မြို့တော် အစိုးရတွင် အစည်းအဝေး ဆက်ထိုင်ခြင်း
Vol. 14 Ch. 209
ဒေါက်ဒေါက်ဒေါက်
ရုံးတံခါး ခေါက်သံ ဖြစ်သည်။ လက်ထောက်မြို့တော်ဝင်ရှု အတွင်းရေးမှူးက ကြည့်လိုက်ချိန် ဖုန်းယွီကို မြင်လိုက်သည်။ သူက နာရီကို ကြည့်လိုက်စဉ် မွန်းလွဲ ၂နာရီ ထိုးနေပြီ ဖြစ်သည်။
အတွင်းရေးမှူးက ဖုန်းယွီက နေ့လည်ခင်းတွင် အစည်းအဝေးတက်ရောက်ရန် အကြောင်းကြားခဲ့သော်ငြား အချိန်အတိအကျ သို့မဟုတ် မြို့တော်ဝန်နှင့် တွေ့ဆုံရန်အတွက် အချိန် စောလာသူများ ရှိပေသည်။
ဖုန်းယွီသည် ဆန့်ကျင်ဖက် ဖြစ်နေသည်။ သူသည် အချိန်အတိအကျ လာခဲ့သော်ငြား သူရောက်ရှိသည့် အချိန်တွင် လက်ထောက်မြို့တော်ဝန် ရှုဆီသို့ မလာခဲ့ပေ။ ထိုအစား သူသည် လက်ထောက်မြို့တော်ဝန် ကျန်းဆီသို့ သွားခဲ့သည်။ အတွင်းရေးမှူး၏ အတွေးတွင် ဖုန်းယွီက ကျန်းရွေ့ချင်ဆီသို့ အကူအညီတောင်းရန် သွားသည်ဟု တွေးခဲ့သည်။ သို့သော် ကျန်းရွေ့ချင်က ဖုန်းယွီနှင့် မလိုက်လာခဲ့ပေ။ ကျန်းရွေ့ချင်၏ အတွင်းရေးမှူးတောင် ဤနေရာတွင် မရှိနေကာ သူတို့ဆီကို ဖုန်းခေါ်ဆိုမှု တစ်ခုတောင်မှ မရခဲ့ပေ။
ဖုန်းယွီအကူအညီတောင်းရာတွင် အောင်မြင်ပါက သူသည် ဒုက္ခရောက်မည်မှန်း ရှောင်စွန်းသိပေသည်။ သူ၏ သူဌေးသည် ဖုန်းယွီကို အချိန်ကိုက်မရောက်လာအောင် မစွမ်းဆောင်နိုင်သည့်အတွက် သူ့ကို အပြစ်ပေးမည် ဖြစ်ပေသည်။
“ဘာလို့ မင်းအဲ့လောက်နောက်ကြောက်နေတာလဲ”
ရှောင်စွန်းက စိတ်မပျော်ရွှင်စွာဖြင့် အော်လိုက်သည်။
“ဖုန်းယွီက သူ့၏ ပခုံးကို ပင့်လိုက်ကာ
“ဘာလဲ လက်ထောက်မြို့တော်ဝင်ရှုက ထွက်သွားပြီလား။ အဲတာဆို ငါနောက်နေ့မှပဲ ပြန်လာတော့မယ်”
ရှောင်စွန်းက မှင်သက်သွားကာ ဖုန်းယွီ၏ လက်မောင်းကို အလျင်အမြန် ဆုပ်ကိုက်လိုက်သည်။
“လက်ထောက်မြို့တော်ဝင်ရှုက အထဲမှာ ရှိတယ်။ ငါနဲ့လိုက်ခဲ့”
ချီးပဲ ဒီဖုန်းယွီက သာမန်လူတွေလို မပြုမူတက်ဘူးလား။ တကယ်လို့ ခေါင်းဆောင်က ထွက်သွားရင်တောင် သူက ဒီနေရာမှာပဲ နေပြီး စောင့်နေရမှာလေ။ ဘယ်လိုလုပ် လှည့်ပြန်ထွက်ဖို့ စိတ်ကူးနေရတာလဲ”
ဖုန်းယွီက ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။ လက်ထောက်မြို့တော်ဝန် ရှုနှင့် လီမင်တသည် အထဲဝင်လာသည်ကို ကြားသော်ငြား သူတို့သည် သတင်းစာများကိုသာ ဆက်ဖက်နေသည်။ သူတို့က မည်သူတစ်ဦးတစ်ယောက်မှ မဝင်လာသည့် ဟန်ဆောင်နေကြသည်။
“မြို့တော်ဝန်ရှု ဖုန်းယွီရောက်ပါပြီ”
လက်ထောက်မြို့တော်ဝင်ရှုက ဘာမှ မပြောပေ။ ပြီးနောက် လီမင်တကလည်း ဖုန်းယွီကို မမြင်ချင်ယောင်ဆောင်နေသည်။ ဖုန်းယွီသည် လက်ထောက်မြို့တော်ဝင်မြို့က သူ့ကို အခန်းထဲဝင်ရန် တောင်းဆိုလျှင်တောင် ဂရုစိုက်မည် မဟုတ်ပေ။ သူက ရုံးခန်းထဲသို့ ဝင်လာပြီး လီမင်တဘေးရှိ ဆိုဖာတွင် ထိုင်လိုက်သည်။
လီမင်တက ဖုန်းယွီကို မမြင်ချင်ယောင်ဆောင်လို့ မရတော့ပေ။ သူက သတင်းစားကို ချလိုက်ပြီးနောက် ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။
“မင်းစည်းမျည်းတွေကို သိရဲ့လား။ ဘယ်သူက မင်းကို ဝင်လာခိုင်းလို့လဲ”
ဖုန်းယွီက ဆိုဖာပေါ်မှီလိုက်ပြီး ခြေထောက်တင်ပျဉ်ခွေထိုက်ကာ သူက ရှောင်စွန်းဖက်လှည့်ကာ ပြောလိုက်သည်။
“အတွင်းရေးမှူးစွန်း ဘယ်လိုလုပ် ငါ့အတွက် လက်ဖက်ရည် မရှိရတာလဲ”
လက်ထောက်မြို့တော်ဝန်ရှုက ဆက်ပြီး သည်းမခံနိုင်ပေ။ ဖုန်းယွီက အလွန်ရိုင်းစိုင်းလွန်းပေသည်။ ယခုနေရာက သူ့ရုံခန်း ဖြစ်သည်။ ဘင်းမြို့တော် လက်ထောက်မြို့တော်ဝန်၏ ရုံးခန်း ဖြစ်ပေသည်။
ဖုန်းယွီက သူ့အိမ်ဟု ထင်နေသည်လော။ သူ့အနေဖြင့် ရှောင်စွန်းကိုသာ သူ့အတွက် လက်ဖက်ရည် ငှဲ့ခိုင်းခဲ့သည်လော။
“အဟွတ်...ရှောင်စွန်း မင်းအရင် ထွက်သွားလိုက်။ အစည်းအဝေးက နေ့ခင်းသုံးနာရီမှ ပြီးမယ်”
လက်ထောက်မြို့တော်ဝန်ရှုက သူဖတ်လက်စ သတင်းစာ ချလိုက်သည့် အချိန်တွင် ဖုန်းယွီက မတ်တပ်ရပ်ပြီး သူ့ကို နှုတ်ဆက်လိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ဖုန်းယွီက ဘာမှ မပြောဘဲ အနားယူသည့် ပမာ ပြုမူနေသည်။ ပထမက လက်ထောက်မြို့တော်ဝန် ရှုနှင့် လီမင်တက ဖုန်းယွီကို မတ်တပ်ရပ်ခိုင်းကာ ဖိအားပေးမည်ဟု စီစဉ်ခဲ့သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် အကြိမ်ရေ မတွက်နိုင်လောက်အောင် အသုံးပြုခဲ့လေရာ အခြားတစ်ဖက်လူကို ထိပ်ထိပ်ပြာပြာ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ယခု ထိုနည်းလမ်းက ဆွေးနွေးရာတွင် ပိုမိုလွယ်ကူစေကာ ဖုန်းယွီကို ရှယ်ယာများ ပြန်လည်ပေးအပ်ရန်အတွက် ဖိအားပေးနိုင်မည် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီက သူ၏ လှည့်စားမှုများကို မြင်ပုံပေါ်ကာ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။
“ရှောင်ဖုန်း ဒီနေ့ ဘာလို့ မင်းကို ဒီကိုလာခိုင်းလဲဆိုတာ သိလား”
လက်ထောက်မြို့တော်ဝန်ရှုက ဆွေးနွေးရန်အတွက် ပြန်လည် ပြင်ဆင်လိုက်သည်၊။ သူက အများကြီးမပြောပေ။ သူက အခြားသူကို ခန့်မှန်းစေချင်သည်။
ဖုန်းယွီက မျက်လုံးဖွင့်လိုက်ပြီးနောက် ကြောင်တောင်တောင် အကြည့်ဖြင့် ကြည့်ကာ
“လက်ထောက်မြို့တော်ဝင်ရှု လက်ထောက်မြို့တော်ဝန်က ကျွန်တော်ကို ပြောနေတာလား။ တောင်းပန်ပါတယ်။ ကျွန်တော် ဂရုမစိုက်မိလိုက်ဘူး။ ကျွန်တော်က ဘင်းမြို့တော် အနားမှာ ရှိတဲ့ အရောင်းပြခန်းကို နေ့ခင်းမှာ သွားခဲ့တာ။ ကျွန်တော် အရမ်းအလုပ်ရှုပ်နေတယ်”
လက်ထောက်မြို့တော်ဝင်ရှုက အလွန်ဒေါသထွက်သွားသည်။ ထိုနည်းလမ်းဖြင့် ဖုန်းယွီက သူ့ကို စကားပြောလိုက်ခြင်းပင် ဖြစ်သည်။ မြို့တော်ဝန်မှ လွဲပြီး အခြားသူများသည် သူ့ကို မြို့တော်ဝန်ရှုဟု ပြောဆိုကြသည်။ သို့သော် ဖုန်းယွီက သူ့ကို တမင်တကာ လက်ထောက်မြို့တော်ဝင်ရှုဟု ပြောလိုက်သည်။ ဖုန်းယွီက သူ့ကို ဘယ်လောက်တောင် အလုပ်ရှုပ်ကြောင်း ပြောလိုက်သည်လော။ ငါ့ထက် အလုပ်ရှုပ်တာလော။
ထိုကောင်စုတ်လေးသည် သူ့တွင် အဆက်အသွယ်နှင့် ငွေရှိသည်ဆိုတိုင်း ရိုင်းစိုင်းလို့ ရသည်ဟု ထင်နေသည်လော။
“ရှောင်ဖုန်း မင်းမသိချင်ယောင် ဆောင်မနေနဲ့။ မင်းကို ဒီကို ဘာလို့ ရောက်လာစေချင်လဲဆိုတဲ့ အကြောင်းအရင်း မင်းရှင်းရှင်းလင်းလင်းသိတယ်။ ငါ့အနေနဲ့ လေယဉ်ထုတ်လုပ်တဲ့ စက်ရုံနဲ့ မင်းနဲ့ ဘယ်လို အဆက်အသွယ်တွေ ရှိလဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက ရှယ်ယာတွေကို မြို့တော်ဆီကို ပြန်ရောင်းရမယ်။ စက်ယန္တရားကုမ္ပဏီက နိုင်ငံပိုင် ကုမ္ပဏီ ပြီးတော့ စုပေါင်းလုပ်ငန်း ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”
လီမင်တက အော်လိုက်သည်။ ဖုန်းယွီက အလွန်အံ့ဩသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်၊။
“ဒါရိုက်တာလီ ခင်ဗျားဘာတွေ ပြောနေတာလဲ။ စက်ယန္တရားကုမ္ပဏီက စုပေါင်းလုပ်ငန်းပဲလေ။ ပြန်လည် ဖွဲ့စည်းပြီးတဲ့ အချိန်မှာတောင် ဒါက စုပေါင်းလုပ်ငန်းပဲ။ ခင်ဗျားက စက်ယန္တရားကုမ္ပဏီက လက်ရှိမှာ တစ်ဦးတစ်ယောက်တည်းက ပိုင်တယ်လို့များ တွေးနေတာလား”
ဖုန်းယွီက လီမင်တကို စိုက်ကြည့်ပြီးနောက် ထိုသို့ ပြောလိုက်ပေသည်။
လီမင်တသည် ဒေါသထွက်လွန်း၍ သေချင်စိတ်ပေါက်သွားသည်။ ဖုန်းယွွီက သူ့ကို သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီတွင် ထိန်းချုပ်နိုင်သည့်သူ ဖြစ်သူဟု စိန်ခေါ်ရင်း ပြောလိုက်ခြင်း ဖြစ်ပေသည်။
“ရှောင်ဖုန်း ဒီကိစ္စကို ရှောင်လွဲဖို့ မကြိုးစားနဲ့။ ငါ့ကို တည့်တည့်သာသာပြော။ ရှယ်ယာ တစ်ဆယ့်လေးရာခိုင်နှုန်းကို ပြန်ပေးမှာလား”
လီမင်တက မေးလိုက်သည်။
“ပြန်ပေးမှာလား။ ခင်ဗျားဘာကို ဆိုလိုချင်တာလဲ။ ကျွန်တော်က အဲဒီပိုက်ဆံတွေကို ကျွန်တော်ရဲ့ ပိုက်ဆံနဲ့ ဝယ်ခဲ့တာ။ ခင်ဗျားရဲ့လေသံက ကျွန်တော်ကပဲ အဲဒီရှယ်ယာတွေကို ခိုးထားသလိုလို။ ဓားမြတိုက်ထားသလိုလို။ ဒါရိုက်တာလီ ခင်ဗျားပါးစပ်က ထွက်လာတဲ့ စကားလုံးတွေ အတွက် ခင်ဗျားတာဝန်ခံရမယ်”
လက်ထောက်မြို့တော်ဝင်ရှုက လီမင်တာကို စိုက်ကြည့်နေသည်။ မင်းက ဒီမှာ အကြီးလေ။ ဘာလို့ အနုတ်စုတ်ကောင်နဲ့ ငြင်းခုန်နေရတာလဲ။ အဆိုးဆုံးက မင်းက ငြင်းခုံတာကို ကျရှုံးတာပဲ။ ဒီနှစ်တွေမှာ မင်းဘယ်လို ဖြတ်သန်းခဲ့တာလဲ။
လက်ထောက်မြို့တော်ဝန်ရှုက လီမင်တကို စကားပြောရန် ခွင့်ပြုချင်ပုံမပေါ်။ လီမင်တသည် ဖုန်းယွီလောက် စကားပြောမကောင်းပေ။
“ဖုန်းယွီ အရမ်းကြီး စိတ်ထဲမထားပါနဲ့။ ငါတို့တွေက ဒီကို ခေါ်တယ်ဆိုတာ မင်းနဲ့ ဆွေးနွေးညှို့နှိုင်းဖို့ပဲ။ စက်ယန္တရားစက်ရုံက နိုင်ငံပိုင် စက်ရုံကို ပြန်လည်ဖွဲ့စည်းတဲ့ နေရာမှာ အအောင်မြင်ဆုံးပဲ။ ဒါက မြို့တော်ရဲ့ စံပြ။ ပြီးတော့ မြို့တော် အနေနဲ့ ရှယ်ယာတွေကို ထိန်းချုပ်ထားမှ ရမှာ။ ငါတို့တွေက အများကြီး မလိုပါဘူး။ မြို့တော်ကို တစ်ဆယ့်တစ်ရာခိုင်နှုန်းပဲ ပြန်ရောင်း ဟုတ်တယ်မလား”
ချီးပဲ ငါ့ဦးနှောက်ကို အခြောက်ခံပြီး စက်ယန္တရားစက်ရုံမှာ ရှိတဲ့ ငါ့ရဲ့ ရှယ်ယာတွေ ဘယ်လိုမျိုး များအောင် လုပ်မယ်ဆိုတာ စဉ်းစားခဲ့ရတာ။ ဒိလိုမျိုးနဲ့ ခင်ဗျားက မြို့တော်ကို ပြန်ရောင်းစေချင်တာလား။
ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီကို လယ်ယာထုတ်လုပ်သုံး စက်ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရေး လမ်းကြောင်းများ ရရန်အတွက် ကူညီပေးခဲ့ပြီး မြို့တော် အနေနဲ့ ထိုအရာများ အားလုံးသည် အခမဲ့ဟု ထင်ခဲ့သည်လော။
ဖုန်းယွီက အစီအစဉ်ချပြီး တစ်ဆင့်ခြင်းလုပ်ခဲ့သည်မှာ ကာလ ကြာပြီ ဖြစ်သည်။ နိုင်ငံပိုင် လုပ်ငန်းများ၏ လက်ရှိ အလုပ်သမားများသည် မဆိုးပေ။ သို့သော် ၁၉၉၅ ကျော်လွန်ပြီးနောက် အလုပ်များကို အစိုးရက ခန့်အပ်တော့မည်မဟုတ်ပေ။ ကျွမ်းကျင်မှု မရှိ၊ တာဝန်ယူမှု မရှိသော အလုပ်သမားများ စက်ရုံအတွင်းကို ဝင်လာခြင်းက နိုင်ငံပိုင် လုပ်ငန်းများ၏ စီးပွားရေးကို ကျဆင်းစေသည့် အကျိုးအမြတ် ထွက်ပေါ်စေခဲ့သည်။
လက်ရှိတွင် ဖုန်းယွွီသည် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာ လေးဆယ့်လေး ရာခိုင်နှုန်းကို ရထားသည်။ သို့သော် သူကျေနပ်ခြင်း မရှိပေ။ သူသည် ခြောက်ဆယ့်ခုနှစ်ရာခိုင်နှုန်းကိုတောင် လိုချင်ကာ ကုမ္ပဏီရှိ ရှယ်ယာများကို ထိန်းချုပ်ခွင့် ရချင်သည်။ သူ့အနေဖြင့် ထိုကုမ္ပဏီကို သူ့ကုမ္ပဏီအဖြစ် ပြောင်းချင်ကာ သူ့၏ နောက်လိုက်များသည်လည်း သူ့အကြံအဉာဏ်အတိုင်းလိုက်မည် ဖြစ်သည်၊။ သူက ရှယ်ယာများကို ပိုရရှိရန် နည်းလမ်းများကို စဉ်းစားနေဆဲ ဖြစ်ကာ သူ၏ ရှယ်ယာများကို ဘင်းမြို့တော်ဆီသို့ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းကို ပြုလုပ်နိုင်မည်နည်း။
“လက်ထောက်မြို့တော်ဝန်ရှု စက်ယန္တရား ကုမ္ပဏီက ဒီနေ့လို အောင်မြင်လာရတဲ့ အကြောင်းက ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုကနေပြီး ဝယ်ခဲ့တဲ့ အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ကြောင့်ပဲ။ ကျွန်တော် မပါဘဲ လက်ထောက်မြို့တော်ဝန်အနေနဲ့ စက်ယန္တရားကုမ္ပဏီက နှစ်တိုင်းနှစ်တိုင်း အကျိုးအမြတ်အများကြီး ရမယ်လို့ တွေးနေတာလား။ ဒါတင်မကဘူး။ မြို့တော်ရဲ့ အခြားစက်ရုံတွေကို ကြည့်လိုက်ဦး။ အဲဒီ စက်ရုံတွေကလည်း ထုတ်လုပ်နိုင်စွမ်းမှာ တိုးတက်လာပြီး ပြည်တွင်းဈေးကွက်မှာတောင် ယှဉ်ပြိုင်နိုင်ပြီ။ လက်ထောက်မြို့တော်ဝန် အနေနဲ့ ဘာလို့ ဒီလိုမျိုး ဖြစ်လာတာလဲ သိလား။ အခု လက်ထောက်မြို့တော်ဝန်က ကျွန်တော်ကို ဒီလို ပြောနေတာက မြို့တော် အနေနဲ့ စက်ယန္တရားကုမ္ပဏီရဲ့ ရှယ်ယာတွေကို ထိန်းချုပ်ချင်တာကြောင့်ပဲ။ ကျွန်တော်က လက်ထောက်မြို့တော်ဝင်ကို ရောင်းရမှာလား။ ဘာကြောင့် ကျွန်တော်က ရောင်းရမှာလဲ”
လက်ထောက်မြို့တော်ဝင်ရှုသည် ဖုန်းယွီကို ပြောသည်ကို ကြားသည့်အခါ ဆို့သွားသလို ခံစားလိုက်ရသည်။ သူသည် ဖုန်းယွီကို ကောင်းကောင်းမွန်မွန်ဖြင့် ညှိုနှိုင်းနိုင်မည်ဟု ယုံကြည်ခဲ့ကာ လီမင်တလောက် ဆိုးသွမ်းစရာ မလိုပေ။ သူက သူတော်ကောင်းလေးဟု ရည်ညွှန်းခဲ့ပြီး လီမင်တက ကောင်ဆိုးဟု ညှိုခဲ့သည်။ ဖုန်းယွီ သဘော မတူလျှင်တောင် သူနောက်ဆုတ်လိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ဖုန်းယွီ စိတ်ဓာတ်ခိုင်မာမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။
လက်ထောက်မြို့တော်ဝန်ရှုသည် ဘင်းမြို့တော်၏ စက်မှုလုပ်ငန်း တိုးတက်လာမှုတွင် များပြားသော အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရင်းကို သိပေသည်။ ယင်းက ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများကြောင့် ဖြစ်ပေသည်။ စက်ပစ္စည်းများကို အဟောင်းများကို အစားထိုးခြင်း ရောင်းချခြင်းမျိုး ပြုလုပ်ခဲ့သည်။ မြို့တော်သည် ငွေပမာဏများစွာ ရခဲ့သော်ငြား အာမခံဖြင့် ဘဏ်တွင် ချေးယူများ ယူကြပေသည်။
ယခုလက်ရှိတွင် မြို့တော်၏ စက်မှုတော်လှန်ရေးသည် ဖြည်းဖြည်းခြင်း အောင်မြင်ဆုံး အချိန်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ဖုန်းယွီက ထိုအရာများ အားလုံးတွင် အဓိက ကျနေခဲကာ ထိုအရာများ အားလုံးကို ဖုန်းယွီ ဖြန့်ဖြူးခဲသည်ဟု ပြောနိုင်ပေသည်။
ယခုလက်ရှိတွင် ဖုန်းယွီသည် လက်ထောက်မြို့တော်ဝန်ရှုကို အဘယ်ကြောင့် ရှယ်ယာများကို ပြန်ရောင်းရမည်နည်းဟု မေးသည့်အခါ လက်ထောက်မြို့တော်ဝန်ရှုသည် မည်သို့ ပြန်ဖြေရမှန်းမသိပေ။ သို့သော် သူ့၏ ရင်ထဲတွင်တော့ ယင်းက မြို့တော်သူ မြို့တော်သားများကောင်းစားရေးအတွက်ဟု ခေါင်းမာမာဖြင့် ခံစားနေရသည်။ သူသည် သေချာပေါက် ဖုန်းယွီကို ဆက်လက် ဖိအားပေးရမည်ပင်။