← Chapters

အကိုကီ၏ အနာဂတ်စီးပွားရေး

Vol. 15 Ch. 219

အကိုကီ၏ အနာဂတ်စီးပွားရေး

Vol. 15 Ch. 219

ကီရီလန်ကိုက သူ့ကို ထိုမေးခွန်းမေးသည့်အခါ ဖုန်းယွီအလွန်တရာပင် အံ့သြသွားခဲ့သည်။ သူသည် ကီရီလန်ကို အကြောင်း ကောင်းကောင်းသိပေသည်။ ကီရီလန်ကိုသည် ပြတ်ပြတ်သားသား လုပ်တတ်တဲ့သူ မဟုတ်သော်ငြားသူ့တွင် ကိုယ်ပိုင်အနာဂတ်ရှိပေသည်။ ဖုန်းယွီအနေဖြင့် ကီရီလန်ကိုသည် သူ့၏ အကြံဉာဏ်ကို တောင်းခံလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

ဖုန်းယွီသည် ကီရီလန်ကို အကြံဉာဏ်ပေးရခြင်း သို့မဟုတ် သူ့၏ ဆရာတစ်ယောက်ဖြစ်ရလျှင်တောင် ဝမ်းသာ နေပေသည်။ သူ့ကို အပြစ်ဖို့စရာမလိုပဲ ထိုအရာက ဖြစ်လာမည့် အရာပင်ဖြစ်ပေသည်။

“အကိုကီ အကိုက နိုင်ငံရေးသမားလည်း မလုပ်ချင်ဘူး။ စစ်တပ်ထဲမှာ မနေချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ အကိုဆက်ပြီးတော့ စီးပွားရေး သမားပဲ လုပ်သင့်တာပေါ့”

“ငါသေချာပေါက် စီးပွားရေးပဲ လုပ်ပြီး ငွေရှာမှာပေါ့”

စစ်သားတစ်ယောက်ဖြစ်တာ အရမ်းကို ပင်ပန်းဆင်းရဲတယ် ။ နိုင်ငံရေးကလည်း ပျင်းစရာကြီးပဲ။ ငါအခုလက်ရှိဘဝနေထိုင်မှုကိုပဲ ကြိုက်တယ်။ ဒါပေမယ့် မင်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမယ်လို့ ပြောခဲ့တာ မဟုတ်ဘူုးလား။ တကယ်လို့ မင်းပြောတာသာ မှန်ခဲ့မယ်ဆိုရင် ငါတို့ရဲ့ စီးပွားရေးကလည်း တကယ့် ကြီးကြီးမားမား ထိခိုက်လိမ့်မယ်”

ကီရီလန်ကိုသည် ယခုလက်ရှိနိုင်ငံရေး အခြေအနေကို ထိတ်လန့် ကြောက်ရွံ့နေမှန်း ဖုန်းယွီနားလည်ပေသည်။ ယခုလက်ရှိ ကီရီလန်ကို၏ ဝင်ငွေအများဆုံးက စက်ယန္တရားများနှင့် နည်းပညာများကို ရောင်းချခြင်းမှဖြစ်ပေသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားသည်နှင့် နိုင်ငံများသည် သူတို့၏ စက်မှုလုပ်ငန်းများကို ကိုယ်တိုင်တည်ထောင်ရန်လိုပေသည်။ ထိုအတွက်ကြောင့် သူတို့ အနေဖြင့် ထို စက်ပစ္စည်းများနှင့် နည်းပညာများကို ရရန်က လွယ်ကူသည့် အရာမဟုတ်ပေ။

သူသည် တရုတ်နိုင်ငံနှင့်် ဆက်လက်ကုန်သွယ်နိင်သော်ငြား ရရှိသည့် ငွေသည် စက်ယန္တရားများနှင့် နည်းပညာမှ ရသည့် ဝင်ငွေနှင့် မယှဉ်သာပေ။ သူ့၏ဝင်ငွေသည်လည်း လတိုင်း လတိုင်း ရူဘယ်သန်းပေါင်းများစွာ လျော့နည်းသွားပေမည်။ ကွာခြားချက်ကလည်း အလွန်ကြီးပေ၏။

“အကိုကီ ကျွန်တော် အကိုကို အရင်က ပြောခဲ့တာကို သတိရသေးရဲ့လား။ အခုလက်ရှိက အကို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို စုဆောင်းရမည့် အချိန်ပဲ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတာက အခုချိန်ကနေပြီးတော့ နောက်ထပ်တစ်နှစ်ကြာအတွင်းဖြစ်လိမ့်မယ်။ အခုလက်ရှိအနေနဲ့ သတ္တုတွေကို ဝယ်ပြီး လှောင်ထားတာ အကောင်းဆုံးပဲ။ ဥပမာအနေနဲ့ သံရိုင်း၊ ရေနံဆီ၊ မြေရှားသတ္ထု အစရှိသဖြင့်ပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အဲ့ဒီသဘာဝသယံဇာတပစ္စည်းတွေကို လိုအပ်တယ်။ အကြောင်းက နည်းပညာတွေက အဲ့ဒါတွေနဲ့ ပါတ်သတ်နေလို့ပဲ။ အဲ့ဒီပစ္စည်းတွေရဲ့ လိုအပ်ချက်ကလည်း အများကြီးဖြစ်သွားမှာ ။ အကို့အနေနဲ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူတစ်ယောက်တောင်ဖြစ်သွားနိုင်တယ်”

ဘေရွန်သတ္ထုတွင်း အများစုသည် ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် ပျောက်ကွယ်နေကာ သူတို့သည်လည်း စစ်တပ် သို့မဟုတ် နိုင်ငံရေးသမားများနှင့် အလွန်ရင်းနှီးသည့် ဆက်သွယ်ရေးရှိကြပေသည်။ သူတို့သည် ထိုအဆက်အသွယ်ကို သုံးပြီး အစိုးရထံမှ နိုင်ငံပိုင်သတ္ထုတွင်းမှတစ်ဆင့် ဈေးနှုန်းချိုချိုဖြင့် ဝယ်ယူနိုင်ပေ၏။

ထိုသတ္ထုများ၏ တန်ဖိုးသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည်နှင့် ချက်ချင်းပင် ဈေးမြင့်သွားမည်ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က အလွန်ချမ်းသာပြီး နောက်ပိုင်းတွင် သူတို့ကို ပူတင်ခတောင် ဂရုစိုက်ရပေသည်။

“သတ္ထုတွေကို ဝယ်ဖို့လား ။ အဲဒါတွေက အနာဂတ်ကျ ပိုက်ဆံရှာနိုင်မယ်ဆိုတာ သေချာရဲ့လား။ အဲဒါတွေက အနာဂတ်ကျ ပိုက်ဆံရှာနိုင်တယ်ဆိုရင်တောင်မှ မိုင်းရဲ့ ဈေးနှုန်းက သက်သာတာမှ မဟုတ်တာ။ ကျောက်မီးသွေးမိုင်းကမှ တော်သေးတယ်။ ဒါပေမယ့် သံရိုင်းမိုင်းနဲ့ ရေနံဆီတွေက အရမ်းဈေးကြီးတယ်”

ဖုန်းယွီက လေးနက်စွာဖြင့်ပြောလိုက်သည်။

“တကယ်လို့ နောက်နှစ် နှစ်ဆန်းပိုင်းမှာ ရေနံဆီတွေရဲ့ ဈေးနှုန်းက ကျဆင်းသွားမယ်ဆိုရင်ရော”

“ဘာ ဆီဈေးတွေက ကျဦးမှာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း။ ရေနံဆီက အရေးပါဆုံး သဘာဝ သံယံဇာတတွင်းထွက်ပစ္စည်းလေ။ အခုလက်ရှိမှာ အီရတ်ကလည်း အကြွေးတွေနဲ့ ပြည့်နေတာ။ ပြောကြတာကတော့ အီရတ်က ကူဝိတ်ကို ရေနံဆီတင်ပို့တာကို လျော့ချပြီးတော့ ဆီဈေးတက်အောင်လုပ်မယ်လို့တောင် ပြောနေကြတာ”

ဖုန်းယွီသည် ဘာမှမတတ်နိုင်ပေ။ သူ့အနေဖြင့် ကီရီလန်ကို ပြောသည့် အရာက အလွန်ပင်မြင့်မားနေသည်။ သူ့အနေဖြင့် ကီရီလန်ကိုသည် ထိုအရာများကို ကျွမ်းကျွမ်းကျင်ကျင်သိမည်ဟု လုံးဝမမျှော်လင့်ပေ။ ဖုန်းယွီ၏ အံ့သြတာကို ကြည့်ပြီး ကီရီလန်ကိုက ဂုဏ်ယူနေသည်ဟု ခံစားနေရသည်။

“နောက်နှစ်ဆန်းပိုင်းမှာ ဆီဈေးတွေက သိသိသာသာကို ကျဆင်းသွားလိမ့်မယ်။ အဲဒါက ကျွန်တော်တို့အတွက် အခွင့်ကောင်းပဲ။ တကယ်လို့ အကို ကျွန်တော့်ကို ယုံတယ်ဆိုရင် အနာဂတ်ကျ ကျွန်တော်နဲ့ ဆီကုန်သွယ်လို့ ရတယ်။ ကျွန်တော်တို့ အနေနဲ့ တစ်လအတွင်းမှာကို အမြတ်အစပေါင်းများစွာ ရမယ်လို့ အာမခံတယ်”

“တစ်လထဲမှာကို အစပေါင်းများစွာလား။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း”

ကီရီလန်ကို သည် ဖုန်းယွီပြောတာကို မယုံကြည်နိုင်ဖြစ်နိုင်သည်။ သူ့အနေဖြင့် အာဏာသုံးပြီး ဝယ်ယူလျှင်တောင် အကျိုးအမြတ်က အစပေါင်းများစွာမြတ်နိုင်မှာ မဟုတ်ဘူး။ ဆီဈေးက တစ်ဆယ်ရာခိုင်နှုန်းထက် ပိုကျသည်ကလည်း မဖြစ်နိုင်ပေ။

နိုင်ငံတကာ ဆီဈေးနှုန်းများသည် တဖြေးဖြေးဖြင့် ကျဆင်းလာသည်။ ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ ဆီဈေးသည် တစ်ပေပါလျှင် ဒေါ်လာ သုံးဆယ်ရမည်ဖြစ်သည်။ ဖုန်းယွီပြောသည့် ဆီဈေးကျမည်ဆိုသည်က မည်သို့နည်း။

“ကောင်းပြီ အကိုကီ။ တကယ်လို့ အကို ကျွန်တော်ကို မယုံဘူးဆိုရင်ဆိုရင် ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူး။ ကျွန်တော် အကိုကို နောက်ထပ် လှည့်ဖြားတဲ့ အရာတစ်ခု သင်ပေးရတော့မှာပဲ။ မိုင်းတွင်းတစ်ခုမှာ ကျောက်ရိုင်းတွေ ဘယ်လောက်လောက်ကျန်နိုင်မှာလည်း။ နည်းပညာလား မှားတယ် ။ အဲဒါက လူတွေပဲ။ အကိုအနေနဲ့ ဒီမိုင်းတွင်းကို ဝယ်ရင်တောင် အကိုကံကောင်း မကောင်းက ရှိသေးတာ။ ပြီးတော့ သတ္ထုတွေ အကုန်လုံးကို ထုတ်ပြီးသွားရင် အဲဒီမှိုင်းတွင်းက အသုံးပြုလို့ မရတော့ဘူး”

ကီရီလန်ကိုက သူ၏ ပေါင်ကို ရိုက်ချလိုက်တော့သည်။ သူ့အနေဖြင့် ယင်းအချက်ကို မည်သို့ မတွေးမိသနည်း။

သူ့အနေဖြင့် အသုံးပြုပြီးမိုင်းကို ဝယ်လျှင် ကုန်ကျစရိတ် အရမ်းများမည် မဟုတ်ပေ။ လူများကိုမေးပြီး အချက်အလက်များ ဖလှယ်ရာတွင်တော့ ကျွမ်းကျင်မှုရှိပေသည်။

“အဲဒါဆိုရင် ငါတို့တွေက စက်ယန္တရား စက်ပစ္စည်းတွေကိုပဲ ဆက်ပြီးတော့ ကုန်သွယ်ကြမှာလား”

“သာမာန် ဆိုဗီယက်ပြည်ထောင်စုရဲ့ စက်ပစ္စည်းတွေက တရုတ်နိုင်ငံမှာရောင်းအားကောင်းတာ မဟုတ်ဘူး။ ပြီးတော့ စက်မှုဆိုင်ရာနည်းပညာတွေကလည်း ရေပန်းစားတာ မဟုတ်ဘူး။ ကျွန်တော်အကိုကို ပြောတဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို မှတ်မိသေးလား”

ကီရီလန်ကိုက မျက်လုံးများပြူးကျယ်သွားကာ

“မင်းကငါ့ကို လက်နက်တွေရောင်းခိုင်းစေချင်တာလား”

သူသည် အရင်က ယင်းအကြောင်းကို စဉ်းစားခဲ့ဖူးသည်။ လက်နက်များကို ရောင်းချပါက သူ့အနေဖြင့် အခြားသောသူများထက် အားသာချက်ရှိမည်ဖြစ်သည်။ သူ၏ ဖခင်သည် စစ်ဘက်ဆိုင်ရာ လက်နက်များကို ကြီးကြပ်ကွပ်ကဲရကာ ထိုစစ်ဘက်ဆိုင်ရာစက်ရုံများက သူ့၏ အိမ်နောက်ဖေးကဲ့သို့ပင် သူ့အနေဖြင့် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပေသည်။

ဖုန်းယွီက ထိုအကြောင်းကို အရင်က ပြောသည့်အခါ သူက ပတ်ဝန်းကျင်ကိုလည်း မေးမြန်းခဲ့သည်။ ဒုတိယမျိုးဆက် အုပ်ချုပ်သော နောက်လိုက်များသည် ထိုစီးပွါးရေးကို လုပ်ကိုင်ကြသည်။ ထိုနောက်လိုက်များ ယင်းကို လုပ်ရဲကြသည့်အကြောင်းအရင်းများမှာ သူ၏မိသားစုများက သူ့ကို ခွင့်ပြုထားသည့် အတွက်ပင်။ အခြားသူများက ယင်းကို လုပ်နိုင်သည်ဆိုလျှင် အဘယ့်ကြောင့် သူမလုပ်ပဲ နေနိုင်သနည်း။

သို့သော် ယခုလက်ရှိတွင် သူ့၏ ဖခင်သည် ယက်ဆင်ကို ထောက်ပံ့ပေးနေကာ သူသည် ယက်ဆင်၏ စစ်တပ်များကို ကွပ်ကဲရပေသည်။ အကယ်၍ သူသာ လက်နက်ခဲယမ်းများကို ရောင်းချလျှင် သူ့အဖေ ရာထူးတိုးနိုင်မည်ကို ဖုံးကွယ်ထားမည် မဟုတ်ပေ။

သူ့၏ အဖေ ရာထူးတိုးသမျှ သူ့၏အဆင့်အတန်းသည်လည်း အတူတူဖြစ်မည် မဟုတ်ပေ။ သို့သော် သူ၏အဖေ ကျရှုံးသွားပါက သူမည်သို့ ချမ်းသာစေကာမူ သူသည် ချမ်းသာသည့် လူတစ်ယောက်သာ ဖြစ်တော့ပေမည်။ အကယ်၍ သူသည် ကံမကောင်းခဲ့ပါက သူ့အနေဖြင့် မီလီယမ်နာတစ်ယောက်တောင် ဖြစ်နိုင်တော့မည် မဟုတ်ကာ သူ့အနေဖြင့် ဥရောပအနောက်ကို ပုန်းရှိုးကွယ်ရှိုးဖြင့်တောင် နေရနိုင်ပေသည်။

ဖုန်းယွီက ကီရီလန်ကိုကို လက်ယမ်းပြကာ စိတ်ငြိမ်စေခဲ့သည်။

“အကိုကီ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်တွေဆိုတာက လက်နက်ခဲယမ်းတွေကိုတင် ရည်ညွန်းတာ မဟုတ်တာ။ တခြားသော အရာတွေပဲ ဖြစ်နိုင်တာပဲ။ ကျွန်တော်ပြောချင်တာက စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ။ ဥပမာ အနေနဲ့ ကျွန်တော် အကိုတို့ နိုင်ငံရဲ့ စက်ဖက်ဆိုင်ရာ လေယာဉ်ထုတ်လုပ်သည့် စက်ရုံက လေယာဉ်အမြောက်မြား ထုတ်လုပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုတစ်ခုပဲလေ။ ဒါပေမယ့် လေယာဉ်တွေကို အလွန်အကျွံ ထုတ်လုပ်ထားတယ်။ တရုတ်နိုင်ငံရဲ့ လေကြောင်းလုပ်ငန်းကလည်း လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးနေတာ။ လူစီ လေယာဉ်တချို့ လိုအပ်တယ်။ အကို အခု နားလည်ပြီလား”

“မင်းက ငါ့ကို စစ်ဘက်ဆိုင်ရာသုံးထုတ်ဖို့ လေယာဉ်တွေကို လူစီးလေယာဉ်အဖြစ် ရောင်းချစေချင်တာာလား”

ဖုန်းယွီက ခေါင်းငြိမ့်ပြီးနောက် ပြောလိုက်သည်။

“ဒါအမှန်ပဲ။ စစ်ဘက်ဆိုင်ရာစက်ရုံတွေက ထုတ်ကုန်အများစုကို ပြည်သူတွေ အသုံးဝင်အောင်လို့ အသုံးချနိုင်တယ်။ အကို့အနေနဲ့ ဒီဟာကို စမ်းသပ်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်ပြီးလို့ အထက်လူကြီးတွေက ဒီဟာနဲ့ ပါတ်သတ်ပြီး ကန့်သတ်တာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ ကန့်သတ်ရင်တောင် အကိုက ဒီဟာတွေကို လူစီးလေယာဉ်အဖြစ်ရောင်းချတာပဲ။ သူတို့တွေ အကိုကို ဘာလုပ်နိုင်မှာလဲ။ တကယ်လို့ ကန့်သတ်မှုတွေ မရှိဘူးဆိုရင်တော့ အကိုအနေနဲ့ မီဆိုင်း ဒုန်းကြည်တွေကို ဗျောက်အိုးအဖြစ် ရောင်းချနိုင်တာပဲ”

အား

ကီရီလန်ကိုက သက်ပြင်းတစ်ချက်ချလိုက်သည်။

မီဆိုင်းတွေကို ဗျောက်အိုးအဖြစ်ရောင်းချမည်လော။

ဖုန်းယွီပြောတာက သဘာဝမကျသည် မဟုတ်ပေ။ သူ့၏ အရင်ကဘဝတွင် ရူးနန့်နန့် ဆိုဗီယက်တစ်ယောက်သည် မီဆိုင်းများကို ဗျောက်အိုးအဖြစ် ရောင်းချခဲ့သည်ပင်။

ကျည်ဆံများကို ကြေးအစအနများအဖြစ်လည်းကောင်း သေနတ်များကို သတ္ထုအကျိုးအပြတ်များအဖြစ် ရောင်းချပြီး သူတို့ကို အလေးချိန်ဖြင့်ရောင်းချပြီး မီဆိုင်းနှင့် မြေမြှုပ်မိုင်းများကို စက်မှုလုပ်ငန်းသုံး အားဖုန်းယွီသည် ယင်းအကြောင်းကို အင်တာနက်ပေါ်တွင် ရှာဖတ်ဖူးသည်။ တစ်စုံတစ်ယောက်က သူ၏ ခေါင်းဆောင်က တောင်းဆိုသောအခါ သူသည် မီဆိုင်းဒုန်းကျည်များကို ဗျောက်အိုးအဖြစ် တံဆိပ်ကပ်ပြီး ပြည်ပသို့ ပို့ဆောင်ခဲ့ပေသည်။ ဆိုဗီယက်ပြည်ထောင်စု၏ တင့်ကားများမှ အရှေ့ဘက် အမြောက်များကို ဖြုတ်ပြီးနောက် ထွန်စက်အဖြစ်ရောင်းချပေသည်။ တရုတ်နိုင်ငံသည်လည်း ထိုထဲမှ အချို့ကို ဝယ်ယူခဲ့ပေရာ အချို့ အတွင်းပိုင်းပစ္စည်းများကိုလည်း ဝယ်ယူခဲ့ပေသည်။

လူများသည် ငွေရှာရန်အတွက်မူ ရူးနန့်ကြပေမည်။ ဖုန်းယွီက ကီရီလန်ကိုကို လေယာဉ်စရောင်းရန် တောင်းဆိုခြင်းသည် သူ့၏ အရင်ဘဝနှင့် တစ်ထပ်တည်း တူရန်ဖြစ်ပေသည်။

စည်သွပ်ဘူးများကို လေယာဉ်များအဖြစ် လဲလှယ်ခဲ့ခြင်းက အမှန်တကယ် ဖြစ်ပွါးခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်ပေသည်။

လေယာဉ်တစ်စီးအပြည့် စည်သွပ်ဘူးများကို လူစီးလေယာဉ်ကြီး လေးစီးဖြင့် လဲလှယ်နိုင်ခဲ့သည်။ သို့သော် လေယာဉ်အပြည့်ဖြင့် စည်သွပ်ဘူးများသည် လူစီးလေယာဉ်တစ်စီးဖြင့်သာ တန်ပေသည်။

အခြားသောသူများသည် ထိုကဲ့သို့လုပ်နိုင်ကြပါက ဖုန်းယွီက မလုပ်ပဲဖြင့် နေမည်။ အထူးသဖြင့် သူ၏ ဆက်ဆံရေးသည် ကီရီလန်ကိုနှင့်ကောင်းမွန်သည်။

သေချာသည်မှာ ဖုန်းယွီသည် လူစီးလေယာဉ်လေးစီးကိုသာ ပစ်မှတ်ထားသည် မဟုတ်ပေ။ သူ့အနေဖြင့် ယင်းကို လုပ်ပြီဆိုမှတော့ သူကြီးကြီးမားမား အရာကို လုပ်ချင်သည်။ ကြီးမားသည့် လူစီးလေယာဉ်ဖြစ်ပေသည်။ ယင်းက တရုတ်နိုင်ငံ လိုအပ်နေသည့် အရာပင်ဖြစ်ပေသည်။

တရုတ်နိုင်ငံတွင် လေကြောင်းလိုင်းများစွာက စတင်လည်ပတ်နေကာ နိုင်ငံတကာ လေကြောင်းများအတွက် လူစီးလေယာဝယ်လိုအားသည် မြင့်တက်နေသည်။ ဖုန်းယွီက သူ့အနေဖြင့် ဆီယွမ်းလေကြောင်းလိုင်းကိုတောင် အနည်းဆုံး ငါးစီးရောင်းချနိုင်မည်ဟု ယုံကြည်ထားပေသည်။ ဘင်းမြို့တော်၊ ယမ်းမြို့တော်နှင့် ရှန်ဟိုင်းသည်လည်း လူစီးလေယာဉ် ကြီးကြီးမားမား လိုအပ်ပေသည်။

အကယ်၍ သူ၏လေယာဉ်များသာ ဈေးနှုန်းချိုသာခဲ့ပါက သူ့အနေဖြင့် ဥရောပထုတ်သည့် လေယာဉ်များနဲ့သာ ယှဉ်ပြိုင်နိုင်မည်ဟု ဖုနု်းယွီသည် လေယာဉ်ကိုသာ ဝယ်ယူချင်သည် မဟုတ်။ သူ့အနေဖြင့် နည်းပညာနှင့် ထုတ်လုပ်ရေးကိုပါ ရယူချင်ပေသည်။

All Chapters