စက်ယန္တရားကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်
Vol. 14 Ch. 207
ဖုန်းယွီ၏ ဇွဲကောင်းမှုက ဖူးကွမ်းကျန်းကို ဂျွန်နီဒပ်နှင့် Macaulay Culkinတို့နှင့် စာချုပ် ချုပ်ဆိုရန် သဘောတူလိုက်ရသည်။ ဂျွန်နီဒပ်သည် အနုပညာ ငွေကြယ်ပွင့် ဖြစ်သော်ငြား နာမည်ကြီးသည်ဟု စဉ်းစား၍ မရနိုင်ပေ။ သို့သော် Macaulay Culkin ဆိုသည်ကား အဘယ်သူနည်း။ ဖုန်းယွီက ထို ၆နှစ် ၇နှစ် အရွယ် ကလေးတစ်ယောက်က နာမည်ကျော်လာမည်ဟု သူမည်သို့ သိသနည်း။
ဖုန်းယွီက ထိုသရုပ်ဆောင် နှစ်ယောက်ကို စာချုပ်ချုပ်ခြင်းက ထိုက်တန်သည်ဆိုသည်ကို ရဲရဲကြီး ကျိန်ဆိုရသည်။ သူတို့ အနေဖြင့် ဂျွန်နီဒပ်ကို ၁နှစ် ၂ နှစ် စာချုပ် ချပ်ဆိုနိုင်ကာ Macaulay Culkin နှင့် ၄နှစ်ကြာ စာချုပ် ချုပ်ဆိုနိုင်သည်။ စာချုပ်သက်တမ်း ပိုကြာကြာ ချုပ်ဆိုနိုင်ပါက ပိုကောင်းပေသည်။ ယခုလက်ရှိ နာမည် မကျော်ကြားသေးခင် ထိုသရုပ်ဆောင် နှစ်ယောက်အတွက် ထုတ်ကုန် ထောက်ခံကြေးက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ တစ်သန်းတောင် ကုန်ကြမည် မဟုတ်ပေ။
ဖူကွမ်းကျန်းသည် ဖုန်းယွီ၏ အကြံအဉာဏ်ပေးမှုတွင်သာ လိုက်လုပ်ရန်သာရှိသည်။ သို့သော် သူ့အနေဖြင့် အနာဂတ်တွင် ထိုသရုပ်ဆောင်နှစ်ယောက် နာမည်ကျော်ကြားလာမှာကို ဖုန်းယွီ ဘယ်လို သိနိုင်မည်ကို စူးစမ်းချင်စိတ် ဖြစ်ပေါ်လာ၏။
နှစ်ကုန်ပြီးမှ ဖူကွမ်းကျန်းနှင့် ဖူမိသားစု အနေဖြင့် ဖုန်းယွီ၏ ခန့်မှန်းမှု မည်မျှ တိကြကြောင်း သိရှိမည် ဖြစ်ပေ၏။
…..
ဧပြီလရောက်ပြီ ဖြစ်သည်။ ဖုန်းယွီသည် စီစီတီဗွီ၏ လူကြည့်အများဆုံး အချိန်ရှိ ကြော်ငြာကဏ္ဍကို ပြောင်းလိုက်သည်။ သူသည် လေနှင့်မိုး ဒလက်မဲ့ ပန်ကာ၏ ကြော်ငြာနှင့် လဲလိုက်ခြင်း ဖြစ်သည်။ CCTV2တွင်တောင် ပြောင်းလိုက်သည်။ ကြော်ငြာကမ်ပိန်းစတင်ပြီ ဖြစ်သည်။
ကြော်ငြာကန်ပိန်း၏ သက်ရောက်မှုကို မမြင်တွေ့ရခင် လီမင်တက ဖုန်းယွီဆီသို့ လာခဲ့သည်။
စက်ယန္တရားကုမ္ပဏီသည် လူကြည့်အများဆုံး ကြော်ငြာ အချိန်များအတွက် ငွေကြေးများများသုံးစွဲခဲ့ရသည်။ အဘယ်တွက် ဒလက်မဲ့ ပန်ကာ အဖြစ် ပြောင်းသွားသနည်း။
ဖုန်းယွီသည် အကူအညီ မဲ့သည့်ပုံ ပြလိုက်သည်။ သူက လီမင်တကို ငွေပြန်အမ်းပေးမည်ဟု ကမ်းလှမ်းသည်။ သို့သော် ဆိုင်ကယ် ရောင်းရာတွင် အစီးရေ တစ်သိန်းသုံးသောင်း မပြည့်မီသေးသည့်အတွက် လီမင်တက ဖုန်းယွီ၏ ပြန်အမ်းငွေကို လက်မခံပေ။ ဖုန်းယွီက ဘယ်လိုလုပ် ကြော်ငြာကို ချိန်းနိုင်ရသနည်း။
ဖုန်းယွီ၏ ရာထူးသည် သူ့ထက်နိုမ့်ကာ သူက ကြော်ငြာကြေးကို ပြန်ပေးနိုင်ကြောင်း ပြောခဲ့သည်။ အကယ်၍ လီမင်တသည် လူကြည့်အများဆုံးအချိန်မှ ကြော်ငြာကဏ္ဍများကို ချိန်းရန် သဘောတူခဲ့ပါက ဖုန်းယွီသည် ယွမ် ငါးသန်း ပြန်ပေးမည်ပင်။ ဖုန်းယွီက စုန့်ကျန်းမော်တော်ဆိုင်ကယ်အတွက် ကြော်ငြာကဏ္ဍ နှစ်နေရာစာ ရရန်တော် စဉ်းစားပေးဦးမှာပဲ ဖြစ်၏။
လီမင်တသည် တစ်ခုခုကို လျော့ချမှ ရပေမည်။ ယွမ်ငါးသန်း။ အကယ်၍ သူသည် ယွမ်ငါးသန်းယူခဲ့ပါက မြို့တော်ခေါင်းဆောင်များထံမှ ဂုဏ်ပြုမှုများကို ရပေလိမ့်မည်။ သို့သော် သူ့အနေဖြင့် မကျေနိုင်နိုင်ပေ။ လီမင်တက ဖုန်းယွီကို သူ့အနေဖြင့် မော်တော်ဆိုင်ကယ်ရောင်းအားကျခြင်းနှင့် ပတ်သက်ပြီး သူ့အပေါ်တွင် တာန်မရှိကြောင်း ပြောနိုင်ပေသည်။ အကယ်၍ ဖုန်းယွီသည် ရောင်းအားသတ်မှတ်ချက်ကို မပြည့်မှီပါက သူ့အနေဖြင့် ကြော်ငြာကြေးအားလုံးကို ပြန်ပေးရန် ရှိပေသည်။
ဖုန်းယွီက သဘောတူလိုက်သည်။ နှစ်ယောက်လုံးက စာချုပ်ကို ရိုးရိုးရှင်းရှင်းသာ ချုပ်လိုက်သည်။ စာချုပ်ထဲတွင် ဖော်ပြထားသည်ကား ထိုက်ဟွ ကုန်သွယ်ရေးသည် စက်ယန္တရားကုမ္ပဏီကို ကြော်ငြာကြေးအဖြစ် ယွမ် ငါးသန်းပြန်ပေးသည် ဖြစ်။
လီမင်တက ပြုံးလျက် ထက်သွားသည်။ သူ့၏ တွက်ချက်မှုအရ ရောင်းအားက ပြည့်မှီရန်က အတော်ကို ခက်ခဲသွားမည်ပင်။ ပြီးနောက် ဖုန်းယွီက ကြော်ငြာကို ပြောင်းလိုက်သည်လော။ သူက သူ့သေတွင်းသူ တူးချင်းပင်။
ထို့စဉ် ဖုန်းယွီသည်လည်း စာချုပ်ကို ကိုင်ရာ ရယ်မောနေ၏။ သူက စက်ယန္တရားကုမ္ပဏီအတွက် ယွမ်ငါးသန်းကို လပေါင်းအနည်းငယ်အတွက်သာ သုံးခဲ့ပြီး သူပြန်ရခဲ့သည်။ သူက သက်သေခံဖို့အတွက်လည်း စာချုပ်ကိုတောင် ရခဲ့သည်။ အနာဂတ်တွင် လီမင်တသည် ဖုန်းယွီ၏ လှည့်ဖြားမှုကို ခံခဲ့ရကြောင်းသိလျှင်တောင် သူ့အနေဖြင့် ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။ ငါက မင်းကို ပိုက်ဆံ ပြန်ပေးတယ်။ မင်းက လက်ခံတယ်။ အဲ့အဓိပ္ပာယ်က မင်းက အဲ့အပေါ်မှာ ဆက်လက်မလုပ်ဆောင်းဘူးဆိုတာပဲ။ ဒီသဘောတူညီချက်က သက်သေပဲ။
ယင်းက ယွမ်ငါးသန်းသာ ဖြစ်သော်ငြား ထိုက်ဟွ ကုန်သွယ်ရေးတွင် ရှိသည့် ငွေကြေးအကုန်နီးပါးကို အသုံးပြုခဲ့ရသည်။ သို့သော် ယင်းက အဆင်ပြေသေးဆဲ ဖြစ်သည်။ ထိုက်ဟွ ကုန်သွယ်ရေးကို လည်ပတ်ရန် အတွက် ငွေများစွာ မလိုအပ်ပေ။ ရေနွေးငွေ့စက်၊ စုန့်ကျန်းမော်တော်ဆိုင်ကယ်၊ ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံ အစရှိသဖြင့် ထုတ်ကုန်များမှ အကျိုးအမြတ်များက လတိုင်းရပေသည်။ ထို အမြတ်များက ထိုက်ဟွ ကုန်သွယ်ရေး လည်ပတ်ရန်အတွက် လုံလောက်ပေသည်။ ထိုအရာများမှ ထိုက်ဟွပေးသွင်းရန် လိုအပ်သည့် စရန်ငွေများနှင့် လက်ငင်းပေးငွေများအတွက် လုံးလောက်ပေသည်။ ထိုက်ဟွ လျှပ်စစ်ထုတ်ကုန် စက်ရုံတွင်လည်း ထုတ်လုပ်သည့် စရိတ်က မများပေ။ ထိုစီးပွားများတွင် အနည်းငယ် ငွေကြေးကြပ်တည်းမှုများကိုတော့ ဖုန်းယွီ ခန့်ခွဲရပေသည်။
လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ စက်ယန္တရားကုမ္ပဏီမှ ရှယ်ယာများကို ဖုန်းယွီဆီ မလွှဲပြောင်းခင် အထိ ဟာကွက်ကို ဖုံးကွယ်ထားနိုင်ဦးမှာပဲ ဖြစ်သည်။၊ လီမင်တအနေဖြင့် ရက်အနည်းငယ်အတွင်း ဖုန်းယွီသည် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ၏ အဓိက ရှယ်ရာရှင် ဖြစ်လာမည် ဆိုသည်ကို မသိရှိသေးပေ။
အဆင့်မြင့် လျှပ်စစ်သံရည်ကျိုစက်သည် တပ်ဆင်ပြီး ဖြစ်ကာ စံနှုန်းချိန်ညှို့သည့် အဆင့်တွင် ရှိနေပြီ ဖြစ်သည်။ လက်ရှိတွင် ဟိုဟိုက်ထောင်သည် ယင်းအပေးအယူကို ကျေနပ်နေသေးဆဲ ဖြစ်သည်။ စံနှုန်းချိန်ညှို့မှု ပြီးစီးသည်နှင့် သူ့အနေဖြင့် ဖုန်းယွီဆီ ရှယ်ယာများကို လွဲပြောင်းပေးမည် ဖြစ်သည်။ ထိုနည်းလမ်း လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် စက်ယန္တရားကုမ္ပဏီ၏ ဝေစုများကို ရခဲ့တာ ဖြစ်ပေသည်။ (သူတို့ နှစ်ကူးမှာ ရှယ်ယာခွဲဝေတာပါ)
ယခုအချိန်တွင် ဟိုဟိုက်ထောင်သည် စက်ယန္တရားစက်ရုံကို မကြာမဏ မသွားပေ ပြီးနောက် ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီ၏ စာရင်းများကိုလည်း မစစ်ပေ။ ယင်းက လီမင်တကို ကျေနပ်စေ၏။
သူ့စိတ်ကူးနယ်ပယ်ထဲတွင် သူ့အနေဖြင့် ဖုန်းယွီကို မော်တော်ဆိုင်ကယ် စက်ရုံ၏ ယာယီ စက်ရုံ ဒါရိုက်တာ အဖြစ်မှ ထုတ်ပယ်နိုင်သည်ကို ကြောက်ရွံ့သည့်အတွက် သူ့ကို ခေါင်းငုံနေသည်ဟု တွေးနေသည်။ ဖုန်းယွီသည် လီမင်တထံတွင် အောက်ကျို့နေပါက ရလဒ်အနေဖြင့် လီမင်တနှင့် သူ့သစ္စာရှိ နောက်လိုက်များက ပိုပြီး မာန ကြီးလာမည်ပင်။ သူတို့သည် မော်တော်ဆိုင်ကယ် စက်ရုံ၏ ထုတ်လုပ်ရေးပိုင်းတွင် စတင်စွက်ဖက်နိုင်မည် ဖြစ်ကာ ဖုန်းယွီက ကန့်ကွက်နိုင်မည် မဟုတ်ပေ။
လီမင်တသည် ဖုန်းယွီ သူ့ကို ပေးတာ ကျေနပ်ခြင်း မရှိပေ။ သူသည် မော်တော်ဆိုင်ကယ် စက်ရုံ၏ ထုတ်လုပ်ရေးနှင့် အရောင်းပိုင်းတွင် ကိုယ်တိုင် ကိုယ်တွယချင်သည်။ သူ့အနေဖြင့် မော်တော်ဆိုင်ကယ် ရောင်းချရေးပိုင်းတွင် ရပ်တန့်လိုက်ခြင်က စုစုပေါင်း ရောင်းအားကို အစီးရေ တစ်သိန်းသုံးသောင်း မပြည့်မှီစေရန် ဖြစ်ပေသည်။ အကယ်၍ အမှာစာများစွာ လက်ခံရရှိလျှင်တောင် ဒီဇင်ဘာလ ရောင်းအားကို နောက်နှစ် ဇန်နဝါရီလတွင် ပေါင်းရမည် ဖြစ်ပေသည်။ သူ့အနေဖြင့် ဘာလုပ်ရ လုပ်ရ ဖုန်းယွီ၏ ရောင်းအားပြည့်မှီရောင် ဆောင်ရွက်နိုင်စွမ်းကို သေချာပေါက် တားမည် ဖြစ်သည်။
လီမင်တက မော်တော်ဆိုင်ကယ် စက်ရုံ၏ ဒါရိုက်တာလဲ ဖြစ်ချင်သည်။ အကယ်၍ မြို့တော်မှ ခေါင်းဆောင်များက ခွင့်မပြုလျှင်တောင် သူ့အနေဖြင့် သူ့သစ္စာခံ နောက်လိုက် တစ်ယောက်ကို ထိုရာထူးကို ယူခိုင်းမည် ဖြစ်ပေသည်။
သို့သော် လီမင်တသည် သူ့ အိပ်မက်ကို ပြီးဆုံးအောင် မမက်ရသေးခင်။ ဘင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းက ထွက်ပေါ်လာတော့သည်။
လေယဉ်ထုတ်လုပ်သည့် ကုမ္ပဏီက စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများ အားလုံးကို ဖုန်းယွီသို့ ရောင်းချလိုက်ခြင်းပင် ဖြစ်ပေသည်။
လီမင်တက ထိုသတင်းကို ကြားကြားခြင်း ထိတ်လန့်သွားပေသည်။ သူက မြို့တော် အစိုးရစီ ချက်ခြင်း ဖုန်းခေါ်ကာ အတည်ပြုသည်။ ဖုန်းယွီနှင့် ဟိုဟိုက်ထောင်သည် စက်မှုနှင့် ကုန်သွယ်မှု ဗျုရိုတွင် အခုလေးပင် လက်မှတ်ထိုးလိုက်ကြောင်း သိခဲ့၏။
ဟိုဟိုက်ထောင်က ရူးနေတာလား။ စက်ယန္တရားကုမ္ပဏီက အခု အမြတ်အများကြီး ရနေတာကို သူက ရှယ်ယာတွေကို ရောင်းလိုက်တာလား။
သူက ချက်ခြင်းပင် ဟိုဟိုက်ထောင်ကို ဖုန်းခေါ်ဆိုကာ သူ့ကို အသံကျယ်ကျယ်ဖြင့် မေးခွန်းတွေကို မေးတော့သည်။ ဘာကြောင့် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို သူရောင်းရသနည်း။ မြို့တော် အစိုးရက သဘောတူသည်လော။
ဟိုဟိုက်ထောင်က တည်ငြိမ်စွာဖြင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် စက်ဖက်ဆိုင်ရာနှင့် ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိကြောင်း ဖြေကြားလိုက်ပေသည်။ မြို့တော် အစိုးရအနေဖြင့် သူ့စက်ရုံအတွက် သူဆုံးဖြတ်သည့် ကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်ခွင့် မရှိပေ။ လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် စက်ဖက်ထုတ်ကုန်များအတွက် အဆင့်မြင့် သံရည်ကျိုစက်ကို ဝယ်ယူရန် စက်ဖက်က အမိန့်ပေးခဲ့သည်။ စက်ဖက်ဆိုင်ရာခေါင်းဆောင်များတောင် ထိုသံရည်ကျိုစက်ကို ရရှိသည့်အတွက် သူ့အား ချီးကျူးကြသည်ပင်။
ဟိုဟိုက်ထောင်က ဖုန်းယွီဆီ စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရသည့် သင့်လျှော်သည့် အကြောင်းပြချက်များလည်းပေးလိုက်သည်။ ပထမက လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် သံရည်ကျိုဆက်က ဝယ်ယူရန်အတွက် ငွေလောက်ငှမှု မရှိပေ။ ဒုတိယ အနေဖြင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ရှယ်ယာများကို သင့်တော်သလို မရောင်းနိုင်ပေ။ ဖုန်းယွီသည်လည်း ရှယ်ယာရှင် တစ်ယောက်ဖြစ်သည်။ နောက်ပိုင်းတွင် ဖုန်းယွီက ရှယ်ယာများအတွက် ဈေးကောင်းပေးသည့် အတွက် လက်ခံလိုက်ခြင်း ဖြစ်သည်။
ဖြစ်ပျက်ခဲ့သည်များက လက်တွေ့ အရမ်းဆန်လွန်းသည်။ လီမင်တနှင့် မြို့တော်အစိုးရတောင် ဘာမှ မလုပ်နိုင်ပေ။ ဟိုဟိုက်ထောင်သည် မြို့တော် အစိုးရခေါင်းဆောင်းများကို ခေါ်ကာ ပြောဆိုခဲ့သည်။ သို့သော် ယင်းက အပြောသက်သက်သာ ဖြစ်သည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ ဒါရိုက်တာကို မြို့တော် အစိုးရက ခန့်အပ်ထားသည် မဟုတ် ထို့အတွက် မြို့တော် အစိုးရအနေဖြင့် ရောင်းချခြင်းကို မဖြစ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိပေ။
ယခုအချိန်လေးအတွင်း လီမင်တက နားလည်သွားတော့သည်။ ဖုန်းယွီက သူ့ကို ပေးသည်မဟုတ်။ ဖုန်းယွီနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ထိုအစီအစဉ်ကို လွန်ခဲ့သည် လပေါင်းများစွာ ကတည်းက စီစဉ်ထားသည်ပင်။
ရှယ်ယာများကို လွဲပြောင်းပြီးနောက် ဖုန်းမိသားစုသည် စက်ယန္တရားကုမ္ပဏီ၏ စုစုပေါင်းရှယ်ယာ ၄၄ရာခိုင်နှုန်း ပိုင်ဆိုင်လာပြီး မြို့တော် အစိုးရထက်တောင် များလာသည်။ ဖုန်းမိသားသည် အဓိက ရှယ်ယာရှင် ဖြစ်လာသည်ပင်။