ရှောင်ဖုန်းသည် လက်ဆောင် တစ်ဖန်ပေးပြန်သည်။
Vol. 15 Ch. 217
ဒလက်မဲ့ ပန်ကာ ကြော်ငြာသည် စီစီတီဗွီတွင် လွှင့်သည်မှာ တစ်လ ကြာပြီ ဖြစ်သည်။ သို့သော်ငြား ပန်ကာရာသီ မရောက်သေးသည့်အတွက် ရောင်းအားလည်း မများသေးပေ။ တောင်ပိုင်းဒေသရှိ အပူချိန်က တိုးလာပြီ ဖြစ်သော်ငြား ဝယ်ယူသူများအနေဖြင့် ဈေးကြီးသည့်အတွက် မျက်ကွယ်ပြုကြသည်။
ဖုန်းယွီက ထိုဖြန့်ချီရောင်းချသူများကို အန္တရာယ်ကင်းခြင်း၊ အဆင့်မြင့် နည်းပညာ၊ ကျန်းမာရေး အမြင်တို့အား ရောင်းချသည့် အားသာချက် အဖြစ် အသုံးပြုရန် ပြောခဲ့သည်။ သူတို့ အနေဖြင့် အစိုးရဆီသို့ ချဉ်းကပ်သည့်အတွက် မော်တော်ဆိုင်ကယ် ရောင်းအားမှ တဆင့်လည်း လေ့လာနိုင်ပေသည်။
တရုတ်ပြည်တွင် လျှပ်စစ်ပြတ်တော်မှုသည်လည်း ရှိသေးဆဲ ဖြစ်သော်ငြား အစိုးရရုံးအများစုက အဲယားကွန်းကို တပ်ဆင်ထားသည်။ သို့သော် ဖွင့်ရန်တော့ ခွင့်မပြုပေ။ အဆင့်မြင့် ရာထူးမြင့်အရာရှိများသာ အဲယားကွန်းကို အသုံးပြုကြပေရာ ကျန်သည့်သူများက ပန်ကာကိုသာ အသုံးပြုကြသည်။
ဒလက်မဲ့ ပန်ကာ၏ နောက်ထပ် အားသာချက်အဖြစ် အသံဆူညံမှု နည်းခြင်းကိုလည်း အသုံးချနိုင်ပေသည်။
ဒလက်များကို လည်ရန် မလိုအပ်သည့်အတွက် ဆူညံသံများ ရှိတော့မည် မဟုတ်ပေ။ ပန်ကာ၏ ဒီဇိုင်းသည်လည်း လှပကာ ရုံးခန်းထဲတွင် ကြည့်ဖွယ်ရှုဖွယ်ကောင်းသည်။
အနောက်ပိုင်း ပြည်နယ်များအတွက်မူ အဓိက ဝယ်ယူသူများက အစိုးရများ ဖြစ်ကြပေမည်။ သူတို့ ပြောသည့် စကားကား အဆင်းရဲဆုံး ပြည်နယ်များက မကြာခင် ချမ်းသာလာမည်ပင်။
အနာဂတ် ကာလက အစီရင်ခံစာ တစ်စောင်အရ ဆင်းရဲသည့် ပြည်နယ်များနှင့် ဒေသများရှိ ခေါင်းဆောင်များသည် ယွမ် သန်းပေါင်းများစွာ တန်ကြေးရှိ ကားများကို မောင်းနှင်နိုင်ပြီး သူတို့ရုံးများကို ပြုပြင်ရန်အတွက် သန်းဆယ်ချီ အသုံးပြုခဲ့သည်ဟု ဆိုသည်။
ထိုငွေများက သက်သာခွင့်ငွေများ၊ အခွန်များ၊နှင့် အလှူငွေများမှ ဖြစ်သည်။ ထိုငွေများက ရုံး၏ ငွေစာရင်းသို့ မရောက်ပေ။ သူတို့ အိပ်ကပ်ထဲသာ ရောက်ပြီး သူတို့ အလိုရှိသည်ကို သုံးဖြုန်းကြပေသည်။
သူတို့က နာမည်ကြီး သရုပ်ဆောင်များအတိုင်း လိုက်တုပကြပေသည်။ သူတို့က အမှတ်တံဆိပ်ကောင်း နာရီများ၊ သားရေဖိနပ်များ၊ ခါးပတ်များ၊ နကတိုင်များ အစရှိသည်တို့ကို ဝတ်ဆင်ကြပေသည်။ သူတို့၏ လုပ်ဆောင်ချက်များက အနာဂတ်တွင် ဗူးပေါ်သလို ပေါ်လာခဲ့သည်။
ဒလက်မဲ့ ပန်ကားများသည် အဲယားကွန်းများအတွက် ဈေးချိုဆဲ ဖြစ်ကာ အဆင့်မြင့် နည်းပညာ ထုတ်ကုန် ဖြစ်သည်။ ဖုန်းယွီသည် အစိုးရ အရာရှိ တစ်ယောက်ယောက်အနေဖြင့် ယင်းကို ကြိုက်မည်ဆိုသည်ကို ယုံကြည်သည်။
ထိုယုံကြည်မှုကြောင့် ဖုန်းယွီသည် စမ်းသပ်ရန်အတွက် ဘင်းမြို့တော် အစိုးရရုံးကိုသွားရန် ဆုံးဖြတ်လိုက်ပေသည်။
ကျန်းရွေ့ချင်သည် ပြည်နယ် အစိုးရက သူ့ကို ပေးပို့သည့် ဖိုင်ကို ဖတ်နေစဉ် သူ့ အတွင်းရေးမှူးက တံခါးခေါက်ကာ အထိတ်တလန့်ဖြင့် ဝင်လာတော့သည်။
“မြို့တော်ဝန်ကျန်း ဖုန်းယွီက ဒီကို လက်ဆောင် ထပ်လာပို့ပြန်ပြီ”
“သူ့ကိုတား ပြီးတော့ ဒီထဲကို လက်ဆောင် မပါလာစေနဲ့”
သူ့အတွင်းရေးမှူး ပြောတာကို ကြားပြီးနောက် လန့်ဖြန့်မှု့ကြောင့် ထရပ်တော့ မလားပင်။ ဖုန်းယွီသည် သူ့ကို အစမ်းပစ္စည်းများဟု ခြွင်းချက်ပေးကာ သူ့ကို လက်ဆောင်များကို ပေးစေသည်။
ပထမက မိတ်ဆွေ နှစ်ယောက်ကြား လက်ဆောင်သေးသေးလေးက အဆင်ပြေကြောင်း တွေးသေးသည်။ သို့သော် မကြာမီတွင် ဖုန်းယွီက သူ့ကို အသုံးချနေသည်ကို နားလည်သွားခဲ့သည်။
ထိုက်ဟွ အဆင့်မြင့်ဆီ၊ လေနှင့်မိုး ရေနွေးငွေ့စက်နှင့် စုန့်ကျန်းမော်တော်ဆိုင်ကယ်ဖြင့်တော် လှည့်စားခံလိုက်ရသည်။ ဖုန်းယွီသည် အခြားသော ဒေသများကို ဘင်းမြို့တော်ကို အတုယူပြီးသူ့ဆိုင်ကယ်များကို မှာယူစေချင်သည်။ သူက မြို့တော် အစိုးရကို ရဲများ၏ အသုံးအဆောင် ပစ္စည်းများနှင့် ပတ်သက်ပြီး တိုးတက်အောင် လုပ်ရန် အကြံပေးသည့် အတွက်ပင် ဖြစ်သည်။
ကျန့်ရွေ့ချင်က သူ့ကိုယ်တိုင် အသုံးချခံရကြောင်း သိလိုက်ရသည်။ သူ့၏ လက်အောက်ငယ်သားများတောင် ထိုအရာကိုဝယ်ယူကြပေသည်။ ယင်းက မည်သို့ အဓိပ္ပာယ်နည်း။ ဖုန်းယွီအတွက် အခမဲ့ ကြော်ငြာပေးချင်းလော။
မြို့တော် အစိုးရကြားတွင် ကျန်းရွေ့ချင်က ကြော်ငြာအတွက် ဖုန်းယွီပေးသည့် ငွေကို လက်ခံသည့် ကောလဟာလများတောင် ပြန့်နေသည်။ စက်ယန္တရားကုမ္ပဏီ ပြန်လည် ဖွဲ့စည်းခြင်းနှင့် အခြားသော နိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေး၏ တင်သွင်းကုန်များနှင့် နည်းပညာများကိုဝယ်ယူခြင်းကား ဖုန်းယွီသည် ကျန်းရွေ့ချင်ကို လက်ဆောင်များ ပေးသည့်အတွက်ပင်ဟု ပြန့်နှံ့နေသည်။
ကျန်းရွေ့ချင်က အလွန်ဒေါသထွက်သွားသည်။ သူသည် နိုင်ငံရေး အရ အောင်မြင်မှုများရချင်သော်ငြား သူ့အနေဖြင့် သန့်ရှင်းသည်ဟု ခံစားရပြီး လူတိုင်းက သူ့၏ စွမ်းဆောင်ရည်ကို မြင်နိုင်ကြပေသည်။ မဟုတ်ပါက ထိုအသက်အရွယ်ဖြင့် ဘင်းမြို့တော်၏ စီမံခန့်ခွဲရေး မြို့တော်ဝန် အဖြစ် မည်သို့ ရာထူးတိုးနိုင်မည်နည်း။ ကံကောင်းသည်မှာ ပြည်နယ် အစိုးရက သူ့ကို ယုံကြည်ကာ ပြည်နယ် အစိုးရကတောင် ဘင်းမြို့တော် အစိုးရ၏ လူများကို ကောလဟာလများ ပြန့်နှံစေမှုအတွက်တောင် ဆူသေးသည်။
ကျန်းရွေ့ချင်သည်လည်း ဖုန်းယွီထံမှ စမ်းသပ်ခံ ပစ္စည်းများကို လက်ဆောင် အဖြစ် မယူရန် သတိပေးခံရသည်။ သူ့အနေဖြင့် ဖုန်းယွီနှင့် ဆက်ဆံသည့် ကုမ္ပဏီများမှ ထုတ်ကုန်များကိုတောင် အသုံးမပြုနိုင်ပေ။ ယင်းက ကောလဟာလများကို ချေပရန် ဖြစ်ပေသည်။
ထိုအကြောင်းပြချက်ကြောင့် ကျန်းရွေ့ခင်က သူ့အတွင်းရေးမှူးအား ဖုန်းယွီပေးသော လက်ဆောင်များကို မယူရန် တားမြစ်လိုက်ခြင်း ဖြစ်ပေသည်။ ဖုန်းယွီအနေဖြင့် လက်ဗလာဖြင့် လာပါက သူ့အနေဖြင့် သူ့ကို စကားများများ ပြောရန် ဆန္ဒရှိသည် ဖြစ်သည်။ ထိုငယ်ရွယ်သော လူလေးက အလွန်ပင် ငယ်ရွယ်သော်ငြား စီးပွားရေးအမြင် ကြီးကြီးမားမားရှိပြီး ဘင်းမြို့တော် စီးပွားရေး ကဏ္ဍဖွံ့ဖြိုးဖို့အတွက် သူ့ကို အကြံအဉာဏ်ကောင်းများ ပေးနိုင်သည်။
ဖုန်းယွီသည် ဗူးအကြီးကြီးကို သယ်လာသည်။ လမ်းတလျှောက်တွင် လူအများက သူ့ကို မြင်နိုင်ပေသည်။ သူ့နောက်ကွယ်တွင် အတင်းပြောနေကြသည်။ သို့သော် ဖုန်းယွီက ဂရုမစိုက်ပေ။ ဖုန်းယွီအတွက်မူ ထိုလူများက အလုပ်မကြိုးစားချင်သည့် အတင်းအဖျင်းပြောသူများပင် ဖြစ်သည်။ ထိုသူများက ကောင်းကောင်းကောင်း မလုပ်ချင်ကြပေ။
သန်မာသူအနေဖြင့် အားနည်းသူ သူတို့ အကြောင်းပြောသည်ကို ဂရုစိုက်ရန် မလိုပေ။
သို့သော် ဖုန်းယွီသည် ကျန်းရွေ့ချင်ရုံးခန်းကို ဝင်သည့် အချိန်တွင် သူ့ အတားခံလိုက်ရသည်။
“ညီအကို ကျောက် ကျွန်တော် ဖုန်းယွီလေ”
ဖုန်းယွီက ပဟေဠိ ဖြစ်နေသည်။ ထိုသူသည် ကျန်းရွေ့ချင်၏ ပုံမှန် အတွင်းရေးမှူး မဟုတ်သော်ငြား သူတို့ ကြိမ်ဖန်များစွာ တွေ့ဖူးသည်။ သူဝင်မည့် လမ်းကြောင်းကို မတားဆီးသင့်ပေ။
“မင်းဘယ်သူဆိုတာ ငါသိပါတယ်။ ဗူးကို အပြင်မှာထားခဲ့ရင် မင်းအထဲကို ဝင်နိုင်တယ်”
အတွင်းရေးမှူးကျောက်က ရုံးတံခါးကို ပိတ်လိုက်သည်။ ယင်းက သူ့ခေါင်းဆောင်၏ ညွှန်ကြားချက် ဖြစ်သည့်အတွက် သူလိုက်နာ ဆောင်ရွက်ရမည်ပင်။
ဘာလို့ ဗူးကို အထဲကို သယ်လို့ မရတာလဲ။
ဖုန်းယွီက ကူကယ်ရာမဲ့စွာဖြင့် ဘူးကို အပြင်တွင် ထားခဲ့ပြီး အထဲကို ဝင်သွားခဲ့သည်။ ခေါင်းဆောင်များ အားလုံးသည် ရုံးခန်းပုံစံ တူညီကြပေသည်။ ဖုန်းယွီသည်လည်း ယင်းပုံစံကို နှစ်သက်ပေ၏။ သူ့အနေဖြင့် အနာဂတ်တွင် ရုံးခန်းကို ယခုကဲ့သို့အတိုင်း ဆောက်ခြင်သည်။ သို့သော် ရုံအပြင်ဖက်တွင် အတွင်းရေးမှူး အနည်းဆုံး ၁၀ယောက်ထားမည် ဖြစ်သည်။
ကျန်းရွေ့ချင်သည် ဖုန်းယွီ ဘာလက်ဆောင်မှ မသယ်လာသည်ကို မြင်ပြီးမှ စိတ်သက်သာရာ ရသွားသည်။
“မင်းလာတဲ့ အခါ လက်ဆောင်ကို မယူလာဖို့ ငါမပြောဘူးလား”
“မြို့တော်ဝန် ကျန်း ဘာလို့ ဒီလို ပြောနိုင်ရတာလဲ။ ကျွန်တော် မြို့တော်ဝန်ဆီက အရင်တစ်ခေါက်လာတုန်းက လက်ဖက်ခြောက်ဘူးကို ရူးသွားခဲ့တာ။ ပြီးတော့ အခု ကျွန်တော်က လက်ဆောင် ပြန်ပေးရုံပါပဲ။ ဒါမှ မဟုတ် လက်ဖက်ခြောက်ကို ပြန်ပေးဖို့ ပြောချင်တာလား”
ဖုန်းယွီက ညည်းညူလိုက်သည်။
အ... တကယ်တမ်းတွင် ကျန်းရွေ့ချင်အနေဖြင့် သူ့ကို ဘာတစ်ခုမှ မယူဆောင်လာစေချင်ပေ။ ထိုအရာများ အားလုံးသည် နမူနာများ ဖြစ်ကာ ဘာမျှ မကုန်ကျပေ။ သူက မလိုချင်သည်လော။
“ငါ ကြိမ်ဖန်များစွာ ပြောပြီးပြီ။ မင်းက ပစ္စည်းတွေကို ဒီကို ယူလာပြီး လူတွေကို ပွင့်ပွင့်လင်းလင်းမြင်စေချင်တာလား။ သူတို့တွေက ဘယ်လိုတွေးမလဲ”
ကျန်းရွေ့ချင်က စိတ်တိုတိုဖြင့် မေးလိုက်သည်။
“အဲ့တာဆိုတော့ မြို့တော်ဝန် ပြောချင်တာက မြို့တော်ဝန်ကို တိတ်တဆိတ်ပေး ဒါမှ မဟုတ် အိမ်ကို ပို့ပေးဖို့လား”
“….”
ကျန်းရွေ့ချင်သည် တကယ်ပင် ဖုန်းယွီကို တံတွေးထွေးပစ်ချင်ပြီး သူ့ကို အော်လိုက်ချင်သည်။ ငါမင်းလက်ဆောင်ကို လက်မခံဘူး။
“မြို့တော်ဝန် ကျန်း။ မြို့တော်ဝန်က ပညာတက် ကျွန်တော်ထက် ပိုပြီး အတွေ့အကြုံပိုရှိတယ်။ ကျွန်တော်အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီက နောက်ဆုံးထွက် ပစ္စည်း ဒလက်မဲ့ ပန်ကာရဲ့ အမြင်ကို မြို့တော်ဝန်ဆီ တောင်းခံရုံပါ။ ကျွန်တော် ပြန်သွားတာနဲ့ ယူသွားလိုက်ပါမယ်”
“အခြေအမြစ် မရှိတာတွေ မပြောနဲ့။ မင်းနောက်ကျ ပြောမှာက မင်းယူဖို့မေ့သွားလို့ ပြီးတော့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ငါ့ရုံးခန်းမှာ မင်းရဲ့ ထုတ်ကုန်ကို မြင်တယ်ဆိုရင် ငါ့လို လိုက်တုပပြီး သူတို့ရဲ့ ရုံးမှာသုံးဖို့ မင်းထုတ်ကုန်တွေကို မှာကြလိမ့်မယ်။ မင်းက ငါ့ကို ထပ်ပြီး ကြော်ငြာစေချင်တာလား”
ကျန်းရွေ့ချင်က ဖုန်းယွီ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
“မြို့တော်ဝန်ကျန်း မှားနေပြီ။ ရေနွေးငွေ့စက်ကိုပဲ ကြည့်။ ရေနွေးငွေ့စက်သုံးရတာ မြို့တော်ဝန် မနှစ်ခြိုက်ဘူးလား။ ရေနွေးငွေ့စက်ကို သုံးတဲ့အခါ အာရုံစူးစိုက်မှု ပိုကောင်းလာပြီး အဆင်ပြေ လာဘူလား။ ထပ်ပြောရရင် ပြည်နယ် အစိုးရရဲ့ မြို့တော် ၁နဲ့ ၂ကတောင် ကျွန်တော်ရဲ့ ထုတ်ကုန်တွေကို ဝယ်ကြသေးတာ။ အဲတာက ကျွန်တော်ရဲ့ ထုတ်ကုန်တွေ အနေနဲ့ ဒီဇိုင်းကောင်းပြီး သုံးစွဲသူတွေနဲ့ သင့်လျော်တယ်ဆိုတာ သက်သေခံနေတာပဲ။ မြို့တော်ဝန် ဘာမှလုပ်စရာ မလိုပါဘူး”
“အဲ့တာဆိုရင် မင်းဒီတစ်ခေါက် ဘာယူလာပြန်တာလဲ”
ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ စကားများကို ဘယ်တော့မှ မနိုင်နိုင်မှန်းသိပေသည်။ သူ ဖုန်းယွီ ဘာပြောပြော သူအနေဖြင့် ဖုန်းယွီကို မည်သည့် စမ်းသပ်ထုတ်ကုန် သို့မဟုတ် နမူနာများကို လက်ခံမည် မဟုတ်ကြောင်း ပြောမည် ဖြစ်သည်။
“ကျွန်တော် အရင်က မပြောမိခဲ့လိုက်ဘူးလား။ ဒလက်မဲ့ ပန်ကာ။ ဒလက်တွေ မပါတဲ့ ပန်ကာ တစ်ခု။ အသစ်ပြီးတော့ အဆင့်မြင့် ထုတ်ကုန်၊ မူပိုင်ခွင့် ရထားတဲ့ ထုတ်ကုန်...."
ဖုန်းယွီက သူ့ပန်ကာကို မနားတမ်း စတင်ရှင်းတော့သည်။
ဖုန်းယွီ ဘာပြောပြော ကျန်းရွေ့ချင် လက်ခံရန် ငြင်းပယ်မည်ပင်။ သူ့အနေဖြင့် ဖုန်းယွီကို ပန်ကာ အပြင်ဖက်တွင် ပြသခွင့်တောင် ပေးထားမည် မဟုတ်ပေ။
တစ်နာရီခန့် ကြာပြီးနောက် ဘူးနှင့် ဖုန်းယွီ ထွက်သွားတော့သည်။ သို့သော် ကျန်းရွေ့ချင် အနေဖြင့် မသိသည်ကား လွန်ခဲ့သည့် တစ်နာရီခန့်က သူ့ရုံးခန်းကို ဖြတ်သွားသည့် လူများစွာက ထိုဘူးကို သတိပြုမိပေသည်။ အထူးသဖြင့် ဘူးပေါ်တွင် ရေးထားသည့် လေနှင့်မိုး ဒလက်မဲ့ ပန်ကာ ဖြစ်သည်။
ရှေ့ရက်တွေက ပျောက်သွားတာ မဟုတ်ဘူးနော် သာသာ နေမကောင်း ဖြစ်နေလို့ ဒီနေ့ နည်းနည်းသက်သာတာနဲ့ ဘာသာတစ်ပုဒ် ပြန်လိုက်တာ။
ဖုန်းယွီက စပရိုက် အကြီးစားတွေ တိုက်တော့မှာနော်။ 😯