← Chapters

အိုက်ဝကုမ္ပဏီ

Vol. 15 Ch. 224

အိုက်ဝကုမ္ပဏီ

Vol. 15 Ch. 224

ခမဲသာမာစော စကားပြောပြီးသည့် အချိန်ထိ ဖုန်းယွီက ငြိမ်သက်စွာဖြင့် နားထောင်နေသည်။ ဖုန်းယွီက လေးလေးနက်နက်ဖြင့် တွေးနေ၏။

အနာဂတ်တွင် လိင်ဖျော်ဖြေရေး အရုပ်များသည် တကယ်ပင် အကျိုးအမြတ်များသည့် ထုတ်ကုန်ဖြစ်လာမည်ပင်။ ဂျပန်တွင်သာမက ထိုင်ဝမ် တရုတ်ပြည်နှင့် အရှေ့တောင် အာရှတစ်ခုလုံး ပြီးနောက် ဥရောပတွင်တောင် ဈေးကွက်ကြီး ရှိပေသည်။ ထိုအရုပ်များသည် အိုသခုအများစု၏ ကျေနပ်မှုကို တကယ်ပင် ဖြည့်ဆည်းပေးနိုင်ပေသည်။

အရေးအကြီးဆုံးအရာက လိင်ဖျော်ဖြေရေး အရုပ်များ၏ ကုန်ကျငွေသည် အလွန်နည်းပေကာ အကျိုးအမြတ်သည် လွန်စွာမြင့်ပေသည်။ နည်းပညာ များများစားစားလည်း လိုအပ်ခြင်းမရှိပေ။

သို့သော် အကယ်၍ ဖုန်းယွီသာ ယင်းစီးပွားရေးထဲကို ဝင်ပါက အခြားသူများက သူ့အားမည်သို့ ထင်မည်နည်း။ သင်ကချမ်းသာသည်။ သင်က လုပ်နိုင်စွမ်းရှိသည်ဟု လူများ၏ စိတ်ဓာတ်က ပြောင်းလဲလာသော်ငြား အကယ်၍သူသာ ထိုကဲ့သို့သော စီးပွားရေးကို လုပ်ခဲ့ပါက သူ့ကိုစိမ်းဝါးသော အကြည့်ကို ပေးကြမည်ပင်။

အကယ်၍ ဖုန်းယွီသည် အခြားသော စီးပွားရေး လုပ်ကိုင်လျှင်လည်း သူ့အနေဖြင့် ငွေများရရှိမည်ဖြစ်ကာ ထိုသို့သော ဝေဖန်ရေးမျိုးကို ရင်ဆိုင်ရန် လိုအပ်မည် မဟုတ်ပေ။

“မစ္စတာဖုန်း ယခုလက်ရှိ တရုတ်ပြည်မှာ ဒီထုတ်ကုန်က မလက်ခံနိုင်သေးဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကနဦးတုန်းကလည်း ကျွန်တော်တို့ရဲ့ နိုင်ငံမှာလည်း အခုလိုမျိုး အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ ဈေးကွက်က ကြီးလာတယ်။ အာရှတွင်သာမက ဥရောပမှာတောင်မှ ဒီထုတ်ကုန်ရဲ့ အလားအလာက တကယ်ကို ကြီးမားတယ်။ ”

ခမဲသာမာစော စကားပြောတာကို ရပ်ရန်အတွက် ဖုန်းယွီက လက်တစ်ချက် ပြလိုက်သည်။ သူသည် ထိုအရာများအားလုံးကို သို့သော်ငြား သူသည် စုပ်လည်းစူး စားလည်းရူး အခြေအနေတွင် ရှိနေဆဲဖြစ်ပေသည်။

ဖုန်းယွီက သူ့၏အရင်ဘဝ အကြောင်းအရာကို တွေးတောနေကာ လူအများစု၏ ထိုထုတ်ကုန်အပေါ် လက်ခံနိုင်မှုအကြောင်းလည်း ပါဝင်ပေသည်။ ဖုန်းယွီမှတ်မိသည်က တရုတ်ပြည်၏ ရောင်းအားသည် ဂျပန်ပြည်ထက် ပိုများခြင်းဖြစ်ကာ တစ်ကမ္ဘာလုံးတွင်တောင် တရုတ်နိုင်ငံသည် အရောင်းရဆုံး ဖြစ်ပေသည်။ တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများတွင်တောင် လိင်မှုဘဝ ပွဲတော်များ ရှိပေသည်။ ထိုကဏ္ဍသည် အစိုးရကို အထောက်အပံ့ပေးနေသည်ဟု ကောလဟာလများ ရှိပေသည်။ အချို့သောသူများက ပြောကြသည်က ထိုထုတ်ကုန်များသည် နိုင်ငံအတွင်းရှိ လိင်အကြမ်းဖတ်မှုကို လျော့နည်းစေသည်ဟု ဆိုကြပေ၏။

“အဲ့ဒါဆိုရင် မင်းရဲ့အစီအစဉ်ကို ပြောပြ။ တကယ်လို့ ငါကအမေရိကန်ဒေါ်လာ တစ်သန်း ရင်းနှီးမြုပ်နှံမယ်ဆိုရင် မင်းကငါ့ကို နှစ်တိုင်းနှစ်တိုင်း အကျိုးအမြတ် ဘယ်လောက် ပြန်ပေးမှာလဲ။ ”

ခမဲသာမာစောက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။

“တစ်နှစ်အတွင်း မစ္စတာဖုန်း ရင်းနှီးမြုပ်နှံတဲ့ ငွေအများအပြားကို ရယူမယ်လို့ ကျွန်တော်အာမခံပါတယ်။ ပြီးတော့ ဒုတိယနှစ် နောက်ပိုင်းနှစ်တွေကျရင်တော့ မစ္စတာဖုန်းအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းအမြတ် ပြန်ရမှာပါ။ ”

ဒီလုပ်ငန်းက တကယ်ပဲ အကျိုးအမြတ် အဲ့လောက်များတာလား။ တစ်နှစ်အတွင်းကို ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ တစ်သန်းကို ပြန်ရနိုင်တာလား။ နောက်ဒုတိယနှစ်ကနေ စပြီးတော့ အကျိုးအမြတ်တွေကလည်း သန်းပေါင်းသန်းချီ ရှိနေသေးတာလား။ တကယ်လို့ အဲ့ဒါက အရမ်းလွယ်ကူမယ်ဆိုရင် ဘာကြောင့် ခမဲသာမာစောက ဂျပန်ပြည်မှာပဲ ရင်းနှီးမြုပ်နှံတဲ့သူကို မရှာဘဲ တရုတ်ပြည်ကိုလာပြီး ဖုန်းယွီဆီ လာရှာရသနည်း။

“ဘာကြောင့် မင်းငါ့ဆီ လာရှာတာလဲ။ ”

ဖုန်းယွီက ခမဲသာမာစော၏ မျက်လုံးကို တည့်တည့်ကြည့်ရင်း မေးလိုက်သည်။

ခမဲသာမာစောက ဖုန်းယွီကို နောက်ထပ်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်၏။

“မစ္စတာဖုန်း ကျွန်တော်မစ္စတာဖုန်းကို မပြောရသေးတဲ့ အကြောင်းကိစ္စတစ်ခု ရှိသေးတယ်။ ကျွန်တော် တရုတ်ပြည်မှာ အကြွေးတွေရှိတယ်။ ပြီးတော့ ကျွန်တော်ရဲ့ Passport ကလည်း အသိမ်းခံထားရတယ်။ ကျွန်တော် ဒီနိုင်ငံကနေ ထွက်သွားလို့မရဘူး။ ဒါပေမဲ့ အဲ့ဒီအကြွေးက ကုမ္မဏီနဲ့ သက်ဆိုင်နေတာ။ ပြီးတော့ ကျွန်တော်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှလုပ်လို့မရဘူး။ ကျွန်တော်အနေနဲ့ တရုတ်နိုင်ငံမှာ လူများများစားစား မသိဘူး။ ပြီးတော့ မန်နေဂျာဖုန်းကပဲ ကျွန်တော်တို့ကုမ္မဏီရဲ့ အရင်က ထုတ်ကုန်တွေနဲ့ ပတ်သတ်ပြီးတော့ ခွဲခြားဆက်ဆံတဲ့ လူမျိုးမဟုတ်ခဲ့တာ။ ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော်က မန်နေဂျာဖုန်းဆီ အကူအညီ လာတောင်းတာပါ။ ကျွန်တော်ရဲ့ ဒီကုမ္မဏီမှာ ကျေးဇူးပြုပြီး ရင်းနှီးမြုပ်နှံပေးပါ။ တကယ်လို့ ကျွန်တော်ကို အမေရိကန်ဒေါ်လာ တစ်သန်းပေးမယ်ဆိုရင် ကျွန်တော်အနေနဲ့ မန်နေဂျာဖုန်းအတွက် လိင်ဖျော်ဖြေရေးအရုပ် အင်ပါယာကြီး တစ်ခုကိုတောင် တည်ဆောက်ပေးလို့ ရပါတယ်။ ”

ချီး မင်းနဲ့မင်းမိသားစုပဲ လိင်ဖျော်ဖြေရေးအရုပ် အင်ပါယာကို လိုချင်နေကြတာမလား။ ဖုန်းယွီက ယင်းအကြောင်းကို ခမဲသာမာစောကို ပြောပြချင်သော်ငြား ယင်းက သူသည် ထိုစီးပွားရေးကဏ္ဍကို ခွဲခြားဆက်ဆံရာ ရောက်သွားပေမည်။

“ကောင်းပြီ။ တကယ်လို့ငါက အမေရိကန်ဒေါ်လာ တစ်သန်းကို ရင်းနှီးမြုပ်နှံမယ်ဆိုရင် ဒီကုမ္မဏီရဲ့ ရှယ်ယာဘယ်လောက်များများ ငါပြန်ရမှာလဲ။ ”

“ကျွန်တော်က ကုမ္မဏီရဲ့ ရှယ်ယာနဲ့ပတ်သတ်ပြီးတော့ တစ်ဆယ်ရာခိုင်နှုန်းပဲ လိုချင်တာပါ။ ပြီးတော့ ကျွန်တော် လစာမလိုပါဘူး။ ကျွန်တော်ကို ကျေးဇူးပြုပြီးတော့ ယုံကြည်ပေးပါ။ ဒါကကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါ။ ယခုလက်ရှိ စီးပွားရေး အကြပ်အတည်းကြောင့် ဂျပန်ကုမ္မဏီ အများစုက ဒေဝါလီ ခံလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ ဒီစီးပွားရေးကဏ္ဍမှာ ကုမ္မဏီအနည်းငယ်ပဲ ကျန်တော့တာပါ။ ဒါပေမဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင်ခံစားချက်အရတော့ ဒီစီးပွားရေး အကြပ်အတည်းကြောင့် ဂျပန်အမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီးနဲ့ ပတ်သတ်ပြီးတော့ အဆင်မပြေမှုတွေများစွာ ကြုံတွေ့လာနိုင်တယ်။ ပြီးတော့ လူလွတ်ကလည်း အများကြီး ပဲလေ။။ ပြီးတော့ အဲ့ဒီအခါကျ အိမ်ထောင်ကွဲတွေ များလာလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဈေးကွက်က ပိုပြီးတော့ ကြီးလာမှာ။ ”

ဟမ့် ဒီသုတေသန ပြုချက်ကတော့ တကယ်ကို လက်ခံနိုင်ဖွယ် ရှိပုံပေါ်တာပဲ။

ခမဲသာမာစော၏ အဓိပ္ပာယ်က ဂျပန်နိုင်ငံ၏ စီးပွားရေး အကြပ်အတည်းသည် လိင်ဖျော်ဖြေရေး ကုမ္မဏီများ ကြီးထွားရေးအတွက် အခွင့်အလမ်းကြီးတစ်ခု ဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ခဏနေပါအုံး။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ကြပ်တည်းမှုက ကုမ္မဏီ အများအပြားကို ပျက်စီးစေခဲ့တာမလား။ အဲ့ဒါဆိုရင် သူတို့စက်ရုံတွေရဲ့ စက်ပစ္စည်းတွေကရော ဒါဆိုရင် ခက်ခဲတဲ့ အလုပ်ရုံကနေပြီးတော့ ပစ္စည်းအချို့ကို ဝယ်ဖို့ဆိုတာက အရမ်းကောင်းမွန်တဲ့ အခွင့်အရေးကောင်းကြီး တစ်ခုပဲ။ ပြီးတော့ အနာဂတ်ကျရင် အကျိုးအမြတ်ကို စောင့်နေရုံပဲ။

ဆိုဗီယက် ပြည်ထောင်စုသည် အကြီးစား စက်မှုလုပ်ငန်းများတွင် အားသန်နေကာ ကျန်သည့်အရာများက လုံးဝလုံးဝကို နိမ့်ပါးလွန်းပေသည်။ သူတို့၏ အသေးစား စက်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံထက် အနည်းငယ်သာ သာလွန်ရုံမျှသာရှိသည်။ သို့သော် ဂျပန်နိုင်ငံ၏ လျှပ်စစ်စက်မှုလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးထဲမှ တစ်ခုဖြစ်ပေသည်။ ၂၁ရာစုတွင် ကမ္ဘာပေါ်တွင် ယင်းက အကောင်းဆုံး ဖြစ်ပေမည်။ ဒေဝါလီ ခံလုနီးပါး သို့မဟုတ် ငွေကြေးအကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည့် ကုမ္မဏီ အများစုက အနာဂတ်တွင် အောင်မြင်နိုင်မည်ဆိုတာကို ဖုန်းယွီ သိချင်နေပေ၏။

ခမဲသာမာစောသည် သတင်းအချက်အလက်များကို စုဆောင်းရာ၌ တော်သည့်သူတစ်ယောက် ဖြစ်သည်။ သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် သူ့ကိုအဘယ့်ကြောင့် ခွင့်မပြုဘဲ နေမည်နည်း။ ဖုန်းယွီသည် ယခုအချိန်ကာလတွင် ဆိုနီဝယ်ယူခဲ့သည့် အိုက်ဝကုမ္မဏီတစ်ခု ရှိသည်ကို သတိရသွားသည်။

အကယ်၍သူသာ ထိုကုမ္မဏီ၏ ရှယ်ယာများကို ထိန်းချုပ်နိုင်လျှင် သူ့အနေဖြင့် ယင်းလုပ်ငန်းကို တရုတ်နိုင်ငံ၏ အမှတ်တံဆိပ်အဖြစ် ပြောင်းလဲနိုင်ကာ ဂျပန်နိုင်ငံ၏ လျှပ်စစ်စက်မှု လုပ်ငန်းထဲသို့ ဝင်ရောက်နိုင်ပေသည်။

ဟင်း ဒါကခမဲသာမာစောရဲ့ လုပ်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခုပဲ။ ရင်းနှီးမြုပ်နှံမှု တန်မတန် ငါကြည့်နိုင်တာပေါ့။

“မင်းရဲ့နိုင်ငံကလွဲပြီးတော့ အာရှမှာရှိတဲ့ ဘယ်နိုင်ငံက ရောင်းအားအကောင်းဆုံးလဲ။ ”

“ကျွန်တော်ရဲ့ နိုင်ငံကလွဲရင် ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှားနဲ့ ဟောင်ကောင်တို့က တကယ်ကို ကြီးမားတဲ့ အလားအလာရှိတယ်။ တကယ်လို့ ကျွန်တော်တို့သာ ပြိုင်ဘက်တွေထက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဈေးကွက်ကို အလျှင်အမြန်နဲ့ ဖြန့်ကျက်နိုင်တယ်။ ဒီလုပ်ငန်းက အကျိုးအမြတ် အရမ်းများတဲ့ လုပ်ငန်းပဲ။ ”

“ကောင်းပြီ တကယ်လို့ မင်းငါ့ကို မလိမ်ဘူးဆိုရင်တော့ မင်းဂျပန်ကို ပြန်သွားပြီး မင်းမိသားစုရဲ့ နာမည်ကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကူညီပြီးတော့ ငါမင်းဆီ ရင်းနှီးမြုပ်နှံပေးမယ်။ ဒါပေမဲ့ ဒီကုမ္မဏီက လိင်ဖျော်ဖြေရေး အရုပ်တွေကိုပဲ ထုတ်လုပ်တာလား။ အခြား ပုံစံတူတဲ့ ထုတ်ကုန်တွေကိုရော မရှိဘူးလား။ ”

“တစ်ခြားထုတ်ကုန်တွေလား။ ”

ခမဲသာမာစောက အနည်းငယ် စိတ်ရှုပ်သွားသည်။

ဖုန်းယွီက ညင်ညင်သာသာဖြင့် မေးလိုက်၏။

“ငါပြောချင်တာက တစ်ခြားလိင်မှုဆက်ဆံတဲ့ အရုပ်တွေပြောတာ။ ”

“အား သေချာတာပေါ့။ ဒါပေမဲ့ အဲ့ဒါတွေရဲ့ ရောင်းအားက လိင်ဖျော်ဖြေရေး အရုပ်တွေလောက်တော့ ရောင်းအားမကောင်းဘူး။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့က လိင်ဖျော်ဖြေရေး အရုပ်တွေကိုပဲ နောက်ပိုင်းမှာ ထုတ်လုပ်လာတာ။ ”

ဖုန်းယွီက စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ ခမဲသာမာစော မင်းဂျပန်တစ်ယောက် ဖြစ်တာကို မင်းရှက်သင့်တယ်။

လိင်ဖျော်ဖြေရေး အရုပ်များ၏ အကျိုးအမြတ်သည် များပေသည်။ သို့သော် အခြားသော လိင်အရုပ်များသည်လည်း အရမ်းနည်းသည်တော့ မဟုတ်ပေ။ သင့်အနေဖြင့် မတူညီသည့် ထုတ်ကုန်များကို အတူတကွ တစ်စုတစ်စည်းထဲအဖြစ် ရောင်းချနိုင်ပေသည်။ ဥပမာအနေဖြင့် ဝတ်စုံဖြစ်သည်။ ယင်းက ရောင်းအားနှင့် အကျိုးအမြတ်ကို ပိုတောင်မှ တိုးတက်စေပေ၏။

ဖုန်းယွီက ခမဲသာမာစောကို သူ၏အကြံဉာဏ်များကို ပြောလိုက်ကာ ယင်းက ခမဲသာမာစောအတွက် ဉာဏ်အလင်း ဖွင့်လိုက်သလိုပင်။

“ဒါအမှန်ပဲ။ တကယ်လို့ငါသာ လိင်ဖျော်ဖြေရေး အရုပ်တွေကို အဝတ်အစား ဆင်ပေးလိုက်မယ်ဆိုရင် ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေနဲ့ လုံးဝကွဲပြားခြားနားသွားလိမ့်မယ်။ ပြီးတော့ ဈေးကွက်ထဲမှာလည်း ထင်ပေါ်လာလိမ့်မယ်။ ဂျပန်အမျိုးသား အများစုက ဒီအရုပ်တွေကို သူတို့ရဲ့ အာသာဖြေဖို့အတွက်ကို သုံးရုံတင်မကသေးဘူး ဒီအရုပ်တွေကို သူတို့ရဲ့ အဖော်အဖြစ်လည်း အသုံးပြုကြသေးတယ်။ တကယ်လို့ သူတို့က အရုပ်တွေရဲ့ အကီၤျတွေကို လဲလို့ရမယ်ဆိုရင် အဲ့ဒီအရုပ်က အခြား ရည်းစားကောင်မလေးတစ်ယောက် ရသလိုကို ခံစားရစေမှာ မဟုတ်ဘူးလား။”

ခမဲသာမာစောက ထိုအကြောင်းစဉ်းစားလေ ပိုပြီးတော့ စိတ်ရှုပ်ထွေးလေဖြစ်သည်။ ဖုန်းယွီ၏ အကြံဉာဏ်များသည် သူ့ကိုစိတ်ကူး စိတ်သန်းများပေးကာ အနာဂတ်ဂျပန် လိင်ဖျော်ဖြေရေးအရုပ်များ၏ ဈေးကွက်ကိုလည်း ဖန်တီးနိုင်မှာပဲဖြစ်သည်။

“မစ္စတာဖုန်း ခင်ဗျားက တကယ်ကို တော်တဲ့လူပဲဗျာ။ ဒီအကြောင်းတွေကိုတောင်မှ သိတယ်။ ”

ဖုန်းယွီက သူ့နှာခေါင်းကို ပွတ်လိုက်သည်။ ဒါက ချီးကျူးစကားကြီးလား။ ဘာကြောင့်ငါ ပျော်ရွှင်တဲ့ အရိပ်အယောင် မခံစားနေမိပါလိမ့်။

“အိုက်ဝကုမ္မဏီရဲ့ ရှယ်ယာရှင်တွေကို မင်းသိလား။ တကယ်လို့ အိုက်ဝရှယ်ယာရှင်တွေက သူတို့ရဲ့ ရှယ်ယာတွေကို ငါ့ကိုရောင်းအောင် မင်းစွမ်းဆောင်နိုင်မယ်ဆိုရင် ငါမင်းရဲ့ကုမ္မဏီမှာ ရင်းနှီးမြုပ်နှံမယ်။ မှတ်ထားနော်။ ငါမင်းရဲ့ကုမ္မဏီမှာ ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့အကြောင်းကို တစ်ခြားသူတွေ လုံးဝမသိစေနဲ့။ အခုလက်ရှိ ငါ့ရဲ့ဝန်ထမ်းတွေကိုတောင်မှပေါ့။ ”

အကယ်၍ ဝူကျီကန်းနှင့် ကျန်သည့်သူများသာ ထိုရင်းနှီးမြုပ်နှံမှုအကြောင်း သိသွားခဲ့ပါက လေနှင့်မိုး လော်ဂျစ်စတစ်မှ လူများသည်လည်း သိသွားမည်ဖြစ်ကာ မကြာမီတွင် အရှေ့မြောက်ပိုင်း ဒေသတစ်ခုလုံး သိသွားကြမည် ဖြစ်ပေသည်။

“ကျွန်တော် သူတို့ကို သိတာပေါ့။ ကျွန်တော်တို့ရဲ့စက်ရုံက သူတို့စက်ရုံရဲ့ ဘေးနားလေးမှာပဲရှိတာ။ မစ္စတာဖုန်းက အိုက်ဝရှယ်ယာတွေကို ဝယ်ချင်တာလား။ ကျွန်တော် မန်နေဂျာဖုန်းရဲ့ ဆန္ဒကို ပြည့်အောင်ကူညီပေးနိုင်ပါတယ်။ အိုက်ဝရဲ့ အကြီးဆုံး ရှယ်ယာရှင်က ဆိုနီ။ ပြီးတော့ သူတို့တွေက စုစုပေါင်းရှယ်ယာရဲ့ ငါးဆယ်ရာခိုင်နှုန်းတောင် ပိုင်တယ်။ ဆိုနီက အိုက်ဝရှယ်ယာတွေကို အမြဲတမ်း ရောင်းထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က သင့်လျော်တဲ့ ဝယ်ယူသူကို မရှာတွေ့ခဲ့ဘူး။ ”

“ကောင်းတယ်။ ဒီကိစ္စကို မင်းငါ့အတွက် ကိုင်တွယ်ပေး။ ငါအိုက်ဝရှယ်ယာတွေကို ဝယ်နိုင်တဲ့တစ်နေ့ မင်းရဲ့ကုမ္မဏီမှာ ငါရင်းနှီးမြုပ်နှံမယ်။ ”

ဘာသာပြန်မှတ်စု ယခုအပိုင်းကို ရေးသည့်အခါ ကျွန်ုပ်တော်၏ ငယ်ဘဝအမှတ်တရများကို ပြန်သတိရစေသည်။ ကျွန်ုပ်၏ ပထမဦးဆုံးသော နားကြပ်ကပ်စက်သည် အိုက်ဝအမှတ်တံဆိပ် ဖြစ်သည်။ အကယ်၍ အိုက်ဝ၏ သမိုင်းကြောင်းကို စိတ်ဝင်စားပါက ဝူကီဗီဒီယားတွင် ရှာဖွေနိုင်ပါသည်။

____

All Chapters