အထူးပြုစုမှု
Vol. 16 Ch. 232
တဖန် ကီရီလန်ကိုသည် သူ့ကားကို လေယာဉ်ကွင်းသို့ မောင်းခဲ့ပြီး ဖုန်းယွီကို လာကြိုနေသည်။ ယခုတစ်ကြိမ်တွင် သူသည် နွေရာသီစခန်း၏ ပွဲစီစဉ်သူများကို အကြောင်းကြားခဲ့သည်။ ဖုန်းယွီအနေဖြင့် ကိုယ်ရေးကိုယ်တာအချို့ ရှိနေသည့်အတွက် သူ့၏ကိစ္စများပြီးနောက် ကိဗ်ယက်မှသာ စခန်းကို လာရောက်မည်ဖြစ်ကြောင်း သူတို့ကို ပြောခဲ့သည်။
မော်စကိုတက္ကသိုလ်နှင့် ကိဗ်ယက်တက္ကသိုလ်သည် ယင်းကိစ္စနှင့် ပတ်သတ်ပြီး အဆင်ပြေ၏။ ဘင်းမြို့တော်၏ အမှတ်သုံး အထက်တန်းကျောင်းသည်လည်း စိတ်ထဲမထားပေ။ ကျောင်းသူ၊ ကျောင်းသားများ မထွက်ခွာခင်က ကျောင်းအုပ်သည် ထိုနွေရာသီစခန်းကို ဦးဆောင်မည့် ခေါင်းဆောင်ကို ဖုန်းယွီအား ကန့်သတ်ရန် ညွှန်ကြားခဲ့သည်။
မြို့တော်အစိုးရသည်လည်း ယင်းသည် မော်စကိုရှိ သုတေသနစင်တာများဆီ သွားရောက်လေ့လာရန်အတွက် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်သည်ကို သိပြီး တက္ကသိုလ် ပါမောက္ခအချို့ကို စေလွှတ်ခဲ့သည်။ ယမန်နှစ်က ထိုစင်တာများမှ ဒေတာများကို ရယူခဲ့သော ပါမောက္ခသုံးယောက်သည် သူတို့၏ သုတေသနပြုချက်များတွင် ကူညီရာရောက်ခဲ့ပြီး သုတေသနပြုလုပ်ရန် ရန်ပုံငွေ အများအပြားကို သိသိသာသာ လျော့ချနိုင်ခဲ့သည်။
သုတေသန၏ ရလဒ်ကို ဘင်းမြို့တော်၏ အစိုးရဆီကိုလည်း မျှဝေပေ၏။ ထိုရလဒ်များကို အသုံးပြုပြီး မြို့တော်အစိုးရသည် ကုမ္မဏီများကို ထူထောင်ခဲ့သည်။
ယင်းက ဘင်းမြို့တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အားပေးရုံမက မြို့တော်၏ ဂုဏ်ကျက်သရေကိုလည်း ကျော်ဇောစေသည်။
သို့သော် ယခုနှစ်တွင်တော့ ကွဲပြားခြားနားသည်။ မော်စကိုတက္ကသိုလ်သည် ကျောင်းသား၊ ကျောင်းသူများအား သူတို့၏ သုတေသန ဓာတ်ခွဲခန်းများနှင့် စင်တာများကို သွားရောက်လည်ပတ်ရန်အတွက် ခွင့်ပြုခြင်း မရှိပေ။ ကိဗ်ယက်တက္ကသိုလ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ ကျောင်းသားများသည် စာပေနှင့် သက်ဆိုင်သည့် နေရာများကိုသာ သွားလည်နိုင်ကြပေသည်။
မြို့တော်တွင် စာပေကို မည်သို့အသုံးချရမည်နည်း။ ယင်းက ရွေးချယ်စရာ မရှိပေ။ ယမန်နှစ်က ပထမဦးဆုံး နွေရာသီစခန်းဖြစ်ပြီး အနည်းငယ် ဗြုန်းဒိုင်းဆန်သည်။ ပြီးနောက် ကျောင်းသားများ အနေဖြင့်လည်း ထိုနေရာများကို သွားရောက်လည်ပတ်နိုင်သည်။ ယခုနှစ်တွင် သူတို့လည်ပတ်နိုင်ခြင်း မရှိတော့ချေ။ ဖုန်းယွီနှင့် ကီရီလန်ကိုသည် အခြားသော ကိစ္စများတွင်သာ အာရုံစိုက်ထားသောကြောင့် ယင်းကို မတောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။
အမှတ်သုံး အထက်တန်းကျောင်းမှ ဆရာများသည် ဖုန်းယွီသည် ထူးခြားသည့် သူဖြစ်ကြောင်း သိရှိပေ၏။ ဖုန်းယွီ အမှတ်သုံး အထက်တန်းကျောင်းကို ဝင်ရောက်ပြီးကတည်းက သူသည် အထူးအရေးပေးမှုကို ရခဲ့သည်။ ကျောင်းအုပ်စွန်း ရာထူးအတိုးခံရသည်မှာ ဖုန်းယွီကြောင့်ဟု ကောလဟာလများလည်း ရှိသည်။ ထိုကောလဟာလ မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်က အရေးပါသည့် အရာမဟုတ်ပေ။ သို့သော် ထိုပြောစကားက မှန်နိုင်ကောင်း မှန်နိုင်ပေသည်။ ဆရာများအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းကို အန္တရာယ်ရှိသည့် အလောင်းအစားကို မလုပ်ရဲပေ။ မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီမပါဘဲ အဖွဲ့ကို ဦးဆောင်ရခြင်းက ဆရာ၊ဆရာမများအတွက် ပိုမိုလွယ်ကူပေ၏။
ဖုန်းယွီသည် မော်စကိုတွင် တစ်ညသာ အိပ်စက်ခဲ့သည်။ ကီရီလန်ကို၏ ဧည့်သည်များကို ကြိုဆိုသည့် နည်းလမ်းသည် အရက်သောက်ရန် ဖိတ်ခြင်းပင်ဖြစ်ပေသည်။ သင်သည် အမျိုးသားတစ်ယောက် ဖြစ်သည်လော။ သောက်ပါ။
နောက်တစ်နေ့တွင် ကိဗ်ယက်ကိုသွားမည့် လေယာဉ်ပေါ်သို့ ရောက်နေသည်။ ဖုန်းယွီသည် မူးနောက်နောက် ဖြစ်နေဆဲဖြစ်သည်။ သူသည် ကီရီလန်ကိုသောက်သည်ထက် တစ်ဝက်သာ သောက်ရသေးသည်။ သို့သော် သူသည် လေယာဉ်ပျံပေါ် အရောက်တွင် အမူးပြေနေပြီဖြစ်သည်။
အစ်ကိုကီက ချမ်းသာပေသည်။ ယင်းက ပုဂ္ဂလိကပိုင် ဂျက်လေယာဉ်ဖြစ်သည်။
ထိုလေယာဉ်သည် ထိုင်ခုံနှစ်ဆယ်ပါ လေယာဉ်ဖြစ်ပြီး ဖုန်းယွီအနေဖြင့် ထိုကဲ့သို့ လေယာဉ်မျိုးကို အရင်ဘဝက အင်တာနက်ပေါ်တွင်သာ တွေ့မြင်နိုင်သည်။ ချမ်းသာသည့်သူများသာ ပုဂ္ဂလိက ဂျက်လေယာဉ်များကို တက်နိုင်၏။
ထိုင်ခုံများသည်လည်း သက်တောင့်သက်သာရှိပြီး ကျယ်ဝန်းပေသည်။ လေယာဉ်ပေါ်တွင် အိပ်ခန်းတစ်ခန်းတောင် ပါလိုက်သေး၏။ အိပ်ခန်းထဲတွင် King Size အရွယ်အစားရှိ ကုတင်အကြီးတစ်လုံး ရှိပေ၏။
ဒါကပုဂ္ဂလိကပိုင် ဂျက်လေယာဉ်ပဲ။ ပြီးတော့ ကုတင်တောင် ပါလိုက်သေးတယ်။ ခမ်းနားကြီးကျယ်တယ်။ အရမ်းကို ခမ်းနားကြီးကျယ်တယ်။
ဒါပေမဲ့ ငါနှစ်သက်တယ်။
“ဖုန်း ဒီလေယာဉ်ကို မင်းဘယ်လိုထင်လဲ။ ဗိုလ်မှူးအထက် ရာထူးရှိတဲ့ လူတွေသာ ဒီလေယာဉ်မှာ စီးနိုင်တယ်။ မင်းသဘောကျရဲ့လား။ တကယ်လို့ မင်းလည်း ဒီလေယာဉ်တစ်စီး လိုချင်တယ်ဆိုရင် မင်းကိုဈေးချိုချိုနဲ့ ရောင်းပေးနိုင်တဲ့ နည်းလမ်း ငါစဉ်းစားပေးလို့ရတယ်။ ”
ကီရီလန်ကိုသည် ဆေးလိပ်သောက်နေသည်။ ပြီးနောက် သူ၏ခြေထောက်များကို လှုပ်နေသည်။ သူ့အနေဖြင့် နောက်ခံကောင်းကောင်းနဲ့ အဆက်အသွယ်ရှိသည့် ဇိမ်ခံတတ်သည့် လူများသာ ပျော်ရွှင်နိုင်သည့်ပုံ ပြသနေခြင်းဖြစ်သည်။ သံသယဖြစ်ဖွယ်မရှိ။ ဖုန်းယွီသည်လည်း ယခင်က ယခုကဲ့သို့ မခံစားဖူးပေ။
ဖုန်းယွီက တွေးတောနေသည်။ သူသည် ထိုလေယာဉ်ကို နှစ်သက်ပေသည်။ ခဏနေပါအုံး။ အစ်ကိုကီက ငါ့ကိုတစ်စီးရောင်းမယ်လို့ ပြောလိုက်တာလား။ ငါလေယာဉ်တစ်စီးကို ပိုင်ဆိုင်လို့ ရတာလား။
ဖုန်းယွီကို ထိုအကြံဉာဏ်ပေးမှုက ဆွဲဆောင်လိုက်သည်။ သို့သော် သူထိုလေယာဉ်ကို မဝယ်နိုင် သို့မဟုတ် အနည်းဆုံး ယခုအချိန်တွင် မဝယ်နိုင်သေးဆိုတာ သူသိပေသည်။
တရုတ်ပြည်တွင် သင့်အနေဖြင့် အလွန်မောက်မာပြီး တရုတ်ပြည်တွင် အမှန်ပင် ချမ်းသာသည်ဆိုပါက သင့်အနေဖြင့် ဒုက္ခရောက်ပေလိမ့်မည်။
သူ့၏အရင်ဘဝတွင် ဦးလေးဘန်ချမ်း အမည်ရသော အနုပညာသမား တစ်ယောက် ရှိခဲ့သည်။ သူသည် သူ့ပရိတ်သတ် သန်းတစ်ထောင်ရှိပြီး သူ့၏ကုမ္မဏီများက ပိုက်ဆံများများ ရှာနိုင်သည်။ သို့သော် သူ့အနေဖြင့် ဂျက်လေယာဉ်တစ်စီး ဝယ်ယူပြီးနောက် သူ၏ဘဝသည် နိမ့်ပါးသွားခဲ့သည်။ သူ့အနေဖြင့် ဒေဝါလီ မခံရသော်ငြား သူသည်အများပြည်သူ၏ အမြင်ကြည်မှုကို ထပ်ပြီးမရရှိတော့ပေ။
ဖုန်းယွီသည် သူ၏လိုချင်တပ်မက်မှုကို မြိုသိပ်လိုက်ပြီး ကီရီလန်ကိုကို ညာပြောလိုက်သည်။
“ဒီလိုလေယာဉ်မျိုးကို ကျွန်တော်တကယ် မကြိုက်ဘူး။ တကယ် ”
သူထိုသို့ပြောနေစဉ် သူသည် လေယာဉ်ပတ်လည်ကို ကြည့်နေသည်။
လေယာဉ်သည် ပျံတက်သွားပြီ။ တစ်ခဏကြာပြီးနောက် လေယာဉ်မယ်သည် သူတို့ဆီလာကာ ခါးပတ်များကို ဖြုတ်နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသည်။
ကီရီလန်ကိုသည် မတ်တပ်ထရပ်လိုက်ပြီး ကယ်ဘင်၏ ထောင့်တစ်ထောင့်ဆီသို့ လမ်းလျှောက်သွားသည်။ ဖုန်းယွီသည် ရုတ်တရက် သဘောပေါက်သွားသည်မှာ လှပသော လေယာဉ်မယ်သည် လေယာဉ်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။
ချီး လေယာဉ်ပေါ်မှာတောင်မှ Mini Barလေးတစ်ခု ရှိနေသေးတာလား။ ကီရီလန်ကိုက ဘဝကို ဘယ်လိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ်ဆိုတာ တကယ်ကို သိတာပဲ။
“ဖုန်း လေယာဉ်ဆင်းဖို့က နောက်ထပ် တစ်နာရီလောက် လိုသေးတယ်။ ဗော်ကာတစ်ခွက်လောက် သောက်မလား။ ”
ကီရီလန်ကိုက မေးလိုက်သည်။
ဖုန်းယွီ၏ မျက်နှာအရောင် ပြောင်းသွားပြီး ချက်ချင်းပင် သူ၏ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။
“အစ်ကိုကီ ကျွန်တော်ထပ်ပြီးတော့ မသောက်နိုင်တော့ဘူး။ တကယ်လို့ သစ်သီးဖျော်ရည် ရှိမယ်ဆိုရင်တော့ ကျွန်တော် သစ်သီးဖျော်ရည်တစ်ခွက်လောက် သောက်ချင်ပါတယ်။ ”
ဟာသတွေ ရပ်လိုက်တော့။ ငါမင်းအကြောင်း ကောင်းကောင်းသိတယ်။ တကယ်လို့ တစ်ခွက်လို့ ပြောတယ်ဆိုရင် မင်းကငါ့ကို တစ်ပုလင်းလုံး လောင်းချမှာ။ ဖုန်းယွီအနေဖြင့် ထိုကဲ့သို့သော ဧည့်ဝတ်ကျေပွန်မှုမျိုးကို လက်မခံနိုင်ပေ။
ဖုန်းယွီသည် သစ်သီးဖျော်ရည်ကို တစ်ကျိုက်ထဲဖြင့် ပြီးသွားခဲ့သည်။ ထိုဖျော်ရည်က သူ၏စိတ်ကို အနည်းငယ် ရှင်းလင်းသွားစေသည်။ ကီရီလန်ကိုသည် ဖုန်းယွီအနေဖြင့် အိပ်ခန်းကို ကြည့်နေသည်ကို သတိပြုမိသွားပြီး သူ၏မျက်တောင်ကို ပင့်လိုက်တော့သည်။ သူသည် လေယာဉ်မယ်ကို အချက်ပြပြီး သူ့အား တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
လေယာဉ်မယ်သည်လည်း ကီရီလန်ကိုကို ကြည့်လိုက်သည်။ ပြီးနောက် ဖုန်းယွီကို ကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းကို အနည်းငယ်ကိုက်လျှက် ပြန်ခေါင်းညိတ်လိုက်သည်။
“မစ္စတာဖုန်း အဲ့ဒီအခန်းမှာ အနားယူချင်လို့လား။ ”
လေယာဉ်မယ်သည် ဖုန်းယွီဆီသို့ သာသာယာယာဖြင့် လမ်းလျှောက်လာပြီးနောက် သူ့၏နားနားသို့ ချိုသာသည့်အသံဖြင့် ပြောလိုက်သည်။ သူမ၏ နွေးသော အသက်ရှုသံသည် ဖုန်းယွီ၏ နားထဲကို ဝင်သွားခဲ့သည်။ ကလိကလိ ဖြစ်စေ၏။
ဖုန်းယွီသည် တစ်ဖက်ကို ရွှေ့လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“တကယ်ကြီးလား။ ”
“နောက်ကလိုက်ခဲ့ပါ။ ”
လေယာဉ်မယ်သည် ဖုန်းယွီကို King Size ကုတင်ကြီးပါသည့် အခန်းထဲကို ဦးဆောင်ခေါ်သွားတော့သည်။ ကီရီလန်ကိုသည် မနီးမဝေးတွင် ရပ်နေပြီး သူ့မျက်နှာထက်တွင် မရိုးသားသည့် အပြုံးတစ်ခု ရှိနေ၏။
ချက်
အိပ်ခန်း၏ တံခါးကို လေယာဉ်မယ်က လော့ချလိုက်သည်။
ဖုန်းယွီက မှင်သက်သွားကာ ဒါကဘာလဲ။ ငါကဒီမှာ တစ်ရေးလောက် အိပ်ချင်တာလေ။ ပြီးတော့ မင်းဘာလို့ တံခါးကို လော့ချလိုက်တယ်ဆိုတာကို ငါနားလည်တယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ အခန်းထဲကနေ ထွက်သွားလိုက်တော့။
“မစ္စတာဖုန်း ရှင့်ရဲ့အဝတ်တွေကို ကျွန်မကူချွတ်ပေးပါ့မယ်။ ”
လေယာဉ်မယ်သည် ဖုန်းယွီဆီသို့ ရောက်လာပြီး သူ၏အင်္ကျီများကို ကူချွတ်ရန် ပြင်လိုက်တော့သည်။
အစောပိုင်းက ဖုန်းယွီ၏ စိတ်အားထက်သန်သည့် အမူအရာကို သူမမြင်ခဲ့ပြီးဖြစ်သည်။
ဖုန်းယွီသည် သူမလက်မှ ရုန်းထွက်ရန်အတွက် ကြိုးပမ်းသော်လည်း ကုတင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမငါ့ဆီကနေပြီးတော့ ဘာလိုချင်တာလဲ။
ဖုန်းယွီသည် ကုတင်ပေါ် တက်လိုက်ခြင်းက အစပြုခြင်းကို လုပ်ဆောင်နေသည်ဟု သူမမြင်လိုက်သည့်အခါ လေယာဉ်မယ်သည် ချစ်စရာကောင်းသည့် အပြုံးဖြင့် ပြုံးနေလေ၏။ သူမသည် သူမ၏ ယူနီဖောင်းကို စတင်ချွတ်တော့သည်။
ဖုန်းယွီက ချက်ချင်းဆိုသလိုပင် သူမ၏လက်ကို ဖမ်းဆုပ်လိုက်သည်။ သူသည် ယခုဘဝတွင် လူပျိုဖြစ်သော်လည်း အရင်ဘဝတွင်တော့ သူ့တွင်မိန်းမတစ်ယောက် ရှိခဲ့ဖူးသည်။ သူသည် အရူးတစ်ယောက် မဟုတ်သည့်အတွက် ဘာဆက်ဖြစ်မည်ကို သူသိပေ၏။
လေယာဉ်မယ်သည် ဖုန်းယွီကို အခန်းထဲခေါ်ပြီးနောက် အခန်းထဲတွင် နေခဲ့သည်။ ပြီးနောက် ကီရီလန်ကိုသည်လည်း ထိုအကြောင်းကို သိရမည်ပင်။ သူသည် တံခါးကို မခေါက်ခဲ့ပေ။ ယင်းအဓိပ္ပာယ်က သူသည် ထိုကိစ္စကို စီစဉ်ထားခြင်းပင်ဖြစ်သည်။
ချီး ငါကကုတင်ပေါ်မှာ တစ်ရေးလောက်ပဲ အိပ်ချင်နေတာ။ လေယာဉ်မယ်နဲ့ အိပ်ချင်တာ ဟုတ်မနေဘူး။
ဖုန်းယွီစိတ်ဆိုးလျှင်တောင် သူတို့သည် လေယာဉ်ပေါ်တွင် ရှိနေသေးဆဲဖြစ်သည်။ ကီရီလန်ကိုသည် အပြင်ဘက်တွင် ရှိနေသည်။ သူ့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို မလုပ်ချင်ပေ။ ထပ်ပြောရပါက ထိုလေယာဉ်မယ်သည် ငယ်ရွယ်ပြီး လှပသည်။ လူဘယ်လောက်များများက သူမနှင့် အိပ်ခဲ့မှန်း မသိနိုင်ပေ။
“ခဏ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ငါမနေ့ကတည်းက အရမ်းမူးနေတာ။ ငါစိတ်မဝင်စားဘူး။ ”
လေယာဉ်မယ်သည် ကြောင်အသွားသည်။ သူသည် ၁၈နှစ်အရွယ်သာ ဖြစ်သေးသည်။ ပြီးနောက် သူမကိုယ်သူမ အလွန်ဆွဲဆောင်နိုင်စွမ်း ရှိသည့်သူမှန်း သိပေသည်။ ထိုမစ္စတာဖုန်းက သူမအား စိတ်မဝင်စားသည်လော။
“မစ္စတာဖုန်း ကီရီလန်ကိုက ရှင့်ကို အဖော်ပြုပေးဖို့အတွက် ကျွန်မကို စီစဉ်ခဲ့တာပါ။ ရှင့်အနေနဲ့ စိုးရိမ်ပူပန်ဖို့ မလိုပါဘူး။ ”
“ကျေးဇူးပြုပြီး အပြင်ထွက်သွားပေးပါ။ ပြီးတော့ သူ့ကိုပြောလိုက်ပါ။ ငါအနားယူချင်နေတယ်လို့။ မင်းထွက်သွားတာနဲ့ တံခါးကို ပြန်ပိတ်ခဲ့ပေး။ ”
ဖုန်းယွီသည် ပြတ်သားစွာဖြင့် ပြန်ပြောလေသည်။
လေယာဉ်မယ်သည် စိတ်ပျက်လက်ပျက်ဖြင့် အပြင်ကို ထွက်သွားခဲ့သည်။ ကီရီလန်ကို သူမအား ကတိပေးထားသည့် ရူဘယ်တစ်ထောင်လည်း ရတော့မည် မဟုတ်ပေ။ သို့သော် ကီရီလန်ကို၏ ညွှန်ကြားချက်သည် အလွန်ရှင်းလင်းသည်။ သူမအနေဖြင့် ဖုန်းယွီကို ပျော်ရွှင်အောင် လုပ်ပေးရမည်။ ဖုန်းယွီစိတ်ဆိုးပါက သူလည်း စိတ်ဆိုးမည်ဖြစ်သည်။
သူမအခန်းထဲမှ ထွက်လာသည့်အခါ သူမသည် ဖုန်းယွီဆီသို့ နောက်လှည့်ကြည့်နေဆဲဖြစ်သည်။ သူမအိပ်ခန်းတံခါးကို ပိတ်လိုက်သည့်တိုင် ဖုန်းယွီက သူမကို ပြန်မခေါ်ပေ။
လေယာဉ်မယ်သည် အခန်းအပြင်မှ ထွက်လာသည့်အခါ ကီရီလန်ကိုက လုံးဝမှင်သက်သွားသည်။ သူသည် သူမကို မျက်စိစကားဖြင့် မေးလိုက်သည်။ ပြီးနောက်သူမက ခေါင်းခါလိုက်သည်။ ကီရီလန်ကိုသည်လည်း စိတ်ပျက်သွားသည်။ ဖုန်းယွီသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကောင်းသည်လော သို့မဟုတ် သူ့အနေဖြင့် မိန်းကလေးများကို မနှစ်သက်သည်လော။
လေယာဉ်မယ် ထွက်သွားပြီးနောက် ဖုန်းယွီသည် တံခါးကို ချက်ချင်လော့ချလိုက်ပြီး ကုတင်ပေါ်တွင် အိပ်လိုက်သည်။ သူက သက်ပြင်းချလိုက်သည်။ ကိဗ်ယက်တွင် ယခုကဲ့သို့ ကီရီလန်ကို ထပ်ပြီးစီစဉ်ပေးခဲ့ပါက သူ့၏ ဧည့်ဝတ်ကျေပွန်မှုကို သူလက်ခံသင့်မသင့် တွေးနေခဲ့၏။
ဘာသာပြန်မှတ်စု ဖူမိသားစုသည် MC ပေါ်တွင် အသာစီး ရယူခဲ့သည်။ သို့သော် လက်တွေ့ဘဝတွင် စီးပွားရေးတွင် ထိုကဲ့သို့သော မိတ်ဆွေမျိုး မရှိပေ။ အကျိုးအမြတ်သာ ရှိပေသည်။ ဖူမိသားစုသည် ဟောင်ကောင်ရှိ ဖူမိသားစု အစစ်အမှန်ကို အခြေခံကာ ဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်သည်။ ထိုမိသားစုသည် တိုက်ကြီးတိုင်းတွင် ဖြန့်ချီရေးလမ်းကြောင်းများ တကယ်ရှိပေသည်။ MC အနေဖြင့် သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးမည်ပင်။
_____