မြို့တော် အစိုးရတွင် တွေ့ဆုံခြင်း
Vol. 14 Ch. 208
ဖုန်းယွီက ပြောစရာ စကားမဲ့နေသည်။ လီမင်တသည် အနည်းဆုံး အသက်ငါးဆယ် ရှိတော့မည် ဖြစ်ကာ သူသည် ကလေးတစ်ယောက်ပမာ အထက် အရာရှိများကို တင်ပြနေသည်။
လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ ရှယ်ယာများနှင့် ဆိုလျှင် ဖုန်းမိသားစုသည် စက်ယန္တရားကုမ္ပဏီတွင် အဓိက အစုရှယ်ယာရှင်များ ဖြစ်လာပေမည်။ လီမင်တက စိုးရိမ်ပူပန်နေသည်။ သူက ရုတ်တရက် ဖုန်းယွီနှင့် ဖူကွမ်းကျန်းသည် ရင်းနှီးသည်ဟု ကြားဖူးသည်။ ပြီးနောက် လေနှင့်မိုး ရေနွေးငွေ့စက်၏ ပြည်ပ အရောင်းကို ဖူမိသားစုကို ပေးထားသည်ဟု ကြားဖူးပေသည်။
အကယ်၍ ဖူကွမ်းကျန်းသာ ဖုန်းယွီ သို့မဟုတ် ဖုန်းရှင်းထိုက်ကို ထောက်ပံ့လျှင် ထို့နောက် စက်ယန္တရားကုမ္ပဏီတွင် အာဏာ အလှည့်အပြောင်း ဖြစ်လာမည် ဖြစ်ပေသည်။ သူသည် သူကိုယ်တိုင်နှင့် သူ့ရာထူးကို ကာကွယ်ရန်အတွက် မြို့တော် အစိုးရဆီသို့ သွားမှ ရပေမည်။
ပထမဦးဆုံး အကြိမ်အဖြစ် လီမင်တက စက်ယန္တရားကုမ္ပဏီကို ပြန်လည် ဖွဲ့စည်းခြင်းက အမှားတစ်ခုဟု ခံစားမိသည်။ အဘယ်တွက် သူသည် စက်ယန္တရားကုမ္ပဏီကို နိုင်ငံပိုင် အစိုးရလုပ်ငန်းမှ ပုဂ္ဂိလိကပိုင် ကုမ္ပဏီ အဖြစ်သို့ ပြုပြင်ပြောင်းလဲခြင်းကို ထောက်ပံ့ခဲ့သနည်း။ ဘင်းမြို့တော်တွင် နိုင်ငံပိုင် လုပ်ငန်းခေါင်းဆောင်များ ဖွဲ့စည်းပုံပြောင်းလဲပြီးနောက် ပြောင်းရွေ့ခြင်းများ မရှိသော်ငြား ကမ်းရိုးတန်း ပြည်နယ်များတွင်မူ အစိုးရခန့်အပ်ထားသော ခေါင်းဆောင်များ အပြောင်းခံရသည့် ဉပမာများ ရှိပေသည်။
အစုရှယ်ယာ ကုမ္ပဏီတွင် နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့် ရှိသည့် ပုဂ္ဂိုလ်သည် ရှယ်ယာရှင်များ အများစု ထောက်ခံသည့်သူ ဖြစ်ပေ၏။
လီမင်တသည် နိုင်ငံပိုင် လုပ်ငန်း၏ အထွေထွေမန်နေဂျာ တစ်ယောက် ဖြစ်ခဲ့ပြီး ဌာနအရာရှိချုပ် ရာထူးနှင့် အတူတူပင် ဖြစ်ပေသည်။ အကယ်၍ သူ့နေရာကို ဖုန်းမိသားစုက ဖယ်ရှားခဲ့လျှင် သူဘယ်ကို သွားနိုင်မည်နည်း။
ဘင်းမြို့တော်တွင် နိုင်ငံပိုင် လုပ်ငန်းများစွာ ရှိပေရာ သို့သော် အများစုသည် နေရာကောင်းများ မဟုတ်ပေ။ အစပိုင်းက လူအများက သူ၏ ရာထူးကို အားကျကြပြီး သူသည် စိုက်ပျိုးရေးဌာနသို့ ပြောင်းရွေ့ရန်အတွက် အခွင့်အရေး ရခဲ့သည်။ သို့သော် သူက ယင်းကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။ အကယ်၍ သူသည် ထိုနေရာကို ယခု ပြောင်းရွေ့လျှင်တောင် သူ့နေရာကို ဖယ်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိရပေမည်။
လီမင်တသည် သူ့ဘဝကို ဒေဝါလုခံလုနီးပါး နိုင်ငံပိုင်စက်ရုံတွင် အာဏာမရှိဘဲ ရှင်သန်ရမည်ဟု မြင်နေရပေသည်။ သူ့တွင် အာဏာ၊ အတွင်းရေးမှူး၊ အကျိုးအမြတ်၊ ကား အစရှိသည့် အရာများ ထပ်ပိုင်ဆိုင်ရတော့မည် မဟုတ်ပေ။
ထို့သို့သော အဖြစ်အပျက်များကို သူ့ထံတွင် မဖြစ်စေလို။ ယခုလက်ရှိတွင် ကယ်တင်နိုင်မည့်သူ တစ်ဦးကား သူ့ ခေါင်းဆောင်ဟောင်း ဖြစ်သော လက်ထောက်မြို့တော်ဝန် ရှု ဖြစ်ပေသည်။
လက်ထောက်မြို့တော်ဝန်ရှုသည် ပင်စင်ယူရတော့မည် ဖြစ်သော်ငြား သူသည် ရာထူးရှိပြီး အာဏာလည်းရှိပေသည်။ ဘင်းမြို့တော်တွင် သူရှိနေသည့် နှစ်အရေအတွက်နှင့် ဆိုပါက မြို့တော်ဝန်တောင် သူ့ကို အစည်းအဝေးများတွင်တောင် မျက်နှာသာပေးလေသည်။
လီမင်တသည် ဘင်းမြိုတော်၏ နိုင်ငံပိုင် လုပ်ငန်းများ ပြန်လည်ဖွဲ့စည်းရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတိုးတက်မှု တာဝန်ယူထားသည့် ကျန်းရွေ့ချင်ဆီသို့ မသွားပေ။ လူတိုင်းက ဖုန်းယွီသည် ကျန်းရွေ့ချင်ဆီသို့ မကြာခဏ သွားရောက်သည်ကို လူတိုင်း သိကြပေသည်။ ကျန်းရွေ့ချင်နှင့် ဖုန်းယွီသည် တစ်စိတ်တည်း တစ်ဉာဏ်တည်း သို့မဟုတ် ထိုအကြံအဉာဏ်က ကျန်းရွေ့ချင်ဆီမှ ဖြစ်သည်ဟုတောင် လီမင်တက သံသယ ရှိပေသည်။
မွန်းလွဲတစ်နာရီခွဲတွင် ဖုန်းယွီသည် မြို့တော် အစိုးရရုံး၌ ပေါ်လာခဲ့သည်။ လီမင်တသည် တစ်နာရီခန့် စောရောက်နေပေသည်။ လီမင်တက ပြတင်းပေါက်မှ တဆင့် ဖုန်းယွီကို သူရောက်ရှိနေပြီ ဆိုသည့် အကြောင်းကို ပြလိုက်သည်။ သူက ဖုန်းယွီအနေဖြင့် အကြောင်းပြချက် ပေးကာ ယခု အစည်းအဝေးကို မတက်ရောက်မည်ကို ကြောက်လန့်နေပေသည်။
“မြို့တော်ဝန်ရှု ကြည့်ပါဦး။ ဒါက ဖုန်းယွီ သူက အချိန်လည်း မတိကျဘူး။ ပြီးတော့ အရမ်းမောက်မာတယ်။ သူက မြို့တော်ဝန်စောင့်နေတာကို သိရဲ့သားနဲ့ တမင်နောက်ကျပြီးမှလာတယ်။ သူက ငယ်တယ်။ သူ့ကိုယ်သူ ကောင်းကင်ပေါ် လွင့်နေတယ်လို့ ထင်နေတာလား မသိဘူး”
လီမင်တက မီးလောက်ရာကို လေပင့်လိုက်သည်။
လက်ထောက်မြို့တော်ဝန်ရှုက မျက်မှောင်ကျုံ့ကာ ပြုံးလိုက်သည်။
“အချိန်ကို မပြောနိုင်လောက်တဲ့ အထိ ငါမအိုသေးဘူး။ အခု မွန်းလွဲတစ်နာရီခွဲ ရှိပြီ”
လက်ထောက်မြို့တော်ဝန်ရှုက လီမင်တကို ပြောသော်ငြား သူပျော်နေသေးဆဲ ဖြစ်သည်။ သူ့အနေဖြင့် လက်ထောက်မြို့တော်ဝန်ရှုသည်လည်း ဖုန်းယွီနှင့် ပက်သက်ပြီး ဖုန်းယွီနှင့် ပက်သက်ပြီး မကျေမချမ်း ဖြစ်သည်ကို ပြောနိုင်ပေသည်။
သူတို့ နှစ်ယောက်စလုံးက နောက်ထပ် ငါးမိနစ်စောင့်ဆိုးကြသည်။ သို့သော် အတွင်းရေးမှူးက ဖုန်းယွီရောက်ရှိနေပြီ ဆိုသည့် အကြောင်းကို အကြောင်းကြားလာခြင်း မရှိပေ။ အဘယ်တွက် ဖုန်းယွီသည် ပထမထပ်မှ တတိယထပ်ကို လာရန်အတွက် အချိန်များများကို ယူရသနည်း။
လက်ထောက်မြို့တော်ဝန်ရှု၏ အတွင်းရေးမှူးသည် တစ်ယောက်ယောက်ကို ဖုန်းယွီကို ရှာရန် လွှတ်လိုက်ပေသည်။ ထိုဝန်ထမ်းက မိနစ်အနည်းငယ် ကြာပြီးနောက် ပြန်လာကာ ဖုန်းယွီသည် လက်ထောက်မြို့တော်ဝန် ကျန်း၏ ရုံးခန်းတွင် ရောက်ရှိနေကြောင်း သတင်းပို့လေသည်။
လီမင်တသည် လက်ထောက်မြို့တော်ဝန်ရှု၏ မျက်နှာ အရောင်ပြောင်းလဲသည်ကို မြင်သည့်အခါ သူက ချက်ခြင်းပင် မီးလောင်ရာကို ထပ်လေပင့်လိုက်ပြန်သည်။
“မြို့တော်ဝန်ရှု ဒီဖုန်းယွီက အရမ်းကို ရိုင်းစိုင်းလွန်းတယ်။ သူရဲ့နောက်မှာ မြိုတော်ဝန်ကျန်းရှိနေတယ်ဆိုတာ တမင် မြင်သာအောင် ပြချင်နေတာ။ သူက မြို့တော်ဝန်ကို ဂရုတောင် စိုက်မနေဘူး”
ကျန်းရွေ့ချင်သည် မတ်လက စီမံခန့်ခွဲရေး လက်ထောက် မြို့တော်ဝန် အဖြစ်သို့ ရာထူးတိုးခြင်း ခံလိုက်ရပြီး မြို့တော်၏ ကော်မတီတွင်လည်း ပါဝင်ပေသည်။ ကောလဟာလများအရ မြို့တော်ဝန်သည် သူ့ကို ထောက်ပံ့ပြီး လက်ထောက်မြို့တော်ဝန်ရှုသည် သူနှင့် မြို့တော်ဝန်ဆိုသော ရာထူးအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
လက်ထောက်မြို့တော်ဝန်ရှုသည် ယခုလက်ရှိရာထူးတွင် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ပြီး ဖြစ်ကာ သူသည် ရာထူးတိုးချင်ပေသည်။ သို့သော် အဆင့်မြင့် အရာရှိများက သူသည် အသက်ကြီးရင့်ပြီ ဖြစ်ကာ သူ့ကို နောက်နှစ်တွင် ပင်စင် ယူစေချင်သည်။
ကျန်းရွေ့ချင်သည် ဘင်းမြို့တော်တွင် အဆင့် အနိမ့်ပိုင်းတွင် ရှိသော လက်ထောက်မြို့တော်ဝန် ဖြစ်ကာ အခြားသူများကို ခုန်ပြန်ကျော်လွှားပြီး မြို့တော်၏ အဆင့်နှစ် ခေါင်းဆောင်နေရာသို့ ရနိုင်ခဲ့သည်။
လက်ထောက်မြို့တော်ဝန်ရှုသည် အသက်လေးဆယ် အရွယ်ရှိ ငယ်ရွယ်သည့်သူ တစ်ယောက်ထံမှ ကျော်တက်ခြင်းခံခဲ့ရသည်။ သူ့အနေဖြင့် ယင်းအတွက် ဘယ်လိုလုပ် ပျော်ရွှင်နိုင်မည်နည်း။
လီမင်တ၏ ရန်စပေးသည့် စကားလုံးများ ပြီးသွားပြီးနောက် လက်ထောက်မြို့တော်ဝန်ရှုက မျက်နှာတင်းတင်းဖြင့် ပြောလိုက်သည်။
“တော်ပြီ။ ဖုန်းယွီ ဒီကို ရောက်လာမှ ငါတို့ ဆက်ပြောကြမယ်”
လီမင်တသည် နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ သူက ခေါင်းဆောင်အနေဖြင့် သဘောထားကွဲလွဲအောင် လုပ်မည့် သူ့အကြံအစည်ကို သိပုံပေါ်သည်ဟု ခံစားရသည်။ သို့သော် သူ့ရင်ထဲတွင် ပျော်ရွှင်နေသေးဆဲ ဖြစ်သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် သူ့ကို သေချာပေါက် ထောက်ခံပေးမည် ဖြစ်ကာ ဖုန်းယွီကို လေယဉ်ထုတ်လုပ်သည့် စက်ရုံအရင်က ပိုင်ဆိုင်ခဲ့သည့် ရှယ်ယာများကို ခွဲပေးရန် တွန်းအားပေးမည် ဖြစ်ပေသည်။
လက်ထောက်မြို့တော်ဝန်ရှုက ဟိုဟိုက်ထောင်ကို လာရန် ပြောသော်ငြား သူ့အနေဖြင့် ဘေကျင်းတွင် အစည်းအဝေးသွားရမည်ဖြစ်ကြောင်း ပြန်စာပေးပို့ခဲ့ပြီး လွတ်မြောက်ခဲ့ပေသည်။
မြေခွေအိုကြီး မရှိမှတော့ မြေခွေးငယ်လေးဖြင့် ပထမဆုံး ဆက်ဆံရမည်ပင်။
….
“မြို့တော်ဝန်ကျန်း ကျွန်တော်တို့ မြို့တော်ရဲ့ ရဲတပ်ဖွဲ့ အခြေအနေက တော်တော်လေး တိုးတက်လာတယ်။ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးကို ပြောင်းလဲဖို့ လိုအပ်လာပြီ။ သူတို့တွေက အခုလက်ရှိမှာ ဟိုးဆယ်စုနှစ်တွေတုန်းက သုံးတဲ့ တစ်ဖက်ဆွဲ မော်တော်ဆိုင်ကယ်တွေကို အသုံးပြုနေတုန်းပဲ။ တကယ်လို့ စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို စိတ်ဝင်စားပြီး မော်တော်ဆိုင်ကယ် တစ်သုတ် လိုချင်တယ်ဆိုရင် ကျွန်တော်က မြို့တော်ဝန်ကို အထူးဈေးနှုန်းအနေနဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ယွမ် တစ်သောင်းနဲ့ပေးနိုင်ပါတယ်”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ လီမင်တာသည် လက်ထောက်မြို့တော်ဝန်ရှုဆီကို အကူအညီသွားတောင်းကာ ဖုန်းယွီကို ဖိအားပေးပြီး စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ပြန်တောင်းမည့် အကြောင်းကိုလည်း သူသိနေပေသည်။ သူက ဖုန်းယွီသည် သူ့အနေဖြင့် ယနေ့လာရခြင်းက အကူအညီတောင်းရန် ဖြစ်သည်ဟု ထင်ခဲ့ကာ သူသည် ငြင်းဆိုရန်အတွက်လည်း နည်းလမ်းစဉ်းစားနေပေသည်။ အဆုံးမှာတော့ လီမင်တသည် မြို့တော်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ပြီး ကျန်းရွေ့ချင်သည် ဖုန်းယွီကို မထောက်ပံ့ချင်ပေ။ သို့သော် ဖုန်းယွီအနေဖြင့် ယင်းကိစ္စကို ပြောခြင်းမရှိဘဲ ထိုအစား သူ့မော်တော်ဆိုင်ကယ်များကို ပရိုမိုးရှင်း ဆင်းရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ ထိုကျေလးက အကြောက်အလန့် မရှိသည်လော။ သို့မဟုတ် ရူးနေသည်လော။
နောင်လာမည့် နှစ်များတွင် ဘင်းမြို့တော်၏ စီးပွားရေးသည်လည်း ပိုကောင်းလာမည် ဖြစ်ပေသည်။ ဘင်းမြို့တော်သည် ဘာမျှ မလုပ်လျှင်တောင် ဘင်းမြို့တော်သည် တရုတ်နိုင်ငံတွင် ကြွယ်ဝချမ်းသာသည့် မြို့တော် တစ်ခု ဖြစ်လာမည်ပင်။ ကျန်းရွေ့ချင်သည် စီးပွားရေး ဖွဲ့ဖြိုးတိုးတက်မှုအတွက် တာဝန်ရှိသူ ဖြစ်ပြီး ထိုအရာကြောင့် သူသည် အမှတ်များရနိုင်ပေသည်။
မြို့တော်အနေဖြင့် ရဲများ၏ အသုံးအဆောင်ပစ္စည်းများကို အဆင့်မြင့်တင်ရန် ဆန္ဒရှိပေသည်။ ယမန်နှစ်က ပြည်နယ် ရဲတပ်ဖွဲ့သည် မြို့တော်အတွက် ငွေအများအပြားကို နိုင်ငံတောင် ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။ ရဲဌာနအတွက် မြို့တော်က အသုံးမပြုက ရဲအရာရှိတို့သည် ပျော်ရွှင်မည် မဟုတ်ပေ။
ကျန်းရွေ့ချင်သည် မြိုတော် ရဲတပ်ဖွဲကို မော်တော်ဆိုင်ကယ်များ တပ်ဆင်ခြင်းက ကောင်းမွန်သည့် အကြံဟု ခံစားမိသည်။ အရာရှိများသည် သယ်ယူပို့ဆောင်ရာတွင် ပိုမိုကောင်းမွန်သည်သာမက အရာရှိများအတွက် ယဉ်လမ်းကြောများနှင့် မှုခမ်းထိန်းချုပ်ရေးတွင် ပိုမို အဆင်ပြေလာမည် ဖြစ်ပေသည်။ သူတို့သည် ပြည်နယ်ရဲဌာနကိုလည်း အဖြေမြန်မြန်ပေးနိုင်ကာ တစ်ချိိန်တည်းတွင် မြို့တော်၏ ပုံရိပ်သည်လည်း တိုးတက်လာမည် ဖြစ်ပေသည်။
ကျန်းရွေ့ချင်က လေးနက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါဒီအကြောင်းကို စဉ်းစားထားလိုက်မယ်။ မင်းပြောစရာတွေ ရှိသေးလား”
“အို မြို့တော်ဝန်က ကျွန်တော်ကို နှင်လွှတ်နေတာလား။ ကောင်းပါပြီ။ ကျွန်တော်မှာလည်း ဒီမှာနေဖို့ အကြောင်းမှ မရှိတာ။ မြိုတော်ဝန် စဉ်းစားပြီးရင် ကျွန်တော်ကို ဖုန်းတစ်ချက် ပြန်ခေါ်ပေးပါ”
ဖုန်းယွီက ပြန်ထွက်သွားခဲ့သည်။ သူသည် လက်ထောက်မြို့တော်ဝန်ရှုနှင့် ပတ်သက်သည့် စကားတစ်ခွန်းမျှမပြောခဲ့ပေ။