အခန်း (၂၂၅)
Vol. 15 Ch. 225
ရှယ်ယာများကို ထိန်းချုပ်ရန်အတွက် အခွင့်အရေး ရရှိခြင်း
ခမဲသာ မာစောတွင် ငွေပေးစရာ အမြောက်အမြားရှိသည့်အတွက်ကြောင့် သူ၏ ပက်စပို့စ် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု ဖုန်းယွီထင်မိသည်။ သို့သော် သူသည် ယွမ် တစ်သောင်းကိုသာ ပေးသွင်းရန်ရှိသည်။ မည်သို့သော ကုမ္ပဏီကိုယ်စားလှယ်မျိုးသည် သူကဲ့သို့ ရှိမည်နည်း။ သူ့တွင် ယွမ်တစ်သောင်းတောင် မရှိသည်လော။
ဖုန်းယွီက သူ့ကို ပက်စပို့စ် ပြန်ရွေးရန်အတွက် ယွမ်သုံးသောင်းပေးလိုက်ပြီး ဂျပန်ကို ပြန်စေသည်။ သူသည် ဖုန်းယွီအတွက် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် လိုအပ်ပေသည်။ သူသည် ရှယ်ယာများကို ဆက်သွယ်ပြီးနောက် သူသည်ဖုန်းယွီကို ဖုန်းခေါ်ဆိုမည်ဖြစ်ကာ ဖုန်းယွီသည် သူ့၏ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
သေချာသည်မှာ ဖုန်းယွီသည် ခမဲသာ မာစောကို ယုံကြည်သည့်သူမဟုတ်ပေ။ သူသည် ဖူကွမ်းကျန်းကို ဖုန်းတစ်ချက်ခေါ်ဆိုပြီးနောက် ဂျပန်တွင်ရှိသော ဖူမိသားစု၏ မည်သည့်အဆက်အသွယ်နှင့်မဆို အိုက်ဝနှင့် Black Dragon ကုမ္ပဏီတို့အကြောင်းကို ရှာဖွေရာတွင် သူ့အားကူညီပေးရန်အတွက် တောင်းဆိုခဲ့သည်။
အိုက်ဝကုမ္ပဏီသည် ဟောင်ကောင်တွင်ရှိသော ဖူမိသားစု၏ အကြီးဆုံးသားဖြစ်သူနှင့် ယမန်နှစ်က ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံတွင် သူတို့၏ ဈေးကွက် ချဲ့ထွင်ရန်အတွက် ဟောင်ကောင်တွင် ရုံးခွဲတစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ဖူကွမ်းကျန်းသည် ဖုန်းအနည်းငယ်ခေါ်ဆိုရုံဖြင့် အိုက်ဝကုမ္ပဏီ၏ ယခုလက်ရှိအခြေအနေကို တည်ရှိသွားသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမစတင်မှီ သူတို့သည် ကုမ္ပဏီအကြောင်းကို သုတေသနပြုလုပ်ပြီးဖြစ်၏။
အိုက်ဝကုမ္ပဏီကို sony က 1987ခုနစ်တွင် ဝယ်ယူခဲ့ပြီး sony လျှပ်စစ်ပစ္စည်း လုပ်ငန်းစု၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ သို့သော် အိုက်ဝသည် လွတ်လပ်သော အမှတ်တံဆိပ်အဖြစ် တည်ရှိနေခဲ့ကာ sony မှ လွတ်လွတ်လပ်လပ်ဖြင့် လည်ပတ်ခြင်းပြုပေသည်။
စီးပွါးရေး အကြပ်အတည်းကြောင့် အိုက်ဝဈေးကွက်ရှယ်ယာများသည် ထိုးကျနေကာ နှစ်နှင့် ချီပြီး အရှုံးကို သူတို့ ခံစားခဲ့ကြသည်။ sony ၏အကူအညီရှိသည့်အတိုင်း အိုက်ဝသည် ဂျပန်ယမ်း ဘီလျံ ချီ အကြွေး ရှိနေဆဲဖြစ်ကာ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည်လည်း ယမ်း ၁.၂ ဘီလျံ ထက် မပိုပေ။ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲပြီးနောက် နှစ်နှစ်ရှိနေပြီဖြစ်ကာ ကုမ္ပဏီသည် လည်ပတ်နိုင်သည့် အခြေအနေသို့ရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်များက အိုက်ဝကုမ္ပဏီသည် ဂျပန်ယွမ် သန်းရှစ်ရာကျော်တန်ဖိုးရှိပြီး သူတို့တွင် အကြွေး တစ်ဆယ် ဘီလျံ ရှိပေ၏။
sony သည် အိုက်ဝ၏ နည်းပညာနှင့် အမှတ်တံဆိပ်ကို လိုချင်ခဲ့သည်။ အိုက်ဝနှင့် ပူးပေါင်းဆောင်ရွက်ပါက သူတို့သည် Panasonic ကဲ့သို့သော အခြားသော အမှတ်တံဆိပ်များကိုလည်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ sony သည် ဂျပန်ပြည်နယ်တွင် စက်မှုခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်နေကာ သူတို့သည် ထိုသို့ဖြစ်မြောက်ရန်အတွက် ကုမ္ပဏီအမှတ်တံဆိပ်ငယ်လေးများ၏ ထောက်ပံ့မှုကို လိုအပ်ပေသည်။ အမှတ်တံဆိပ်ငယ်လေးများသည် ယခုလက်ရှိတွင် ဖြစ်ဖြစ်မြောက်မြောက်မစွမ်းဆောင်သော်ငြား သူတို့သည် အတိတ်တွင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သည်။ ပြီးနောက် သူတို့သည် သူတို့၏ အမြင့်ဆုံးသို့ တစ်ဖန်ပြန်ရောက်နိုင်သည်။
သို့သော် sony သည် လွန်ခဲ့သည့် နှစ်နှစ်ကလည်း အခြေအနေမကောင်းခဲ့ပေ။ ပြီးနောက် အိုက်ဝ၏ ဥက္ကဌသည် ပြည်ပဈေးကွက်ကို လွန်လွန်ကျူးကျူး ချဲ့ထွင်နေဆဲဖြစ်သည်။ သူတို့ ဈေးကွက်ချဲ့ထွင်ရန်အတွက် ရန်ပုံငွေအများအပြား လိုအပ်ပေသည်။ အိုက်ဝ၏ ဥက္ကဌသည် sony နှင့် မည်သို့ လက်ခံလာအောင်လုပ်သည်ကို မသိသော်ငြား sony သည် ဈေးကွက်ချဲ့ထွင်ရန်အတွက် သဘောတူခဲ့သည်။ ဖူကွမ်ကျန်းသည် ဖုန်းယွီကို အိုက်ဝကုမ္ပဏီသည် နည်းပညာ အမှတ်တံဆိပ်ရှိသော်ငြား ယင်းက စွန့်စားရသည့် အခြေအနေတွင် ရှိသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံပါက သူ၏ ရင်းနှီးမြှုပ်နှံမှုအတွက် အရှုံးကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပေသည်။
အခြားသူများသည် အိုက်ဝကို မြင့်မြင့်မားမား တွေးကြမည်မဟုတ်သော်ငြား ဖုန်းယွီကတော့ မတူပေ။ 1993တွင် အိုက်ဝသည် အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့ကာ 1994ခုနစ်တွင် နားကြပ်ကတ်စက်ဈေးကွက်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာမည်ပင်။ ထိုနှစ်အတွက် သူတို့၏အရောင်းမှာ ယမ်း ဘီလျံ ပေါင်း သန်းတစ်ရာ့ခြောက်ဆယ်ကျော ်သွားမည်ဖြစ်သည်။ ယင်းက အိုက်ဝကုမ္ပဏီဥက္ကဌ၏ နည်းဗျူဟာများသည် အောင်မြင်သည်ဟု ပြသခြင်းပင်ဖြစ်ပေသည်။
သေချာသည်မှာ ယင်းအချက်အလက်များက ဖူကွမ်းကျန်းတွေ့ရှိထားသည့် အချက်လက်များဖြစ်သည်။ ဖုန်းယွီသည် sony နှင့် အိုက်ဝရှယ်ယာရောင်းချမှုအတွက် ဆွေးနွေးရန် ဆုံးဖြတ်ချက် မချရသေးရန် ခမဲသာမာစော ရယူစုဆောင်းခဲ့သော အချက်အလက်များကို ကြည့်ရန်လိုအပ်ပေသေးသည်။
Black Dragon ကုမ္ပဏီအတွက်မူ ဖူကွမ်းကျန်းသည် ထိုအကြောင်းကို မည်သည့်အခါကမှ မကြားခဲ့ပေ။ သူ့၏ ဦးလေးသည် ဂျပန်ပြည်တွင် အိမ်ခြံမြေများ အရင်ကပိုင်ဆိုင်ခဲ့ကာ ထိုနေရာရှိ လူအချို့နှင့် သိပေသည်။ သူသည် ထိုသူများကို ထိုကုမ္ပ္ပဏီအကြောင်း စုံစမ်းရန်အတွက် အကူအညီတောင်းခဲ့သည်။ သူတို့ ရှာဖွေတွေ့ရှိသည်က ခမဲသာမာစော ပြောသည့်အတိုင်းသာဖြစ်သည်။ Black Dragon ကုမ္ပဏီသည် စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ပြီး သူတို့၏ ထုတ်ကုန်များကို သုံးလေးမျိုး ရုတ်ချည်းလုပ်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ငွေကြေးကြပ်တည်းမှုဖြစ်ပေါ်ခဲ့ကာ ကုမ္ပဏီသည် ဒေဝါလီခံရန်အတွက် စာရင်းတင်ခဲ့သည်။
စက်ရုံကို ဘဏ်က ထိန်းချုပ်ထားသည်။ ပြီးနောက် ကုမ္ပဏီကို ပိတ်ထားသည်။ ကုမ္ပဏီ၏ ဥက္ကဌသည် ပျောက်ဆုံးနေသည်။ ဖူကွမ်းကျန်းသည် ခမဲသာမာစောနှင့် ပါတ်သတ်ပြီး မည်သည့်အချက်အလက်မှ ရှာမတွေ့ပေ။ သူသည် အဆင့်အလွန်နိမ့်လွန်း၍ မည်သူမှ သူ့ကို အရင်က သတိပြုမိတာ ဖြစ်နိုင်ပေသည်။
ဖုန်းယွီသည် ဖူကွမ်းကျန်းကို အိုက်ဝရှယ်ယာရှင်များနှင့် ဆက်သွယ်ရန်အတွက် တောင်းဆိုခဲ့သည်။ အိုက်ဝရှယ်ယာရှင်များပိုင်ဆိုင်သည့် ရှယ်ယာများကို ရောင်းချချင်ပါက စိတ်ဝင်စားကြောင်းသူ ပြောပြခဲ့သည်။
သို့သော် အဖြေက ဖုန်းယွီအတွက် စိတ်ပျက်စရာဖြစ်သည်။ ရှယ်ယာရှင်များသည် သူတို့၏ ရှယ်ယာများကို ရောင်းချရန်အတွက် စိတ်ကူးမရှိပေ။ ထိုအရာများအားလုံးက အိုက်ဝ၏ ဥက္ကဌ ဟေတယို နာကဂျီမ နောက်လိုက်များဖြစ်ကာ သူတို့သည် sony အနေဖြင့် အကြွေးများကို ဆပ်ပေးမည်ဟု ယုံကြည်နေသည်။
ဖုန်းယွီသည် သူတို့ကို ထိုယုံကြည်မှုမျိုး မည်သည့်နေရာက ရခဲ့သနည်းဟု မေးချင်နေသည်။ လွန်ခဲ့သည့် နှစ်များစွာက သူတို့ လွန်စွာမှ ဝန်ထမ်းလျော့ချခဲ့သည်ကို မေ့သွားခဲ့သည်လော။ အိုက်ဝကုမ္ပဏီများသည် သူတို့၏ ဝန်ထမ်းများကို 60%ကျော် ဝန်ထမ်းဦးရေ သုံးထောင်မှ တစ်ထောင်အထိ လျော့ချခဲ့ရသည်။
အိုက်ဝသည် တချိန်က ဂျပန်နိုင်ငံ၏ နားကြပ်ကတ်စက် ထိပ်တန်းထုတ်လုပ်သူဖြစ်ခဲ့သည်။ အကြောင်းမှာ သူတို့သည် BBE စနစ်ကို အသုံးပြုသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ထိုစနစ်နှင့်ဆိုလျှင် သီချင်းများ၏ အရည်အသွေးကို ပိုကောင်းကာ ဂျပန်တွင် အိုက်ဝသည် ပိုနာမည်ကျော်ကြားလာမည် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူတို့၏ဈေးကွက် လွန်စွာချဲ့ထွင်ခဲ့မှုကြောင့် အရှုံးများဖြင့် ရင်ဆိုင်ခဲ့ရကာ သူတို့၏ ရှယ်ယာများကို ပိုပြီးရောင်းချလာခဲ့ရသည်။ ယခုလက်ရှိတွင် အိုက်ဝသည် sony ၏အခွဲတစ်ခုဖြစ်နေကာ ထိုသူများသည်လည်း သူတို့၏ နည်းလမ်းအတိုင်း လုပ်ချင်ကြဆဲဖြစ်သည်။
သူတို့၏ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုသည် နောင်နှစ်နှစ်အတွင်း အရာထင်လာမည်ကို ဖုန်းယွီသိပေသည်။ အိုက်ဝသည် သူ့၏ အရင်က ပိုင်ဆိုင်ခဲ့ဖူးသော အောင်မြင်မှုကို ပြန်လည်ရရှိခဲ့မည်ဖြစ်သည်။ သို့သော် 1995တွင် အိုက်ဝသည် ကွန်ပျူတာနှင့် ဆက်စပ်သည့်ဈေးကွက်လုပ်ငန်းထဲသို့ ဝင်ရောက်ခဲ့ကာ တစ်ဖန်နိမ့်ဆင်းသွားပြန်သည်။
ခမဲသာမာစောသည် ဖုန်းယွီကို သတင်းကောင်းအချို့ပြောခဲ့သည်။ sony ၏ ဒုတိယဥက္ကဌသည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ကြည့်ရန်အလို့ငှာ တရုတ်ပြည်တွင် နှစ်ရက်ကြာ ရောက်ရှိမည်ဖြစ်သည်။ ခမဲသာ မာစောသည် sony ၏ ဒုတိယဥက္ကဌသည် အိုက်ဝ တွင် ရင်နှီးမြှုပ်နှံမည့်သူကို ပံ့ပိုးမည့်သူကို အဆင်သင့်ရှိနေကြောင်းလည်း သိရှိခဲ့သည်။
သို့သော် ယခုတွင် sony သည် ယင်းရင်းနှီးမြှုပ်နှံမှုမှ မည်သည့်အကျိုးအမြတ်မှ ပြန်မရပေ။ ယင်းဖိအားက ဒုဥက္ကဌနှင့် အစုရှယ်ယာများပေါ်တွင် ရှိနေကာ သူ၏ ဆုံးဖြတ်ချက်တွင် ကျေနပ်ခြင်း မရှိပေ။ အိုက်ဝသည် နှစ်ဆက်တိုက် အရှုံးများဖြင့် ရင်ဆိုင်ခဲ့ရကာ ဂျပန်နိုင်ငံ၏ စီးပွါးသည်လည်း မကောင်းပေ။ sony ၏ ရှယ်ယာဈေးကွက်တောင် ကျဆင်းသွားပေ၏။
Sonyသည် အိုက်ဝ၏ ရှယ်ယာများကို ပွင့်လင်းမြင်သာစွာဖြင့် ရောင်းချရန်အတွက် စီစဉ်ခဲ့သော်ငြား သူ၏ ပြိုင်ဘက်များဖြစ်သည့် Panasonic သာ စိတ်ဝင်စားသည်။ sony သည် ရှယ်ယာများကို ရောင်းချရန် ငြင်းဆိုပြီး အရှုံးကိုသာ အရှုံးကိုသာ လက်ခံရန် ဆုံးဖြတ်ခဲ့သည်။
အနည်းဆုံးတော့ ယခုတွင် sony နှင့် အိုက်ဝသည် ပူးပေါင်းနိုင်ကာ Panasonic ၊ တိုရှီဗာ၊ ဖီးလစ်ကို ယှဉ်ပြိုင်နိုင်ပြီး နားကြပ်ကတ်စက်ဈေးကွက်ကို ထိန်းချုပ်ထားနိုင်သည်။
ခမဲသာမာစောသည် ဖုန်းယွီအနေဖြင့် sony ၏ ဒုတိယဥက္ကဌအဖြစ် စကားပြောရမည်ဟု ခံစားရသည်။ အိုက်ဝကုမ္ပဏီနှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး sony တွင် ပြိုင်ဘက်ကောင်းများရှိပါက ဖုန်းယွီသည် ရှယ်ယာများကို ဈေးကွက်ပေါက်ဈေးတိုင်းရနိုင်ပေသည်။ sony ပိုင်ဆိုင်သည့် ရှယ်ယာများသည် 61% ဖြစ်ကာ အခြားဘဏ်တစ်ခုသည် အိုက်ဝကုမ္ပဏီ၏ 6% ကို ကိုင်ထားပေသည်။
ဖုန်းယွီ၏ မျက်လုံးများက တောက်ပသွားသည်။ အကယ်၍ သူသာsony နှင့်ဘဏ်မှရှယ်ယာများကို ဝယ်ယူနိုင်ခဲ့လျှင် သူသည် အိုက်ဝ၏ 67% ကို ပိုင်ဆိုင်မည်ဖြစ်ကာ သူသည် အဓိက ရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ သူသည် အိုက်ဝကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်ခွင့် ရသွားမည်ဖြစ်သည်။
ဖုန်းယွီက တွက်ချက်မှုပြုလုပ်ခဲ့သည်။ ယခုလက်ရှိတွင် အိုက်ဝကုန်သွယ်ရေးသည် ယမ်း 1.2 ဘီလျံ ခန့်သာ တန်ကြေးရှိသည်။ ပြီးနောက် အမေရိကန်သို့ ပြောင်းပါက ယင်းက အမေရိကန်ဒေါ်လာ 8.4သန်းခန့်သာ တန်ကြေးရှိသည်။ 67% ၏တန်ကြေးသည် အမေရိကန်ဒေါ်လာ ခြောက်သန်းအောက် မနည်းပေ။
အမေရိကန်ဒေါ်လာ ခြောက်သန်းသာ အသုံးပြုရပြီး နောင်နှစ်နှစ်နေပြီးနောက် နားကြပ်ကတ်စက်ဈေးကွက်တွင် ခေါင်းဆောင်ဖြစ်လာပြီး ကုမ္ပဏီကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုကုမ္ပဏီသည် အမေရိကန် ဒေါ်လာ သန်းတစ်ရာကို အမြတ်ယူလာအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုမှ ရရှိလာမည့် အကျိုးအမြတ်က လွန်စွာကောင်းပေသည်။
ဒေါ်လာ တံဆိပ်များသည် ဖုန်းယွီ၏ မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့အနေဖြင့် sony ၏ရှယ်ယာများကို သေချာပေါက် ဝယ်ရမည်ဖြစ်သည်။ သူသည် ကုမ္ပဏီကို သေချာပေါက် ရမည်ဖြစ်သည်။
ဖူကွမ်းကျန်းနှင့် သူ၏အဖေသည် အတူတကွထိုင်နေကြသည်။ သူတို့သည် ဖုန်းယွီအဘယ့်ကြောင့် အိုက်ဝနှင့် ပါတ်သတ်သည့် အချက်အလက်များကို ရှာဖွေနေကြသည်ကို တွေးတောနေကြသည်။ ထိုအိုက်ဝကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဖူကွမ်းကျန်း၏ အကြီးဆုံး ဦးလေးနှင့်သာ သက်ဆိုင်သော်ငြား ဖူမိသားစု၏ စီးပွါးရေးသည် နီးကပ်စွာဖြင့် အပြန်အလှန် အမှီသဟဲ ပြုနေကြသည်။
ဖူကွမ်းကျန်းနှင့် ဖူရုန်ကျင်းသည် အဘယ်ကြောင့် အိုက်ဝကုမ္ပဏီ၏ ရှယ်ယာများကို ဖုန်းယွီလိုချင်မှန်း နားမလည်နိုင်ဖြစ်နေကြသည်။ အထက်ပိုင်းမှ အချက်အလက်တစ်ချို့
ရရှိခဲ့သည်လော။ ထိုသို့ဖြစ်ပါက သူတို့အနေဖြင့် စိုးရိမ်စရာ မရှိပေ။
ယခုလက်ရှိတွင် ဖူကွမ်းကျန်းနှင့်သူသည် ကြားဝင်လျှင် ရရှိနိုင်မည့် အခွင့်အရေး အကျိုးအမြတ်များအကြောင်း စဉ်းစားနေသည်။
ဖူကွမ်းကျန်းက သူ့၏အဖေကို သူ့၏ အကြီးဆုံးဦးလေးနှင့် ဟောင်ကောင်တွင်ရှိသော အိုက်ဝကုမ္ပဏီကို ဝယ်ယူရန်ဆွေးနွေးရန်အတွက် အကြံပေးလိုက်သည်။ အိုက်ဝကုမ္ပဏီရုံးခွဲ သူ၏ဦးလးသည် သူတို့၏ တောင်းဆိုမှုကို ငြင်းဆိုမည်မဟုတ်ပေ။
“ဆရာ ကျွန်တော် ဒီရက်ပိုင်း ခွင့်တိုင်ချင်ပါတယ်။ စာမေးပွဲက နီးလာပြီဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြောရမှာမို့ပါ။ ကျွန်တော် စာမေးပွဲမတိုင်ခင် ပြန်လာခဲ့ပါ့မယ်။”
နောက်တစ်နေ့တွင် ဖုန်းယွီနှင့်ဖူကွမ်းကျန်းသည် ရှန်ဟိုင်းကို ပျံသန်းကြမည့်လေယာဉ်ပေါ်ကို တက်လိုက်ကြတော့သည်။