အခန်း (၂၁၁)
Vol. 15 Ch. 211
“မင်းက ရွေးကောက်ပွဲကို ပြောနေတာလား။ မော်တော်ဆိုင်ကယ်စက်ရုံမှာ အကုန်လုံးက ငါ့လူတွေချည်းပဲ။ ငါရွေးချုယ်ထားတဲ့သူကို ရွေးချယ်ဖို့အတွက် ငါ့ရဲ့အမိန့်ကိုပဲ သူတို့က လိုက်နာကြမှာ”
လီမင်တက ယုံကြည်ချက်ရှိရှိပြောလိုက်သည်။ ရွေးကောက်ပွဲလား။ ယင်းက လုပ်ငန်းတစ်ရပ်သာဖြစ်ပြီး သူ့အနေဖြင့် မည်သူရွေးကောက်ခံရမည်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။
“ဒါရိုက်တာလီ ခင်ဗျားရဲ့ အတွေး အရမ်းကို ရိုးရှင်းတာပဲ။ စက်ယန္တရားကုမ္ပဏီရဲ့ ရွေးကောက်ပွဲက အဲဒီလူတွေနဲ့ ဆုံးဖြတ်တာမဟုတ်ဘူး။ အစုရှယ်ယာရှင်တွေကပဲ ဆုံးဖြတ်တာ”
လက်ထောက်မြိ့တော်ဝန်ရှုက အံ့အားသင့်သွားသည်။ အစုရှယ်ယာရှင်များက ဆုံးဖြတ်သည်လော။ ယင်းက ဘယ်အဓိပ္ပါယ်နည်း။
ဖုန်းယွီသည် ကြက်သေသေနေသည့် လက်ထောက်မြို့တော်ဝန်ရှုကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူတို့ အကုန်လုံးက အတွေးအခေါ်ဟောင်းတွေရှိနေဆဲပင်။ သူတို့သည် စက်ယန္တရားကုမ္ပဏီကို ပြန်လည်မဖွဲ့စည်းသည့်အတိုင်း စဉ်းစားနေကြကာ သူတို့တွင် အာဏာရှိသည့် သူကထိန်းချုပ်နိုင်မည်ဟု တွေးကြဆဲဖြစ်သည်။ ယခုလက်ရှိတွင် ကုမ္ပဏီသည် အစုရှယ်ယာရှင် ကုမ္ပဏီဖြစ်ကာ အစုရှယ်ယာရှင်များက ထိန်းချုပ်ထားသည်ပင်။
“မှန်တာပဲ။ ဟုတ်လား။ ဒါရိုက်တာလီကို ရုံးက အကြောင်းကြားပြီးပြီလား”
ကျွန်တော်တို့က အစုရှယ်ယာအစည်းအဝေးကို ကျင်းပလိမ့်မယ်။ ”
ဘာ အစုရှယ်ယာအစည်းအဝေးလား။ ဒါက ဘာအဓိပ္ပါယ်လဲ။
လက်ထောက်မြို့တော်ဝန်ရှုက ပဟေဠိဖြစ်နေသည်။ သူက လီမင်တကို ကြည့်လိုက်သည်။ ဖုန်းယွီက ဘာတွေပြောနေတာလဲ။
လီမင်တသည်လည်း ကြက်သေသေနေသည်။ သူ့နဖူးပေါ်တွင်လည်း ချွေးပေါက်များကျလာတော့သည်။ ထိုအခန်းက နွေးနွေးသည်လားဆိုတာ မသေချာ။ သူသည် အလွန်စိုးရိမ်ပူပန်နေသည်လော။
နိုင်ငံပိုင်လုပ်ငန်းတစ်ခုက အစုရှယ်ယာရှင်ကုမ္ပဏီသို့ ပြန်လည်ဖွဲ့စည်းသည့်အခါ လီမင်တသည် ဈေးနှင့်သတ်ဆိုင်သည့် စည်းမျဉ်းဥပဒေများကို ဖတ်ပြီးဖြစ်သည်။ အစုရှယ်ယာရှင်အစည်းအဝေးသည် အစုရှယ်ယာရှင် ကုမ္ပဏီအတွက် အရေးအပါဆုံးဖြစ်ပေသည်။ ဖုန်းယွီက တကယ်ပင် ဖူကွမ်းကျန်းနှင့်ဆက်ဆံကာ အစုရှယ်ယာဝင်အစည်းအဝေး၌ သူ့ရဲ့ ရာထူးကို ဖြုတ်ချမည်လော။
ဒေါက်ဒေါက်ဒေါက်
တံခါးတွင် ကျယ်လောင်သည့် ခေါက်သံပေါ်လာသည်။
ရှောင်စွန်းက တံခါးကို ဖွင့်လိုက်ပြီးနောက် စက်ယန္တရားကုမ္ပဏီ၏ ရုံးအရာရှိကိုမြင်လိုက်သည်။
“ ခေါင်းဆောင်က အလုပ်ရှုပ်နေတယ်။ ဘာလိုချင်လို့လဲ”
ရှောင်စွန်းက မပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ စက်ယန္တရားကုမ္ပဏီမှ လူများသည် အလွန်ရိုင်းဆိုင်းကြကာ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာခြင်းမရှိကြပေ။
“အတွင်းရေးမှူးစွန်း ဒါရိုက်တာလီကို အပြင်ကို ထွက်လာဖို့ပြောပေးပါဦး။ ကျွန်တော် သူ့ကို အရေးကြီးတဲ့ အရာပြောစရာရှိတယ်”
လီမင်တသည် ရုံးခန်းမှ ထွက်လာပြီးနောက် သူ၏ လက်ထောက် ထိတ်ထိတ်ပြာပြာဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးတွင်လည်း စိုးရိမ်မှုများရှိနေသည်။ သို့သော်သူက သူ့ကိုယ်သူ တည်ငြိမ်အောင်နေလိုက်ပြီး တည်ငြိမ်သည့် နည်းလမ်းအကောင်းဆုံးကြိုးစားရင်း
“ဘာတွေအလောတကြီးဖြစ်နေတာလဲ ။ ဘာဖြစ်လို့လဲ”
“ဒါရိုက်တာလီ မစ်စတာဖူးက အခုလေးတင် ဖုန်းခေါ်ခဲ့တယ်။ အစုရှယ်ယာရှင်အစည်းအဝေးအတွက် သူ မနက်ဖြန်ရောက်မယ်တဲ့။ သူက စက်ယန္တရားကုမ္ပဏီ ထိပ်ပိုင်းစီမံခန့်ထားရေးနဲ့ ပါတ်သတ်ပြီးတော့ ဆွေးနွေးစရာရှိလို့”
ရုံးအရာရှိချုပ်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
ဘာ ။ စက်ယန္တရားကုမ္ပဏီရဲ့ ထိပ်ပိုင်းစီမံခန့်ခွဲမှု ခန့်အပ်ဖို့ ဆွေးနွေးမှာလား။
လီမင်တက ပြောလိုက်သည်။ သူတို့သည် လုပ်ရဲပါလား။
လီမင်တက ရုံးခန်းကို ကြည့်လိုက်သည်။ ယနေ့ ဖုန်းယွီ အလွန်ငြိမ်နေရသည့် အကြောင်းပြချက်က ယင်းအချက်ကြောင့်လော။ ဖြစ်ပျက်ခဲ့သည့် အရာများက အလွန်မြန်ဆန်လွန်းပေရာ သူအနေဖြင့် အချိန်ကိုက်တောင် မတုန့်ပြန်နိုင်ခဲ့ပေ။
ယခုလက်ရှိတွင် သူသည် နောင်တရနေသည်။ အကယ်၍ သူက ယင်းအကြောင်းကို စောစောသိပါက သူ့အနေဖြင့် ခေါင်းဆောင်ကို ဖုန်းယွီကို ဖိအားပေးရန်တောင်းဆိုမည်မဟုတ်ပေ။ အကယ်၍ သူယခုမှတောင်းပန်လျှင် ဖုန်းယွီ သူ့ကို လွှတ်တော့မည် မဟုတ်တော့ပေ။
ဖုန်းယွီက လီမင်တ၏ အသွင်အပြင်ကို မြင်သည့်အခါပြောလိုက်သည်။
“ဒါရိုက်တာလီ သတင်းအချက်အလက်ကို လက်ခံရပြီလား”
လီမင်တက ဖုန်းယွီကို စိုက်ကြည့်ကာ လက်ထောက်မြို့တော်ဝန်ရှုဆီသို့ ပြောင်းလဲသွားသည်။ လက်ထောက်မြို့တော်ဝန်ရှု၏ နားထဲ တီးတိုးပြောပြီးနောက် လက်ထောက်မြို့ တော်ဝန်ရှု၏ မျက်နှာသည်လည်း သွားသည်။ သူကဖုန်းယွီကို လက်ညှိုးထိုးလိုက်သော်ငြား စကားတစ်ခွန်းမှ ထွက်လာနိုင်ခြင်းမရှိပေ။
“တကယ်လို့ တခြားကိစ္စတွေ မရှိဘူးဆိုရင် ကျွန်တော်အရင်သွားလိုက်မယ်။ အိုး ဟုတ်သား အထူးချွင်းချက်အနေနဲ့ ကျွန်တော် လက်ထောက်မြို့တော်ဝင်ရှုကို မနက်ဖြန် ရှယ်ယာဝင် ဖိတ်ကြားပါတယ်။
အစည်းအဝေးထိုင်ရမှာလား။ လက်ထောက်မြို့တော်ဝန် ရှုသည် သွေးတက်လုနီးပါးဖြစ်သွားသည်။ သူသည် လက်ထောက်မြို့တော်ဝန်ဖြစ်ကာ သူသည် ကုမ္ပဏီတစ်ခု၏ အစည်းအဝေးအတွက် ဖိတ်ခေါ်ရသည်လော။ လီမင်တသည် အစောက သူ့ကို ပြောသည်က ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာရှင်များသည် အာဏာအရှိဆုံးဖြစ်ကာ မြို့တော်အစိုးရ မဟုတ်ပဲ အာဏာအရှိဆုံးသူများသည် အစုရှယ်ယာရှင်များဖြစ်ပေသည်။
သူသည်အော်ပြောပြီး ကျိန်ဆဲချင်တော့သည်။ ယင်းက နိုင်ငံပိုင် လုပ်ငန်းတစ်ခု ဖြစ်သည်။ ဘယ်လိုလုပ် အဘယ့်တွက် အာဏာအရှိဆုံးက မြို့တော်အစိုးရ မဟုတ်သနည်း။ အစုရှယ်ယာရှင် အစည်းအဝေးလော ။ ယင်းက အဘယ်သို့နည်း။
“သား မင်းဘာပြောလိုက်တာလဲ။ မင်းက လီမင်တကို ဖြုတ်ချင်တာလား။ သူက မြို့တော်က ခန့်အပ်ထားတဲ့ အထွေထွေမန်နေဂျာ။ ပြီးတော့ စက်ရုံဟောင်းတုန်းကလည်း ဒါရိုက်တာ။ မင်းက ဘယ်လိုလုပ် သူ့ကိုဖြုတ်မှာလဲ”
ဖုန်းရှင်းထိုက်က ဖုန်းယွီကို ဂြိုလ်သားတစ်ယောက်ပမာကြည့်လိုက်သည်။
အဖေကုမ္ပဏီက အခုလက်ရှိမှာ အစုရှယ်ယာကုမ္ပဏီဖြစ်နေပြီ။ အာဏာအရှိဆုံးက အစုရှယ်ယာရှင်တွေပဲ။ လီမင်တက မြို့တော်အစိုးရကို ကုယ်စားပြုပြီးတော့ ရှယ်ယာလေးဆယ်ရာခိုင်နှုန်းပဲ ရှိတာ။ ဒါပေမယ့် ကျွန်တော်တို့က သူ့ထက် ရှယ်ယာများနေပြီ ကျွန်တော်တို့က သူ့ထက်ရှယ်ယာ ပိုပြီးတော့ရှိတယ်”
“တစ်ဝက်ထက်ပိုတာလား။ အော်အဖေက မှ လေးဆယ်ရာခိုင်နှုန်းကျော်ကျော်ပဲ။ မင်းက အခု ပြောနေတာလား”
“ဖူ”
“ဖူကွမ်ကျန်း”
“အခုအဖေကို ပြောလိုက်ပြီ။ ဟုတ်တယ် ဟုတ်တယ်။
ဖူကွမ်းကျန်းကလည်း မင်းကို ထောက်ခံပေးတာလား။ ”
“ဖုန်းယွီက ခေါင်းငြိမ့်လိုက်သည်။ အဲဒါအမှန်ပဲ။ ဖူကွမ်းကျန်းက သေချာပေါက် ကျွန်တော့်ကို ပေးမှာ။ သူက ဒီကနေပြီးတော့ ပြသမှုကို ယူမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေမှာ တူညီတဲ့ပန်းတိုင်ရှိတယ်။ အဖေ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်ချင်လား”
ဖုန်းယွီက သူ၏ အဖေကို စမ်းသပ်ချင်ခဲ့သည်။
ကုမ္ပဏီတစ်ခုလည်ပတ်အားလုပ်ခြင်းက အသစ်တစ်ယောက်ကို ကုမ္ပဏီကို လည်ပတ်ခြင်းက ကုမ္ပဏီ၏ အဆိုးဆုံးအခြေအနေကို ရောက်သွားနိုင်သည်။ သို့သော် သူ့အဖေအနေဖြင့် ထိုရာထူးကို ရယူလျှင် အကြံဉာဏ်တော့ပေးနိုင်မည် ဖြစ်သည်။ ဖုန်းရှင်းထိုက်က သူလက်ကို ခါလိုက်ပြီးပြောလိုက်သည်။
“တော်ပါပြီ ။ ငါ အစားအစာထုတ်လုပ်သည့် စက်ရုံနဲ့တောင်မှ အလုပ်ရှုပ်နေတာ။ ငါ့မှာ လူတွေအများကြီးကို စီမံအုပ်ချုပ်ဖို့လည်း အတွေ့အကြုံမရှိဘူး။ လီမင်တက ကောင်းကောင်းလုပ်ဆောင်နိုင်တာပဲ။ မင်းသူ့ကိုပဲ အထွေထွေမန်နေဂျာ ဆက်ခန့်သင့်တယ်။ ပြီးတော့ မြို့တော်အစိုးရရဲ့ ခေါင်းဆောင်တွေနဲ့ စိတ်အနှောင့်ယှက်ဖြစ်စရာတွေလည်း မလုပ်နဲ့နော်”
ဖုန်းယွီသည်လည်း မြို့တော်နှင့် မဆန့်ကျင်သည်ပဲ။ အကယ်၍ သူသည် မြို့တော်အစိုးရနှင့် ဆန့်ကျင်ပါက မည်သည့် အကျိုးအမြတ် ရမည်မဟုတ်ပေ။ ဖူကွမ်းကျန်းသည်လည်း ဘင်းမြို့တော်တွင်နေထိုင်ရန် စိတ်ဝင်စားခြင်းမရှိပေ။ ပြီးနောက် ဖုန်းယွီသည်လည်း ကျောင်းတက်ရဦးမည်ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီသည် ထိုက်ဝကုန်သွယ်ရေးနှင့် မတူပဲ ကိုင်တွယ်ရန်အတွက် အရာများစွာရှိပေသည်။
အကယ်၍ လီမင်တသည် အထွေထွေမန်နေဂျာ ဆက်ဖြစ်ပါက အနည်းဆုံးတော့ ကုမ္ပဏီ၏ လုပ်ဆောင်ချက်များနှင့ပါတ်သတ်ပြီး မည်သည့်ပြဿနာမျှမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ ဖုန်းယွီသည် လီမင်တကို ကုမ္ပဏီမန်နေဂျာဖြစ်စေကာမူ နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိသူကိုတော့ သိထားအောင် လုပ်ရပေမည်။
….
“လူတိုင်းပဲ ဒီအစုရှယ်ယာဝင်အစည်းအဝေးက ကျွန်တော်က ကမကထပြုခဲ့တာပဲ။ ပြီးတော့ ဒီနေ့ ပြောမယ့်အကြောင်းအရာက စက်ယန္တရားကုမ္ပဏီနဲ့ မော်တော်ဆိုင်ကယ်စက်ရုံရဲ့ အလုပ်သမားတွေရဲ့ ရာထူးအပြောင်းအလဲလုပ်ဖို့ပဲ။ ငါတို့တွေ အထက်အရာအရှိတွေကနေ စလိုက်ရအောင်။ ပထမဦးဆုံးအနေနဲ့ စက်ယန္တရားကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာရာထူး ”
လီမင်တသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး လက်များက တုန်ရင်နေသည်။ သူ့၏ လက်ဖုဝါးများက ချွေးများထွက်နေသည်ပင်။ သူသည် ကုမ္ပဏီမှ ကန်ထုတ်ခံရတော့မည်လော။ ဖုန်းယွီက သူ့ကို တကယ်ပဲ ထိုသို့ဆက်ဆံခဲ့သည်လော။ သူသည် မြို့တော်အစိုးရကို မကြောက်ရွံ့သည်လော။
သို့မဟုတ် ဖုန်းယွီ၏ နောက်တွင် လက်ထောက်မြို့တော်ဝန်ကျန်း ရှိနေသည်လော။
လက်ထောက်မြို့တောဝန်ရှု ကျန်းဝစ်ချန်၏ ရုံးခန်းတွင်ထိုင်နေစဉ် သူသည် ကျန်းဝစ်ချန်ကို ရှင်းပြချက်တစ်ခုပေးလိုက်သည်။ ပြန်လည်ဖွဲ့စည်းပြီးနောက် အချိန်တိုလေးအတွင်း နိုင်ငံပိုင်စက်ရုံက အပြောင်းအလဲများစွာ ဘာကြောင့်ဖြစ်ခဲ့သနည်း။
“လက်ထောက်မြို့တော်ဝန်ရှု ကျွန်တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံက စက်ယန္တရားအစုရှယ်ယာတွေကို ရောင်းမယ်ဆိုတာ ကျွန်တော်လုံးဝမမျှော်လင့်ခဲ့ဘူး။ စက်ယန္တရားကုမ္ပဏီက စက်ယန္တရားကုမ္ပဏီအဖြစ်ပြောင်းလဲမည်အခါက မြို့တော်က အဓိက ရှယ်ယာရှင်တွေကို ထိန်းထားနိုင်သေးတယ်။ မြို့တော်ဝန်က မြို့တော်က ရှယ်ယာတွေကို လေယာဉ်ထုတ်လုပ်သည့်စက်ရုံရောင်းချဖို့ အကြံပေးခဲ့တာလေ။ လက်ထောက်မြို့တော်ဝန်ရှုသည် ပြောစရာစကားမဲ့သွားသည်။ သူသည် လီမင်တပြောတာကို နားယောင်ခဲ့သည်။ လီမင်တပြောသည်က ဖုန်းယွီသည် မော်တော်ဆိုင်ကယ်ထုတ်လု်ပရေးတွင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံက သူသည် လေယာဉ်ထုတ်လုပ်သည့်စက်ရုံကို ဝယ်ယူခွင့်ပြုရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် သူလုံးဝမျှော်လင့်ထားသည်က လေယာညဉ်ထုတ်လုပ်သည့်စက်ရုံသည် ဖုန်းယွီကို ရှယ်ယာများကို ပြန်လည်ရောင်းချလိမ့်မည်ဆိုသည့် အချက်များပင်။ အန္တရယ်ရှိသည့် လက္ခဏာ တစ်ခုမှတောင် မတွေ့ရပေ။
“လက်ထောက်မြို့တော်ဝန်ရှု ပြန်လည်တည်ဆောက်ခြင်းနဲ့ ပါတ်သတ်ပြီး ဘာမှမှားယွင်းတာ မရှိပါဘူး။ ယခုလက်ရှိ မြို့တော်က ကနဦး ငွေကြေးတွေ အကုန်လုံး စုဆောင်းပြီးပြီ။ အနာဂတ်မှာ ခွဲတန်းတွေကလည်း များလာတာ။ အကုန်လုံးကို ပြီးတော့ အခွန်အခကလည်း များလာမယ်။ အလုပ်သမားတွေ လစာလည်း များလာမယ်။ ပြန်လည်ဖွဲ့စည်းခြင်းကအောင်မြင်ပါတယ်”
ကျန်းဝစ်ချန်သည်လည်း ဖုန်းယွီသည်စီမံခန့်ခွဲမှု အပိုင်းနှင့်ပါတ်သတ်ပြီး အစုရှယ်ယာရှင်အစည်းအဝေး ကျင်းပရန် ခေါ်ယူလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။ ယင်းက ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပြီလော။ သူ့ကို ခေါ်ပြီး လီမင်တကို အထွေထွေမန်နေဂျာရာထူးမှ မဖြုတ်ရန် တောင်းဆိုခဲ့သည်။ ဖုန်းယွီက သဘောတူလိုက်သည်။ သူသည် ဖူကွမ်းကျန်းနှင့် ယင်းမတိုင်ခက်က တိုင်ပင်ခဲ့သည်ဖြစ်သည်။ အမြဲတမ်း လီမင်တသည် ပြောင်းလဲမည် မဟုတ်ပေ။ အဆုံးတွင် ကျန်းဝစ်ချန်၏ နှစ်ခြိုက်မှုကို ရစဲဖြစ်ပေသည်။
….
အစုရှယ်ယာဝင် အစည်းအဝေးပြီးဆုံးပြီဖြစ်သည်။ ရုံးအရာရှိက နောက်ဆုံးအစည်းအဝေးမှတ်တမ်းများကို ယူပြီးနောက် စိတ်ပျက်နေသည့် လီမင်တနှင့် ထွက်သွားတော့သည်။ ထိုစက်ယန္တရားကုမ္ပဏီသည် ပြောင်းလဲသွားပေသည်။