ကတ်ဆက်ခွေဆိုင် အပိုင်း ၁
Vol. 15 Ch. 213
ဖုန်းယွီသည် ယခုလက်ရှိ ကာလအတွင်း အလုပ်အရမ်းရှုပ်နေခဲ့သည်။ သူသည် ကျောင်းမှ ခွင့်တိုင်ရဆဲ ဖြစ်ကာ လီနနှင့် အဖော်ပြုပေးရန်လည်း အချိန်မရှိပေ။ ထိုအရူးဝမ်တုန့်ကျွင်းသည် ကျန်းဟန်နှင့် အတော်လေး အဆင်ပြေနေသည်။ လွန်ခဲ့သည် နှစ်ရက်က သူက ကျန်းဟန်ကို အကြင်နာပေးခဲ့ကြောင်း ဖုန်းယွီကို ကြွားလုံးထုတ်သည်။
ဖုန်းယွီသည် ဝမ်တုန့်ကျွင်း၏ ရွန်းလဲ့နေသည့် မျက်နှာကို ကြည့်နေရပြီး သူ့ကို လည်ပင်းညှစ်ပစ်ချင်သည်။ အကယ်၍ သူသည် အချိန်ကောင်းမဟုတ်တွင် မပေါ်လာခဲ့ပါက ဖုန်းယွီအနေဖြင့် လီနနှင့် ပိုတောင် အကြင်နာ ပေးမည် ဖြစ်သည်။
နောက်ဆုံးတွင် ယခုအပတ် အားလပ်ရက်၌ အားပေသည်။ သူသည် စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ရခဲ့ပြီး အလုပ်များကိုလည်း တာဝန်ခွဲဝေပြီးပြီ ဖြစ်သည်။
ဘဝတွင် ပိုက်ဆံပဲ ရှာဖွေနေပါက အလွန်ငြီးငွေ့စရာ ကောင်းပေလိမ့်မည်။ ထပ်ပြောရပါက ယခုလက်ရှိတွင် ဘာအလုပ်မှ မလုပ်ပါက သူ့၏ ရှယ်ယာများနှင့် ကုမ္ပဏီ၏ ထုတ်ကုန်များကြောင့် သက်တောင့်သက်သာ နေနိုင်မည် ဖြစ်ပေသည်။
ဘဝတွင် တစ်ခုခုက စောစောဖြစ်ခဲ့ပါက အကောင်းဆုံး ဖြစ်မည်ပင်။
ယဉ်ကျေးမှုနန်းတော်တွင် ချိုးယွမ်ဖက်နှင့် အန်ဒီလုတို့ သရုပ်ဆောင်ထားသည့် ဟောင်ကောင်ရုပ်ရှင် ရုံတင်ထားသည်။ ယခုတစ်ခေါက်တွင် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို လိုက်ရန် မမေးတော့မည် ဉာဏ်ရှိသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တော့သည်။ ထိုအရူးက သူ့ကို အမြဲတမ်း နှောက်ယှက်ပေသည်။
ဝမ်တုန့်ကျွင်းသည် ကျန်းဟန်နှင့် တိရစ္ဆာန်ဉယျာဉ်ကို သွားခဲ့သည်။ ဝက်ဝံပေါက်လေး နှစ်ကောင်က အများပြည်သူက ပထမဆုံး ပြသခြင်း ဖြစ်ပေသည်။ ဝမ်တုန့်ကျွင်းသည် ကျန်းဟန်ကို ဆွဲကာ သူ့၏ ဝက်ဝံဖမ်းပွဲ အောင်မြင်မှုကြီးကို ပြောပြတော့သည်။ သူက ကျန်းဟန်ကို ဝက်ဝံပေါက်လေး နှစ်ကောင် နှစ်သက်ပါက သူ့အနေဖြင့် တောရိုင်း ဝက်ဝံပေါက် နှစ်ကောင်ကို သူမအတွက် အိမ်မွှေး တိရစ္ဆာန်အဖြစ်ဖမ်းပေးမည် ဖြစ်သည်။
ဖုန်းယွီက ဝမ်တုန့်ကျွင်း၏ ရူးနှံးမှုကြောင့် မှင်သက်သွားသည်။ ဝက်ဝံပေါက်နှစ်ကောင်ကို ဖမ်းမှာလား။ တစ်ကောင်တောင် ဘယ်လို ဖမ်းမှာလဲ။ မင်းရဲ့ လက်ဗလာကို အသုံးပြုပြီးတော့လား။
ယခုအချိန်တွင် အမဲလိုက် လိုင်ဖယ် ထပ်မရှိတော့ပေ။ ပြီးနောက် လွန်ခဲ့သည့် တစ်ခေါက်က ဝက်ဝံတစ်ကောင် ဖမ်းမိခြင်းမှာ ကံကောင်းသောကြောင့် ဖြစ်သည်။
သူသည် ဝမ်တုန့်ကျွင်းနှင့် အရေထူခြင်းပြိုင်ပါက သူရှုံးပေမည်။ သူက လီနကို ဝမ်တုန့်ကျွင်းက ဖြီးနေကြောင်းနှင့် သူ့သာ ဝက်ဝံကို သတ်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။
ဇာတ်လမ်းပြီးသည့်နောက် သူတို့ နှစ်ယောက်ယှဉ်လျက် လမ်းလျှောက်လှည့်လည်ကြည့်တော့သည်။ ထိုနေရာတွင် လူများစွာ ရှိနေသည့်အတွက် ဖုန်းယွီသည် လီန၏ ခါးကို ကိုင်ရန် အခွင့်အရေးရခဲ့သည်။
“(ဂီတသံစဉ်) ပိတ်ရက်ရဲ့ ညသန်းခေါင်မှာ လှည့်လာသွားလာ မနေနဲ့။ အဲပန်း ပျော်ရွှင်စရာကမ္ဘာကို လာခဲ့။ ငါတို့တွေက လှည့်လည်သွားလာနေတဲ့ ကလေးတွေကို ကြိုဆိုတယ်။ တွေဝေမနေနဲ့ အတူတူ အော်လိုက်ရအောင်။ အထီးကျန်တဲ့ ညတွေ တာ့တာ့...."
တရုတ်နှစ်သစ်ကူးပြီးကတည်းက သူတို့၏ ကျောင်းနားနှင့် ယဉ်ကျေးမှု နန်းတော်နီးတွင် ကတ်ဆက်ခွေဆိုင် အသစ်များ ဖွင့်ထားပေသည်။ ထိုင်ဝမ်အမျိုးသား အဆိုတော်အဖွဲ့ လစ်တဲတိုက်ဂါး၏ သီချင်းများသည် အလွန် နာမည်ကျော်ကြားသည်။ သူတို့၏ သီချင်းများကို လမ်းတိုင်းနီးပါး ကြားနိုင်ပေသည်။
သီချင်းကိုနားထောင်ရင်း ဖုန်းယွီက စတင် လိုက်ဆိုတော့သည်။ သူ့အရင်ဘဝတွင် သူသည် ထိုအဖွဲ့ကို အလွန်နှစ်သက်သည်။ ထိုအဖွဲ့က နွေဦးပွဲတော်ညတွင် တဖန် အတူတကွ ဖျော်ဖြေခဲ့ကြသည်။ အဖွဲ့ဝင်များက အသက်ကြီးနေပြီ ဖြစ်ပြီး သူတို့၏ အသံများက အရင်တုန်းကလောက် မကောင်းသော်ငြား သူတို့၏ ဖျော်ဖြေမှုအတွက် ပရိသတ် ကြည့်ရှုမှု အများဆုံးရခဲံသည်။
“နင်က ဒီသီချင်းကို ဘယ်လိုဆိုရလဲဆိုတာ သိလို့လား”
လီန၏ မျက်လုံးများက တောက်ပသွားသည်။
“အရမ်းခက်လို့လား။ ကိုယ်က လစ်တဲတိုင်ဂါးရဲ့ သီချင်းအားလုံးနီးပါးကို သိတယ်။ ဉပမာ.... ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးသီချင်းက.....။ အဲ့သီချင်းကို ကိုယ်က လက်သင်္ကေတပြပြီးတော့တောင် ဆိုနိုင်တယ်”
ဖုန်းယွီက သူ့လက်ဖြင့် ပုံဆွဲပြီးနောက် သီချင်းစာသားကို ဆိုတော့သည်။
“ငါ အဲ့သီချင်းတွေကို ကြားဖူး အမ် အဲ့တာက သူတို့ရဲ့ သီချင်းအသစ်တွေလား။ ဘယ်အယ်ဘမ်ထဲမှာ ပါတာလား။ ငါ ဘယ်မှာ ဝယ်လို့ ရလဲ”
ဖုန်းယွီသည်.....၏ သံစုံ သီချင်းကိုလည်းလီနကို ဆိုပြချင်သေးသည်။ သို့သော် ယခုတွင် သူပြောစရာ စကားမဲ့သွားသည်။ သူက ဆိုင်အပြင်ဖက်တွင် လစ်တဲတိုက်ဂါး၏ ပိုစတာများကို မြင်လိုက်ရပြီး သူတို့၏ အယ်ဘမ်သည် ဖေဖော်ဝါရီလကမှ ထွက်ခဲ့သည်။ သူတို့၏ နောက်ထွက်မည့် အယ်ဘမ်က မထွက်သေးသည်လော။
ဖုန်းယွီက မတော်တဆ သူ့ပြန်လည်မွေးဖွားလာသည်ကို မတော်တဆ ထုတ်ဖော်မိလုက်သည်။ ကံကောင်းချင်တော့ သူက မြန်မြန် တုန့်ပြန်ကာ ပြောလိုက်သည်။
“အာ... ကိုယ်အမှတ်မှားတာ။ အဲတာက သူတို့ရဲ့ သီချင်းမဟုတ်ဘူး”
ဟဟ
လီနက တခစ်ခစ် ရယ်မောလိုက်သည်။
“ငါက သူတို့ရဲ့ အခွေတွေ အကုန်လုံး ဝယ်ထားတာ။ သူတို့ မကြာသေးခင်က ထွက်ထားတဲ့ အယ်ဘမ်တောင် ပါသေးတယ်။ သူတို့ ဘယ်လိုလုပ် နောက်ထပ် အယ်ဘမ်တစ်ခုကို မြန်မြန်ထွက်မှာလဲ။ ရှင်လိမ်နေတယ်ဆိုတာ ကျွန်မ သိသားပဲ”
“တောင်းပန်ပါတယ်။ ကိုယ် ဝမ်တုန့်ကျွင်းရဲ့ လွှမ်းမိုးမှုကို ခံသွားရတာပဲ ဖြစ်မယ်။ ဖုန်းယွီက ဝမ်တုန့်ကျွင်းကို အပြစ်ဖို့ချလိုက်တော့သည်။
“ကတ်ဆက်ဆိုင်ထဲ ဝင်ကြရအောင်။ သီချင်းအယ်ဘမ် အသစ်တွေများ ရှိလို ရှိငြားပေါ့”
ဖုန်းယွီက သူ့ရင်ဖက်ကို ပုက်ကာ ပြောလိုက်သည်။
“သွားကြရအောင်။ တကယ်လို့ မင်း ကြိုက်တာ မတွေ့ဘူးဆိုရင် ကိုယ့်လူတွေကို နိုင်ငံခြားကနေ ဝယ်ခိုင်းလိုက်မယ်”
ထိုခေတ်အခါက တင်ပို့ခွင့် ကန့်သက်ချက်များ ရှိပေသည်။ များစွာသော ဗီဒီယို၊ သီချင်းနှင့် စာအုပ်များကို တရုတ်နိုင်ငံသို့ ယူဆောင်ခွင့် မပေးပေ။ သူတို့သည် နိုင်ငံခြားမှသာ ဝယ်ယူရသည်။ ရှယ်ယာရှင် အစည်းအဝေးအတွက် ရက်အနည်းငယ်အတွင်း ဖူကွမ်းကျန်း ဘင်းမြိုတော်ကို လာပါက သူ့ကို အနောက်ပိုင်း ဗီဒီယိုခွေများနှင့် ကတ်ဆက်ခွေများကို ဝယ်ခဲ့ပေးရန် တောင်းဆိုနိုင်ပေသည်။
ကတ်ဆက်ခွေဆိုင်သည် အရမ်းမကြီးပေ။ ပြီးနောက် နံရံနှင့် ကပ်လျက်တွင် စင်နှစ်စင်သာ ရှိသည်။ အလယ်တွင် နောက်ထပ် စင်တစ်စင် ရှိသည်။ စင်ပေါ်တွင် ကက်ဆက်ခွေများစွာ ရှိသည်။ ထိုခွေများက တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် သီချင်းများ ဖြစ်သော်လည်း အနောက်ပိုင်း နိုင်ငံများ၏ အခွေ တစ်ခုမှ မရှိပေ။ နိုင်ငံခြားသီချင်းများကို နိုင်ငံပိုင်ဆိုင်များတွင်သာ ဝယ်ယူနိုင်ပေသည်။
ဆိုင်၏ အတွင်းဘက် အကျဆုံး စင်တွင် ဗီဒီယိုတိပ်ခွေများရှိသည်။ သို့သော်လည်း ထိုခွေများက ရောင်းရန် မဟုတ်ပေ။ ငှားရန်သာ ဖြစ်သည်။ ထိုခေတ်က ကတ်ဆက်ဆိုင်များသည် ဗီဒီယိုခွေများ ငှားရမ်းလားဆိုသည်ကို မသေချာပေ။
ရုပ်ရှင်များသည် သီချင်းများနှင့် မတူပေ။ အချို့သော သူများက ရုပ်ရှင်ကို ဇာတ်ကြောင်းကို ကြည့်ကြပြီး အကယ်၍ တစ်ယောက်ယောက်က ရုပ်ရှင်ကို နှစ်ခါ သုံးခါ ကြည့်ပြီးပါက ထိုသူသည် စိတ်ဝင်စားမှု နည်းပါးသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် ဗီဒီယီုတိပ်ခွေ ဝယ်ယူခြင်းက မတန်ပေ။ ငှားခြင်းက ကောင်းသည့် ရွေးချယ်မှုပင် ဖြစ်သည်။ ရုပ်ရှင်ကို တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ် ကြည့်ပြီးနောက် ဗီဒီယို တိပ်ခွေကို အခြားသူများနှင့် လဲပြီး ကြည့်နိုင်သေးသည်။ ယင်းက ပိုက်ဆံ ချွေတာရာလည်း ရောက်ပေသည်။
ဖုန်းယွီနှင့် လီနသည် စင်ပေါ်ရှိ ကက်ဆက်ခွေများကို ကြည့်နေသည်။ ဖုန်းယွီသည် ဟောင်ကောင်နှင့် ထိုင်ဝမ် ကက်ဆက်ခွေများကို ကြည့်နေသည်။ ထိုအချိန်က လော့သာ့ရုံ၊ လီကျုံးရှန်း( ဂျွန်နသန်လီ)နှင့် ကျုံးကောရုန့်(လပ်စ်လီ ချွမ်း)တို့သည် အလွန်နာမည် ကြီးကာ ဖုန်းယွီသည် သူတို့၏ သီချင်းများစွာကို နှစ်သက်ပေသည်။
သို့သော် တခဏကြာ ရှာပြီးနောက် သူသည် ထိုအဆိုတော်များ၏ အယ်ဘမ်ကို ရှာမတွေ့ပေ။ သို့သော် အန်ဒီလု၏ သီချင်းများတော့ ရှိပေသည်။ ဖုန်းယွီသည် အန်ဒီလု၏ ခေတ်ပေါ်သီချင်းများကို ရွေးချယ်သည်။
ကက်ဆက်ဆိုင်ပိုင်ရှင်က ဖုန်းယွီ ကက်ဆက်ခွေ တစ်ခွေမှ မယူသည်ကို မြင်သည့်အခါ သူ့ဆီလာပြီးနောက် အကူအညီ အချို့ပေးတော့သည်။
“ညီအစ်ကို မင်း ဘယ်သီချင်းကို နှစ်သက်တာလား။ ငါ့ကိုပြော မင်းကို ကူရှာပေးမယ်”
“ကျေးဇူးတင်ပါတယ်။ ငါက ဒီအတိုင်း လျှောက်ကြည့်တာပါ”
ဖုန်းယွီသည် လီနကို အဖော်ပြုကာ ဆိုင်သို့ ဝင်လာခြင်း ဖြစ်သည်။ သူနှစ်သက်သည့် အရာများ မတွေ့လည်း သူစိတ်ထဲထားမည် မဟုတ်ပေ။
“ညီအစ်ကို ငါ့ကက်ဆက်ဆိုင်က ဘင်းမြို့တော်နဲ့ လုံကျန်းပြည်နယ်မှာ အစုံဆုံးနော်။ တရုတ်ပဲ ဖြစ်ဖြစ် နိုင်ငံခြားပဲ ဖြစ်ဖြစ်ရှိတယ်။ မင်း ပြောသာ ပြောလိုက် ငါရှာပေးမယ်”
ဆိုင်ပိုင်ရှင်က ကြွားဝါလိုက်သည်။
“နိုင်ငံခြား ကက်ဆက်ခွေလား။ ငါဘာလို့ မတွေ့ရတာလဲ။ အဲ့ခွေက ဘယ်မှာလဲ”
ဖုန်းယွီက စိတ်ဝင်စားလာတော့သည်။ သူက ဖူကွမ်းကျန်းပေးသည့် ကက်ဆက်ခွေများ နားထောင်ပြီးကာစသာ ရှိသေးသည်။ သူသည် နောက်ထပ် သီချင်းသစ်များကို နားထောင်ချင်သည်။
ဆိုင်ပိုင်ရှင်က ဖုန်းယွီကို တခဏစောင့်ခိုင်းပြီး သူသည် ဆိုင်အပြင်ဖက်တွင် လုံခြုံရေးများ ရှိမရှိ ဆိုသည်ကို တစ်ချက် သွားစစ်ဆေးလိုက်သည်။ ပြီးနောက် သူသည် စားပွဲအောက်မှ သေတ္တာတစ်ခုကို ယူလိုက်သည်။ ထိုသေတ္တာသည် ကက်ဆက်ခွေများဖြင့် ပြည့်နေသည်။ အနည်းဆုံး ကက်ဆက်ခွေ တစ်ရာရှိမည် ဖြစ်သည်။
ကက်ဆက်ခွေများနှင့် စီဒီခွေများ အများစုသည် အင်္ဂလိပ်ခွေများ ဖြစ်ကြပြီး အချို့မှာ ရုရှား၊ ဂျပန်နှင့် ဖုန်းယွီမသိသော ဘာသာစကား အချို့ပင် ဖြစ်သည်။ သူ့မှန်းဆချက်အရ ယင်းက ပြင်သစ်သို့မဟုတ် ဂျာမဏီ ဖြစ်ပေမည်။
ပလက်စတစ် ထုတ်ပိုးမှ မတွေ့ရသည့်အတွက် ခွေများက ထုတ်ထားပုံပေါ်သည်။
ဖုန်းယွီက ကက်ဆက် ပလစ်စတစ်ဘူးကို ဖွင့်လိုက်ပြီးနောက် စိတ်ပျက်သွားတော့သည်။
အကုန်လုံးက မှောင်ခိုသွင်းထားသည် ဖြစ်သည်။ သူက ထိုခွေများ အားလုံးကို မူရင်းဟု တွေးခဲ့သည်။ ထိုအရာများမှ အချို့သည် ခိုးကူးများဖြစ်သည်။ ထိုအရာများ အားလုံးက မှောင်ခိုသွင်းသည့် အရာများဖြစ်ပေသည်။ ဆိုင်ပိုင်ရှင်က ဆိုင်ပြင်ဖက်ထွက်ပြီး စစ်ဆေးသည်ကို အံ့ဩစရာ မလိုပေ။ ထိုဆိုင်ပိုင်ရှင်က အဆက်အသွယ်အများအပြား ရှိပုံပေါ်သည်။
“အာ...”
ဖုန်းယွွီသည် ကက်ဆက်ခွေ အချိုကို ယူလိုက်ချင်သေးသော်လည်း လီနက ရုတ်တရက်အော်လိုက်သည်။