အခန်း (၂၃၃)
Vol. 16 Ch. 233
ဖုန်းယွီမအိပ်ပျော်ခင် လေယာဉ်မယ်သည် တံခါးကို လာခေါက်ပြီး သူတို့အနေဖြင့် လေယာဉ်ဆင်းတော့မည် ဖြစ်သည့်အတွက် ဖုန်းယွီသည် သူ့ထိုင်ခုံသို့ပြန်ကာ ခါးပတ်ပတ်ရန် လိုအပ်ကြောင်း အကြောင်းပြန်သည်။
ခုနက မောင်းထုတ်ခဲ့သော လေယာဉ်မယ်ဖြစ်ကာ သူမသည် ဖုန်းယွီကို ချိုသာစွာဖြင့် ပြုံးပြသည်။ ဖုန်းယွီက မှင်သက်သွားပြီး သူ၏ထိုင်ခုံသို့ ပြန်ခဲ့သည်။
ကီရီလန်ကိုက ဖုန်းယွီကို ကြည့်နေသည်။ ဖုန်းယွီ၏သွင်ပြင်မှ သူ၏ခံစားချက်ကို ကီရီလန်ကိုအနေဖြင့် မပြောနိုင်ပေ။ ပြီးနောက် ဖုန်းယွီသည် ထိုလေယာဉ်မယ်ကို သဘောမကျသည်လား သူမသိပေ။
လေယာဉ်သည် စစ်တပ်သုံး လေယာဉ်ကွင်းသို့ ဆင်းခဲ့၏။ သူတို့လေယာဉ်မှ ထွက်သည်နှင့် ကိဗ်ယက်၏ ဒုတိယမျိုးဆက်ကို တွေ့ရသည်။ သူ၏နာမည်မှာ မှတ်ရန်အတွက် ခက်ခဲပြီး ဖုန်းယွီသည် သူ၏နာမည်ကို အနည်းငယ်မျှသာ ကြားဖူးသည်။ သူ့၏နာမည် အပြည့်အစုံကို သူမမှတ်နိုင်ပေ။ သူ၏နာမည်တွင် မှတ်မိသည်က ကေတစ်လုံးတည်းသာ ဖြစ်သည်။ ထို့ကြောင့် ဖုန်းယွီသည်သူ့ကို အစ်ကိုကေဟုသာ ခေါ်၏။
အစ်ကိုကေသည် ကီရီလန်ကိုထက်ပိုပြီး စိတ်ကြီးသည်။ ပြီးနောက် ဖုန်းယွီသာ ကီရီလန်ကိုနှင့် အရင်မတွေ့ခဲ့ပါက သူနှင့်သူငယ်ချင်းကောင်း ဖြစ်ကောင်းဖြစ်နိ်ုင်ပေသည်။ သို့သော် ယခုတွင် ကီရီလန်ကိုသည် လုံလောက်ပြီဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့်အခါ ကီရီလန်ကို၏ အဖေသည် ရာထူးတိုး မခံရလျှင်တောင် သူ့၏အဆင့်အတန်းသည် အစ်ကိုကေထက် ပိုမြင့်မားမည်ဖြစ်သည်။
ထို့ပြင် ဖုန်းယွီသည် အစ်ကိုကေအကြောင်း အရင်က တစ်ခါမှ မကြားဖူးပေ။ အနာဂတ်တွင်သူသည် ယူကရိန်းစစ်တပ်၏ အရေးမပါသည့် သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ သို့သော် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ယူကရိန်းအနေဖြင့် ရုရှားကို မည်သို့ယှဉ်နိုင်မည်နည်း။ ထပ်ပြောရပါက ကီရီလန်ကိုသည် ဖုန်းယွီကို ယူကရိန်းဘဏ်များမှ ချေးငွေရရန်အတွက် ခေါ်ခဲ့ခြင်းဖြစ်သည်။ ချေးငွေရယူပြီးနောက် သူတို့နှစ်ယောက်လုံး သူငယ်ချင်း ထပ်ဖြစ်တော့မည် မဟုတ်ပေ။
“ကီရီလန်ကို ဖုန်း ကိဗ်ယက်ကနေ ကြိုဆိုပါတယ်။ ”
အစ်ကိုကေက သူတို့နှစ်ယောက်လုံးကို တစ်ခါဆီ ဖက်လိုက်သည်။ ဟမ့် သူဖက်တာကတော့ ကီရီလန်ကိုလောက်တော့ အားမနည်းဘူးပဲ။
အစ်ကိုကေသည် တကယ်ကိုပင် ကီရီလန်ကိုထက် လူမှုဆက်ဆံရေးတွင် ပိုမြင့်မားသည့် အခြေအနေတွင်ရှိသော လူတစ်ယောက်ဖြစ်သည်။ သူ့၏ကားဖြစ်သည့် Rolls Royceကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။ သူ့၏ကားကို ကြည့်ရုံဖြင့် ဆိုဗီယက် ပြည်ထောင်စု၏ စစ်ဖက်ဆိုင်ရာ အရာရှိများသည် မည်မျှအကျင့်ပျက် ခြစားကြောင်း တွေ့မြင်နိုင်ပေ၏။
နေ့လည်တောင် မရောက်သေးခင် အစ်ကိုကေသည် သူတို့နှစ်ယောက်ကို စားသောက်ဆိုင်သို့ ခေါ်ခဲ့သည်။ ယင်းက ဆိုဗီယက် ပြည်ထောင်စု၏ ဧည့်သည်များကို ကြိုဆိုသည့်နည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဖုန်းယွီသည် သူ့၏စိတ်ထဲတွင် အပြစ်တင်နေသည်။ နေ့လည်စာက အခုလား။ ဒီအဓိပ္ပာယ်က ငါထပ်သောက်ရအုံးမှာတဲ့လား။ မနေ့တုန်းက အမူးပြေတာတောင်မှ ပျောက်ရုံလေးပဲ ရှိသေးတာ။ ဘာကြောင့်ဆိုဗီယက်တွေက အဲ့လောက်တောင် သောက်ရတာလဲ။
“အစ်ကိုကေ ကျွန်တော်က အသက်မပြည့်သေးဘူး။ ပြီးတော့ ကျွန်တော်ရဲ့ နိုင်ငံမှာဆိုရင် အရက်သောက်ခွင့် မရှိပါဘူး။ သေချာတာပေါ့။ ဒါကဆိုဗီယက် ပြည်ထောင်စု။ ပြီးတော့ ကျွန်တော်အနေနဲ့ အစ်ကိုတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားပါတယ်။ ကျွန်တော် နည်းနည်းပဲ သောက်ပါမယ်။ ”
ဖုန်းယွီသည် အကြောင်းပြချက်ကို စတင်ရှာဖွေတော့သည်။ ယမန်နေ့က ကီရီလန်ကိုနှင့် သူသောက်သည့်အခါက သူအလွန်အကျွံ မူးသွားခဲ့သည်။
“ဟား ဟား ဟား ဟား ကီရီလန်ကို မင်းမနေ့ကဖုန်းကို မူးအောင်လုပ်တာလား။ စိတ်မပူပါနဲ့။ ပြင်သစ်ကနေပြီးတော့ ဝိုင်တွေ ပြင်ပေးထားပါတယ်။ အရက်ပါဝင်မှုနှုန်းက အရမ်းနည်းတယ်။ ဒါကပြင်သစ် စားသောက်ဆိုင်လေ။ ပြင်သစ်အစားအစာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ကြတာပေါ့။ ”
ဖုန်းယွီသည် သက်ပြင်းတစ်ချက် ချမိသွားသည်။ အစ်ကိုကေနှင့် ကီရီလန်ကိုသည် မတူညီသည့် လူနှစ်မျိုးနှစ်စားပင် ဖြစ်သည်။ သူတို့၏ ပုံစံကို သူတို့ပိုက်ဆံသုံးသည့်ပေါ် မူတည်ပြီး ပြောနိုင်ပေ၏။ ကီရီလန်ကိုသည် သာမာန်ရုရှားတစ်ယောက် ဖြစ်သည်။ အစ်ကိုကေသည် ဥရောပ၏ အထက်တန်းလွှာဘက်သို့ ယိမ်းသည်။ သူ၏မိသားစုသည် ယူကရိန်း၏ အချို့သော တော်ဝင်မျိုးနွယ်တောင် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
ယူကရိန်းပြည်သူများနဲ့ ရုရှားပြည်သူများ၏ ဘဝနေထိုင်မှုပုံစံသည် ဆိုဗီယက် ပြည်ထောင်စု တစ်မိုးအောက်တွင် ရှိသော်ငြား အလွန်ကွဲပြားပေသည်။ အခြားသော ပြည်ထောင်စုဝင် နိုင်ငံများတွင်လည်း ယင်းကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးနောက် ယင်းကပင် ပြိုကွဲခြင်း၏ အကြောင်းအရာတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
ဖုန်းယွီသည် ဝိုင်တွေကို မြင်သည့်အခါမှ စိတ်ပြေသွားသည်။ သူသည် နေ့လည်စာကို အားရပါးရဖြင့် စားသောက်ရန်အတွက် ပြင်တော့သည်။
“ဖုန်း ဒီဝိုင်တွေက စပျစ်သီး ဖျော်ရည်လိုပဲ။ တစ်ခြားတစ်ခုခုပဲ သောက်ရအောင်။ ”
ကီရီလန်ကိုက ပြောလိုက်သည်။ ပြီးနောက် ဖုန်းယွီသည် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့သည်။
ချီး ဘာလို့ငါတို့တွေက ဖြေးဖြေးချင်း သွားရမှာလဲ။
ဖုန်းယွီသည် သူ၏ဝိုင်ခွက်ကို မြောက်လိုက်ပြီးနောက် တစ်ငုံသာသောက်လိုက်ပြီး ဝိုင်ကိုဖြေးဖြေးချင်း မြိုချလေသည်။ တစ်ခြားတစ်ဖက်တွင် ကီရီလန်ကိုသည် ထည့်သမျှဝိုင်တိုင်းကို တစ်ကျိုက်ထဲသောက်၏။ ကီရီလန်ကိုသည် သူ့ခွက်ထဲရှိ ဝိုင်ကုန်သွားပြီးနောက် ဖုန်းယွီသည် နည်းနည်းသာ သောက်သည်ကို သူသတိပြုမိသွားသည်။
“ဟား ဟား ဟား ဟား ကီရီလန်ကို ဝိုင်တွေနဲ့ ဗိုကာနဲ့က ကွဲတယ်။ မင်းအနေနဲ့ ဖြေးဖြေးချင်း အရသာခံ သောက်ရတာ။ ဖုန်းကိုကြည့်လိုက်အုံး။ သူဝိုင်ကို ဘယ်လိုသောက်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ”
အစ်ကိုကေက ရယ်လိုက်သည်။ ဖုန်းယွီယင်းကို မည်သို့သိသနည်း။ ဖုန်းယွီသည် သူ့၏အရင်ဘဝက ပွဲများစွာတွင် ဝိုင်တွေကို သောက်ဖူးသော်လည်း သူ့အနေဖြင့် ဝိုင်တွေကို ဘယ်လိုအရသာခံပြီး ကောင်းကောင်း သောက်ရမည်ကိုတော့ မသိပေ။ သူသည် ဝိုင်တွေမသောက်ခင် Supriseနှင့်ရောခြင်း စသည့် ရူးကြောင်ကြောင် အရာမျိုးကိုတောင် လုပ်ခဲ့ဖူးသည်။
သို့သော် ကီရီလန်ကိုနှင့် ယှဉ်ပါက ဖုန်းယွီက ပိုကောင်းပေသည်။ ပြီးနောက် သူသည် ကီရီလန်ကို၏ ဆိုစကားကို လက်ခံနိုင်ပေ၏။
ကီရီလန်ကိုသည် စိတ်မချမ်းသာစွာဖြင့် ပြန်ပြောလိုက်သည်။
“ဟမ့် ဒီဝိုင်က ဘာအရသာမှ မရှိတာ ဒီမှာဗိုကာ မရှိဘူးလား ငါ့ကိုတစ်ပုလင်းပေး ”
အကယ်၍ ယခုစားသောက်ပွဲသည် လွန်ခဲ့သည့် နှစ်များကဆိုပါက ကီရီလန်ကိုအနေဖြင့် အစ်ကိုကေ၏ရှေ့တွင် ယခုကဲ့သို့မျိုး လုပ်ရဲမည်မဟုတ်ပေ။ အစ်ကိုကေ၏ လူနေမှု အဆင့်အတန်းသည် ကီရီလန်ကိုထက် မြင့်ပေသည်။ သို့သော် စက်မှုပစ္စည်းများနှင့် နည်းပညာများကို ဖုန်းယွီနှင့် ကုန်သွယ်ပြီးကတည်းက ပြီးနောက် သူ၏အဖေသည် ယက်ဆင်၏ အဖွဲ့ထဲကို ဝင်ခဲ့ပြီးနောက် ကီရီလန်ကိုသည် အစ်ကိုကေကို အရမ်းဂရုစိုက်ရန် မလိုတော့ဟု ခံစားရသည်။ သူသည် သူတို့၏ စီးပွားရေးမှ အစ်ကိုကေကို ဖြုတ်ချရန်အတွက် စီစဉ်ထားပြီး တရုတ်ဆိုဗီယက် ကုန်သွယ်ရေးကို သူကိုယ်တိုင် ပြုလုပ်မည်ဖြစ်သည်။
ယခုအကြိမ်တွင် ကီရီလန်ကိုသည် အတွေးအချို့ကို အလေးအနက် တွေးပြီးနောက် ကိဗ်ယက်ဘဏ်ကို ရွေးချယ်ခဲ့သည်။ ပထမအနေဖြင့် သူနှင့်ဖုန်းယွီ၏ မိတ်ဖက်ဆက်ဆံရေးကို အစ်ကိုကေအား ပြသချင်သည့်အတွက် ဖြစ်သည်။ သူသည် ဖုန်းယွီအကူအညီ လိုအပ်လာပါက ပထမဦးဆုံး ကူညီပေးနိုင်သည့်သူဖြစ်ကြောင်း ပြသချင်ပေသည်။ ဒုတိယအနေဖြင့် ဖုန်းယွီလိုချင်သည့် ချေးငွေပမာဏသည် အလွန်များပြားသည်ဟု ခံစားရသည်။ ဖုန်းယွီသည် ငွေပေးချေမှုကို ပျက်ကွက်ခဲ့ပါက ယူကရိန်း၏ဘဏ်သာ အရှုံးကို ခံစားရမည်ဖြစ်ပြီး ရုရှားဘဏ်များအနေဖြင့် ခံစားရမည် မဟုတ်ပေ။ နောက်ဆုံးအနေဖြင့် ထိုဘဏ်ကိစ္စမှတစ်ဆင့် အစ်ကိုကေကို ဖြုတ်ချချင်သည်။ အကယ်၍ တစ်ခုခု မှားယွင်းခဲ့ပါက အစ်ကိုကေသည် သက်သေတစ်ယောက် ဖြစ်ပေမည်။
အစ်ကိုကေသည် ကီရီလန်ကိုကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ့လူများအား ကီရီလန်ကိုအတွက် ဗော်ကာတစ်ဘူး ယူခဲ့ရန်အတွက် ပြောလိုက်သည်။ လွန်ခဲ့သည့် လများက ကီရီလန်ကိုသည် သူ့အားအကျိုးအမြတ် အနည်းငယ်သာ ပေးသည်ဟု ခံစားရသည်။ သူသည် ကီရီလန်ကိုကို များများသောက်စေချင်ပြီး မူးသွားစေချင်သည်။ ထိုနည်းလမ်းဖြင့် သူသည် ဖုန်းယွီအကြောင်းကို သူတို့၏ ကုန်သွယ်မှုအကြောင်း မေးမြန်းနိုင်ကာ ကီရီလန်ကိုသည် သူ့၏အကျိုးအမြတ်များကို ခွဲဝေယူသည်လော ဆိုသည်ကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။
ကီရီလန်ကိုသည် တစ်ယောက်ထဲ ဗော်ကာသောက်နေ၏။ သို့သော် ဖုန်းယွီနှင့် အစ်ကိုကေတို့ စကားပြောနေသည်ကို နားထောင်နေသည်။ သို့သော်ငြား သူတို့ပြောသည့် အကြောင်းအရာများသည် ဝါသနာ၊ စိတ်ဝင်စားမှု စသည့် အရေးမပါသည့် အရာများဖြစ်သည်။ ကီရီလန်ကိုသည် ဗော်ကာတစ်ပုလင်းကို တစ်ခဏအတွင်း ကုန်သွားခဲ့သည်။ ဖုန်းယွီနှင့် အစ်ကိုကေသည် ဝိုင်နီတစ်ပုလင်းကိုတောင် မကုန်သေးပေ။
ပြင်သစ်အသားကင်နှင့်Escargot(ပြင်သစ်အစားအစာတစ်မျိုး)သည် အလွန်နှစ်သက်ဖွယ်ကောင်းသည်။ သို့သော် ပါဝင်သည့်ပမာဏက အလွန်နည်းပေ၏။ ဖုန်းယွီသည် ၆၀ရာခိုင်နှုန်းခန့်သာ ဗိုက်ပြည့်သေးသည်ဟု ခံစားရသည်။ ကီရီလန်ကိုအနေဖြင့် သူ့အရွယ်အစားနှင့် ထိုနည်းနည်းလေးကို ဘာကြောင့်စားမှန်း အံ့သြမခန်းဖြစ်နေသည်။ အကယ်၍ ဝမ်တုန့်ကျွင်းသာဆိုပါက သူ့အနေဖြင့် နောက်ထပ်နှစ်ပွဲ မှာမည်ဖြစ်သည်။ ဖုန်းယွီသည် အစားအသောက် အများအပြားကို မှာယူသည့်အတွက် မှင်သက်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအစားအသောက်များသည် နေ့လည်စာမဟုတ်ပေ။ သူတို့တွင် ဆွေးနွေးရန်ရှိသည့် အရေးကြီးသည့် အကြောင်းအရာများ ရှိနေလို့ပဲဖြစ်၏။
အစ်ကိုကေသည် ကီရီလန်ကိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကီရီလန်ကို အမူးလွန်ပြီး အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။ သူ့၏စိတ်ထဲမှာတော့ ရယ်မောနေ၏။ မင်းမှာပိုက်ဆံရှိရုံနဲ့ မင်းကိုယ်မင်း လူတော်လို့ ထင်နေတာလား။ တကယ်လို့ မင်းသာငါတို့ကို ပေးတာနည်းနည်းလေးပဲဆိုတာ သိသွားမယ်ဆိုရင် မင်းပြဿနာအကြီးကြီး သေချာပေါက် တွေ့မယ်။
“ဖုန်း ငါကီရီလန်ကိုဆီက ကြားတာကတော့ မင်းရဲ့ကုမ္မဏီက ပြဿနာတွေ အများကြီးရှိနေတယ်။ ပြီးတော့ ချေးငွေရဖို့ လိုအပ်နေတယ်မလား။ ”
ဖုန်းယွီသည် ခေါင်းညိတ်လိုက်ကာ
“ဒါအမှန်ပဲ။ ကျွန်တော် ပိုက်ဆံအများကြီး လိုနေတယ်။ ”
ဖုန်းယွီက သူ့ဘာသာသူ တွေးနေ၏။ ငါ့ရဲ့ကုမ္မဏီက ပြဿနာ တွေ့နေတာမဟုတ်ဘူး။ ငါကဒီအခွင့်အရေးကို လက်မလွှတ်ချင်တာကြောင့်ပဲ။ တကယ်လို့ အခုဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ချေးငွေတွေ ရူပယ်အများအပြား ရမယ်ဆိုရင် ပြီးတော့ နောက်ထပ် နှစ်တွေအတွင်းမှာ ရူပယ်စျေးနှုန်းက သိသိသာသာကို ကျသွားမှာ။ ပြီးတော့ ပိုက်ဆံမှာ မရင်းနှီးရင်တောင် ငါ့အနေနဲ့ အကျိုးအမြတ်တွေ အများကြီးရမှာ။
“ရူပယ် ဘယ်လောက်များများ လိုချင်တာလဲ။ ”
အစ်ကိုကေက မေးလိုက်သည်။
ဖုန်းယွီက အနည်းငယ် တွေဝေသွားသည်။ ကီရီလန်ကိုက သူ့ကိုမပြောထားဘူးလား။
“အစ်ကိုကေ ကီရီလန်ကို ကျွန်တော်ကို ပြောတာကတော့ ဒီချေးငွေအတွက် အစ်ကိုရဲ့ အကူအညီ လိုတယ်တဲ့။ ကျွန်တော်ရဲ့ ကုမ္မဏီက အပေါင်းပစ္စည်း ထားဖို့အတွက် ရူပယ်သန်းသုံးဆယ်ပဲ တန်ကြေးရှိတာ။ အစ်ကိုအနေနဲ့ ကျွန်တော်ကို ချေးငွေဘယ်လောက်များများရအောင် ကူညီပေးနိုင်မလဲ။ ”
အစ်ကိုကေက မာန်ပါပါဖြင့် ပြောလိုက်သည်။
“ငါမင်းကို ချေးငွေရအောင် ကူညီပေးနိုင်တယ်။ အဲ့ဒီအတွက် မင်းမှာဘာစိုးရိမ်စရာ ရှိလို့လဲ။ ရူပယ်သန်းနှစ်ရာ လုံလောက်ပြီလား။ ”
ဘာ
ဖုန်းယွီ၏ မေးရိုးသည် အံ့သြမှုကြောင့် ကျသွားတော့သည်။ အစ်ကိုကေသည် တကယ်ကိုပင် ရက်ရောပေ၏။
_____