← Chapters

ကလေးထောက်ခံသူ

Vol. 14 Ch. 206

ကလေးထောက်ခံသူ

Vol. 14 Ch. 206

စာချုပ်အားလုံးကို လက်မှတ်ထိုးပြီးဖြစ်သည်။ အနောက်မြောက်ဒေသရှိ လူသူမကျော်ကြားသည့် ဒေသတွင်တောင် ဖြန့်ချီရောင်းချသူများ ရှိသည်။ ဖုန်းယွီက ထိုပြည်နယ်များအတွက် သူတို့ကို စွဲမက်ဖွယ်ကောင်းသည့် အကျိုးအမြတ် ပေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုပြည်နယ်များတွင် ရောင်းအားသတ်မှတ်ချက် မရှိပေ။

ယခုလက်ရှိတွင် တရုတ်နိုင်ငံ၌ ဆင်းရဲချမ်းသာသည့် ဒေသများကြား ကွာခြားချက်က သိသာထင်ရှားလာပေသည်။ ကမ်းရိုးတန်းဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုက အလွန်မြန်ဆန်ကာ အခွင့်အရေးနှင့် ချမ်းသာသည့်သူ ပိုများပေသည်။ ကုန်တွင်းပိတ်ပြည်နယ်များ အထူးသဖြင့် အနောက်ပိုင်း ပြည်နယ်များသည် ဆင်းရဲကြဆဲဖြစ်သည်။ စက်မှုလုပ်ငန်း စိုက်ပျိုးရေးနှင့် စီးပွားရေး တိုးတက်မှုတွေက မရှိသလောက်ဖြစ်နေကာ လူများစွာကလည်း တစ်နှစ်မှ ယွမ်သုံးရာထက်နည်းပြီး ရလေသည်။ သူတို့ထဲမှ အချို့က စားစရာတောင် မရှိပေ။

ထိုခေတ်အခါက ထိုနေရာတွင် ချမ်းသာသည့်သူများလည်း ရှိသည်။ သို့သော် အလွန်နည်းပေသည်။ ကံကောင်းချင်တော့ ထိုဒေသများတွင် လျှပ်စစ်ပြတ်တောက်မှု အင်မတန်ဆိုးဝါးသည်။ ပြည်နယ်အစိုးရရုံးများတွင်တောင် အဲယားကွန်း တပ်ဆင်နိုင်ခြင်း မရှိပေ။ ဖုန်းယွီနှင့် ဖြန့်ချီရောင်းချသည့် ကိုယ်စားလှယ်များသည် ထိုဒလက်မဲ့ပန်ကာများသည် ထိုဒေသတွင် အစိုးရရုံးများတွင်တောင် ရောင်းနိုင်မည်မဟုတ်ဟု ခံစားမိပေသည်။

ယင်းက အနာဂတ်တွင် ကွန်ပြုတာများနှင့် တူပေသည်။ ဒေသတွင် အစိုးရအရာရှိများက အခြားသော အစိုးရအေဂျင်စီများသည် ကွန်ပြုတာများကို ဝယ်ယူသည်ကို မြင်ပြီးနောက် သူတို့သည် စက္ကူမဲ့ရုံးကို လိုချင်သည့်အတွက် ကွန်ပြုတာတစ်သုတ် ဝယ်ချင်သည်ဟု အကြောင်းပြချက် ရှာကြသည်။ ထိုဒေသအစိုးရများသည် သူတို့၏ ဝန်ထမ်းများတွင် ကွန်ပြုတာကျွမ်းကျင်မှု သို့မဟုတ် ကွန်ပြုတာ၏ ကုန်ကျငွေသည် တစ်နှစ်စာ စက္ကူကုန်ကျမှုနှင့် အတူတူဖြစ်သည်ကို ဂရုမစိုက်ကြပေ။ အကယ်၍ မြို့တစ်ခုက ကုန်ပစ္စည်းကို အသုတ်လိုက် ဝယ်ယူသည်နှင့် အခြားသော မြို့များကလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြပေသည်။ ပြီးနောက် ခရိုင်အတွင်းရှိ မြို့တော်အစိုးရများသည်လည်း ထိုနည်းအတိုင်းပင် လုပ်ကြပေ၏။ မကြာမီတွင် တစ်ပြည်နယ်လုံး အတူတူပင် ဖြစ်သွားပေသည်။

အစိုးရရုံးများတွင် ကွန်ပြုတာများ ဝယ်ယူခြင်းကို အင်တာနက် အသုံးပြုသူများက ရှေးဟောင်းပစ္စည်းများဟု ညွှန်းဆိုကြသည်။ ထိုကွန်ပြုတာများက စုတ်ပျက်နေကာ ဈေးနှုန်းအလွန် များပေသည်။ အစိုးရအေဂျင်စီများသည် သူတို့၏ အိတ်ကပ်ထဲမှ ငွေမထုတ်ရတိုင်း ပိုက်ဆံကို သုံးစွဲချင်ကြပေသည်။

အနောက်မြောက်ပြည်နယ်ရှိ ဖြန့်ချီရေး ကိုယ်စားလှယ်တွင်လည်း ထိုကဲ့သို့အတွေး ရှိပေသည်။ သူသည် ဒေသတွင်းအစိုးရနှင့် ပန်ကာတစ်သုတ်ကို ဝယ်ယူရန် ညှိနှိုင်းနိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။ ယင်းက ဖက်တီးဟွမ့် ပြောတာနှင့် မတူညီပေ။ တစ်ပြည်နယ်လုံး၏ ရောင်းအားသည် ကွမ်တုံးမြို့တစ်မြို့ထဲ ရောင်းအားနှင့်တောင် ယှဉ်နိုင်မည်မဟုတ်ပေ။

ကွမ်တုံးမြို့ရှိ စက်ရုံအသစ်သည်လည်း ထုတ်လုပ်ရေး စတင်နေပြီဖြစ်ကာ အရာရာတိုင်းက စီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်နေသည်။ အလုပ်ရုံများစွာနှင့် စက်ပစ္စည်း အလုပ်သမားများ လုံလောက်စွာ ရှိပေသည်။ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာ ထုတ်လုပ်ရေးအတွက် နောက်ကျခြင်း မရှိပေ။

....

ရက်အနည်းငယ်ကြာပြီးနောက် ဖူကွမ်းကျန်းသည် ဘင်းမြို့တော်သို့ တစ်ခေါက်ပြန်လာခဲ့သည်။ သူသည် ဖုန်းယွီကို ပြည်ပရောင်းချမှုနှင့် ပတ်သတ်ပြီး ပြောချင်ခဲ့သည်။ သူတို့သည် ထုတ်ကုန်အတွက် ကြော်ငြာတွင် သရုပ်ဆောင်ရန် အနုပညာငွေကြယ်ပွင့်တစ်ဦး လိုအပ်ပေသည်။ ထိုက်ဟွကုန်သွယ်ရေးသည် ထိုကြော်ငြာနှင့် အနုပညာရှင် ထောက်ခံမှုတွင် သဘောတူရန် လိုအပ်ပေသည်။

“အစ်ကိုဖူ ဒီကာလအတွင်း အစ်ကိုအရမ်း အလုပ်ကြိုးစားတာပဲ။ ”

“ဟား ဟား ဟား ဟား ငါ့ရဲ့မိသားစုကလည်း ငါ့အတွက် လူနှစ်ယောက် ထားထားပေးသေးတယ်။ ငါအခု သူတို့ကို ကိစ္စအကုန်လုံး လွှဲထားခဲ့တာ။ မင်းကလည်း အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲလေ။ တရုတ်နိုင်ငံတွင်း ဖြန့်ချီရေး လမ်းကြောင်းတွေကို အချိန်တိုအတွင်းမှာ မင်းတည်ဆောက်နိုင်ခဲ့တယ်။ ”

သူတို့နှစ်ယောက်လုံးက ပျော်ရွှင်နေကြကာ ဖုန်းယွီက မေးလိုက်၏။

“အစ်ကိုဖူ ဘင်းမြို့တော်ကို ကျွန်တော်နဲ့ စကားပြောဖို့ပဲ ရောက်လာတာတော့ မဟုတ်ဘူးမလား။ အစ်ကို့စိတ်ထဲမှာ ရှိတာပြောပါ။ ”

ဖူကွမ်းကျန်းက ရယ်လိုက်ကာ

“ဒီမန်နေဂျာဖုန်းကတော့ ငါတို့ရဲ့ ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ပန်ကာက တရုတ်နိုင်ငံအတွင်းမှာ အနုပညာရှင်တွေရဲ့ ထောက်ခံမှုနဲ့ ကြော်ငြာတွေရှိတယ်။ မင်းအနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာရော ကြော်ငြာရိုက်ဖို့အတွက် အနုပညာရှင်အချို့ကို ငါတို့ငှားသင့်တယ်လို့ တွေးမိလား။ ”

ဖုန်းယွီက သူ၏မျက်ခုံးကို ပင့်လိုက်သည်။ သူသည် ဖူကွမ်းကျန်း ဘာကိုပြောချင်နေမှန်း သိပေသည်။ နိုင်ငံခြားအနုပညာရှင်များ၏ ကြေးနှုန်းသည် တရုတ်နိုင်ငံထက် အလွန်ပင် များပေသည်။ ဖူကွမ်းကျန်းက ယင်းကို ဖုန်းယွီသဘောမတူမှာကို စိုးရိမ်ပေသည်။ ထို့အတွက်ကြောင့် သူသည် ဖုန်းယွီနှင့်ဆွေးနွေးရန် လူကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ သူတို့သာ ထုတ်ကုန်များအတွက် ထောက်ခံပေးသည့် အနုပညာရှင်ကို မှန်မှန်ကန်ကန်ဖြင့် ရွေးချယ်နိုင်ခဲ့ပါက ရောင်းချမှုသည်လည်း အများကြီး တိုးလာမည် ဖြစ်ပေသည်။ ပြီးနောက် သူတို့သည် ထောက်ခံကြေးကိုလည်း ပြန်ရရှိနိုင်ပေ၏။ ဖုန်းယွီသည် ထိုအကြံဉာဏ်ကို မည်သည့်အခါမှ ငြင်းပယ်မည် မဟုတ်ပေ။

“အစ်ကိုဖူ ဒါကကျွန်တော်အထင်တော့ ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စပဲ။ ကျွန်တော်ကိုဖုန်းနဲ့ ပြောလို့ရပါတယ်။ သေချာတာပေါ့။ ကျွန်တော်က အစ်ကိုပြောတဲ့အတိုင်း သဘောတူမှာ။ ”

ဖူကွမ်းကျန်း၏ မျက်နှာက လင်းလက်လာတော့သည်။

“ဒါကအကောင်းဆုံးပေါ့။ ဒါပေမဲ့ ဘက်ဂျက်ကတော့ အရမ်းများလိမ့်မယ်။ ငါစဉ်းစားထားတာတော့ ဟောလိဝုဒ် ငွေကြယ်ပွင့်တွေကို ထောက်ခံခိုင်းရင်ရော။ ကုန်ကျစရိတ်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းထိရောက်နိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့တွက်ချက်မှုအရ အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသန်းအကျိုးအမြတ် ပြန်ရလိမ့်မယ်။ ”

အမြတ်အမေရိကန်ဒေါ်လာ သုံးသန်းအတွက် အမေရိကန်ဒေါ်လာ နှစ်သန်းကိုသုံးမှာလား။ ဖုန်းယွီက မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် အကျိုးအမြတ်များကို လုပ်နိုင်မည်မှာ သိုသော်ငြား အကျိုးအမြတ်က အလွန်နည်းလွန်းပေသည်။ ကျူးရှီမောက်နှင့် ကျန်သည့်သူများနှင့် နှိုင်းယှဉ်လျှင်တောင် အကျိုးအမြတ်က လွန်စွာနည်းလွန်းပေသည်။

ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာသည် တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်သည့် ထုတ်ကုန်များ ဖြစ်ပေသည်။ ဈေးကွက်တွင် တူညီသည့်ထုတ်ကုန်မျိုး ရှိမည်မဟုတ်ပေ။ ယွမ်နှစ်သန်း ထောက်ခံကြေးနှင့်ဆိုလျှင် အမြတ်အနေနှင့် ယွမ်လေးသန်း ပြန်ရသင့်ပေသည်။

“အစ်ကိုက ဘယ်သူ့ကို ငှားချင်တာလဲ။ ဘယ်ဒေသတွေကို လွှမ်းခြုံမှု ရှိနိုင်မလဲ။ ”

ဖုန်းယွီက မေးလိုက်သည်။

“ငါတို့တွေကတော့ လင်ဘက်ဇင်ကာ ဒါမှမဟုတ်ဘူးဆိုရင် မီရှဲခါထွန်တို့ကို စဉ်းစားနေတယ်။ သူတို့ရဲ့ ဘက်မန်းရုပ်ရှင်က မနှစ်တုန်းက ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုမှာ ထိပ်တန်းရုပ်ရှင်ပဲ။ အမေရိကန်ပြည်ထောင်စု ဥရောပနဲ့ အာရှနိုင်ငံတွေမှာ သူတို့ရဲ့ မရေမတွက်နိုင်တဲ့ ပရိတ်သတ်တွေ ရှိတယ်။ ငါ့အထင်တော့ သူတို့တွေက တစ်ကမ္ဘာလုံးအတွက်ကို ပြောခွင့်ရ ပုဂ္ဂိုလ်တွေတောင် ဖြစ်နိုင်တယ်....။ ”

ဖူကွမ်းကျန်းက အများကြီးပြောသည်။ သို့သော် ဖုန်းယွီက စဉ်းစားနေသည်။ ထိုအနုပညာရှင် နှစ်ယောက်က မည်သူနည်း။ သူသည် သူတို့၏နာမည်များကို အရင်ကကြားဖူးသည်။ သို့သော် သူ့တွင် မည်သည့်ခံစားချက်မှ မရှိပေ။ ထိုအနုပညာ ငွေကြယ်ပွင့်နှစ်ယောက်၏ အနာဂတ် တိုးတက်မှုက ကောင်းမွန်သည့်ပုံ မရပေ။ သို့မဟုတ် သူတို့သည် အနာဂတ်တွင် အခွင့်အလမ်းများ မရှိတော့သည်ပင်။

ဖူကွမ်းကျန်း နှစ်ခြိုက်သည့် အနုပညာရှင် ငွေကြယ်ပွင့်နှစ်ယောက်သည် ယမန်နှစ်က အလွန်ကျော်ကြားခဲ့သည်။ သို့သော် ယခုနှစ်တွင် မဟုတ်ပေ။ သူတို့၏ နာမည်ကျော်ကြားမှုသည်လည်း သေချာပေါက် ကျဆင်းလာမည်ပင်။ အနာဂတ်တွင် သူတို့၏ နာမည်ကျော်ကြားမှုက ဆက်လက် ကျဆင်းရုံသာရှိသည်။ ဖုန်းယွီတို့အနေဖြင့် သူတို့သည် အမြင့်ပိုင်းတွင်ရှိသည့် တစ်ယောက်ယောက်နှင့် လက်မှတ်သွားထုတ်ရမည်ပုံ ပေါ်သည်။ သို့သော် လက်မှတ်ရေးထိုးပြီးနောက် ထိုသူ၏ အခြေအနေသည်လည်း နှစ်စဉ်နှစ်တိုင်း ဆိုးရွားလာမည်ဖြစ်ကာ ထိုသူကိုလည်း အခကြေးငွေ ပေးရအုံးမည် ဖြစ်ပေသည်။

အကယ်၍ သူတို့သည် အနုပညာရှင်တစ်ယောက်ကို ရှာနိုင်ခဲ့လျှင် သူတို့အနေဖြင့် နောက်ထပ် အလားအလာရှိသည့် လူကိုလည်း ရှာနိုင်ပေသည်။ တစ်ချိန်ထဲတွင် ထုတ်ကုန်နှင့် သင့်တင့်ပြီး လိုက်ဖက်သည့်သူဖြစ်ရန်က အရေးကြီးပေသည်။ သူတို့သည် မည်သည့်အခြေအနေတွင်ရှိသည့် မည်သည့်သရုပ်ဆောင်နှင့်မဆို လက်မှတ်ထိုးနိုင်ပေသည်။

ဥပမာအနေဖြင့် ယောက်မင်သည် ပက်စီနှင့် အပေးအယူတစ်ခုတွင် လက်မှတ်ထိုးခဲ့သည်။ သို့သော် အားကစားသမားများသည် ကာဗွန်နိပ်ပါသည့် အချိုရည်များကို သောက်သုံးရန် ခွင့်ပြုထားခြင်း မရှိပေ။ ယောက်မင်က အရိုးအက်ခြင်းကို ခံစားရသည့်အခါ သတင်းစာများတွင် ဆောင်းပါးတစ်ခုက ယောက်မင်၏ အရိုးအက်မှုသည် ပက်စီနှင့် တစ်စုံတစ်ခု ဆက်စပ်နေသည်ဟု ဖော်ပြကြသည်။ ထိုဆောင်းပါးတွင် ဖော်ပြသည်က ပက်စီသည် အရိုးများတွင် သက်ရောက်မှုရှိကာ အားကစားများ၏ စွမ်းဆောင်ရည်တွင်လည်း သက်ရောက်မှုရှိပေသည်ဟု ဖော်ပြထားပေ၏။ ထိုဆောင်းပါးက ယောက်မင်သည် ပက်စီကို သောက်သုံးသည်ဟု ကြိုးစားဖော်ပြထားကာ ထို့အတွက်ကြောင့်ပဲ သူက အရိုးအက်ခြင်းကို ခံစားရသည်ဟု ရည်ညွှန်းနေပေ၏။

နောက်ဆုံးတွင် ယောက်မင်၏ ကြော်ငြာနှုန်းသည်လည်း အောက်ဆုံးအထိကို ကျရှုံးသွားကာ ပက်စီ၏ ရောင်းအားသည်လည်း သက်ရောက်မှု ရှိခဲ့ပေသည်။

ဖုန်းယွီက ယခုလက်ရှိတွင် နာမည်မကျော်ကြားသေးသည့် ရုပ်ရှင်သရုပ်ဆောင်များကို ရှာဖွေရန် စဉ်းစားလိုက်သည်။ သို့သော် မည်သူက မကြာမီတွင် နာမည်ကျော်ကြားလာမည်နည်း။ သူက ခုံပေါ်တွင်ရှိသည့် ကတ်ကြေးကိုမြင်သွားကာ တစ်ယောက်ယောက်ကို သတိရမိလိုက်သည်။

ဂျွန်နီဒက် အက်ဒွာစစ်ဇာဟန်

ခံစားချက် ပြည့်ဝနေတဲ့ စက်ရုပ်တစ်ရုပ် ယင်းက အဆင့်မြင့်နည်းပညာ ဆန်းသစ်မှုတွေကို ရည်ညွှန်းနေပေသည်။ ဒလက်မဲ့ပန်ကာနှင့် ရေနွေးငွေ့စက်အတွက် အကျိုးအကြောင်း သင့်ပေသည်။

ဂျွန်နီဒက်သည် ယခုလက်ရှိတွင် အမေရိကန် ပြည်ထောင်စု၌ အနုပညာရှင် သေးသေးလေး ဖြစ်နေဆဲဖြစ်ကာ နာမည်ကျော်ကြားသည့်သူမျိုး မဟုတ်ပေ။ သူက ဒုတိယတန်းစား သရုပ်ဆောင်သာ ဖြစ်သည်။ အက်ဒွာစစ်ဇာဟန်သည် ယခုနှစ်နှောင်းပိုင်းတွင် ရုံတင်မည်ဖြစ်ကာ ဆုများစွာလည်း ရရှိမည် ဖြစ်ပေသည်။ ဂျွန်နီဒက်သည်လည်း ဇကာတင် စာရင်းဝင်မည်ဖြစ်ကာ သူ၏အောင်မြင်ကျော်ကြားမှုက အလွန်ပင် များပေသည်။

သူ၏အောင်မြင်မှုက နှစ်ပေါင်းများစွာ ကြာသည့်တိုင် တည်တံနေကာ အရမ်းကြီး မကျသွားပေ။ သို့သော် ၂၀၀၀ခုနှစ် နောက်ပိုင်းတွင် သူသည် The Pirates Of The Caribbeanတွင် ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် အဓိကဇာတ်ဆောင်ဖြင့် သရုပ်ဆောင်ခဲ့ရာ တစ်ကမ္ဘာလုံးတွင် အနုပညာရှင်ကြေး အများဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။

စားပွဲပေါ်တွင် ထားထားသည့် ချန်ကွမ်းတိုင်း၏ ဒလက်မဲ့ပန်ကာထဲသို့ သူ့ခေါင်းစွပ်ထားသည့် ပိုစတာကိုမြင်ပြီးနောက် ဖုန်းယွီက ကလေးတစ်ယောက်သည်လည်း ပိုမိုသင့်တော်သည့်ဟု ခံစားရမိသည်။

ကလေးတစ်ယောက်က ပိုပြီးချစ်ဖွယ်ကောင်းပြီး မိဘများကို ထိုပန်ကာသည် အလွန်အန္တရယ်ကင်းကြောင်း သတင်းစကား ပါးနိုင်ပေသည်။ ကလေးတစ်ယောက်က သူ၏ခေါင်းကို ပန်ကာတွင် စွပ်ထား၍တောင် ရနိုင်ပေသည်။

အကယ်၍ အနုပညာရှင် ကလေးတစ်ယောက်သာ ထိုကြောငြာတွင် ပါဝင်ခဲ့ပါက ထိုထုတ်ကုန်၏ အန္တရာယ် ကင်းရှင်းမှုကို အဓိကအနေဖြင့် ပြသနိုင်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ ဈေးကွက်ရှိ သူတို့၏ ထုတ်ကုန်၏ အဆင့်အတန်းသည်လည်း တိုးတက်လာမည်ပင် ဖြစ်ပေသည်။

Home Alone မှ ကလေးသရုပ်ဆောင် Macaulay calkin ဖြစ်ပေသည်။

ဖုန်းယွီက သူ၏ခေါင်းကို မော့လိုက်ပြီးနောက် ဖူကွမ်းကျန်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အစ်ကိုဖူ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအတွက် ကလေးတစ်ယောက်ကို ထောက်ခံခိုင်းရအောင်။ ”

All Chapters