ဆိုဗီယက် ပြည်ထောင်စုကပွဲ အပိုင်း(၂)
Vol. 16 Ch. 237
ဖုန်းယွီသည် ဗိုလ်မှူးပြောသည့် မိန့်ခွန်းကို နားထောင်နေသည်။ သူကဆိုဗီယက် ပြည်ထောင်စုသည် ဘယ်လောက်ခန်းနားကြီးကျယ် မြင့်မြတ်လှကြောင်းနှင့် အရာရှိငယ်များကို သူတို့၏ လုပ်နိုင်စွမ်းအကုန်လုံးကို အသုံးချပြီး ဆိုဗီယက် ပြည်ထောင်စုကို ကျေးဇူးဆပ်ရန် ခွန်အားပေးသည်။ အရာရှိငယ်များသည် မိန့်ခွန်းကို တက်ကြွစွာဖြင့် နားဆင်ကြပြီး ခန်းမဆောင်တစ်ခုလုံး လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားလေသည်။
ဖုန်းယွီသည် ကပွဲ၏ ပထမပိုင်း ပြီးသည်မှ ထရုံသာရှိသည်။ ယင်းက အုပ်စုဖွဲ့ အကပင်ဖြစ်သည်။ ထိုအုပ်စုအကသည် စစ်တပ်ထဲတွင် အလွန်ပင် နာမည်ကျော်ကြားပေ၏။ ကကွက်များသည် မရှုပ်ထွေးပေ။ ပြီးနောက် အရာရှိများအားလုံး သူတို့၏ လှုပ်ရှားချက်များအတိုင်း စည်းချက်ညီအောင် ပြုလုပ်နိုင်ပေသည်။ ဖုန်းယွီက အကယ်၍ ထိုအရာရှိများအနေဖြင့် ထိုအကကို နေ့တိုင်းလေ့ကျင့်ပါက စစ်တပ်အနေဖြင့် မည်သည့်အကြောင်းကြောင့် အားကောင်းလာနိုင်မည်နည်းဟု တွေးမိ၏။
ဒုတိယအပိုင်းသည် စုံတွဲအကဖြစ်သည်။ အစ်ကိုကေနှင့် သူ၏လက်တွဲဖော်သည် ခန်းမကွင်းပြင်သို့ လျှောက်သွားပြီး အယ်လီနာသည် သူမ၏လက်ကို ဖုန်းယွီဆီသို့ ဆွဲထုတ်လိုက်၏။ သူမ၏ ရည်ရွယ်ချက်မှာ အလွန်ပင် သိသာလွန်းပေသည်။
ဖုန်းယွီသည် အယ်လီနာ၏လက်ကိုကိုင်ကာ ကသည့်ကွင်းပြင်သို့ လျှောက်သွား၏။
ဒီလှုပ်ရှားမှုတွေက ကပွဲအကတွေနဲ့ ဆင်တူတာပဲ။ ဖုန်းယွီက စိတ်သက်သာရာ ရသွားသည်။ သူသည် ကပွဲတွင်ကသည့်အကကို သိပေ၏။
“မစ္စတာဖုန်း ရှင်ပြောတာကတော့ ဘယ်လိုကရမလဲဆိုတာ မသိဘူးဆို။ ဒါပေမဲ့ ရှင်အခု တော်တော် ကတတ်နေတယ်ရော။ ”
ယင်းကဟန်သည် နိုင်ငံတကာ ကပွဲများတွင် ကသည့်အကနှင့် ကွဲပြားသော်ငြား သူတို့၏ခေါင်းများကို ဘေးဘယ်ညာလှည့်ရန် မလိုအပ်ပေ။ ကသည့်စုံတွဲနှစ်ယောက်လုံး ကသည့်အချိန်တွင် မျက်လုံးချင်းသာ ကြည့်ရန်လိုအပ်ပေ၏။
“ငါကဒီအကကို သိရုံပဲသိတာပါ။ ဒါပေမဲ့ တစ်ခြားကကွက်တွေကိုတော့ မသိဘူး။ ဟိုမှာကြည့်လိုက်အုံး။ သူတို့တွေကတာ တော်တော်လေး ကောင်းတယ်။ ”
သူတို့သည် အရာရှိနှင့် သူ့အဖော် ကနေခြင်းဖြစ်ကာ သူတို့၏ ကကွက်များသည် တိကျလွန်းပေ၏။ သူတို့နှစ်ယောက်စလုံးသည် ထူးချွန်ပြောင်မြောက်သည့် အကသမားများဖြစ်ပြီး အရာရှိသည် အရပ်ရှည်ပြီး ရုပ်ချောသည်။ သူကဖော်သည်လည်း သေးသွယ်ကျစ်လစ်ပြီး လှပ၏။ ထိုအရာရှိသည် ကနေစဉ် သူ၏ကဖော်အား လေထဲသို့တောင် ပင့်လိုက်သေး၏။
အယ်လီနာက ဖုန်းယွီကို တီးတိုးပြောပြီးနောက် ပြုံးလိုက်၏။
“မစ္စတာဖုန်း ကျွန်မရဲ့ ကကွက်နောက်ကိုလိုက်ပါ။ ”
ဘာ ဖုန်းယွီသည် သူမဆိုလိုသည့် အဓိပ္ပာယ်အား နားမလည်ပေ။ ပြီးနောက် အယ်လီနာသည် ဖုန်းယွီ၏ လက်မောင်းများကို နောက်တွင်ထားလိုက်ပြီး သူမ၏လက်မောင်းများကို ကျယ်ကျယ်ဖြန့်ကာလိုက်တော့၏။
ဖုန်းယွီက ချက်ချင်းပင် သူမ၏ ကကွက်အတိုင်း လိုက်သည်။ ပြီးနောက် အယ်လီနာသည် တစ်ပတ်လှည့်လိုက်ပြီးနောက် ဖုန်းယွီ၏ လက်မောင်းထဲသို့ ပြန်ဝင်လိုက်၏။
သို့သော် ယင်းက အဆုံးသတ် မဟုတ်သေးပေ။ သူမသည် နောက်တဖန် ဆုတ်လိုက်ပြီးနောက် ဖုန်းယွီကို လှည့်ပတ်လိုက်ပြီး သူမ၏လက်များကို အပြင်ဘက်သို့ ထုတ်လိုက်၏။
အယ်လီနာ၏ ကကွက်များသည် ရင်သပ်ရှု့မောဖွယ်ကောင်းပြီး အခြားသော သူများတောင် သူမကရန်အတွက် နေရာများ ပေးရသည်။ အချို့သော စုံတွဲများသည် ကတာကိုတောင်ရပ်ပြီး သူမ၏ အကတွင်သာ နစ်ဝင်နေကြတော့သည်။ လူအုပ်ကြီးသည် သူမကို လက်ခုပ်သြဘာများဖြင့် ချီးကျူးဂုဏ်ပြုကြလေ၏။ လှည့်နေစဉ်တွင် အယ်လီနာသည် သူမ၏လက်ကို ဖုန်းယွီ၏ ပုခုံးပေါ်တွင် တင်ထားနိုင်သေးဆဲဖြစ်ကာ သူမ၏လက်တစ်ဖက်သည် ဖုန်းယွီ၏ လက်တစ်ဖက်ကို ကိုင်ထားစဉ် သူမရပ်လိုက်၏။
ယင်းအခိုက်အတန့်ကို လူအုပ်ကြီးတစ်ခုလုံး အမှတ်ရနေမည်ဖြစ်သည်။ ပြီးနောက် ခန်းမဆောင်တစ်ခုလုံး လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားတော့သည်။ ဖုန်းယွီသည် အကသမားကောင်းတစ်ယောက် ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။
ကပြီးနောက် သူတို့နှစ်ယောက်လုံး ထိုင်သည့်ထိုင်ခုံဆီသို့ လက်ချင်းချိတ်ကာ ပြန်သွားကြသည်။ လူအုပ်ကြီးသည် လက်ခုပ်တီးနေဆဲဖြစ်၏။
“ဖုန်း ဘယ်လိုနေတုန်း မင်းအတွက် မှန်ကန်တဲ့ အကမိတ်ဖက်ကို ငါရှာပေးခဲ့တယ်မလား။ ”
ကီရီလန်ကိုက မေးလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကီ ကျွန်တော်ဒီနေ့ တကယ်ကို အရမ်းပျော်တယ်။ ”
“မင်းပျော်တဲ့အတွက် ငါဝမ်းသာပါတယ်။ မင်းတို့တွေ ဘယ်အချိန် ထွက်သွားမလဲဆိုတာ ငါသိခွင့်ရှိမလား။ ”
ကီရီလန်ကိုသည် ဖုန်းယွီကို အရိပ်ပြလိုက်၏။ ပြီးနောက်သူသည် ခွက်တစ်ခွက်ကို ကိုင်ပြီး သူ့၏အခြားသူငယ်ချင်းများနှင့် သွားတွေ့တော့၏။
ဖုန်းယွီက တစ်ခဏကြာ တန့်သွားသည်။ ကီရီလန်ကို ဘာပြောချင်သနည်း။ ကပြီးပြီးချင်း ထွက်သွားသည်က ရိုင်းသည်ဖြစ်၏။ ငါကဒီလိုမျိုး လူစားမျိုး ဟုတ်လို့လား။
“အယ်လီနာ မင်းကတကယ်ကိုတော်တဲ့ အကသမားပဲ။ မင်းက Professional တစ်ယောက်လား။ ”
ဖုန်းယွီက မေးလိုက်၏။
အယ်လီနာက ပြုံးကာခေါင်းညိတ်လျှက်
“ကျွန်မက ယူကရိန်း အကအဖွဲ့ကပါ။ ကျွန်မ ခြောက်နှစ်ကတည်းက အကကိုစပြီး သင်ခဲ့တယ်။ ကျွန်မကတာ ရှစ်နှစ်ကျော်ပါပြီ။ ”
သူမသည်Professional အကသမားဖြစ်သည်။ သူမကောင်းကောင်း ကနိုင်သည်မှာ မအံ့သြစရာ အကြောင်းမရှိပေ။
ခဏ အယ်လီနာက ၁၄နှစ်တောင် မပြည့်သေးဘူးလား။ ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စု၏ မိန်းမပျိုလေးများသည် အသက်ကြီးရင့်မှု စောသည်မှန်းသိသည်။ သို့သော် အယ်လီနာသည် အလွန်ပင် ဖွံ့ဖြိုးလွန်း၏။ သူမ၏အရပ်သည် ၁.၇မီတာခန့် ဖြစ်သည်။ ၁၃နှစ်အရွယ်က အရပ်၁.၇မီတာတောင် ရှိတာလား။ ယင်းအဓိပ္ပာယ်က အစ်ကိုကေ၏ ဇနီးလောင်းသည် ၁၈နှစ်ထက်တောင် ငယ်ရွယ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်လော။
ဆိုဗီယက်ပြည်ထောင်စုက Pedophiles(ကလေးငယ်များ အပေါ်တွင် လိင်စိတ် တပ်မက်မှုရှိမှု) တွေအတွက် တကယ်ပဲ နိဗ္ဗာန်ဘုံကြီးလား။
“မင်းအကအဲ့လောက်ထိကောင်းတာ အံ့သြစရာမရှိဘူး။ မင်းရဲ့မိဘတွေရော ဘယ်မှာလဲ။ ”
“ကျွန်မရဲ့အဖေက ကိဗ်ယက်မြို့က စစ်သားတစ်ယောက်ပါ။ ဒါပေမဲ့ သူဆုံးသွားပါပြီ။ ကျွန်မရဲ့အမေက စိန့်ပီတာဘက်စ်ကပါ။ ပြီးတော့သူမက အကသမားဟောင်းပါ။ သူမ အခုလက်ရှိမှာတော့ စိန့်ပီတာဘက်စ်မှာ အကကို သင်ပေးနေပါတယ်။ ”
အိုး သူကသူ့အမေဆီကနေပြီးတော့ အကစွမ်းရည်ကို အမွေရထားတာပဲ။ အယ်လီနာ၏ သွင်ပြင်ကို ကြည့်ရုံဖြင့် သူမ၏အဖေသည် အဆင့်အတန်းမြင့်သည့် အရာရှိတစ်ယောက် မဖြစ်နိုင်ပေ။ ပြီးနောက် သူသည် သာမာန်စစ်သားတစ်ယောက်တောင် ဖြစ်နိုင်ပေ၏။ မဟုတ်ပါက အယ်လီနာသည် ဖုန်းယွီ၏ မိတ်ဖက်အကသမားအဖြစ် သူမ၏အဖွဲ့ခေါင်းဆောင်က စေလွှတ်လိမ့်မည် မဟုတ်ပေ။
“နောင်ကျရင် နင်ဘာလုပ်ချင်လဲ။ ”
ဖုန်းယွီက ပြောလိုက်၏။
“ဆိုဗီယက် ပြည်ထောင်စုရဲ့ အကောင်းဆုံး အကသမ ဖြစ်ချင်တယ်။ ပြီးတော့ ကြီးကျယ်မြင့်မြတ်လှတဲ့ ကရင်မလင်နန်းတော်မှာ နေထိုင်တဲ့ သမ္မတကြီး မစ္စတာ မီခေးလ်ဂေါ်ဘာချော့ရဲ့ ရှေ့မှာကချင်တယ်။ ”
သူမထိုသို့ ပြောလိုက်သည့် အချိန်တွင် သူမ၏မျက်ဝန်းများသည် မျက်ရည်များဖြင့် စိုလာတော့သည်။
ဟမ့် နောက်ထပ် မျက်မမြင်ကို ပံ့ပို့တဲ့လူတစ်ယောက်။ ဖုန်းယွီသည် အယ်လီနာကို မီခေးလ်ဂေါ်ဘာချော့ ဘယ်လောက် ကြီးမြတ်လဲဆိုတာကို အစ်ထုတ်ပြီး မေးနိုင်သည်။ မေးလျှင် သူမပြန်ဖြေမည်မဟုတ်ကြောင်း ဖုန်းယွီသိပေ၏။
ဖုန်းယွီသည် စိတ်ထဲတွင် သမ္မတ မီခေးလ်ဂေါ်ဘာချော့ကို အထင်မြင်သေး၏။ သမ္မတ မီခေးလ်ဂေါ်ဘာချော့သည် ကမ္ဘာအကြီးဆုံး နိုင်ငံကို ထိန်းချုပ်ထားပြီး ကမ္ဘာပေါ်တွင် အားအကောင်းဆုံး စစ်တပ်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူ့ကို ထောက်ခံအားပေးတဲ့လူ အများအပြားရှိ၏။ သို့သော် အဆုံးတွင်သူသည် ပျက်ယွင်းခြင်းကို ဦးတည်အောင် လုပ်ခဲ့၏။ ယင်းက သူဘယ်လောက်ထိ စွမ်းဆောင်နိုင်စွမ်း မရှိကြောင်း ပြသနေခြင်းပင်ဖြစ်၏။
သူ့အား ဆန့်ကျင်သည့် အချို့သောလူကြောင့်သာ မဟုတ်ပါက မီခေးလ်ဂေါ်ဘာချော့သည် အသက်ခံရပြီးဖြစ်သည်။ ယက်ဆင်သည် ထိုအခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ ဖုန်းယွီက ယက်ဆင်သည် ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်အတွက် ပိုပြီးသင့်တော်သည်ဟု ခံစားရ၏။
ဖုန်းယွီက အယ်လီနာကို ကြည့်လိုက်သည်။ သူမ၏အိမ်မက်သည် ဆိုဗီယက် ပြည်ထောင်စုတွင်းရှိ အကသမားများ အားလုံး၏ အိမ်မက်ပင် ဖြစ်နိုင်ပေ၏။ ဖုန်းယွီသည် ယခုလက်ရှိတွင်တောင် အယ်လီနာအနေဖြင့် ကြီးကျယ်မြင့်မြတ်သော ကရင်မလင်နန်းတော်တွင် ဖျော်ဖြေရန် အရည်အချင်းရှိကြောင်း ခံစားရ၏။ သူသည် အခွင့်အရေးတစ်ခုသာ လိုအပ်နေသည်။ အကယ်၍ အယ်လီနာသာ ရုရှားအကအဖွဲ့ကို ပို့ခံရပါက သူမသည် ထိုအခွင့်အရေးကို ရမည်ပင်။
“အယ်လီနာ ကတာအပြင် တစ်ခြားအိမ်မက်တွေရော မင်းမှာရှိသေးလား။ ”
“တစ်ခြားအိမ်မက်တွေလား။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာပြီး အမိမြေ ချမ်းသာကြွယ်ဝဖို့ကိုပဲ စဉ်းစားရမှာပဲ မဟုတ်ဘူးလား။ ”
ဖုန်းယွီက
“.... ”
ထိုအိမ်မက်သည် တကယ်ပင် လက်တွေ့မကျပေ။ ထိုမိန်းမပျိုလေး အနေဖြင့် ကသည်ကိုသာသိပြီး တစ်ခြားသော အရာများကို စဉ်းစားပုံမပေါ်ပေ။
“မင်းကတာကို ရပ်နားလိုက်ပြီဆိုရင် ဘာလုပ်မယ်လို့ရော တွေးဖူးလား။ ”
ဖုန်းယွီက ဆက်ပြီး မေးလိုက်၏။
“တကယ်လို့ ကျွန်မ မကနိုင်တော့ရင်တော့ ကျွန်မရဲ့ အမေလိုမျိုး အကဆရာမတစ်ယောက် ဖြစ်လာလိမ့်မယ်။ ”
ဖုန်းယွီက ပြောစရာစကား မဲ့သွားတော့၏။ ထိုရိုးသားဖြူစင်သည့် မိန်းမငယ်လေးသည် သူမ၏ တစ်ဘဝလုံးကို ကခြင်းတွင်သာ မြုပ်နှံထားချင်သည်လော။
ကီရီလန်ကိုသည် ပြန်လာခဲ့ပြီး ဖုန်းယွီသည် အကအဖွဲ့မှ မိန်းကလေးနှင့် ပျော်ရွှင်စွာ ပြောနေသည်ကို တွေ့လိုက်ရ၏။ သူ့အနေဖြင့် ဖုန်းယွီအတွက် မှန်ကန်သည့် လူတစ်ယောက်ကို တွေ့ရှိပုံပေါ်၏။ ဖုန်းယွီသည် လေယာဉ်မယ်ကို မကြိုက်ရခြင်းမှာ သူမအရွယ် အိုလွန်းသည့်အတွက် ဖြစ်ရပေမည်။ ယခုတွင် ဖုန်းယွီအနေဖြင့် ၁၃နှစ်အရွယ် မိန်းမငယ်လေးတွင် သူ့၏မျက်စိများ မလွှတ်ချနိုင် ဖြစ်နေ၏။
“ဖုန်း ဒီကိုလာ ငါ့ရဲ့သူငယ်ချင်းအချို့နဲ့ မိတ်ဆက်ပေးမယ်။ ”
အစ်ကိုကေက လူအချို့ကို ခေါ်လာခဲ့ကာ ထိုစစ်ဖက်ဆိုင်ရာ မျိုးဆက်များကို နွေးနွေးထွေးထွေးဖြင့် သူ့အား နှုတ်ဆက်စေ၏။
ဖုန်းယွီက ပြုံးလိုက်ပြီးနောက် သူတို့ကို လောကဝတ်ပြုရသည်။ သို့သော် ထိုသူများ၏ နာမည်ကို ဖုန်းယွီမမှတ်မိပေ။ ဖုန်းယွီသူ့ကို စောစောက ကီရီလန်ကို ပြောပြသည်ကို အမှတ်ရသွား၏။ သူထွက်ခွာချင်ပါက သူ့အား အသိပေးရမည်ပင်။ ကပွဲတွင် စကားပြောဖော် သူငယ်ချင်းမရှိပါက ယင်းကအလွန်ပင် ပျင်းစရာကောင်းပေ၏။
“အစ်ကိုကေ ကျွန်တော် ပင်ပန်းနေပြီ။ ကျွန်တော်ပြန်ပြီး နားသင့်ပြီလို့ ခံစားရတယ်။ ”
ကီရီလန်ကိုက ရုတ်တရက် ပြောလိုက်၏။
“မင်းတို့တွေ ဆက်ပြီးတော့ ကကြပါ။ ငါသူ့ကို ပြန်လိုက်ပို့လိုက်အုံးမယ်။ ”
ကီရီလန်ကို၏ အတွေးတွင် ဖုန်းယွီသည် ထိုမိန်းကလေးနှင့် ဟိုတယ်ကိုပြန်ရန် မစောင့်နိုင်တော့ဟု တွေးမိ၏။
သူတို့နှစ်ယောက်စလုံး သူတို့၏ ကဖော်ကိုတွဲပြီး ခန်းမထဲမှ ထွက်သွားတော့သည်။
____