အစ်ကိုကီ၏ အကူအညီဖြင့် ချေးငွေများ ရယူခြင်း
Vol. 15 Ch. 220
ကီရီလန်ကိုသည် ခေါင်းကို ငိုက်ချလိုက်ပြီး အတွေးနက်နေသည် ။ သူသည် ပိုင်ကျူနှစ်ခွက်ကို သောက်ပြီးဖြစ်သည်။
သူ့ပုံကို မြင်ရသည့်အခါ မျက်လုံး နှစ်ဖက်လုံးက နီမြန်းနေကာ အရက်ကြောင့်လော သို့မဟုတ် သူစိတ်လှုပ်ရှားသောကြောင့်လော မသေချာပေ။
“ဖုန်း ငါမင်းကို ဆိုဗီယက်ပြည်ထောင်စုကို ပြန်ရောက်တာနဲ့ လေယာဉ်ထုတ်လုပ်တဲ့ သူတွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးမယ်။ မင်းက လေယာဉ်ဘယ်နှစ်စီး လိုချင်တာတုန်း”
ဖုန်းယွီက ပျော်ရွင်စွာခေါင်းညိတ်ရင်း
“အစ်ကို ရရင်ရသလောက်ပေါ့”
ယင်းကဲ့သို့သော စစ်ဖက်ဆိုင်ရာသုံး လူစီးလေယာဉ်များသည် ပြုပြင်မှုအချို့သာ ပြုလုပ်ရုံဖြင့် စီးပွားရေးသုံး လူစီးလေယာဉ်များအဖြစ် ပြောင်းလဲနိုင်ပေသည်။ ဖုန်းယွီသည် လေယာဉ်ကို ပြန်ပြီးမပြုပြင်ရင်တောင် တရုတ်နိုင်ငံ၏ စစ်တပ်ကို စစ်ဖက်သုံးလေယာဉ်အဖြစ် ပေးပို့ရောင်းချနိုင်ပေသည်။
အရောင်းလမ်းကြောင်းများအတွက်မူ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စစ်ဖက်ဆိုင်ရာသုံးလေယာဉ်များကို ထုတ်လုပ်သည့်သူဖြစ်သည်။ လက်ရှိတွင် စက်ရုံသည် လေယာဉ်ငယ်များနှင့် ဟယ်ရီကော်ပတာများသာ ထုတ်လုပ်နေသည်။ လေယာဉ်အကြီးစား ထုတ်လုပ်မှုကို ရှန်းမြို့တော်သို့ ပြောင်းရွေ့ခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် အဆက်အသွယ်များရှိနေဆဲပင်ဖြစ်သည်။ ဖုန်းယွီသာ လေယာဉ်ရရှိနိုင်ပါက သူ့အနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို အမြတ်အစွန်းအနည်းငယ်ပေးကာ ဟိုဟိုက်ထောင်ကို သူ့အား အကူအညီပေးရန်ဆိုပြီး စစ်တပ်ကို ဝယ်ယူအောင် ဆက်သွယ်ပေးနိုင်ပေသည်။ ယင်းက သူတို့ကိုယ်တိုင် ထုတ်လုပ်ခြင်းထက်ပိုပြီး ဈေးသက်သာပေ၏။
တရုတ်နိုင်ငံ၏ စီးပွားရေးစနစ်သည် လျင်လျင်မြန်မြန်ဖြင့် တိုးတက်နေသော်ငြား လေတပ်နှင့် -ရေတပ်သည် နောက်ကျကျန်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ နည်းပညာများ ချို့တဲ့ နေမှုကြောင့်-ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် လက်နက်ပစ္စည်းများရောင်းချခြင်းမပြုပေ။ အကြောင်းမှာ တရုတ်အင်ဂျင်နီယာများသည် ပုံစံတူကူးချရာ၌ ကျွမ်းကျင်သည့် သူများဖြစ်သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ သူတို့သာ တရုတ်နိုင်ငံကို လေယာဉ်နှစ်စီးသာ ရောင်းခဲ့လျှင်တောင် တစ်ခဏအကြာတွင် တရုတ်သည် သူတို့၏ ကိုယ်ပိုင်လေယာဉ်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ပြုပြင်မှုအချို့ပြုလုပ်ပြီး ဈေးသုတ်ပြီးသည်နှင့် ယင်းက တရုတ်နိုင်ငံ၏ ကိုယ်ပိုင် လေယာဉ်မော်ဒယ်ဖြစ်သွားပေမည်။
အကယ်၍ ကီရီလန်ကိုသည် ထုတ်လုပ်သည့် နည်းပညာများကို ရရှိအောင်ပြုလုပ်ပေးခဲ့ပါက ဟိုဟိုက်ထောင်သည် ဖုန်းယွီကို နတ်ဘုရားသဖွယ်ရှိခိုးနေတော့မည်ဖြစ်ပေသည်။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် နည်းပညာများကို ဝယ်ယူမည်ဖြစ်ကာ လေယာဉ်မှ တစ်စစီ အစိတ်အပိုင်းအဖြစ် စနစ်တကျ သူတို့ကိုယ်တိုင်တောင် ဖြတ်တောက်နိုင်မည်ဖြစ်ပေသည်။
သို့သော် လေယာဉ်များသည် ဖုန်းယွီ၏ အရင်ဘဝက ကဲ့သို့ ဈေးမချိုပေ။ ကီရီလန်ကိုသည် ဖုန်းယွီကို ကောင်းကောင်းသိပြီး တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ဖုန်းယွီ၏ အရင်ဘဝရှိ စစ်ဖက်ဆိုင်ရာ အရာရှိများထက် ပိုကောင်းသည်ဟု နားလည်ပေသည်။
သူသည်လည်း ဖုန်းယွီအာဏာကို ဝင်နေခြင်းဟုသိပေသည်။
“ဖုန်း တကယ်လို့ လေယာဉ်တွေကို ဈေးချိုချိုနဲ့ ရောင်းမယ်ဆိုရင်တောင် ဈေးက သေးမှာ မဟုတ်ဘူး။ မင်းမှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိရဲ့လား”
အကယ်၍ ကီရီလန်ကိုသည် လေယာဉ်များများ ရမည်ဆိုပါက ဖုန်းယွီသည် သူ့အတွက် ငွေအလုံအလောက်ရှိမည် မဟုတ်ပေ။
ရှယ်ယာများ၏ ဈေးနှုန်းသည် မြင့်တက်နေသော်ငြား စတော့အိတ်ချိန်း ဖွင့်လှစ်မည်ဟု ပြောဆိုသူများလည်း ရှိပေသည်။ ရှယ်ယာများ၏ ဈေးနှုန်းသည်လည်း တဟုန်ထိုး ထိုးမတက်သွားသေးပေ။ ဖုန်းယွီသည် လက်ရှိတွင် သူ့၏ရှယ်ယာများကို ရောင်းချမည် မဟုတ်ပေ။ ဖုန်းယွီအနေဖြင့် အနည်းဆုံး နောက်နှစ်မတိုင်ခင်ထိ စောင့်မည်ဖြစ်ကာ ထိုမှသာ ရှယ်ယာများကို ရောင်းချရန် စဉ်းစားပြီး အခြားသောနယ်ပယ်များတွံင် ရင်းနီးရန် စတင်မည်ဖြစ်ပေသည်။
ဖုန်းယွီက လေယာဉ်များကို ဝယ်ယူရန်အတွက် ပိုက်ဆံများကို ရရှိနိုင်မည့် နည်းလမ်းကို စဉ်းစားပြီးဖြစ်သည်။ သူသည် ချေးငွေများရယူနိုင်ပေသည်။ သူ့အနေဖြင့် တရုတ်နိုင်ငံနှင့် ဟောင်ကောင်ချေးငွေများကို ရယူနိုင်စွမ်း မရှိသော်ငြား ဆိုဗီယက်ပြည်ထောင်စုမှ ချေးငွေများ ရနိုင်သေးဆဲဖြစ်သည်။
စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာ ထိုက်ဟွကုန်သွယ်ရေး ထိုက်ဟွ အိမ်သုံးပစ္စည်းစက်ရုံ၏ ရှယ်ယာများကို ချေးငွေရရန်အတွက် ပေါင်သုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ပေသည်။
ကီရီလန်ကိုသာ ရှိနေပါက ယင်းက ပြဿနာရှိမည် မဟုတ်ပေ။
ဖုန်းယွီက ခွက်ကိုမြှောက်လိုက်ကာ ကီရီလန်ကိုနှင့် ချီယားလုပ်လိုက်သည်။ ကီရီလန်ကိုသည် တစ်ကြိုက်တည်းနှင့် တစ်ခွက်ကုန်အောင် သောက်နိုင်ကာ ဖုန်းယွီက တစ်ငုံသာ သောက်နိုင်ပေသည်။
“အစ်ကိုကီ ကျွန်တော့်မှာတော့ ငွေအလုံအလောက်မရှိဘူး။ ဒါပေမယ့် ကျွန်တော် ဆိုဗီယက်ပြည်ထောင်စုကနေ ပြီးတော့ ချေးငွေရယူမယ်လို့တော့ စဉ်စားတယ်။ အစ်ကို ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မလား”
“ချေးငွေလား ကိစ္စမရှိပါဘူး။ မော်စကိုမှာရှိတဲ့ ဘဏ်မန်နေဂျာအချို့နဲ့ ငါသိတယ်”
ကီရီလန်ကို ဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းခါလိုက်ကာ
“အစ်ကိုကီ ကျွန်တော် မော်စကိုကနေပြီးတော့ ချေးငွေကို မရယူချင်ဘူး”
“ဘာကြောင့်လဲ”
ကီရီလန်ကိုက ပဟေဠိ တကယ်လို့ ကျွန်တော်က မော်စကိုကနေ ချေးငွေကို ယူမယ်ဆိုရင် ကျွန်တော်က ဒီချေးငွေကို လိမ်ပြီးတော့ ယူမှာ ကျွန်တော့်ကို တစ်သက်လုံး မုန်းနေလိမ့်မယ်။
“အစ်ကိုကီ အခုလက်ရှိတော့ ကျွန်တော့်ကို မရှင်းပြနိုင်ဘူး။ အစ်ကို ကျွန်တော့်ကို ဘယ်လာယုစ် ၊ ယူကရိန်း ဒါမှမဟုတ်ဘူးဆိုရင် တခြားဆိုဗီယက်ပြည်ထောင်တွေရဲ့ ဘဏ်နေကနေပြီးတော့ ချေးငွေရအောင် ကူညီပေးနိုင်မလား။ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်နှံပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုရဲ့ တန်ဖိုးကို မြင့်တင်ဖို့အတွက် အစ်ကိုရဲ့ အကူအညီက လိုသေးတယ်”
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် မိတ်ဖက်နိုင်ငံများအားလုံးက ပြိုင်ဖက်များ ဖြစ်သွားကြသည်။ အကယ်၍ ကီရီလန်ကိုသာ ဖုန်းယွီသည် အခြားသော ဘဏ်များမှ လိမ်ညာပြီး ချေးငွေရရှိသည်ကို သိပါက သူ့အနေဖြင့် ပျော်ရွင်စွာ လက်ခုတ်လက်ဝါးပင်တီးမည်ဖြစ်ပေသည်။
“ဒါကလည်း ပြဿနာတစ်ရပ်မှ မဟုတ်တာ”
ငါ မိတ်ဖက်နိုင်ငံတွေက လူတစ်ချို့နဲ့ သိပါတယ်။
ကီရီလန်ကိုက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။
သူ့၏ တရုတ်ကုန်ပစ္စည်းများသည် မော်စကိုတွင်သာ ရောင်းချခြင်း မဟုတ်ပေ။ မိတ်ဖက်နိုင်ငံများ၏ မြို့ကြီးများတွင်လည်း ရောင်းချရာ ယင်းက သူ့၏ ဈေးကွက်ပင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူသည် ဒုတိယမျိုးဆက်များနှင့် အလုပ်လုပ်နေခြင်းဖြစ်ပေသည်။
“အိုး မင်းက ချေးငွေဘယ်လောက်လိုချင်တာတုန်း”
ကီရီလန်ကိုက ပုံမှန်သာမေးလိုက်သည်။
“ ရူဘယ်လ်သန်းတစ်ရာလောက် ရနိုင်မလား”
ဖုန်းယွီက မေးလိုက်သည်။
“ဘယ်လောက် သန်းတစ်ရာလား။ ပေါင်နှံ ပစ္စည်းထားဖို့အတွက် မင်းက အဲ့လောက်တောင် ရှိတာလား။ ”
ကီရီလန်ကိုက မင်သက်မှုကြောင့် မတ်တပ်ထရပ်လိုက်သည်။ သူ့အတွေးတွင် ဖုန်းယွီအနေဖြင့် ရူဘယ်လ်သန်းနှစ်ဆယ် သို့မဟုတ် သုံးဆယ်သာ ချေးငွေရယူမည်ဟုတွေးခဲ့သည်။ တစ်ရာ သန်းတစ်ရာချေးငွေလော။ သူ ရူးများရူးနေပြီလား။
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ ဒီလောက်ပိုင်ဆိုင်မှုတွေ မရှိတဲ့ အတွက်ကြောင့်အစ်ကိုရဲ့ အကူအညီကို ယူရတာပေါ့။ ကျွန်တော့်အထင် အစ်ကိုလည်း ဒီနှစ်မကုန်ခင် ချေးငွေ ရအောင် လုပ်သင့်တယ်နော်။ ဒါက နောက်နှစ်နှစ်စောပိုင်းအတွက် အခွင့်အရေး ကြီးကြီးမားမားတစ်ခုဖြစ်လိမ့်မယ်”
ကြီးမားတဲ့ အခွင့်အရေးလား။ ဆီတွေရဲ့ အနာဂတ်လား။ မင်းက ဆီဈေးကျမှာကို လောင်းနေတာာလား။
ကီရီလန်ကိုသည် ဖုန်းယွီကို ယုံကြည်ဖို့အတွက် သူ့ကိုယ်သူ စိတ်ဖြေသိမ့်နေသည်။ ပြောရပါက ဖုန်းယွီသည် မြောက်မြားစွာသော အံ့သြမှုများကို ဖန်တီးခဲ့သည်။ သို့သော်ငြား ရေနံဆီဈေးနှုန်း ကျဆင်းဖို့ကတော့ ဖြစ်နိုင်မည် မဟုတ်ပေ။
ယင်းက နိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စမဟုတ်ပေ။ ယင်းက ကမ္ဘာ့စီးပွားရေးကိုတောင် ထိခိုက်နိုင်ပေသည်။
ကီရီလန်ကိုသည် ဖုန်းယွီနှင်အတူ အနာဂတ်ကို လောင်းကြေးထပ်ရင်း ချေးငွေမရယူချင်ပေ။ ယင်းက အနာဂတ်ကို ပုံပေးရာကျပေသည်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက သူသည် ရှိသမျှ အရာအားလုံး ဆုံးရှုံးသွားမည်ဖြစ်ပေသည်။
“တရုတ်နိုင်ငံရဲ့ တန်ကျေးဖြတ်မှုစံနှုန်းအရ မင်းရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင်များလဲ။ ”
ကီရီလန်ကို မေးလိုက်သည်။
ဖုန်းယွီက သူ့လက်ဖြင့် ရေလိုက်သည်။
“ကျွန်တော့်ရေပါရစေ။ ထိုက်ဟွကုန်သွယ်ရေး၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၊ စက်ယန္တရားကုမ္ပဏီနဲ့ အခြားရှယ်ယာတွေ ရူဘယ်လ်သန်းသုံးဆယ်လောက်တော့ရှိမှာပေါ့။ တကယ်လို့ သူတို့ရဲ့ စီပွါးရေးလုပ်ငန်း တိုးတက်မှုကိုပါ ထည့်စဉ်းစားမယ်ဆိုရင်တော့ ရူဘယ်လ်သန်းလေးဆယ်လောက်တော့ ဖြစ်လိမ့်မယ်”
ကီရီလန်ကိုက မင်သက်သွားတော့ သည်။ ယင်းက ဟော်တယ်၏ အပြင်ဘက်တွင် ရူဘယ်လ်ငွေကြေးများကို တရားမဝင်နည်းလမ်းဖြင့် ရောင်းချခဲ့သည့် လူငယ်လေးတစ်ယောက်က ယခုလက်ရှိတွင် ဘယ်လောက်တောင်ပိုင်ဆိုင်သွားခဲ့သနည်း။
ကီရီလန်ကိုက မတတ်သာပဲ မေးလိုက်တော့သည်။
“ဖုန်း ငါမင်းကို ရောင်းတဲ့ စက်မှုလုပ်ငန်း စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကနေပြီးတော့ အများကြီး ရတာလား”
ကီရီလန်ကိုက သူရှုံးသည်ဟု ခံစားနေရသည်။ သူသည် အမြတ်ပမာဏများများရသော်ငြား သူဖုန်းယွီကို စက်ပစ္စည်းများ ရောင်းသည့်အခါ အမြတ်သိပမာဏသိသာသာ များသော်ငြား ဖုန်းယွီနှင့် နှိုင်းယှဉ်ပါက သူ၏ရရှိမှုက ဘာမှ မဟုတ်ပေ။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အစ်ကိုကီ ကျွန်တော့်ကို အထင်လွဲနေတာ။ ကျွန်တော် အနေနဲ့ အစ်ကိုရဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကနေပြီးတော့ အစ်ကိုထက် မယူဘူးဆိုတာ အာမခံရဲတယ်။ ဒါပမေယ့် ကျွန်တော်က ဒီစက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ကျွန်တော့်အတွက် အများကြီး အသုံးပြုခဲ့တာ။ ဥပမာအနေနဲ့ စက်ယန္တရားစက်ရုံရဲ့ ထုတ်လုပ်ရေးလိုင်း ၊ဆီစက် ၊ အစားအစာထုတ်လုပ်သည့်စက်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် လမ်းကြောင်း ၊ကျွန်တောကုမ္ပဏီရဲ့ ရေနွေးငွေ့စက်က တစ်ကမ္ဘာလုံးကို ရောင်းနေတာ။ ပြီးတော့ အဲဒီကနေပြီးတော့ ရူဘယ်လ်ဆယ်သန်းကျော် အမြတ်ရခဲ့တယ်။ ဒါက တစ်နှစ်ထက်ကို ပိုတယ်နော်”
ရေနွေးငွေ့စက်မှ ရူဘယ်လ်ဆယ်သန်း ရရှိသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အမြတ်ကို ဖူမိသားစု စက်ပစ္စည်းစက်ရုံ ၊ လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှလည်း ခွဲဝေရသေးသည်။ ဖုန်းယွီ၏အမြတ်က အမြင့်ဆုံးဖြစ်သည်။ ဖုန်းယွီ၏ အထင်ရှားဆုံးသော အကျိုးအမြတ်က လေယာဉ်ထုတ်လုပ်သည့် စက်ရုံကို ရောင်းချသည့် အာထွာ အဆင့်မြင့် လျပ်စစ်သံရည်ကြိုစက်ပင်ဖြစ်ပေသည်။
ဖုန်းယွီ၏ ရှင်းပြချက်များက ကီရီလန်ကိုကို စိတ်သက်သာယာရစေသည်။ သူသည် ပိုကောင်းသည်ဟု ခံစားရသည်။ သို့သော် ချေးငွေပမာဏက အလွန်များသည်ဟုတွေးနေသေးဆဲ ဖြစ်သည်။ ရူဘယ်လ် သန်းလေးဆယ်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အသုံးပြုပြီး ရူဘယ်လ်သန်းတစ်ရာ ပိုင်ဆိုင်မှု ရရှိအောင် လုပ်ဆောင်မည်လော။
ကီရီလန်ကိုသည် သူ့ကို မကူညီချင်မှန်း ဖုန်းယွီပြောနိုင်ပေသည်။ ပြီးနောက် သူက တစ်ခဏကြာ ပြုံးပြီးနောက် ပြောလိုက်ပေသည်။
“အစ်ကိုကီ တကယ်လို့ အစ်ကိုကျွန်တော့်ကို ချေးငွေရအောင် ကူညီပေးမယ်ဆိုရင် အစ်ကိုကို ရူဘယ်လ် ငါးသန်းရှိတဲ့ ပစ္စည်းတွေကို ပေးပေးမယ်”
ကီရီလန်ကို၏ မျက်လုံးများက တောက်ပသွားကာ ဖုန်းယွီကို ကြည့်လိုက်သည်။ ယင်းက သူငယ်ချင်းကို ကူညီရာရောက်သည်ဟု စဉ်းစားရာရောက်ပေသည်။ ဘဏ်များမှ ချေးငွေများ ထွက်လာပေသည်။ ယင်းမှ အမှန်တကယ် လုပ်ရပေမည်။ ငါ့ရဲ့ သူငယ်ချင်းကို ကူညီရပေမည်။
“သဘောတူတယ်”