ဆိုဗီယက်ပြည်ထောင်စုကို တဖန်ပြန်သွားခြင်း
Vol. 16 Ch. 231
နောက်ဆုံး စာမေးပွဲ မတိုင်ခင်နေ့တွင် ဘင်းမြို့တော် အမှတ်သုံးကျောင်း၏ ခေါင်းဆောင်များသည် အစည်းအဝေးတစ်ခုတွင် စုဝေးနေကြသည်။ ဆိုဗီယက် ပြည်ထောင်စုမှ နွေရာသီစခန်း တက်ရောက်ရန်အတွက် ဖိတ်ကြားစာ သူတို့ရရှိခြင်းပင် ဖြစ်ပေသည်။
ယမန်နှစ်က ယခုအချိန် ဝန်းကျင်တွင် စွန်းဝမ်ဟိုက်သည် ဒုကျောင်းအုပ် ဖြစ်နေဆဲဖြစ်သည်။ သို့သော် ယခုနှစ်တွင် သူသည် ကျောင်းအုပ်အဖြစ် ရာထူးတိုးခံရပြီးဖြစ်သည်။ အကြောင်းမှာ သူ၏စွမ်းဆောင်ရည်နှင့် သူ၏အဆက်အသွယ်ကြောင့် ဖြစ်သည်။ သို့သော် အဓိက အကြောင်းပြချက်မှာ ဖုန်းယွီကြောင့် ဖြစ်သည်။
ဖုန်းယွီသာ အမှတ်သုံး အထက်တန်းကျောင်းသို့ မဝင်ခဲ့လျှင် လီရှစ်ချင်သည် ကျောင်းကို ပိုက်ဆံအများအပြား မလှူခဲ့လျှင် ဖုန်းယွီအမှတ်သုံး အထက်တန်းကျောင်းတွင် ရှိမနေလျှင် မောစကို တက္ကသိုလ်အနေဖြင့် သူတို့၏ နွေရာသီစခန်းကို တက်ရောက်ရန်အတွက် အမှတ်သုံး အထက်တန်းကျောင်းကို ဖိတ်ကြားမည် မဟုတ်ပေ။ ပြီးနောက် ကျောင်းတွင် အချိန်ပိုင်း အလုပ်လုပ်နေသည့် ပါမောက္ခသုံးယောက်လည်း ရှိမည်မဟုတ်ပေ။ သူသည်လည်း နိုင်ငံတစ်ကာ နွေရာသီစခန်းတွင် အဖွဲ့ကို ဦးဆောင်ရန်အတွက် အခွင့်အရေး ရရှိမည်မဟုတ်ပေ။
ထိုနွေရာသီစခန်းသည် အမှတ်သုံး အထက်တန်းကျောင်းကို များစွာသော ပြောင်းလဲမှုများကို ယူဆောင်ပေးခဲ့သည်။ ဥပမာအနေဖြင့် ကျောင်းအုပ်ဟောင်းသည် မြို့တော်ပညာရေးငှာနတွင် ဒုတိယညွှန်ကြားရေးမှူးရာထူး တိုးခဲ့ပြီး ကျောင်း၏ ပါတီအတွင်းရေးမှူးကို ကျောင်းအုပ်နေရာအတွက် မထောက်ခံခဲ့ပေ။ အကြောင်းမှာ နွေရာသီစခန်း၏ နာမည်စာရင်းနှင့် ပတ်သတ်ပြီး အမှားအယွင်း ဖြစ်ခဲ့သည့်အတွက် ဖြစ်သည်။ ထိုအစား စွန်းဝမ်ဟိုက်သည် ကျောင်းအုပ်အဖြစ် ရာထူးတိုးခံခဲ့ရသည်။
စွန်းဝမ်ဟိုက်သည် ဖုန်းယွီကို ကျေးဇူးတင်ပြီး သူ့ကိုအထူး ဂရုစိုက်သည်။ ယခုပညာသင်နှစ်တွင် ဖုန်းယွီသည် အပတ်တိုင်း တစ်ရက်နီးပါး ကျောင်းပျက်ပြီး တစ်ခါတစ်ရံတွင် ကျောင်းကို တစ်ပတ်ထက်ပိုပြီး ပျောက်နေ၏။ အကယ်၍ အခြားကျောင်းသားများသာဆိုပါက သူတို့အနေဖြင့် ကျောင်းထုတ်ခံရမည်ဖြစ်သည်။ သို့သော် ဖုန်းယွီသည် အထက်တန်း ဒုတိယနှစ်တွင် ရှိနေသေးဆဲဖြစ်၏။
စွန်းဝမ်ဟိုက်၏ ဖုန်းယွီဆီသို့ အထူးဂရုစိုက်မှုသည် လက်ဆောင်အနေဖြင့် ထပ်ရခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုတွင် ပြုလုပ်မည့် နွေရာသီစခန်းကို တက်ရောက်ရန်အတွက် ကျောင်းကို ဖိတ်ခေါ်စောင် တစ်စောင် ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် သူရာထူးတိုးပြီးနောက်မှ လက်ခံရရှိသည့်အတွက် ထိုဖိတ်ကြားမှုအတွက် သူ့အနေဖြင့် အမှတ်ပြည့် ရမည်ဖြစ်သည်။ သူအနားမယူခင် တဖန်ရာထူးတိုး ခံရအုံးမည်ပင်ဖြစ်၏။
ဖိတ်စာထဲရှိ အကြောင်းအရာများကို သူမြင်သည့်အခါ စွန်းဝမ်ဟိုက်သည့် ပြောစရာစကား မဲ့သွားသည်။ ထိုဖုန်းယွီလုပ်သည်မှာ အလွန်ပင် ပြောင်တင်းလွန်းပေသည်။
ယမန်နှစ်က ဖိတ်စာသည် ပထမနှစ် ကျောင်းသားများ အတွက်သာဖြစ်သည်။ ယခုနှစ် ကျောင်းသားများသည်လည်း ထိုပထမနှစ်သာ ဖြစ်သင့်သည်ပင်။ သို့သော် ယခုနှစ်တွင် ဖိတ်စာသည် ဒုတိယနှစ် ကျောင်းသားများကို ဖိတ်ခြင်းဖြစ်သည်။ ထိုဖိတ်ကြားလွှာသည် ဖုန်းယွီ ယခုလက်ရှိ တက်ရောက်နေသည့် နှစ်ပေါ်မူတည်ပြီး ဖိတ်ကြားခြင်း ဖြစ်ပေသည်။
စွန်းဝမ်ဟိုက်၏ အတွေးတွင် ယခုနှစ်တွင် ဖိတ်ကြားသည့်သူမှာ ပထမနှစ် ကျောင်းသားများဖြစ်သည်။ ယင်းက အမှတ်သုံး အထက်တန်းကျောင်းတွင်ရှိသည့် တစ်စုံတစ်ရာပင် ဖြစ်သည်။ သို့သော် ထိုအရာသည် ယမန်နှစ်က ပထမနှစ် ယခုနှစ်တွင် ဒုတိယနှစ် ကျောင်းသားများဖြစ်ပြီး နောက်နှစ်တွင် ဖိတ်ကြားလွှာများ ဆက်လက်ရှိမည်လော။ သူသည် ဖုန်းယွီကို စကားပြောချင်ပြီး ထိုနွေရာသီစခန်း ဖိတ်ကြားလွှာကို နှစ်စဉ်နှစ်တိုင်း ဖိတ်ကြားလွှာအဖြစ် ရှိစေချင်သည်။ ထိုနွေရာသီစခန်း ဖိတ်ကြားလွှာကို ဖုန်းယွီထိုကျောင်းမှ အောင်မြင်ပြီးသည်နှင့် ရပ်တန့်၍ မရပေ။
ထိုဖိတ်ခေါ်စာနှင့်အတူ ပါလာသည့် ခရီးလမ်းကြောင်းသည် စွန်းဝမ်ဟိုက်အတွက် စိတ်ရှုပ်စရာပင် ဖြစ်သည်။ မော်စကိုအပြင် ကျောင်းသားများသည် ကိဗ်ယက်ကိုလည်း သွားရမည်ဖြစ်သည်။ ထိုဖိတ်ကြားလွှာတွင် ဖော်ပြထားချက်အရ ထိုနွေရာသီစခန်းကို ကိဗ်ယက်တက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ သူ့အနေဖြင့် နွေရာသီစခန်းကို တက္ကသိုလ်နှစ်ခု ပူးပေါင်းကျင်းပသည်ဟု တစ်ခါမှ မကြားဖူးပေ။ ယင်းက သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။
ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင် ယမန်နှစ်ကနှင့် မတူဘဲ စခန်း၏ အဓိကရည်ရွယ်ကို ဖော်ပြထားသည်။ ယခုနှစ်စခန်း၏ အဓိက ရည်ရွယ်ချက်မှာ စာပေဖြစ်သည်။ ကောင်းမွန်သည့် အချက်က ဘင်းမြို့တော် အမှတ်သုံး အထက်တန်းကျောင်းသည် စာပေတွင်လည်း မညံ့ပေ။ ယင်းက ယမန်နှစ်၏ အနုပညာထက် ပိုကောင်းပေ၏။
ယခုနှစ် ဖိတ်ကြားလွှာသည် ယမန်နှစ်ကနှင့် အတူတူပင်ဖြစ်သည်။ ကျောင်းသားနေရာ ဆယ်နေရာရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဖုန်းယွီ၏နာမည်သာ ထိုဖိတ်ကြားစာထဲ ပါလာသည်။ စွန်းဝမ်ဟိုက်သည် ထိုကဲ့သို့ စီစဉ်မှုမျိုးကို ကျေနပ်နေသည်။ သူ့အနေဖြင့် ဝမ်တုန့်ကျွင်းနှင့် အခြားသူများကို စခန်းကို မလိုက်စေချင်ပေ။ ကျန်ရှိသည့် နေရာကိုးခု၏ အမည်ကို သူ့၏အဆက်အသွယ်များဆီသို့ ပေးနိုင်ပေ၏။
ထိုနွေရာသီစခန်းကို တစ်ကြိမ် တက်ရောက်ခြင်းက လုံလောက်ပြီဖြစ်သည်။ ဖုန်းယွီသည် သူ့၏ကိုယ်ရေးကို ပိုမိုကောင်းမွန်ပြီး အထက်တန်းကျောင်း စာမေးပွဲတွင် အမှတ်ပိုများ သို့မဟုတ် တက္ကသိုလ်ဝင်ခွင့်တွင် အာမခံသည့် နေရာတစ်နေရာ ရစေရန်အတွက် ဖြစ်သည်။
ဖုန်းယွီထိုစခန်းတွင် ပါဝင်ခြင်းသည် သူသည်ကိဗ်ယက်သို့ ခရီးစဉ်တစ်လျှောက်တွင် သွားချင်သည့်အတွက် ဖြစ်သည်။ ကီရီလန်ကိုသည် သူ့အား ဆိုဗီယက် ပြည်ထောင်စု ဘဏ်များနှင့် ဆက်သွယ်ရန် ကူညီပေးမည်ဖြစ်သည်။
စာမေးပွဲက ဆက်လက် ကျင်းပသည်။ ပြီးနောက် ဖုန်းယွီသည်လည်း ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့သည်။ ဖုန်းယွီအတွက်မူ ဝိဇ္ဇာဘာသာရပ်များသည် သိပ္ပံဘာသာရပ်များထက် ပိုလွယ်ကူပေ၏။
စာမေးပွဲပြီးနောက် ဒုတိယမြောက်နေ့တွင် ဖုန်းယွီသည် အခြားသူသုံးယောက်နှင့်အတူ သူ့၏ဒေသသို့ ပြန်သွားခဲ့သည်။ ယခုနွေရာသီစခန်းတွင် အခြားသူ့သူငယ်ချင်း သုံးယောက်သည် တက်ရောက်မည် မဟုတ်ပေ။
....
“သား ဖြေးဖြေးစား မင်း ဘယ်ကမ္ဘာကတည်းက ငတ်လာတာလဲ”
ကျန်းမူဟွသည် ဖုန်းယွီအတွက် စွပ်ပြုတ်တစ်ပန်းကန် ခပ်ပေးနေစဉ် ပြောလိုက်သည်။
“ဒီရက်တွေမှာ ကျွန်တော် ကျောင်းကန်တင်းက အစားအစာတွေပဲ စားနေရတာ။ အဲ့ဒီက အစားအသောက်တွေက တကယ်ကို စိတ်ပျက်စရာပဲ။ အမေ့ရဲ့ ဟင်းချက်စရာက တကယ်ကို အကောင်းဆုံးပဲ။ ”
ယင်းက ရွေးချယ်စရာမရှိပေ။ သူ့၏အစ်မသည် မွေးဖွားပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ ရိုးရာအရ သူ့အနေဖြင့် မီးတွင်းထဲ နေရမည်ဖြစ်သည်။ မီးတွင်းထဲ နေနေစဉ်တွင် သူ့အနေဖြင့် အိမ်မှထွက်ခွာခွင့် မရှိပေ။ ပြီးနောက် ကုတင်ပေါ်တွင်သာ အနားယူရမည်ဖြစ်သည်။
အိမ်တစ်အိမ်တွင် ကလေးတစ်ယောက် ရှိပြီဆိုကတည်းက ထိုကလေးသည် အချိန်တိုင်း သေးပေါက်မည်ဖြစ်သည်။ ပြီးနောက် နည်းနည်းကြီးမှသာ ဒိုက်ပါဝတ်ပေးနိုင်သည်။ အိမ်ထဲတွင် အနံ့ပြင်းသည့် သေးနံ့များ မွန်ထူနေသည်။ ပြီးနောက် လီရှစ်ချင်၏ အမေသည် ညစာချက်ပြုတ်သည့်တိုင် ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းသည် ကျောင်းတွင် စားရသလောက် ခံတွင်းမတွေ့ပေ။
“သား ကောင်းတယ်ဆိုရင် များများစား ဒီအားလပ်ရက်မှာ ဘင်းမြို့တော်ကို ပြန်မနေတော့နဲ့။ အိမ်မှာပဲနေ။ အမေ သားကြိုက်တဲ့ အစားအစာတွေကို နေ့တိုင်းချက်ကျွေးမယ်။ ”
“ကျွန်တော် နေလို့မရဘူး။ ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုကို နောက်နှစ်ရက်နေရင် သွားရတော့မှာ။ နောက်ထပ် နွေရာသီစခန်းတစ်ခုက ကျွန်တော်ကို ဖိတ်ထားတယ်။ ကျွန်တော် သွားမှရမှာ။ ”
နွေရာသီစခန်းသည် သူ့၏မိဘများကို ကိုင်တွယ်ရန်အတွက် ကောင်းမွန်သည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။
“နွေရာသီစခန်းလား။ မင်းထပ် အဖိတ်ခံရတာလား။ အဲ့ဒါဆိုရင် သားသွားရမှာပေါ့။ သားညစာ စားနေလိုက်နော်။ အမေ မဒမ်ဆီသွားပြီးတော့ ဆွယ်တာ ဘယ်လိုထိုးရလဲဆိုတာ သွားသင်လိုက်အုံးမယ်။ ”
ကျန်းမူဟွသည် သူ့သားအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုတွင် နွေရာသီစခန်း တက်ရောက်ရန်အတွက် ဖိတ်ကြားခံရသည်ကို ကြားသိသည့်အခါ သူအပျော်လွန်သွားသည်။ သူသည် ထိုးလက်စဆွယ်တာကို ကောက်ယူလိုက်ပြီး အိမ်မှထွက်သွားသည်။ ဖုန်းယွီသည် ထိုထိုးလက်စဆွယ်တာကို လွန်ခဲ့သည့် ခြောက်လကတိုင် ရှိနေသည်ကို မြင်နေရသည်။ ယင်းက တိုးတက်မှု ရှိလာပုံမပေါ်ပေ။
အရှေ့ပိုင်း မျိုးဆက်များအနေဖြင့် မည်သည့်အရာကို အောင်မြင်မှုဟု မျက်လုံးတွင် မြင်ကြသနည်း။
ယင်းက ပညာရေးပင် ဖြစ်နိုင်သည်။ ဆရာတစ်ယောက်ဖြစ်ခြင်း သို့မဟုတ် ပါမောက္ခတစ်ယောက်ဖြစ်ပြီး အခြားသူများ၏ လေးစားခြင်းကို ခံရခြင်း တက္ကသိုလ်ကို တက်ရောက်ရခြင်းနှင့် အစိုးရအေဂျင်စီများတွင် ခန့်အပ်ခံရပြီး ထိုနေရာတွင် ခေါင်းဆောင်ဖြစ်ခြင်း နိုင်ငံခြားသို့ သွားရောက်ရခြင်းနှင့် အခြားလူ မရောက်ဖူးသော နေရာများကို သွားရောက်ရခြင်းပင် ဖြစ်ပေမည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ ချမ်းသာကြွယ်ဝခြင်းက အောင်မြင်သည်ဟု အမြဲတမ်း စဉ်းစား၍ မရနိုင်ပေ။
အတိတ်က ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် မိသားစုအတွက် ငွေများများ လိုချင်ခဲ့သည်။ ယင်းက အခြားသူများကို အားကျခြင်းမဟုတ်ပေ။ သူတို့သည် သူတို့၏ လူနေမှုဘဝ တိုးတက်မှုကိုသာ လိုချင်ပြီး သူတို့၏ကလေးများကို ကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်စေခြင်းပင် ဖြစ်သည်။
ယခုလက်ရှိတွင် သူတို့၏မိသားစုသည် ဒေသတွင်း အချမ်းသာဆုံး မိသားစုဖြစ်လာပြီဖြစ်သည်။ ယင်းက အတိတ်က သူတို့ အိမ်မက် မမက်ဖူးခဲ့သည့် အရာပင်ဖြစ်သည်။
သူတို့သည် ယခုလက်ရှိ ရှိနေသည့်ပိုက်ဆံနှင့် တင်းတိမ်ရောင့်ရဲနေပြီဖြစ်သည်။ စားပွဲထက်ရှိ လုံလောက်နေပြီး သူတို့၏အပေါ်တွင် လုံခြုံသည့် ခေါင်မိုးတစ်ခု ရှိနေပြီဖြစ်သည်။ သူတို့သည် ဟိုနားဒီနား သွားလာရန်အတွက် ကားလေးတစ်စီး ရှိနေပြီဖြစ်ကာ ဝက်ခြံနှင့် အစားအစာ ထုတ်လုပ်သည့် စက်ရုံလည်း ပိုင်ဆိုင်ပြီဖြစ်သည်။ အကယ်၍ သူတို့၏ခြံနှင့် စက်ရုံကို ရောင်းလျှင်တောင် သူတို့၏ ကျန်ရှိသည့် ဘဝနှင့်ပတ်သတ်ပြီး စိတ်ပူစရာ မလိုအပ်ပေ။
သူတို့နောင်တရသည့် တစ်ခုတည်းသော အရာမှာ သူတို့အရင်က တက္ကသိုလ် မတက်ရောက် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ သူတို့၏သမီးတောင် တက္ကသိုလ်ကို မတက်ရောက်နိုင်ခဲ့ပေ။
ယခုလက်ရှိတွင် ထိုတက်ရောက်ခွင့်သည် တစ်မိသားစုလုံး၏ မျှော်လင့်ချက်ဖြစ်ကာ ဖုန်းယွီ၏ ပုခုံးပေါ်သို့ ကျရောက်လာခဲ့သည်။
ဖုန်းယွီသည် သူတို့ကို စိတ်မပျက်စေလိုပေ။ သူသည် မြို့တော်၏ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်နိုင်ခဲ့သည်။
ဘင်းမြို့တော်နှင့် လုံကျန်းပြည်နယ်တွင် နေထိုင်သည့် မြို့သူမြို့သားများသည် ဘင်းမြို့တော်၏ အကောင်းဆုံးကျောင်းသည် အမှတ်သုံး အထက်တန်းကျောင်းဖြစ်ကာ တက္ကသိုလ်သို့ ဝင်ရောက်ရန်အတွက်လည်း လွယ်ကူပေသည်။ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် ဆိုဗီယက် ပြည်ထောင်စု၏ တက္ကသိုလ်များမှ စီစဉ်သည့် နွေရာသီစခန်းကို ဖိတ်ကြားခွင့် ရသည့်အတွက် အလွန်ပင် ဂုဏ်ယူနေသည်။
ယင်းနွေရာသီစခန်းကို ဆိုဗီယက် ပြည်ထောင်စုရှိ တက္ကသိုလ်က စီစဉ်တာဖြစ်ပြီး ဖုန်းယွီသည် အရင်က တစ်ကြိမ်တက်ခဲ့ဖူးသည်။ ပြီးနောက် ဒုတိယအကြိမ်ဖြင့် တက်ရောက်ရမည်ဖြစ်သည်။ ယင်းအဓိပ္ပာယ်က သူ့သားသည် အမှတ်သုံး အထက်တန်းကျောင်းတွင် အတော်ဆုံး ကျောင်းသားဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းက အနာဂတ်တွင် သူသည်သေချာပေါက် ပေကျင်းရှိ တက္ကသိုလ်ကောင်းကောင်းတွင် ဝင်ရောက်နိုင်မည်ဖြစ်ကာ ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ပင်။
ဖုန်းယွီသည် ပေကျင်းရှိ နာမည်ဂုဏ်သတင်း ကြီးမားသည့် တက္ကသိုလ်ကို ပစ်မှတ်ထားသည်။ သို့သော် သူသည် ထိုတက္ကသိုလ်သို့ တက်ရောက်ချင်သည့် အကြောင်းအရင်းသည် သူသည် ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်သည့်အတွက် မဟုတ်ပေ။ သူ့အနေဖြင့် အစိုးရ ငှာနများတွင် ခန့်အပ်တာဝန်ပေးမည့် အစိုးရ အရာရှိလောင်းများနှင့် မိတ်ဆွေဖွဲ့နိုင်ရန်အတွက် ဖြစ်သည်။ သူသည် အချို့သော စွမ်းဆောင်ရည်ရှိသည့် ကျောင်းသား သူငယ်ချင်းများကို သူ့ကုမ္မဏီအတွက် ခေါ်ယူချင်သည်။
အနာဂတ်တွင် နာမည်ကျော်ကြားသည့် ထိပ်တန်း တက္ကသိုလ်များမှ အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်များ တစ်သုတ် ပေါ်ထွက်လာမည်ဖြစ်သည်။ ယင်းက အခြားသော တက္ကသိုလ်များအနေဖြင့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ မပေါ်ထွက်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဥပမာအနေဖြင့် မာယွမ်သည် တက္ကသိုလ်တစ်ခုကို ဝင်ရောက်ရန်အတွက် ကြိုးပမ်းခဲ့ရသည့်သူ ဖြစ်သည်။
သို့သော် နာမည်ကျော်ကြားသည့် တက္ကသိုလ်မှ ကျောင်းသားသည် အောင်မြင်နိုင်စွမ်း ပိုမြင့်မားပေသည်။ အကြောင်းမှာ သူတို့သည် ခြေလှမ်းတိုင်းက ဖြောင့်ဖြူးနေသည့်အတွက်ပင် ဖြစ်သည်။
ဖုန်းယွီတက္ကသိုလ်ကို ဝင်ရောက်သည့်အခါ သူ့အနေဖြင့် အရင်ဘဝက အောင်မြင်ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့မည်မှာ မလွဲဧကံပင်။ လာခဲ့ပါ။ အစ်ကိုဖုန်းက မင်းတို့ကို ဦးဆောင်သွားမှာပေါ့။
တစ်ပတ်ခန့်ကြာပြီးနောက် ဖုန်းယွီသည် ဘင်းမြို့တော်သို့ ပြန်ခဲ့ပြီးနောက် မော်စကိုသို့ လေယာဉ်ဖြင့် ထွက်ခွာသွားတော့သည်။
____