← Chapters

ကတ်ဆက်ခွေဆိုင် အပိုင်း ၂

Vol. 15 Ch. 214

ကတ်ဆက်ခွေဆိုင် အပိုင်း ၂

Vol. 15 Ch. 214

ဖုန်းယွီသည် သေတ္တာထဲရှိ တိပ်ခွေများကို ကြည့်ချင်သေးသည့် သူနှစ်သည့် အရာများ ရှိမရှိပင်။ ထိုအချိန်တွင် လီနက အော်လိုက်တော့သည်။

“နင်ဘာလုပ်တာလဲ။ ငါအရင်မြင်တာ”

“မင်းဘယ်လို အရင်မြင်မှာလဲ။ ငါက အခုကပိုင်ထားတဲ့လူဆိုတော့ အဲ့ခွေက ငါ့နဲ့ဆိုင်တယ်”

လူငယ်တစ်ယောက်က စီဒီတစ်ချပ်ကို ကိုင်လျက် ပြောလိုက်သည်။ သူက လီနကို စူးစိုက်ပြီး ကြည့်နေသည်။

ဖုန်းယွီက အပြေးသွားပြီးနောက် ထိုလူငယ်၏ လက်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီးနောက် လီနကို သူ့ဖက် ဆွဲခေါ်ကာ

“ဘာဖြစ်သွားသေးလဲ”

“ငါ စီဒီကို အရင်မြင်ခဲ့တာ ပြီးတော့ သူက ငါ့လက်ထဲကနေ ဆက်ခနဲဆွဲယူသွားတ”"

လီနက စိတ်ဆိုးလျက် ပြောလိုက်သည်။ ထိုပုဂ္ဂိုလ်က ကျိုးကြောင်းမသင့်ပေ။ သူမသည် စီဒီကို ကိုင်ပြီး ဖြစ်သည်။ သူမ လက်ထဲရှိ အရာကို ဘယ်လိုလုပ် သူဆွဲလုနိုင်သနည်း။

ဖုန်းယွီက ထိုလူငယ်ဆီကို သူ့လက်ကို ဆန့်လိုက်ပြီးနောက်

“ငါ့ကို ပြန်ပေး”

ထိုလူငယ်က ဖုန်းယွီကို အထက်ဆီးဆန်ဆန်ဖြင့် ကြည့်လိုက်ပြီးနောက်

“ကောင်စုတ်။ ဒီစီဒီ ဘယ်လောက်တန်လဲဆိုတာ မင်းသိလို့လား။ ဒါက ပြည်ပက တင်သွင်းတဲ့ဟာ။ မင်း အင်္ဂလိပ်လိုဆိုတာ နားလည်လို့လား။ မင်းမှာ စီဒီစက်ရှိလို့လား။ မင်းလိုလူတွေက ဟိုမှာရှိတဲ့ ကတ်ဆက်ခွေတွေကိုပဲ ဝယ်သင့်တာ”

ယခုလက်ရှိ တရုတ်ပြည်တွင် လူများက ကက်ဆက်ခွေများကိုသာ နားထောင်ဆဲ ဖြစ်သည်။ စီဒီခွေများကိုလည်း တရုတ်နိုင်ငံကို တင်သွင်းပြီ ဖြစ်သော်လည်း လူအနည်းငယ်သာ တက်နိုင်ကြသည်။ စီဒီစက်မဆိုထားနှင့် မူရင်းခွေ တစ်ခွေက ယွမ်ဒါဇင် တန်ကြေးရှိသည်။ ယင်းက ကက်ဆက်ခွေများနှင့် ကတ်ဆက်များထက် အဆပေါင်းများစွာ ပိုဈေးကြီးပေသည်။ လူများစွာက မတက်နိုင်ကြပေ။

သို့သော် ဖုန်းယွီကား မတက်နိုင်သည့် လူများထဲမှ မဟုတ်ပေ။ ဖုန်းယွီ၏ အိပ်ထဲတွင်တောင် ဒစ်မန်း(စီဒီခွေစက် အသေးစား) တစ်ခုတောင်ရှိပေသည်။

ဖုန်းယွီက သူ့အိတ်ထဲမှ ဒစ်မန်းကြီးကြီး တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ထိုခေတ်အခါက ဒစ်မန်းများသည် လက်ဖြင့် ကိုင်နိုင်သည့် သို့မဟုတ် အိတ်ကပ်ထဲ ထည့်နိုင်သည့် သေးပြီး ပါးသည့် အမျိုးအစားများ မဟုတ်ကြပေ။ ထိုခေတ်အခါက အိပ်မရှိပါက ထိုအရာကို အပြင်သို့ ယူသွား၍ မရနိုင်ပေ။

ဖုန်းယွီသည် ဒစ်မန်းကို ကိုင်လျက် လူငယ်လေသံ အတိုင်းပြောလိုက်သည်။

“ကောင်စုတ်လေး ဒါဘာလဲ သိလား။ ဒစ်မန်း နိုင်ငံခြားက ပို့တဲ့ဟာ။ ဒါက အမေရိကန် ပြည်ထောင်စုကနေ ငါ့သူငယ်ချင်း ပို့ထားတဲ့ နောက်ဆုံးထွက်နဲ့ ဈေးအကြီးဆုံးမော်ဒယ်ပဲ။ မင်းမှာ စီဒီစက်ရှိလို့လား။ အခုထုတ်ပြီး ငါ့ကိုပြော။ မင်း အင်္ဂလိပ်စာကို နားလည်လို့လား။ သီချင်းစာသားတွေရဲ့ အဓိပ္ပာယ်ကိုကော သိရဲ့လား”

လူငယ် နှစ်ယောက်လုံးနှင့် စတိုးဆိုင်ပိုင်ရှင်က အံ့ဩသွားပေသည်။ ထိုကျောင်းသားက သူ့အိတ်ထဲမှ စီဒီစက်ကို ထုတ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။

ထိုလူငယ်က သူ့လက်ထဲတွင် စီဒီကိုင်ထားပြိး ကြောင်နေဆဲ ဖြစ်သည်။ ဖုန်းယွီက သူ့အိတ်ထဲမှ ယွမ် ၁၀၀တန်ကို ထုတ်ပြီးနောက် ကတ်ဆက်ဆိုင်ပိုင်ရှင်ကို ပြောလိုက်သည်။

“လောင်ပန်း ငါ ဒီစီဒီကို ယူမယ်”

ထိုကတ်ဆက်ဆိုင်ပိုင်ရှင်က ချက်ခြင်းပင် ထိုလူငယ်ထံမှ စီဒီခွေကို ဆွဲယူလိုက်ပြီးနောက် ဖုန်းယွီကို ပေးလိုက်သည်။ ထိုကလေး၏ မိသားစုက တကယ်ပင် ချမ်းသာပေသည်။ သူက ယွမ် ၁၀၀တန်ကိုတောင် ထုတ်နိုင်သည်။ သူ့မိသားစုအနေဖြင့် သူ့ပိုက်ဆံ ဖြုန်းမည်ကို မကြောက်သည်လော။ ထို့အပြင် သူက ပစ္စည်းများ ဝယ်ရာတွင်လည်း ဈေးကိုတောင် မမေးသည်လော။

ထိုလူငယ်၏ မျက်နှာက အံ့အားမှင်သက်မှုနှင့် ဒေါသထွက်မှုတို့ကြောင့် နီရဲလာတော့သည်။

ဖုန်းယွီက တမင်သက်သက်ဖြင့် အော်ပြောလိုက်သည်။

“နောက်ကျမှ ငါမင်းကို မြို့ရဲ့ စားကောင်းသောက်ဖွယ်တွေကို လိုက်ကျွေးဦးမယ်။ စီချွမ်းစားသောက်ဆိုင် အသစ်ဖွင့်ထားတယ်။ ညစာကို ယွမ် ၁၀၀ကျော်တယ်ပြောတယ်။ အို မင်း အစပ်တော့ စားတယ်မလား”

ထိုလူငယ်က လူမိုက်ကိုတောင် ခေါ်ပြီး သူ့ကို ရိုက်ခိုင်းချင်နေသည်။ သို့သော် ဖုန်းယွီကို ထိုနေရာကို လိုက်ပို့မည်ဟု ပြောသောအခါ သူ့စိတ်ကို ပြောင်းလိုက်တော့သည်။ (တတိယဘီး ဖြစ်ချင်နေတာ 🤣)

ထိုခေတ်အခါက ကားမောင်းနိုင်ခြင်းကား အာဏာရှိသည့်သူ တစ်ယောက်ယောက် သို့မဟုတ် ချမ်းသာသည့်သူ တစ်ယောက်ယောက် ဖြစ်ရမည်ပင်။ ဖုန်းယွီတွင် အာဏာ သို့မဟုတ် ဓန တစ်ခုခု ရှိနေပါက ဖုန်းယွီကို ရှုပ်ရဲမည် မဟုတ်ပေ။ သူ့အဖေက အအဝတ်အစား လုပ်ငန်းရှင် တစ်ယောက်သာ ဖြစ်သည်။

ထိုလူငယ်က မျက်နှာကို အောက်ကျို့လျက် ဆိုင်မှ ထွက်သွားတော့သည်။ ဖုန်းယွီက အောင်ပွဲခံသည့် မျက်နှာဖြင့် လီနကို ကြည့်လိုက်သည်။ “ငါဘယ်လောက်တောင်မှ တော်လိုက်လဲ။ မြန်မြန် ငါ့ကို ချီးကျူးပေးတော့”စကားလုံးများက သူ့မျက်နှာထက်တွင် ရေးထားပေသည်။

လီနက ပြုံးလျက် သူမခေါင်းကို ခါလိုက်သည်။ ဖုန်းယွီက တကယ်ကိုပင် ဝမ်တုန့်ကျွင်းထံမှ မကောင်းသည့် အရာများ အားလုံးကို သင်ယူခဲ့သည်ပင်။ သူချမ်းသာလာတဲ့ အချိန်ကတည်းက လေပေါလာတာလား။

ဖုန်းယွီသာ လီနတွေးနေသည့် အရာကို သိခဲ့လျှင် သူက အပြစ်ကင်းသည့်အလား စီစီညံညံ လုပ်မည်ပင်။ သူချမ်းသာချိန်တွင် ကြွားဝါနေသော်လည်း ယင်းက ထိုလူငယ်အား သူ့ကို နောက်ထပ် မနှောက်ယှက်ရန် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ ကြွားဝါခြင်းက ဝမ်တုန့်ကျွင်း၏ ဝင့်ကြွားဂုဏ်ဆာမှုနှင့် ကွဲပြားသည်ပင်။

“ညီအစ်ကို သေတ္တာထဲက ကတ်ဆက်ခွေတွေနဲ့ စီဒီခွေတွေကို ရွေးချင်သေးလား”

ဆိုင်ပိုင်ရှင်က ဖုန်းယွီ၏ ချမ်းသာမှုကို မြင်ပြီးနောက် နောက်ထပ် ပစ္စည်းများကို အကြံဉာဏ်ပေးချင်သည်။ ထိုမိသားစုက သေချာပေါက် ချမ်းသာမည်ပင်။ ပြီးနောက် ထိုကလေးက လက်ဖွာသူ ဖြစ်သည်။ စတိုးဆိုင်ပိုင်ရှင်က ထိုအခွင့်အရေးကို ဆွဲကိုင်ကာ နောက်ထပ် ငွေများ ပိုရချင်သည်။

“တော်ပြီ။ အဲ့တာတွေ အကုန်လုံးက ပျက်နေတဲ့ ခွေတွေပဲ။ မင်းက အဆက်အသွယ်တော်တော်ရှိတာပဲ။ ဒါတွေ အကုန်လုံးက မှောင်ခိုသွင်းထားတာ မလား”

ဖုန်းယွီက ပြုံးလျက် မေးလိုက်သည်။

ထိုခေတ်အခါက တင်သွင်းခွင့် ကန့်သတ်ချက်များကြောင့် မူရင်းကတ်ဆက်ခွေများနှင့် စီဒီခွေများသည် အလွန်ပင် ဈေးကြီးသည်။ အပေါက်ဖောက်ထားသည့် တိပ်များနှင့် စီဒီများအတွက် ဈေးကွက် တစ်ခုတောင် ရှိပေသည်။

အပေါက်ဖောက်ထားသည့် စီဒီသည် ယွမ် အနည်းငယ်သာ တန်ကြေးရှိသော်လည်း အနည်းဆုံး နားထောင်နိုင်သည်မှာ သီချင်း တစ်ပုဒ်သာ ဖြစ်သည်။ မူရင်းခွေမဝယ်နိုင်သည့် သူများအတွက် ရွေးချယ်စရာ အကောင်းဆုံးပင် ဖြစ်သည်။

ထိုတရားမဝင် အရာများ လုပ်ကိုင်မှု နာမည်ကြီးခြင်းသည် ၁၉၉၅တိုင်အောင် ရှိပေသည်။ တရုတ်ပြည်တွင် တင်သွင်ခွင့် ကန့်သက်ချက်များသာမက ဈေးကြီးသည့် အတွက်ကြောင့်လဲ ဖြစ်ပေသည်။ ခိုးကူးစီဒီနှင့် ခိုးကူးခွေများက မူရင်းထက် ၃၀ရာခိုင်နှုန်းထက်လျော့သည်။ အချို့မှာ မူရင်းခွေတန်ဖိုး၏ ဆယ်ပုံ တစ်ပုံသာ ရှိသည်။ ယင်းက ဖောက်ထားသည့် စီဒီထက်တောင် ဈေးချိုပေသည်။ မည်သူက မှောင်ခိုသွင်းခွေများကို ဝယ်မည်နညး်။

တရုတ်သို့မဟုတ် နိုင်ငံခြား သီချင်းများကိုတောင် ခိုးကူးခွေ ဈေးကွက်တွင် ရှာနိုင်ပေသည်။ အသံအရည်အသွေးသည်လည်း အလွန်ကောင်းမွန်သည်။ ခိုးကူးစီဒီခွေများနှင့် ကတ်ဆက်ခွေများ ကြောင့် တစ်ကိုယ်ရည်သုံး ခွေစက်များ ရောင်းအားကောင်းစေရန် တွန်းအားများ ဖြစ်စေခဲ့သည်။

အပေါက်ပါခွေများက မူရင်းခွေများ ဖြစ်သည်။ အကြောင်းမှာ သူတို့ ပိုထုတ်လုပ်ကြပြီး ကန့်သတ်ချက်များကြောင့် ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းကို မလျော့ချနိုင်သည့် အတွက် ဖြစ်သည်။ စီဒီနှင့် ကတ်ဆက်ခွေများသည် သူတို့ကိုယ်တိုင် အပေါက်များဖောက်ပြီး တရုတ်ပြည်ကို ပလက်စတစ် အိတ်များဖြင့် တင်သွင်းခဲ့သည်။ ထို့နောက် သူတို့သည် ကတ်ဆက်ခွေဆိုင်များတွင် အပေါက်ပါခွေများအဖြစ် ရောင်းချနိုင်ပေသည်။

ယင်းကို မှောင်ခိုဟု စဉ်းစားနိုင်ပေသည်။ ထို့အတွက်ကြောင့် ဖုန်းယွီက ဆိုင်ပိုင်ရှင်ကို မေးခဲ့ခြင်း ဖြစ်သည်။

ဆိုင်ပိုင်ရှင်က ရယ်သာရယ်ပြီး ဘာမှ မပြောပေ။

“ညီအစ်ကို မင်း ဖောက်ထားတဲ့ စီဒီတွေနဲ့ ကတ်ဆက်ခွေတွေကို မကြိုက်ဘူးလား။ ငါ့က ဗီဒီယိုတွေလဲ ငှားသေးတယ်။ မင်းကြည့်ဦးမလား။ အကုန်လုံးက နောက်ဆုံးပေါ်တွေပဲ။ ငါ့မှာ ပြည်တွင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အမေရိကန် ပြည်ထောင်စုကတောင် ရှိတယ်။ မင်းအိမ်မှာ ဗီဒီယိုစက် ရှိမှာပဲ။ အဲ့ဇာတ်ကားတွေကို ငှားပြီး ပြန်ကြည့်ပါလား။ အဲတာက တီဗွီရှိုးထက်တောင် ကောင်းသေးတယ်”

ဆိုင်ပိုင်ရှင်က သူ့ အပေါက်ပါသည့် စီဒီနှင့် တိတ်ခွေများကို မရောင်းနိုင်မှတော့ သူ့အနေဖြင့် ဗီဒီယို ငှားရမ်းခြင်းကို မြူဆွယ်ရန်သာ ရှိတော့သည်။ ဖုန်းယွီကို ကြည့်ရင်း ဆိုင်ပိုင်ရှင်က သူ့ဆီမှ ဘာမှ ထပ်မရဘဲ ပြန်သွားခွင့် မပေးချင်ပေ။ သူက ဖုန်းယွီကို ထိုအရာအတွက် အကုန်လုံး သုံးဖြုန်းစေချင်သည်။

ဖုန်းယွီသည်လည်း တီဗွီရှိုးများကို ကြည့်ရသည်ကို မနှစ်သက်။ ဘယ်အတွက် ဗီဒီယိုခွေများကို မငှားဘဲ နေရမည်နည်း။ သူက လျှောက်သွားပြီးနောက် ခေါင်းစဉ်များကို ကြည့်လိုကသည်။ ထိုအရာများက ရုပ်ရှင်များသာမက ....ကဲ့သို့ ဟောင်ကောင်ဇာတ်လမ်းတွဲများလဲ ရှိသည်။ ထိုဇာတ်လမ်းတွဲတွင် ၄၂ခွေရှိသည်။

လီနသည် စီဒီများကို ရွေးနေဆဲ ဖြစ်ကာ ဖုန်းယွီက ဗီဒီယိုခွေများကို ကြည့်နေဆဲပင်။ သူက ထိုခွေအများစုကို စိတ်ဝင်စားပုံမပေါ်ပေ။ သူက ဟောင်ကောင်မှုခင်းဇာတ်လမ်းကို ယူလိုက်တော့သည့် အချိန်တွင် ဆိုင်ပိုင်ရှင်က သူ့ကို တစ်ဖက်ကို ခေါ်ပြီး တိတ်တိတ်လေး မေးလိုက်တော့သည်။

“လူလေး။ မင်းနောက်ထပ် ရွေးချင်သေးလား။ အထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ ရှိသေးတယ်”

ဖုန်းယွီက မျက်တောင်ခက်လိုက်ပြီးနောက် ဆိုင်ပိုင်ရှင်၏ မရိုးဖြောင့်သည့် အပြုံးကို တွေ့လိုက်ရသည်။ သူက ချက်ခြင်းပင် ဆိုင်ပိုင်ရှင်က မည်သည့် ခွေများအကြောင်းပြောနေသည်ကို သဘောပေါက်သွားသည်။

သို့သော် ဖုန်းယွီက ပိုင်ရှင်၏ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သည်။ သူ့ဘေးတွင် လီန ရှိနေကာ သူမကို ထိတောင် မထိရသေးပေ။ သူအနေဖြင့် ထိုသို့သော ရုပ်ရှင်မျိုးကို ကြည့်ပါက ရူးတောင် ရူးသွားမည်ပင်။

ထပ်ပြောရပါက အကယ်၍ သူ့အစ်မသာ ထိုခွေများအကြောင်းကို သိပါက သူ့အဖေသည့် သူ့ဆီလာပြီး ကြက်မွှေးနှင့်မိတ်ဆက်ပေးမည်ပင်။

ဖုန်းယွီက သူ့နှလုံးထဲတွင်သာ တွေးနေသော်လည်း သူ့လက်များက သူ့ဘာသာသူ ရောက်သွားတော့သည်။

“ဖုန်းယွီ ပြီးပြီလား”

ဖုန်းယွီက သူ့လက်ကို အမြန်ရုတ်လိုက်ပြီးနောက် မိသည့် ခွေနှစ်ခွေသာ ယူလိုက်တော့သည်။

“ပြီးပြီ။ငါလာပြီ”

ကတ်ဆက်ဆိုင်မှ ထွက်သွားပြီးနောက် ဖုန်းယွီက ဆိုင်ကို လှည့်ကြည့်လိုက်ကာ

ဟန့် ဒီလိပ်စာကို မှတ်ထားရမယ်။

All Chapters