ဦးလေး
Vol. 15 Ch. 221
နောက်တစ်နေ့တွင် ဖုန်းယွီက ကီရီလန်ကိုကို သူ့အစ်မတတ်နေသည့် ဆေးရုံသို့ ခေါ်ခဲ့သည်။ ကီရီလန်ကိုသည် လက်ဆောင်များ ပြင်ဆင်ပြီးဖြစ်၏။ သို့သော် ကီရီလန်ကို ပြင်ဆင်သည့် လက်ဆောင်များကို ဖုန်းယွီကြည့်လိုက်သည့်အချိန်တွင် သူ့လက်ဖဝါးဖြင့် သူ့မျက်နှာကိုတောင် ဖုံးကွယ်လိုက်ရတော့သည်။
ကီရီလန်ကိုသည် ဆိုဗီယက်ပြည်ထောင်စုမှ စီးကရက်နှင့် အရက်များကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သူအခြားသူများထံမှ ကြားသည်က တရုတ်နိုင်ငံ၏ ရိုးရာသည် ထိုပစ္စည်းများကို လက်ဆောင်အဖြစ် ပေးအပ်ခြင်းပင်ဖြစ်သည်။ သို့သော် လီရှစ်ချင်သည် သူ့၏မိန်းမ ကိုယ်ဝန်စဆောင်ကတည်းက ဆေးလိပ်သောက်တာ အတော်လေး လျော့သွားပြီး ယခုလက်ရှိတွင် သူအရက်သောက်တာလည်း ရှားပါးပေသည်။ ဖုန်းတန့်ယင်းအတွက် ပြင်ဆင်ထားသည့် လက်ဆောင်က မြေခွေးနီ၏ သားမွှေးပင်ဖြစ်ပေသည်။ တရုတ်အမျိုးသမီးများသည် သားမွှေးကဲ့သို့သော ထုတ်ကုန်များကို ကြိုက်နှစ်သက်သည်ဟု ကြားသည်။ သို့သော် ထိုအရာမျိုးကို ကိုယ်ဝန်ဆောင် အမျိုးသမီးကို ပေးအပ်ခြင်းက မသင့်လျော်သည့်အရာဟု သူမသိခဲ့ပေ။
ကံကောင်းသည်မှာ လီရှစ်ချင်နှင့် ဖုန်းတန့်ယင်းက သူ၏လက်ဆောင်ကို လက်ခံကြသည်။ အကြောင်းမှာ ကီရီလန်ကိုသည် တရုတ်ထုံးတမ်း အစဉ်အလာများကို ကောင်းကောင်း မသိသည့်အတွက် ထိုလက်ဆောင်များကို သူတို့အားပေးခြင်းဟု သိပေသည်။ ကီရီလန်ကိုသည် ယခုတစ်ခေါက်တွင် သူနှင့်အတူတူ အရက်မသောက်သည့်အတွက် အနည်းငယ်တော့ စိတ်ပျက်မိသည်။ သို့သော် ကံကောင်းချင်တော့ သူတို့၏ မိတ်ရင်းဆွေရင်း ချစ်ကြည်မှုသည် ဆက်လက်ရှိနေဆဲဖြစ်သည်။
ဆေးရုံမှလူအများသည် ကီရီလန်ကိုက ဖုန်းတန့်ယင်းကို လက်ဆောင်ပေးသည်ကို မြင်ခဲ့သည်။ တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများသည် အာရုံစူးစိုက်မှုများ ရပေသည်။ ပြီးနောက် သူတို့စူးစမ်းသည့်အခါ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ မိသားစုဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားသည်။ နိုင်ငံခြားသားတစ်ယောက်ကတောင် သူမဆီလာလည်ပြီး သူမကို လက်ဆောင်များ ပေးအပ်သည်။ သူမ၏မိသားစုသည် သေချာပေါက် အရာရှိများပင် ဖြစ်ရပေမည်။ ထို့ကြောင့် နိုင်ငံခြားသားများသည် စီးပွားရေးလုပ်သည့်အခါ လက်ဆောင်များ ပေးခြင်းပင်ဖြစ်ပေသည်။ ယင်းက တရုတ်နိုင်ငံနှင့် အတူတူပင်ဖြစ်ပေသည်။....
ရက်အနည်းငယ်ကြာပြီးနောက် သားဖွားခန်းတွင် မီးဖွားနေသည်။ လီရှစ်ချင်သည် သားဖွားခန်း၏ အပြင်ဘက် ကော်ရစ်တာတွင် ထလိုက်ထိုင်လိုက်ဖြင့် ချိတုံချတုံဖြစ်နေသည်။ သူ၏မိဘများသည်လည်း ဖုန်းယွီ၏ မိဘများနှင့်အတူ ရှိနေပေသည်။ ဖုန်းရှင်းထိုက်က ကျောင်းပျက်ပြီး ဆေးရုံကိုရောက်နေသည့် ဖုန်းယွီကို ဆူတောင်မဆူပေ။
တစ်နာရီခန့် ကြာပြီးနောက် အဆင်ပြေပြေဖြင့် မီးဖွားကြောင်း သူနာပြုဆရာမတစ်ယောက်က လာပြောသည်။ မိခင်နှင့် ကလေးနှစ်ယောက်စလုံး ကျန်းမာသည်။ ပြီးနောက် ယင်းက သားယောကျာ်းလေးပင် ဖြစ်ပေသည်။
လီ၏မိဘများက ပျော်ရွှင်မှုဖြင့် ထခုန်ကြတော့သည်။ သူတို့က ယောကျာ်းလေးကို လိုချင်သည်။ အကယ်၍ မိန်းကလေးတစ်ယောက် ဖြစ်လျှင်တောင် သူတို့၏ ခမည်းခမက်များရှေ့တွင် စိတ်ပျက်မှုကို မပြသနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ဆန္ဒသည် ပြည့်မြောက်သွားပြီ ဖြစ်ပေသည်။
ကလေးမမွေးခင်ကတည်းက လီ၏မိဘများသည် ကလေးအတွက် နာမည်အချို့ကိုတောင် ပြင်ပြီးဖြစ်သည်။ ဖုန်းရှင်းထိုက်က သူ့၏မြေးကို ကင်ပွန်းတပ်ချင်သည်။ သို့သော် ဖုန်းယွီက တားလိုက်သည်။
ဟာသလုပ်နေတာတွေ ရပ်လိုက်တော့။ သူ၏ယောက်ဖအနေဖြင့် သူ့ကိုယ်ပိုင်ကလေးကိုတောင် နာမည်ပေးခွင့် မရှိဘူးလား။ နာမည်ပေးချင်တုန်းပဲလား။ ဒီကလေးရဲ့ မျိုးရိုးနာမည်က လီ။
ဖုန်းယွီက ဒေါသထွက်သွားကာ ဖုန်းယွီကို ကျိန်ဆဲလိုက်သည်။ မင်းရဲ့အတန်းဖော်တွေပဲ ကြည့်လိုက်အုံး။ သူတို့ရဲ့ ကလေးတွေက အခုလက်ရှိမှာ အဘိုးလို့တောင် ခေါ်နိုင်ကြပြီ။ မင်းကရော။
ဖုန်းယွီက “.... ”
ဘယ်သူက တက္ကသိုလ်ကို သေချာပေါက် တက်ရမယ်လို့ ပြောခဲ့တဲ့လူလဲ။ အဖေက သူတို့လို ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်ကို ရူးနေအောင် လုပ်နေတာပဲ။
လီ၏မိဘများသည် အဘိဓာန်၊ ဗေဒင်ဆရာနှင့် တရုတ်စာပေ ပါမောက္ခများကို ကင်ပွန်းမတပ်ခင် သွားရောက်မေးမြန်းသည်။ နာမည်က လီချီရှင်းဖြစ်သည်။ ယင်းအဓိပ္ပာယ်က ခွန်အားဗလ၏ စုစည်းမှုအားပင် ဖြစ်ပေသည်။
စာလုံးပုံစံနှင့် အသံထွက်မှု ကွဲပြားပါက ကလေးအတွက် ဒုက္ခရောက်နိုင်ကြောင်း ဖုန်းယွီပြောချင်ခဲ့သည်။ သို့သော် ယင်းကိစ္စကို သူဘာမှမပြောပေ။
ထိုနေ့တွင် လီရှစ်ချင်၏အဖေနှင့် ဖုန်းရှင်းထိုက်တို့သည် မူးအောင်သောက်ကြပေသည်။ ပညာရေး အဆင့်အတန်း၊ အလုပ်အကိုင်နှင့် သူတို့နှစ်ယောက်၏ ပတ်ဝန်းကျင်သည် အလွန်ကွဲပြားသော်ငြား သူတို့သည် ပျော်ရွှင်စွာဖြင့် စကားစမြည် ပြောနိုင်ပေသည်။ ယင်းက သူတို့၏ သား၊သမီးနှင့် မြေးအကြောင်းကိုသာ ပြောသည်ဖြစ်သည်။
လီရှစ်ချင်၏အမေက ယင်းကို အခွင့်ကောင်းယူကာ ဖုန်းတန့်ယင်းကို အလုပ်မှထွက်ရန် အကြံပေးသည်။ သူတို့တွင် ပိုက်ဆံမလုံလောက်မှု မရှိတော့ပေ။ သူ့ကလေးကို အိမ်တွင် သူကိုယ်တိုင်စောင့်ရှောက်ခြင်းက ပိုကောင်းသည်မဟုတ်လော။
ဖုန်းရှင်းထိုက်နှင့် သူ၏ဇနီးသည်လည်း ယင်းအကြံကို ထောက်ခံပေသည်။ မိန်းမများအားလုံးက ယောကျာ်းများအလုပ်သွားစဉ် အိမ်မှာပဲနေကာ ကလေးများကို ကျွေးမွေးစောင့်ရှောက်ရမည်ဟူသည့် ရှေးရိုးစွဲကြီးကို စွဲနေကြဆဲဖြစ်သည်။ လွန်ခဲ့သည့် နှစ်များစွာကို ပြန်သွားကြည့်ပါက ဖုန်းမိသားစုသည်လည်း ယင်းကဲ့သို့ပင် ဖြစ်ပေသည်။
ဖုန်းယွီက ထိုကဲ့သို့ မတွေးပေ။ သူ့အစ်မအတွက်တော့ သူပြောခွင့်ရပေသည်။ သူ့အစ်မသည် သူနာပြုဆရာမ တစ်ယောက်ဖြစ်ရတာကို နှစ်ခြိုက်သည်။ သူမပြန်ကောင်းလာပါက လူနာများကို ကြည့်ရှု့နိုင်သည့်အခါ စိတ်ခံစားချက် ကောင်းမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
သူ၏အစ်မက သူ့ယောက်ဖကို ယင်းအကြောင်း ပြောပြီးဖြစ်သည်။ သို့သော် လီရှစ်ချင်သည် ဆေးရုံတွင် ရှိနေဆဲဖြစ်ကာ ဖုန်းတန့်ယင်းနှင့် အဖော်ပြုနေသည်။ ဖုန်းယွီသာ ကျည်ဆံကိုကိုက်လျှက် သူ့အစ်မ၏အတွေးကို ဖော်ပြရုံသာ ရှိတော့သည်။
“အဖေနဲ့အမေ သားအထင်တော့ အစ်မက သူမီးတွင်းကထွက်လာတာနဲ့ အလုပ်ကို ပြန်သွားနိုင်မယ် ထင်တယ်။ သူ့ရဲ့မီးဖွားခွင့်ကလည်း ကြာတာမှမဟုတ်တာ။ ပြီးတော့ သူ့ရဲ့ကလေး အသက်ကြီးလာရင်လည်း သူအလုပ်ကို ပြန်သွားနိုင်တာပဲလေ။ ယောက်ဖပြောတာကတော့ သူ့အနေနဲ့ နောက်နှစ်မှာ အစ်မအတွက် ဆေးရုံတည်ပေးနိုင်မယ်လို့ ပြောတယ်။ ” ဖုန်းရှင်းထိုက်က ဖုန်းယွီကို အကြည့်တစ်ချက် ပေးလိုက်သည်။ အလုပ်လုပ်ရခြင်းက သူ့သမီးအတွက် ပင်ပန်းသည်ဟု သူခံစားရကာ အိမ်တွင် သက်တောင့်သက်သာဖြင့်နေပြီး သူမ၏ကလေးကို ကြည့်ရှု့စောင့်ရှောက်ရခြင်းက ပိုကောင်းသည်ဟု တွေးသည်။
လီ၏မိဘများကလည်း အလွန်ပင် အံ့အားသင့်သွားကြသည်။ ဖုန်းယွီက သာမာန် ကလေးတစ်ယောက်သာ ဖြစ်ပါက သူတို့အနေဖြင့် သူတို့၏ချွေးမကို အလုပ်ကို ထွက်ခိုင်းမည်ဖြစ်သည်။ သို့သော် လီမိသားစု၏ ယနေ့ကြွယ်ဝချမ်းသာမှုများသည် ဖုန်းယွီကြောင့်သာ ဖြစ်ပေသည်။
စပြောသည့်အချိန်က သူတို့သည်လည်း မသေချာကြပေ။ သို့သော် ဖုန်းမိသားစုသည် သူတို့ထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိမှန်း သူတို့ခံစားရပေသည်။
သူတို့သည် ဖုန်းယွီကို အခြားသော သာမာန်ကလေးများကဲ့သို့ မကြည့်ပေ။ သူတို့သည် ဖုန်းယွီ၏ အကြံဉာဏ်ကို လေးစားသည်။ ပြီးနောက် ဖုန်းယွီအနေဖြင့် ထိုကိစ္စကိုအရင်က သူ့အစ်မနှင့် ဆွေးနွေးပြီးသည့်အတွက်လည်း အံ့အားသင့်နေကြပေသည်။
“ရှောင်ယွီ ဆေးရုံတစ်ရုံကို လည်ပတ်ဖို့ဆိုတာက တကယ် ပင်ပန်းတာပဲ။ သူ့ရဲ့ကလေးကို မူကြိုရောက်တဲ့အထိ ဘာလို့မစောင့်ရတာလဲ။ ငါတို့တွေ အဲ့ဒီအကြောင်းကိုတော့ ဆွေးနွေးလို့ ရမလား။ ”
လီရှစ်ချင်၏အမေက ပြောလိုက်သည်။ သို့သော် ယခုအချိန်တွင် သူမ၏လေသံက အရင်ကလောက် ခိုင်မာခြင်း မရှိတော့ပေ။
ဖုန်းယွီက ခေါင်းခါလိုက်သည်။ ကလေး မူကြိုကျောင်း တက်တဲ့အထိ စောင့်ရမည်လော။ ထိုအချိန်ကျမှဆိုလျှင် အန်တီက ကလေးမူလတန်းကျောင်းထိ စောင့်ပါအုံးလို့ပြောမယ်။ မူလတန်းကျောင်း ပြီးတဲ့အခါကျရင်လည်း တက္ကသိုလ်ပြီးတဲ့အထိ စောင့်ပါအုံးလို့ပြောမယ်။ ဒါက တစ်သက်လုံးကို ဆွဲချသွားမှာ။ အစ်မ မအိုခင် ဘာမှလုပ်လိုက်ရမှာ မဟုတ်ဘူး။
“အန်တီ အစ်ကိုကီ၊ အစ်ကိုလီ ငယ်ငယ်လေးတုန်းကလည်း အန်တီ အလုပ်မလုပ်ဘူးလား။ အစ်ကိုလီကို ကြည့်လိုက်ပါအုံး။ အရပ်ရှည်ပြီးတော့ ခန့်နေတာပဲ။ သူအခုလက်ရှိမှာလည်း အရမ်းအောင်မြင်နေတယ်။ သူ့အနေနဲ့ တစ်ယောက်ယောက်ကို ကလေးကြည့်ဖို့အတွက် ငှားလို့ရတယ်။ အစ်မကလည်း သူ့အလုပ်ပြီးရင် ကလေးကို ကြည့်နိုင်တာပဲလေ။ ”
ဖုန်းယွီက အရင်အတိတ်က လီရှစ်ချင်၏ မိဘနှစ်ပါးသည် အလုပ်လုပ်နေပြီး လီရှစ်ချင်ကို သူ၏အဘွားကသာ ကြည့်ရှု့စောင့်ရှောက်ခဲ့ရကြောင်း ပြန်ပြောလိုက်သည်။ သူတို့အနေဖြင့် ယင်းအတိုင်း ယခုမလုပ်ချင်ရသနည်း။ သူတို့၏ ငွေရေးကြေးရေး အခြေအနေက ယခုနှင့် မယှဉ်နိုင်ပေ။ လီမိသားစု၏ လက်ရှိအချိန်နှင့်ဆိုလျှင် သူတို့၏ ကလေးကို ကြည့်ရှု့စောင့်ရှောက်ဖို့ရန်အတွက် ကလေးထိန်းတစ်ယောက်ကို အလွယ်တကူ ရှာနိုင်ပေသည်။
လီရှစ်ချင်၏ အဖေက အတန်ကြာ ဆိတ်ဆိတ်သာ နေနေသည်။
“ကလေးအနည်းငယ် ကြီးတဲ့အထိတော့ စောင့်ကြတာပေါ့။ ပြီးမှ ရှစ်ချင်နဲ့ တန့်ယင်းရဲ့အမေကို မေးကြမယ်။ ”
သူတို့ လီမိသားစု၏အိမ်မှ ထွက်လာပြီးနောက် ဖုန်းရှင်းထိုက်က ဖုန်းယွီကို ဒေါသတကြီးဖြင့် မေးလိုက်တော့သည်။
“ရှောင်ယွီ မင်းအစ်မကို ဘာလို့ အလုပ်ပြန်လုပ်စေချင်တာလဲ။ ဆေးရုံတည်ထောင်ဖို့လား။ ဘယ်ဆေးရုံအကြောင်း မင်းကပြောနေတာလဲ။ ”
“အဖေ လူတိုင်းလူတိုင်းက အိမ်မက်ကိုယ်စီနဲ့။ အစ်မရဲ့အိမ်မက်က ဆေးရုံတည်ထောင်ဖို့ ကျွန်တော်တို့မှာ အဲ့လိုဖြစ်ဖို့အတွက် အခြေအနေတွေ ရှိနေပြီ။ ဘာကြောင့် အစ်မရဲ့ဆန္ဒကို မဖြည့်ဆည်းပေးဘဲ နေရမှာလဲ။ ထပ်ပြောရရင် အိမ်မှာကလေးကို ကြည့်ရှု့စောင့်ရှောက်ရတယ် ဆိုတာက အရမ်းပျင်းစရာကောင်းတယ်။ အန်တီလည်း မကြာခင်မှာပဲ သူ့ရဲ့အနားယူချိန်ကို ရောက်တော့မယ်။ ဘာကြောင့်သူက ပင်စင်မယူသေးဘဲနဲ့ သူတို့ရဲ့မြေးကို မကြည့်ရမှာလဲ။ အဖေ အမေ့ကို မေးကြည့်လို့ရတယ်။ ကလေးတစ်ယောက်ကို ထိန်းရတယ်ဆိုတာ ပင်ပန်းတဲ့ အလုပ်တစ်ခုလားဆိုတာကို။ ”
ကျန်းမူဟွက ခေါင်းညိတ်လိုက်သည်။
“ရှောင်ယွီပြောတာ မှန်တယ်။ ကျွန်မတို့ရဲ့သမီးက လီမိသားစုကို လက်ထပ်တာမှန်ပေမဲ့ သူတို့ပြောသလိုမျိုး လိုက်ပြီးတော့ မလုပ်သင့်ဘူး။ အရင်တစ်ခေါက်တုန်းက ရှင်စိုက်ခင်းမှာ အလုပ်လုပ်နေတုန်းက ကျွန်မ သူတို့နှစ်ယောက်စလုံးကို ကြည့်ရတာ ဘယ်လောက်တောင်မှ ပင်ပန်းလဲဆိုတာ ရှင်သိရဲ့လား။ ”
ဖုန်းယွီ၏ မိဘများသည် လီရှစ်ချင်၏ တိုက်ခန်းတွင် နေခဲ့စဉ် ဖုန်းယွီက တစ်ဖက်တွင်ရှိသော သူ၏တိုက်ခန်းသို့ ပြန်ခဲ့သည်။ သူတံခါးကို ဖွင့်လိုက်သည့်အခါ ဘီစကစ်အထုတ် အပြည့်ဖြင့် ဗီဒီယိုကြည့်နေသော ဝမ်တုန့်ကျွင်းကို မြင်လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင် ဘီစကစ် အကြေအမွများ ရှိနေသည်။
“ဒါကမင်းရဲ့ ညစာလား။ ငါထင်တာက မင်းကျောင်းမှာ စားခဲ့မယ်လို့ ထင်နေတာ။ ”
“ကျောင်းကန်တင်းက အစားအစာတွေက တော်တော်ကြီးကို စိတ်ပျက်စရာပဲ။ အစ်ကိုလီရဲ့အိမ်ကို ညစာသွားစားသင့်တယ်။ မင်းအခု ဘာစားလာခဲ့လဲ။ ”
ဝမ်တုန့်ကျွင်းက ဘီစကစ်ကို ပါးစပ်အပြည့် ပြွတ်သိပ်ထည့်ရင်း မေးလိုက်သည်။
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“အများကြီး မစားပါဘူး။ ငါတို့တွေ တုတ်ပေါဝက် ဝက်ချိုချက်၊ ငါးဒုက္ခ၊ ကြက်သားနဲ့ မှိုကင်....။ ”
ဝမ်တုန့်ကျွင်းက ဒေါသထွက်စွာဖြင့် ဘီစကစ်နှစ်ခုကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
“ဒီလောက်တောင်များတဲ့ အစားအစာတွေကို ငါ့အတွက် နည်းနည်းလေးတောင်မှ ဘာကြောင့် မယူခဲ့တာလဲ။ ”
သူကအော်လိုက်စဉ် ဘီစကစ် အကြေအမွများက သူ၏ပါးစပ်မှ ထွက်လာတော့သည်။
ဖုန်းယွီက သူ၏ပုခုံးများကို လက်ဖြင့် သပ်ချလိုက်သည်။ ကောင်းပြီ ငါကစားသောက်ဆိုင်မှာ စားနေတယ်လို့ မင်းတွေးနေတာလား။
“အား ဟုတ်သား။ မင်းအစ်မရဲ့ကလေးက ယောကျာ်းလေးလား။ မိန်းကလေးလား။ ချစ်စရာကောင်းလား။ ”
“ယောကျာ်းလေး ဒါပေမဲ့သူက ချစ်စရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ ”
ဖုန်းယွီ၏ အရင်ဘဝတွင် ကလေးတစ်ယောက်မှ မရှိခဲ့ပေ။ ပြီးနောက် သူ၏တူမွေးသည်ဟု ကြားသောအခါ သူချက်ချင်းပင် အပြေးသွားပြီး သယ်လာခဲ့သည်။ သူ့၏တူသည် TVထဲကကဲ့သို့ ချစ်စရာကောင်းသည့် ကလေးလေးဟု တွေးခဲ့သည်။ သို့သော်....။ မွေးကာစကလေးများက မျောက်ထက်တောင် ရုပ်ဆိုးပေသည်။
ထိုနေ့မှစပြီး ဖုန်းယွီ ဦးလေးတစ်ယောက် ဖြစ်လာခဲ့သည်။
ဘာသာပြန်မှတ်စု ဟား ဟား ဟား မျောက်လား။ ငါမူရင်းစာရေးသူနဲ့ ထောက်ခံတယ်။