အတိုးမြင့်မားရင်တောင်မှ ပြဿနာ ရှိမည်မဟုတ်
Vol. 16 Ch. 235
အစ်ကိုကေ၏ ကမ်းလှမ်းချက်သည် အလွန်ကောင်းမွန်သည့် အတွက်ကြောင့် ဖုန်းယွီသည် တကယ်ပင် စိတ်လှုပ်ရှားခဲ့သည်။ သို့သော် သူသည် ယင်းကိစ္စကို တစ်ခဏကြာ ယုတ္တိဆန်ဆန် တွေးခေါ်လိုက်သည်။ သူ့အနေဖြင့် ယင်းကိစ္စအား လုံးဝလုံးဝ သဘောတူမည် မဟုတ်ပေ။ သူ၏ကီရီလန်ကိုအပေါ် စိတ်ရှိတိုင်း ယုံကြည်မှုကို မဆိုထားနှင့် ဖုန်းယွီသည် ကီရီလန်ကိုကို ပိုပြီးရင်းနှီးမြုပ်နှံခဲ့သည်။ ဖုန်းယွီသည် ကီရီလန်ကိုအား ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခြင်းနှင့် ယက်ဆင်အကြောင်းကို ပြောခဲ့သည်။ ကီရီလန်ကိုသည် သေချာပေါက် သူငယ်ချင်း ဖြစ်ရမည်ပင်။
ဖုန်းယွီသည်လည်း ကီရီလန်ကိုသည် သူ့ထံသို့ အစ်ကိုကေမပါဘဲ စက်ယန္တရားနှင့် နည်းပညာများ ရောင်းချသည်ကို သိပေ၏။ ဖုန်းယွီသည်လည်း ယင်းအကြောင်းအရာ၏ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည့် အတွက်ကြောင့် ကီရီလန်ကိုသည် အစ်ကိုကေကို ထိုရောင်းဝယ်မှုတွင် ဖြုတ်ချထားခြင်း ဖြစ်ပေ၏။
ဖုန်းယွီသည် အစ်ကိုကေ၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါက ကီရီလန်ကိုသည် ယင်းအကြောင်းအရာကို သိပြီးနောက် ဖုန်းယွီကို ချေးငွေများ ပိုရရန် ကူညီလိမ့်မည်ဟု ခံစားရ၏။
“အစ်ကိုကေ ကျွန်တော်သောက်တာ အရမ်းများနေပြီ။ ကျွန်တော် တစ်ရေးလောက် အိပ်ချင်တယ်။ ”
ဖုန်းယွီသည် အကြောင်းအရာကို ပြောင်းလိုက်သည်။ သူသည် အစ်ကိုကေကို သဘောတူခြင်း ငြင်းဆိုခြင်း မရှိပေ။
အစ်ကိုကေသည် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်သူသည် ဘာမှမပြောပေ။ အစ်ကိုကေသည် သူပြောချင်သည့် အရာများကို ဖုန်းယွီအား ပြောပြီးဖြစ်သည်။ ကျန်သည့်အရာများ အားလုံးသည် ဖုန်းယွီဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ သူ့၏ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်ကို ဖုန်းယွီ သဘောတူမည်ဟု သူလုံးဝ ယုံကြည်နေ၏။
အစ်ကိုကေ သတိမပြုမိသည်က အိပ်မောကျနေသော ကီရီလန်ကိုသည် အနည်းငယ် လှုပ်ရှားလာခြင်းပင် ဖြစ်သည်။
ဟိုတယ်သို့ ပြန်အရောက်တွင် ဖုန်းယွီသည် သူ့မျက်နှာကို ရေအေးဖြင့် သစ်လိုက်ပြီးနောက် တစ်စုံတစ်ယောက် တံခါးလာခေါက်မှာကိုစောင့်ရင်း ထိုင်ခုံပေါ်တွင် ထိုင်ကာစောင့်နေ၏။
တကယ်ပင် ငါးမိနစ်မကြာသေးခင် တံခါးဘဲလ်က မြည်လာလေသည်။ ဖုန်းယွီသည် တံခါးကို ဖွင့်လိုက်ပြီးနောက် ကီရီလန်ကိုသည် ရှေ့တွင်ရပ်နေ၏။
“ဖုန်း ဘာကြောင့် မင်းတီဗီမကြည့်ရတာလဲ။ ငါတို့ရဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေက ကြည့်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ”
ရုပ်မြင်သံကြား ဇာတ်လမ်းအစီအစဉ်တွေလား။ မေ့လိုက်ပါတော့။ ဖုန်းယွီအနေဖြင့် ဆိုဗီယက် ပြည်ထောင်စု၏ သီချင်းများနှင့် အကများကိုသာ ကြည့်ရန်ရွေးချယ်မည် ဖြစ်သည်။
“အစ်ကိုကီ အစ်ကိုမမူးသေးဘူးလား။ ”
ဖုန်းယွီမေးသည့် မေးခွန်းမှာ သိသာလွန်းပေသည်။
ဖုန်းယွီသည် ကီရီလန်ကိုနှင့် တစ်ကြိမ်ထက်ပိုပြီး သောက်ခဲ့ဖူးသည်။ ကီရီလန်ကိုသည် ဗော်ကာတစ်ပုလင်း သောက်ပြီးနောက် အနည်းငယ် ထွေနေရုံသာရှိသည်။ သို့သော် သူ့အနေဖြင့် စားပွဲပေါ်တွင် တစ်ခါမှ မလဲကျဖူးပေ။
သူပြန်စဉ်းစားလိုက်ပြီး ကီရီလန်ကို သရုပ်ဆောင်နေသည်ကို နားလည်သွားသည်။ သူသည် အစ်ကိုကေနှင့် ဖုန်းယွီကြား ပြောဆိုသည့် အကြောင်းအရာများကိုသာ နားထောင်လိုခြင်း ဖြစ်သည်။
ဖုန်းယွီသည် တစ်ချိန်လုံး ကီရီလန်ကိုကို ရိုးသားသည့် ရုရှားစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဟု တွေးခဲ့သည်။ သို့သော် ယင်းက တွေးထားသည့်အတိုင်း မဟုတ်သလိုပင်။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အထူးသဖြင့် သူတို့နိုင်ငံ၏ စက်မှုလုပ်ငန်းများကို ရောင်းချသည့် တစ်စုံတစ်ယောက်အနေဖြင့် မည်သည့်အခါကမှ ရိုးသားသည့်လူ ဖြစ်မည်မဟုတ်ပေ။
ကံကောင်းသည်မှာ ဖုန်းယွီသည် ကီရီလန်ကို၏ မကောင်းသည့်အကြောင်း တစ်ခွန်းမှ မဟခဲ့ခြင်းပင် ဖြစ်သည်။ ထိုအစား အစ်ကိုကေသည် ကီရီလန်ကိုအား ဖိအားပေးစေနိုင်သည့် အရာမျိုးကိုသာ ပြောခဲ့သည်။
ကီရီလန်ကိုသည် သူ့ခေါင်းကို ယမ်းလိုက်ပြီးနောက် သူ့နားထင်ကို ပွတ်လိုက်ကာ
“ငါအနည်းငယ် ခေါင်းကိုက်ရုံပါပဲ။ ဒါပေမဲ့ ငါအဆင်ပြေပါသေးတယ်။ ငါအခုလေးတင်ပဲ အိပ်ပျော်တော့မလို့။ ပြီးတော့ မင်းရဲ့ချေးငွေတွေအကြောင်း ငါမေ့တော့မလို့။ ”
“အစ်ကိုကေကလည်း ဒီအကြောင်းကို ငါ့ကိုပြောဖူးတယ်။ ”
“တကယ်ကြီးလား။ သူကမင်းကို ဘယ်လိုပြောတာလဲ။ ဖုန်း တကယ်တန်း ငါစဉ်းစားကြည့်မယ်ဆိုရင် ငါမင်းကို ဘဏ်တွေအများကြီးကနေပြီးတော့ ချေးငွေရယူပေးနိုင်တယ်။ ဥပမာအနေနဲ့ ယူကရိန်းဘဏ်၊ ဘယ်လာရုဘဏ်၊ လဗ်ယားဘဏ်၊ အစရှိတဲ့ ဘဏ်တွေကပေါ့။ မင်းကချေးငွေများများ လိုချင်တာလား။ အဲ့ဒါဆိုရင် ဒီနည်းလမ်းက မင်းကိုချေးငွေများများ ရစေလိမ့်မယ်။ ”
ကီရီလန်ကိုက ပြောလိုက်သည်။
ဖုန်းယွီက အံ့သြသည့် အမူအရာ ပြသလိုက်ပြီးနောက်
“တကယ်ကြီးလား။ အာ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော် စုစုပေါင်း ငွေဘယ်လောက် ရနိုင်မလဲ။ ပြီးတော့ ဘယ်အချိန်မှာ ရနိုင်မလဲ။ ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုက ချေးငွေတွေအများကြီး ရယူလောက်တဲ့အထိတော့ များပြားတဲ့ ပမာဏမဟုတ်ဘူး။ ”
“ဟ ဖုန်း ငါတို့က သူငယ်ချင်းကောင်းတွေပဲ။ ဒီပြဿနာကို မင်းအတွက် ငါရောအတူတူ ဖြေရှင်းပေးမှာပေါ့။ မင်းမှာပိုင်ဆိုင်တဲ့ အရာတွေကို မတူတဲ့ဘဏ်တွေမှာ ပေါင်နှံပစ္စည်းအဖြစ်နဲ့ ထားလို့ရတယ်။ ဒါကပြဿနာတစ်ရပ်မှ မဟုတ်တာ။ ကိစ္စအဝဝကို ငါ့ဆီပဲ လွှဲထားလိုက်။ ”
ကီရီလန်ကိုက သူ့ရင်ဘက်ကိုပုတ်ပြီး ပြောလိုက်၏။
“တကယ်ကြီးလား။ ပြဿနာ မရှိဘူးလား။ ”
ဖုန်းယွီက အံ့သြသည့် အမူအရာဖြင့် မေးလိုက်၏။
“မရှိဘူး။ သေချာပေါက် မရှိဘူး။ ငါတို့တွေက ညီအစ်ကိုတွေလေ။ ”
ထိုသူသည် ရုတ်တရက် ဖုန်းယွီနှင့် ညီအစ်ကိုဖြစ်သွား၏။
“တကယ်ကြီးလား။ အဲ့ဒါဆိုရင် ကျွန်တော်ချေးငွေ ဘယ်လောက်ရနိုင်မလဲ။ ”
ဖုန်းယွီက ဆက်ပြီးမေးလိုက်၏။
ဖုန်းယွီအနေဖြင့် မရေရာသည့် အဖြေကို လက်ခံမည်မဟုတ်ပေ။ သူသည်တိတိကျကျသာ လိုချင်သည်။ ကီရီလန်ကိုသည် အစ်ကိုကေနှင့်သူ၏ စကားပြောတာကို ကြားကတည်းက သူ့အနေဖြင့် ဖုန်းယွီနှင့် ဆက်ဆံရေးကို ထိန်းကျောင်းနိုင်မည့် တစ်စုံတစ်ခုကို လုပ်ရန်အတွက် သေချာပေါက် လိုမည်ဖြစ်သည်။ သူသည် ဖုန်းယွီနှင့် အစ်ကိုကေ အလုပ်အတူတူ လုပ်မည့်အရေးအား မလိုချင်ပေ။
“ရူပယ်သန်းသုံးရာဆိုရင် လုံလောက်ပြီလား။ မင်းပိုင်ဆိုင်တဲ့ ရူပယ်သန်းသုံးဆယ်ကို အပေါင်းပစ္စည်းအဖြစ် သုံးလို့ရတယ်။ မင်းဒီချေးငွေတွေ အကုန်လုံးကို ပြန်ပြီးပေးနိုင်မယ်ဆိုတာ ငါယုံကြည်တယ်။ ”
ဖုန်းယွီ၏ မျက်လုံးများသည် ပြုးကျယ်သွားသည်။ ရူပယ်သန်းသုံးရာ ကီရီလန်ကိုသည် အစ်ကိုကေ ဖုန်းယွီပြောတာကို ကြားပြီးကတည်းက ပိုပြီးရက်ရောလာ၏။ ရူပယ်သန်းသုံးရာနှင့်ဆိုလျှင် ဖုန်းယွီသည် သူ့၏အစီအစဉ်ကို လွယ်လွယ်ကူကူဖြင့် သဘောတူနိုင်၏။
ပြန်ပေးရမည့် အရေးလော။ ဟာသလုပ်မနေပါနဲ့။ ပြန်လည်ပေးဆပ်ရမည့် ကာလသည် ရှည်လျားပြီး ၁၉၉၀နှစ်များ၏ အဆုံးတွင် ဖြစ်နေသမျှ ရူပယ်သည် အဆပေါင်းများစွာ တန်ဖိုးလျော့ကျလာမည် ဖြစ်သည်။ ထိုအချိန်တွင် ရူပယ်သန်းသုံးရာသည် ရူပယ်တစ်သောင်းသာ တန်ဖိုးရှိတော့မည်ဖြစ်သည်။ အဘယ့်ကြောင့် ဖုန်းယွီအနေဖြင့် ပြန်ပေးရမည့်အရေးကို စိတ်ပူမည်နည်း။
“ကျွန်တော် ရူပယ်သန်းသုံးရာ ချေးငွေရတယ်ဆိုရင် တကယ်ကောင်းတာပဲ။ အစ်ကိုကီ စိတ်ချလိုက်ပါ။ ကျွန်တော် အစ်ကို့ကို ရူပယ်၁၅သန်းနဲ့ ညီမျှတဲ့ တရုတ်နိုင်ငံက ထုတ်ကုန်တွေကို ပို့ပေးပါ့မယ်။ ဒါပေမဲ့ ကျွန်တော် အကုန်လုံးကိုတော့ တစ်ခါထဲ ပို့လို့မရဘူးနော်။ ကျွန်တော်အနေနဲ့ ခွဲပြီးမှ ပို့လို့ရမှာ။ ဒါကပြဿနာ မရှိဘူး။ ဟုတ်တယ်မလား။ ”
“ဖုန်း ဘာလို့ရူပယ်၁၅သန်းတန်တဲ့ ကုန်ပစ္စည်းတွေလဲ။ ငါတို့တွေက ရူပယ်၅သန်းပဲ သဘောတူထားတာလေ။ ဘဏ်ရဲ့ခေါင်းဆောင်အချို့ကို ပေးဖို့အတွက် ရူပယ်၃သန်းကျော် ပြင်ဆင်ထားဖို့အတွက် မင်းလိုသေးတယ်နော်။ ”
ထိုသို့သေးငယ်သော ရူပယ်ပမာဏဖြင့် သူတို့အား လဒ်ထိုးရမည်လော။ ထိုလူများအနေဖြင့် သူ့ကိုချေးငွေ ရူပယ်သန်းသုံးရာ ပေးနိုင်မည်ဆိုပါက ဖုန်းယွီအနေဖြင့် ထိုသူများအား ဆယ်သန်းပေးရမည်လည်း စိတ်ထဲထားမည် မဟုတ်ပေ။ နောင်တရစရာ ကောင်းသည်က ဆိုဗီယက် ပြည်ထောင်စု၏ အရာရှိများသည် အကျင့်ပျက် ခြစားကြသော်လည်း သူတို့သည် မရူးမိုက်ကြပေ။ သူတို့အနေဖြင့် ပြဿနာ အများကြီးကို မယူရဲပေ။ ထပ်ပြောရပါက ရူပယ်သန်းသုံးရာဆိုသော ချေးငွေပမာဏသည်လည်း နည်းသည့်ပမာဏ မဟုတ်ပေ။ မော်စကိုရှိ ဗဟိုဘဏ်သာ ထိုကဲ့သို့သော ပမာဏမျိုးကို ထုတ်ရဲမည်ဖြစ်သည်။ ထို့ပြင် ကီရီလန်ကို၏ လွှမ်းမိုးနိုင်စွမ်းသည် ထိုကဲ့သို့သော သဘောတူညီမှု ရရန်အတွက် လုံလောက်သည် မဟုတ်ပေ။
“အစ်ကိုကီ ကျွန်တော် နားလည်ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော်က ကပ်စေးနည်းတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ ပြန်ပေးဆပ်ရမဲ့ ကာလနဲ့ အတိုးပြန်ပေးရမဲ့ ကာလကို ထပ်ပြီးတော့ တိုးလို့ရနိုင်မလား။ ”
ဖုန်းယွီက တဖန်မေးလိုက်၏။
“မင်းက ဘာဆိုလိုချင်တာလဲ။ ပြန်ပေးရမဲ့ ကာလက တိုးလို့ရတယ်။ ဒါပေမဲ့ အတိုးပြန်ပေးရမဲ့ ကာလကတော့ တိုးလို့ရနိုင်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ အတိုးကို တစ်နှစ်ကိုတစ်ကြိမ် ပေးဖို့အတွက် လိုအပ်တယ်။ ”
ကီရီလန်ကိုက ပဟေဠိဖြစ်သွားသည်။ အတိုးပြန်ပေးရမည့် ကာလကိုလည်း နောက်ဆုတ်ထားနိုင်သည်လော။
“အစ်ကိုကီ တကယ်လို့ ဒီဟာက ဖြစ်နိုင်မယ်ဆိုရင် အစ်ကိုကျွန်တော်ကို ကူပြီးတော့ မေးပေးပါအုံး။ ကျွန်တော်က ချေးငွေကို ရှစ်နှစ်ကြာယူမယ်။ ပြီးတော့ ကျွန်တော် ရှစ်နှစ်မြောက်မှာ ကျွန်တော်အနေနဲ့ အတိုးအပါအဝင် အကုန်လုံးကို ပြန်ပေးမယ်။ တကယ်လို့ အတိုးပမာဏက များရင်တောင်မှ ကျွန်တော်က စိတ်ထဲထားမှာ မဟုတ်ဘူး။ ”
ကီရီလန်ကိုက မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုကဲ့သို့သော ပုံစံမျိုးဖြင့် ချေးငွေယူသည်ကို တစ်ခါမှ မကြားဖူးပေ။ သူ့အနေဖြင့်လည်း ယင်းက ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို မသေချာ ဖြစ်နေသည်။ သို့သော် ဖုန်းယွီက ထိုသို့ပြောသည် ဆိုကတည်းက သူ့တွင်လည်း သူ့ကိစ္စနှင့်သူ ရှိမည်ဟု ကီရီလန်ကို ခံစားလိုက်ရသည်။ အဘယ့်ကြောင့် ဖုန်းယွီအနေဖြင့် ချေးငွေပမာဏကို ယင်းကဲ့သို့ လိုသနည်းကို သူ့အနေဖြင့် အဖြေမရှာနိုင်ပေ။
“အတိုးနှုန်းများများ ဟုတ်လား။ အတိုးနှုန်း ဘယ်လောက်များများဆိုရင် မင်းလက်ခံနိုင်တာလဲ။ တစ်နှစ်ကို တစ်ဆယ်ရာခိုင်နှုန်းလား။ နှစ်ဆယ်ရာခိုင်နှုန်းလား ဒါမှမဟုတ်ဘူးဆိုရင် ဒီထက် များအုံးမှာလား။ ”
ဖုန်းယွီက ပြုံးကာပြောလိုက်၏။
“တစ်နှစ်ကို အတိုးက နှစ်ဆယ်ရာခိုင်နှုန်း ဆိုရင်ရော။ ”
ကီရီလန်ကိုက အံ့ကြိတ်လိုက်ကာ
“နှစ်စဉ်အတိုးနှုန်းက နှစ်ဆယ်ရာခိုင်နှုန်းလား။ ဒီလိုအတိုးနှုန်း အများကြီးကို မင်းလက်ခံဖို့ တကယ်ဆန္ဒရှိတာလား။ ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ မင်းအနေနဲ့ ဒီလိုပုံမှန် အတိုးနှုန်းနဲ့ ဆိုရင်တောင်မှ ရူပယ်သန်းရှစ်ရာကျော်လောက် ပြန်ပေးဖို့လိုတယ်။ ”
ဖုန်းယွီက သူ့စိတ်ထဲတွင် တွေးနေသည်။ အကယ်၍ယင်းသည် အတိုးရော အရင်းပါ ပေါင်းဆပ်ရမည် ဆိုပါက ပြီးနောက် ပေးဆပ်ရမည့် ငွေကြေးသည် ရူပယ်ဖြစ်နေသမျှ မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။
ထိုအချိန်တွင် ရူပယ်သန်းရှစ်ရာသည် ယွမ်သန်းအနည်းငယ်နှင့် ညီမျှမည်ဖြစ်သည်။ ဖုန်းယွီသည် ချေးငွေမှရရှိသည့် ရူပယ်များကို အခြားသော နိုင်ငံခြားသုံး ငွေကြေးများဖြစ်သည့် အမေရိကန် သို့မဟုတ် ယွမ်တို့ ပြောင်းလျှင်တောင် သူ့အနေဖြင့် အဆပေါင်းများစွာ ရရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်သူသည် အတိုးနှုန်းနှင့် ပတ်သတ်ပြီး စိုးရိမ်ရမည်နည်း။
“အစ်ကိုကီ ကျွန်တော်ကို ဒီနည်းလမ်းအတိုင်းပဲ ရအောင်ကူညီပေးပါ။ ကျွန်တော်အနေနဲ့ များများသုံးရမယ်ဆိုလည်း စိတ်မရှိပါဘူး။ ပြီးတော့ ကျွန်တော်အစ်ကို့ကို ချေးငွေတွေ အကုန်လုံးကို တစ်ပြားမကျန် ပြန်ပေးပါ့မယ်။ နောက်ထပ် ရှစ်နှစ်အကြာမှာပေါ့။ အတိုးနှုန်းတွေရော ပေးမှာနော်။ ”
ကီရီလန်ကိုက အံ့ကြိတ်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ ငါမင်းကို ဒီနည်းအတိုင်း ချေးလို့ရအောင် ကူညီပေးမယ်။ ”