← Chapters

sonyဒုတိယဥက္ကဌ

Vol. 16 Ch. 226

sonyဒုတိယဥက္ကဌ

Vol. 16 Ch. 226

သူတို့လေဆိပ်ကို ရောက်သည့်အခိုက် တစ်စုံတစ်ယောက်က အပြင်ဘက်တွင် ဆိုင်းဘုတ်ကိုကိုင်ကာ သူတို့ကို စောင့်နေသည်။ ထိုလူသည် ရှန်ဟိုင်းအတွက် စုန့်ကျန်းမော်တော်ဆိုင်ကယ် ဖြန့်ချီသူဖြစ်သည်။ လေနှင့်မိုး ဒလက်မဲ့ပန်ကာ၏ ဖြန့်ချီသူတစ်ယောက်လည်း ဖြစ်ပေသည်။

ထိုက်ဟွကုန်သွယ်ရေး၏ အထွေထွေမန်နေဂျာနှင့် လက်ထောက် အထွေထွေမန်နေဂျာတို့ ရှန်ဟိုင်းကို လာမည့်သတင်းကို သူကြားခဲ့၏။ ဖုန်းယွီသည် ဂျပန်စကားပြန်တစ်ယောက် ရရန်အတွက် အကူအညီ တောင်းခံခဲ့ပြီး ဟိုတယ်တစ်ခန်းကို ဘိုကင်လုပ်ရန်အတွက် တောင်းဆိုပြီး သူကချက်ချင်း သဘောတူခဲ့သည်။ သူကိုယ်တိုင်ကိုယ်ကျ ဖုန်းယွီနှင့် ဝူကျီကန်းကို လေဆိပ်တွင် သွားပြီးတော့တောင် ကြိုခဲ့ပေသည်။

စုန့်ကျန်းမော်တော်ဆိုင်ကယ် တစ်ခုထဲဖြင့်တောင် သူသည် ယခုလများတွင် အမြတ်များစွာ ရရှိခဲ့သည်။ ရာသီဥတု ပူနွေးလာသည်နှင့်အမျှ ဒလက်မဲ့ပန်ကာ၏ ရောင်းအားသည်လည်း ပိုကောင်းလာခဲ့သည်။

ထိုဖြန့်ချီသူသည် ထိုက်ဟွကုန်သွယ်ရေး၏ ထိုခေါင်းဆောင်သည် စိတ်ဆက်မှုရှိကြောင်း ကြားဖူးသည်။ အကယ်၍သူသည် ဖုန်းယွီကို ကောင်းကောင်း မဆက်ဆံပါက ဖုန်းယွီသည် နောက်နှစ်အတွက် သူနှင့်စာချုပ်ကို ချုပ်ဆိုရန်အတွက် ငြင်းဆိုပေလိမ့်မည်။ ထိုက်ဟွကုန်သွယ်ရေး၏ ထုတ်ကုန်များသည် စီစီတီဗီတွင် ကြော်ငြာများလွင့်ကာ ဖြန့်ချီရောင်းချသူများသည် မားကတ်တင်း ကုန်ကျငွေကို ချွေတာရာ ရောက်နိုင်ပေ၏။ ထုတ်ကုန်များသည်လည်း ထင်ရှားပြီး နာမည်ကျော်ကြားပေသည်။ မည်သည့် ဖြန့်ချီရောင်းချသူကမှ ဖုန်းယွီ ကန်ထုတ်မှာကို မလိုလားကြပေ။

“မန်နေဂျာကျော့ ကျွန်တော်တို့ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

“ဘာပြောတာလဲ မန်နေဂျာဝူ ဒါကကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာလေ။ မန်နေဂျာဖုန်း ကျွန်တော်ခင်ဗျားရဲ့ လက်ဆွဲအိတ်ကို သယ်ပေးပါ့မယ်။ ”

မန်နေဂျာကျော့က ပြောလိုက်သည်။

“မလိုပါဘူး။ စကားပြန် ငှားပြီးပြီလား။ ”

“ဟုတ်ကဲ့ သူကဟိုတယ်မှာ စောင့်နေပါပြီ။ ဒီလမ်းပါ။ ကျေးဇူးပြုပြီး ကျွန်တော်ဟိုတယ်ကို မောင်းပို့ပေးပါ့မယ်။ ”

မန်နေဂျာကျော့ကို စန်တနကို မောင်းနှင်သည်။ ထိုခေတ်အခါက ထိုကားသည် အနာဂတ် အေယူဒီ အိုင်အေစစ်ထက် ပိုကောင်းပေသည်။

ဟိုတယ်တွင် သူတို့သည် စကားပြန်နှင့် တွေ့ဆုံကြကာ ဖုန်းယွီသည် မန်နေဂျာကျော့၏ ညစာဖိတ်ကြားမှုကို ငြင်းဆိုလိုက်သည်။ ဖုန်းယွီသည် သူ့အနေဖြင့် ယခုညနေခင်းတွင် လုပ်စရာ တစ်စုံတစ်ခု ရှိသေးသည်ဟု ပြောသည်။ ပြီးနောက် သူ့အနေဖြင့် နောင်လာမည့် နှစ်ရက်အတွင်း အလုပ်ကို အပြီးသတ်ရမည် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် ညစာ စားရအုံးမှာပဲ ဖြစ်ပေ၏။ မန်နေဂျာကျော့သည် စိတ်ပျက်သွားသည်။ သူသည် စားသောက်ဆိုင်ကို ကြိုတင်မှာပြီးဖြစ်သည်။ သူသည် မှာယူမှုကို အလဟသ မဖြစ်စေရန်အတွက် သူ့၏မိတ်ဖက်များကို ခေါ်ခဲ့သည်။

စကားပြန်သည် အသက်သုံးဆယ် အရွယ်ရှိ သတ်လတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် ဂျပန်တွင် လေးနှစ်ကြာ ပညာသင်ကြားခဲ့ပြီး ယခုလက်ရှိတွင် ဂျပန်စာသင်သည့် ဆရာတစ်ယောက်ဖြစ်သည်။ သူက စကားပြန်အဖြစ်လည်း လုပ်သေးသည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် စကားပြန်ကို သူတို့အနေဖြင့် sony၏ ထိပ်တန်း စီမံခန့်ခွဲရေးအဖွဲ့မှ တစ်ယောက်နှင့် မနက်ဖြန်တွင် စကားပြောမည်ဖြစ်ကာ အခြားကုမ္မဏီ၏ ရှယ်ယာများကို ဝယ်ယူခြင်းနှင့် ပတ်သတ်နေကြောင်း ပြောသည်။ ဖုန်းယွီက စကားပြန်ကို စီးပွားရေးဆိုင်ရာ အသုံးအနှုန်းများနှင့် ရင်းနှီးသည်လောဟု မေးခဲ့သည်။ ယင်းက မနက်ဖြန် ဆွေးနွေးမှုတွင် ကောင်းကောင်း အကူအညီ ဖြစ်မည်ဖြစ်ပေသည်။ ထိုနေရာတွင် အမှားတစ်ခုမှ ပါ၍မရပေ။ သူသည် စကားပြန်ကို ဟိုတယ်၏ စားသောက်ဆိုင်တွင် မနက်၇နာရီအရောက် ရှိနေရန် သတိပေးထားသည်။

ထိုညတွင် ဖုန်းယွီသည် ဝူကျီကန်းကို လုပ်စရာရှိသည့် အရာများကို ညွှန်ကြားပြီးနောက် မနက်ဖြန် ဆွေးနွေးမှုအတွက် မှတ်စုထုတ်ရန် လိုအပ်ပေသည်။ ဖုန်းယွီသည် အိပ်ယာပေါ်တွင် အိပ်လိုက်တော့သည်။ ဆယ်မိနစ်ကြာပြီးနောက် ဖုန်းယွီ နိုးလာခဲ့သည်။

ချီးပဲ။ ဒီဝူကျီကန်းရဲ့ ဟောက်သံက အရမ်းကျယ်တာပဲ။ ကောင်းရော။ ငါဒါမှန်းသိရင် စောစောကတည်းက နှစ်ခန်းဘိုကင် လုပ်ထားတာပေါ့။ ဘာလို့ ငွေကြေးချွေတာရတော့မှာလဲ။

“ကျီကန်း ကျီကန်း မင်းမအိပ်ခင် ဘာလို့ ရေမချိုးတာလဲ။ ငါတို့တွေ မနက်ဖြန်ကျရင် ငါတို့ရဲ့ ဆွေးနွေးဖက်နဲ့ တွေ့ရမှာ။ မင်းရဲကအနံ့က တကယ်ဆိုးတယ်။ သွားပြီးရေချိုးချေ။ သေသေချာချာ ဆေးကြောဖို့ မမေ့နဲ့နော်။ ”

နာရီဝက်ခန့်ကြာပြီးနောက် ဝူကျီကန်းသည် ရေချိုးခန်းမှ ထွက်လာသည်။ ပြီးနောက် ဖုန်းယွီကို ရေချိုးရန်အတွက် သတိပေးချင်ခဲ့သည်။ သို့သော် ဖုန်းယွီသည် အိပ်မောကျသွားပြီဖြစ်ကြောင်း သူတွေ့ခဲ့၏။

မနက်၇နာရီတွင် sony၏ ဒုတိယဥက္ကဌ နိုရီယိုအိုခါသည် နိုးလာခဲ့ကာ မနက်စာအတွက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရုတ်တရက်တွင် တရုတ်အမျိုးသားတစ်ယောက်လည်း သူ့ဘေးတွင် ဆင်းလာကာ သူ့အားမျက်စိမျက်နှာ ပျက်စေသည်။

ဘေးပတ်ဝန်းကျင်တွင် စားပွဲအလွတ်များစွာ ရှိနေသေးကာ အဘယ့်အတွက် ထိုလူသည် သူ့၏ဘေးနားတွင် ထိုင်နေရသနည်း။ ထိုကဲ့သို့သော အပြုအမူသည် လက်ခံနိုင်ဖွယ်စရာ မရှိ။

“ဥက္ကဌနိုရီယို အိုဟိုက်ရော။ ”

အာ နိုရိယိုအိုခါသည် တစ်ယောက်ယောက်က ဂျပန်လို မင်္ဂလာနံနက်ခင်းပါလို့ ဆုမွန်ကောင်း စကားဆိုသံကို ကြားလိုက်ရသည်။ ပြီးနောက်သူက ပြန်ပြောသည်။ သူသည် ထိုအမျိုးသားကို သူမည်သည့်အရပ်က လာကြောင်းနှင့် မည်သည့်ငှာနတွင် အလုပ်လုပ်နေကြောင်း မေးသည်။ သူ့၏အတွေးတွင် ထိုလူသည် တရုတ်နိုင်ငံရှိ sony၏ ဝန်ထမ်းဖြစ်မည်ဟု ထင်ခဲ့ကာ ဤနေရာတွင် သူ့အားလာနှုတ်ဆက်ခြင်းပင် ဖြစ်ပေမည်။

ကုမ္မဏီရှိ လူတိုင်းသည် သူ၏အလေ့အကျင့်အကြောင်းကို ကြားဖူးသည်။ သူသည် မနက်ခင်း ၆နာရီခွဲတွင် အိပ်ယာမှထပြီး မနက်၇နာရီတွင် မနက်စာစားသည်။ မနက်စာ စားပြီးနောက် သူအလုပ် စလုပ်တော့သည်။ အကယ်၍ သူ့၏ယာဉ်မောင်း နောက်ကျပါက သူသည် ဒေါသထွက်တော့သည်။

သို့သော် ထိုအမျိုးသား၏ တန်ပြန်စကားက သူမျှော်မှန်းထားသကဲ့သို့ မဟုတ်ပေ။ ထိုအမျိုးသားသည် စကားပြန်တစ်ယောက် ဖြစ်သည်။ ပြီးနောက်သူသည် အခြားစားပွဲရှိ ဧည့်သည်တော်အတွက် အလုပ်လုပ်ပေးနေရခြင်း ဖြစ်သည်။ ထိုဧည့်သည်သည် သူနှင့်အတူတူ စီးပွားရေးနှင့် ပတ်သတ်သည့် ကိစ္စများကို ဆွေးနွေးချင်နေသည်။

သူ၏မနက်စာ စားနေချိန်တွင် နှောက်ယှက်ခံလိုက်ရသည်ကို သူမပျော်ရွှင် ဖြစ်သော်ငြား sonyသည် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းကို ဝင်ချင်ပြီး ယင်းကိစ္စက စီးပွားရေး ကိစ္စဆိုကတည်းက သူသည် အခြားတစ်ဖက် ကုမ္မဏီအကြောင်းကို မေးရန်အတွက် ယဉ်ကျေးစွာ ဆိုရပေသည်။ ထိုစီးပွားရေးက မည်သို့ အမျိုးအစားနည်း။

အခြားတစ်ဖက်လူ၏ တန်ပြန်စကားက သူ့အား ထိတ်လန့်စေ၏။

ဒီလူငယ်လေးက အိုက်ဝရှယ်ယာတွေကို ဝယ်ချင်တာလား။

ဖုန်းယွီသည် မန်နေဂျာကျော့ကို ထိုဟိုတယ်တွင် ဘိုကင်လုပ်ထားရန် တောင်းဆိုခဲ့သည်။ အကြောင်းမှာ ခမဲသာမာစောက နိုရီယိုအိုခါသည် ဤနေရာတွင် တည်းခိုမည်ဆိုသည်ကို သိရှိထား၍ ဖြစ်ပေသည်။ သူသည် နိုရီယိုအိုခါ၏ မနက်၇နာရီတွင် မနက်စာစားတတ်သည့် အကျင့်ကိုလည်း တွေ့ရှိထားပေသည်။ ယင်းက နိုရီယိုအိုခါနှင့် စကားပြောရန်အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

ခမဲသာမာစော ပေးခဲ့သော အချက်အလက်များသည် တကယ်ကို လက်ဆောင်ပင် ဖြစ်ပေသည်။ ဖုန်းယွီကသူ့ကို လုပ်ငန်းစပိုင်အဖြစ် ငှားရန်တောင် တွေးမိပေ၏။

သေချာသည်မှာ စကားပြန်သည် နိုရီယိုအိုခါကို သူ့၏ရည်ရွယ်ချက်အကြောင်းကို စကားပြန်မှတစ်ဆင့် ရှင်းပြပြီးနောက် သူသည် ဖုန်းယွီကို ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ ဖုန်းယွီသည် နိုရီယိုအိုခါဆီသို့ လမ်းလျှောက်လာပြီးနောက် စကားပြန်က သူ့အားမိတ်ဆက်ပေးသည်။

“မစ္စတာဖုန်း ဘာကြောင့် အိုက်ဝကို စိတ်ဝင်စားရတာလဲ။ ”

“ကျွန်တော်က သီချင်းတွေကို ကြိုက်တယ်။ ပြီးတော့ အိုက်ဝရဲ့ နားကြပ်ကတ်စက် သီချင်းအရည်အသွေးကလည်း တကယ်ကို ပြောင်မြောက်လွန်းတယ်။ ပြီးတော့ အိုက်ဝကလည်း ကျွန်တော်ရဲ့ ပထမဦးဆုံး နားကြပ်ကတ်စက်လေ။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် မကြာသေးခင်က အိုက်ဝက ကောင်းကောင်း အလုပ်မဖြစ်ခဲ့ဘူးလို့ ကျွန်တော်ကြားတယ်။ ပြီးတော့ ဒီနှစ်တွေအတွင်းမှာ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်။ ”

ဖုန်းယွီက ဆက်ပြောသည်။

“ကျွန်တော် သိတဲ့အချိန်က ယမန်နှစ် စက်တင်ဘာလ ကတည်းက။ ခင်ဗျားရဲ့ ကုမ္မဏီက အမေရိကန် ပြည်ထောင်စုရဲ့ ကိုလန်ဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးကို ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာ အသုံးပြုခဲ့တယ်။ ပြီးတော့ဒါက sonyရဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု အကြီးဆုံးထဲက တစ်ခုပဲ။ ဒီရင်းနှီးမြုပ်နှံမှုက sonyရဲ့ ရံပုံငွေတွေကို အကြပ်အတည်း ဖြစ်စေခဲ့တယ်။ ဒီနှစ်အစောပိုင်းက sonyကုမ္မဏီရဲ့ ငွေကြေးက တကယ့်ကို စိုးရိမ်စရာ အခြေအနေမှာ ရှိတယ်။ ပြီးတော့ ဒီနှစ်မှာတော့ ဒီအိုက်ဝက sonyအတွက်ကို ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့တယ်။ sonyအနေနဲ့ အိုက်ဝကို ဆက်ပြီးတော့ ဂရုမစိုက်သင့်တော့ဘူး။ အိုက်ဝလိုမျိုး နာမည်ရှိတဲ့ အမှတ်တံဆိပ် တစ်ခုကိုလည်း ကျွန်တော် ဒေဝါလီခံတာမျိုး မဖြစ်စေချင်ဘူး။ ဒါအတွက်ကြောင့်မို့ပဲ sonyကနေပြီးတော့ အိုက်ဝရှယ်ယာတွေကို ကျွန်တော်လိုချင်တာ။ ”

ယမန်နှစ်က ဂျပန်၏ စီးပွားရေး အခြေအနေသည် ကျဆင်းပြီးဖြစ်သည်။ သို့သော် အချို့သော ကော်ပရေးရှင်း အကြီးကြီးများသည် ဆက်လက်ခိုင်မာနေဆဲဖြစ်သည်။ ဥပမာအနေဖြင့် မစ်ဆူဗီရှီသည် နယူးယောက်၏ အထိန်းအမှတ်ဖြစ်သည့် Rockefeller centerကို ယမန်နှစ်က ဝယ်ယူခဲ့ပြီး sonyသည် ကိုလန်ဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးကို ဝယ်ခဲ့သည်။

ယခုအချိန်တွင် ဂျပန်လူမျိုးများသည် ဂုဏ်ယူဝင့်ကြွားနေသေးဆဲဖြစ်ကာ စီးပွားရေး ကျဆင်းမှုသည် အချိန်ခဏသာဖြစ်ပြီး မကြာမီတွင် ပြီးတော့မည်ဟု တွေးကြသည်။ ထိုကုမ္မဏီကြီးများ ရှိနေခြင်းက ဂျပန်သည် ကမ္ဘာ၏ ဒုတိယအကြီးဆုံး စီးပွားရေးကို ရစေခဲ့သည်။ ယင်းက အမေရိကန် ပြည်ထောင်စုကို ကျော်ရန်အတွက် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ဂျပန်ကုမ္မဏီများသည် အမေရိကန် ပြည်ထောင်စု၏ ကုမ္မဏီများကို ကျော်တက်နိုင်ကြပေသည်။ ပြီးနောက် ယင်းက ဂျပန်သည် ဘယ်လောက်သန်မာကြောင်း ကမ္ဘာကြီးကို ပြသနိုင်ပေသည်။ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် သူတို့၏ ကုမ္မဏီများကို ဝယ်ယူသည့်အခါ အမေရိကန် လူမျိုးများအနေဖြင့် တစ်ခုခုမှ လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။

သို့သော် သူတို့မသိကြသည်က ယင်းက အမေရိကန် ပြည်ထောင်စု၏ လျို့ဝှက်အကြံအစည် တစ်ခုသာ ဖြစ်သည်။ ယင်းက စီးပွားရေး ပျက်ဆီးမှုကို ဖန်တီးကာ အဆုံးထိတောင် ပျက်စီးနိုင်ရန်အတွက် ခြေလှမ်းစောင့်ကြိုနေသည်။

sonyသည် အမေရိကန် ပြည်ထောင်စုတွင်ရှိသော အကောင်းဆုံး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္မဏီဟုခေါ်သည့် ကိုလန်ဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးကို ဝယ်ယူခဲ့သော်ငြား သူတို့သည် ထိုရုပ်ရှင်လုပ်ငန်းအနေဖြင့် သူတို့မျှော်မှန်းထားသလို မဖြစ်နိုင်ကြောင်း တွေ့ရှိသွားသည်။ ကိုလန်ဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးသည် sony၏အောက်တွင် မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ်ပေ။ ထိုအစား အရှုံးများကိုသာ ဆက်တိုက် ဖြစ်ပေါ်စေသည်။

ယခုလက်ရှိတွင် sony၏ ရည်မှန်းချက်မှာ မကောင်းသည့် ပိုင်ဆိုင်မှုများကို လက်လွှတ်ပြီး ရံပုံငွေရှာရန်နှင့် ထိုစီးပွားရေး အကြပ်အတည်းကို ကျော်လွှားရန်အတွက်သာ မျှော်လင့်နေသည်။ သူတို့၏ အနာဂတ်သည် တောက်ပမည်ဟု ယုံကြည်မည်ဖြစ်ကာ သူတို့သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကုမ္မဏီနှင့် ဂျပန်သည် စီးပွားရေးနှင့် ပတ်သတ်ပြီး အင်အားအကြီးဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။

ယခုနှစ် အစောပိုင်းက sonyသည် ထိုက်ဟွရှယ်ယာများကို ရောင်းချရန်အတွက် ကြိုးစားခဲ့သည်။ သို့သော် သူတို့၏ ပြိုင်ဘက်များသာ စိတ်ဝင်စားမှုကို ပြသကြသည်။ ပြိုင်ဘက်များ၏ အင်အားကြီးထွားလာမှုကို ဟန့်တားရန်အလို့ငှာ sonyသည် ရှယ်ယာများကို ပြိုင်ဘက်များထံသို့ ရောင်းချခြင်းထက် ဆက်လက် အရှုံးခံရန်သာ ရွေးချယ်ခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်လက sonyသည် ဆုံးရှုံးမှု ကြီးကြီးမားမား ရှိခဲ့သည်။ ထိုကြောင့်သာ မဟုတ်ပါက sonyသည် သူတို့၏ဈေးကွက်ကို တရုတ်နိုင်ငံကို ချဲ့ထွင်မည်မဟုတ်ပေ။ တရုတ်နိုင်ငံ၏ ဈေးကွက်သည် sonyကို ကယ်တင်နိုင်မည်ဟုသာ သူတို့မျှော်လင့်နေသည်။

ယခုလက်ရှိတွင် တစ်ယောက်ယောက်က အိုက်ဝ၏ ရှယ်ယာများကို ဝယ်ယူချင်သည်။ ပြီးနောက် ယင်းက ဝန်ထုတ်ဝန်ပိုးကို လျော့ချရန်အတွက် ကြီးမားသည့် အခွင့်အရေးကြီး ဖြစ်ပေမည်။ သို့သော် နိုရီယိုအိုခါသည် ထိုတရုတ်အမျိုးသားအနေဖြင့် သူ့၏ပြိုင်ဘက်များဆီသို့ ရှယ်ယာများကို ရောင်းချနိုင်မနိုင် စုံစမ်းရပေအုံးမည်။

“မစ္စတာဖုန်း ကျွန်တော်ရဲ့ ကုမ္မဏီအကြောင်း ခင်ဗျားတော်တော်များများ သိထားတာပဲ။ ကျွန်တော်အထင်တော့ ကျွန်တော်တို့တွေ ကောင်းကောင်းဆွေးနွေးလို့ ရပါတယ်။ ”

___

All Chapters