← Chapters

သတင်းကောင်း

Vol. 16 Ch. 228

သတင်းကောင်း

Vol. 16 Ch. 228

ဖုန်းယွီနှင့် နိုရီယိုအိုခါသည် သူတို့ဆွေးနွေးပြီးနောက် စာချုပ်ချုပ်ဆိုခြင်း မရှိပေ။ အကြောင်းမှာ နိုရီယိုအိုခါအနေဖြင့် ဘုတ်အဖွဲ့ကို ယခုကိစ္စနှင့်ပတ်သတ်ပြီး အစီရင်ခံစာတင်ရန် လိုအပ်သည့်အတွက် ဖြစ်သည်။ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ သဘောတူပြီးနောက် သူ့အနေဖြင့် ဖုန်းယွီနှင့် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။ နိုရီယိုအိုခါသည် သဘောတူရန်အတွက် အခက်အခဲ ရှိမည်မဟုတ်ကြောင်း ကတိပေးထား၏။ ဖုန်းယွီသည်လည်း ပြဿနာ ရှိလိမ့်မည်မဟုတ်ဟု ခံစားမိသည်။ အိုက်ဝသည် အကြွေးများကို ယခုနှစ်နှစ်အတွင်း လျော့ချနိုင်မည်ဖြစ်သည်။ သို့သော် ထိုအကြွေးများသည် ဈေးကွက်တန်ဖိုးနှင့်ယှဉ်လျှင် အနည်းငယ် များနေသေးသည်။ အိုက်ဝသည် စက်ရုံအသစ်ကို တည်ဆောက်ချင်နေဆဲဖြစ်ပြီး အကြွေးများလည်း တက်နေသည်။ ဟေတယို နာကဂျီမ၏ စီမံခန့်ခွဲမှုက ကုမ္မဏီ၏ ရှယ်ယာရှင်များကို အလွန်မပျော်ရွှင် ဖြစ်စေခဲ့သည်။

အကြွေးနွံထဲရောက်နေပြီ လုပ်ငန်းက ထပ်ချဲ့ချင်သေးတုန်းလား။

ဆိုနီသည်လည်း လွန်ခဲ့သည့် နှစ်နှစ်က ကောင်းကောင်းအလုပ် မဖြစ်ခဲ့ပေ။ ပြီးနောက် ဖုန်းယွီ၏ကမ်းလမ်းမှုကို ငြင်းဆိုရန်အတွက် သူတို့တွင် အကြောင်းပြချက် မရှိပေ။ နိုရီယိုအိုခါသည် ဖုန်းယွီကို စာချုပ်ချုပ်ရန်အတွက် တစ်ပတ်အတွင်း တရုတ်နိုင်ငံကို ပြန်လာမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

ဖုန်းယွီသည် ဘင်းမြို့တော်သို့ ပျော်ရွှင်စွာဖြင့် ပြန်သွားပြီး သူ၏နောက်ဆုံး စာမေးပွဲအတွက် ပြင်ဆင်တော့သည်။ ဝိဇ္ဇာတွဲကို သူယူခဲ့ပြီးကတည်းက သူ့အနေဖြင့် စာပေများကို ကျက်မှတ် မှတ်သားရန် လိုအပ်သည်။ သို့သော် ယင်းက ဖုန်းယွီမတော်သည့် နေရာဖြစ်သည်။ သူ့၏အရင်ဘဝ အသိဉာဏ်နှင့်ဆိုလျှင် ဖုန်းယွီ၏ ရလဒ်သည် ယခင်ပထမနှစ်ထက်တောင် ပို၍ကောင်းပေမည်။

....

အတန်းပိုင်ဆရာသည် အတန်းရှေ့တွင် ရပ်နေပြီး ကျောင်းသားများကို ခွန်အားပေးနေသည်။ အတန်းပိုင်ဆရာသည် ကျောင်းသားများကို စာမေးပွဲနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်ခြင်းမရှိရန် ပြောဆိုသည့်အချိန်တွင် ဖုန်းယွီ၏ ပေဂျာသည် မြည်လာတော့သည်။

ဆရာက ဖုန်းယွီကို အတန်းအပြင်ဘက်တွင် ရပ်ရန်မပြောခင် ဖုန်းယွီသည် အတန်းထဲမှ ထွက်သွားခဲ့သည်။ အခြားကျောင်းသားများသည်လည်း ဖုန်းယွီသည် ပြောနေသည်ကို နားထောင်ခြင်း မရှိသည်ကိုသိပြီး အတန်းအပြင်ဘက်တွင်သာ ရပ်နေသည်။ ဖုန်းယွီအတန်းထဲတွင် ရှိနေသည့်အချိန်တွင် သူသည် ပျောက်ကွယ်သွားတတ်၏။

“အခုသတင်းစာဖတ်လိုက် ”

လီရှစ်ချင်က ဖုန်းထဲမှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

?

“ဆရာစော ဒီနေ့သတင်းစာ ဖတ်ပြီးပြီလား။ ”

“ငါလား အရင်ပတ်တုန်းက သတင်းစာကိုပဲ ငါဖတ်ရသေးတယ်။ တကယ်လို့ မင်းဒီနေ့သတင်းစာ ဖတ်ချင်တယ်ဆိုရင်တော့ ကျောင်းအပြင်မှာပဲ ရှိလိမ့်မယ်။ ပြီးတော့ ပထမဦးဆုံး လမ်းဆုံရဲ့ဘယ်ဘက်မှာ သတင်းစာရောင်းတဲ့ဆိုင် ရှိတယ်။ ”

ကျောင်း၏သတင်းစာသည် ကျောင်းခေါင်းဆောင်များအတွက်သာ ဖြစ်သည်။ ခေါင်းဆောင်များ ဖတ်ပြီးနောက် ထိုသတင်းစာသည် ဆရာ၊ဆရာမများအလှည့် ရောက်သည်။ ပြီးနောက် မစ္စတာစော၏အလှည့် ရောက်၏။

ဖုန်းယွီသည် ကျောင်းမှထွက်လာပြီးနောက် သတင်းစာရောင်းသည့်ဆိုင်ကို ရှာတော့သည်။

ဖုန်းယွီသတင်းစာ ရောင်းသည့်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့၏။

“နိုင်ငံတော်သည် သြဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလ အစောပိုင်းအတွင်း စတော့အိပ်ချိန်း ဈေးကွက်ကို တည်ထောင်ရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။ ပထမသုတ်အနေဖြင့် အစုရှယ်ယာစာရင်းဝင် ကုမ္မဏီ(၁၈)ခုရှိပြီး စာရင်းမှာ Vacuum အီလက်ထရောနစ်၊.... ”

ဟား ဟား ဟား ဟား စတော့အိပ်ချိန်း ဈေးကွက်က အရင်ကထက်တောင် ပိုပြီးစောဖွင့်ပါလား။

စတော့အိပ်ချိန်းဈေးကွက်တွင် အစုရှယ်ယာစာရင်းဝင် ကုမ္မဏီ(၁၈)ခု ရှိပေသည်။ အရင်ဘဝတွင် ဖုန်းယွီမှတ်မိသည်က အစုရှယ်ယာစာရင်းဝင် ကုမ္မဏီ(၁၃)ခုသာ ရှိခဲ့သည်။ ထိုအစုရှယ်ယာ စာရင်းဝင် ကုမ္မဏီ(၁၃)ခုတွင် ရှန်ဟိုင်းမှ(၈)ခု၊ ပန်မြို့တော်မှ (၅)ခုဖြစ်သည်။ ထိုကုမ္မဏီ(၁၃)ခုသည် နှောင်းပိုင်းတွင် ရှန်ဟိုင်း(၈)နှင့် ပန်(၅)ဆိုပြီး ရင်းနှီးမြုပ်နှံသူများက သိကြပေသည်။

အကြောင်းမှာ ထိုရှယ်ယာကုမ္မဏီ (၁၃)ခုသည် ဈေးကွက်ကို ပိုင်ပြီး ရှယ်ယာဈေးများလည်း ဆက်မြှင့်သည့်အတွက်ပင် ဖြစ်သည်။

ဖုန်းယွီသည် ရှယ်ယာများကို စုဆောင်းစဉ်အခါက သူ့၏အဓိက ရှယ်ယာများသည် ထိုကုမ္မဏီ (၁၃)ခုမှ ရှယ်ယာများဖြစ်သည်။ သို့သော်သူသည် အခြားအစုရှယ်ယာဝင် ကုမ္မဏီများ၏ ရှယ်ယာများကိုလည်း ဝယ်ခဲ့သည်။ နောင်လာမည့်နှစ်က တရုတ်နိုင်ငံ၏ ပထမဦးဆုံး နွားသိုးဈေးကွက်ဖြစ်သည်။

ရှယ်ယာကုမ္မဏီ (၁၃)ခု၏ ရှယ်ယာများသည် အနည်းဆုံး (၈)ခေါက် ပိုများမည်ဟု ဖုန်းယွီခန့်မှန်းရပြီး Vacuum အီလက်ထရောနစ်၏ ရှယ်ယာများ၏ တန်ဖိုးသည် အဆ(၂၀)ကျော် များသွားမည်ဖြစ်သည်။ အခြားသော အစုရှယ်ယာများကြောင့် ဖုန်းယွီသည် လီရှစ်ချင်နှင့် အခြားသူများကို အမြတ်အနေဖြင့် သုံးဆမှ ငါးဆထိရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ယခုလက်ရှိတွင် အစုရှယ်ယာဝင် ကုမ္မဏီများ၏ စာရင်းသည် ဆက်လက်များပြားပါက သူတို့အနေဖြင့် ပိုပြီးပိုက်ဆံရမည်ပင်။

စတော့ဈေးကွက်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနိုင်သည့် လေ့လာမှုများကြောင့် အစုရှယ်ယာစာရင်းဝင် ကုမ္မဏီများကို နိုင်ငံတော်က ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ ကုမ္မဏီ(၁၃)ခုသာ ရှိပါက အစုရှယ်ယာသည် အလွန်နည်းပါးမည် ဖြစ်ပေသည်။ အနည်းဆုံးအနေဖြင့် ယခုလက်ရှိ စီးပွားရေး ပညာရှင်များကို သူ့၏အရင်ဘဝထက် ဖုန်းယွီသည် အန္တရာယ်ကို ပိုပြီးစွန့်စားရန်အတွက် ဆန္ဒရှိကြောင်း ပြောချင်ပေသည်။

သို့သော် နောက်ထပ် ဖြစ်နိုင်သည့်အရာလည်း ရှိပေသည်။ ယခုလက်ရှိတွင် စာရင်းဝင် ကုမ္မဏီများသည် များပြားပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် ရွေးချယ်စရာ များစွာရှိလာသည်။ ယင်းက စတော့များ၏ ဈေးနှုန်းကို မြန်မြန်ဖြင့် မတိုးတက်နိုင်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော် ဖုန်းယွီသည် ယခုလက်ရှိ တရုတ်နိုင်ငံ၏ ပေါ်လစီများကို သုတေသန ပြုလုပ်ခဲ့ပြီး သူ့၏အရင်ဘဝကလောက် အများကြီး ကွဲပြားခြားနားခြင်း မရှိပေ။ ပေါ်လစီများသည် လူများကို ငွေရေးကြေးရေးကိစ္စများတွင် ရင်းနှီးမြုပ်နှံရန် တွန်းအားပေးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးစွဲရန်အတွက် တွန်းအားပေးခြင်း ဖြစ်သည်။ ယခုလက်ရှိ စတော့ဈေးကွက်သည် သူ့၏အရင်ဘဝကလောက် ကြွယ်ဝချမ်းသာပေသည်။ ရှယ်ယာဈေးနှုန်းသည်လည်း မြင့်နေဆဲဖြစ်သည်။

ယခုလက်ရှိတွင် ဖုန်းယွီသည် သန်းနှစ်ရာကျော်တန်ဖိုးရှိ ရှယ်ယာများကို ပိုင်ဆိုင်ပြီ။ သို့သော် ထိုငွေပမာဏသည် သူ့အားအဓိက ကစားသူအဖြစ် လုံလောက်ခြင်း မရှိသေးပေ။ နောက်တစ်နှစ် ယခုလိုနေ့တွင် ဖုန်းယွီ၏ရှယ်ယာသည် သူရင်းနှီးမြုပ်နှံတာထက် သုံးဆကျော် အကျိုးအမြတ် ရရှိမည် ဖြစ်ပေသည်။

ဈေးကွက်အဓိက ကစားသူ ဖြစ်ရန်အတွက် လွယ်ကူသည့်အရာ မဟုတ်ပေ။ လွှဲပြောင်းမှုများကို ကိုယ်တိုင်ကိုယ်ကျ သွားလုပ်ရသည်။ ပြီးနောက် လွှဲပြောင်းရသည့် ပမာဏသည်လည်း အလွန်များပြားပေသည်။ မလိုလားအပ်သည့် အာရုံစိုက်မှုမျိုးကို ရရန်အတွက် ပိုလွယ်ကူစေသည်။ အစိုးရအရာရှိ အချို့အနေဖြင့် ဖုန်းယွီကို အာရုံစိုက်မိလျှင် မည်သို့ဖြစ်မည်နည်း။

ဖုန်းယွီ၏ ဗျူဟာသည် စောင့်ဆိုင်းရန်ဖြစ်သည်။ စတော့အိပ်ချိန်းသည် ယခုမှ စတင်ခြင်းဖြစ်သည်။ နေ့စဉ် ယွမ်သန်းအနည်းငယ်သာ လွှဲပြောင်းမှု ရှိဆဲဖြစ်သည်။ ဖုန်းယွီ၏ အရင်ဘဝတွင် စတော့ဈေးကွက်၏ အမြင့်ဆုံးအချိန်မှာ ကြီးမြတ်သည့် ခေါင်းဆောင်တစ်ဦးက တောင်ပိုင်းသို့ ရောက်ရှိချိန်တွင် ပြောသည့်မိန့်ခွန်းတစ်ခုကြောင့် ဖြစ်သည်။ ယင်းက ၁၉၉၂မေလဝန်းကျင်တွင် ဖြစ်သည်။ စတော့ဈေးကွက်သည် ရက်ဆက်တိုက်အတွင်း တစ်ရာရာခိုင်နှုန်းကျော် များပြားသွားခဲ့သည်။ ထိုအချိန်က မတည်ငြိမ်မှုကို လျော့ချရန်နှင့် ဈေးကွက်တည်ငြိမ်စေရန် ဈေးနှုန်းကန့်သတ်ချက် မူဝါဒများ မရှိသေးပေ။

စတော့အိပ်ချိန်းသည် ရှေ့သို့ရောက်လာမည် ဆိုကတည်းက ကြီးမြတ်သည့် ခေါင်းဆောင်တစ်ဦး၏ တောင်ပိုင်းသို့ သွားရောက်မှုသည်လည်း စောရောက်လာမည် မဟုတ်ပေလော။ နွားသိုးဈေးကွက်က စောစောစတင်မည်လော။

ဖုန်းယွီက ယင်းကဖြစ်နိုင်ချေများသည်ဟု ခံစားမိသည်။

သို့သော် ဖုန်းယွီသည် သူ့၏ရှယ်ယာ အနည်းငယ်ကိုသာ ကုန်သွယ်ရန်အတွက်သာ အသုံးပြုနိုင်ပေသည်။ ကုန်သွယ်ရာမှ ရရှိသည့် အကျိုးအမြတ်သည်လည်း နည်းသည်မဟုတ်ပေ။ ပြီးနောက် ယင်းက တရားမဝင်လည်း မဟုတ်ပေ။ ပြဿနာက အနည်းငယ် အခက်တွေ့ခြင်းသာ ဖြစ်သည်။

ထိုခေတ်အခါက Onlineမှ ရောင်းဝယ်မှုမျိုးလည်း မရှိပေ။ ဖုန်းယွီအနေဖြင့် ကောင်တာမှတစ်ဆင့်သာ ရောင်းဝယ်နိုင်ပေသည်။

....

ဖုန်းယွီသည် ထိုက်ဟွကုန်သွယ်ရေး၏ အစည်းအဝေး ခန်းမထဲတွင် ထိုင်နေကာ လူတိုင်းကို သတင်းကောင်း မျှဝေမည်ဖြစ်သည်။

စတော့အိပ်ချိန်း စတင်တည်ထောင်ပြီးကတည်းက စတော့၏ ဈေးနှုန်းသည်လည်း အစပိုင်းတွင် အပြင်းအထန်ဖြင့် မြင့်တင်လာခဲ့သည်။ ပြီးနောက် နောက်နှစ်တွင် သူတို့ပိုင်ဆိုင်သည့် ရှယ်ယာများ၏တန်ဖိုးသည် အနည်းဆုံး နှစ်ဆခန့် ဖြစ်လာမည်ပင်။

လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ ဖုန်းယွီက သူတို့ကို တစ်နှစ်၊နှစ်နှစ်အတွင်း သူတို့ပိုင်ဆိုင်သည့် ရှယ်ယာများသည် အရင်ကထက် နှစ်ဆမှသုံးဆ မြင့်တက်မည်ဟု ပြောခဲ့သည်။ သူတို့သည် အစက တွေဝေပြီး စိုးရိမ်နေခဲ့သည်။ သို့သော် ယခုတွင် ရှယ်ယာများ၏ တန်ဖိုးက မြင့်လာပြီဖြစ်သည်။

ယနေ့ကြေညာပြီးနောက် လီရှစ်ချင်နှင့် ဝန်ထမ်းအချို့သည် ဘဏ်ကိုသွားပြီး မေးခဲ့သည်။ ရှယ်ယာ၏ဈေးများသည် အနည်းငယ် မြင့်တက်လာပြီပင်။

သို့သော် ကြီးမားသည့် လှိုင်းလုံးကြီးတော့ ပေါ်လာခဲ့ခြင်း မရှိပေ။ သူတို့သည် အကျိုးအမြတ်များများ ရရှိနေပြီဖြစ်သည်။ ယခုလက်ရှိတွင် သူတို့အားလုံးက ဖုန်းယွီပြောသည်ကို ယုံကြည်နေကြပြီဖြစ်သည်။

အစည်းအဝေးပြီးနောက် လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် လီရှစ်ချင်ဖြစ်သည်။ ယခုလက်ရှိတွင် သူသည် ဖုန်းယွီသူ့ကို ဘဏ်မှချေးငွေရယူပြီး ရှယ်ယာများကိုဝယ်ရန် ဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဟု သူခံစားနေရသည်။

ချေးငွေပေးရသည့် အတိုးနှုန်းသည် ရှယ်ယာဈေးကွက်၏ ရသည့်ပမာဏနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်ပေ။ စတော့အိပ်ချိန်း၏ ပြီးမြောက်သည့်အချိန်ကို သူစိတ်အားထက်သန်စွာဖြင့် စောင့်နေတော့သည်။ မကြာမီတွင် အိပ်ချိန်း စတင်ဖွင့်တော့မည်ဖြစ်သည်။ စတော့အိပ်ချိန်း စောစောလည်ပတ်လေ သူ၏ပိုက်ဆံ စောစောမြင်ရလေဖြစ်သည်။

ဖုန်းယွီသည် သူ၏မေးစေ့ကိုပွတ်ပြီး စတော့ဈေးကွက်အကြောင်း တွေးနေသည်။ နောက်နှစ် January လတွင် စတော့ဈေးကွက်သည် ကျသွားမည်ဖြစ်ပြီး ဖုန်းယွီအနေဖြင့် သူ၏ရှယ်ယာများကို အနာဂတ်တွင် ရောင်းဝယ်ရန်အတွက် အစီအစဉ် ချနေသည်။ ပြီးနောက် သူ့အနေဖြင့် သူ့ပိုက်ဆံများအားလုံးကို စတော့ဈေးကွက်တွင် ပြန်လည်ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ ထိုအချိန်တွင် သူ၏ပိုင်ဆိုင်မှုသည် အရာတော်တော်များများ လုပ်ရန်အတွက် လုံလောက်မည် ဖြစ်ပေသည်။

____

All Chapters