အကြီးကြီးမှ သေးသေးသို့
Vol. 15 Ch. 216
ယခုနှစ်တွင် မော်တော်ဆိုင်ကယ်အစီး တစ်သိန်းသုံးသောင်း ရောင်းချနိုင်မည်ဟု ဖုန်းယွီယုံကြည်ချက်ရှိေပေသည်။ ပထမက ကြော်ငြာကြောင့် ဖြစ်သည်။ ဒုတိယက ယခုကဲ့သို့ အရေးကြောင့် ဖြစ်ပေသည်။
တရုတ်နိုင်ငံတွင် မြို့တော်အစိုးရများသည် ယှဉ်ပြိုင်ရခြင်း ပြိုင်ဆိုင်ရခြင်းနှင့် အခြားသူများဟာကို ပုံတူကူးချခြင်းများကို နှစ်သက်ကြပေသည်။ သူတို့ဒေသအတွင်းရှိ စီးပါွးရေးအခြေအနေကို ဂရုမစိုက်ပေ။ သူတို့တွေးသည်က မင်းနှင့် ငါသည် မြို့တော်ဝန်များဖြစ်ကြသည်။ မင်းက auti မောင်းလျှင် ငါက sattna မမောင်းပဲ မနေနိုင်မည်နည်း။
အရင်က သမိုင်းကြောင်းတွင် တရုတ်နိုင်ငံ၏ယာဉ်ထိန်းရဲများသည် သူတို့၏ အသုံးအဆောင်များကို ယခုနှစ်ကုန်တွင် ပြောင်းလဲခဲ့သည်။ ဆိုက်ကားမော်တော်ဆိုင်ကယ်များကို ဖျက်သိမ်းပြီးနောက် ပြည်ပမှတင်သွင်းသော မော်တော်ဆိုင်ကယ်များကို အစားထိုးခဲ့သည်။ တစ်ဖန် ဖုန်းယွီသည် ဘင်းမြို့တော်ရှိ သမိုင်းကြောင်းကို ပြောင်းလဲပစ်ခဲ့သည်။
ဘင်းမြို့တော်သည် ဥပမာနှင့် ပရိုမိုးရှင်း ကန်ပိန်းနဲ့အတူ မော်တော်ဆိုင်ကယ်ရောင်းအားလည်း တိုးတက်လာခဲ့သည်။ လုံကျန်းနဲ့ လင်းပြည်နယ်များ၏ ရောင်းအားသည်လည်း တိုးတက်လာပေသည်။ အများဆုံးရောင်းရသည်မှာ အစိုးရဆီ ဖြစ်ပေသည်။ လုံကျန်းပြည်နယ်၏ရောင်းအားသည် ကွမ်ကျုံးပြည်နယ်ထက်တောင် ပိုနေသေးသည်။ ယင်းက ပြည်နယ်ကြီးများမှ ဖြန့်ချိရောင်းချသူများကိုလည်း တွန်းအားပေးရာရောက်ပေသည်။ သူတို့သည် ယခုနှစ်အတွက် အရောင်းရဆုံး ပြည်နယ်ဆုကို ရရန်မျှော်နေကြသည်။ အကြောင်းမှာ ဖုန်းယွ်ီက သူတို့ကို ခက်ကြီးကြီးဆုပေးမည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်။ စီးပွားရေးနှင့် ပတ်သတ်ပါက ပျမ်းမျှလစာ လူဦးရေတွင်လုံကျန်းပြည်နယ်သည် အနည်းဆုံးထဲမှ တစ်ခုဖြစ်ပေသည်။ အနောက်ပိုင်းရှိပြည်နယ်များသာ လုံးကျန်းထက်အဆင့်နိမ့်ပေသည်။ ယခုလက်ရှိတွင် လုံကျန်းပြည်နယ်၏ မော်တော်ဆိုင်ကယ်ရောင်းအားသည် ကွမ်ကျုံးထက်တောင် ကောင်းနေသည်လော။ ထိုဖြန့်ချိရောင်းချသူများ မည်သို့သင်ယူနိုင်မည်နည်း။
ဖြန့်ချိရောင်းချသူများသည် အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးနောက် လုံကျင်းပြည်နယ်၏ရောင်းအား ရုတ်တရက် ကောင်းမွန်လာသည့် အကြောင်းအရင်းကို သိရှိလာပေသည်။ အကြောင်းမှာ မြို့တော်အစိုးရများကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် မင်းအနေနဲ့ မင်းတစ်ယောက်တည်းသာ လုပ်နိုင်သည်ဟုတွေးနေသည်လော။ ငါတို့လည်း လုပ်နိုင်သည်။
ဖြန့်ချိရောင်းချသူများသည် သူတို့ အစွမ်းကုန်သုံးပြီး သူတို့မြို့တော်ရှိ ယာဉ်ထိန်းရဲဌာနနှင့် ဆွေးနွေးညှိနှိုင်းကာ စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို ရောင်းတော့သည်။ သူတို့ များများရောင်းလေလေ ကော်မရှင်ခ သူတို့ များများ ရလေလေဖြစ်သည်။ အကယ်၍ ရောင်းဈေးကို အနည်းငယ်လျော့ချလျှင်တောင် သူတို့သည် အကျိုးအမြတ်များ ရနေဆဲဖြစ်သည်။
ဖြန့်ချိရောင်းချသူများ၏ နောက်တစ်လအတွက် အမှာစာများကို ကြည့်ပြီးနောက် ဖုန်းယွီက ရယ်မောလိုက်တော့သည်။
ထိုသူများအားလုံးက လုပ်နိုင်စွမ်းရှိသည့် လူများပင်ဖြစ်ပေသည်။ ယခုလရောင်းအားကို အခြေခံလိုက်ပါက ယင်းသည် ယမန်လထက် နှစ်ဆဖြစ်ပေသည်။
ထို့ပြင် အစိုးရများအားလုံးက မော်တော်ဆိုင်ကယ်များကို မှာယူကြမည် မဟုတ်ပေ။ နောက်နှစ်လအတွင်း မော်တော်ဆိုင်ကယ်ရောင်းအားသည် အမြင့်ဆုးံရမည်ဖြစ်ပေသည်။ စုစုပေါင်းရောင်းအားသည် နှစ်မကုန်ခင် အစီးရေ တစ်သိန်းသုံးသောင်းကျော် ရောင်းရသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
နှစ်ထောင်ခုနှစ်ကျော်ပြီးနောက် တရုတ်နိုင်ငံတွင် မော်တော်ဆိုင်ကယ် အစီးရေ သန်းတစ်ရာကျော် ရှိလာမည်ဖြစ်ကာ ထိုစာရင်းထဲတွင် လျှပ်စစ်မော်တော်ဆိုင်ကယ်များ မပါဝင်သေးပေ။ မော်တော်ဆိုင်ကယ်စက်ရုံ ရာချီရှိသော်လည်း ဈေးကွက်၏ အများစုကို အမှတ်တံဆိပ် အနည်းငယ်ကသာ ပိုင်ဆိုင်ထားပေသည်။ ရောင်းအားအကောင်းဆုံး မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များသည် မော်တော်ဆိုင်ကယ် သန်းချီရောင်းရပြီး မော်တော်ဆိုင်ကယ်အမှတ်တံဆိပ်များ၏ တစ်ဝက်ကျော်သည် မော်တော်ဆိုင်ကယ်အစီးရေ နှစ်သိန်းကျော် ရောင်းရပေသည်။
ယခုနှစ်တွင် စုန့်ကျန်းမော်တော်ဆိုင်ကယ်သည် တရုတ်နိုင်ငံတွင် အမှတ်သုံး အမှတ်တံဆိပ်ဖြစ်မည်ဟု ဖုန်းယွီ တွက်ချက်မိသည်။ ထိပ်ဆုံးက ကျားလင်ဖြစ်ဆဲဖြစ်ကာ သူတို့၏ ငါးဆယ် စီစီမော်တော်ဆိုင်ကယ် အမှတ်တံဆိပ်များသည် ရွာများတွင် အလွန်နာမည်ကျော်သည်။ ပြီးနောက် ဟွန်ဒါသည် ဒုတိယနေရာတွင် ရှိမည်ဖြစ်သည်။ ဟွန်ဒါသည် တရုတ်နိုင်ငံတွင် အအောင်မြင်ဆုံး ပြင်ပမှ တင်သွင်းသည့် မော်တော်ဆိုင်ကယ်အမှတ်တံဆိပ်ဖြစ်ပေသည်။
စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ ပထမနှစ်သာဖြစ်သေးသော်ငြား စုန့်ကျန်းမော်တော်ဆိုင်ကယ်သည် တတိယနေရာသို့ ရမည်ဖြစ်သည်။ ဖုန်းယွီက မကျေနပ်သေးပေ။ သူသည် ပထမနေရာကို ရယူချင်ပြီး တရုတ်နိုင်ငံ ဈေးကွက်မှ အမှတ်တံဆိပ်များကိုလည်း ထွက်သွားချင်ပေသည်။ ဖုန်းယွီက ကီရီလန်ကို ထံမှ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် လမ်းကြောင်းနှစ်ကြောင်းကို မှာလိုက်သည်။ သူက တစ်ရာစီစီမော်တော်ဆိုင်ကယ်ဈေးကွက်ဆီသို့ ဝင်ရောက်ချင်သည်။
တစ်ရာစီစီမော်တော်ဆိုင်ကယ်သည် တစ်ရာနှစ်ဆယ့်ငါးစီစီမော်တော်ဆိုင်ကယ်များထက် ဘက်ထရီစား သက်သာပေသည်။ ပြီးနောက် အချိန်သည်လည်း အရမ်းအနှေးပေ။ ထိုမော်တော်ဆိုင်ကယ်သည် မော်တော်ဆိုင်ကယ်ဝယ်ယူချင်သည့် သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ သို့သော် ဖုန်းယွီက ထုတ်လုပ်သည့် လမ်းကြောင်းနှစ်ကြောင်းကို ကျန်းလင်တွင်တတ်ဆင်ရန် စီစဉ်လိုက်သည်။ ဘင်းမြို့တော်သည် အလွန် ကျော်ကြားပေသည်။ ဖြန့်ချိရောင်းချသူ အများစုက သူတို့၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှစ်ကြောင်းနှင့် ဖြစ်ကြောင်း အမြဲတမ်းပြောကြားပေသည်။
ဘင်းမြို့တော်၏ အားသာချက်က ဆိုဗီယက်ပြည်ထောင်စုနှင့် နီးနေတာဖြစ်ကာ ကုန်သွယ်ရေးလုပ်ရာတွင် အဆင်ပြေစေသည်။ သို့သော် ကီရီလန်ကိုသည် ဖုန်းယွီထံမှ မော်တော်ဆိုင်ကယ် အစီးတစ်ရာသာ မှာခဲ့သည်။ အကြောင်းမှာ စုန့်ကျန်းမော်တော်ဆိုင်ကယ်များသည် တရုတ်ပြည်သူပြည်သားများအတွက် ဒီဇိုင်းဆွဲထားခြင်းသာဖြစ်သည်။ ဗီယက်များအတွက် မူ ထိုမော်တော်ဆိုင်ကယ်သည် ကြည့်၍မကောင်းပေ။
ဖုန်းယွီသည် ပစ္စည်းများကို ရင်းနှီးမြှုပ်နှံမှုအဖြစ်အသုံးချကာ ကျန်းလင်တွင် နောက်ထပ်မော်တော်ဆိုင်ကယ်စက်ရုံကို တည်ဆောက်ချင်သည်။ ထိုအချိန်တွင် မြို့တော်က သူတို့၏ ရင်းနှီးမြှုပ်နှံမှု အချိုးအစားကို တိုးမြှင့်ရန် အလို့ငှာ ငွေသားသာ အသုံးပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုမြို့တော်က ဖုန်းယွီကို သူတို့၏ ရှယ်ယာများကို မလျော့ချချင်ပေ။
ဖုန်းယွီသည် မော်တော်ဆိုင်ကယ် အင်ဂျင်နီယာများကိုလည်း တာဝန်တစ်ခုပေးထားသည်။ သူတို့အနေဖြင့် တစ်ရာ့ငါးဆယ်စီစီ မော်တော်ဆိုင်ကယ်အင်ဂျင်ပြီးနောက် မော်တော်ဆိုင်ကယ်ကြီးကြီးအတွက် သုတေသနအစီအစဉ်ကို ယာယီဆိုင်းငံ့ထားပေသည်။ သူတို့သည် အင်ဂျင်သိမ်း စီစီမော်တော်ဆိုင်ကယ်များကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ရမည်ဖြစ်ပေသည်။
တစ်ရာ့နှစ်ဆယ့်ငါးစီစီမော်တော်ဆိုင်ကယ်များသည် တစ်ရာ့ငါးဆယ်နှင့် နည်းပညာများရှိပေသည်။ ဖုန်းယွီက သူသည် တစ်ရာစီစီမောတော်ဆိုင်ကယ်များကို ယခုနှစ်အတွက် ပိုင်းတွင် ထုတ်လုပ်မည်ဖြစ်ကြောင်းပြောသည်။ တစ်ရာ့ငါးဆယ်စီစီမော်တော်ဆိုင်ကယ်များအတွက် အစီအစဉ်မရှိပေ။ အကြောင်းမှာ တရုတ်နိုင်ငံသည် ထိုကဲ့သို့သော ဆိုင်ကယ်များကို လမ်းမထက်တွင် ခွင့်မပြုသေးသောကြောင့်ဖြစ်သည်။ သူတို့ ခွင့်ပြုပြီးသည်နှင့် ထုတ်လုပ်ရေးကိုလည်း စတင်မည်ဖြစ်သည်။
သို့သော် အင်ဂျင်နီယာများက အဘယ်ကြောင့် ဖုန်းယွီအနေဖြင့် သူတို့ကို ခုနှစ်ဆယ့်ငါးစီစီနှင့်ငါးဆယ်စီစီ ဆိုင်ကယ်အင်ဂျင်များကို သုတေသနပြုလုပ်စေချင်သည်ဆိုသည့် အချက်ကို နားမလည်နိုင်ဖြစ်နေသည်။ အခြားသောသူများအတွက် မော်တော်ဆိုင်ကယ်ကို သေးသေးလေးမှ ကြီးကြီးဆီသို့ တည်ဆောက်ကြသည်။ သို့သော် ဖုန်းယွီက ဆန့်ကျင်ဘက် ဖြစ်သည်။ ဖုန်းယွီက မော်တော်ဆိုင်ကယ်သေးလေးများကို လိုချင်သည်လော ။ ယင်းက နောက်ပြန်ဆွဲခြင်းပင်ဖြစ်သည်။
ကျားလင် ငါးဆယ်သည် ရောင်းအားကောင်းသည်။ ပြီးနောက် ယခုနှစ်တွင် အစီးရေ နှစ်သိန်းကျော် ရောင်စးရသည်။ သို့သော် သူတို့၏အကျိုးအမြတ်က စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို အမှီလိုက်နိုင်မည်လော။
သူတို့မသိသည်က ဖုန်းယွီသည် မော်တော်ဆိုင်ကယ်အနိမ့်များနှင့် စကူတာများကို မိတ်ဆက်ရန် ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။ ယင်းသည် စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ နောက်ထပ် ကြီးမားသည့် အရာပင်ဖြစ်ပေသည်။
စကူတာများကို ဂျပန်တွင် မိတ်ဆက်ပြီးဖြစ်သည်။ သို့သော် တုန့်ပြန်မှုက အရမ်းမကောင်းပေ။ ဂျပန်နိုင်ငံတွင် ပြည်သူ့ပို့ဆောင်ရေးလုပ်ငန်းသည် အလွန်ကောင်းမွန်ကာ သူတို၏ကားလုပ်ငန်းသည်လည်း ကောင်းကောင်းဖွံ့ြ့ဖိုးနေပေသည်။ ထိုအရာများက မော်တော်ဆိုင်ကယ်ဈေးကွက်ကို ကန့်သတ်ထားရာရောက်ပေသည်။
စကူတာများအတွက် ဈေးကွက်ပစ်မှတ်သည် အမျိုးသမီးများဖြစ်ပေသည်။ အမျိုးသမီးများသည် သူတို့စကပ်ဝတ်ထားသည့်တိုင် မောင်းနှင်နိုင်ကာ ပေါ့လည်းပေါ့ပေသည်။
သို့သော် ဂျပန်တွင်မူ အမျိုးသမီးများသည် အိမ်ထဲတွင်သာ နေကြရပြီး သူတို့ထဲတွင် အမျိုးသားအများစုသည် အလုပ်ကို မသွားကြပေ။ ပြီးတော့ သူတို့အတွက် စကူတာများစီးရန်လည်း မလိုအပ်ပေ။ တရုတ်နိုင်ငံတွင်လည်း မိသားစုတစ်စုတွင် မော်တော်ဆိုင်ကယ်တစ်စီးရှိခြင်းက ကံကောင်းသသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ အမျိုးသားများသည့် ထိုကဲ့သို့သော အရှိန်နှေးသည့် စကူတာများကို ဝယ်ကြမည်မဟုတ်ပေ။ စကူတာများကို ရောင်းရန် တစ်ခုတည်းသော ဈေးကွက်သည် ထိုင်ဝမ်တွင်သာဖြစ်သည်။
တရုတ်နိုင်ငံတွင် ယာယီအားဖြင့် စကူတာများကိုစီးရန် နှစ်သက်မည့သူရှိမည် မဟုတ်ပေ။ ဈေးကွက်တွင် ပုံမှန်ဗားရှင်းနှင့် မော်တော်ဆိုင်ကယ်များအနိမ့်သာ မဟုတ်ပေ။ သို့သော် 1993ခုနှစ်နောက်ပိုင်းမှစပြီး စကူတာများသည် အလွန်ကို နာမည်ကြီးလာမည်ဖြစ်ပေသည်။ ဖုန်းယွီသည် ဖွံ့ဖြိုးမှုစတင်ရန်အတွက် မစောင့်နိုင်တော့ပေ။
ထို့ပြင် မော်တော်ဆိုင်ကယ်အနိမ်များနှင့် စကူတာများတွင် သုံးသည့် နည်းစနစ်များကို လျှပ်စစ်စက်ဘီးများတွင်လည်း သုံးနိုင်ပေသည်။ နည်းပညာများကို အနည်းငယ်ပြုပြင်ပြောင်းလဲပြီးနောက် သူတို့သည် လျှပ်စစ်စက်ဘီးများကိုတောင် ဆက်လက်ထုတ်လုပ်နိုင်ပေသည်။
1993ပြီးနောက် တရုတ်နိင်ငံသည် မော်တော်ဆိုင်ကယ်ရောင်းအားတွင် ထိပ်သီးနိုင်ငံများကြားမှ ထိပ်သီးနိုင်ငံ ဖြစ်လာပေသည်။နှစ်ထောင်ခုနှစ်နှောင်းပိုင်းမှစပြီး တရုတ်နိုင်ငံသည် လျှပ်စစ်စက်ဘီးရောင်းအားတွင် ကမ္ဘာ့ပထမဦးဆုံးနေရာရောက်လာမည် ဖြစ်ပေသည်။ လှပသည့် အချက်အလက်များသည် ဖုန်းယွီဆီတွင် ရှိနေကာ သူ့အနေဖြင့် ထိုအခွင့်အရေးကို မည်သို့လက်လွတ်ခံမည်နည်း။
ဖုန်းယွီသည် ယခုလက်ရှိတွင် စက်ပစ္စည်းစက်ရုံနှင့်လည်း အလုပ်လုပ်နေသည်။ သူက စက်ပစ္စည်းစက်ရုံကို အဆင့်မြင့် လက်အက်စစ်နှင့် လစ်သီယန်အိုင်းယွန်းဘက်ထရီများကို ဖွံ့ဖြိုးတိုးတက်မှု များရန်အတွက် ထားထားပေသည်။
လက်အက်စစ်ဘက်ထရီသည် အနာဂတ်တွင် အသုံးအများဆုံး ဘက်ထရီဖြစ်ကာ ထိုဘက်ထရီကို အများအားဖြင့် လျှပ်စစ်ယာဉ်များတွင် အသုံးပြုကြပေသည်။ လစ်သီရန်အိုင်းယွန်း ဘက်ထရီကို စမက်ဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းများတွင် အသုံးပြုကြပေသည်။
စက်ပစ္စည်းစက်ရုံသည် သူကိုယ်တိုင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးသည်။ ဖုန်းယွီ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်။ စက်ပစ္စည်းစက်ရုံသူ့ကိုမူပိုင်ခွင့် ရောင်းချမည်မဟုတ်ပေ။ သို့သော် လီရှစ်ယုံက သူတို့အနေဖြင့် နည်းပညာများကို မျှဝေနိုင်ကြောင်းပြောသည်။ ဖုန်းယွီက ယင်းကို ကျေနပ်နေပေသည်။ သို့သော် ဖုန်းယွီက စက်ပစ္စည်းစက်ရုံအတွက် နှမြောမိသည်က သူတို့တွင် အယ်ကာလိုင်းဘက်ထရီများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လုပ်ဆောင်ရန် အစီအစဉ်များရှိသည်သာမကသူတို့က ထိုအယ်ကာလိုင်းဘက်ထရီဈေးကွက်မရှိသည်ဟု စဉ်းစားနေကြပြီး သူူတို့တွင် ထိုသို့လုပ်ရန်လည်း အင်ဂျင်နီယာများလုံလောက်မှုရှိမည် မဟုတ်ပေ။ နောက်ထပ်နှစ်နှစ်တွင်း တီဗီကဲ့သို့သော လျှပ်စစ်ပစ္စည်းများသည်လည်း Rrmove ထိန်းချုပ်မှုစနစ်သို့ ဝင်လာမည်ဖြစ်ကာ ပြီးနောက် လျှပ်စစ်အရုပ်များလာည်း ပေါ်လာမည်ဖြစ်ပေသည်။ စိတ်ထဲမထားတော့ပဲ ဖုန်းယွီသည်အကျိုးအမြတ်ရှိသည့် အလုပ်တိုင်းကို လုပ်မည် မဟုတ်ပေ။ သူ့အနေဖြင့် အခြားသော သူများ လုပ်ရန်လည်း ချန်ထားရမည်ဖြစ်ပေသည်။
မော်တော်ဆိုင်ကယ်၏ ရောင်းအားသည်လည်း ပွင့်လာကာ နောက်ဆယ်နှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်သည်လည်း ပြီးသွားပြီဖြစ်သည်။ ဖုန်းယွီက အခြားအရာများတွင်သာ အာရုံစိုက်နိုင်သည်။ သူစိုးရိမ်သည်က ဒလက်မဲ့ ပန်ကာ၏ ရောင်းအားပင်ဖြစ်ပေသည်။