် စိတ်အတိုရဆုံး အပိုင်းက သူနေ့တိုင်း ညစာချက်ရခြင်းပင် ဖြစ်ပေသည်။ ဖုန်းယွီသည် လီရှစ်ချင်၏ ဟင်းချက်သည့်စွမ်းရည်ကို မနှစ်ခြိုက်ပေ။ ဝမ်တုန့်ကျွင်းအတွက်မူ သူက ပန်းကန်ဆေးရန်သာ သိပေသည်။

လီရှစ်ချင်က ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ

“တစ်ယောက်ယောက်က မင်းရဲ့အစ်မအနားမှာ ရှိနေပါတယ်။ ငါကုမ္မဏီမှာ ရောက်နေတာကလည်း တစ်ခုခု အစစ်အဆေး ရှိလို့ပါ။ လုပ်ပိုင်ခွင့်ရမဲ့ ဆိုင်နောက်ထပ်နှစ်ခုက ဒီနေ့မှာ စာချုပ်ချုပ်တယ်။ ”

လီရှစ်ချင်က ယင်းအကြောင်းကို ပြောသည့်အခိုက် သူ၏မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။ လေနှင့်မိုး လော်ဂျစ်စတစ်သည် လုပ်ပိုင်ခွင့်ရရှိသည့်ဆိုင် ပိုပိုများလာသည်။ ကုမ္မဏီအနေဖြင့် အရောင်းစာရေးများကို မလိုအပ်တော့ပေ။ ထိုလုပ်ပိုင်ခွင့်ရရှိသည့် ကုမ္မဏီများက အလုပ်ကြိုးစားကြကာ ပိုရောင်းအောင် ကြိုးစားကြသည်။ ယခုလက်ရှိတွင် ဘင်းမြို့တော်သို့ ကုန်တင်ကားများ ပြန်လာသည့်အခါ ပစ္စည်းများ ပြန်မပါလာသည့်ကားမှာ အလွန်နည်းပေသည်။ ဟမ်ဘာမန် အများအပြားလည်း ရှိပေ၏။

အရှေ့မြောက်ပိုင်း ဒေသရှိ မြို့တော်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးတွင် လေနှင့်မိုး လော်ဂျစ်စတစ်၏ လုပ်ပိုင်ခွင့်ရရှိသည့် ဆိုင်များရှိပေသည်။ နောက်ထပ် နှစ်လအတွင်း ထိုစာရင်းသည် တစ်ရာရာခိုင်နှုန်း ဖြစ်မည်ဖြစ်ကာ လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္မဏီသည် အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုတွင် နံပါတ်တစ် လော်ဂျစ်စတစ် ကုမ္မဏီ ဖြစ်လာမည်ဖြစ်သည်။ တစ်ခဏကြာ အချိန်ယူပြီးနောက် သူ၏စီးပွားရေးကိုလည်း တောင်ဘက်နားမှ ပေကျင်း သို့မဟုတ် ထိုဒေသအတွင်းရှိ သွားကြသည့် မြို့များမှ လုပ်ပိုင်ခွင့်ရရှိသည့် ဆိုင်များကို ရှာနိုင်ပေသည်။ လီရှစ်ချင်သည် ထိုစီးပွားရေးကို စတင်ရန် ရွေးချယ်ခဲ့သည့်အတွက် ပျော်ရွှင်နေတော့သည်။

“ယောက်ဖ တကယ်လို့ အစ်ကိုမှာ မနက်ဖြန်လုပ်စရာ ဘာမှမရှိဘူးဆိုရင် ကျွန်တော်ကို ဖြန့်ချီရောင်းချသူတွေနဲ့ စာချုပ် ချုပ်ဆိုဖို့အတွက် လာပြီးကူညီပေးပါအုံး။ ဝူကျီကန်းက ဝန်ထမ်းအချို့ကို ခေါ်ပြီးတော့ ကုန်ပစ္စည်းတွေကို ယူဖို့အတွက် မြို့တော်ကနေပြီးတော့ ထွက်သွားခဲ့တယ်။ ”

“စာချုပ် ချုပ်ဆိုပွဲလား။ ထိုက်ဟွကုန်သွယ်ရေးက ထုတ်ကုန်အသစ်တွေ ရှိတာလား။ ”

လီရှစ်ချင်က အံ့သြမှင်သက်နေသည်။ ထုတ်ကုန်များအားလုံးကို စာချုပ် ချုပ်ဆိုပြီးသား ဖြစ်သည်။

“ဒလက်မဲ့ပန်ကာ ကျွန်တော်အစ်ကို့ကို အရင်က ပြောဖူးပါတယ်။ မူပိုင်ခွင့်ကလည်း အတည်ပြုပြီးပြီ။ ပြီးတော့ အခုလက်ရှိမှာ ပထမဦးဆုံးအနေနဲ့ စာချုပ် ချုပ်ဖို့လိုတယ်။ နောက်လကစပြီးတော့ ကျွန်တော်တို့တွေက ကုန်ပစ္စည်းတွေကို ပို့တော့မယ်။ ”

ဖုန်းယွီက လီရှစ်ချင်ကို ဘောင်ချာတစ်ခု ကမ်းပေးလိုက်သည်။

လီရှစ်ချင်က ဘောင်ချာကို ကြည့်လိုက်ပြီးနောက် မှင်သက်နေသည်။

သူကသူ့မျက်လုံးကို ပွတ်လိုက်ပြီးနောက် ဖုန်းယွီကို ကြည့်လိုက်သည်။ ထိုဒလက်မဲ့ပန်ကာက သာမာန်လျှပ်စစ် ပန်ကာသာဖြစ်သည်။ အဘယ့်ကြောင့် ဖြန့်ချီသူဈေးနှုန်းက အလွန်မြင့်မားနေရသနည်း။

....

“မစ္စတာကျော့ ကျွန်တော်ကြားတာက မတ်လအတွင်းမှာ ခင်ဗျားရဲ့ မော်တော်ဆိုင်ကယ် ရောင်းအားက နှစ်ဆဖြစ်သွားတယ်ဆို။ ”

“ဟား ဟား ဟား ဟား မစ္စတာဟွမ့် ခင်ဗျားရဲ့ မတ်လရောင်းအားကလည်း မဆိုးပါဘူး။ ကျွန်တော်လေ ဒီမော်တော်ဆိုင်ကယ်တွေက အရမ်းဈေးကြီးလွန်းလို့ အရမ်းရောင်းကောင်းမယ်လို့ မျှော်ကိုမမျှော်မှန်းခဲ့တာ။ ”

“မစ္စတာကျော့ မစ္စတာဟွမ့် အချင်းချင်း မြှောက်ပင့်နေတာတွေ ရပ်လိုက်ပါတော့။ ကျွန်တော်တို့တွေ အကုန်လုံးက ခင်ဗျားတို့နှစ်ယောက်က အရောင်းပိုင်းနဲ့ ပတ်သတ်ပြီး ပထမနဲ့ ဒုတိယနေရာမှာ ချိတ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီနှစ်စုစုပေါင်း ရောင်းအားအကောင်းဆုံး လူကိုတော့ မသတ်မှတ်ရသေးဘူးလေ။ ”

“ဟုတ်ပါတယ် လူကြီးကျင်း မတ်လအတွင်းမှာ ရောင်းအားအကောင်းဆုံး တတိယနေရာမှာ ရရှိခဲ့တဲ့ ခင်ဗျားကို ကျွန်တော်တို့ ဂုဏ်ပြုမပေးတဲ့အတွက် ဝမ်းနည်းနေတာလား။ ”

မစ္စတာကျော့က ဟာသလုပ်လိုက်သည်။

ထိုဖြန့်ချီရောင်းချသူများသည် ထိုက်ဟွကုန်သွယ်ရေး၏ ကာလရှည်ကြာ မိတ်ဖက်များဖြစ်ကြပြီး ထိုက်ဟွကုန်သွယ်ရေးက သူတို့ကို ဖုန်းခေါ်ဆိုတာ မကြာမီတွင် အိမ်သုံးကုန်ပစ္စည်း အသစ်တစ်ခု မိတ်ဆက်မည်ဖြစ်ကြောင်း သူတို့အား ပြောခဲ့သည်။ ထိုသူများက ချက်ချင်းပင် အပြေးလာကြပေသည်။ သူတို့သည် ထိုက်ဟွကုန်သွယ်ရေးနှင့် အလုပ်အတူတူလုပ်တိုင်း အကျိုးအမြတ် အမြဲတမ်း ရပေသည်။

ထိုသူများသည် သူတို့အချင်းချင်း စကားစမြည် ပြောဆိုနေကြကာ သတင်းအချက်အလက်များကို ပျော်ရွှင်စွာဖြင့် ဖလှယ်နေကြတော့သည်။ ဖုန်းယွီ အစည်းအဝေး အခန်းထဲသို့ ရောက်လာသည့်အခါ သူတို့အားလုံးက မတ်တပ်ထလိုက်ရကာ အခန်းထဲတွင် ပင်အပ်ကျသံကိုတောင် ကြားရမည် မဟုတ်ပေ။

ဖုန်းယွီက ထိုဖြန့်ချီရောင်းချသူများ၏ စည်းကမ်းပိုင်းနှင့် ပတ်သတ်ပြီး ကျေနပ်အားရမှု ရှိပေသည်။ ရုတ်ရင်းကြမ်းတမ်းသည့် ဖြန့်ချီသူများတောင် ထိုက်ဟွကုန်သွယ်ရေးတွင် ယင်းကဲ့သို့ ပြုမူရပေသည်။ အကြောင်းမှာ ထိုက်ဟွကုန်သွယ်ရေး၏ ထုတ်ကုန်များသည် ရောင်းကောင်းကာ သူ့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ဆုံးရှုံးမည် ဖြစ်ပေသည်။ ဖြန့်ချီရောင်းချသူများ ဖြစ်ချင်သည့် ကိုယ်စားလှယ် များစွာကလည်း တန်းဆီနေကြပေသည်။

“လူတိုင်းလူတိုင်း ဒီဟာက ထိုက်ဟွကုန်သွယ်ရေးကနေပြီးတော့ မိတ်ဆက်မဲ့ အသစ်လွင်ဆုံး ထုတ်ကုန်ပါ။ လေနှင့်မိုး ဒလက်မဲ့ပန်ကာလို့ ခေါ်တယ်။ ”

ဖြန့်ချီရောင်းချသူများသည် ဘောင်ချာကိုကြည့်လိုက်ကာ စိတ်ရှုပ်ထွေးနေကြသည်။ ဒါကြီးက ဘာကြီးလဲ။ စလင်ဒါပုံစံရှိတဲ့ ဒလက်မဲ့ပန်ကာလား။ တကယ်လို့ ပန်ကာတစ်ခုမှာ ဒလက်တွေ မပါဘူးဆိုရင် လေကဘယ်လိုလုပ် ရမှာလဲ။

နမူနာပုံစံကို သူတို့၏ရှေ့တွင် ထားလိုက်ကြကာ ဖုန်းယွီက ဖွင့်လိုက်သည်။ ပန်ကာ၏ ထိပ်ပိုင်းသည် ဘယ်ညာစတင် ရွှေ့လာတော့သည်။

“လူတိုင်းလူတိုင်း လေကို ခံစားမိရဲ့လား။ ဒီပန်ကာကနေရတဲ့လေက ပုံမှန်ပန်ကာတွေထက် ပိုပြီးတော့ တည်ငြိမ်တယ်။ ပြီးတော့ သဘာဝလေလိုမျိုး ခံစားရတယ်။ ဒီပန်ကာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် အရမ်းသင့်တော်တယ်။ ဒါ့အပြင်ကို ဒီပန်ကာမှာက အရှိန်နှစ်ခုရှိတယ်။ ပြီးတော့ ထိပ်ကလည်း ၁၈၀ဒီဂရီ လှည့်နိုင်တယ်။ ဒီအဓိပ္ပာယ်က လူတွေအများကြီးက လေတွေကို ပျော်ရွှင်စွာဖြင့် ခံစားနိုင်တာပဲ။ ဒီပန်ကာက (၄၀)ဝက်ပဲစားတယ်....။ ”

ဖုန်းယွီက လုံခြုံမှု၊ လျှပ်စစ်စားသိုလှောင်မှု၊ တည်ငြိမ်တဲ့လေ၊ သန့်ရှင်းသည့်အခါတွင် လွယ်ကူမှု၊ ရှင်းထွက်နေသည့် အပြင်အဆင် စသည့်ဒလက်မဲ့ပန်ကာ၏ အကြောင်းအရာများကို စတင် မိတ်ဆက်တော့သည်။ ယင်းပန်ကာသည် အဆင့်မြင့် နည်းပညာဖြစ်သည်။ ဖြန့်ချီသူများအားလုံး၏ မျက်လုံးများက စတင်လက်လာတော့သည်။

ထိုပန်ကာသည် သာမာန်ပန်ကာများထက် တကယ်ကို ပိုကောင်းပေသည်။

သူတို့၏လက်ထဲရှိ ဘောင်ချာကို ကြည့်လိုက်ကာ နောက်ဆုံးစာရွက်တွင် ဖြန့်ချီသူဈေးနှုန်းကို မြင်လိုက်ရသည်။ သူတို့က မှားရိုက်ထားသည်ဟု တွေးလိုက်ကာ သုညအပိုတစ်လုံး ရိုက်နှိပ်ထားခြင်းပင် ဖြစ်ပေသည်။

ဘယ်လိုလုပ် ထိုက်ဟွကုန်သွယ်ရေးက ဒီလိုမျိုး အမှားကြီးကို လုပ်ရတာလဲ။

“ရှန်ဟိုင်းမှ မစ္စတာစွန်း ခင်ဗျားဘာကို မေးချင်တာလဲ။ ”

ဖုန်းယွီက လက်ထောင်ထားသည့် ဖြန့်ချီသည့် ကိုယ်စားလှယ်ကို မေးလိုက်သည်။

ဖြန့်ချီသူများအားလုံးက စည်းမျဉ်းစည်းကမ်းများကို သိပေသည်။ သူတို့တွင် မေးခွန်းတစ်စုံတစ်ရာ ရှိပါက သူတို့လက်ထောင်ရသည်ပင်။

“မန်နေဂျာဖုန်း ကျွန်တော် ဘောင်ချာရဲ့ နောက်ဆုံးစာမျက်နှာက ဖြန့်ချီကိုယ်စားလှယ်တွေရဲ့ ဈေးနှုန်းကို မြင်လိုက်တယ်။ ဒါကမှားရိုက်ထားတာလား။ ”

တစ်စုံတစ်ယောက်က ထိုမေးခွန်းကို မေးလိုက်သည်နှင့် ကျန်သည့်သူများက နောက်ဆုံးစာမျက်နှာကို လှန်လိုက်ကြသည်။ သူတို့သည် ဈေးနှုန်းကို မြင်လိုက်ရသည့်အခါ သူတို့သည်လည်း သုညတစ်လုံး ပိုရိုက်နှိပ်ထားသည်မှာ မမှားဟု ခံစားမိလိုက်သည်။

ဖုန်းယွီက သူ၏ခေါင်းကို အနည်းငယ်မော့ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။

“ဈေးနှုန်းနဲ့ပတ်သတ်ပြီးတော့ ဘာမှမှားစရာ မရှိပါဘူး။ ငါကိုယ်တိုင် ဒီဘောင်ချာကို လုပ်ထားတာ။ ”

ဒါကဈေးအမှန်လား။ ဘယ်လိုလုပ် မှန်နိုင်မှာလဲ။ ဖြန့်ချီကိုယ်စားလှယ်တွေ ရမဲ့ဈေးက ယွမ်(၁၂၀၀)လား။ အဲ့ဒါဆို ပြန်ရောင်းတဲ့ဈေးကရော (၁၅၀၀)လား (၂၀၀၀)လား။ ဘယ်သူကများ ဒီလျှပ်စစ်ပန်ကာအတွက် ယွမ်ထောင်ချီကို သုံးမှာလဲ။

ထိုဒလက်မဲ့ပန်ကာကို မည်သို့ပင် အမွှန်းတင်စေကာမူ ယင်းက လျှပ်စစ်ပန်ကာသာ ဖြစ်သည်။ အဘယ့်အတွက် ဈေးအလွန် ကြီးနေရသနည်း။ လျှပ်စစ်ပန်ကာတစ်ခုက တစ်ခြားသော ပန်ကာများထက် အဆနှစ်ဆယ်ခန့် ဈေးကြီးနေသည်လော။

“လူတိုင်းက ဒီဈေးနှုန်းက အရမ်းကြီးပြီးတော့ ဘယ်သူမှ မဝယ်ဘူးလို့ ခံစားနေရတာလား။ ကိစ္စမရှိပါဘူး။ မင်းတို့အားလုံး အများကြီး ရောင်းရဖို့အတွက်လည်း ငါမမျှော်မှန်းထားပါဘူး။ ဒီဖြန့်ချီရောင်းချသူ ကိုယ်စားလှယ်တွေကို ပေးမဲ့ဈေးက အရမ်းမြင့်တယ်ဆိုတော့ ပြန်ရောင်းတဲ့ဈေးကလည်း မြင့်မှာပဲ။ ငါတို့ရည်ရွယ်ထားတဲ့ ပစ်မှတ်က အရမ်းချမ်းသာတဲ့လူတွေ။ သူတို့တွေက အဲယားကွန်းကိုတောင် ဝယ်ဖို့တက်နိုင်တဲ့လူတွေ ဒါပေမဲ့ လျှပ်စစ်အား နည်းတာကြောင့်.... ။ ”

ဖုန်းယွီက ဖြန့်ချီရောင်းချသည့် ကိုယ်စားလှယ်များကို အများကြီး ပြောသော်ငြား အဆင်မပြေပေ။ သူတို့သည် မော်တော်ဆိုင်ကယ် တစ်စီးအတွက် ယွမ်တစ်သောင်း နှစ်သောင်း သုံးချင်ကြသည်။ ကားသေးလေးအတွက် ယွမ်တစ်သိန်းကျော် သုံးချင်ကြသည်။ သို့သော် သူတို့အနေဖြင့် လျှပ်စစ်ပန်ကာ တစ်ခုအတွက် ထောင်ချီမသုံးချင်ကြပေ။

ဖြန့်ချီရောင်းချသူများ အားလုံးက ယုံကြည်ချက် မရှိကြပေ။ ဖုန်းယွီက မျက်မှောင်ကြုတ်သွားသည်။ ထိုစမ်းသပ်မှုက ကျရှုံးပေသည်။ ဖုန်းယွီက ဈေးကွက်နှင့်ပတ်သတ်ပြီး အလွန်ယုံကြည်ချက် ခိုင်မာနေသည်လော။ ယခုလက်ရှိတွင် ဖုန်းယွီတွင် ရွေးချယ်စရာ နှစ်ခုရှိသည်။ ပထမက သူသည် ဈေးနှုန်းကို လျော့ချကာ ပုံမှန်ပန်ကာများထက် ဈေးတင်မည် ဖြစ်သော်ငြား အလွန်ဈေးမကြီးပေ။ ရောင်းချသည့်ဈေးက ယွမ်ငါးရာတွင် ဖြစ်သင့်ပေသည်။ အခြားသော ရွေးစရာတစ်ခုက ဈေးနှုန်းကို ထိန်းသိမ်းရန်အတွက် ဖြန့်ချီရောင်းချသည့်သူ တစ်ယောက်ယောက်က စိန်ခေါ်မှုကို ပြုလုပ်ရန် သတ္တိရှိရမည်ပင်။

All Chapters