ဖူမိသားစုသည် အလွန်မြန်ဆန်လွန်း
Vol. 16 Ch. 230
နှစ်ရက်တောင် မကြာသေးခင် ခမဲသာမာစောသည် ဖုန်းယွီကို သတင်းဆိုးများကို အကြောင်းကြားလာသည်။ အိုက်ဝ၏ အခြားရှယ်ယာရှင်များသည် သူတို့၏ ရှယ်ယာရှင်များ ရောင်းချရန်အတွက် ငြင်းဆိုပြီး ရှယ်ယာများကို ရောင်းချရန် သဘောတူထားသည့် ဘဏ်နှစ်ခုတောင် သူတို့၏စိတ် ပြောင်းသွားခဲ့သည်။
ယင်းက ပြောသည်ကား ထိုဝယ်ယူမှုတွင် ရှယ်ယာဝယ်ယူသူ အသစ်ပါဝင်နေသည်။ ထိုရှယ်ယာဝယ်ယူသည့်သူ အသစ်သည် အိုက်ဝနှင့် ပတ်သတ်ဆက်နွယ်နေသည်။ ဖုန်းယွီအနေဖြင့် ထိုဝယ်ယူသူကို သိရှိသွားသည့်အခါ သူက အလွန်စိတ်တိုခဲ့သည်။
ဝယ်ယူသူသည် ဟောင်ကောင်၏ ဖူမိသားစုဖြစ်သည်။
နောက်ဆုံးအကြိမ် ဖူကွမ်းကျန်းနှင့် ဖုန်းယွီစကားပြောစဉ်က ဖူကွမ်းကျန်းသည် ဖုန်းယွီကို အိုက်ဝသည် အကြွေးနွံထဲတွင် နစ်နေသည့်အတွက် ရှယ်ယာများကို မဝယ်ယူရန်အတွက် အကြံပေးခဲ့သည်။ သို့သော် ဖူမိသားစုသည် ယခုနောက်ပိုင်းတွင် အိုက်ဝ၏ ရှယ်ယာများကို ဝယ်ခဲ့သည်။ သူတို့အနေဖြင့် အိုက်ဝ၏ အကြွေးများကို ဆပ်ရမည်ကို မကြောက်သည်လော။
ဖုန်းယွီက ချက်ချင်းပင် ဖူကွမ်းကျန်းကို ခေါ်လိုက်သည်။ သူ့အနေဖြင့် ဖူမိသားစုသည် မည်သို့အတွေးရှိနေကြောင်း သူသိချင်မိ၏။
“အစ်ကိုဖူ ကျွန်တော် အစ်ကို့ကို ဂျပန်မှာရှိတဲ့ အိုက်ဝကုမ္မဏီအကြောင်းကို မေးတုန်းက အစ်ကိုကျွန်တော်ကို ပြန်ပြောခဲ့တာက ဒီကုမ္မဏီက အရှုံးတွေပဲ။ ပြီးတော့ ဒီကုမ္မဏီကြောင့်ပဲ ဆိုနီက စိတ်ပျက်နေတယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပြောခဲ့တာ ကျွန်တော်ပြောတာ မှန်တယ်မလား။”
ဖူကွမ်းကျန်းသည် သူ၏စိတ်ထဲတွင် တွေးနေသည်။ ဖုန်းယွီက ယင်းအကြောင်းကို သိရှိသွားခဲ့သည်လော။ သူ့အနေဖြင့် ထိုအကြောင်းကို သိရှိသည်မှာ ထိုမျှမြန်ဆန်သည်လော။ သူ့တွင် ဂျပန်နိုင်ငံမှ သတင်းအချက်အလက်ရရန် နည်းလမ်းများ ရှိနေသည်လော။
ဖူကွမ်းကျန်းက ရယ်လိုက်သည်။
“မန်နေဂျာဖုန်း ကျွန်တော်အဲ့ဒါ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်မှာရှိတဲ့ အိုက်ဝကုမ္မဏီရဲ့ ရုံးခွဲက ကျွန်တော်ရဲ့ အကြီးဆုံးဦးလေးနဲ့ မိတ်ဖက်ဆိုတာ သိထားသင့်ပါတယ်။ ”
“အဲ့ဒါဆိုရင် အစ်ကို့ရဲ့ ဦးကြီးက အိုက်ဝရဲ့ ရှယ်ယာတွေကို စုဆောင်းနေတာလား။ ”
“စုဆောင်းတဲ့လူက ငါ့ရဲ့အဖေပါ။ ”
ဖူကွမ်းကျန်းသည် ကသိကအောက်ဖြင့် ပြန်ဖြေကြားခဲ့၏။
ကောင်းရော။ ဒီကိစ္စက ဖူကွမ်းကျန်းနဲ့ တစ်ခုခုပတ်သတ်နေမယ်ဆိုတာ ငါသိပြီးသားပဲ။ ချီး တကယ်လို့ ခင်ဗျားရဲ့ဦးလေးသာ ဒီအိုက်ဝရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့တဲ့သူသာဆိုရင် ငါ ဘာမှ သံသယ ဖြစ်စရာ အကြောင်းရှိမှာ မဟုတ်ဘူး။ အိုက်ဝရှယ်ယာတွေကို ဝယ်ခဲ့တဲ့လူက ခင်ဗျားရဲ့အဖေဆိုတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခင်ဗျားဘာမှားနေလဲဆိုတာ ကျွန်တော်ကို ပြန်ပြောပြမှရမယ်။
“အစ်ကိုဖူ ကျွန်တော်တို့တွေက အလုပ်လုပ်တာပဲ အတော်ကြာနေပြီ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ချောချောမွေ့မွေ့နဲ့ ဖြစ်ခဲ့တာ။ အစ်ကိုအနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်ကို ဖြေရှင်းချက်တစ်ခု ပေးသင့်တယ်လို့ မထင်ဘူးလား။ ”
ဖုန်းယွီက စိတ်မပျော်ရွှင်စွာဖြင့် ပြောသည်။
တဖန် ဖုန်းယွီအနေဖြင့် ဘဏ်နှစ်ခုမှ ရှယ်ယာများကို ဝယ်ယူနိုင်ခဲ့ပါက သူသည် ရှယ်ယာများကို ထိန်းချုပ်နိုင်သည့်သူ ဖြစ်မည်ဖြစ်ပြီး ရှယ်ယာထိန်းချုပ်နိုင်သည့် လူတစ်ယောက်၏ အာဏာသည် သာမာန် ရှယ်ယာရှင်များနှင့် လွန်စွာမှ ကွဲပြားခြားနားပေသည်။
ဖူကွမ်းကျန်းသည် ဖုန်းယွီကို တောင်းပန်လိုက်ပြီး သူ၏ဖြေရှင်းချက်ကို ပေးလိုက်သည်။
အိုက်ဝကုမ္မဏီသည် ဖူကွမ်းကျန်း၏ ဦးကြီးနှင့် အလုပ်လုပ်နေပြီး ဦးကြီးဖြစ်သူ ဖူရုံချီနှင့် ဟောင်ကောင်တွင် အိုက်ဝ၏ ရုံးခွဲစဖွင့်ကတည်းက အလုပ်လုပ်နေခြင်း ဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ ဖူမိသားစု၏ ဖြန့်ချီရေးလမ်းကြောင်းကို အသုံးပြုပြီး အိုက်ဝ၏ ဝေါ့နားကြပ်ကပ်ဆက်ကို အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်ရန် ဖြစ်သည်။
သို့သော် ဖူရုံချီသည် ငွေကြေးဈေးကွက်ပေါ်တွင်သာ သူ့အာရုံကို အပြည့်အဝ စိုက်ထားပြီး အိုက်ဝကုမ္မဏီကို တကယ်တန်းကျ ဂရုမစိုက်ခဲ့ပေ။ ဆိုနီသည် အိုက်ဝ၏ ရှယ်ယာများကို ရောင်းချမည်ဟု သတင်းကို သူလည်းကြားသိခဲ့ပြီး နားကြပ်ကပ်ဆက်၏ ဈေးကွက်သည် ကောင်းကောင်း အလုပ်ဖြစ်မည်မဟုတ်မှန်း သူခံစားမိ၏။
သို့သော် မကြာသေးမီက ဖူကွမ်းကျန်း၏ဖခင် ဖူရုံကျင်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်သည် အလားအလာရှိသည်ဟု ခံစားရသည် သို့မဟုတ် ဖုန်းယွီသည် အမြင်ရှိသည်ဟု ခံစားရသည်။ ဖုန်းယွီအနေဖြင့် အိုက်ဝ၏ရှယ်ယာများကို ဆိုနီမှ ဝယ်မည်ဟု ကြားသည့်အခါက သူသည် ဟောင်ကောင်၏ အိုက်ဝရုံးခွဲကို ဝယ်ယူမည်ဖြစ်ကြောင်း ဖူရုံချီနှင့် ဆွေးနွေးသည်။
ဖူရုံကျင်းအနေဖြင့် အိုက်ဝ၏ ရုံးခွဲကို တကယ်စိတ်ဝင်စားကြောင်း ပြသရန်အတွက် သူသည် အိုက်ဝ၏ ရှယ်ယာများကို ဖူရုံကျင်းက ဝယ်ယူခဲ့သည်။ ရှယ်ယာခြောက်ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ သောင်းအနည်းငယ်သာ ကုန်ကျသည်။ အကယ်၍ ဆုံးရှုံးခဲ့လျှင်တောင် သူတို့အနေဖြင့် ထိုငွေကြေးကို တက်နိုင်ပေ၏။ အရေးကြီးဆုံးအရာက ဖုန်းယွီနှင့် အလုပ်လုပ်ရန်ဖြစ်ကာ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရန်အတွက်ဖြစ်သည်။
ဒီရှင်းပြချက်က တကယ်ကို စောက်ကျက်သရေပဲ ဘယ်သူက ဒီအကြောင်းကို ယုံမှာမို့လို့လဲ။
ပိုကောင်းမွန်တဲ့ ဆက်ဆံရေးလား။ ငါနဲ့ လက်တွဲအုံးမယ်လား။ ငါ့အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ ဘယ်တုန်းကမှ အရှုံးမပေါ်ခဲ့ဖူးဘူး။ ပြီးတော့ မင်းကငါ့အပေါ် လောင်းကြေးထပ်လွန်းတယ်ဆိုတာ အရမ်းကို သိသာလွန်းနေတယ်။ တကယ်လို့ မင်းအောင်မြင်ခဲ့ရင် မင်းပိုက်ဆံတွေ အများကြီးရမယ်။ တကယ်လို့ မင်းရှုံးခဲ့ရင် အမေရိကန် သောင်းဂဏန်းလောက်ပဲ ဆုံးရှုံးမှာ။ ဟောင်ကောင်ဒေါ်လာ တစ်ဘီလီယံကျော်ပိုင်တဲ့ ဖူရုံကျင်းကို လူတစ်ယောက်အတွက်တော့ ဒီပမာဏဆိုတာက ပြောပလောက်တဲ့ ပမာဏမဟုတ်ဘူး။
ဖုန်းယွီကို ဆွန့်အစေသော အချက်မှာ သူတို့ပြန်ပြောလိုက်သည့် စကားဖြစ်သည့် ငါဖူကွမ်းကျန်းနဲ့ ငါ့ရဲ့အဖေက မင်းကိုယုံကြည်တယ်။ ပြီးတော့ ဒါက မင်းအတွက် ငါတို့ရဲ့ ထောက်ပံ့မှုပဲ။
ချီး ဘယ်သူက မင်းရဲ့ထောက်ပံ့မှုကို လိုချင်လို့လဲ။ တကယ်လို့ မင်းကအိုက်ဝရှယ်ယာတွေကိုသာ ငါ့ကိုပြန်ရောင်းမယ်ဆိုရင် ဒါကပိုကောင်းတဲ့ ထောက်ပံ့မှုတောင် ဖြစ်သွားအုံးမှာ။
“အစ်ကိုဖူ ကျွန်တော်က အိုက်ဝကို လောင်းကြေးတစ်ခုအနေနဲ့ပဲ သတ်မှတ်တာ ကျွန်တော်အနေနဲ့ အရင်က ဂျပန်ကိုလည်း တစ်ခါမှ မရောက်ခဲ့ဖူးဘူး။ ပြီးတော့ ကျွန်တော်က ဒီကုမ္မဏီကို ကြားပဲကြားဖူးတာ။ ဂျပန်ကုမ္မဏီတစ်ခုကို ဝယ်ယူရတာက ခံစားချက်ကောင်းတယ်လို့ ခံစားရရုံပဲ။ တကယ်လို့ ရင်းနှီးမြုပ်နှံမှု ရှုံးခဲ့ရင်လည်း ကံတရားအတိုင်းပဲပေါ့။ ”
ဖုန်းယွီသည် အံ့ကြိတ်လျှက် လိမ်ညာပြောလိုက်သည်။ ပြီးနောက် သူ့အနေဖြင့် ဖူမိသားစုသည် သူတို့ဝယ်ယူထားသည့် ရှယ်ယာမျိုးကို သူ့အား ရောင်းချမည်ဟု မျှော်လင့်နေသည်။ အကယ်၍ ရောင်းချသည့်ဈေးနှုန်းသည် အလွန်မြင့်သည်ဆိုပါက ဖုန်းယွီအနေဖြင့် ဝယ်မည်ဖြစ်သည်။ သူ့အနေဖြင့် အိုက်ဝ၏ ရှယ်ယာများကို ထိန်းချုပ်ချင်၏။
နားကြပ်ကပ်ဆက် နည်းပညာများအပြင် အိုက်ဝသည် အခြားသော လျှပ်စစ်နည်းပညာများတွင်လည်း ထူးချွန်ပေသည်။ အိုက်ဝ၏ နည်းပညာများသည် တရုတ်နိုင်ငံထက် အများကြီး ဦးဆောင်နေသည်။ အကယ်၍ အိုက်ဝသည် မထူးချွန်ပါက အနာဂတ်တွင် ကွန်ပျူတာဈေးကွက်ထဲကို အရဲစွန့်ပြီး ဝင်မည်မဟုတ်ပေ။ သို့သော် ယင်းက ကျရှုံးခဲ့သည်။
ဖုန်းယွီ၏ အနာဂတ် ပညာများနှင့်ဆိုပါက ယခုဘဝတွင် အိုက်ဝမည်သို့ ကျရှုံးနိုင်မည်နည်း။ ဖုန်းယွီသည် ဈေးကွက်၏ လားရာကို အခြားသောသူများထက် ကောင်းကောင်း သိပေ၏။
“အစ်ကိုဖုန်း ဒါကဒေါ်လာ သောင်းဂဏန်းလောက်ပဲ။ ပြီးတော့ ကျွန်တော်တို့လည်း တက်နိုင်တာပဲ။ ကြည့်ပါအုံး ကျွန်တော်တို့ နှစ်ယောက်စလုံး ကုမ္မဏီတစ်ခုထဲမှာ မသိဘဲနဲ့ ရင်းနီးမြုပ်နှံခဲ့တာ။ ဒါကလည်း ကံတရားပဲလေ။ ”
ချီးကံတရားပါ့လား။ ဖုန်းယွီက သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူ့အနေဖြင့် ယင်းကိုကောင်းကောင်း မရှင်းပြခဲ့သည်လော။
“အစ်ကိုဖူ ဆိုနီကနေ အိုက်ဝရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့တယ်ဆိုတာ အစ်ကိုလည်းသိပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ အစ်ကိုအဖေရဲ့ ရှယ်ယာတွေကိုလည်း ဝယ်ယူနိုင်တယ်။ တကယ်လို့ အစ်ကိုအဖေရဲ့ ရှယ်ယာတွေကိုသာ ကျွန်တော် ရမယ်ဆိုရင် ကျွန်တော်ရဲ့ ကုမ္မဏီကို အပြည့်အဝ ထိန်းချုပ်ခွင့်ရမှာ။ အစ်ကိုနားလည်လား။ ”
ဖုန်းယွီသည် ဖူကွမ်းကျန်းကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ စီးပွားရေးတွင် အရာရာတိုင်းကို ဆွေးနွေးညှိနှိုင်းနိုင်သည်။ အခြားတစ်ဖက်သူ ကျေနပ်လက်ခံနိုင်သည့် ဈေးကိုကမ်းလှမ်းခြင်းသာ ကိစ္စတစ်ရပ် ဖြစ်ပေသည်။
“အစ်ကိုအနေနဲ့ အိုက်ဝရဲ့ ရှယ်ယာတွေအတွက် ယွမ်သောင်းအနည်းငယ်သာ သုံးခဲ့တယ်။ အဲ့ဒါဆိုတော့ ကျွန်တော်က အစ်ကိုတို့ကို အမေရိကန်ဒေါ်လာ တစ်သန်းကမ်းလှမ်းမယ်။ ဒီရက်အနည်းငယ်အတွင်းမှာပဲ လေးဆယ်ရာခိုင်နှုန်း မြတ်သွားတယ်။ အစ်ကိုအခုထိ မကျေနပ်သေးဘူးလား။ ”
ဖူကွမ်းကျန်းသည် တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ပြန်ပြောလေသည်။
“ညီလေးဖုန်း ဒီရှယ်ယာတွေကို ငါ့ရဲ့အဖေက ဝယ်ခဲ့တာ။ ပြီးတော့ အဲ့ဒီရှယ်ယာတွေကို ငါ့ရဲ့အစ်ကိုကြီးကို ပေးဖို့အတွက် သူကရည်ရွယ်ထားခဲ့တာ။ တကယ်လို့ ငါ့အနေနဲ့ အဲ့ဒီရှယ်ယာတွေကို တောင်းမယ်ဆိုရင် အဲ့ဒါက မိသားစုရဲ့ အမွေနဲ့ပတ်သတ်ပြီးတော့ အစ်ကိုနဲ့ ယှဉ်ပြိုင်နေရတယ်လို့ ပုံပေါ်သွားမှာ။ ဒါပေမဲ့ မင်းအနေနဲ့ စိတ်ပူစရာ မလိုပါဘူး။ ငါမင်းကို ကတိပေးတာပေါ့။ ငါ့ရဲ့မိသားစုက မင်းအိုက်ဝမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် မှန်သမျှကို ထောက်ပံ့ပေးမှာပါ။ ”
ဖုန်းယွီက ပြောစရာစကားမဲ့ ခံစားချက်တောင် မဲ့သွားခဲ့သည်။ ယင်းက ဖူမိသားစုအနေဖြင့် ရှယ်ယာများကို ရောင်းချမည့်ပုံ မပေါ်ပေ။ ယခုလက်ရှိ တစ်ခုတည်းသော အဖြေက အခြားသော ရှယ်ယာရှင်များထံမှ ရှယ်ယာများကို ဝယ်ယူရန်ဖြစ်သည်။ ရှယ်ယာ၏ပေါက်ဈေးသည် ဈေးကွက်ဈေးနှုန်း၏ နှစ်ဆပေးရလျှင်တောင် ဖုန်းယွီအနေဖြင့် ရှယ်ယာများကို နှစ်မကုန်ခင် စုဆောင်းရမည်ဖြစ်သည်။
ဖူကွမ်းကျန်းအနေဖြင့် ထိုအရာများကို ရှင်းရှင်းလင်းလင်း ပြောပြပြီးကတည်းက ဖုန်းယွီအနေဖြင့်လည်း ဘာမှမလုပ်နိုင်တော့ပေ။ ဖုန်းယွီအနေဖြင့်လည်း ရှယ်ယာပမာဏ နည်းနည်းလေးနှင့် ပတ်သတ်ပြီး သူနှင့်ကတောက်ကဆ မဖြစ်လိုပေ။ ထပ်ပြောရပါက ဖူမိသားစု၏ ဖြန့်ဖြူးရေးလမ်းကြောင်းသည် အရေးကြီးပေသည်။ ထို့အတွက်ကြောင့် ဖုန်းယွီသည် ဒီကိစ္စကို ဒီတိုင်းထားရန် ဆုံးဖြတ်ချက် ချလိုက်သည်။
သို့သော် ဖုန်းယွီလုံးဝ မမျှော်လင့်ထားသည်က သူဖူကွမ်းကျန်းနဲ့ စကားပြောပြီးနောက် ဖူရုံကျင်းသည် အိုက်ဝ၏ ရှယ်ယာများကို စုဆောင်းရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။
ဖုန်းယွီသည် ဆိုနီမှ အိုက်ဝ၏ ရှယ်ယာများကို ဝယ်ယူရန်အတွက် ပေါက်ဈေးထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုအသုံးပြုခဲ့ကြောင်း သိရှိရန် လွယ်ကူပြီး တစ်စုံတစ်ယောက်သည် အိုက်ဝ၏ ရှယ်ယာရှင်များကို ၎င်းတို့၏ ရှယ်ယာများကို ဝယ်ရန်အတွက် ဆက်သွယ်နေကြောင်းလည်း သိရှိရန်က လွယ်ကူပေသည်။
သူတို့သိရှိသွားသည်က ထိုသူက ခမဲသာမာစောဖြစ်ပြီး ဖုန်းယွီသည် ထိုသူ့အကြောင်းကို သူတို့အား မေးဖူးသည်ကို မှတ်မိသွားသည်။ ခွဲခြမ်းစိတ်ဖြာမှုအချို့ ပြုလုပ်ပြီးနောက် ထိုခမဲသာမာစောသည် ဖုန်းယွီအတွက် အလုပ်လုပ်နေသည်။ သို့သော် ဖုန်းယွီသည်သူ့ကို လုံးဝမယုံကြည်ဟု ယူဆချက်ဖြင့် အဆုံးသတ်သွားခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့် ဖူရုံကျင်းသည် အိုက်ဝ၏ ရှယ်ယာများကို ဈေးနှုန်းအလွန် မြင့်သည့်ဈေး ဖြစ်ရင်တောင်မှ စုဆောင်းရန်အတွက် ဆုံးဖြတ်ချက် ချခဲ့သည်။ ဖုန်းယွီသည် ရှယ်ယာများကို မဝယ်နိုင်ပေ။ သို့သော်ယင်းက ဖူမိသားစု ဝယ်ယူ၍ မရနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ပိုက်ဆံအများအပြားနဲ့တောင် ရှယ်ယာများကို စုဆောင်းနိုင်လိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ဖူမိသားစုသည် လူများကို အသုံးချပြီး ဂျပန်တွင်ရှိသော အိုက်ဝနဲ့ပတ်သတ်သည့် ကောလဟာလများကို ဖြန့်လိုက်သည်။ ဆိုနီသည် အိုက်ဝကို လက်လွှတ်လိုက်သည်။ ပြီးနောက် အိုက်ဝအကြောင်း အများဆုံးပြောသည်။ ယခုလက်ရှိတွင် အဓိကရှယ်ယာရှင်မှာ တရုတ်ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် အိုက်ဝကို တရုတ်နိုင်ငံသို့ ပြောင်းရွေ့ချင်သည်။ ထိုအိုက်ဝ ရှယ်ယာရှင်များသည် ကြောက်စိတ်မွန်သွားခဲ့သည်။ အကြောင်းမှာ သူတို့၏အမြင်တွင် တရုတ်ပြည်သည် နောက်ကောက်ကျပြီး ဆင်းရဲသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ပင်။ ထိုကဲ့သို့ နေရာမျိုးတွင် ပြောင်းရွေ့ခြင်းက ကုမ္မဏီ၏အနာဂတ် မည်သို့ဖြစ်လာမည်နည်း။
ဖူရုံကျင်းသည် ရှယ်ယာရှင်များကို ဆက်သွယ်ပြန်သည်။ ပြီးနောက် ထိုရှယ်ယာရှင်များသည် သူတို့ပိုင်ဆိုင်သည့် အိုက်ဝ၏ရှယ်ယာများကို ရောင်းချရန် သဘောတူခဲ့သည်။ ဈေးကွက်ပေါက်ဈေး၏ ဆယ့်နှစ်ရာခိုင်နှုန်းထက် ပို၍ဖြစ်သည်။ ဖူရုံကျင်းသည် ကျန်ရှိသည့် ရှယ်ယာများကို စုဆောင်းသည်။ ထိုရှယ်ယာများတွင်တော့ ဟေတရို၏ ရှယ်ယာများ မပါဝင်ပေ။ ဖူရုံကျင်း၏ လက်ထဲတွင် အိုက်ဝ၏ရှယ်ယာများသည် ၂၆ရာခိုင်နှုန်း ရောက်သွားပြီဖြစ်သည်။
ဖုန်းယွီသည် ခမဲသာမာစော၏ သတင်းကို စောင့်ဆိုင်းနေသည်။ ခမဲသာမာစောသည် သူ့အား ပြန်ပြောသည်က ဖုန်းယွီအနေဖြင့် အိုက်ဝ၏ ရှယ်ယာများကို ဆိုနီထံမှ ယူပြီးနောက် အခြားသော ရှယ်ယာရှင်များသည်လည်း စတင်လှုပ်ရှားလာသည်။ ဂျပန်မီဒီယာများသည်လည်း အိုက်ဝ၏ သတင်းကို တင်ဆက်ကြသည်။ သူသည် ထိုရှယ်ယာရှင်များကို နားချရန်အတွက် ကြိုးစားသည်။ သို့သော် ခမဲသာမာစောထံမှ သတင်းကောင်း ဖြစ်မလာခဲ့ပေ။ ခမဲသာမာစောသည် ဖုန်းယွီကို အကြောင်းကြားသည်က လျို့ဝှက်သည့် ဝယ်ယူသူတစ်ယောက်သည် အစုရှယ်ယာရှင်များထံမှ ရှယ်ယာများအားလုံး ဝယ်ယူခဲ့ခြင်းပင် ဖြစ်သည်။ ဖုန်းယွီက အလွန်စိတ်တိုသွားခဲ့သည်။
ဖုန်းယွီသည် ထိုလျို့ဝှက် ဝယ်ယူသူသည် ဖူမိသားစုဖြစ်ကြောင်း သူသိပေသည်။
ချီး ဒီဖူမိသားစုက တကယ်ကို လက်မြန်ခြေမြန် ရှိတာပဲ။
___