← Chapters

ကီရီလန်ကို ထပ်လာပြန်သည်

Vol. 15 Ch. 218

ကီရီလန်ကို ထပ်လာပြန်သည်

Vol. 15 Ch. 218

ကီရီလန်ကိုက စက်ပစ္စည်းစက်ရုံ အလိုရှိသည့် နည်းပညာများအဆင်သင့် ဖြစ်ပြီ ဖြစ်ကြောင်းနှင့် သူကိုယ်တိုင် ကိုယ်ကျ အချက်အလက်များကို ယူခဲ့မည် ဖြစ်ကြောင်း သတင်းပါးလိုက်သည်။

ကီရီလန်ကို အနေဖြင့် ထိုမျှ သေးနုတ်သည့်ပမာဏအတွက် လာမည်လော။ ဟာလလုပ်သည်ကို ရပ်လိုက်သင့်သည်။ လွန်ခဲ့သည့် နှစ်နှစ်ကဆိုလျှင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ လက်ရှိတွင် ကီရီလန်ကိုသည် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ နည်းပါးသည့် ပမာဏကို သူမည်သို့ ဂရုစိုက်မည်နည်း။

အချက်အလက်သည် ဈေးမပေါသော်ငြား ကီရီလန်ကို၏ တန်ဖိုးသည် အလွန် မြင်သည်။ သူ့အမြတ်ကား ရူဘယ် ရာချီမျှသာ ရှိသည်။ ဖုန်းယွီအနေဖြင့် သူလာရသည့် ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပေသည်။ သူ့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စု၏ အရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် လာတာ ဖြစ်နိုင်ပေသည်။

ဖုန်းယွီက သူကို ရှေ့ဖြစ်မည့် ခန့်မှန်းချက်များကို ပြောခဲ့ကာ ခန့်မှန်းချက်များသည် ဖြည်းဖြည်းခြင်း မှန်ခဲ့သည်။ ဉပမာအနေဖြင့် သမ္မတမီခေးဂေါ်ဘာချော့နှင့် ယက်ဆင်၊ လီသူယေးနီးယား၏ လွတ်လပ်ရေးနှင့် ဂျာမဏီနှစ်နိုင်ငံ၏ ဆက်ဆံရေးတို့ ဖြစ်သည်။ ဂျာမဏီ နှစ်ဖက်လုံး စကားပြောပြီး ဖြစ်ရာ ပူးပေါင်းမှုက ယခုနှစ်မတိုင်ခင် ဖြစ်နိုင်ပေသည်။

ကီရီလန်ကို၏ အဖေ ဆန်ချမ်းကိုသည် သူ့ရဲ့ သစ္စရှိမှုကို ယက်ဆင်ကို လျှို့ဝှက်စွာဖြင့် ပြသခဲ့သည်။ သူသည် တပ်ထဲတွင် ထောက်ပို့အရာရှိသာ ဖြစ်ပြီး ယက်ဆင်ကို အထောက်အပံ့များစွာ ပေးနိုင်သည်။ ဉပမာအနေဖြင့် သူ့အနေဖြင့် တပ်သားရရမည့် အရာများ၏ အရေအတွက်ကို ဆုံးဖြတ်နိုင်သည်။ သူ့အနေဖြင့် အချို့သော တက်ဖွဲ့ဝင်များ၏ ရိက္ခာကိုတောင် ဖြတ်တောက်နိုင်ပေသည်။ ယင်းက အုပ်စုနှစ်စုကြားရှိ စစ်တပ်အင်အားကို သိသိသာသာ သက်ရောက်မှုရှိနိုင်ပေသည်။

သူ့အဖေသည် သူ့ဆုံးဖြတ်ချက် ချပြီးနောက် ကျန်သည့်သူများက ယက်ဆင်နား ကပ်တော့သည်။ ကီရီလန်ကိုသည် သူ့အမြင်ကို ဖုန်းယွီကို ပြောချင်ပေသည်။

ဖုန်းယွီသည် စီးပွားရေး သမား ဖြစ်ပြီး ကီရီလန်ကိုသည် သူ့စီးပွားရေး မိတ်ဖက် ဖြစ်သည်။ အကယ်၍ ကီရီလန်ကို၏ မိသားစု အခြေအနေ တိုးတက်ပါ ဆိုဗီယက် ပြည်ထောင်စုတွင် အခွင့်အဏာ ပိုရရှိလာမည် ဖြစ်သည်။ ဖုန်းယွီ၏ ကုန်သွယ်ရေးစီးပွားရေးသည်လည်း ပိုကောင်းလာမည် ဖြစ်သည်။ ထို့အကြောင်းပြချက်ကြောင့် ကီရီလန်ကိုနှင့် သူ့အဖေသည် သူတို့၏ အမြင်ကို ပူးပေါင်းဖလှယ်ချင်သည်။

ကီရီလန်ကိုသည် လက်ရှိတွင် ဖုန်းယွီကို ဆိုဗီယက် ပြည်ထောင်စု၏ အခြား ဒုတိယများနှင့် မိတ်မဆက်ပေးခဲ့ရသည်ကို နောင်တရနေမိသည်။ အကယ်၍ သူမိသားစု ကျရှုံးခဲ့လျှင် ဖုန်းယွီအနေဖြင့် အခြားသော ဒုတိယ မျိုးဆက်များနှင့် ဆက်လက် အလုပ်လုပ်နိုင်ဦးမည် ဖြစ်သည်။ ချုပ်ဆိုရလျှင် ဖုန်းယွီသည် ကုန်သွယ်မှုတိုင်းအတွက် အားလုံးကို ပေးချေနိုင်သည်။ယင်းက အခြား ဒုတိယမျိုးဆက် မိတ်ဖက်များထက် ပိုကောင်းပေသည်။

ဖုန်းယွီသည် ကောင်းကောင်း ကိုင်တွယ်နိုင်သူ ဖြစ်ပြီး ဖြစ်လာသည့် အကျိုးဆက်သည် သေးငယ်လျှင်တောင် ကီရီလန်ကိုကို တွန်းချနိုင်ပေသည်။

ကီရီလန်ကိုသည် ဖုန်းယွီကို လာရှာရခြင်းသည် ဖုန်းယွီ၏ ဆိုဗီယက် ပြည်ထောင်စုနှင့် ပတ်သက်သည့်အရေးကိစ္စများကို ခွဲခြမ်းစိတ်ဖြာခြင်းသာမက ရင်းနှီးမှုကိုလည်း တိုးမြင့်ရန် ဖြစ်ပေသည်။

ဖုန်းယွီသည် လေဆိပ်အပြင်ဖက်တွင် ရပ်စောင့်နေပြီး ကီရီလန်ကိုကိုက မြင်သည့်အခါ လက်ယမ်းပြလိုက်တော့သည်။ ကီရီလန်ကိုသည် နောက်လိုက်တစ်ယောက်ကို ခေါ်လာကာ သူ့နောက်တွင် ကြီးမားသည့် ခရီးဆောင်အိပ် လေးလုံးကို သယ်လာခဲ့သည်။

ထိုခရီးဆောင်အိပ်များ အားလုံးနီးပါးတွင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ ပါဝင်ပြီး သူတို့၏ တစ်ကိုယ်ရေ ပစ္စည်းများက ခရီးဆောင်အိတ် တစ်ဝက်သာ ရှိပေသည်။

နွေးထွေးစွာ ပွေ့ဖက်ပြီးနောက် ဖုန်းယွီက ကီရီလန်ကိုကို ခပ်မြန်မြန် တွန်းလိုက်တော့သည်။ ထိုသူ၏ ခွန်အားက နောက်စရာ မကောင်းပေ။ သူပွေ့ဖက်မှုက အသက်ရှုတောင် ရပ်သွားစေနိုင်သည်။

“အစ်ကိုကီ ကျွန်တော်တို့တွေ ဝယ်ယူသူတွေကို အချက်အလက်တွေ ပေးရအောင် ပြီးတော့မှ ကျွန်တော်တို့ စကားပြောကြတာပေါ့”

“ကောင်းတာပေါ့။ ဒါပေမဲ့ ဒီနေ့ည မင်းငါနဲ့ လိုက်သောက်ပေးရမယ်နော်။ လီကိုကော ခေါ်ခဲ့”

ကီရီလန်ကိုသည် ဘင်းမြို့တော်တွင် လူနှစ်ယောက်သာ သိကာ နောက်တစ်ယောက်က လီရှစ်ချင် ဖြစ်သည်။

“အစ်ကိုကီ ကျွန်တော်ယောက်ဖက မအားဘူး။ ကျွန်တော်အမရဲ့ ရက်ချိန်းက နောက်အပတ်လေ ဒီတော့....”

“အာ... ဂုဏ်ပြပါတယ်ကွာ။ အဲတာ အဆင်ပြေတာပေါ့။ ငါသူ့အတွက်လည်း လက်ဆောင်တွေ ဝယ်ခဲ့တယ်။ မနက်ဖြန်ကျ မင်းအစ်မရှိတဲ့ ဆေးရုံကို သွားကြတာပေါ့”

ဆိုဗီယက်လူမျိုးများသည် လက်ဆောင်များကို ပေးခြင်းနှင့် ရယူခြင်းကို နှစ်ခြိုက်ကြသည်။ ကီရီလန်ကို ဤကိုရောက်လာခြင်းကား ဆက်ဆံရေး တိုးမြင့်ရန် ဖြစ်သည်။ ပြီးနောက် သူသည် လက်ဗလာဖြင့် မလာခဲ့ပေ။ သူက လီရှစ်ချင်သည် ဖုန်းယွီ၏ ယောက်ဖမှန်းသိပြီး သူ့အနေဖြင့်သာ လီရှစ်ချင်နှင့်လည်း မိတ်ရင်းဆွေရင်း ဖြစ်ပါက သူ့အကူအညီ လိုအပ်ပါက လီရှစ်ချင် သူ့ကို ကူညီပေးမည် ဖြစ်သည်။

……

စက်ပစ္စည်းစက်ရုံ၏ အင်ဂျင်နီယာချုပ်နှင့် သူ့ဝန်ထမ်းများသည် အချက်အလက်များကို စစ်ဆေးနေကြသည်။ သူတို့သည် အဓိကအားဖြင့် အချက်အလက်များ ပျောက်ဆုံးနိုင်သည်များကို စစ်ဆေးခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ထိုအချက်အလက်များက အမှားအယွင်းဖြစ်မည်ကို စိုးရိမ်ခြင်းမရှိပေ။ ဖုန်းယွီက အချက်အလက်များက အတုများ ဖြစ်ပါက သူအနေဖြင့် လျော်ကြေးငွေ နှစ်ဆပေးမည်ဟု ကတိပြုထားသည်။

ဖုန်းယွီသည် ကီရီလန်ကိုကို ယုံကြည်သည်။ သူ့အနေဖြင့် သေးငယ်သည် ငွေပမာဏအတွက် သူ့ကို လိမ်ခြင်းက မဖြစ်နိုင်သည့်အတွက်ပင်။ ယင်းက သူတို့နှစ်ယောက်ကား ဆက်ဆံရေးကို ထိခိုက်စေမည် ဖြစ်ကာ နောက်ပိုင်း စီးပွားရေး သဘောတူညီချက်များကိုလည်း သက်ရောက်မှု ရှိနိုင်ပေမည်။ လီရှစ်ယုံသည်လည်း ဖုန်းယွီ သူ့ကို မလိမ်ဟု ယုံကြည်ပေသည်။ သူသည် ထိုကဲ့သို လုပ်မည့် သူမျိုး မဟုတ်ပေ။

စာရွက်စာတမ်းများကို စစ်ဆေးပြီးပြီ ဖြစ်ကာ အချို့သော အသေးစိတ် အချက်အလက်များကိုတော့ အတည်မပြုရသေးပေ။ အချိန်ယူရန် လိုအပ်ပေသည်။

“မန်နေဂျာဖုန်း စာရွက်စာတမ်းတွေ အကုန်လုံး ဒီမှာ။ ကျွန်တော်တို့တွေ လက်မှတ်ထိုးကြပြီး ဘဏ်မှာ ငွေချေဖို့အတွက် ငွေလွဲဖို့ အကြောင်းကြရအောင်။ မင်းပြောတာက ဆိုဗီယက် ပြည်ထောင်စုက ကျွမ်းကျင်ပညာရှင်တွေကော ပါမှာဆို။ သူတို့တွေက ဘယ်မှာလဲ။ ဒီအချက်အလက်တွေနဲ့ဆိုရင် ကျွန်တော်တို့အတွက် ဒီအချက်အလက်တွေကို ကျေညက်ဖို့က ခက်ခဲတယ်”

“ကျွမ်းကျင်ပညာရှင်တွေက နောက်အပတ်ကျ ရောက်လိမ့်မယ်။ သူတို့တွေက အုပ်စုလိုက်လာမှာ။ သူတို့ထဲက အချို့က ခင်ဗျားရဲ့ စက်ရုံကို လာမှာ၊ ပြီးတော့ လေယဉ်ထုတ်လုပ်တဲ့စက်ရုံ၊ စက်ယန္တရားကုမ္ပဏီပြီးတော့ ဘီယာကုမ္ပဏီ အစရှိသဖြင့်ပေါ့။ ငါက သူတို့တွေကို အဲ့ဒီကို ပို့လိုက်မှာ”

ဖုန်းယွီက ကျေနပ်နေသည်။ သူသည် နောက်ထပ် ဆိုဗီယက် ကျွမ်းကျင် ပညာရှင်များကို စုဆောင်းနိုင်ခဲ့သည်။ ထိုကျွမ်းကျင်သူများသည် နှစ်ပေါင်းနှစ်ဆယ် အတွေ့အကြုံရှိကြပြီး သူတို့သည် ငွေများစွာ တန်ကြေးရှိပေသည်။ ဖုန်းယွီသည် နတ်ဆိုးတစ်ကောင် ဖြစ်လျှင် သူ့အနေဖြင့် ထိုကျွမ်းကျင်ပညာရှင်များကို စာချုပ်ဖြင့် ချုပ်ဆိုင်ထားနိုင်ကာ စက်ရုံများကို သူတို့၏ ဝန်ဆောင်မှုအတွက် ဆွေးနွေးခ အဖြစ် တောင်းနိုင်မည် ဖြစ်သည်။

သိုသော် ဖုန်းယွီအနေဖြင့် ထိုကဲ့သို့ ငွေနည်းနည်းသာရမည့် ကိစ္စမျိုးကို စိတ်ထဲမရှိပေ။ သူအခွင့်အရေးပေးသည့် စက်ရုံများကိုသာ စေလွှတ်မည် ဖြစ်သည်။ ထိုခေတ်အခါက အခွင့်အရေးပေးမှုက ငွေကြေးထက်တောင် ပိုတန်ဖိုးရှိသည်။

လီရှစ်ယုံ၏ ညစာကို ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းဆိုပြီးနောက် ဖုန်းယွီသည် ကီရီလန်ကိုကို အင်တာနေရှင်နယ် ဟိုတယ်ကို ပြန်ပို့ခဲ့သည်။

အတိတ်က အင်တာနေရှင်နယ်ဟိုတယ်၏ မန်နေဂျာ ယွီချွမ်းယွမ်သည် ဖုန်းယွီကို ဟိုတယ် အပြင်ဖက်ကိုမောင်းထုတ်ဖူးသည်။ အကြောင်းမှာ ဖုန်းယွီသည် နိုင်ငံခြားငွေများကို ဤနေရာတွင် လဲလှယ်သည့်အတွက် ဖြစ်သည်။ သို့သော် နှစ်နှစ်ကြာပြီးနောက် ဖုန်းယွီသည် သူဌေးကြီးတစ်ယောက် ဖြစ်လာသည်။ ယွီချွမ်ယွမ်သည် လမ်းမပေါ်လျှောက်လာပြီးနောက် သူကိုယ်တိုင် တံခါးဖွင့်ပေးရသည်။

သူသည် ဖုန်းယွီ၏အစ်မ မင်္ဂလာဆောင်ကတည်းက ဖုန်းမိသားစု၏ အဆက်အသွယ်ကို တွေ့မြင်ပြီး ဖြစ်သည်။ ယွီချွမ်ယွမ်သည် နိုင်ငံပိုင် ဟိုတယ်တစ်ခု၏ မန်နေဂျာလေးသာ ဖြစ်သည်။ ဖုန်းယွီဖိတ်ခေါ်သည့် ဧည့်သည်တော်များနှင့် ဘယ်လိုလုပ်ယှဉ်ဝံ့မည်နည်း။

ဖုန်းယွီသည် သူ့ဝန်ထမ်းကို ဟိုတယ်မရောက်ခင် ကြိုပြောရန် ပြောခဲ့ပြီး ယွီချွမ်ယွမ်သည် အခန်းနှင့် စားသောက်ဆိုင်အပြင်အဆင့်ကို ကြိုတင် လုပ်ထားရသည်။

လူနှစ်ယောက်၏ ညစာ ဖြစ်သော်ငြား ယွီချွမ်ယွမ်က သီးသန့်အခန်း ပြင်ပေးထားသည်။ ဖုန်းယွီအနေဖြင့် အခြားသာ သီးသန့်အခန်းထက် နည်းပြီး ဟင်းပွဲများကို မှာမည်မဟုတ်မှန်း သိပေသည်။

ဝိုင်အချို့သောက်ပြီးနောက် ကီရီလန်ကိုက နူးညံစွာဖြင့် မေးတော့သည်။?

“ဖုန်း ငါ့ရဲ့အဖေက အခု ယက်ဆင်ရဲ့အောက်မှာ ရောက်နေပြီ။ ဒါက အခွင့်အရေးတစ်ခုဆိုတာ မင်းသေချာရဲ့လား”

ဖုန်းယွီက ပြုံးလိုက်ကာ

“အစ်ကိုကီ အစ်ကို ကျွန်တော်ကို ယုံကြည်ဖို့အတွက် ရွေးချယ်ပြီးပြီပဲ။ ဘာကြောင့် ဒီလိုတွေ မေးနေရသေးတာလဲ။ ဒါပေမဲ့ အစ်ကိုကို အသိပေးစရာတစ်ခုက ယက်ဆင်က အသတ်ခံရနိုင်တယ်။ တကယ်လို့ သူသေသွားရင် အစ်ကိုအဖေအတွက် ကောင်းမှာ မဟုတ်ဘူး”

“လုပ်ကြံသတ်ဖြတ်မှုလား”

ကီရီလန်ကိုသည် ထိတ်လန့်သွားသည်။ ဖုန်းယွီက ထိုအကြောင်း ဘယ်တုန်းကမျှ မပြောခဲ့ဘူးပေ။ တစ်ယောက်ယောက်က စစ်တပ်အာဏာသိမ်းခြင်းကို အလိုရှိသည်လော။

အကယ်၍ စစ်တပ်အာဏာသိမ်းရန်အတွက် တစ်စုံတစ်ယောက်က စလျှင်တောင် ထိုလုပ်ကြံသတ်ဖြတ်ခံရမည့်သူသည် သမ္မတ မီးခေးဂေါ်ဘာချော့ ဖြစ်သင့်သည်။ အဘယ်ကြောင့် ယက်ဆင်က ပစ်မှတ် ဖြစ်နေသနည်း။

ထိုအကြောင်းကို တွေးလေ ကီရီလန်ကို ဇောချွေးပြန်လေ ဖြစ်သည်။ အကယ်၍ ဖုန်းယွီပြောခဲ့သလို ဖြစ်ခဲ့ကပါက သူ့အဖေသည် ယက်ဆင်၏ အုပ်စုထဲ ပါပြီးဖြစ်ရာ ယာယီအားဖြင့် မည်သူမျှ မသိရှိသော်ငြား။ မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် လူအများတွေ့သွားကြပေမည်။ အကယ်၍ ယက်ဆင်သေပါက သူ့အဖေသည် ဒုက္ခလှလှနှင့် ကြုံရတော့မည် ဖြစ်သည်။

“အစ်ကိုကီ စိတ်လျော့ထားပါ။ ယက်ဆင်ကလည်း ဒီအကြောင်းကို သတိပြုပြီးသားပါ။ သူကြိုတင်ကာကွယ်မယ်ဆိုရင် အန္တရာယ် ဖြစ်စရာ အကြောင်းမရှိပါဘူး။ အစ်ကိုအဖေက ထောက်ပို့အရာရှိပဲ တကယ်လို့ သူကသာ ယက်ဆင်အဖွဲ့ကို လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ ယက်ဆင် အာဏာရလာတာနဲ့ ခင်ဗျားရဲ့အဖေက ဆုချီးမြင့်ခံရမှာ”

သမိုင်းတွင် ပြိုင်ဖက်ပါတီသည် ယက်ဆင်ကို လုပ်ကြံသတ်ဖြတ်ရန် သဘောမတူခဲ့ပေ။ အိမ်အကျယ်ချုပ်မှုသာ လွတ်အောင် ကူညီခဲ့ပေသည်။ ယင်းသည် ယက်ဆင် ရုရှားကို ထိန်းချုပ်နိုင်ပြီး ဆိုဗီယက်ပြည်ထောင်စု၏ နိုင်ငံခြားပိုင်ဆိုင်မှုကို ၉၀ရာနှုန်းကျော် ရအောင် လုပ်နိုင်ခြင်း၏ အကြောင်းပြချက်ပင် ဖြစ်ပေသည်။ ယင်းရလဒ်က ရုရှားကို ကမ္ဘာ့အင်အားကြီးနိုင်ငံများထဲမှ တစ်ခု ဖြစ်လာစေခဲ့သည်။

ကီရီလန်ကိုသည် တစ်ခဏကြာတွေးပြီးနောက် မေးလိုက်သည်။

“ဖုန်း မင်းမှာ အကြံတွေ အများကြီးရှိနေမှာပါ။ ငါ့ဘဝ တိုးတက်ဖို့အတွက် ငါဘယ်လမ်းကြောင်းကို လိုက်ရမလဲ”

All Chapters