အခန်း (၂၃၉)
Vol. 16 Ch. 239
ကီရီလန်ကိုသည် သူ့လူများအား မိန်းကလေးများကို ပြန်ပို့ရန် စီစဉ်လိုက်သည်။ ဖုန်းယွီသည် ကီရီလန်ကိုနှင့် မနက်စာစားရန် အောက်ထပ်ကို ဆင်းလာ၏။
ထောပတ်ပေါင်မုန့်ဝိုင်း၊ ကြက်အူချောင်း၊ ပေါင်မုန့်၊ ယို၊ သစ်သီးနှင့် ရေနွေးကြမ်းတို့ ဖြစ်၏။ ဆိုဗီယက်၏ မနက်စာသည် တကယ်ပင် ထူးကဲဆန်းသစ်ပေ၏။ ဖုန်းယွီသည် သူ၏ အာရုံစိုက်မှုကို အစားအသောက်ထဲကို ပြောင်းလိုက်၏။
“ဖုန်း လွန်ခဲ့တဲ့ နှစ်ရက်တုန်းက စစ်သားတွေ သေနပ်ပစ်တာကို အားကျတယ်လို့ ပြောခဲ့တယ်မလား။ ဒီနေ့မင်းအတွက် ငါ သေနပ်ပစ်ကွင်းကို ခေါ်သွားဖို့ စီစဉ်ထားတယ်။ မင်းမှာ ပစ်ဖို့အတွက် အင်အားရော ရှိသေးရဲ့လား။”
ကီရီလန်ကိုက မေးလိုက်ပြီးနောက် သူ့မျက်ခုံးကို ပင့်လိုက်၏။ သူတွင် ခက်ထန်သည့် သွင်ပြင်ရှိနေပြီး ဖုန်းယွီ အရိုက်ခံလိုက်ရသလိုပင် ခံစားရစေသည်။
ဖုန်းယွီ မျက်လုံးကျယ်သွားပြီး စိတ်လှုပ်ရှားနေ၏။ အမျိုးသားအများစုသည် သေနပ် ပစ်ရသည်ကို နှစ်ခြိုက်ကြသည်။ ဖုန်းယွီသည် အမဲလိုက်သေနပ်သာ ပစ်ဖူးပေ၏။ သူသည် အခြားသော လက်နက်များကိုလည်း စမ်းသပ်ချင်သေးသည်။
အင်အားအတွက်မူ သူသည် ယမန်နေ့ညက ကောင်းကောင်း မအိပ်ရသေးပေ။ ပြီးနောက် သူ့သည် ပင်ပန်းသည် အလုပ်များကိုလည်း မလုပ်ခဲ့ပေ။ ယမန်နေ့ညက အယ်လီနာသည် ဖုန်းယွီကို ဆွဲဆောင်ရန်အတွက် ရေချိုးတဘက်ကို လွှတ်ချလိုက်၏။ ဖုန်းယွီသည် အမြန်ပြေးသွားပြီးနောက် အယ်လီနာကို ရေချိုးတဘက်ဖြင့် ပြန်ပတ်ပေးလိုက်သည်။
အယ်လီနာသည် အရပ်ရှည်ပြီး သေးသွယ်ကာ ရှည်လျားသော ခြေထောက်များလည်း ရှိ၏။ ယင်းက သူမ ကသည့်အတွက်ကြောင့် ဖြစ်ပုံပေါ်သည်။ သို့မဟုတ် သူမ ငယ်သေးသည့်အတွက် ဖြစ်သည်။ သူမတွင် ပါးလျသော ရင်သားများရှိ၏။
ယင်းက ဖုန်းယွီသည် အယ်လီနာသည် မိန်းမငယ် တစ်ယောက်သာ ဖြစ်သေးကြောင်း သတိပေးရာရောက်သည်။ သူသည် သူတော်စင် တစ်ယောက် မဟုတ်သော်ငြား သူ့အနေဖြင့် ကလေးတစ်ယောက်နှင့် ဘယ်တော့မျှ ကစားမည် မဟုတ်ပေ။
အယ်လီနာသာ ၁၈နှစ်ဆိုလျှင် အဖြစ်အပျက်များက တစ်နည်းတစ်ဖုံ ပြောင်းလဲနိုင်သည်။
ဖုန်းယွီသည် အယ်လီနာကို ထိုကဲ့သို့ အပြုအမူမျိုကို ထပ်မလုပ်ရန် ဖြောင်းဖြပြီး ဖြေရှင်းရန်အတွက် နည်းလမ်းရှာပေးမည်ဟု ကတိပေးလိုက်သည်။
သူမ၏ ခေါင်းဆောင်သည် အကခေါင်းဆောင်ဖြစ်ရန်အတွက် အခွင့်အရေးပေးမည် ဖြစ်ပြီး ရုရှားအကအဖွဲကို လွဲပြောင်းပေးမည် ဖြစ်ကြောင်း အယ်လီနာက ဖုန်းယွီကို ပြောပြ၏။ သူမ၏ မိခင်သည် စိန့်ပီတာဘတ်မြို့တွင် နေနေသည့်အကြောင်း ပြောသည့်အခါ မျက်ရည်များ ကျလာသည်ပင်။
ဖုန်းယွီသည် သူမ ငိုယိုသည်ကို သည်းမခံနိုင်ပေ။ ပြီးနောက် သူမကို ကူညီမည်ဟု ကတိပေးလိုက်၏။ ဖုန်းယွီသည် သူ၏ သူငယ်ချင်းကို အကူအညီတောင်းကြည့်မည်ဟု သူမအား ပြောခဲ့သည်။ အယ်လီနာက ပြုံးလိုက်ပြီးနောက် ဖုန်းယွီကို သူမ၏ ခန္ဓာကိုယ်ဖြင့် ပြန်ပေးဆပ်မည် ဖြစ်ကြောင်း ပြောလိုက်သည်။
ဖုန်းယွီသည် ချက်ခြင်းပင် အဝေးကို တွန်းထုတ်လိုက်သည်။ ဒီအကြောင်းကို မေ့လိုက်တော့။ မင်းမအိပ်နိုင်ဘူးဆိုမှတော့ ငါတို့ စကားကောင်းကောင်းပြောကြတာပေါ့။မင်းငါ့ကို တစ်ခုခုလုပ်ချင်ရင်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖုန်းယွီသည် သူမကိုယ် သူမ ဂရုစိုက်ရန်နှင့် သူမ၏ ခန္ဓာကိုယ်ကို ချစ်ရမည်ဟု ကြိုးစားနားချလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ထိုကဲ့သို့သော လဲလှယ္မျိုးလုပ်ရန်အတွက် အသုံးမပြုသင့်ပေ။
အယ်လီနက ဖုန်းယွီက သူမ အကစသင်သည့်အချိန်က ပျော်စရာ အကြောင်းများကို ပြောပြ၏။ ဖုန်းယွီအား ဆိုဗီယက်နိုင်ငံသားများ၏ လူနေမှု အခြေအနေများအကြောင်းလည်း ပြောပြ၏။ ဖုန်းယွီသည် ဂရုတစိုက်နားထောင်၏။ ယင်းက ဆိုဗီယက်ပြည်ထောင်စုအကြောင်း ကောင်းကောင်းနားလည်ရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
သူတို့ နှစ်ယောက်သား ညနက်သည်အထိ စကားပြောကြပြီး လီနသည် အိပ်ခန်းထဲတွင် ဝင်အိပ်သည်။ ဖုန်းယွီသည် ဆိုဖာပေါ်တွင်သာ အိပ်၏။ သူသည် ထိုညက ကောင်းကောင်းမအိပ်ခဲ့ရပေ။ ယင်းက သူ ပန်ဒါမျက်လုံးများ ဖြစ်နေသည့် အချက် ဖြစ်သည်။
“အစ်ကိုကီ ဘယ်သေနပ်မျိုး ကျွန်တော် ပစ်လို့ ရမလဲ။”
“လက်နက်ကြီးတွေက လွဲပြီး မင်းအနေနဲ့ ရိုင်ဖယ်နဲ့ ပစ္စတို သေနပ် ပစ်လို့ရတယ်။ မင်းအနေနဲ့ စက်သေနပ် အသေးစားအချို့ကိုလည်း စမ်းလို့ရတယ်။ အို ဟုတ်သား မင်းလက်ပစ်ဗုံး ပစ်ရတာ စိတ်ဝင်စားလား။”
ဖုန်းယွီက သူ့လက်ကို ဝှေ့လိုက်ပြီးနောက်
“လက်ပစ်ဗုံးတော့ တော်ပါပြီ။ သေနပ်ပဲ ပစ်တော့မယ်။”
စစ်သားသစ်လေးများသည် သူတို့ကိုယ် သူတို့၏ လူများကို လက်ပစ်ဗုံးဖြင့် ပစ်မိပြီး အသတ်ခံရသည်ဟု သူကြားဖူးသည်။
ဖုန်းယွီသည် အရင်က လက်ပစ်ဗုံးကို တစ်ခါမှ မပစ်ဘူးပေ။ ပြီးနောက် သူက စိတ်လှုပ်ရှားပြီး သူ့လက်ထဲမှ လက်ပစ်ဗုံး လွတ်ကျပါက သူ့ကိုယ်သူ သတ်လိုက်မည် ဖြစ်နိုင်ပေသည်။
ဖုန်းယွီအနေဖြင့် ယနေ့ ကီရီလန်ကို စီစဉ်ပေးမှုကို နှစ်ခြိုက်ပေသည်။ ထိုစီစဉ်မှုအား အစ်ကိုကေ ဆောင်ရွက်သည်ကို သူမသိရှိပေ။ ကီရီလန်ကိုသာ ထိုစီစဉ်ပေးမှုအတွက် အမှတ်ရခဲ့သည်။
မနက်စာစားပြီးနောက် ကားတစ်စီးက သူတို့ကို ဟိုတယ်ကို လာကြိုလေ၏။ ဖုန်းယွီသည် ကီရီလန်ကိုကို လေးစားနေမိသည်။ သူ့စီစဉ်မှုသည် ကောင်းမွန်လှပေ၏။ အကယ်၍ အစ်ကိုကေသာ သူ့စီစဉ်ထားမှုက ကီရီလန်ကို ဖုန်းယွီ လေးစားနေသည်ကို သိရှိပါက အစ်ကိုကေအနေဖြင့် သူ့ခေါင်းကို နံရံကို တိုက်မိမည်ပင်။
ဖုန်းယွီသည် ကားပေါ်တွင် တစ်ရေးအိပ်လိုက်၏။ ဒါရိုက်ဘာသည် တစ်နာရီခွဲကြာမှ သူ့အားနှိုးလေ၏။ သူတို့သည် သေနပ်ပစ်ကွင်းကို ရောက်နေပြီ ဖြစ်သည်။၊ ယင်းက ဟိုတယ်နှင့် သိပ်မဝေးပေ။
ဖုန်းယွီက သေနပ်ပစ်ကွင်းအနေဖြင့် အချို့သော စစ်ရေးလေ့ကျင့်သည့် နေရာတွင် ရှိပြီး ထိုနေရာသို့ ရောက်ရန် နှစ်နာရီခန့် ကြာလိမ့်မည်ဟု ဖုန်းယွီတွေးခဲ့မိသည်။
ကားထဲမှ ဆင်းလိုက်ပြီးနောက် ဖုန်းယွီသည် အစ်ကိုကေကို မြင်လိုက်ရသည်။ သူသည် စစ်ဖက်ဆိုင်ရာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဖုန်းယွီက သူ့အား နှုတ်ဆက်လိုက်ပြီးနောက် ကီရီလန်ကိုက ပျောက်ကား စစ်ဝတ်ဆင်များလှဲရန်အတွက် ဆွဲခေါ်သွားတော့သည်။ သူတို့သည် စစ်တပ်မှ ခဲယမ်းမီးကျောက်များနှင့် သေနပ်များကို ရမည် ဖြစ်သည်။
“ဖုန်း ဒါက သင်တန်းနည်းပြ လီယို သူက မင်းကို သင်ပေးလိမ့်မယ်”
ကီရီလန်ကိုက ဖုန်းယွီအား သင်တန်းနည်းပြနှင့် မိတ်ဆက်လိုက်သည်။ ပြီးနောက် ဖုန်းယွီသည် သူ့လက်နက်များဆီ သွားလိုက်၏။ ကီရီလန်ကို၏ ကိုင်တွယ်ပုံအရ သူသည် ထိုလက်နက်များနှင့် ရင်းနှီး နေပုံပေါ်သည်ဟု ဖုန်းယွီ ပြောနိုင်ပေသည်။
သင်တန်းနည်းပြက ဖုန်းယွီကို သေနပ်ဖြင့် မည်သူ့ကိုမျှ မချိန်ရန် ပြောလိုက်သည်။ ထို့ပြင် ပစ်မှတ် သင်္ကေတများနှင့် သေနပ်ပစ်ပြီးနောက် အောက်သို့ ပြန်ချရမည် ဖြစ်ကြောင်း ပြောပြသည်။ ရိုးရိုးရှင်းရှင်း ညွှန်ကြားချက်များကို ပြောပြီးနောက် သင်တန်းနည်းပြသည် ဖုန်းယွီကို သူ့လက်နက် များ စကိုင်ရန် လမ်းညွှန်လိုက်၏။
ဒါက Black Star ပစ္စတိုမလား။ ၅၄ပွိုင့်အမျိုးအစား တရုတ်ရဲတွေ အသုံးပြုသော လက်နက်သည် Black Star ပစ္စတိုအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အို ဒါက တီတီ-၃၃ပဲ ဒီသေနပ်က အရမ်းလှတာပဲ။ ဒီမှာကော ဒီသေနတ် ဒီသေနတ်လည်း အရမ်းမိုက်တယ်။
ဖုန်းယွီသည် မည်သည့် အမျိုးအစား ရွေးရမည်ဆိုသည်ကို ရွေးရခက်နေ၏။ ဆိုဗီယက် ပြည်ထောင်စု စစ်တပ်များသည် သေနတ်အမျိုးအစားများစွာကို အသုံးပြကြ၏။ ပြီးနောက် ဖုန်းယွီသည် ထိုလက်နက်များ အကုန် စမ်းကြည့်ချင်၏။
“ဒီသေနတ်တွေ အကုန် စမ်းလို့ ရနိုင်မလား။”
သင်တန်းနည်းပြလီယိုက
“….”
သေနတ်တွေ အကုန်လုံး စမ်းကြည့်မှာလား။ ဒီမှာ မတူတဲ့ လက်နက် အမျိုးအစား အများကြီး ရှိတယ်။ မင်းက ဒီလက်နက်တွေ အကုန်စမ်းချင်တာလား။ မင်းညစာစားဖို့ ခက်ရင်းတောင် မနိုင်မှာ မဟုတ်ဘူး။”
“မစ္စတာဖုန်း ကျွန်တော်အနေနဲ့ ဒီသေနတ်အမျိုးအစား နှစ်ခုကို စမ်းဖို့ အကြံပေးတယ်။ တခြားအမျိုးအစား လက်နက်တွေကိုကော မစမ်းကြည့်ချင်ဘူးလား။ ဉပမာ အနေနဲ့ ရိုင်ဖယ် စမ်းကြည့်မလား။ ဒီမှာ ရှိတယ်။”
သင်တန်းနည်းပြလီယိုသည် သတိပေးပြီးနောက် တီတီ၃၃နှင့် Makarov ပစ္စတို ရွေးလိုက်သည်။ တရုတ်တို့သည် Makarov ပစ္စတိုကို အတုပြုလုပ်ပြီး ယင်းကို ၅၉ဟု အမည်ပေးခဲ့သည်။
ဖုန်းယွီသည် ပထမဆုံး AK 47ကို ကောက်ကိုင်လိုက်ပြီးနောက် ရိုင်ဖယ်တန်းသို့ သွားလိုက်သည်။ ယင်းက ကမ္ဘာပေါ်တွင် မျက်စိကျစရာ ကောင်းသော ရိုင်ဖယ်များ ဖြစ်၏။ ဖုန်းယွီ ပြန်လည် မမွေးဖွားခင်က သောင်းကျန်းသူအကုန်သည် AK 47ကို ကိုင်ဆောင်သည်ဟု ကြားဖူး၏။
ဒုတိယ ရွေးချယ်သည်မှာ Mosin ရိုင်ဖယ် ဖြစ်သည်။ ယင်းက သင်တန်းနည်းပြ လီယို အကြံပေးသည့်လက်နက် ဖြစ်သည်။ ရိုင်ဖယ်တွင် မှန်ပြောင်းတစ်ခု ပါရှိသည်။ ပြီးနောက် ယင်းက အမဲလိုက် ရိုင်ဖယ်များတွင် အသုံးပြုလေ့ ရှိသည်။ ယင်းက ယခုမှ စတင် အမဲလိုက်သည့် သူများနှင့် ဆင်တူပေ၏။
သင်တန်းနည်းပြ လီယိုက ဖုန်းယွီ သေနတ်များကို ရွေးချယ်ပြီးနောက် စစ်သေနတ်များ စမ်းရန် ပြောလိုက်၏။ အကယ်၍ သူ့လက်များသည် လုံလောက်သည့် သန်မာမှုမျိုးရှိပါက သူ့အနေဖြင့် နောက်ပိုင်းတွင် စက်သေနတ်များကို ပစ်နိုင်ပေမည်။
“ဖုန်း မင်းပြီးပြီလား။ သေနတ်ပစ်ရုံထဲသွားပြီး သေနတ်တွေကို ပစ်ကြည့်ရအောင်”
ကီရီလန်ကိုက အကိုကြီး တစ်ယောက်ပမာ ပြောလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီ၏ သေနတ်ပစ်စွမ်းရည်အား အလွန်ယုံကြည်နေပုံပေါ်၏။
“ကောင်းပြီ။ ပြိုင်ရင်ကော ဘယ်လိုလဲ။”
ဖုန်းယွီက မေးလိုက်သည်။ သူက ချက်ခြင်းပင် နောက်တရသွားခဲ့သည်။ သူသည် ထိုမေးခွန်းကို မဆင်ခြင်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။
ကီရီလန်ကိုက ဖုန်းယွီကို ကြည့်လိုက်ပြီးနောက်
“မင်းက ငါနဲ့ သေနတ်ပစ် ပြိုင်ချင်တာလား။ ကိစ္စမရှိဘူး။ မင်းကို ကျည်ဆံ နှစ်တောင့်အ ပိုပေးမယ်။ လီယို ဖုန်းယွီ ရွေးတဲ့ သေနတ်အတိုင်း ပေးပါ။”
ချီး ဒါက စော်ကားလိုက်တာပဲ။ သေနတ်အမျိုးအစား အတူတူ ရှစ်တောင့်ဆီကို မင်းက ငါ့ကို နှစ်တောင့် ပိုပေးတာလား။ ဖုန်းယွီက ပြိုင်ပွဲကို လက်ခံလိုက်သည်။
“ဟန့် မင်းပြောတဲ့အတိုင်းနော်။ မင်းရှုံးတာနဲ့ စစ်တပ်ကြီး သိက္ခာကျမှာပဲ။”
ဖုန်းယွီသည် အပေါ်စီးမှ ပြောလိုက်သည်။ ကီရီလန်ကိုသည် သေနတ်ပစ်အရည်အချင်းကို ဖုံးကွယ်ထားသည့်သူ သေနတ်ပစ်သမားကောင်း တစ်ယောက် ဖြစ်သည်။ ဖုန်းယွီက သူ့အား သိက္ခာကျအောင် လုပ်နိုင်မည်လော။