← Chapters

အခန်း (၂၁၂)

Vol. 15 Ch. 212

အခန်း (၂၁၂)

Vol. 15 Ch. 212

အံ့ဩစရာမရှိ ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီ၏ လက်ထောက် အထွေထွေ မန်နေဂျာ ဖြစ်သွားရုံသာမက မော်တော်ဆိုင်ကယ် စက်ရုံ၏ ဒါရိုက်တာလဲ ဖြစ်သွားသည်ပင်။

ယခုလက်ရှိတွင် ကုမ္ပဏီ၌ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာပြီ ဖြစ်ကာ ဖူကွမ်းကျန်းသည်လည်း မြို့တော် အစိုးရထက် ဖုန်းယွီနှင့် နီးပေသည်။ သိသာထင်ရှားသည်မှာ သူသည် ဖုန်းယွီကို ထောက်ခံပေးမည် ဖြစ်သည်။ ဖုန်းယွီ၏ အကြံကြောင့်သာ မဟုတ်ပါက လီမင်တသည် သေချာပေါ်က အစားထိုးခံရမည်ပင်။

မော်တော်ဆိုင်ကယ်၏ လုပ်ပိုင်ခွင့်များအာလုံး ဖုန်းယွွီဆီသို့ ရောက်သွားသည်။ သို့သော် စက်ယန္တရား၏ အထွေထွေမန်နေဂျာသည် လီမင်တ ဖြစ်နေဆဲပင်။ လူများစွာကို ထိုကဲ့သို့ ဖြစ်ရသည်မှာ မြို့တော် အစိုးရအနေနှင့် ဖုန်းယွီကို ထိုရာထူးတွင် ဆက်လက်ထားရှိရန်အတွက် ဖိအားပေးသည်အတွက်ဟု မှတ်ယူကြပေသည်။

ဖုန်းယွီသည် မော်တော်ဆိုင်ကယ် စက်ရုံ ဒါရိုက်တာ ဖြစ်လာရုံနှင့် မပြီးသေးပေ။ ဖုန်းယွီသည် စီမံခန့်ခွဲရေး တစ်ခုလုံးကို ပြောင်းလဲ ပစ်ခဲ့သည်။ သူသည် စက်ရုံအလုပ်ရုံနှစ်ခုမှ ဒါရိုက်တာများကို သူ၏ လက်ထောက်များအဖြစ် ခန့်အပ်ခဲ့ပြီး မူလ စီမံခန့်ခွဲရေး ဝန်ထမ်းများကို ပြောင်းရွေ့ခံထားလိုက်သည်။ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများ အားလုံးသည် ဖုန်းယွီ၏ လူများ ဖြစ်ပြီး မပြောင်းလဲသည်သူမှ အလုပ်သမားသမ္မဂ၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် မကြာမီတွင် ပင်စင်ယူတော့မည် ဖြစ်သည်။

ဖုန်းယွီက ထိုသူသည် ကောင်းမွန်သည့် သူတစ်ယောက်ဟု ခံစားမိသည်။ သူသည် အခြားသော အလုပ်သမားများအတွက် တိုက်ခိုက်ရဲကာ လုပ်ပိုင်ခွင့်ကို စိတ်ဝင်စားခြင်းမရှိ ပိုက်ဆံကိုလည်း စိတ်ဝင်မစားပေ။ ပြီးနောက် သူသည် လီမင်တ၏ စားပွဲကိုတောင် ရိုက်ရဲပေသည်။ ထိုသူသည် အနည်းငယ် ခေါင်းမာသော်ငြား သူသည် သင့်လျော်ပေသည်။ အခြားသောအလုပ်သမားနှင့် ယှဉ်လျှင် သူသည် အဆင့်အမြင့်ဆုံး ရာထူးကို ရယူထားပြီး ထိုပုဂ္ဂိုလ်အနားတွင် ရှိလျှင် လီမင်တသည် မော်တော်ဆိုင်ကယ် စက်ရုံ၏ ကိစ္စများအားလုံးကို သူ့လက်နှင့် ဝင်ရောက်စွက်ဖက်နိုင်တော့မည် မဟုတ်ပေ။

မော်တော်ဆိုင်ကယ် စက်ရုံသည် အတွင်းရေးမှူးမရှိ၍ မရပေ။ ထို့ကြောင့် ထိုအလုပ်သမားသမ္မကခေါင်းဆောင်ကို ထိုနေရာကို ရယူစေခဲ့သည်။ သို့သော် လူတိုင်းအနေဖြင့် စက်ရုံတွင် အတွင်းရေးမှူးရာထူးက လုပ်ပိုင်ခွင့်မရှိမှန်း မြင်နိုင်ကြပေသည်။

မော်တော်ဆိုင်ကယ် စက်ရုံ၏ စီမံခန့်ခွဲမှု အားလုံးနီးပါးကို အစားထိုးလိုက်ခြင်းက လူတိုင်းကို လီမင်တ၏ ခေတ်မဟုတ်တော့ကြောင်း ပြသရာ ရောက်ပေသည်။ အကယ်၍လီမင်တသည် ဘုရင် ဖြစ်ပါက ဖုန်းယွီသည် ဧကရဇ် ဖြစ်မည်ပင်။

ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီတွင် ရုံးခန်းကြီးကြီး တစ်ခု ပိုင်ဆိုင်ပေသည်။ ထိုအချိန်တွင် မည်သူမျှ နေရာဖြုန်းတီးသည်ဟုမပြောရဲတော့ပေ။ ထိုစီမံခန့်ခွဲရေးအပိုင်း ခန့်အပ်ထားမှုက မြို့တော်၏ အမြင်ကို လုံးဝ လျစ်လျူရှုရာ ရောက်ပေသည်။ သို့သော် မြို့တော် အနေဖြင့် ဘာမှ မလုပ်နိုင်ပေ။ စက်ယန္တရားကုမ္ပဏီမှ ပြောင်းရွေ့ခံရသော ခေါင်းဆောင်များသည် ထိုကုမ္ပဏီတွင် အလုပ်ဆက်မလုပ်နိုင်တော့ပေ။ သူကိုယ်တိုင်အတွက် လီမင်တသည် ရွေးချယ်စရာမရှိ ဖုန်းယွီ၏ ဆုံးဖြတ်ချက်များကို ထောက်ခံရုံသာ ရှိတော့သည်။ သူသည် မြို့တော်အစိုးရဆီကို ကိုယ်တိုင်ကိုယ်ကျသွားပြီး ပြောင်းရွေ့ခံရသည့်လူများကို အခြားသော နိုင်ငံပိုင် လုပ်ငန်းများတွင် စီစဉ်ပေးရန်အတွက် တောင်းဆိုခဲ့သည်။ ထိုလူများ၏ အနာဂတ်က ပျောက်ဆုံးသွားပြီ ဖြစ်သည်။

ရှယ်ယာရှင်အစည်းအဝေးပြီး နောက်တစ်နေ့တွင် ဖုန်းယွီသည် လီမင်တကို စကားပြောရန် လာရှာသည်။ စက်ယန္တရားကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးပေသည်။ ပြီးနောက် ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီကို လယ်ယာသုံး စက်ပစ္စည်းများ၏ သုတေသနနှင့် ဖွဲ့ဖြိုးတိုးတက်မှုအစီအစဉ်တွင် အာရုံစိုက်စေလိုသည်။ သူတို့သည် ဆိုဗီယက် ပြည်ထောင်စုမှ အင်ဂျင်နီယာများကို ခန့်ထားပြီးဖြစ်ရာ ထိုအင်ဂျင်နီယာများ ဘာမှ မလုပ်ပါက ပိုက်ဆံ ဖြုန်းတီးရာ ရောက်ပေသည်။

ဖုန်းယွီတွင် နောက်ထပ် ရည်ရွယ်ချက်လည်း ရှိပေသည်။ သူသည် လီမင်တကို ချိုးနှိမ်ချင်သည်။

“မန်နေဂျာဖုန်း ကျွန်တော် မန်နေဂျာပြောတာ နားလည်ပါတယ်။ မြို့တော်က နှစ်တိုင်းနှစ်တိုင်းမှာ အကျိုးအမြတ်တွေ အကုန်လုံးနီးပါးကို ယူသွားတယ်။ နည်းပညာ ဒါမှမဟုတ် ထုတ်ကုန်သစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကို ကျွန်တော်တို့ ဘယ်ကရှာရမှာလဲ”

လီမင်တသည် ယခုလက်ရှိတွင် ဖုန်းယွီဆိုသည့် ငနဲကို မပြောရဲတော့ချေ။ သူသည် ယခုလက်ရှိ ကုမ္ပဏီတွင် ရှိသော ဖုန်းယွီ၏ ရာထူးကို နားလည်ပေသည်။

လီမင်တသည် သူ့ရာထူးတွင် အလုပ်မလုပ်သည်မှာ နှစ်များစွာ ကြာပြီ ဖြစ်သည်။ သူသည် ကုမ္ပဏီတွင် နည်းပညာများ၏ အရေးပါမှုကို သိပေသည်။ စက်ယန္တရားကုမ္ပဏီသည် ယခုကဲ့သို့ အလွန်အဆင်ပြေလာခြင်းကား သူတို့တွင် အဆင့်မြင့် နည်းပညာများ ရှိသည့်အတွက်ပင် ဖြစ်သည်။

ကုမ္ပဏီသည် ယခင်က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ဌာနရှိခဲ့သည်။ သို့သော် သူတို့တွင် ကျွမ်းကျင်ပညာရှင်များ မရှိပေ။ ပြီးနောက် သူတို့သည် အခြားစက်ရုံများ၏ ထုတ်ကုန်များကို တစ်ဆဆီ ဖြုတ်ပြီးကူးယူရန် ကြိုးစားပေသည်။ သူတို့တွင် တီထွင်မှုများ လုံးဝ မရှိသည်ပင်။ ကုမ္ပဏီသည် ဆိုဗီယက်ပြည်ထောင်စုမှ အင်ဂျင်နီယာများ ငှားရန်လည်း ကြိုးစားခဲ့သည်။ သို့သော် ထိုကျွမ်းကျင်သူများသည် အလွန်ဒုက္ခရောက်ပေသည်။ သူတို့သည် အလွန်ဈေးကြီးပြီး ထိုအရာများကို လုပ်ပေးရန် တောင်းဆိုရာ၌ အလွန်ခက်ခဲပေသည်။ သူတို့သည် သုတေသန လုပ်မည် ဆိုပါက သူတို့ ငွေသာ တောင်းပေသည်။ သူတို့သည် ထိုငွေအတွက် အရင်က ဘက်ဂျက်တစ်ခါမှ မကျန်ဘူးပေ။

ပထမက လီမင်တက သူတို့ကို ပိုက်ဆံ ပေးသေးသည်။ သို့သော် ထွက်လာသည့် ထုတ်ကုန်များသည် သူ၏ မျှော်မှန်းချက်ကို ပြည့်မှီခြင်းမရှိပေ။ နောက်ပိုင်းတွင် မြို့တော်သည် ကုမ္ပဏီ၏ အကျိုးအမြတ်များကို အလွန်အကြူးရယူတော့သည်။ ကုမ္ပဏီတွင် လည်ပတ်ရန်အတွက် ငွေများ ကျန်ရှိခြင်းက ကံကောင်းသည်ပင်။ သုတေသနှင့် ဖွံဖြိုးတိုးတက်မှု အစီအစဉ်အတွက် ငွေများကိုထည့်နိုင်ခြင်း မရှိတော့ပေ။

ဖုန်းယွီက မျက်မှောင်ကျုံ့သွားသည်။ လီမင်တသည် အမြင်မရှိခြင်းမဟုတ်ပေ။ မြို့တော် အစိုးရ၏ အချို့သောခေါင်းဆောင်များက အမြင်ကျဉ်းခြင်းပင် ဖြစ်ပေသည်။

“နိုင်ငံတော် ဘဏ္ဍာအတွက် ဘယ်သူက တာဝန်ယူတာလဲ။ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် ကုမ္ပဏီက ယူထားတဲ့ ဈေးကွက်ဝေစုက ကျသွားပြီးတော့ နဂိုအတိုင်း ပြန်ဖြစ်မယ်ဆိုတာ သူတို့ကို မင်းမပြောဘူးလား”

လီမင်တက ခေါင်းကို ငုံ့လျက် ရေရွတ်တော့သည်။

“တာဝန်ယူတဲ့သူက လက်ထောက်မြို့တော်ဝန်ရှု။ သူက နိုင်ငံတော် ဘဏ္ဍာရေးမှာ တာဝန်ယူထားတာ”

ချီး သူဖြစ်ပြန်ပြီလား။

လီမင်တသည် ဖုန်းယွီကို အခြေအနေအား ရှင်းပြလိုက်သည်။

ထိုလက်ထောက်မြို့တော်ဝန်ရှုသည် လီမင်တကို အာဏာရရှိရန်အတွက် ဆွဲတင်ခဲ့သည်သူဟု စဉ်းစား၍ ရနိုင်ပေသည်။ သူမရှိဘဲ လီမင်တသည် ဘာမှ မဟုတ်ပေ။ လွန်ခဲ့သည် နှစ်က လက်ထောက်မြို့တော်ရှုသည် ကျန်းရွေ့ချင်နှင့် စီမံခန့်ခွဲရေး လက်ထောက်မြို့တော်ဝန်ရာထူးအတွက် ပြိုင်ခဲ့ရသည်။ အနိုင်ရရန်အတွက် သူ့အနေဖြင့် ကိစ္စအချို့ကို ဆောင်ရွက်ရမည် ဖြစ်ပေသည်။ ထိုလုပ်ရမည်ကား စက်ရုံများမှ ဘဏ္ဍာငွေများကို ယူရမည် ဖြစ်သည်။ သူသည် ထိုအပိုင်းတွင် တာဝန်ယူရ၍ ဖြစ်သည်။ ဘဏ္ဍာငွေများ တိုးရရန်အတွက် သူသည် နိုင်ငံပိုင်လုပ်ငန်းများမှ ရရှိနိုင်သည့် ငွေများ အားလုံးနီးပါးကို ယူသွားခဲ့သည်။

သို့သော် လက်ထောက်မြို့တော်ဝန်ရှုကို အမှတ်တောင် မပေးခဲ့ပေ။ နိုင်ငံပိုင်လုပ်ငန်းများသည် ဆိုဗီယက် ပြည်ထောင်စုမှ စက်ပစ္စည်းများကို ဝယ်ယူရန်အတွက် ဘဏ်မှ ချေးငွေများကို ယူခဲ့ရသည်။ ထိုအရာများကို ကျန်းရွေ့ချင် ဦးဆောင်တာ ဖြစ်သည်။ ထပ်ပြောရပါက ကျန်းရွေ့ချင်သည် ဘင်းမြို့တော်၏ အအောင်မြင်ဆုံး ကုမ္ပဏီကို ပြုပြင်ပြောင်းလဲရေးတွင် တာဝန်ယူခဲ့သည်။ ထို့အတွက် လက်ထောက်မြို့တော်ဝန်ရှုသည် ဘဏ္ဍာငွေ အမြောက်အများရှာခဲ့သော်ငြား ရာထူးတိုးခံရခြင်းမရှိခဲ့ပေ။

“ခွဲတမ်းရဲ့ အကျိုးအမြတ်တွေ အကုန်လုံး ပါသွားတဲ့ အကြောင်းပြချက်ပေါ့။ ဒီနှစ်ကော သူဒီအတိုင်းလုပ်မှာလား”

ဖုန်းယွီက မေးလိုက်သည်။

“သူက ဒီလိုမျိုး ထပ်လုပ်ဖို့ စဉ်းစားနေတဲ့ပုံပဲ။ ပြည်နယ်ဘဏ္ဍာရေး အရာရှိချုပ်က ကောလဟာလတွေ ထွက်နေတယ်”

ကောင်းရေ ငါတို့ရဲ့ လုပ်ဆောင်ချက်တွေ အတွက် အခွင့်ကောင်းယူတယ်။ ကုမ္ပဏီရဲ့ တိုးတက်မှုကို လျစ်လူရှုတာလား။ ဒီလို လူစားမျိုးက ဘယ်လိုလုပ် ရာထူးတိုးမှာလဲ။

ဖုန်းယွီက သူ့လက်ကို ယမ်းလိုက်ပြီးနောက်

“ဒီနှစ်စက်ယန္တရားကုမ္ပဏီ အကျိုးအမြတ်ရဲ့ အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းကို သုတေသနနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွက်ထားလိုက်။ပြီးတော့ နောက်ထပ် နှစ်ဆယ်ရာခိုင်နှုန်းကို အပိုရံပုံငွေ အဖြစ်ထားလိုက်။ကျန်တဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ခွဲတမ်းအဖြစ် ထားနိုင်တယ်”

လီမင်တက ထိတ်လန့်သွားပေသည်။ အကျိုးအမြတ်၏ လေးဆယ်ရာခိုင်နှုန်းကို သိမ်ထားမည်လော။ ဖုန်းယွီက တကယ်ပင် လုပ်ရဲသည်ပင်။ မြို့တော် အနေဖြင့် ယင်းကို ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ။

“မန်နေဂျာဖုန်း။ သုတေသနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးဌာနအတွက်ကို အကျိုးအမြတ်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းက လိုလို့လား။ ပြီးတော့ အပိုရံပုံငွေအတွက် အဲလောက်အများကြီးမှ မလိုအပ်တာ။ ကျွန်တော်တို့မှာ အပိုထားဖို့အတွက် မလိုပါဘူး။ စက်ယန္တရားကုမ္ပဏီမှာ ဘာမှ ဖြစ်လာမှာမှ မဟုတ်တာ”

“တကယ်လို့ မြိုတော် အစိုးရရဲ့ ခေါင်းဆောင်တွေက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မနှစ်သက်ဘူးဆိုရင်တော့ သူတို့တွေကို ငါတို့နဲ့ စကားလာပြောခိုင်း”

လီမင်တသည် သူ့ရင်ထဲတွင် ကျိန်ဆဲနေသည်။ မင်းက မကြောက်ဘူး။ ဒါပေမဲ့ ငါကကော။ ငါက ကုမ္ပဏီရဲ့ မထွေထွေ မန်နေဂျာအဖြစ် ခန့်ထားရုံပဲ။ ငါ သူတို့ကို အာခံရင် အထက်အရာရှိတွေက လူစားထိုးရင် ဘယ်လို လုပ်မှာလဲ။

မင်းမှာက ရှယ်ယာလဲ ရှိတယ်။ အဓိက ရှယ်ယာရှင် ဖြစ်နေတုန်းပဲ။ ဒီကုမ္ပဏီကနေ ငါထွက်သွားရရင် ဒီလိုမျိုး အဆင့်မြင့်တဲ့ ရာထူးကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်တော့ဘူး။ မင်းငါ့ကို လွယ်လွယ်နဲ့ ပြောနိုင်တာပေါ့။ ခေါင်းဆောင်တွေကို မင်းကိုလာရှာခိုင်းရမယ်။ မင်းဒီလို ပြောနိုင်တာက မင်းကိ အစိုးရဝန်ထမ်းမှ မဟုတ်တာ။ ငါက ခေါင်းဆောင်တွေကို ဘယ်လိုလုပ် ပြောနိုင်မှာလဲ။

လီမင်တ၏ နှလုံးသားထဲတွင် ကောက်ရိုးကျိန်စာရုပ် တစ်ရုပ်ထားထားပြီး ဖုန်းယွီနာမည်ကို ထိုအရုပ်တွင် ကပ်ထားသည်။

ဖုန်းယွီက လီမင်တ၏ ပခုံးကို ပုတ်လိုက်ကာ သူ့ထက်ငယ်ရွယ်သည့်သူ တစ်ယောက်က သူ့ကို အကြံပေးလိုက်သည်။

“လူကြီးလီ ခင်ဗျား အပြောင်းခံရမှာကို ကြောက်နေတာလား။ ခင်ဗျားလဲ အတွေးခေါ်တွေကို မပြောင်းလဲသေးဘူး။ ကျွန်တော်တိုကုမ္ပဏီက အစုရှယ်ယာရှင် ကုမ္ပဏီ ပြီးတော့ အစုရှယ်ယာရှင်ကပဲ ဒီလို ဆုံးဖြတ်ချက်မျိုးကို လုပ်နိုင်တာ။ မြိုတော် အနေနဲ့ ဆုံးဖြတ်ချက် အကုန်လုံးမှာ မပါဝင်နိုင်တော့ဘူး။ တကယ်လို့ မြို့တော်က ခင်ဗျားကို ပြောင်းရွေ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ လစာမယူဘဲ ပျက်ကွက်ဒါမှမဟုတ်ရင် နှုတ်ထွက်စာ တင်လို့ရတယ်။ ကျွန်တော် ခင်ဗျားကို စက်ယန္တရားကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာအဖြစ် ပြန်ပြီး ငှားမှာပေါ့”

ယခုလက်ရှိတွင် လီမင်တသည် အထွေထွေ မန်နေဂျာ ရာထူးအတွက် အသင့်တော်ဆုံးသူ ဖြစ်ပေသည်။ ထိုအတွက်ကြောင့်ပဲ ဖုန်းယွီက အစုရှယ်ယာ အစည်းအဝေးတွင် အစားမဆိုးခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ မြို့တော် အစိုးရသည် သူ့ကို ပြောင်းရွေ့ရန် ကြိုးစားအားထုတ်ပါက ဖုန်းယွီသည် နောက်ထပ် ရှယ်ယာရှင် အစည်းအဝေးကို ခေါ်ရမည် ဖြစ်ပေသည်။

လီမင်တ၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး

“မန်နေဂျာဖုန်း ခင်ဗျားတကယ်ကြီး ပြောနေတာလား”

ဖုန်းယွီက မျက်လုံးများကို ဝေ့လိုက်ပြီးနောက်

“ငါဒီနေ့ အရမ်းအလုပ်များတယ်။ မင်းကို နောက်ဖို့အတွက် အချိန်ရှိမယ်လို့ တွေးနေတာလား။အလုပ်ကို ကြိုးစားလုပ် ပြီးတော့ ငါမင်းကို ကောင်းကောင်းကြီးကို ဆုချီးမြင့်ပေးမယ်”

လီမင်တ၏ ကျေးဇူးတင်နေသည့်ပုံကို ကြည့်ရင်း လီမင်တသည် သူ့ဖက်တွင် ယိမ်းလာမှန်း ဖုန်းယွီ သိပေသည်။

All Chapters