← Chapters

ငါသဘောတူရမလား

Vol. 16 Ch. 234

ငါသဘောတူရမလား

Vol. 16 Ch. 234

ရူပယ်သန်းနှစ်ရာ လုံလောက်ပြီလား။

ထိုမေးခွန်းသည် ဖုန်းယွီကို ကြောင်အသွားစေသည်။ သူ့အား ရူပယ်သန်းနှစ်ရာ ချေးငွေရရန် ကူညီပေးလောက်သည်အထိ အစ်ကိုကေနှင့်သူ ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်ဟု ဖုန်းယွီ မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ သူသည်လည်း ဖုန်းယွီအနေဖြင့် ထိုချေးငွေပမာဏကို ရရှိရန်အတွက် လုံလောက်သည့် ငွေကြေးပမာဏ မရှိကြောင်း သိပေ၏။

အဘယ့်အတွက် အစ်ကိုကေက သူ့အားထိုသို့ မေးသနည်း။

ကီရီလန်ကို မူးပြီးအိပ်မပျော်သွားခင် အစ်ကိုကေသည် သူနှင့်အရေးမပါသည့် အရာများကို ပြောနေသည်ကိုသာ သူရုတ်တရက် သတိရသွားသည်။ ထိုသို့ပြောဆိုခြင်းက ကီရီလန်ကို အရက်မူးသွားမှဖြစ်သည်။ ပြီးနောက်သူသည် ချေးငွေအကြောင်းကို ပြောတော့သည်။

ဒါကဖြစ်နိုင်လို့လား။

“အစ်ကိုကေ ကျွန်တော်ကို ရူပယ်သန်းနှစ်ရာ ချေးငွေရယူဖို့ ကူညီမှုမှာ အကြောင်းပြချက်တွေ ရှိလား။”

ဖုန်းယွီက ယင်းကို အလေးအနက်ဖြင့် မေးလိုက်သည်။

အစ်ကိုကေ မရူးပါက စည်းမျဉ်းစည်းကမ်းမရှိဘဲ သူ့ကိုကူညီဖို့ဆိုတာ သူ့အနေဖြင့် မယုံနိုင်ပေ။

အစ်ကိုကေက ပြုံးလိုက်သည်။ ဖုန်းယွီသည် ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်နေ၏။

“ဖုန်း ငါတို့တွေက ကီရီလန်ကိုကနေတစ်ဆင့် သိရတယ်ဆိုပေမဲ့လည်း ငါတို့တွေက စီးပွားရေးမိတ်ဖက်တွေ။ ဒါပေမဲ့ ငါ့အနေနဲ့ စီးပွားရေးမိတ်ဖက် ဆိုတာမျိုးပဲ မဖြစ်စေချင်ဘူး။ ငါတို့တွေက သူငယ်ချင်း ဖြစ်နိုင်တယ်။ သူငယ်ချင်းကောင်းတွေ။ ငါတို့ရဲ့ သူငယ်ချင်း ချစ်ကြည်မှုက ဆိုဗီယက် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံရဲ့ ချစ်ခင်မှုတို့ပဲ။ ”

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့၏စိတ်ထဲတွင်တော့ ကျိန်ဆဲနေသည်။ ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်သည် မည်သည့်အခါကမှ သူငယ်ချင်း မဖြစ်ခဲ့ပေ။ အတိတ်ကတည်းက တရုတ်ပြည်သည် အဝေးမှ သူများကို သူငယ်ချင်းလုပ်ပြီး အနီးရှိတိုင်းပြည်များကို တိုက်ခိုက်သည့် ပေါ်လစီရှိပေသည်။ သို့သော် အမေရိကန် ပြည်ထောင်စုကြောင့် တရုတ်သည် ဆိုဗီယက် ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရတော့သည်။ သို့သော် မကြာသေးမီက တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် သံတမန်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။

တရုတ်ပြည် ထူထောင်ကတည်းက ဆိုဗီယက် ပြည်ထောင်စုသည် သူတို့ပိုင်ဆိုင်သည့် သဘာဝသယံဇာတ နည်းပညာများကို ဆိုဗီယက် ပြည်ထောင်စုမှ ရုတ်သိမ်းခဲ့ပြီး စစ်တစ်ခု ဖြစ်ပွားစေခဲ့သည်။ ယင်းက နှစ်နိုင်ငံကြား ဆက်ဆံရေးကို ဆိုးရွားစေခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ ပိုင်နက်ကို နှစ်ပေါင်းတစ်ရာကျော်ကြာ ထိန်းချုပ်ခဲ့သည်။ ထိုနှစ်နိုင်ငံကြားမှာ မည်သည့် ချစ်ချင်ရင်းနှီးမှု ရှိမည်နည်း။

ဖုန်းယွီ၏ ခေါင်းညိတ်တာကို ကြည့်ပြီးနောက် အစ်ကိုကေက ပျော်ရွှင်သွားသည်။ သူကဆက်ပြောလိုက်သည်။

“ဖုန်း ငါသိချင်တဲ့ အကြောင်းတစ်ခုရှိတယ်။ ကီရီလန်ကိုက ငါ့ကိုပြောတာကတော့ ငါတို့ရဲ့ ကုမ္မဏီက ပိုင်ဆိုင်မှု ရူပယ်သန်းများစွာရှိတယ်။ ပြီးတော့ ဒီနှစ်တွေတုန်းက ငါတစ်သန်းပဲရတယ်။ မင်းအနေနဲ့ ဘယ်လိုလုပ် ရူပယ်သန်းသုံးဆယ်ကျော် ပိုင်ဆိုင်မှုမျိုးကို စုဆောင်းနိုင်ရတာလဲ။ ငါသတိမမူမိတဲ့ အရာတွေများ ရှိလို့လား။ ”

ဖုန်းယွီ၏ မျက်နှာထက်ရှိ အပြုံးသည် ပျောက်သွားသည်။ သူသည် ပိုက်ဆံများ ပိုရှာနိုင်သည်ကို အစ်ကိုကေ သံသယဝင်နေသည်လော။ အကယ်၍ ထိုသို့ဖြစ်လျှင်တောင် ဖုန်းယွီ၏ ဝင်ငွေအများစုသည် စက်ယန္တရားကုမ္မဏီ၊ ရေနွေးငွေ့စက်နှင့် လျှပ်စစ်ပန်ကာများမှဖြစ်သည်။ ထိုအရာများသည် ဆိုဗီယက် ပြည်ထောင်စု၏ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော်လည်း ဖုန်းယွီအနေဖြင့် မည်သည့်အခါမှ ဝန်ခံမည်မဟုတ်ပေ။

“အစ်ကိုကေ နားလည်မှုလွဲနေတယ်။ ကျွန်တော် ပိုင်ဆိုင်မှုတွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုကနေပြီးတော့ မဟုတ်ဘူး။ ကျွန်တော် တရုတ်နိုင်ငံမှာ စက်ရုံအများအပြား ထောင်ထားတယ်။ ပြီးတော့ ကျွန်တော်ရဲ့ ထုတ်ကုန်တွေကလည်း တရုတ်တစ်နိုင်ငံလုံးမှာ နာမည်ကျော်တယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာတွေကိုတော့ တစ်ကမ္ဘာလုံးမှာ ရောင်းချနေတယ်။ အဲ့ဒီထုတ်ကုန်တွေက ကျွန်တော်ရဲ့ ကုမ္မဏီအတွက် အဓိကဝင်ငွေပဲ။ ကြည့်ပါအုံး အဲ့ဒီထောင့်မှာ ထားထားတဲ့ ရေနွေးငွေ့စက်က ကျွန်တော်တို့ ကုမ္မဏီရဲ့ ဒုတိယမျိုးဆက် ရေနွေးငွေ့စက်ပဲ။ ”

အစ်ကိုကေသည် လှည့်ပြီးကြည့်လိုက်ပြီးနောက် လေနှင့်မိုး ရေနွေးငွေ့စက်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် သူသည် ဖုန်းယွီကို ယုံကြည်ရတော့မည်ဖြစ်သည်။ ဖုန်းယွီသူ့အား လိမ်ညာနေရင်သာ သူလိမ်ညာနေကြောင်း သက်သေပြရန် သူ့တွင်နည်းလမ်း မရှိပေ။ ထိုကုန်သွယ်မှုမိတ်ဖက် မရှိဘဲနဲ့ သူ့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ငွေများဆုံးရှုံးမည်မဟုတ်ပေ။ ပြီးနောက် တရုတ်များသည်လည်း သူတို့၏ ကုန်သွယ်ရေးမိတ်ဖက် မဖြစ်နိုင်ကြပေ။

ကီရီလန်ကိုသည် အစ်ကိုကေကို ဖုန်းယွီအကြောင်းကို သူတို့ပထမဦးဆုံး စတွေ့သည့် အချိန်ကတည်းက ပြောခဲ့သည်။ ဖုန်းယွီသည် အရည်အချင်းရှိသည့် လူငယ်တစ်ယောက် ဖြစ်ပြီး အဆက်အသွယ်များလည်း ရှိပေသည်။ အစ်ကိုကေသည် ဖုန်းယွီကဲ့သို့သော နောက်ထပ် မိတ်ဖက်တစ်ဦးအား မရှာနိုင်မည်ကို စိုးရိမ်နေသည်။ ပြီးနောက် ဖုန်းယွီနောက်ကွယ်တွင်ရှိသည့် လူများကိုလည်း သူကြောက်ရွံ့၏။

ဖုန်းယွီနောက်တွင်ရှိသော လူများသည် ဆိုဗီယက် ပြည်ထောင်စုရှိ သူ၏အဆင့်အတန်းကို မကျဆင်းစေသော်ငြား သူ့အနေဖြင့် မလိုလားအပ်သော ပြဿနာများကို ရှောင်ဖယ်ရမည် မဟုတ်ပေလော။

“ဖုန်း မင်းကီရီလန်ကိုနဲ့ အလုပ်စလုပ်ကတည်းက ဘယ်လောက်များများ မင်းရတယ်ဆိုတာ ငါ့ကိုပြောလို့ရတယ် မဟုတ်ဘူးလား။ ငါတို့တွေက မိတ်ဆွေတွေပဲလေ။ မင်းရတာကို ငါ့ကိုပြောပြတာက ပြဿနာရှိမှာ မဟုတ်ဘူး။ ”

အစ်ကိုကေသည် ကီရီလန်ကိုကို သံသယဝင်နေသည်ဟု ဖုန်းယွီ သဘောပေါက်ခဲ့ပြီး အစ်ကိုကေသည် အစ်ကိုကေ့ကို ကီရီလန်ကိုက လိမ်နေသည်ဟု ခံစားရနေ၏။ သို့သော် ကီရီလန်ကို၏ အတွေးတွင် သူသည် အရာအားလုံးကို ကီရီလန်ကိုထံသို့ လက်လွှဲခဲ့ပြီး တရုတ်ပြည်နှင့် ဆိုဗီယက် ပြည်ထောင်စု၏ ကုန်သွယ်မှုကို မည်သည့်အခါမှ စိုးရိမ်ပူပန်ဟန် ပြခဲ့သည့်ပုံ မပေါ်ပေ။ အစပိုင်းတွင်သူသည် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများကိုသာ ရောင်းချရန် စီစဉ်ခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စု စက်မှုလုပ်ငန်းသုံး စက်များကို ရယူရာတွင်လည်း အနည်းငယ်သာ ကူညီခဲ့ပေသည်။

ဖုန်းယွီသည် ကီရီလန်ကိုနှင့် ယင်းမတိုင်ခင်က ဆွေးနွေးခဲ့ဖူးသည်။ ကီရီလန်ကိုသည် ဖုန်းယွီကို အဆင့်အမြင့်ဆုံး စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် လေယာဉ်၊ တင့်ကား အစရှိသည်တို့ကိုတောင် ရရှိရန် ကူညီပေးနိုင်ပေသည်။ အကယ်၍ ဖုန်းယွီ အလုပ်လုပ်ကိုင်မည့်သူ ရွေးချယ်ရမည် ဆိုပါက သူ့အနေဖြင့် ကီရီလန်ကိုကိုသာ ရွေးချယ်မည်ပင်။

ဖုန်းယွီသည် သူ့စိတ်ထဲတွင် တွက်ချက်နေပြီး မယုတ်မလွန် ဆုံးဖြတ်ချက်ကို ပြောရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။

“အစ်ကိုကေ ကျွန်တော်လည်း အများကြီး မရပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ကျွန်တော်ရူပယ် သန်းအနည်းငယ်ကိုပဲ ရှာနိုင်ခဲ့တယ်။ သေချာတာကတော့ အစ်ကိုတို့တွေက ကျွန်တော်ထက် ပိုများများ ရမှာပါ။ ”

အစ်ကိုကေက ဖုန်းယွီကို သံသယရှိစွာဖြင့် ကြည့်လိုက်သည်။ ရူပယ်သန်းအနည်းငယ် ဆိုသည်မှာ တကယ်ပဲလော။ သူသည် ဖုန်းယွီနည်းနည်းလေးသာ ရမည်ဟု လုံးဝမထင်ပေ။ ဖုန်းယွီ၏ အမြတ်သည် အနည်းဆုံး ရူပယ်သန်းချီ ရှိပေမည်။

ဆိုဗီယက် ပြည်ထောင်စုမှ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများကို တရုတ်နိုင်ငံတွင် မရှာနိုင်သော်ငြား ယင်းက ပိုက်ဆံတန်ဖိုး အတော်အသင့် ရှိပေသည်။ သူကြားသည်က တရုတ်နိုင်ငံသားများ အနေဖြင့် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများကို ဝယ်ယူရန်အတွက် ပိုက်ဆံများများပေးရန် ဆန္ဒရှိသည်။ အကြောင်းမှာ တရုတ်နိုင်ငံအနေဖြင့် သူတို့၏ စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးစေချင်သည့် အတွက်ပင်ဖြစ်သည်။

အစ်ကိုကေသည် ဆိုဗီယက် နိုင်ငံ၏ စက်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံထက် ပိုကောင်းသည်ဟု စဉ်းစားနေဆဲဖြစ်သည်။ သို့သော် သူ့အနေဖြင့် ကဏ္ဍပေါင်းစုံကို မသိပေ။ အထူးသဖြင့် အသေးစား စက်မှုလုပ်ငန်းများနှင့် အိမ်သုံးပစ္စည်းများသည် ဆိုဗီယက် ပြည်ထောင်စုကို အမှီလိုက်နိုင်ပြီဖြစ်၏။

“ဖုန်း ငါကြားတာကတော့ မင်းက အကြီးစား စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းတွေကို ဝယ်ချင်နေတယ်လို့ ပြောတယ်။ ကီရီလန်ကိုက မင်းကိုကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ သူနဲ့မတူဘူး။ ”

အစ်ကိုကေသည် သူ၏ဖန်ခွက်ကို မြှောက်ရင်း ယင်းသို့ပြောဆိုလိုက်သည်။

ဖုန်းယွီက တစ်ခဏကြာ ရပ်လိုက်သည်။ ခင်ဗျားက ဘာဆိုလိုချင်တာလဲ။ အစ်ကိုကေက ငါ့ရှေ့မှာပါ ကီရီလန်ကိုနဲ့ တိုက်ရိုက် အဆက်အသွယ် ဖြစ်စေချင်နေတာလား။

သို့သော် အစ်ကိုကေနှင့် ကီရီလန်ကို နှစ်ယောက်စလုံး လက်တွဲမဖြုတ်သေးပေ။ ထို့ပြင် ကီရီလန်ကိုသည် ဖုန်းယွီကို သူနှင့်တွေ့ဆုံရန်အတွက် ခေါ်ဆောင်လာခဲ့၏။

ထိုလူနှစ်ယောက်သည်.... တကယ်ပင် စိတ်ဝင်စားစရာ ကောင်းပေ၏။

ဖုန်းယွီသည် အရိပ်အမြွတ်ကို မသိချင်ယောင် ဆောင်လိုက်ပြီး

“အစ်ကိုကေ အဲ့ဒါတွေ အကုန်လုံးကတော့ တူမနေဘူး။ ကျွန်တော်တို့ အကုန်လုံးက စီးပွားရေးကို အတူတူ လုပ်နေကြတာလေ။ ”

“မဟုတ်ဘူး။ ကီရီလန်ကို မင်းကို စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ဘယ်လောက်များများ ရောင်းလဲဆိုတာ ငါမသိဘူး။ ငါကတော့ ပိုက်ဆံရတယ်ကို မမြင်တာ။ ”

ဖုန်းယွီက ဇဝေဇဝါမျက်နှာဖြင့် ပြောလိုက်သည်။

“အစ်ကိုကေ ဒါကတော့ မဖြစ်နိုင်ဘူးနော်။ ဘာကြောင့် ကျွန်တော်တို့တွေ ကီရီလန်ကိုကို နိုးပြီးတော့ သူ့ကိုမမေးရမှာလဲ။ သူနိုးနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ။ ”

ဖုန်းယွီက ကီရီလန်ကိုကို လက်ညိုးထိုးလိုက်သည်။ ကီရီလန်ကို၏ မျက်နှာသည် စားပွဲပေါ်တွင် မှောက်လျှက်သာ ရှိနေ၏။ သူသည်သူ့အား နိုးရန်ကြိုးပမ်းသည်။

အစ်ကိုကေက ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက လိမ်နေတာ မဟုတ်ဘူးလား။

“သူအများကြီး သောက်ပြီးသွားပြီ။ သူ့ကိုဒီတိုင်းသာ လွှတ်ထားလိုက်တော့။ ”

အစ်ကိုကေက ကီရီလန်ကိုကို နိုးနေသော ဖုန်းယွီကို ရပ်စေခဲ့သည်။ သူကဆက်ပြော၏။

“ဖုန်း ကီရီလန်ကို ရောင်းချတဲ့ စက်ပစ္စည်း ဒါမှမဟုတ် နည်းပညာတွေ မင်းလိုအပ်တာတွေ အကုန်လုံး ငါရအောင် လုပ်ပေးနိုင်တယ်။ မင်းအနေနဲ့ သူ့ဆီကနေ မရနိုင်တာတွေကိုတောင်မှ ငါ့ဆီကနေ ရနိုင်တယ်။ မင်းင့ါကို ပိုက်ဆံများများသာ ပေးရင်ပေါ့။ ထပ်ပြောရမယ်ဆိုရင် ကီရီလန်ကိုအနေနဲ့ ချေးငွေကိစ္စနဲ့ ပတ်သတ်ပြီးတော့ မင်းကိုကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကကူညီနိုင်တယ်။ တကယ်လို့ အနာဂတ်ကျရင် မင်းငါနဲ့အတူတူ အလုပ်လုပ်မယ်လို့ ကတိပေးမယ်ဆိုရင် ငါမင်းကို ချေးငွေရအောင် ကူညီပေးနိုင်တယ်။ အဲ့ဒီပမာဏက မင်းလိုချင်တာထက်တောင် များချင်များနေအုံးမယ်။ ”

____

All Chapters