← Chapters

အခန်း (၂၀၅)

Vol. 14 Ch. 205

အခန်း (၂၀၅)

Vol. 14 Ch. 205

ဖုန်းယွီက တစ်ခဏကြာ စဉ်းစားပြီးနောက် သူသည်နည်းလမ်းဟောင်းကို အသုံးပြုရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် ဖြန့်ချီရောင်းချသူများ အားလုံးကို စာရွက်တစ်ရွက်စီပေးကာ ဖြန့်ချီရောင်းချသူဈေးနှုန်း လက်လီဈေးနှုန်းနှင့် သူတို့လက်ခံနိုင်သည့် တစ်နှစ်ရောင်းအားကို ရေးခိုင်းလိုက်လေသည်။

ဆယ်မိနစ်ကြာပြီးနောက် ဖုန်းယွီက စာရွက်များအားလုံးကို စုဆောင်းကာ သူတို့ကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။

အမြင့်ဆုံးရောင်းအားမှာ (၁၅၀၀)ခုဖြစ်ပြီး ဖြန့်ချီရောင်းချသူနှင့် လက်လီဈေးနှုန်းများသည် (၂၈၀)ယွမ်နှင့် ယွမ်(၄၀၀)အသီးသီး ရှိကြပေသည်။

အနည်းဆုံး ရောင်းအားပစ်မှတ်က အခုရေ(၃၀၀)ဖြစ်ပြီး ဖြန့်ချီသူဈေးနှုန်းနှင့် လက်လီဈေးနှုန်းသည် (၁၉၀)ယွမ်နှင့် ယွမ်(၅၀၀)အသီးသီး ရှိကြပေသည်။ ထိုဖြန့်ချီသူများသည် တောင်ပိုင်းရှိ ပြည်နယ်များမှဖြစ်ကာ ရောင်းအားပစ်မှတ်သည်လည်း ငါးဆကွာခြားပေသည်။

ဖုန်းယွီ၏ စိတ်သဘောထားအရ သူသည် အမြင့်ဆုံးရောင်းအားပစ်မှတ်ကို ထိုသူများကို ဖိအားပေး ရောင်းစေမှာဖြစ်သည်။ ရောင်းချခြင်းက ရင်ကြားနေရာနှင့် တူပေသည်။ တစ်စုံတစ်ယောက်က တိုးပါက ပို၍ကြားညှပ်မည် ဖြစ်ပေသည်။

ဖုန်းယွီသည် ထိုစာရင်းများအားလုံးကို တွက်ချက်ပြီးနောက် အမြင့်ဆုံးရောင်းအား ပစ်မှတ်သည် အခုရေ(၁၅၀၀)ဖြစ်ကာ အမြင့်ဆုံး ဖြန့်ချီရောင်းချသူဈေးနှုန်းက ယွမ်(၄၀၀)ဖြစ်ပြီး ပြန်လည်ရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်းသည် ယွမ်(၅၈၀)ဖြစ်ပေသည်။ အနိမ့်ဆုံး ဖြန့်ချီသူဈေးနှုန်းသည် ယွမ်(၂၁၀)ဖြစ်ပြီး အနိမ့်ဆုံး လက်လီပြန်ရောင်းမည့် ဈေးနှုန်းသည် ယွမ်(၃၃၀)ဖြစ်ပေသည်။

ဖုန်းယွီက ထိုစာရင်းများကို ကြည့်လိုက်ပြီးနောက် လေးလေးနက်နက်ဖြင့် တွေးလိုက်တော့သည်။

အကယ်၍ သူသာ ဈေးနှုန်းကို ဆက်မြင့်ရန်တောင်းဆိုပါက ဒလက်မဲ့ပန်ကာအတွက် ဖြန့်ချီရောင်းချသူ တစ်ယောက်မှ ဆန္ဒရှိမည် မဟုတ်ပေ။ သို့သော် ဖုန်းယွီက ထိုပန်ကာများ ဈေးနှုန်းအလွန် နည်းသည်ကိုလည်း ကျေနပ်မှုမရှိချေ။

သူ၏အရင်ဘဝတွင် ဒလက်မဲ့ပန်ကာများက အမေရိကန်ဒေါ်လာ (၅၀၀)သတ်မှတ်ထားသည့်တိုင် အလွန်လူကြိုက် များနေရသနည်း။ ဘာကြောင့် ဤဘဝတွင် ဖြန့်ချီရောင်းချသူများက ဒေါ်လာ(၁၀၀)ကို အမြင့်ဆုံးဟု ခံစားနေရကာ အဘယ့်ကြောင့် ရောင်းအားမကောင်းမည်ဟု တွေးနေကြသနည်း။

ဖုန်းယွီက ပြန်တွေးကြည့်လိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဈေးကွက်ရှိ ဒလက်မဲ့ ပန်ကာများကို ယွမ်(၅၀၀)ဖြင့် ရောင်းချသည်။ သူတို့သည် ထိုနိုင်ငံများက ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်ကြကာ တရုတ်နိုင်ငံထက် လူများသည် ပိုဝယ်နိုင်ကြပေသည်။

ယခုလက်ရှိတွင် သာမာန်တရုတ်ပြည်သူတစ်ယောက်၏ နှစ်စဉ်ဝင်ငွေမှာ ယွမ်(၁၅၀၀)တောင် မပြည့်ပေ။ ဘာမှအသစ် ထူးထူးခြားခြားမပါသည့် တစ်နှစ်စာ လုပ်အားရှိသည့် လျှပ်စစ်ပန်ကာကို ဝယ်ယူခြင်းက လက်မခံနိုင်လောက်အောင် များပြားပေသည်။

အခြေအနေတွေကလည်း ကွဲပြားခြားနားကာ နှိုင်းယှဉ်၍မရပေ။ ဖုန်းယွီက ပြန်တွေးကြည့်လိုက်ကာ သူ့၏အရင်ဘဝတွင် ဝယ်ယူခဲ့သည့် ပထမဦးဆုံး ဒလက်မဲ့ပန်ကာသည် ဈေးကျပြီးသည့်တိုင် သူကယွမ်(၂၀၀)ဖြင့် ဝယ်ယူခဲ့ရသည်။

မကြာမီတွင် အချို့သော စက်ရုံများ၌ ပန်ကာများကို ထုတ်လုပ်ရန် ခွင့်ပြုမိန့် ရရှိကာ လက်လီဈေးနှုန်းသည်လည်း ယွမ်(၁၀၀)အောက်ထက် ကျသွားပေသည်။ သို့သော် တင်ပို့သည့် ဒလက်မဲ့ပန်ကာများသည် အမေရိကန်ဒေါ်လာ (၅၀၀)ကျော်ထက် ရောင်းချနေဆဲပင် ဖြစ်ပေသည်။ မော်ဒယ်အချို့မှာ အမေရိကန်ဒေါ်လာ (၁၀၀၀)ကျော်ဖြင့်တောင် ရောင်းလိုက်သေးသည်။

ယခုလက်ရှိ တရုတ်နိုင်ငံ၏ ဝယ်ယူနိုင်သည့် အင်အားသည် အခြားနိုင်ငံများကို လက်လှမ်းမမှီနိုင်ပေ။

“လူတိုင်းက တိတ်ဆိတ်နေကြတာပဲ။ စာရင်းတွေကို ငါတွက်ကြည့်ပြီးတဲ့နောက် မင်းတို့အားလုံး လက်ခံနိုင်တဲ့ ပျမ်းပျလက်လီဈေးနှုန်းက (၅၈၈)ယွမ် ဖြန့်ချီရောင်းချသူဈေးနှုန်းက ယွမ်(၄၀၀) ပြီးတော့ ရောင်းအားပစ်မှတ်က အခုရေ(၁၅၀၀)။ ”

ဖုန်းယွီက အမြင့်ဆုံး ဖြည့်သွင်းထားသည်များကို ပျမ်းပျအဖြစ် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုလူများက ဖြစ်ရပ်မှန်ကို သိမည်မဟုတ်ပေ။ ဖြန့်ချီရောင်းချသည့်သူ အနည်းစုသာ ထိုဈေးများများကို ရေးချလိုက်ကာ အခြားဖြန့်ချီရောင်းချသည့် သူများကို မကြည့်ခဲ့ပေ။

သူတို့သည် ဈေးကွက်နှင့်ပတ်သတ်ပြီး ယုံကြည်မှု မရှိပေ။ သို့သော်လည်း မကောင်းမြင်စိတ် အများကြီးလည်း ရှိမနေပေ။ ထိုဒလက်မဲ့ပန်ကာသည် ထုတ်ကုန်အသစ်ဖြစ်ကာ နည်းပညာမြင့်ကို ခံစားရစေသည်။ သူတို့သည် ပြည်ပမှ တင်သွင်းသည့် ထုတ်ကုန်များအတိုင်း ဈေးကွက်ဝယ်စုကို ရနိုင်သေးသည်။

ယခုလက်ရှိတွင် တရုတ်နိုင်ငံသားများသည် ပြည်ပမှတင်သွင်းသည့် ထုတ်ကုန်များ၏ လွှမ်းမိုးမှုကို အများကြီး ခံနေရဆဲဖြစ်သည်။ သူတို့က ပြည်ပမှတင်သွင်းသည့် ပို့ကုန်များသည် ပိုကောင်းပြီး ဈေးကြီးသည့်အတွက် များများပေးရမည်ဟု ခံစားရပေသည်။

သို့သော် ဖြန့်ချီရောင်းချသူများအတွက် ပေးသည့်ယွမ်(၄၀၀)နှင့် လက်လီဈေး ယွမ်(၅၈၈)က ဤအဓိပ္ပာယ်သည် အမြတ်ပျမ်းပျက ၄၅ရာခိုင်နှုန်းသာ ရှိပေသည်။ သယ်ယူစရိတ် သူတို့၏ Agentများကို အမြတ်ခွဲဝေမှုကို နုတ်လိုက်ပါက သူတို့ရမည့် အကျိုးအမြတ်သည် ၂၀ရာခိုင်နှုန်းသာ ရှိပေသည်။

၂၀ရာခိုင်နှုန်းအမြတ်သည် အလွန်မြင့်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ထိုထုတ်ကုန်၏ ကုန်ကျစရိတ်သည်လည်း အလွန်များပေသည်။ သူတို့က ဘယ်အရူးကများ ထိုမျှများပြားသည့် ရောင်းအားပစ်မှတ်ကို ရေးချသည်ဆိုတာကို အံ့သြနေကြသည်။ ထိုသူနေထိုင်သည့် ပြည်နယ်တွင် ချမ်းသာသည့်သူ အများအပြား ရှိနေသည်လော။

“တကယ်လို့ တစ်ယောက်ယောက် လေနှင့်မိုး ဒလက်မဲ့ပန်ကာရဲ့ ဖြန့်ချီသူ မဖြစ်ချင်တဲ့သူ တစ်ယောက်ယောက်များ ရှိလား။ ရှိရင်အခု ထွက်သွားလိုက်ပါ။ စိတ်မပူပါနဲ့။ ဒါကကျွန်တော်တို့ရဲ့ ကျန်တဲ့ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မှာ မဟုတ်ပါဘူး။ ”

ဖြန့်ချီရောင်းချသူများက ပြောစရာစကား မဲ့သွားကြသည်။ ဘယ်သူက ဒီထုတ်ကုန်အတွက် ဖြန့်ချီရောင်းချသည့်သူ ဖြစ်ချင်သလဲဟု မေးရမည့်အစား အဘယ့်ကြောင့် ဒီထုတ်ကုန်အတွက် ဖြန့်ချီရောင်းချသူ ဘာကြောင့် မဖြစ်ချင်ရသနည်းဟု မေးလိုက်သနည်း။ ထိုအရာက တစ်ခြားသော ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်မှု မရှိသည့်လော။ မျက်နှာတွင်ပေါ်နေသည့် အမူအရာများ အားလုံးက အရာအားလုံးကို ပြောပြနေပေသည်။ သူတို့ထွက်သွားသည်နှင့် ဖုန်းယွီသည် အခြားသော စာချုပ်များကို ရုပ်သိမ်းရန်အတွက် နည်းလမ်းရှာမည် ဖြစ်ပေသည်။

တစ်ခြားသောသူများက ထိုကဲ့သို့ လုပ်မည်မဟုတ်ပေ။ သို့သော် သူတို့အားလုံးသည် ထိုက်ဟွကုန်သွယ်ရေး၏ မန်နေဂျာဖုန်းက လုပ်မည်ဖြစ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း သိပေသည်။

“ဘယ်သူမှ မထွက်သွားကြဘူးလား။ ကောင်းပြီ ငါတို့တွေက အလုပ်လုပ်တာကြာပြီ။ ငါကိုယ်တိုင် ရောင်းအားအမြင့်ဆုံးပစ်မှတ်ကို မတက်ခဲ့ဘူး။ တောင်ပိုင်းပြည်နယ်တွေက အနည်းငယ်မြင့်မယ်။ မြောက်ပိုင်းပြည်နယ်တွေက နည်းနည်း နည်းမယ်။ တောင်ပိုင်းပြည်နယ်တွေအတွက် ရောင်းအားပစ်မှတ်က အခုရေ(၂၀၀၀) မြောက်ပိုင်းမှာရှိတဲ့ ပြည်နယ်တွေအတွက်ကတော့ အခုရေ(၁၀၀၀) သင့်တော်တယ် ဟုတ်တယ်မလား။ ”

ဖြန့်ချီသူများသည် သူတို့၏နှလုံးထဲတွင် ဆဲရေးကျိန်ဆိုနေကြတော့သည်။

ချီးပဲ။ ဒါကမင်းကိုယ်တိုင် ရောင်းအားအမြင့်ဆုံးကို သတ်မှတ်တာ မဟုတ်ဘူးလား။ မင်းအခုလေးတင် ရောင်းအားအမြင့်ဆုံး ပစ်မှတ်က ငါတို့လက်ခံတဲ့ ပမာဏက (၁၅၀၀)လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုလက်ရှိမှာ အခုရေ(၅၀၀)တောင်မှ တိုးလိုက်သေးတယ်။ ဒါကအမြင့်ဆုံးပစ်မှတ် မဟုတ်ဘူးလား။ အဆင်ပြေရဲ့လား ဟုတ်လား။

တစ်စုံတစ်ယောက်က သူ၏လက်ကို ထောင်လိုက်သည်။ တစ်ခုခုကို သိချင်သည့်အတွက်ပင်။ သို့သော် ဖုန်းယွီက လက်ယမ်းပြကာ ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့တွေ အားလုံးက ဒီဒလက်မဲ့ပန်ကာရဲ့ ရောင်အားကနည်းမယ်။ ဘာလို့လည်းဆိုတော့ ဈေးကြီးနေတာကြောင့်လို့ ခံစားရနိုင်မှာပေါ့။ ခင်ဗျားတို့တွေ အားလုံးက တရုတ်ပြည်သူတွေရဲ့ ထုတ်လုပ်နိုင်စွမ်းအပေါ်မှာ အထင်သေးလိုက်တာပဲ။ သာမာန် လက်လုပ်လက်စားတွေအတွက် ဝင်ငွေက မများဘူး။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အများကြီးရတယ်။ မင်းတို့လူတွေက အခြားလူတွေနဲ့လည်း အရင်က အလုပ်လုပ်ဖူးတာပဲ။ အခုရော ဘယ်လိုလဲ။ မင်းတို့ထဲကလူ တစ်ဦးတစ်ယောက်ချင်းစီက ပုံမှန်လစာ ခြောက်ဆထက်ပိုပြီး ရတာမလား။ မင်းတို့တွေ ဒီဒလက်မဲ့ပန်ကာကို ပြည်ပမှာ ဘယ်လောက်နဲ့ ရောင်းတယ်ဆိုတာ သိရဲ့လား။ ငွေကြေးကို ရူပယ်နဲ့ပဲ ပြောင်းလိုက်အုံး။ ”

ဘာ ဒီဒလက်မဲ့ပန်ကာက ပြည်ပမှာ တစ်ခုကို ရူပယ်(၅၈၀)နဲ့ ရောင်းတာလား။ ဒါက ယွမ်(၃၀၀၀)ထက်တောင် ပိုတယ်။ အဲ့ဒီဈေးနှုန်းက အဲယားကွန်းဈေးနှုန်းနဲ့ အတူတူလောက်ပဲ။ ဘယ်သူက ဝယ်မှာလဲ။

အဲယားကွန်း၏ ကုန်ကျငွေသည် ထောင်ဂဏန်းသာ ရှိသည်။ သို့သော်ငြား တပ်ဆင်ခက ပိုဈေးကြီးပေသည်။ တပ်ဆင်ခ စုစုပေါင်းမှာ ယွမ်တစ်သောင်းတောင် ရှိပေသည်။ သို့သော် ပြည်ပဈေးကွက်သည် တရုတ်နိုင်ငံနှင့်တော့ ကွဲပြားသည်။ လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိပေ။ အဘယ့်ကြောင့် လူများသည် အဲယားကွန်းများအစား ပန်ကာများကို ရွေးချယ်ကြသနည်း။

“ငါတို့တွေက စီစီတီဗီမှာ ကြော်ငြာကဏ္ဍကိုလည်း ဝယ်ပြီးပြီ။ ပြီးတော့ အဲ့ဒါတွေအကုန်လုံးက လူကြည့်အများဆုံး အချိန်တွေပဲ။ ဒီကြော်ငြာကိုတော့ ချန်ကွမ်တိုင်းကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင် ကြော်ငြာအတွက် သရုပ်ဆောင်ထားတယ်။ အရင်တုန်းက ခင်ဗျားတို့တွေ အကုန်လုံးကလည်း စုန့်ကျန်းမော်တော်ဆိုင်ကယ်က ရောင်းအားမကောင်းဘူးလို့ တွေးခဲ့ကြတာ။ ဒါပေမဲ့အခုရော ဘယ်လိုလဲ။ စီစီတီဗီရဲ့ ကြော်ငြာအား အနုပညာရှင်တွေရဲ့ ထောက်ခံမှု ခင်ဗျားတို့ရဲ့ ထောက်ခံမှုနဲ့ဆိုရင် ခင်ဗျားတို့ရဲ့ရောင်းအားက လတိုင်းတိုးတက်လာမှာ။ ဒီဒလက်မဲ့ပန်ကာက အတူတူပဲ။ ရောင်းအားက အရမ်းဆိုးမှာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတို့တွေက ဖြန့်ချီတဲ့ ကိုယ်စားလှယ်တွေ မဖြစ်ချင်ဘူးဆိုရင် ခင်ဗျားတို့တွေ Agentဖြစ်လို့ရပါတယ်။ စုန့်ကျန်းမော်တော်ဆိုင်ကယ်လိုပဲ ကော်မရှင်ခက ၅ရာခိုင်နှုန်းခန့်ပေါ့။ ”

ဖုန်းယွီက Agentအကြောင်း ပြောလိုက်သည့်အခါ ဖြန့်ချီရောင်းချသည့် ကိုယ်စားလှယ်များက သံသယမကင်း ဖြစ်လာကြသည်။ သူတို့သည် စုန့်ကျန်းမော်တော်ဆိုင်ကယ်အတွက် Agentများ ဖြစ်ခဲ့သည်။ သူတို့ဖြန့်ချီသည့်သူများ မဖြစ်ချင်တာကြောင့် မဟုတ်ပေ။ အကြောင်းမှာ သူတို့တွင် ငွေလုံလုံလောက်လောက် မရှိသည့်အတွက်ပင်။

ဖုန်းယွီက သူတို့ကို Agentဖြစ်ချင်လားဟု မေးပြီဆိုကတည်းက ဖုန်းယွီသည် ထိုထုတ်ကုန်အပေါ်တွင် ယုံကြည်မှု အပြည့်ရှိကြောင်း ဆိုလိုခြင်းဖြစ်ပေသည်။ ဖုန်းယွီအာရုံစိုက်သည့် ထုတ်ကုန်များ အားလုံးသည် အလွန်နာမည် ကြီးပေသည်။ ဖြန့်ချီရောင်းချသည့် ကိုယ်စားလှယ်များက အချင်းချင်း ကြည့်လိုက်ကာ သူတို့သည် အခြားသူများ ဘာတွေးနေသည်ကို သိချင်နေကြသည်။

ကွမ်တောင်းပြည်နယ်မှ ဖက်တီးဟွမ့်က ပထမဦးဆုံး ထရပ်လိုက်ကာ ပြောလိုက်သည်။

“မန်နေဂျာဖုန်း တစ်ခြားလူတွေ ဘယ်လိုတွေးနေလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဟွမ်းလန်က ခင်ဗျားရဲ့ သတ်မှတ်ချက်ကို လက်ခံပါတယ်။ ”

ချီးပဲ။ တစ်ခြားသော ဖြန့်ချီရောင်းချသည့် ကိုယ်စားလှယ်များသည် ဖက်တီးဟွမ့်ကို ဒေါသကြီးကြီးဖြင့် ကြည့်လိုက်ကြတော့သည်။ အချိန်တိုင်း မန်နေဂျာဖုန်းသည် တူညီသည့် အခြေအနေကို သတ်မှတ်ခဲ့ကာ သူသည် ပထမဦးဆုံး လက်ခံသည့်သူဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်လုံးသာ မျိုးရိုးတူ နာမည်များရှိပါက သူတို့ဆွေးမျိုးဟု သံသယဝင်မည် ဖြစ်ပေသည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ

“မစ္စတာဟွမ့် ခင်ဗျားက ပထမဦးဆုံး စာချုပ်မှာ လက်မှတ်ထိုးမဲ့ လူတစ်ယောက်လား။ ကောင်းပြီ ကျွန်တော်ခင်ဗျားကို ဖြန့်ချီကိုယ်စားလှယ်ဈေးနှုန်းရဲ့ ၅ရာခိုင်နှုန်း လျော့ဈေးပေးမယ်။ ”

ဘာ

အခြားသော ဖြန့်ချီရောင်းချ ကိုယ်စားလှယ်များ၏ မေးရိုးများ ကျသွားခဲ့သည်။ ချီးပဲ။ ဒါကကောင်းမွန်သည့် အပေးအယူပင် ဖြစ်သည်။ သူတို့အားလုံး နောင်တရနေကြသည်။ သူတို့ ထိုအရာကို စောစောကသိလျှင် သူတို့သည် ဖုန်းယွီ၏ အခြေအနေကို ပထမဦးဆုံး လက်ခံသည့်သူ ဖြစ်မည်ပင်။ သို့သော် သူတို့က ပထမဦးဆုံး မလက်ခံနိုင်ပြီဆိုကတည်းက သူတို့အနေဖြင့် ဒုတိယမြောက် လက်ခံမည့်သူပင် ဖြစ်တော့ပေမည်။ ဖြန့်ချီရောင်းချသူများ အားလုံးသည် ဖုန်းယွီ၏ သတ်မှတ်ချက်ကို စတင်လက်ခံရတော့သည်။ သူတို့သည် ယခုအချိန်တွင် မည်သည့်လျော့ဈေးမှ မရလျှင်တောင် သူတို့အနည်းဆုံးတော့ အမြင်ကောင်းကို ရနိုင်ပေသည်။ ပြီးနောက် နောက်တစ်ခေါက်တွင် သူတို့အတွက် လျော့ဈေးများ ရှိနိုင်ပေသည်။

ဖုန်းယွီက ပြောလိုက်သည်။

“မင်းတို့တွေက မင်းတို့အချင်းချင်း ဆွေးနွေးထားပြီးတော့ ဖြန့်ချီရောင်းချသူ ဈေးနှုန်းကို ရှုံ့ချဖို့အတွက် အတူတူ အလုပ်လုပ်နေတာ မသိဘူးလို့များ တွေးနေတာလား။ ”

သာမာန်ရိုးရှင်းသည့် လှည့်စားမှုလေးတစ်ခုက သူတို့၏ မိတ်ဖက်ကို အလွယ်တကူဖြင့် ချိုးဖြတ်နိုင်လေသည်။

All Chapters