အခန်း (၂၁၀)
Vol. 14 Ch. 210
လက်ထောက်မြို့တော်ဝန်ရှုက တစ်ခဏအကြာတွေးလိုက်ပြီးနောက် ဖုန်းယွီကို ပြန်ဖြေလေသည်။
“ဖုန်းယွီ မင်းအနေနဲ့ စက်ယန္တရားကုမ္ပဏီအတွက် ကြီးမားတဲ့ ထောက်ပံ့မှုတွေ ယူဆောင်ခဲ့တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါတို့တွေကလည်း မင်းရဲ့ ရှယ်ယာတွေအကုန်လုံးကို ပြန်ရောင်းဖို့အတွက် မတောင်းဆိုပါဘူး။ ငါတို့အနေနဲ့ ရှယ်ယာ ဆယ့်တစ်ရာခိုင်နှုန်းပဲ လိုချင်ပြီးတော့ မင်းကို ဈေးကွက်ပေါက်ဈေးအတိုင်းပဲ ပေးမှာပါ။ မြို့တော်မှာ စက်ယန္တရားကုမ္ပဏီအတွက် ဘက်ပေါင်းစုံဖွင့်ဖြိုးတိုးတက် ဖို အစီမစဉ်တွေရှိတယ်။ ဒါပေမယ့် လီမင်တရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မယ်ဆိုရင်တော့ ဒါက ကုမ္ပဏီရဲ့ ဖွင့်ဖြိုးမှုအတွက် ကောင်းမှာ မဟုတ်ဘူး။ ”
ကောင်းပြီလေ ငါက ကုမ္ပဏီရဲ့ တိုးတက်မှုကိုနှောင့်နှေးစေတယ်လို့ မင်းက ပြောချင်တာလား။
ဖုန်းယွီက စိတ်တိုသွားသည်။ ကုမ္ပဏီ၏ တိုးတက်မှုအတွက် ဖျက်လိုဖျက်ဆီးလုပ်နေသူက မည်သူနည်း။ ထိုသို့ပြောပြီဆိုကတည်းက ယင်းအကြောင်းကို ဆွေးနွေးရတော့ပေမည်။
“လက်ထောက်မြို့တော်ဝန်ရှု လက်ထောက်မြို့တော်ဝန်ရဲ့ အစီအစဉ် ဒါမှမဟုတ် ကုမ္ပဏီအတွက် ဒါရိုက်တာလီရဲ့ အစီအစဉ် ကျွန်တော်သိခွင့် ရမလား။ ”
ငေါ့တော့တော့ဖြင့်မေးလိုက်သည်။ ဘယ်မြို့တော် အစီအစဉ်အကြောင်းမင်းက ပြောနေရတာလဲ ။ ဒါတွေအကုန်လုံးက လီမင်တရဲ့ အစီစဉ်ပဲလေ။
ဖုန်းယွီ၏ ကြမ်းတမ်းသော စကားများကို ကြားပြီးနောက် လီမင်တက မအံ့သြတော့ပေ။ သူက လက်ထောက်မြို့တော်ဝန်ကို ကြည့်လိုက်ပြီးနောက် ခွင့်ပြုသည့်ပုံ ရသွားသည်။ သူက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ရှောင်ဖုန်း မင်းအနေနဲ့ ဆိုဖီယက်ပြည်ထောင်စုကနေပြီးတော့ စက်ပစ္စည်းတွေနဲ့ နည်းပညာရတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ အဲ့ဒါတွေက အဆင့်မြင့်ပြီးတော့ မင်းကောင်းကောင်းရောင်းနိုင်တယ်ဆိုတာသိတယ်။ ဒါ ပေမယ့် မင်းအနေနဲ့ အရင်က ဒီလောက်ကြီးမားတဲ့ စက်ရုံကို ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အတွက် အ ရာအများကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက်အရာအများကြီးကို ဖြေရှင်းနိုင်ပြီးတော့ အရည်အသွေးပြည့်မှီဖို့လည်း လိုသေးတယ်။ မင်းအနေနဲ့ ကုမ္ပဏီရဲ့ အနာဂတ်ကိုလဲ စဉ်းစားရမယ်။ စက်ယန္တရားကုမ္ပဏီက အနာဂတ်မှာ လယ်ယာသုံးစက်ပစ္စည်းထုတ်ဖို့အတွက် အာရုံစိုက်လိမ့်မယ်။ အဲဒီလိုအပ်ချက်တွေကလည်း ဝယ်လိုအားကလည်း အရမ်းများတယ်။မော်တော်ဆိုင်ကယ်ကရတဲ့ အကျိုးအမြတ်က များပေမယ့် ဈေးကွက်က ကြီးလို့လား။ တကယ်လို့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီးရေ တစ်သောင်းကျော်ရောင်းချနိုင်အောင် အခြားမြို့မှာ ရှိတဲ့ စက်ရုံတွေကလည်း ဆိုင်ကယ်တွေကို တည်ဆောက်နိုင်တယ် ။ မော်တော်ဆိုင်ကယ်အတွက် တိုးတက်မှုဆိုတာက ဘယ်မှ ရှိလို့လည်း”
အော် လီမင်တသည် လယ်ယာသုံးစက်ပစ္စည်းများက မော်တော်ဆိုင်ကယ်ထက် ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရှိတယ်ဆိုတာ ခံစားမိတာလား။ ယင်းအတွေးသည် ဖုန်းယွီနှင့် အတူတူပင်ဖြစ်သည်။ အနာဂတ်တွင် တရုတ်နိုင်ငံတွင် ချမှတ်သည့် ပေါ်လစီအများအပြားသည် စိုက်ပျိုးရေးတွင် ဖြစ်သည်။ လယ်ယာသုံးစက်ပစ္စည်းများ၏ ဈေးကွက်သည် အလွန်ကြီးပေသည်။ ထိုဈေးများ၏ ဈေးနှုန်းသည်လည်း မြင့်လာမည်ဖြစ်ကာ ယင်းက စိုက်ပျိုးရေးထုတ်လုပ်သည့် စက်ရုံကို ပြန်လည်ရှင်သန်စေဖို့ အတွက် တွန်းအားပေးခဲ့သည်။ အခြားတစ်ဖက်တွင် မော်တော်ဆိုင်ကယ်၏ ဈေးနှုန်းများသည်လည်း ကျလာပြီး ပြိုင်ဘက်ပိုများလာမည် ဖြစ်သည်။
အကယ်၍ လီမင်တသည် လယ်ယာသုံး စက်ယန္တရားများကို ဖွင့်ြ့ဖိုးတိုးတက်အောင် လုပ်ချင်ပါက ဖုန်းယွီသည် သူ့ကို မတူကွဲပြားသည့် အမြင်ဖြင့် မြင်ရမည်။ သို့သော် လီမင်တက မည်သို့တွေးသနည်း။ သူက သူ့အကြံစည် အောင်မြင်စေရန် တစ်စုံတစ်ယောက်စီ သွားကပ်နေပြီလား။
ယခုလက်ရှိတွင် လယ်ယာသုံးစက်ပစ္စည်းများတိုးမြှင့် ထုတ်လုပ်ခြင်းက လိုအပ်ချက်ကို ပြည့်မှီရုံသာရှိသည် ။ သို့သော် လယ်ယာသုံးစက်ပစ္စည်းတွင် သုတေသနနှင့် ဖွင့်ဖြိုးတိုးတက်မှု အစီအစဉ် မရှိပါက စက်ယန္တရားကုမ္ပဏီ အနေဖြင့် ပြိုင်ဘက်များ၏ရှေ့တွင် ဆိုဗီယက်ပြည်ထောင်စုမှ အဆင့်မြင့်စက်ပစ္စည်းများနှင့် နည်းပညာများနှင့် ဘယ်လောက်ကြာကြာနေနိုင်မည်နည်း။ ဆိုဗီယက်ပြည်ထောင်စုမှစက်ယန္တရားနှင့် နည်းပညာများသည် တရုတ်နိုင်ငံထက် ဆယ်နှစ်ကျော် ဦးဆောင်နေသည်ငြား ယင်းက ဘာမှမဟုတ်ပေ။ သုံးနှစ်မှ ငါးနှစ်ကြာပြီနောက် စက်ယန္တရားကုမ္ပဏီသည် သူ့၏ အမြတ်များဆုံးရှုံးမည်ပင်ဖြစ်သည်။
ဖုန်းယွီ ကုမ္ပဏီကို ထိန်းချုပ်ပိုင်ခွင့် အပြည့်အဝရရှိပြီးနောက် ပထမဆုံး လုပ်မည့်အရာသည် လယ်ယာသုံးစက်ပစ္စည်းများ၏ သုတေသနနှင့် အစီအစဉ်တွင် ရင်းနီးမြှုပ်နံရန်ဖြစ်သည်။ သူတို့သည် စက်ပစ္စည်းများကို ပြုပြင်ကာ ဆက်လက်ပြုပြင်ပြီး အဆင့်မြှင့်တင်ကာ တရုတ်နိုင်ငံတွင် အကောင်းဆုံးဖြစ်စေရမည်။ ယင်းသည် ထို ဈေးကွက်တွင် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရာပင်ဖြစ်ပေသည်။
သို့သော် ဖုန်းယွီသည် ယင်းအကြောင်းကို မည်သူ့ကို မျှ မပြောပြဖူးပေ။ လီမင်တက ထိုအကြောင်းကို ပြောစဉ်က သူသည်စဉ်းစားမည်ပင်ဖြစ်သည်။ သူ့တွင် စိုက်ပျိုးရေးစက်ပစ္စည်းများအတွက် အစီအစဉ်ရှပြီဆိုကတည်းက အဲ့အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ပိုပြီး ရင်းနှီးနေရသနည်း။ ဖုန်းယွီက လီမင်တအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းများတွင် အလားလာရှိသည်ကို တကယ်ခံစားရသည်လော။ သို့မဟုတ် သူနှင့် ရင်ဆိုင်ရန်အတွက် အကြောင်းပြချက်လားဆိုတာကို စမ်းသပ်ချင်ပေသည်။
‘လက်ထောက်မြို့တော်ဝန်ရှု ဒါရိုက်တာလီ နှစ်ယောက်စလုံးက လယ်ယာသုံးစက်ပစ္စည်းမျာက အလားလာရှိတယ်လို့ တွေးကြတယ်။ ဒါပေမယ့် ကုမ္ပဏီက မော်တော်ဆိုင်ကယ်က ရတဲ့အကျိုးအမြတ်က အများဆုံးဆိုတဲ့အချက်ကိုတော့ ငြင်းဆိုလို့ မရနိုင်ဘူး။ မော်တော်ဆိုင်ကယ်ရောင်းအာက တော်တော်လေး ကောင်းတယ်။ ပြီးတော့ ရာသီဥတုပူပြင်းလာတာရယ် အမှတ်တံဆိပ် လာတာရယ်က ရောင်းအားကို ပိုပြီးတော့ များစေမှာ မောတော်ဆိုင်ကယ်နှစ်စီးရောင်းရတဲ့ အကျိုးအမြတ်က ထွန်စက်တစ်စီး ရောင်းရတဲ့ အကျိုးအမြတ်နဲ့ အတူတူပဲ။ ဒါပေမယ့် ကုန်ကျစရိတ်ကို ခွဲကြည့်မယ်ဆိုရင်တော့ ထွန်စက်တစ်စီးရဲ့ ကုန်ကျငွေက မော်တော်ဆိုင်ကယ်လေးစီးစာနဲ့ ညီမျှတယ်။ ထုတ်လုပ်တဲ့ အချိန်ကိုပဲ မကြည့်နဲ့ဦး။ စက်ယန္တရားကုမ္ပဏီအတွက် ပစ်မှတ်ကို မြို့တော်က သတ်မှတ်တာမလား။ အရောင်းတားကတ်ကို မြို့တော်က သတ်မှတ်ရင် မြို့တော်အစိုးရအတွက် ပိုပြီးတော့ ရလာစရာအကြောင်းမရှိဘူးလား။ ”
“ဒါပေမယ့် မောတော်ဆိုင်ကယ်ရောင်းအားက ကျော်သွားရင်ရော ငါအခုလေးတင်ပြောလိုက်တာက နိုင်ငံတွင်းမှာရှိတဲ့ အခြားမော်တော်ဆိုင်ကယ်စက်ရုံတွေကလည်း သူတို့ရဲ့ နည်းစနစ်ကို အဆင့်မြှင့်တင်နေပြီ။ အဲ့ဒီ ဈေးကွက်ကကြီးတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲ့ဒီဈေးကွက်က ပျက်သွားမှာ။ မော်တော်ဆိုင်ကယ်က သူ့ရောင်းအားကို ဘယ်လောက်ထိန်းထားနိုင်မှာ မို့ိုလို့လဲ။ ဖြစ်နိုင်ချေ အရှိဆုံးနည်းလမ်းက လက်လီဈေးကို လျော့ချဖို့ပဲ။ ဒါပေမယ့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းတွေကတော့ ကွဲပြားတယ်။ အခြားစက်ရုံတွေက ငါတို့နဲ့ မယှဉ်နိုင်ဘူး။ ပြီးတော့ ငါတို့တွေက အဲဒီရဲ့ ဈေးကွက်မှာခေါင်းဆောင်တွေ”
လီမင်တက ပြန်ပြောလိုက်သည်။
ဖုန်းယွီက ပြောလိုက်ကာ
“တကယ်လို့ ကျွန်တော်တို့ဈေုးကို လျော့ချမယ်ဆိုရင်တောင်မှ မော်တော်ဆိုင်ကယ်က ရတဲ့အမြတ်က လယ်ယာသုံးစက်ပစ္စည်းတွေထက် များတုန်းပဲ။ ပြိုင်ဘက်တွေက များလာပေမယ့်လည်း မော်တော်ဆိုင်ကယ်က အပြင်ပိုင်းဒီဇိုင်း အမှတ်တံဆိပ် အစရှိတဲ့အရာတွေက အားသာချက်တွေလေ။ ကျွန်တော်တို့က တရုတ်နိုင်ငံရဲ့ အကြီးဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ ဖြစ်လာနိုင်တယ်။ ပြီးတော့ စက်ယန္တရားကုမ္ပဏီအတွက် ဝင်ငွေလည်း အစဉ်အဆက်ရနိုင်တယ်။ ပြီးတော့ မြို့တော်အတွက် အခွန်ငွေလည်း အများကြီးရနိုင်တယ်။ ”
“မော်တော်ဆိုင်ကယ်တွေက ဈေးအရမ်းကြီးတယ်။ ပြီးတော့ သူတို့တတ်နိုင်ရင်တောင်မှ လူဘယ်လောက်များများက ဝယ်မှာလဲ။ ဒါပေမယ့်လယ်ယာသုံးစက်ပစ္စည်းတွေကတော့ ကွဲပြားတယ်။ ငါတို့ တရုတ်နိုင်ငံမှာ လယ်သမားတွေက အများဆုံးပဲ။ ပြီးတော့ စိုက်ပျိုးမြေကလည်း အများကြီးရှိတာ။ ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေအတွက် လိုအပ်ချက်ကလည်း အကြီးကြီးပဲ။ လိုအပ်ချက်ကို ထားလိုက်ဦး။ စိုက်ပျိုးရေးက မော်တော်ဆိုင်ကယ်ထက် ပိုပြီးတော့တောင် အလားလာကောင်းသေးတယ်”
ဖုန်းယွီက လီမင်တကို အသေအချာဖြင့်ကြည့်နေသည်။ သူက ယင်းကို မြင်နိုင်သည်လော။ လီမင်တတွင် ရှေ့ကိုမြင်နိုင်သည့်ပုံပေါ်သည်။
“ဒါရိုက်တာလီက ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှာတော့ ကျွန်တော်က ဘာလို့ လောင်းချေး မထက်ရဲမှာတုန်း။ ဒီနှစ်အတွင်းမှာ သူက မော်တော်ဆိုင်ကယ်အသစ်တွေကို မိတ်ဆက်ပေးမယ့် အထင်ရှားဆုံးကျန်းမော်တော်ဆိုင်ကယ်က စုန်ကျန်းမော်တော်ဆိုင်ကယ်ဖြစ်မှာ”
ဖုန်းယွီက ထိုစကားလုံးများကို တဖန်ကစားနေသည်။ အထင်ရှားဆုံးက ရောင်းအားအကောင်းဆုံးနှင့် အမြတ်အများဆုံးကို ဆိုလိုခြင်းမဟုတ်ပေ။
လီမင်တက တရားနည်းလမ်းကျကျ ပြောလိုက်သည်။
“ရှောင်ယွီ ကုမ္ပဏီရဲ့ အရေးကိစ္စကို ဘယ်လိုလုပ်လောင်းကြေးထပ်ရဲမှာလဲ။ ငါက ပါတီဝင်တစ်ယောက် လောင်းကစားမလုပ်ဘူး”
“ဖုန်းယွီက ….”
ငါနဲ့ ချုပ်ခဲ့တဲ့စာချုပ်နှစ်ခုက လောင်းကြေးကို ထပ်ပြီး ချုပ်ခဲ့တာ မဟုတ်ဘူးလား။ ဖုန်းယွီက တခြားတစ်ဖက်တွင် လက်ထောက်မြို့တော်ဝန်ရှု မြင်သည့်အခါ အခြေအနေကို သူ့ခေါင်းဆောင်ရှေ့တွင် လောင်းကြေးမထပ်ရဲပေ။
လက်ထောက်မြို့တော်ဝန်ရှု ဒါရိုက်တာလီ နှစ်ယောက်စလုံးဘာပဲပြောပြော ကျွန်တော့်အနေနဲ့ ရှယ်ယာတွေအားလုံးကို ရောင်းမှာ မဟုတ်ဘူး။ ကျွန်တော်က မော်တော်ဆိုင်ကယ်စက်ရုံဒါရိုက်တာ ခဏပဲလုပ်ရသေးတယ်လေ။ ကျွန်တော့်အနေနဲ့ စက်ရုံဒါရိုက်တာအနေနဲ့ ရာထူးမတိုးသင့်ဘူးလား”
မြို့တော်ဝန်ရှုသည် ဒေါသကြောင့် သေမလိုဖြစ်သွားသည်။ ဖုန်းယွီက စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရန် ငြင်းဆိုသည်သာမက အာဏာလည်း လိုချင်သေးသည်လော။
အကယ်၍ ဖုန်းယွီသာ စက်ယန္တရားကုမ္ပဏီကို ရှယ်ယာများရောင်းချရန် သဘောတူပါက သူတို့အနေဖြင့် ဖုန်းယွီကို ယင်းရာထူးပေးမည်ဖြစ်သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် ယုံကြည်ချက်ရှိကာ မြို့တော်အစိုးရနှင့် သူနှင့် ညှိနှိုင်းပြီး ဘဏ်မှ ချေးငွေများကို ရယူနိုင်ပေသည်။ သို့သော်ဖုန်းယွီက ပြတ်သားပေသည်။ သူက ရောင်းချရန်အတွက်ငြင်းဆိုလိုက်သည်။ လက်ထောက်မြို့တော်ဝန်ရှုက ဖုန်းယွီကို အာဏာသုံးပြီး ရှယ်ယာများကို မြို့တော်သို့ပြန်လည်ရောင်းချရန် ဖိအားပေးမည်ပင်။
လူကြီးဟိုဟိုက်ထုန်ကို သူတို့ မထိနိုင်ကတည်းက သူတို့သည် ထိုကောင်စုတ်လေးကို တော့ ဂရုစိုက်ရပေမည်။
ထိုစဉ် စက်ယန္တရားကုမ္ပဏီ၏ ရူံးအရာရှိချုပ်သည် မြို့တော်ဝန်ဆီသို့ ပြေးလာသည်။ ကြီးမားသည့် တစ်စုံတစ်ခုဖြစ်ခဲ့သည် သူ့အနေဖြင့် ချက်ချင်းပင် ဒါရိုက်တာလီကို ကြောင်းကြားရပေမည်။ သူသည် လီမင်တကို စာပို့လိုက်သည်။ သို့သော် လီမင်တသည် ဖုန်းပြန်မခေါ်ပေ။
“ဖုန်းယွီ ဒီနေ့ပဲ ရှယ်ယာတွေအကုန်လုံးကို ရောင်းချဖို့ သဘောတူရမယ်။ ဒါကအမိန့်ပဲ”
လက်ထောက်မြို့တော်ဝန်ရှုက စွတ်ခနဲပြောလိုက်သည်။
ဖုန်းယွီက လက်ထောက်မြို့တော်ဝန်ရှုကို ကြည့်လိုက်ကာ ဘာလဲ မင်းက ငါနဲ့ ရင်ဆိုင်ချင်တာလား ကောင်းပြီ မင်းကို ထပ်ပြီးတော့ ငါလည်း မျက်နှာသာ ပေးတော့မှာ မဟုတ်ဘူး။
အမိန့် ဘာအမိန့်လည်း ကျွန်တော့်ကို လာပြီး အမိန့်ပေးနေတာလား။ ကျွန်တော်က ခင်ဗျားရဲ့ လက်အောက်ငယ်သားလား။ လက်ထောက်မြို့တော်ဝန်တစ်ယောက်က ပြည်သူပြည်သားတစ်ယောက်ကို ကုမ္ပဏီရှယ်ယာတွေရောင်းချဖို့အတွက် ဖိအားပေးတယ်ဆိုတာ ကျွန်တော်တစ်ခါမှ မကြားခဲ့ဘူး”
ဖုန်းယွီက သရော်လိုက်သည်။
ဖုန်းယွီ၏ဆက်တိုက်မေးခွန်းများက လက်ထောက်မြို့တော်ဝန်ရှုကို ပိုပြီးတော့တောင် ဒေါသထွက်သွားစေသည်။
“ တကယ်လို့ ဒီနေ့ပဲ ရှယ်ယာတွေရောင်းချဖို့ သဘောမတူဘူးဆိုရင် မော်တော်ဆိုင်ကယ်စက်ရုံရဲ့ ဒါရိုက်တာဖြစ်ဖို့ အိမ်မက်ပဲ မက်လိုက်တော့ ။ မင်းက ယာာီဒါရိုက်တာတောင်မဖြစ်နိုင်တော့်ဘူး။ ဖုန်းရှင်းထောင့်လည်း သူ့ရာထူးဖြစ်တဲ့ လက်ထောက်အထွေထွေမန်နေဂျာဆိုတာကို မေ့ထားလို့ရသွားပြီ။
လက်ထောက်မြို့တော်ဝန်ရှုသည် စားပွဲကို ရိုက်ချကာ အော်လိုက်သည်။
ဟိုဟိုက်ထုန်၏ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စစ်တပ်နောက်ခံရှိသည်။ လက်ထောက်မြို့တော်ဝန်ရှုသည် သူ့ကို ဘာမှမလုပ်နိုင်ပေ။ သို့သော် ထိုကောင်စုတ်လေးက လယ်သမားမိသားစုက ဖြစ်သည်။ သူ့ကို သူနှင့်ရင်ဆိုင်ဖို့အတွက် ရှိပေသည်။ သူသည် ဖုန်းယွီသည် များက ဖုန်းယွီနှင့် သူ့အဖေ၏ ရာထူးများအကုန်လုံးကို ဖယ်ရှားပြီး ရှယ်ယာများကို ရောင်းချရန် နည်းလမ်းအချို့ သုံးနိုင်ပေသည်။ ထိုနည်းလမ်းဖြင့် စက်ယန္တရား ကုမ္ပဏီသည် မြို့တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစဲဖြစ်ပေသည်။
လက်ထောက်မြို့တော်ဝန်ရှိနေသည့် ရုံးခန်းကို ဖြတ်သွားသည့်လူများရှိပေသည်။ သူတို့သည် မြို့တော်အစိုးရ၏ ဝန်ထမ်းများဖြစ်ပေသည်။ အချို့သောသူများသည် ပွဲကိုကြည့်နေကြသည်။ အချို့သောသူမျာက သူတို့ခေါင်းဆောင်ကို တင်ပြကြသည်။ သူတို့သည် ဘာဖြစ်နေသည်ဆိုသည်ကို သိချင်သည်။ အခ်ျို့သော ဝန်ထမ်းမျာက လက်ထောက်မြို့တော်ဝန်ရှု၏ရှေ့တွင် တောက်ပသည့် အခွင့်အလမ်းရရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။
အတွင်းရေးမှူးစွန်းက ချက်ချင်းပင် တံခါးကို ပိတ်လိုက်သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် စားပွဲကို ရိုက်ပြီးဖြစ်ကာ အခြားသောခေါင်းဆောင်များထံ မကောင်းသတင်းပြန့်သွားခြင်က ကောင်းသည့်အရာမဟုတ်ပေ။
ဖုန်ယွီက လီမင်တကို စိုက်ကြည့်လိုက်သည်။
အဓိပ္ပါယ်က တစ်ယောက်ယောက်ကို ကျွန်တော့်ရဲ့ နေရာဖို့အတွက် ရွေးထားတာလား။ အဲဒါဆိုရင် ခင်ဗျားက ဟိုးအရင်တည်းက စီစဉ်ထားတာပေါ့”
လီမင်တက ကောင်းကောင်းနားချရန်ကြိုးစားသည်။
“ရှောင်ဖုန်း စက်ယန္တရားကုမ္ပဏီရဲ့ ရှယ်ယာကို မြို့တော်ကိုပဲ ရောင်းလိုက် ။ ငါမင်းကို မော်တော်ဆိုင်ကယ်စက်ရုံရဲ့ ဒါရိုက်တာဖြစ်ခွင့်ပေးမယ်။ ရှယ်ယာအချို့အတွက် ဒီလိုမျိုးအရေးပါတဲ့ ရာထူးကို အဆုံးရှုံးမခံနဲ့။ မင်း နှစ်သက်တဲ့ပမာဏကို ယူလိုက်တော့ ။ မင်းမှာ ကုန်သွယ်ရေးကုမ္ပဏီလည်း ရှိသေးတာပဲလေ။ ဟုတ်တယ်မလား”
ဖုန်းယွီက သရော်ပြုံးပြုံးကာ
ဒါရိုက်တာက ကျွန်တော့်ကို တော်တော်ဂရုစိုက်တာပဲ။ ဒါရိုက်တာလီက ကျွန်တော်ရှယ်ယာတွေကို ရောင်းချပြီး ငွေရှာဖို့နည်းလမ်းတောင်တွေးပေးသေးတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ရာထူးကို ခင်ဗျားဖယ်ရှားနိုင်တယ်ဆိုတာ သေချာပြီလား။ ကျွန်တော်တို့တွေက စုပေါင်းလုပ်ငန်း။ ပြီးတော့ ခေါင်းဆောင်တွေလည်း ရွေးကောက်ပွဲကနေ ခန့်အပ်တယ်”