← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

ဖုန်းယွီသည် မော်တော်ဆိုင်ကယ်၏ ကုမ္ပဏီ၏ကိုယ်စား မြို့တော်အစိုးရနှင့်အတူ အရောင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ကျန်းရွေ့ချင်သည် မြို့တော်ဝန်အစည်းအဝေးကျင်းပစဉ်တွင် ရဲများ၏ အသုံးအဆောင်ပစ္စည်းနဲ့ အလုပ်အခြေအနေပေါ်မူတည်ပြီး ဘက်ဂျက်တိုးမြှင့်ရန် တင်ပြခဲ့သည်။ ထိုတင်ပြချက်ကို လူတိုင်းက ကြိုဆိုကြပေသည်။

အထူးသဖြင့် လက်ထောက်မြို့တော်ဝန်သည် မြို့တော်၏ တရားဥပဒေစိုးမိုးရေးကို ကြည့်ရှုရသည့်သူဖြစ်ပြီး မြို့တော်ရဲတပ်ဖွဲ့ဝင်များသည် သူတို့၏အလုပ်ကို ပိုစွမ်းဆောင်နိုင်ပါက သူသည် ရမှတ်များပိုရရှိမည် ဖြစ်ပေသည်။

သို့သော် သူတို့်အနေဖြင့် မည်သည့် အခြေအနေနှင့် အစိတ်အပိုင်းများကို တိုးတက်အောင်လုပ်မည်နည်း။ လူတိုင်းက သူတို့၏အမြင်နှင့် ရှိကြပေသည်။ အချို့သောသူများက ရဲစခန်း အသစ် သို့မဟုတ် အဆောက်အအုံဟောင်းများကို ပြန်လည်ပြုပြင်ချင်သည်။ ယခုလက်ရှိအဆောက်အအုံများသည် အလွန်အိုမင်းနေပြီဖြစ်ကာ ရဲတပ်ဖွဲ့၏ ပုံရိပ်ကို ထိခိုက်စေသည်။ သူတို့ အကြံပေးသည်က ရဲတပ်ဖွဲ့အရာရှိများ၏ လစာကို တိုးတက်ပေးရန်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ သမာဓိကို ထိန်းထားနိုင်မည်ဖြစ်ကာ ဒဏ်ငွေများ ခဏခဏတောင်းသည့် တိုင်ချက်များကိုလည်း ကာကွယ်နိင်မည်ဖြစ်သည်။ အဲ့ကျန်းရွေ့ချင်က အခြားသော ရွေးချယ်မှုတစ်ခုကို ကမ်းလှမ်းလိုက်သည်။ သူက ကင်းလှည့် ရဲတပ်ဖွဲ့များသည် သူတို့၏ တာဝန်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ဆောင်ရန်အတွက် လိုအပ်သည်ဖြစ်ရာ သူတို့ အတွက် ပြောင်းလဲရေးသည်က အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အရာရှိများသည် ဆယ်စုနှစ်ကြာ အိုဟောင်းနေသည့် ယာဉ်များကို သုံးစွဲနေဆဲဖြစ်ကာ ထိုအရာများသည် ရဲအဖွဲ့ဝင်များ၏ လုံခြုံရေးကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။

ကင်းလှည့်ယာဉ်ဟောင်းများသည် မှုခင်းဖြစ်ပွါးရာနေရာကို ရောက်ရှိသည်မှာလည်း နှောင့်နှေးကြံကြာမှုများဖြစ်စေကာ ပြစ်မှုကျူးလွန်သူများကိုလည်း မှီအောင် လိုက်နိုင်ခြင်းမရှိကြပေ။ ယင်းက သူ့အကြံဉာဏ်ကို ထောက်ခံရန်အတွက် အကြောင်းပြချက်များ ဖြစ်ပေသည်။

ယာဉ်အသစ်ဝယ်ယူခြင်းလော။ အစည်းအဝေးက လူငယ်တိုင်းက ယင်းက အကြံဉာဏ်ကောင်း မဟုတ်မှန်းခံစားလိုက်ရသည်။ အကယ်၍သူတို့ ဂျစ်ကားဝယ်လျှင်တောင် ဈေးချိုမည်မဟုတ်ပေ။ ကျန်းရွေ့ချင်၏ အကြံဉာဏ်ပေးချက်အရ ရဲစခန်းတိုင်းတွင် အနည်းဆုံးယာဉ်တစ်စီးရှိရမည်ဖြစ်ကာ ယင်းအဓိပ္ပါယ်က သူတို့အနေဖြင့် အနည်းဆုံး ယာဉ်တစ်ဒါဇင်ရှိရမည်ဖြစ်သည်။ ထိုကုန်ကျငွေက အနည်းဆုံးတစ်သန်းကုန်ကျနိုင်ပေသည်။

ဘာ မော်တော်ဆိုင်ကယ်လား။ မော်တော်ဆိုင်ကယ်သည်လည်း အလွန်ဈေးချိုပေသည်။ ကျာလင်း ငါးဆယ်ကို တွေးနေသည်လော။ အကယ်၍ ရဲအရာရှိများက ထိုမော်ဒယ်ဘီးများကို စီးနေပါက ယခုလက်ရှိမော်တော်ဆိုင်ကယ်များတွင် အသုံးပြုနေသည့် ဆိုက်ကားကိုလည်း ချိတ်ထားနိုင်မည်ဖြစ်သည်။ အိုဟောင်းနေသည့် ဆိုက်ကားမော်တော်ဆိုင်ကယ်များသည် ထိုမော်ဒယ်ထက်တောင် မြန်နေသေးဆဲဖြစ်သည်။

ကျန်းရွေ့ချင်၏ ဆက်လက်ပြောဆိုခြင်းအရ သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီကို ထိုအကြောင်းပြောဆိုဆဲဖြစ်ကာ အစုရှယ်ယာရှင်များကလည်း ဘင်းမြို့တော်ကို အထူးဈေးနှုန်းဖြင့်ပေးမည်ဖြစ်ကြောင်း သဘောတူထားပေသည်။ ဆိုင်ကယ်တစ်စီးအတွက် ယွမ်တစ်သောင်းဖြစ်သည်။ အကယ်၍ အစီးတစ်ရာဝယ်ပါက စက်ယန္တရားကုမ္ပဏီအနေဖြင့် ဆိုင်ကယ်ဆယ်စီးကို လက်ဆောင်အဖြစ်ပေးမည်ဖြစ်သည်။

လူတိုင်းက ထိုအကြောင်းကို ကြားသည့်အခါ သဘောတူကြပေသည်။ မော်တော်ဆိုင်ကယ်တစ်စီးလျှင် ယွမ်ကိုးထောင်က အလွန်ပင်သင့်လျော်သည့် အပေးအယူဖြစ်သည်။ ဆိုင်ကယ်အစီးရေ တစ်ရာ့တစ်ဆယ်နှင့် ဆိုပါက သူတို့သည် ဘင်းမြို့တော်ရှိ ရဲစခန်းများအားလုံးကို ဆိုင်ကယ်ပေးအပ်နိုင်ကာ သူတို့၏ ယာဉ်ထိန်းများအတွက်လည်း ဆိုင်ကယ်ပေးနိုင်မည်ဖြစ်သည်။ ယင်းက မြို့တော်၏ ရဲတပ်ဖွဲ့ အခြေအနေကို သိသိသာသာတိုးမြှင့်ပေးရာရောက်ပေသည်။ ဖုန်းယွီက စက်ယန္တရားကုမ္ပဏီတွင် ထိုအထူးဈေးနှုန်းကို အခြားသူများအားပြောသည့်အခါ ဖူကွမ်းကျန်းသည်လည်း တွန့်ဆုပ်ခြင်းမရှိသဘောတူလိုက်သည်။ သူ့မိသားစုသည် ဟောင်ကောင်မှတစ်ဆင့် အစိုးရကို တတ်နိုင်သမျှ ထောက်ပံ့ပေးနေသည်။ ထိုနည်းလမ်းဖြင့် သူတို့သည် အနာဂတ်တွင် ပြဿနာပေါင်းများစွာကို ကြိုတင်ကာကွယ်ထားနိုင်မည်ဖြစ်သည်။ လီမင်တကလည်း ထိုအပေးအယူကို အကြောင်းပြချက်မရှိမငြင်းဆိုပေ။ သူသည် အစိုးရအရာရှိတစ်ယောက်ဖြစ်ကာ မြို့တော်အစိုးရကို သူမည်သို့ ဆန့်ကျင်နိုင်မည်နည်း။

မြို့တော်နှင့် စာချုုပ်ချုပ်ဆိုပြီး ငွေများရရှိပြီးနောက် ဖုန်းယွီက ဆိုင်ကယ်တစ်ရာ့ တစ်ဆယ်အစီးကို သက်ဆိုင်ရာရဲစခန်းများနှင့် ယာဉ်ထိန်းများဆီ ပို့လိုက်တော့သည်။ အရာရှိများအားလုံးက မော်တော်ဆိုင်ကယ်အသစ်နှင့် ပတ်သတ်ပြီး စိတ်လှုပ်ရှားနေကြကာ သူတို့ထဲက ယာဉ်ထိန်းရဲအရာရှိများသည် အပျော်ရွင်ဆုံးဖြစ်ပေသည်။ ကဲအခု လိုင်စင်မပါပဲ ဘယ်သူဆိုင်ကယ်စီးရဲမလဲ။ အခုတော့ မင်းတို့တွေ လွတ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေ့ါ။

….

ဖုန်းယွီသည် ရဲအရာရှိ ချန်း၏ရုံးခန်းတွင် ထိုင်နေသည်။ ရဲအရာရှိချုပ်ချန်းသည် ယခုလက်ရှိတွင် မြို့တော်၏ ဒုတိယရဲမှူးချုပ်ဖြစ်သည်။ ဂိုဏ်းကဏဖြေရှင်းရန်အချိန်က သူ့၏လုပ်ဆောင်မှုကို ပြည်နယ်ရဲအရာရှိက ချီးမွမ်းခဲ့ကာ သူသည် ရာထူးတိုးခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ အရာရှိချန်းသည် ဖုန်းယွီနှင့် ရင်းနီးခဲ့တာဖြစ်သည်။

“မန်နေဂျာဖုန်း ခင်ဗျားဒီကို တစ်ခုခုအတွက်ပဲ ရောက်လာတာမလား”

“အရာရှိချန်း ခင်ဗျားကို ပြည်နယ်ရဲအရာရှိချုပ်က သူတိပြုမိနိုင်တဲ့ အကြံဉာဏ်ကောင်းတစ်ခုတွေ့ထားတယ်။ အရင်တုန်းက စစ်လောင်စီးကိစ္စတုန်းက ကျွန်တော့်ကို ကူညီခဲ့တာ အခုကျွန်တော်က ပြန်ကူည်ီရမှာပေါ့”

ဖုန်းယွီက မရိုးသားသည့် အပြုံးဖြင့်ပြောလိုက်သည်။

“အကြံဉာဏ်ကောင်းလား။ ဘာလဲ”

“ရဲအရာရှိချန်း ။ ရဲအရာရှိက ယာဉ်ထိန်းရဲဌာနရဲ့ တာဝန်ခံဟုတ်တယ်မလား။ မြို့တော် ဒါမှမဟုတ်ဘူးဆိုရင် ပြည်နယ်ရုပ်မြင်ဌာနနဲ့ အဆက်အသွယ်ရှိလား။ ရဲအရာရှိအနေနဲ့ သူတို့ကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးကန်ပိန်းကို သူတို့ကို တောင်းဆိုလို့ရလား”

“ပြည်နယ်ရုပ်သံဌာနအတွက်ဆိုရင်တော့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မြို့တော်ရုပ်သံဌာနအတွက်တော့ ပြဿနာရှိမှ မဟုတ်ဘူး။ မြို့တော်ရုပ်သံဌာနချုပ်က ငါ့ရဲ့ အတန်းဖော်လေ။ ဒါပေမယ့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးကန်ပိန်းက ဘာကို မင်းပြောချင်တာလဲ။ ဒါက ပထမဦးဆုံး ငါကြားဖူးတာပဲ။ ”

ရဲအရာရှိချန်းက ပဟေဠိဖြစ်နေသည်။ တီဗီရုပ်သံ ဌာနများက အမြဲလိုလိုပင် မြို့တော်တွင် ဖြစ်ခဲ့သည့် ထင်ရှားသည့်ပွဲများ သို့မဟုတ် မြို့တော်ခေါင်းဆောင်များ ဘာလုပ်သည် သို့မဟုတ် မြို့နယ်လူထုနှင့် သတ်ဆိုင်သည့် အစီအစဉ်များကိုသာ ပြသသည်။ သူသည် မည်သည့် အခါကမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးကန်ပိန်းကို တီဗီရုပ်သံဌာနက ပြုလုပ်သည်ကိုမကြားဖူးပေ။ ထပ်ပြောရပါက ယာဉ်ထိန်းရဲများကို အားပေးခြင်းပင် မဟုတ်သည်လော။

ဖုန်းယွီက ကော်ဖီစားပွဲပေါ်တွင် သတင်းစာကိုဖြန့်ခင်းလိုက်ကာ သတင်းဆောင်းပါးတစ်ခုကို လက်ညှိုးထိုးရင်း

“အရာရှိချန်း ကြည့်ပါဦး ဒီဆောင်းပါးက တရုတ်နှစ်သစ်ကူးကမှ ထုတ်ထားတာ။ အဲ့ဒီမှာ ဖော်ပြထားတာက ဘင်းမြို့တော်မှာ ယာဉ်မောင်းလိုင်စင်မရှိတာတွေများလာပြီးတော့ ယာဉ်ထိန်းရဲကလည်း သူတို့ကို ဘာမှ မလုပ်နိုင်ဘူးတဲ့။ သူတို့ကို ခွင့်ပြုထားရတာတဲ့ ။ ယာဉ်မတော်တဆမှုတွေကလည်း အများကြီးဖြစ်ခဲ့တယ်။ ပြီးတော့ လက်သည်တွေကိုလည်း ဘယ်တော့မှ မဖမ်းမိဘူးတဲ့”

သို့သော် ဖုန်းယွီက အရေးကြီးသည့် ကိစ္စတစ်ရပ်ကိုတော့ ချန်ထားခဲ့သည်။ ထိုမော်တော်ဆိုင်ကယ်တွေက စုန့်ကျန်းမော်တော်ဆိုင်ကယ်များဖြစ်ပေသည်။

ရဲအရာရှိချန်းက မျက်မှောင်ကြုတ်သွားကာ သူ့ကို ပြတ်ရယ်ပြုဖို့ ဖုန်းယွီဒီကို ရောက်လာတာလား။

“အရာရှိချန်း ယခုလက်ရှိမှာ ယာဉ်ထိန်းရဲအရာရှိတွေက မော်တော်ဆိုင်ကယ်တစ်ဝက်ကို ယူခဲ့ပြီးပြီ။ ရဲအရာရှိအနေနဲ့ တာဝန်ချိန်မှာ ဒီမော်တော်ဆိုင်ကယ်အသစ်တွေနဲ့ တရားခံတွေကို ဖမ်းမှာလို့ တွေးထားတာမဟုတ်ဘူးလား”

“သေချာပေါက်ကိစ္စမရှိဘူး။ တကယ်လို့ တပ်ဖွဲ့ဝင်တွေကသာ တရားခံတွေကို မဖမ်းနိုင်ဘူးဆိုရင်တော့ သူတို့ရဲ့ ခေါင်းဆောင်ကို ကောင်းကောင်းအပြစ်ပေးမှာဖြစ်တယ်”

“ကြည့်ပါဦး အရာရှိနဲ့ မြို့တော်ခေါင်းဆောင်တွေ ပြီးတော့ ယာဉ်ထိန်းရဲတွေကပဲ ဒီအကြောင်းကို သိတယ်။ ဒါပေမယ့် မြို့နယ်လူထုက သိမှမသိတာ။ အရင်တုန်းကအခက်အခဲတွေကို ရှင်းပြပြီး မြို့နေ-လူထုတွေကို ဒီအကြောင်းဆက်မဖြစ်စေရပါဘူးလို့ ရှင်းပြထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဘယ်လိုကြောင့် မရိုက်နိုင်ရမှာလဲ။ ဒါက ဘင်းမြို့တော်သူ မြို့တော်သားတွေကို ကျွန်တော်တို့ရဲ့ ယာဉ်ထိန်းရဲတွေက ပိုပြီးတော့ နားလည်အောင်လုပ်နိုင်ပြီးတော့ ယာဉ်မောင်းလိုင်စင်မရှိတဲ့ သူတွေကိုလည်း ခြောက်လန့်ရာရောက်တယ်လေ။ ရဲအရာရှိအနေနဲ့လည်း ရဲအရာရှိအလုပ်ကို ရဲအရာရှိလုပ်နေကြောင်း ခေါင်းဆောင်တွေကို ပြလို့ ရတာပေါ့။

ဖုန်းယွီက စကားကြွယ်သူဖြစ်ကာ ရဲအရာရှိချုပ်ချန်းသည် သေချာပေါက်လုပ်မည်ဟု သူယုံကြည်ပေသည်။

ရဲအရာရှိချုပ်ချန်း၏မျက်နှာက တောက်ပသွားသည်။

သူ့အနေဖြင့် ထိုအကြောင်းကို စောစောက မတွေးခဲ့ရသနည်း။ သူသည် မြို့တော်သူ မြို့တော်သားများ ဘယ်အကြောင်းဘာအကြောင်းတွေးမည်ကို ဂရုမစိုက်ခဲ့ပေ။ သူက ခေါင်းဆောင်များထံမှ ချီးကျူးမှုကိုသာ လိုချင်ခဲ့သည်။

“အော် ဟုတ်လား။ ငါတို့တွေအနေနဲ့ မြို့နေလူထုတွေကို ငါတို့တွေ ဘယ်လိုပြောင်းလဲမှုတွေ လုပ်ခဲ့တယ်ဆိုတာ ငါတို့တွေ ပရိုဂမ်တစ်ခု တကယ်လုပ်ရမယ်။ မြို့တော် ရုပ်သံဌာနက အရမ်းသေးလွန်းတယ်။ ပြည်နယ်ရုပ်သံဌာနမှာ လွင့်နိုင်ဖို့အတွက် နည်းလမ်းရှာကြည့်ရမယ်။

မြို့တော်အစိုးရကို ပြခြင်းက ဘာအကျိုးထူမည်နည်း။ သူ၏ စွမ်းဆောင်ရည်ကို ပြည်နယ်ခေါင်းဆောင်များ မြင်ရခြင်းက အရမ်းလွယ်ပေသည်။ ထိုကန်ပိန်းသည် သေချာပေါက် ပြည်နယ်ရုပ်သံဌာနတွင် လွင့်ရမည်ဖြစ်ပေသည်။

….တစ်ပတ်မကြာသေးခင် ဖုန်းယွီက ဘင်းမြို့တော်၏ ယာဉ်ထိန်းရဲ အရာရှိအထူးအင်တာဗျူးအစီအစဉ်ကို ပြည်နယ်ရုပ်သံဌာန၏ သတင်းတွင် တွေ့လိုက်ရသည်။ အရာရှိချန်းက ယာဉ်ထိန်းရဲဝတ်စုံများနဲ့အတူ ယာဉ်ထိန်းရဲအရာရှိများ၏ မော်တော်ဆိုင်ကယ်အသစ်များကို ပြသခဲ့သည်။

ထိုကဲ့သို့သော ပရိုမိုရှင်းသည် ပြည်နယ်ရုပ်သံဌာနတွင် ကြော်ငြာခြင်းထက်ပိုကောင်းပေသည်။ သုံးရက်အတွင်းအော်ဒါ ကြီးကြီးမားမားရမည်မှာ အသေအချာပင်ဖြစ်သည်။

ဖုန်းယွီက အစိုးရအချင်းချင်း၏ ခိုးကူသော အရည်အချင်းကို အထင်အမြင်သေးမိသည်။ နောက်ထပ်ရက်အနည်းငယ်အတွင် မြို့များစွာက စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို အမှာစာတင်ရမည်ဖြစ်ပေသည်။

နောက်ရက်သတ္တပတ်များတွင် လုံကျန်းပြည်နယ် အိမ်နီးချင်း၏ မြို့များအားလုံးသည် ထိုက်ဟွကုန်သွယ်ရေးမှ မော်တော်ဆိုင်ကယ်များကို မှာယူကြမည်ပင်။ အော်ဒါမှာယူရန် အနည်းဆုံး ကန့်သတ်ချက်သည် အစီးသုံးဆယ်ဖြစ်သည်။ အများဆုံးသည် အစီးရှစ်ဆယ်ဖြစ်သည်။

ထိုအော်ဒါများသည် ဘင်းမြို့တော်အတိုင်း လျှော့ဈေးရကြမည် မဟုတ်ပေ။ မော်တော်ဆိုင်ကယ် တစ်စီးအတွက် ယွမ်တစ်သောင်းသုံးထောင်ဖြစ်သည်။ ထိုအရာက များသည်ဟု သူတွေးနေသည်လော။ အခြား ပြည်နယ်များရှိ ဖြန့်ချိရောင်းချသူများကို ပေးသည့် ဈေးနှုန်းကို ကြည့်နိုင်ပေသည်။ ဖြန့်ချိရောင်းချသူများ ဝယ်ယူရသည့် ဈေးက ယွမ်တစ်သောင်းခွဲဖြစ်ကာ အနည်းဆုံး အော်ဒါမှာ အစီးရေတစ်ရာဖြစ်သည်။ ဖုန်းယွီအနေဖြင့် သူတို့ကို လျော့ဈေးပေးထားသည်ပင်။ ဒါကိုတောင် ဈေးကြီးသည်ဟုထင်နေပြီလော။ ဒါဆိုရင် မဝယ်ယူပါနဲ့။

ကျွန်တော်တို့၏ စုန့်ကျန်းဆိုင်ကယ်သည် တရုတ်နိုင်ငံတွင် အလွန်နာမည်ကျော်ကြားပြီး တကယ်လို့ တွန့်ဆုပ်နေပါက လက်ကျန်ရှိတော့မည် မဟုတ်ပေ။

လုံကျန်းပြည်နယ်တွင်သာမက အိမ်နီးချင်း ပြည်နယ်များ၏ မြို့တော်များတွင်တောင် မော်တော်ဆိုင်ကယ် များမှာယူကြပေသည်။ ဝူဂျီကန်းသည် ကြည့်လိုက်သည့်အခါ သူပြုံးသွား၏။

All Chapters