အခန်း (၂၂၇)
Vol. 16 Ch. 227
ပုံမှန်တန်ဖိုးထက် မြင့်သည့်နှုန်း ဖြစ်ရင်တောင်မှ
ရှန်ဟိုင်းတွင် ဆိုနီရုံးခန်း တစ်ခန်းသာရှိသည်။ ပြီးနောက် တရုတ်နိုင်ငံတွင် ရုံးခွဲမဖွင့်ရသေးပေ။ ဆိုနီသည် တရုတ်နိုင်ငံ၏ ဈေးကွက်သို့ ၁၉၉၆ခုနှစ် နှောင်းပိုင်းမှ အပြိုင်အဆိုင် ဝင်ရောက်လာခဲ့သည်။
ဆိုနီ၏ရုံးခန်းတွင် ဖုန်းယွီအနည်းငယ် စိတ်ပျက်သွားသည်။ ရုံးခန်းက ကမ္ဘာပေါ်တွင် နာမည်ကြီးသည့် အမှတ်တံဆိပ်၏ ရုံးခန်း၏ ထင်ရပုံတောင် မရှိပေ။ စက်ယန္တရားကုမ္မဏီတွင် ယခုရုံးခန်းထက် ပို၍ကျယ်ဝန်းသော ရုံးခန်းရှိပေသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းက အတွေးအခေါ် မတူညီသည့်အတွက် ဖြစ်သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသော ရုံးခန်းများကို ဖွင့်လှစ်ကြသည်။ ပြီးနောက် ဂျပန်နှင့် အခြားသော အာရှနိုင်ငံများသည် သူတို့၏ နေရာများကို အပြည့်အဝ အသုံးချနိုင်ရန် ကြိုးပမ်းသည်။ ထပ်ပြောရပါက ဂျပန်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လွန်ခဲ့သည့် နှစ်နှစ်က အမြင့်ဆုံး ဖြစ်ခဲ့သည်။ အနာဂတ်တွင် တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်က ဂျပန်နိုင်ငံထက် ပို၍တောင် ဈေးကြီးမည်ပင်။
နောက်ထပ် အကြောင်းပြချက် တစ်ခုသည် ဆိုနီသည် ကုန်ကျစရိတ်ကို လျော့ချနေပြီး အလုပ်ခန့်အပ်မှုကိုတောင် ရပ်နားထားသည်။ သူတို့အနေဖြင့် ယခုနှစ်အတွက် ကုန်ကျစရိတ် လျော့ချနိုင်ရုံသာရှိသည်။
ဂျပန်စီးပွားရေး လုပ်ငန်းများတွင် စိတ်ဝင်စားစရာကောင်းသည့် စည်းမျဉ်းတစ်ခုရှိသည်။ ယင်းက အနာဂတ်ရှိ နိုင်ငံပိုင် လုပ်ငန်းများ၏ စည်းမျဉ်းနှင့် ဆင်တူပေသည်။ ပထမဦးဆုံး အလုပ်စာချုပ်သည် ဆယ်နှစ်ကျော် လုပ်ရမည်ဖြစ်ပြီး ဒုတိယစာချုပ်သည် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ကာ ပင်စင်မယူခင်အထိ ဖြစ်ပေသည်။ အကယ်၍ ကောင်းကောင်း မလုပ်ဆောင်နိုင်လျှင်တောင် အလုပ်ထွက်ရန် မလိုပေ။
ထိုကဲ့သို့သော ကုမ္မဏီမျိုးတွင် အလုပ်လုပ်ကိုင်သည့် အမျိုးသား အလုပ်သမားများအဖို့ သူတို့လက်ထပ်ပြီးနောက် သူတို့၏လစာ နှစ်ဆဖြစ်သွားသည့် ထုံးစံရှိပေသည်။ ထိုအတွက် အကြောင်းပြချက်က အမျိုးသား အလုပ်သမားများသည် သူ့၏မိသားစုကို စောင့်ရှောက်ရန် တာဝန်ရှိပြီး သူ့၏အမျိုးသမီးသည် အိမ်တွင်နေကာ ကလေးများကို စောင့်ရှောက်နိုင်မည်ဖြစ်သည်။ သို့သော် မိသားစုကို အကြောင်းပြပြီး အလုပ်ကောင်းကောင်း မလုပ်ပါက ကုမ္မဏီအနေဖြင့် အလုပ်ထွက်ရန်အတွက် တောင်းဆိုနိုင်ပေ၏။
စီးပွားရေး မကောင်းလျှင် ကုမ္မဏီအနေဖြင့် မည်သို့လုပ်နိုင်မည်နည်း။ ပထမဦးဆုံးအနေဖြင့် ကုမ္မဏီသည် အချိန်ပိုင်း အလုပ်သမားများကို လျော့ချမည်ဖြစ်ကာ တစ်ဘဝလုံး လုပ်ငန်းလုပ်ကိုင်ရန်အတွက် စာချုပ်မချုပ်ဆိုထားသည့် အလုပ်သမားများကိုလည်း လျော့ချမည်ပင်။ ထိုလျော့ချမှုများထဲတွင် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်နိုင်ငံမှ အလုပ်လာလုပ်သည့် အလုပ်သမားများ ဖြစ်သည်။ ဒုတိယအနေဖြင့် ကုမ္မဏီသည် ဝန်ထမ်းများကို ကုမ္မဏီ၏ အခက်အခဲများအကြောင်း ပြောပြရမည်ဖြစ်ကာ အလုပ်သမားများကို သူကိုယ်တိုင် နှုတ်ထွက်စေရန်အတွက် တောင်းဆိုရမည်ဖြစ်သည်။ ကုမ္မဏီအနေဖြင့် လျော်ကြေးအချို့လည်း ပေးရမည်ဖြစ်သည်။ ၁၉၈၇ခုနှစ်တွင် အိုက်ဝကုမ္မဏီသည် အလုပ်သမား လျော့ချရေးအတွက် ယင်းနည်းလမ်းကို အသုံးပြုခဲ့ကာ သူတို့၏ အလုပ်သမားပေါင်း သုံးထောင်ကျော်မှ တစ်ထောင်ခန့်အထိ လျော့ချပစ်ခဲ့သည်။
ဖုန်းယွီသည် နိုရီယိုအိုခါ၏ ရုံးခန်းတွင် ထိုင်လိုက်ပြီး တစ်စုံတစ်ယောက်က သူတို့ကို လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။ နိုရီယိုအိုခါက ပြောသည်။
“မစ္စတာဖုန်း ကျွန်တော်တို့တွေ ဆွေးနွေးညှိနှိုင်းမှု မစခင်မှာ အိုက်ဝကုမ္မဏီအကြောင်း ခင်ဗျား ဘယ်လောက်များများ သိလဲဆိုတာ ကျွန်တော်အရင်ဦးဆုံး မေးခွင့်ပြုပါ့လား။ ”
ဖုန်းယွီသည် နိုရီယိုအိုခါကို သူအိုက်ဝနှင့် ပတ်သတ်သည့် အကြောင်းများကို အတိုချုံ့ ပြောလိုက်သည်။ သေချာသည်မှာ ဖုန်းယွီအနေဖြင့် နောင်နှစ်နှစ်အတွက် အိုက်ဝ အောင်မြင်ကျော်ကြားမည့် အကြောင်းကိုတော့ မပြောပေ။ သူသည် အိုက်ဝ၏ သမိုင်းကြောင်းနှင့် ယခုလက်ရှိ အခြေအနေမှ အိုက်ဝကို လွတ်မြောက်အောင် သူ့အနေဖြင့် ဦးဆောင်ပြီး ဆောင်ရွက်ချင်တာ ပြောခဲ့သည်။
နိုရီယိုအိုခါက မျက်မှောင်ကြုတ်သွား၏။ အိုက်ဝကို ဦးဆောင်မှာတဲ့လား။ ဒီတရုတ်ကောင်လေးက အိုက်ဝရဲ့ ဥက္ကဌဖြစ်ချင်တာလား။ သို့သော် ဆိုနီနှင့် အိုက်ဝ၏ သဘောတူညီချက် အပေါ်တွင် ဆိုနီသည် အစုရှယ်ယာ ငါးဆယ်ရာခိုင်နှုန်း ကျော်သည့် အဓိကအစုရှယ်ယာရှင် ဖြစ်သော်ငြား ဆိုနီအနေဖြင့် အိုက်ဝ၏ လည်ပတ်မှုနှင့် သက်ဆိုင်သည့် ကိစ္စများတွင် ဝင်ရောက်နှောက်ယှက်ခြင်း မပြုနိုင်ပေ။ ပြီးနောက် အိုက်ဝ၏ ဥက္ကဌမှာ ဟေတယို နာကဂျီမသာ ဖြစ်ရပေမည်။
နိုရီယိုအိုခါပြောတာကို ဖုန်းယွီကြားသည့်အခါ ဖုန်းယွီတမင်တကာဖြင့် မျက်မှောင်ကြုတ်လိုက်ကာ
“ပြဿနာတစ်ခုခုများ ရှိလို့လား။ ဆိုနီက အိုက်ဝရဲ့ အစုရှယ်ယာရှင်တွေကို ထိန်းချုပ်ထားတာ မဟုတ်ဘူးလား။ ”
“မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အိုက်ဝရှယ်ယာရဲ့ ၆၁ရာခိုင်နှုန်းကျော်ကျော်ပဲ ပိုင်ဆိုင်တယ်။ ပြီးတော့ အစုရှယ်ယာ ထိန်းချုပ်ခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ စိတ်ချထားပါ။ ဟေတယို နာကဂျီမက စွမ်းဆောင်ရည် ရှိတဲ့လူပါ။ ပြီးတော့ ဒီရှယ်ယာကို ခင်ဗျားဝယ်ပြီးတာနဲ့ ငွေကြေးဆုံးရှုံးဖို့ဆိုတာက စိတ်ပူစရာ မရှိပါဘူး။ ”
“တကယ်ကြီးလား။ ဒါပေမဲ့ ကျွန်တော် ကြားတာကတော့ သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ အိုက်ဝက နှစ်ဆက်တိုက်ဆိုသလို ငွေကြေးတွေ ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ ယခုလက်ရှိမှာ ယမ်တစ်ဘီလီယံ အကြွေးတွေ ရှိနေတယ်။ ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
နိုရီယိုအိုခါက မှင်သက်သွားသည်။ ဖုန်းယွီထိုအကြောင်းကို သိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။ ယင်းက အမှန်ပင်ဖြစ်သည်။ ယခုလက်ရှိတွင် အိုက်ဝသည် ကောင်းကောင်း အလုပ်ဖြစ်သော်ငြား အကြွေးနွံထဲတွင် ရှိနေဆဲဖြစ်သည်။ တစ်စုံတစ်ယောက်အထက် ကုမ္မဏီတစ်ခု ရှိနေသည့် အကြွေးများသည် သူပြန်လည်ကုစားရန် တန်ဖိုးထက် အဆပေါင်းများစွာ များသည်ကို တစ်စုံတစ်ယောက်အနေဖြင့် ယုံကြည်ရန် ခက်ခဲပေသည်။
ဈေးကွက်ဝေစုကြောင့်သာ မဟုတ်ပါက ဆိုနီသည် အိုက်ဝမှ သူတို့၏ ရင်းနှီးမြုပ်နှံမှုကို ရုတ်သိမ်းမည်ဖြစ်သည်။ သို့သော် ဟေတယို နာကဂျီမက ဆိုနီကို ခြိမ်းခြောက်နိုင်ပေသည်။ ဆိုနီသည် အိုက်ဝကို ရံပုံငွေ မထုတ်ပေးပါက သူ့အနေဖြင့် Panasonic နှင့်အခြားသော ကုမ္မဏီများကို ချဉ်းကပ်နိုင်ပေ၏။ အိုက်ဝအနေဖြင့် ဆိုနီနှင့် အလုပ်တွဲလုပ်မည်မဟုတ်ကာ ဆိုနီနှင့်အတူ ဈေးကွက်ကိုလည်း ထိန်းချုပ်ထားမည် မဟုတ်ပေ။
“မစ္စတာဖုန်း ဘဏ်နှစ်ခုက အိုက်ဝရှယ်ယာရဲ့ (၆)ရာခိုင်နှုန်းခန့် ပိုင်ဆိုင်တယ် ကျွန်တော်တို့ရဲ့ ရှယ်ယာနဲ့ဆိုရင် စုစုပေါင်းရှယ်ယာ (၆၇)ရာခိုင်နှုန်းဖြစ်မယ်။ အဲ့ဒါက ရှယ်ယာတွေကို ထိန်းချုပ်ဖို့အတွက် လုံလောက်ပြီ။ ခင်ဗျားအနေနဲ့ ကုမ္မဏီကို အဲ့ဒီအခါကျရင် ထိန်းချုပ်ချင်သလို ထိန်းချုပ်သွားနိုင်ပြီ။ ”
ဖုန်းယွီက ကျေနပ်သည့် အမူအရာဖြင့် ဆက်ပြောသည်။
“အဲ့ဒါဆိုရင် မစ္စတာနိုရီယိုက အိုက်ဝရှယ်ယာတွေကို ကျွန်တော်ဆီရောင်းဖို့ သဘောတူတယ်လား။ ”
နိုရီယိုအိုခါက အနည်းငယ် ခက်ခဲသည့် ပုံစံဖြင့် ပြန်ပြောလေသည်။
“ကျွန်တော်တို့တွေ စကားမပြောခင်တုန်းက ကျွန်တော်က မန်နေဂျာဖုန်းနဲ့ အခြားကိစ္စတစ်ခုကို ဆွေးနွေးချင်ခဲ့တာ။ မန်နေဂျာဖုန်းအနေနဲ့ ဘယ်ကုမ္မဏီက ကမ္ဘာပေါ်မှာ အကောင်းဆုံး နားကြပ်ကပ်ဆက်ကို ထုတ်လုပ်ထားတာလဲ။ တရုတ်နိုင်ငံမှာရော ကောင်းတဲ့နားကြပ်ကပ်ဆက်တွေ ရှိလား။ ”
ချီး ဘယ်လောက်တောင် အရှက်မရှိ ဖြစ်ရတာလဲ။ မင်းကိုမြှောက်ပင့်စေဖို့အတွက် ငါ့ကိုဒီလိုမျိုး မေးခွန်းမေးလိုက်တာလား။
ဖုန်းယွီ၏အရင်ဘဝတွင် သူကြားဖူးသည့်အရာက ကုမ္မဏီများစွာသည် သူတို့၏ အမှတ်တံဆိပ်ကသာ အကောင်းဆုံးဟု စွဲမြဲစွာယုံကြည်ကြပြီး သူတို့၏ အမှတ်တံဆိပ်ကို အခြားသူများကို ရောင်းလျှင်တောင်မှ ထိုသို့သောစိတ်ထားမျိုး ရှိဆဲဖြစ်သည်။ အကယ်၍ အခြားဝယ်ယူသူအနေဖြင့် သူတို့၏ အမှတ်တံဆိပ်ကို ချီးမွန်းခြင်း မပြုပါက ကုမ္မဏီသည် အမှတ်တံဆိပ်ကို ရောင်းချမည် မဟုတ်ပေ။ ဥပမာအနေဖြင့် Volvoမှ Geelyသို့ ရောင်းချခြင်းပင်ဖြစ်သည်။
ဖုန်းယွီအနေဖြင့်လည်း ဂျပန်လူမျိုးများအနေဖြင့် ယခုကဲ့သို့ ပြုမူမည်ဟု လုံးဝမမျှော်လင့် ထားခဲ့ပေ။ ယခုလက်ရှိတွင် အိုက်ဝသီချင်း အရည်အသွေးက ဆိုနီထက်ကောင်းမှန်း လူတိုင်းသိကြပေသည်။
ဖုန်းယွီက ပြောသည်။
“ဆိုနီက နံပါတ်တစ် ပြီးတော့ အိုက်ဝကလည်း ထိပ်ဆုံးသုံးခုထဲက တစ်ခုလို့ စဉ်းစားလို့ရနိုင်တယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ ဒီလိုမျိုး အရည်အသွေးကောင်းတဲ့ နားကြပ်ကပ်ဆက် ထုတ်လုပ်တဲ့လူတွေ မရှိသေးပါဘူး။ ”
စပိုင်များကို တရုတ်က ခုခံသည့်အတွက်ကြောင့် တိတ်ကတ်ဆက်များကိုသာ ထုတ်လုပ်နိုင်ပြီး ယင်းကို သီချင်းဖွင့်သည့် စက်ဟုသာ စဉ်းစား၍ရနိုင်ပေသည်။ ပြီးနောက် အသံသွင်းရန်အတွက်လည်း ခလုတ်လည်း မပါရှိပေ။ ယခုလက်ရှိတွင် ထိုစည်းမျဉ်းသည် ဖြေလျော့သွားပြီဖြစ်သည်။ သို့သော် အလွယ်တကူ သယ်ဆောင်နိုင်သည့် သီချင်းဖွင့်စက်များတွင် အသံဖမ်းသည့် လုပ်ဆောင်ချက်မျိုး မပါဝင်သေးပေ။ တရုတ်နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ အတွင်းသာ အသံဖမ်းသည့် ဖောင်တိန်များကို အသုံးပြုကြပေသည်။
“မစ္စတာဖုန်း ကျွန်တော်အနေနဲ့ တရုတ်နိုင်ငံကို အောက်ငုံ့ကြည့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ယခုလက်ရှိမှာ ဆိုနီနဲ့အိုက်ဝက ကမ္ဘာအကောင်းဆုံး နားကြပ်ကပ်ဆက် အမှတ်တံဆိပ်တွေ ဆိုနီနဲ့အိုက်ဝက မိတ်ဖက် ပြိုင်ဘက်အဖြစ် အတူတကွ အလုပ်လုပ်ဖို့အတွက် သဘောတူညီထားတယ်။ ပြီးတော့ Panasonicနဲ့ အခြားအမှတ်တံဆိပ်တွေကို နားကြပ်ကပ်ဆက်ကနေ ထုတ်ဖို့အတွက်ကိုလည်း အချင်းချင်း သံဓိဠာန်ချထားကြတယ်။ ကျွန်တော်အနေနဲ့ ဒီအိုက်ဝရှယ်ယာတွေကို ခင်ဗျားကို ရောင်းချပြီးတဲ့အခါမှာလည်း ဒီသဘောတူညီချက်ကို ခင်ဗျားဆက်လက် စွဲကိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ”
မိတ်ဖက်တွေ ဆက်ဖြစ်ဖို့လား။ ယင်းက ဖုန်းယွီမျှော်လင့်နေသည့် အရာဖြစ်သည်။ အကယ်၍ ဆိုနီသာ ဈေးကွက်ဝေစုကို ပိုရရန်အတွက် ကြိုးပမ်းအားထုတ်ရန်အတွက် အရင်းအမြစ်များကို ထည့်မည်ဟု ဆုံးဖြတ်ပါက သူတို့အနေဖြင့် ဆုံးရှုံးမည်ဖြစ်ပေသည်။ သို့သော် အိုက်ဝအတွက် ယင်းက လွယ်လင့်တကူ ဖြေရှင်းရနိုင်သည့် ကိစ္စဖြစ်သည်။
ဖုန်းယွီ၏ လက်ရှိအင်အားသည် ဆိုနီကဲ့သို့ MMCနှင့် ယှဉ်ပြိုင်ရန်အတွက် လုံလောက်ခြင်း မရှိပေ။ ဆိုနီနှင့် အလုပ်တွဲလုပ်ခြင်းဖြင့် သူ့အနေဖြင့် Panasonic Toshibaနှင့် အခြားသော အမှတ်တံဆိပ်များကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
နားကြပ်ကပ်ဆက် ဈေးကွက်ကို ယခုလက်ရှိတွင် အပိုင်းသုံးပိုင်း ပိုင်းခြားထားသည်။ ဆိုနီသည် ဦးဆောင်သူဖြစ်ပြီး ဈေးကွက်၏ လေးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အိုက်ဝသည် ဒုတိယဖြစ်ကာ ဈေးကွက်၏ သုံးဆယ်ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ ကျန်သည့် ကုမ္မဏီများသည် ကျန်ရှိသည့်အပိုင်းကို ခွဲဝေယူကြရသည်။
“ကောင်းပြီ။ ကျွန်တော်အနေနဲ့ ဒီအမှတ်တံဆိပ် မိတ်ဖက်ကို သဘောတူပါတယ်။ မစ္စတာနိုရီယိုအနေနဲ့ တစ်ခြားမေးစရာတွေ ရှိသေးသလား။ ကျွန်တော်တို့တွေ ရှယ်ယာရဲ့ ဈေးနှုန်းအကြောင်းကို စပြီးပြောလို့ရနိုင်မလား။ ”
ဖုန်းယွီသည် ယခုစည်းမျဉ်းကို စဉ်းစားရန်အတွက် ဟန်ဆောင်လိုက်ပြီး သဘောတူလိုက်သည်။ သူ့အနေဖြင့် ယင်းကို လက်မခံပါက အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
နောင်နှစ်နှစ်အတွင်း ဆိုနီသည် နောင်တရလိမ့်မည်။ နားကြပ်ကပ်ဆက် ဈေးကွက်ကို အပိုင်းသုံးပိုင်း ခွဲနိုင်တော့မည် မဟုတ်ပေ။ ပြီးနောက် အိုက်ဝတစ်ခုတည်းသာ ဈေးကွက်၏ ငါးဆယ်ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်မည် ဖြစ်ပေသည်။
“အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ် ငါ့အနေနဲ့ ရှယ်ယာရှင်တွေကို ဆိုနီပိုင်ဆိုင်တဲ့ အိုက်ဝရဲ့ ရှယ်ယာတွေကို မင်းကိုရောင်းချဖို့အတွက် ရှယ်ယာရှင်တွေကို နားချပေးနိုင်တယ်။ ”
အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ် ချီး။ မင်းကအိုက်ဝရဲ့ ဈေးကွက်တန်ဖိုးကို ငါမသိဘူးလို့ တွေးနေတာလား။ ဖုန်းယွီသည် သတ်မှတ်တန်ဖိုးထက် မြင့်သည့်ဈေးကို လက်ခံနိုင်သည်။ သို့သော် သူ့အနေဖြင့် ဈေးကွက်ပေါက်ဈေးတန်ဖိုးထက် သုံးဆကျော်ခန့်မြင့်သည့် ပမာဏကိုတော့ လက်ခံမည်မဟုတ်ပေ။
“မစ္စတာနိုရီယို အိုက်ဝရဲ့အကြွေးက နည်းတဲ့ပမာဏမဟုတ်ဘူး။ တကယ်လို့ ယခုပဲ အိုက်ဝရဲ့အကြွေးတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ကျွန်တော်အနေနဲ့ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကို လက်ခံပေးနိုင်ပါတယ်။ အိုက်ဝရဲ့ ဈေးကွက်တန်ဖိုးက ယမ်း၁.၂ဘီလီယမ်တောင် မရှိဘူး။ ပြီးတော့ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်လို့ ဘယ်လိုလုပ် ထွက်လာနိုင်ရတာလဲ။ တကယ်လို့ အိုက်ဝရဲ့အကြွေးကို ခင်ဗျားတို့ မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်ရဲ့ အမြင့်ဆုံး ကမ်းလမ်းချက်က အမေရိကန်ဒေါ်လာ ငါးသန်းပဲဖြစ်မယ်။ ”
ရှယ်ယာအချိုးအစားပေါ် မူတည်တွက်ချက်ပါက ဆိုနီသည်လည်း အကြွေးအတွက် အမေရိကန်ဒေါ်လာ ၁၅သန်း ပေးဆောင်ရန်အတွက် တာဝန်ရှိပေသည်။ ပြီးနောက် ရှယ်ယာများသည် အမေရိကန်ဒေါ်လာ ၆သန်းသာ တန်ဖိုးရှိပေသည်။ ဖုန်းယွီ၏ ကမ်းလှမ်းမှုက အလွန်ပင် နည်းလွန်းသည်။
နိုရီယိုအိုခါသည် အံ့သြမှင်သက်စွာဖြင့် ရယ်လိုက်တော့သည်။
“မစ္စတာဖုန်း ကျွန်တော်တို့အနေနဲ့ အကြွေးတွေကို ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ ကုမ္မဏီရဲ့ ငွေကြေးကလည်း အခုလက်ရှိမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ။ ဒါပေမဲ့ အိုက်ဝရှယ်ယာအတွက် အမေရိကန်ဒေါ်လာ ၅သန်းကတော့ ကျွန်တော်တို့အနေနဲ့ ဈေးကွက်တန်ဖိုးထက် နည်းတဲ့ကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ဘူး။ အမေရိကန်ဒေါ်လာ ၁၀သန်းဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်အနေနဲ့ ရှယ်ယာရှင်တွေနဲ့ ညှိနှိုင်းနိုင်တယ်။ ပြီးတော့ ခင်ဗျားနဲ့စာချုပ်ကို မြန်နိုင်သမျှမြန်မြန် ချုပ်ဆိုနိုင်တယ်။ ”
“အာ မစ္စတာနိုရီယို ရှယ်ယာရှင်တွေကို ဆွေးနွေးနိုင်မယ်ဆိုတာ သေချာရဲ့လား။ ”
“အဲ့ကိစ္စအတွက် ဘာမှပြဿနာ ရှိမှာမဟုတ်ဘူး ”
နိုရီယိုအိုခါက တွေးတောနေသည်။ အိုက်ဝ၏ ရှယ်ယာများကို ရှယ်ယာရှင်များအနေဖြင့် ဘယ်လောက်တောင် ရောင်းချချင်လည်း ဆိုသည့်အချက်ကို ဖုန်းယွီမသိပေ။ သူသည် အိုက်ဝကို အပြီးအပိုင်ဝယ်ရန် အကြံဉာဏ် ပေးသည့်အခါ ကုမ္မဏီအနေဖြင့် ဒုတိယအကြိမ် ငွေများကိုဖြည့်သည်။ ထို့အတွက် သူသည် ရှယ်ယာရှင်များ၏ ငေါက်မှုကို ခံခဲ့ရသည်။
“အဲ့ဒါဆိုရင် ကျွန်တော်ရဲ့ ကမ်းလှမ်းမှုကို နည်းနည်းလေး တိုးပေးမယ်။ အမေရိကန်ဒေါ်လာ ၆သန်း။ ”
ဝယ်ယူသူသည် ရှယ်ယာများကို ရူးရူးနှမ်းနှမ်းဖြင့် ဝယ်ယူချင်နေသည်။ ပြီးနောက် အခြားတစ်ဖက်သည်လည်း ရှယ်ယာများကို နှစ်များစွာကတည်းက ရောင်းချချင်နေသည်။ ဆွေးနွေးညှိနှိုင်းမှုသည် နာရီဝက်ခန့်အတွင်း ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံး ဈေးနှုန်းကိုလည်း သတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်။ အမေရိကန်ဒေါ်လာ ၇.၂သန်းဖြစ်သည်။
ထိုဈေးနှုန်းသည် ဈေးကွက်တန်ဖိုးထက် ၂၀ရာခိုင်နှုန်းခန့် ပိုများသော်ငြား အိုက်ဝ၏ နောင်လာမည့် နှစ်နှစ်၏ အကျိုးအမြတ်နှင့်ဆိုလျှင် ယင်းကသေးငယ်သည့် ပမာဏလေးသာ ဖြစ်ပေသည်။
___